နဂါးနက်က အဖော်ခေါ်လာသည်
Vol. 45 Ch. 546
“ဂရုစိုက်စားပါ အကိုကြီးရ.. အရသာကရော အဆ င်ပြေရဲ့လား”
“အကိုကြီးက ဒီလောက်အဝေးကြီးကို ဘာကိစ္စများ ရှိလို့ လာတာလဲဗျ..”
အစာ တန်နှင့်ချီ၍ စားပြီးနောက် ဗိုက်ပြည့်သွားပုံရ သည့် လိပ်ကြီးက နောက်ဆုံးမှ ပြန်ဖြေလိုက်၏။
“မင်းနဲ့ လုပ်စရာ ကိစ္စတစ်ခုရှိလို့ပါ..”
“သခင်က ငါ့ကိုသတ္တုချောင်းပေါင်း ရာနဲ့ချီပြီး သယ် ဖို့ အမိန့်ပေးထားတယ်..ဒီအလုပ်မှာ မင်းက အဓိက ပဲ ”
“သယ်ဖို့ပေါ့လေ...”
“ဟုတ်တယ်..မင်းအကိုကြီးရဲ့ အရှင်သခင်အတွက် ပစ္စည်းတွေ မင်း ရွှေ့ပေးရမယ်..”
နဂါးနက်သည် ဘာအကြောင်းပြချက်မျှ ထပ်မမေး တော့ ချက်ချင်း သဘောတူလိုက်၏။
"ဘယ်တော့ သယ်ရမှာလဲ အကိုကြီး.."
“စောလေ ကောင်းလေပဲ”
“ဒါဆို အခုပဲ သွားကြရအောင်လေ.."
နဂါးနက်၏ ပြတ်သားလှသည့် ဆုံးဖြတ်ချက်ကြော င့် လိပ်ကြီးမှာ အလွန်ကျေနပ်သွားပြီး စိတ်ထဲတွင် ကျန်နေသမျှ ဒေါသတွေပါ ကြက်ပျောက်ငှက်ပျော က် ပျောက်ကွယ်သွားသည်။
“ကောင်းပြီ... ဒါဆို ငါ အရင်သွားနှင့်မယ်.. မင်းနော က်ကလိုက်ခဲ့..အာကာသယာဉ် ပျက်စီးနေတဲ့နေရာ ကို လာခဲ့လိုက်..”
“ကောင်းပါပြီအကိုကြီး..ကျွန်တော် အမြန်ဆုံး လိုက် လာခဲ့ပါ့မယ်”
လိပ်ကြီးသည် ရေမြောင်းကြီးအတိုင်း ဦးစွာပြန်ထွ က်လာခဲ့ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၁၀၀ ခန့်အနက်မှ လျင်မြန်စွာ ကူးခတ်လာခဲ့ ၏။၎င်း၏ အရှိန်မှာ တစ်နာရီလျှင် မိုင် ၄၀၀ နီးပါး ရှိရာ နဂါးနက်၏ တစ်နာရီ မိုင် ၁၀၀ ကျော် အမြန်နှု န်းထက် သိသိသာသာ မြန်ဆန်နေသည်။
ထို့ကြောင့်ပင် လိပ်ကြီးက အချိန်မဆွဲဘဲ အရင်ထွ က်လာခဲ့ခြင်းဖြစ်၏။
အကယ်၍ သူသာ နဂါးနက်နှင့်အတူ သွားမည်ဆို လျှင် လိပ်ကြီးအနေဖြင့် ထိုနှေးကွေးလွန်းသည့် အရှိ န်ကို သည်းခံနိုင်လိမ့်မည်မဟုတ်ပေ။ လိပ်ကြီးသည် တောင်ဘက်သို့ ဦးတည်ကာ တောင်အမေရိကတိုက် ကို ပတ်၍ ပစိဖိတ်သမုဒ္ဒရာထဲသို့ ပြန်လည်ဝင်ရော က်ရန် စီစဉ်ထား၏။
......
ယူနီဗာဆဲလ်တာဝါ၌..
“ဒေါက်... ဒေါက်... ဒေါက်...”
ရုံးခန်းတံခါးခေါက်သံနှင့်အတူ ကျိုးယန် ဝင်လာကာ သတင်းပို့လိုက်၏။
“အခြေအနေတွေက ထင်ထားတာထက် ပိုအဆင် ပြေပါတယ်.သူဋေး...”
လျူယောင် အလွန်ပင် စိတ်ကျေနပ်သွားရသည်။လွ န်ခဲ့သည့် နှစ်ရက်ခန့်ကပင် မြောက်ပစိဖိတ်သမုဒ္ဒရာ ထဲ၌ လူမနေသော ကျွန်းတစ်ကျွန်းရှာပြီး ဝယ်ယူရန် သို့မဟုတ် ငှားရမ်းရန် ကျိုးယန်အား သူ တာဝန်ပေး ထားခဲ့ခြင်းဖြစ်၏။
“မြန်မြန်ပြောပါအုံး..ဘယ်လိုကျွန်းမျိုးလဲ”
ကျိုးယန်က ကျွန်းနှင့်ပတ်သက်သည့် အချက်အလ က်များအား လျူယောင်ထံ ကမ်းပေးလိုက်ရင်း နံရံ ပေါ်ရှိ ကမ္ဘာ့မြေပုံကြီးဆီသို့ လျှောက်လာခဲ့သည်။
“ကျွန်းက ဒီနေရာမှာ ရှိတာပါ သူဋေး”
ကျိုးယန်က မြေပုံကို ညွှန်ပြရင်း ဆက်လက်ရှင်းပြ လိုက်သည်။
“ဒါက လူမနေဘဲ စွန့်ပစ်ထားတဲ့ ကျွန်းအသေးလေး တစ်ခုပါ..စုစုပေါင်း ဧရိယာ 1.27 ကီလိုမီတာ ရှိပြီး အရှေ့နဲ့အနောက် အလျား ၃.၂ ကီလိုမီတာ ရှည်ပါ တယ်.. အကျယ်ဆုံးနေရာကတော့ ၁ ကီလိုမီတာ ရှိ ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးအ မှတ်က ၅၂ မီတာပါခဗျ...”
ထိုရှင်းပြသည်အား လျူယောင်က သေချာ ဂရုတစို က် နားထောင်နေရင်း ကမ္ဘာ့မြေပုံပေါ်ရှိ ကျွန်း၏ တ ည်နေရာကို ဘောပင်ဖြင့် မှတ်သားလိုက်သည်။ကျွန် း က သေးလွန်းလှသဖြင့် ကမ္ဘာ့မြေပုံပေါ်တွင် ပုံရိပ် ပင် မပေါ်ပေ။
ထို့ကြောင့် လျူယောင်က အာကာသယာဉ် ပျက်စီး နေသည့်နေရာ၏ အနောက်တောင်ဘက် ရေမိုင် ၃၀ ၀ ခန့်အကွာတွင် အနက်ရောင် အစက်လေးတစ်စက် ချလိုက်ခြင်းဖြစ်၏။
ကျွန်း၏ တည်နေရာမှာမူ အပြစ်ပြောစရာမ ရှိအော င်ပင် ကောင်းမွန်လှသည်။
ကျိုးယန်၏ တင်ပြချက်ကို နားထောင်ပြီးနောက် လျူယောင်သည် ဆိုဖာပေါ်တွင် ဇိမ်ဖြင့်ထိုင်ရင်း ကျွန်းနှင့်ပတ်သက်သည့် အချက်အလက်များအား အသေးစိတ် ထပ်မံဖတ်ရှုလိုက်၏။
ကျိုးယန်မှာမူ ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေရင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။မိနစ် ၂၀ မှ ၃၀ ခန့်အကြာတွင်မှ လျူယောင်သည် စာရွက်စာတ မ်းများကို ဖတ်ရှုပြီးစီးသွားကာ ခေါင်းညိတ်၍ မှတ် ချက် ပေးလိုက်၏။
“အင်း ဒီကျွန်းက မဆိုးဘူးပဲ...”
ထိုစကားကို ကြားလိုက်ရမှ ကျိုးယန် စိတ်သက်သာ ရာရသွားသည်။သူဋေးဖြစ်သူ စိတ်ကျေနပ်နေလျှင် သူ၏ကြိုးစားမှုက အရာထင်ပြီ ဖြစ်၏။အမှန်စင်စ စ် ဤကဲ့သို့ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျွန်း လေးတစ်ကျွန်းကို ရှာဖွေရသည်မှာ မလွယ်ကူလှပေ ။
လျူယောင်က မေးလိုက်သည်။
“ကျွန်းပိုင်ရှင်နဲ့ရော မင်း ဆက်သွယ်ပြီးပြီလား... သူ တို့ဘက်က ဘယ်လိုသဘောထားရှိလဲ”
“ကနဦး ဆက်သွယ်မှုတော့ လုပ်ပြီးပါပြီ သူဋေး .သူ တို့က ဒီကျွန်းကို လုံး ဝမရောင်းချင်ဘူး ငှားပဲငှားချ င်တယ်လို့ ပြောပါတယ်ခဗျ.. ငှားရမ်းသက်တမ်းက လည်း ၁၀ နှစ်ပဲ ပေးမယ်တဲ့..”
“တခြား တောင်းဆိုချက်တွေကော ရှိသေးလား..”
“ရှိပါသေးတယ် သူဋေး သူတို့က ကျွန်တော်တို့ဆီက နေ မီးခိုးနက်ရောင် သတ္တု တန် ၅၀,၀၀၀ နဲ့ အနက် ရောင် သတ္တု တန် ၃,၀၀၀ ကို ဝယ်ယူခွင့်ပေးဖို့လည် း တောင်းဆိုပါတယ်...”
ထိုတောင်းဆိုချက်မှာ လွန်လွန်းလှသဖြင့် တစ်ချက် ကလေးမျှပင် စဉ်းစားမနေဘဲ လျူယောင်ချက်ချင် းပင် ငြင်းပယ်လိုက်၏။
“သူတို့ စိတ်ကူးယဉ်တာ အတော်လေး လှနေတာပဲ... ဒီသတ္တုနှစ်မျိုးကို ငါက ပြည်တွင်းမှာပဲ အဓိကထား ရောင်းချထားတာပဲ.. ပြည်ပကို တင်ပို့ဖို့ ရှိပေမဲ့ပမာ ဏကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတယ်ဆို တာ ဒီလူတွေ သိထားသင့်တယ်..”
ယနေ့အထိ မီးခိုးနက်ရောင် သတ္တုတင်ပို့မှု စုစုပေါင် းပင် တန် ၁၀,၀၀၀ ကျော်ရုံသာ ရှိပြီး သံဓာတ်သ တ္တုစပ် တင်ပို့မှုမှာ တန် ၂,၀၀၀ ခန့်သာ ရှိသေးသ ည်။
သို့သော်လည်း ယခုမူ ကျွန်းပိုင်ရှင်ဘက်က စကား စသည်နှင့် မီးခိုးနက်ရောင် သတ္တု တန် ၅၀,၀၀၀ နှင့် အနက်ရောင်သတ္တု တန် ၃,၀၀၀ ကျော်ကို အတင်း အဓမ္မ တောင်းဆိုနေခြင်းမှာ တကယ့်ကို အဓိပ္ပာယ် မရှိသည့် လုပ်ရပ်ပင်။
လျူယောင်က ပြတ်သားစွာ အမိန့်ပေးလိုက်၏။
“သူတို့ကို ပြန်ပြောလိုက်ပါ...မီးခိုးနက်ရောင် သတ္တု တန် ၁,၀၀၀ နဲ့ အနက်ရောင် သတ္တု တန် ၃၀၀ ထက် နည်းနည်းလေးမှ ပိုမပေးနိုင်ဘူး..ဈေးနှုန်းကလည်း နိုင်ငံတကာ ပေါက်ဈေးအတိုင်းပဲ ဖြစ်ရမယ်..ဒါ့အ ပြင် ငါတို့က ဒီကျွန်းကို အနှစ် ၃၀ သက် တမ်းနဲ့ ငှား မယ်..”
“ပြီးတော့ ဒီ အနှစ် ၃၀ ငှားရမ်းသက်တမ်းအတွင်းမှာ သူတို့ဘက်က ဘယ်လိုနှောင့်ယှက် စွက်ဖက်မှုမျိုးမှ မလုပ်ဖို့ ကတိပေးရမယ်..ငါတို့ လုပ်ချင်တဲ့ တိုးချဲ့မှု တွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းမှန်သမျှကိုလည်း ခွင့်ပြုရမယ်..ငါက ကျွန်းပေါ်မှာ ရေနက်ဆိပ်ကမ်း တစ်ခုရယ်.လေ ယာဉ်ပြေးလမ်းတစ်လမ်းရယ်ကို ဆောက်လုပ်ဖို့ စီစဉ်ထားတယ်..”
“ဟုတ်ကဲ့ပါ သူဋေး.. သူဋေးရဲ့ ဆန္ဒအတိုင်း ကျွန် တော် သူတို့နဲ့ ထပ်ပြီး ညှိနှိုင်းကြည့်ပါ့မယ်..”
“သွားတော့... မင်းဆီက သတင်းကောင်းကို ငါ စော င့်နေမယ်”
……
တစ်ဖက်တွင်မူ လိပ်ကြီးသည် အာကာသယာဉ် ပျ က်စီးနေသည့် နေရာအနီးသို့ ပြန်ရောက် လာခဲ့သည် ။သူသည် ရောက်ရောက်ချင်းမှာပင် အာကာသယာဉ် အပျက်အစီးများ အနီးရှိ ကြီးမားလှသော ချောက်န က်ကြီးထဲသို့ လျင်မြန်စွာ ကူးခတ်လာ၏။
ရေအောက်အနက် ငါးကီလိုမီတာမှ ခြောက်ကီလိုမီ တာခန့်အထိ ဆင်းသက်ပြီးနောက် လိပ်ကြီးသည် အ လေးချိန် တန် ၃၀၀ ကျော်ရှိသည့် ဧရာမ ရေဘဝဲကြီ းတစ်ကောင်ကို ဖမ်းဆီးရမိခဲ့သည်။ထိုအကောင် ကြီးကို ၎င်း၏ ဂူအတွင်းသို့ ပြန်လည်ဆွဲခေါ်သွားပြီး နောက် အားရပါးရ စားပစ်လိုက်၏။
စားနေရင်းဖြင့် လိပ်ကြီးက စိတ်ထဲမှ တွေးနေမိသ ည်။
“နောက် နှစ်ရက်..သုံးရက်ဆိုရင်တော့ နဂါးနက်ရော က်လာတော့မယ်..အဲဒီချိန်ကျရင် ငါကိုယ်တိုင် ဒီ လောက်နက်တဲ့ ရေအောက်ထဲအထိ ဆင်းပြီး ဧရာမ ရေဘဝဲတွေကို လိုက်ဖမ်းနေစရာ မလိုတော့ဘူး..”
နဂါးနက်သာ ရောက်လာလျှင် ငွေဖြူရောင်သတ္တု ချောင်း ၅၀၀ ကို သယ်ယူရမည့်ကိစ္စအတွက်လည်း သူ စိတ်ပူစရာ မလိုတော့ပေ။အားလုံးကို နဂါးနက် ကိုပဲ ခိုင်းပစ်ဖို့ လိပ်ကြီးက စိတ်ကူးထား၏။
မကြာခင်မှာပင် သူ့အမိန့်ကို နာခံမည့် ညီလေးတစ် ယောက် ရောက်လာမည်ကို တွေးမိကာ လိပ်ကြီး၏ စိတ်ထဲတွင် ပျော်ရွှင်မှုများ အတိုင်းအဆမရှိပေါ်လာ သည်။ဤဘဝမှာ တကယ်ပင် နေပျော်စရာ ကောင်း လှသည်ဟု သူ ခံစားနေရ၏။
ရေဘဝဲသားကို အဝစားပြီးနောက် လိပ်ကြီးသည် အ ချိန်အတော်ကြာအောင် အိပ်စက်အနားယူ လိုက်သ ည်။သူ ပြန်နိုးလာသည့်အခါတွင်မူ အာကာသယာဉ် အပျက်အစီးထဲသို့ ဝင်ရောက်ကာ ငွေဖြူရောင်သ တ္တုချောင်းများကို တစ်ချောင်းချင်းစီ ထုတ်ယူလို က်သည်။
ထိုသတ္တုချောင်းများကို အာကာသယာဉ်အပျက်နှင့် သိပ်မဝေးသည့် ရေတိမ်ပိုင်းနေရာတစ်ခုတွင် တစ် ချောင်းချင်းစီ လိပ်ကြီးက စီစီရီရီ စုပုံထားလိုက်၏။
.....
နှစ်ရက် ကုန်လွန်ပြီးနောက်...
နဂါးနက်သည် ချိန်းဆိုထားသည့်အတိုင်း နောက်ဆုံး တွင် ရောက်လာခဲ့သည်။ရေမိုင်ပေါင်း သောင်းနှင့်ချီ သော ခရီးကြမ်းကို ကူးခတ်လာရသဖြင့် ပင်ပန်းနွမ်း နယ်နေပုံရသော်လည်း လိပ်ကြီးကို အံ့အားသင့်သွား စေသည်မှာ နဂါးနက်နှင့်အတူ အဖော်တစ်ကောင် ပါ လာခြင်းပင်။
“ဟေး..အဲ့ကောင်က ငါ့ကို မောင်းထုတ်တဲ့ အနက် ရောင်အကောင်ကြီးပဲ..”
နဂါးနက်နှင့်အတူ ပါလာသူအား တစ်ချက်ကြည့်ရုံဖြ င့် လိပ်ကြီးမှတ်မိသွားသည်။ထိုကောင်သည် ယခင် ကနှင့်မတူဘဲ ခေါင်းကို ရိုးရိုးသားသား ငုံ့နေခဲ့၏။
လွန်ခဲ့သည့်ရက်အနည်းငယ်ကမူ ဤအကောင်သည် မြေအောက်ကမ္ဘာထဲတွင် လိပ်ကြီးကို ကျူးကျော်သူ ဟု သတ်မှတ်ကာ ရန်လိုစွာ တားဆီးခဲ့ဖူးသည်။ယခု မူ ထိုရဲတင်းမှုများ တစ်စက်ကလေးမျှ မကျန်တော့ ပေ။
နဂါးနက်ကြီးက ရှင်းပြလိုက်၏။
“အကိုကြီး သူက ခင်ဗျားကို တောင်းပန်ချင်လို့တဲ့”
လိပ်ကြီးက ပြန်မေးလိုက်သည်။
“ထားလိုက်ပါတော့..အဲဒီကိစ္စက ပြီးသွားပါပြီ..ဒါနဲ့ မင်းက ငါ့ကို တောင်းပန်ဖို့သက်သက်ပဲ ဒီကောင့်ကို ဒီနေရာအထိ ခေါ်လာတာလား..”
“မဟုတ်ပါဘူး အကိုကြီးရ..ကျွန်တော့်ရဲ့ လက်အော က်ငယ်သားတွေထဲမှာ အပြင်ဘက် ပတ်ဝန်း ကျင်နဲ့ အသားကျအောင် နေနိုင်တဲ့သူက သူတစ်ကောင်ပဲ ရှိ တာပါ..သူ့ကို ခေါ်လာရတဲ့ အဓိက အကြောင်းရင်း က တောင်းပန်ဖို့တင်မဟုတ်ဘဲ..ဟို ငွေဖြူရောင် သ တ္တုချောင်းတွေကို သယ်တဲ့နေရာမှာ ကူညီပေးဖို့ပါ”
“ဪ... ဒါဆို ငါ့အတွက် အကူတစ်ယောက် အပိုရ တာပေါ့လေ ဟဲဟဲ.”
နဂါးနက်သည် အလုပ်တွင် အထောက်အကူဖြစ်စေ ရန် အကူအညီပါ ခေါ်ဆောင်လာကြောင်း လိပ်ကြီး နားလည်သွား၏။
လိပ်ကြီးသည် စိတ်ကြည်လင်သွားပြီးနောက် သ ဘောကောင်းစွာ ပြောလိုက်သည်။
“မင်းတို့လည်း ခရီးဝေးကလာရတာ ပင်ပန်းနေရော ပေါ့..အရင်နားကြဦး..အမောပြေမှပဲ အလုပ်ကိစ္စ ပြ န်စတာပေါ့”
"ကျေးဇူးတင်ပါနယ် အကိုကြီးရ.. ကျနော် နည်းနည် း ပင်ပန်းနေတာ.."
ထိုစကားကို ကြားရသည်နှင့် နဂါးနက်ကြီးကဝမ်း သာအားရ ကျေးဇူးတင်စကား ပြောလိုက်သည်။အ မှန်တကယ်ပင် ဤမျှဝေးကွာသော ခရီးကို အဆက် မပြတ် ကူးလာခဲ့ရသဖြင့် သူတို့မှာ အတော်လေး နုံး ချိနေ၏။
......
ယူနီဗာဆဲလ်တာဝါ၌...
ဟူကျန်းကော်သည် လျူယောင်၏ ရုံးခန်းသို့ ဦးတ ည်၍ ထွက်လာခဲ့သည်။လွန်ခဲ့သည့် ရက်အနည်း င ယ်က လျူယောင်သည် "သာမန်အပူချိန်သုံး စူပါလျှ ပ်ကူးပစ္စည်း"အား ဟူကျန်းကော်တို့ အဖွဲ့၏ သုတေ သနရလဒ်များဖြစ်သည်ဟု ကမ္ဘာကို ကြေညာလို ကြောင်း ပြောခဲ့ဖူးသည်။
ထိုစဉ်က ဟူကျန်းကော်မှာ မဝံ့မရဲဖြစ်နေသဖြင့် အ ချိန်ယူစဉ်းစားမည်ဟုသာ အဖြေပေးထားခဲ့၏။
သူသည် ထိုကိစ္စကို အသေအချာ ပြန်လည်စဉ်းစား ပြီးနောက် အထက်အရာရှိများထံသို့ ညွှန်ကြားချက် တောင်းခံလိုက်သည်။ကိစ္စက ကြီးမားလွန်းသဖြင့် အထက်လူကြီးများထံ သူ ကိုယ်တိုင်ကိုယ်ကျ သွားရောက် တင်ပြခဲ့၏။
ယခုမူ အထက်အရာရှိများ၏ တရားဝင် ခွင့်ပြုချက် ကို ရရှိပြီ ဖြစ်ရာ ဟူကျန်းကော်၏ တစ်ကိုယ်လုံး ပေါ့ပါးနေကာ စိတ်အေးလက်အေး ရှိလာခဲ့ပေသည် ။