ငါက မင်းတို့ ခေါင်းဆောင်ရဲ့ အကိုကြီး ကွ
Vol. 45 Ch. 545
ဓာတ်ခွဲခန်းထဲသို့ လူအုပ်ကြီး ဝင်လာပြီးနောက် အစ ည်းအဝေးတက်ရောက်လာသည့် ထိပ်တန်းနည်းပည ာရှင်အချို့သည် စမ်းသပ်မှုအား ကိုယ်တိုင်ကိုယ် ကျ စလုပ်လိုက်ကြ၏။
စက်ပစ္စည်းတွေ၏ တိကျမှုကို စစ်ဆေးပြီး လုပ်ငန်း စဉ်တစ်ခုလုံး သွေဖည်မှုမရှိကြောင်း အတည်ပြုပြီး နောက်တွင်မူ ငွေဖြူရောင်သတ္တုအမျှင်၏ လျှပ်စီးခု ခံမှုကို စတိုင်းလိုက်ကြသည်။ ပထမဆုံးအနေနှင့်သ ာမာန်အပူချိန်မှာ တိုင်းတာလိုက်သည့်အခါ ရလဒ် က ချက်ချင်းဆိုသလို ထွက်ပေါ်လာ၏။
စမ်းသပ်စက်၏ LCD မျက်နှာပြင်ပေါ်တွင်မူ ထင်ရှာ းလှသည့် "သုည" ဆိုသည့် ဂဏန်းကြီးက အထင်း သား ပေါ်နေသည်။
“ဝိုး.အံ့မခန်းပဲ..ဒါဟာ တကယ်ပဲ သာမန်အပူချိန်မှာ အလုပ်လုပ်တဲ့ စူပါလျှပ်ကူးပစ္စည်းပါလား”
ယခင်က တည်ငြိမ်နေကြသည့် အဆင့်မြင့်အရာရှိ ကြီးတွေကအစ အလယ်အလတ်အဆင့် ခေါင်းဆေ ာင်တွေအဆုံး ပတ်ဝန်းကျင်မှ ကြည့်ရှုသူအားလုံး ၏ မျက်နှာပေါ်တွင်မူ အံ့သြတုန်လှုပ်နေခဲ့ရ၏။သူ တို့သည် အံ့သြနေရုံတင်မကဘဲ အလွန်ကို စိတ်လှုပ် ရှားနေခဲ့ကြသည်။
အပူချိန်ကို တဖြည်းဖြည်း တိုးမြှင့်၍ ဆက်လက်တို င်းကြည့်သော်လည်း လျှပ်စစ်ခံမှုမှာ သုညအမှတ်မှ ာပဲ မလှုပ်မယှက် ရှိနေဆဲပင်။ထပ်ခါတလဲလဲ တိုင်း တာကြည့်သည့်တိုင် ရလဒ်မှာ ပြောင်းလဲမသွားဘဲ သုညဆိုသည့် ဂဏန်းကသာ မျက်နှာပြင်ပေါ်တွင် ပေါ်နေ၏။
သာမန်အပူချိန်မှသည် ၁၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်ကို မြှင့်တင်လိုက်သော်လည်း လျှပ်စစ်ခံမှု ကတော့ အမြဲတမ်း သုညအမှတ်မှာသာ တည်ရှိနေခဲ့ သည်။
စမ်းသပ်မှုကို တာဝန်ယူထားသည့် နည်းပညာရှင် အ ချို့က အပူချိန်ကို ထပ်မံတိုးမြှင့်ရန် ပြင်ဆင်နေစဉ်မှ ာပင် ဥက္ကဋ္ဌရှန်းဖင်းက လက်ဝှေ့ယမ်း၍ တားလိုက် ၏။
“ဆက်တိုင်းနေဖို့ မလိုတော့ဘူး..ဒါဟာ သံသယဖြစ် စရာမလိုအောင်ကို ပြည့်စုံလွန်းတဲ့ 'အခန်းအပူချိန် သုံး စူပါလျှပ်ကူးပစ္စည်း'ပဲ”
အပူချိန်တစ်ခုချင်းစီအလိုက် လျှပ်စီးခုခံမှုကို ထပ်မံ တိုင်းတာနေမည့်အစား လျှပ်စစ်စီးကူးနိုင်စွမ်းကို ဆ က်လက်စမ်းသပ်လိုက်ကြသည်။ယေဘုယျအားဖြင့်ဝါယာကြိုးတစ်ချောင်း၏ အချင်းမှာ ပိုမိုကြီးမား လေလေ လျှပ်စစ်စီးကူးနိုင်စွမ်း ပိုမိုမြင့်မားလေလေ ပင် ဖြစ်သည်။
နားလည်လွယ်အောင် ပြောရလျှင် လျှပ်စစ်ဓာတ် အားသည် စီးဆင်းနေသည့် "ရေ" နှင့် တူ၍ ကေဘ ယ်ကြိုးများသည် "ရေပိုက်" နှင့် တူညီပါသည်။ရေ ဖိအား တူညီနေပါက ရေပိုက်ကြီးလေလေ တစ်နာရီ အတွင်း ရေပမာဏ ပိုမိုစီးဆင်းနိုင်လေလေပင် ဖြစ် ၏။
ထို့အတူပင် လျှပ်စစ်စီးကူးနိုင်စွမ်း၏ သဘော တရ ားမှာလည်း အတူတူပင်ဖြစ်သည်။ဗို့အားတူညီနေ သည့် အခြေအနေတွင် ကေဘယ်ကြိုး ပိုထူလျှင် တ စ်နာရီအတွင်း ဖြတ်သန်းစီးဆင်းနိုင်သည့် လျှပ်စစ်ဓ ာတ်အားပမာဏ ပိုများပြားလေလေပင် ဖြစ်၏။
သူတို့ ယခုတစ်ကြိမ်စမ်းသပ်သည့်အခါတွင်မူ သိပ္ပံ နည်း ကျ အယူအဆဟောင်းအားလုံးကို ပြောင်းပြန် လှန်ပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
ထိုငွေဖြူရောင်သတ္တုဝါယာ၏ လျှပ်စစ်စီးကူးနိုင်စွ မ်းကို တိုင်းတာလိုက်သည့်အခါ ရလဒ်မှာ မယုံနိုင် လောက်အောင် မြင့်မားနေသည်အား လူတိုင်းတွေ့ လိုက်ရ၏။လူတစ်ယောက်၏ လက်မောင်းခန့် ထူထဲ သည့် ကြေးနီကေဘယ်ကြိုးကြီးများထက်ပင် ထိုငွေ ဖြူရောင် သတ္တုအမျှင်လေး၏ လျှပ်စစ်စီးကူးနိုင်စွ မ်းက သာလွန်နေပေသည်။
“ဘုရားရေ... ငါ့ရဲ့ အသိပညာတွေ တစ်စစီဖြစ်ကုန် ပြီကွာ..”
“ဒီလို ပါးလွှာတဲ့ ဝါယာကြိုးလေးထဲမှာ ဒီလောက် ကြီးမားတဲ့ လျှပ်စစ်ပမာဏကို သယ် ဆောင်နိုင်တ ယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပဲဗျာ..”
လူတိုင်း၏ အံ့သြမဆုံးသော ရေရွတ်သံများကြားမှာ ပင် လျှပ်စစ်ခံမှုနှင့် လျှပ်စီးကြောင်းဆိုင်ရာ စမ်းသ ပ်မှုများအားလုံး အောင်မြင်စွာ စမ်းသပ်ပြီးဆုံးသွား ခဲ့သည်။ထိုအခါမှ ဥက္ကဠရှန်းဖင်းသည် အားအင်သ စ်များ ပြည့်ဝလာသကဲ့သို့ နိုးကြားတက်ကြွလာပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
“ကဲ... အားလုံးပဲ..အစည်းအဝေးခန်းကို ပြန်သွားပြီး ငါတို့ရဲ့ ဆွေးနွေးပွဲကို ဆက်ကြရအောင်..”
အစည်းအဝေးခန်းထဲ၌ ဆွေးနွေးပွဲ ပြန်လည်စတင် ချိန်တွင်မူ ဥက္ကဠရှန်းဖင်း၏ စိတ်ထဲ၌ ခိုင်မာသည့် အဖြေတစ်ခု ရှိနေပေသည်။သူသည် တက်ရောက် လာသူ အားလုံးကို ဝေ့ကြည့်လိုက်ပြီး ပြတ်သားစွာ ဆုံးဖြတ်လိုက်၏။
“အားလုံးပဲ... ခင်ဗျားတို့ရဲ့ စိတ်ထဲမှာလည်း ကျွန် တော့်လိုပဲ အဖြေတစ်ခု ရှိနေကြမယ်လို့ ထင်ပါတယ် ကျွန်တော်က လူအိုကျင်းရဲ့ အကြံပြုချက်ကို အပြ ည့်အဝ ထောက်ခံပါတယ်.. ဒီလျှပ်စစ်ဝါယာက 'စူပါ စွမ်းဆောင်ရည်မြင့် လျှပ်စစ်လိုင်း တည်ဆောက်ဖို့ အတွက် လုံးဝကို သင့်တော်တဲ့ ပစ္စည်းပဲ ဖြစ်ပါတယ် ”
“ကျွန်တော်လည်း သဘောတူပါတယ်..”
တစ်ဦးပြီးတစ်ဦး ထောက်ခံသည့် ဆန္ဒပြုသံများမှာ ခန်းမအတွင်း ပဲ့တင်ထွက်လာခဲ့သည်။အထူးသဖြင့် UHV.လျှပ်စစ်ပို့လွှတ်မှုစနစ်ကို အစဉ်တစိုက် အခိုင် အမာ ထောက်ခံလာခဲ့သည့် ဒုဥက္ကဋ္ဌစွန်းပင်လျှင် ယ ခုအခါတွင်မူ စူပါစွမ်းဆောင်ရည်မြင့် လျှပ်စစ်လိုင်း ကို အသုံးပြုရန် အပြည့်အဝ ထောက်ခံလာခဲ့၏။
လူတိုင်း၏ သဘောထားကို အကဲခတ်မိပြီးနောက် ဥ က္ကဋ္ဌရှန်းဖင်းက ပြောလိုက်သည်။
“ဒါဆိုရင် ငါတို့ လက်ထောင်ပြီး အတည်ပြုကြရ အောင် အောင်.ဒီ စူပါစွမ်းဆောင်ရည်မြင့် လျှပ်စစ် လိုင်းတွေကို အသုံးပြုဖို့ သဘောတူတဲ့သူတွေ လက် ထောင်ပေးကြပါ..”
ခေါင်းဆောင်ပိုင်း အားလုံးနီးပါး၏ လက်များ တညီ တညွတ်တည်း မြောက်လိုက်၏။
ဥက္ကဋ္ဌရှန်းဖင်းသည် လူတိုင်း၏ စိတ်အားထက်သန် မှုကို ကြည့်ကာ ကျေနပ်အားရစွာဖြင့် 'တညီတညွတ် တည်း သဘောတူဆုံးဖြတ်သည်' ဟု ကြေညာတော့ မည့် အခိုက်အတန့်မှာပင် သူ၏ အကြည့်များသည် အလယ်အလတ်အဆင့် ခေါင်းဆောင်တစ်ဦးထံ၌ ရ ပ်တန့်သွား၏။
အကြောင်းရင်းမှာ လူအုပ်ကြီးထဲတွင် ထိုလူတစ် ယောက်တည်းကသာ လက်မထောင်ဘဲ ငြိမ်သက် နေသောကြောင့်ပင်။
လက်မထောင်ဘဲ ငြိမ်သက်နေသည့် ခေါင်းဆောင် ဝမ်က သူ၏စိုးရိမ်ပူပန်မှုအား ထုတ်ဖော်ပြောကြား လိုက်၏။
“ကျွန်တော့်မှာ သံသယရှိတဲ့ အချက်တစ်ချို့ရှိနေပါ တယ်..ကျွန်တော်တို့ တည်ဆောက်မယ့် လျှပ်စစ်ပို့ လွှတ်မှုလိုင်းက ကီလိုမီတာ ၁,၀၀၀ ကျော်တောင် ရှ ည်လျားတာပါ.. တကယ်လို့ အခန်းအပူချိန်သုံး စူပါ လျှပ်ကူးပစ္စည်းတွေကို သုံးပြီး စူပါစွမ်းဆောင်ရည် မြင့် ဓာတ်အားလိုင်းတွေ တည်ဆောက်မယ်ဆိုရင် ပ စ္စည်းက တန်ချိန် ၁၀,၀၀၀ ကျော်လောက် လိုအပ်မ ယ်လို့ ခန့်မှန်းရပါတယ်..ယူနီဗာဆဲလ်ဘက်က ဒီလေ ာက်များပြားတဲ့ ပမာဏကို ထောက်ပံ့ပေးနိုင်စွမ်း ရှိပါ့မလား..နောက်ပြီး ဒီပစ္စည်းရဲ့ ဈေးနှုန်းကကော ဘယ်လောက်အထိ မြင့်မားနေမလဲဆိုနာပါပဲ..”
ဤသည်မှာ လူတိုင်းသတိမထားမိဘဲ ကျော်သွားခဲ့ သည့် အဓိကကျသည့် အချက်ပင် ဖြစ်၏။
ထိုအခါ အစည်းအဝေးခန်းမအတွင်းရှိ လူအားလုံး ၏ အကြည့်များသည် ကျင်းဝမ့းရူ့ထံသို့ စုပြုံကာ ရောက်ရှိလာကြသည်။ကျင်းဝမ်းရူ့ကတော့ယုံကြည်မှုရှိစွာဖြင့် နေရာမှ ထရပ်လိုက်ပြီး အသံကျယ် ကျယ်ဖြင့် ပြောလိုက်၏။
“ဒီကိစ္စအတွက် လုံးဝစိတ်မပူပါနဲ့..ကျွန်တော်ကိုယ် တိုင် ယူနီဗာဆဲလ်လုပ်ငန်းစုက မစ္စတာလျူနဲ့ အထူး တလည် သွားရောက်တွေ့ဆုံခဲ့ပြီးပါပြီ..”
“မစ္စတာလျူက ကျွန်တော့်ကို သေချာ ကတိပေးခဲ့ပါ တယ်..တန်ချိန် ၁၀,၀၀၀ မကလို့ တန်ချိန်ပေါင်းသေ ာင်းနဲ့ချီရင်တောင် တစ်လအတွင်း အရောက်ပို့ပေး နိုင်တယ်လို့ သူက ပြောပါတယ်..ဈေးနှုန်းကလည်း လုံးဝမကြီးပါဘူး..တစ်တန်ကို ယွမ် ၁ သန်းပဲ ကျပါ တယ်.ကျွန်တော်တို့ လိုအပ်တဲ့ တန်ချိန် ၁၀,၀၀၀ အ တွက်ဆိုရင် စုစုပေါင်း ယွမ် ၁၀ ဘီလီယံပဲ ကုန်ကျမှ ာ ဖြစ်ပါတယ်...”
ထိုစကားအဆုံးတွင်တော့ လူတိုင်း၏ စိုးရိမ်ပူပန်မှု များ အားလုံး လွင့်စင်သွားကာ အစည်းအဝေးခန်းမ တစ်ခုလုံး လက်ခုပ်တီးသံ များဖြင့် ဖုံးလွှမ်းသွားပေ သည်။
ဤသည်မှာ သံသယဖြစ်စရာမလိုသည့် အောင်မြင် မှုတစ်ခုပင်။ဥက္ကဠရှန်းဖင်းအပါအဝင် တက်ရောက် လာသူ အားလုံးသည် ဒီလျှပ်စစ်လိုင်းအတွက် ရင် ဆိုင်နေရသည့် အခက်အခဲတွေ ပြီးဆုံးသွားပြီဆိုတ ာကို နားလည်လိုက်ကြကာ သူတို့၏ ရင်ထဲ၌ စိတ် သက်သာရာ ရသွားခဲ့၏။
တစ်တန်ကို ယွမ် ၁ သန်း ဆိုတဲ့ ဈေးနှုန်းသည် သာ မာန်အားဖြင့် များပြားသည်ဟု ထင်ရသော်လည်း ဤနေရာတွင်မူ မည်သူကမျှ ဈေးကြီးသည်ဟု မယူ ဆခဲ့ကြပေ။
အကြောင်းရင်းက ရှင်းလှ၏။ယွမ် ၁၀ ဘီလီယံ အ ကုန်အကျခံပြီး ဒီစူပါလျှပ်ကူးပစ္စည်းတွေကို အသုံး ပြုလိုက်မယ်ဆိုရင် နှစ်စဉ် လေလွင့်ဆုံးရှုံးသွားမယ့် လျှပ်စစ်ဓာတ်အား ပမာဏအမြောက်အ မြားအား အံ့သြစရာကောင်းလောက်အောင် ချွေတာနိုင်မှာ မို့ လို့ပင်။
လာမည့် နှစ်အနည်းငယ်အတွင်းမှာတင် ရရှိလာမည့် အကျိုးအမြတ်က စိုက်ထုတ်လိုက်ရသည့် ရင်းနှီးမြု ပ်နှံမှုထက် သာလွန်နေမှာဖြစ်ပြီး ဓာတ် အားလေလွ င့်မှု လျော့နည်းသွားခြင်းကြောင့် ရရှိမည့် တန်ဖိုးက ယွမ် ၁၀ ဘီလီယံထက် အဆပေါင်းများစွာ ပိုမိုများ ပြားနေသည်လေ။
......
အတ္တလန္တိတ်သမုဒ္ဒရာ၏ ကျယ်ပြောလှသော ရေပြင် ထက်ဝယ်...
ဧရာမလိပ်ကြီးတစ်ကောင်သည် လျင်မြန်စွာဖြင့် ကူး ခတ်နေ၏။သူသည် ပစိဖိတ်သမုဒ္ဒရာမှ စတင်ထွက် ခွာလာပြီးနောက် တောင်အမေရိကတိုက်၏ တောင် ဘက်အစွန်းဆုံးစွန်းကို ပတ်၍ အတ္တလန္တိတ်သမုဒ္ဒရာ အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
သူ၏ ရေကူးနှုန်းမှာ မယုံနိုင်လောက်အောင်ပင် မြန် ဆန်လှ၏။
လျူယောင်သည် လိပ်ကြီးအတွက် အရေးကြီးသည့် တာဝန်တစ်ခုအား ပေးထားခဲ့သည်။၎င်းမှာ ငွေဖြူ ရောင်သတ္တုချောင်း ၅၀၀ အား ပင်လယ်ကမ်းစပ်နာ းက ဂိုဒေါင်သို့ ပို့ပေးရန်ပင် ဖြစ်၏။
ထိုတာဝန်အတွက် လိပ်ကြီး ပထမဆုံး စဉ်းစားမိလို က်သည်မှာ နဂါးနက်ပင် ဖြစ်သည်။
လိပ်ကြီးသည် အတ္တလန္တိတ်သမုဒ္ဒရာထဲရှိ နက်ရှိုင်း လှသည့် မြောင်းကြီးထဲသို့ ဝင်ရောက်လာကာ ရေ အောက်ကြမ်းပြင်၏ အနက်ဆုံးနေရာသို့ ကူးခတ် လာ၏။ထို့နောက် ဧရာမစက်ဝိုင်းပေါက်ကြီးမှတစ် ဆင့် လျှို့ဝှက်လှသော မြေအောက်ကမ္ဘာထဲသို့ ဆ က်လက်ဝင်ရောက်လာခဲ့သည်။
ရေလမ်းကြောင်းကို ကျွမ်းကျင်ပြီးသားဖြစ်သည့် လိပ်ကြီးသည် နဂါးနက်အား ထိုနေရာတွင် ရှိနေမည် ဟု တွေးဆထားပုံရ၏။သူသည် မြေအောက်သမုဒ္ဒ ရာထဲ၌ အရှိန်မလျှော့ဘဲ ဆက်လက်ကူးခတ်လာခဲ့ သည်။
ရုတ်တရက်ဆိုသလို လိပ်ကြီး၏ရှေ့၌ တောင်တစ် လုံးပမာကြီးမားလှသည့် သတ္တဝါကြီးတစ်ကောင်က လမ်းပိတ်ရပ်လိုက်၏။ထိုအကောင်ကြီးသည် လိပ် ကြီးထက်ပင် ခန္ဓာကိုယ်ပိုကြီးနေကာသတိပေးသည့် အသံဖြင့် ဟိန်းဟောက်နေသည်။
၎င်း၏ ဟန်ပန်မှာ “ဒါက ငါတို့နယ်မြေပဲ မင်း အခု ချက်ချင်း ထွက်သွားစမ်း” ဟု လိပ်ကြီးအား မောင်း ထုတ်နေသလိုပင်။
လိပ်ကြီးမှာ ချက်ချင်းရပ်တန့်လိုက်ကာ တစ်ဖက်မှ ရန်သူအား သေချာ ကြည့်လိုက်၏။လိပ်ကြီး မြင်ရ သည်မှာ ထိုသတ္တဝါသည် နဂါးနက်နှင့် မျိုးနွယ်တူပုံ ရကာ ခန္ဓာကိုယ်အရွယ်အစားမှာလည်း နဂါးနက်နှင့် ယှဉ်နိုင်လောက်သည်။
“မင်းကများ... ငါ့ကို မောင်းထုတ်နေသေးတယ်.. ငါ က မင်းတို့ခေါင်းဆောင်ရဲ့ အကိုကြီးကွ ..ငါ့ကိုတော င် မမှတ်မိတော့ဘူးလား..”
လိပ်ကြီးမှာ အလွန်ဒေါသထွက်လာ၏။ထိုသတ္တဝါ ကို သင်ခန်းစာပေးရန် ပြင်လိုက်စဉ်မှာပင် ရေအော က်ထဲမှ အနက်ရောင်အရိပ်တစ်ခု လျင်မြန်စွာ ကူးခ တ်လာသည်အား သူ တွေ့လိုက်ရသည်။
ရောက်လာသူမှာ နဂါးနက်ပင် ဖြစ်၏။သူသည် ဖြစ် ကြောင်းကုန်စင်ကိုပင် မမေးတော့ဘဲ သူ့ ငယ်သား ဖြစ်သည့် ထိုအနက်ရောင်သတ္တုဝါကြီး၏ ခေါင်းအ ား အားရပါးရ ရိုက်နှက်ကာ ဆုံးမလိုက်သည်။ထို အချိန်၌ နဂါးနက်၏ မျက်နှာမှာလည်း အတော်ကို ဒေါသထွက်နေပုံရ၏။
ငယ်သားကို ပညာပေးပြီးနောက် နဂါးနက်သည် လိ ပ်ကြီး၏ ဘေးသို့ ကပ်လာကာ လေသံအေးလေးဖြ င့် ချော့မော့၍ မေးလိုက်သည်။
“အကိုကြီး ဘာကိစ္စရှိလို့ ဒီအထိ ရောက်လာတာလဲ ဗျာ..”
"ဟွန်း.."
လိပ်ကြီးမှာမူ ခုနက ဖြစ်ရပ်အား မကျေနပ်သေးသ ည့်အတွက် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ဘာစကား မှ ပြန်မပြောဘဲ နေနေလိုက်၏။
နဂါးနက်ကြီးမှာမူ အလိုက်တသိဖြင့် ဆက်လက် ချော့မော့လိုက်သည်။
“အကိုကြီးက... ခရီးဝေးကနေ လာရတာဆိုတော့ ဗို က်ဆာနေရောပေါ့..အရင်ဆုံး ဗိုက်ဖြည့်လိုက်ပါဦး လား..အကိုကြီးစားဖို့ အရသာရှိတဲ့ အစားအစာတွေ အများကြီး ပြင်ဆင်ထားပါတယ်ဗျာ..”
အရသာရှိတဲ့ အစားအစာဆိုသည့် စကားကို ကြား လိုက်သည်နှင့် လိပ်ကြီးမှာမူ ချက်ခြင်းပင် စိတ်ပြေ ာင်းလဲသွားကာခပ်တည်တည်ဖြင့် ပြောလိုက်၏။
“ဒါဆိုရင်လည်း ရှေ့ကလမ်းပြ..”
နဂါးနက်ကြီးသည် လိပ်ကြီးအား သူ့ နယ်မြေထဲသို့ ခေါ်ဆောင်လာကာ လက်ဟန်တစ်ချက် ပြလိုက်ရုံဖြ င့် အစားအစာများကချက်ချင်းဆိုသလိုပင် ရောက် ရှိလာသည်။၎င်းတို့မှာ မြေအောက်သမုဒ္ဒရာထဲတွင် သာ တွေ့ရတတ်သည့် ထူးခြားဆန်းပြားသော ပင်လ ယ်သတ္တဝါကြီးများ ဖြစ်ကြပြီး အရွယ် အစားမှာလ ည်း အလွန်ကြီးလှ၏။
အချို့မှာ တန်အနည်းငယ်ခန့် ရှိပြီး အချို့မှာမူ တန် ဆယ်ဂဏန်းမှသည် တန် ရာနှင့်ချီ ရှိနေပေသည်။
“ဒီနေရာက အစားအစာတွေက တကယ် အရသာရှိ သားပဲကွ...”
ဤနေရာမှ အစားအစာများအား မြိန်ရည်ယှက်ရည် စားနေရသဖြင့် လိပ်ကြီး၏ စားချင်စိတ်မှာ အရိုင်း ဆန်စွာ ထကြွလာပြီး ခုနက ဒေါသများလည်း အ တော်လေး ပြေလျော့သွားပုံရ၏။ထို့ကြောင့် သူသ ည် စကားများများ မပြောတော့ဘဲ ဗိုက်ဖြည့်ဖို့ကိုသ ာ အာရုံစိုက်လိုက်သည်။
လိပ်ကြီးက တန်အနည်းငယ်သာ ရှိသည့် ငါးကြီးတ စ်ကောင်အား တစ်ချက်တည်းနှင့် ကိုက်ဖြတ်စားနေ ကာ နဂါးနက်ကမူ ဘေးနားမှနေ၍ အလိုက်တသိဖြ င့် ပြုစုနေပေသည်။