← Chapters

ဒီတစ်ခါရော ငါတို့ ဘာတွေ ဆယ်ရဦး မှာလဲ မသိဘူးနော်

Vol. 45 Ch. 547

ဒီတစ်ခါရော ငါတို့ ဘာတွေ ဆယ်ရဦး မှာလဲ မသိဘူးနော်

Vol. 45 Ch. 547

"မစ္စတာဟူက ဘယ်လိုများ တွေးထားလဲ.."

လျူယောင့်၏ အမေးကြောင့် ဟူကျန်းကော်ခဗျာ ခ ဏတာ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်၏။

"ကျွန်တော် တကယ်ပဲ စိတ်ပူနေမိတယ် မစ္စတာလျူ ရာ..ဒီလောက်ကြီးမားတဲ့ အောင်မြင်မှုဂုဏ်ပုဒ်ကို ကျွန်တော့်လက်ထဲ ထိုးအပ်လိုက်တာက..."

လျူယောင်က သူ့စကားကို ဖြတ်ပြောလိုက်ရင်း အေးဆေးစွာပင် အကြံပြုလိုက်သည်။

"ဒါဆိုရင် ဒီလိုလုပ်ရအောင်..ဒီငွေဖြူရောင်သတ္တုကို ခင်ဗျားတို့အဖွဲ့ရဲ့ သုတေသနရလဒ်အနေနဲ့ပဲ တရား ဝင် ကြေညာလိုက်ပါ.."

ဟူကျန်းကော်က ခေါင်းညိတ်လက်ခံသော်လည်း စိုး ရိမ်စိတ်ကမူ လုံးဝမပြယ်သေးပေ။

"ဟုတ်ကဲ့ပါ..ဒါပေမဲ့ ကျွန်တော့်ကို အချိန်နည်းနည်း တော့ ပေးစေချင်ပါတယ်..ဒီသတ္တုအကြောင်းကို အ သေးစိတ် ထပ်မံသုတေသနပြုပြီး သေချာနားလည် အောင် အရင်လုပ်ရဦးမှာမို့လို့ပါ.."

လျူယောင်က ပွင့်လင်းစွာ ပြန်ပြောလိုက်၏။

"ကောင်းပြီလေ..ပြဿနာမရှိပါဘူး.."

ထို့နောက် နှစ်ဦးသား ရုံးခန်းထဲ၌ ရှေ့ဆက်လုပ်ရမ ည့် ကိစ္စများအား အချိန်အတော်ကြာအောင် စိတ်ရှ ည်လက်ရှည် ဆွေးနွေးလိုက်ကြသည်။

........

အခြားတစ်ဖက်တွင်မူ နဂါးနက်သည် သူ့လက်ငယ် သားကို ခေါ်လာကာ သယ်ဆောင်ရေးကိစ္စများကို လုပ်လိုက်ကြ၏။သူ့တပည့်ဖြစ်သူမှာ အလွန်သန်မာ သူဖြစ်ရာ တစ်ကြိမ်တည်းနှင့်ပင် ငွေဖြူရောင်သတ္တု ချောင်း ဒါဇင်ပေါင်းများစွာကို မမောမပန်း သယ်သွ ားနိုင်ပေသည်။

နဂါးနက်နှင့် သူ၏လက်အောက်ငယ်သားတို့ ပူးပေါ င်း လုပ်ဆောင်သည့်အခါ သယ်ယူရေးအရှိန်မှာ သိ သိသာသာ မြန်ဆန်နေ၏။သူတို့နှစ်ဦး၏ အံ့မခန်း စွ မ်းဆောင်ရည်ကြောင့် တစ်နေ့လျှင် ငွေဖြူရောင် သ တ္တု တန်ထောင်ချီကိုပင် အလွယ်တကူ သယ်နိုင်ခဲ့ ပေသည်။

နဂါးနက်ကြီးက သတင်းပို့လိုက်၏။

"ငွေဖြူရောင်သတ္တုချောင်းတွေရဲ့ တစ်ဝက်လောက် ကို ကျွန်တော်တို့ သယ်ပြီးပါပြီ အကိုကြီး.. နောက်ရ က်နည်းနည်းလောက်ဆိုရင်တော့ ကျန်တာတွေ အ ကုန် သယ်ပြီးလိမ့်မယ်.."

"ကောင်းပြီ... ဒါက မင်းတို့အတွက် ဆုလာဘ်ပဲ"

ထိုသို့ပြောပြီးနောက် လိပ်ကြီးသည် ဧရာမရေဘဝဲ ကြီးနှစ်ကောင်ကို ဆွဲထုတ်ကာ နဂါးနက်နှင့် သူ့တပ ည့်အား တစ်ကောင်စီ ပေးလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် အကိုကြီး.."

နဂါးနက်သည် ဝမ်းသာအားရဖြင့် ကျေးဇူးတင်စ ကား အမြန်ပြောလိုက်၏။တကယ်လည်း သူသည် ဗိုက် အလွန်ဆာနေပုံရသည်။နှစ်ကောင်သား ရရှိလာ သော ရေဘဝဲအသားများကို အားပါးတရ စားပစ်လို က်ကြသည်။

ဗိုက်ဝသွားသည့်အခါတွင်မူ အားအင်များ ပြန်လည် ပြည့်ဖြိုးလာသဖြင့် နဂါးနက်သည် သူ့လက်ငယ်သာ းကိုခေါ်ကာ သတ္တုချောင်းများကို ထပ်မံသယ်ယူ ရန် ပြင်လိုက်ကြ၏။

.....

နောက်ထပ် ရက်အနည်းငယ်အကြာတွင်မူ...

ငွေဖြူရောင်သတ္တုချောင်း ၅၀၀ ခန့် တန်ချိန်အားဖြ င့် ၁၅,၀၀၀ ကျော်အား နဂါးနက်တို့က အောင်မြင်စွ ာ သယ်၍ ပြီးစီးခဲ့ကြသည်။

နောက်ဆုံးတစ်ခေါက်တွင်မူ နဂါးနက်နှင့် သူ၏ ငယ် သားကို လိပ်ကြီး ခေါ်လာကာ ကျန်နေသော သတ္တု ချောင်းများအား ရေတိမ်ပိုင်းပင်လယ်ပြင်သို့ သယ် လိုက်ကြ၏။ထိုနေရာသည် ဟွာဟိုင်းမြို့နှင့် ရေမိုင် ၁,၀၀၀ အကွာတွင် ရှိနေသည်။

ဤအကွာအဝေးသည် ဘလူးဝေးလ်နှင့် ကေလာ ဝေးလ် သင်္ဘောများလာသယ်လျှင် ဟွာဟိုင်းမြို့မှ နေ၍ အသွားအပြန်ခရီးအား တစ်ပတ်အတွင်း အေး အေးဆေးဆေး သယ်နိုင်သော ခရီးတစ်ခုပင် ဖြစ်၏ ။

ရေအနက် မီတာ ၃၀ မှ ၄၀ ခန့်ရှိသော ပြန့်ပြူးသည့် ပင်လယ်ကြမ်းပြင်ထက်တွင်မူ ငွေဖြူရောင်သတ္တု ချောင်း ၅၀၀ အား နဂါးနက်တို့က သပ် ရပ်စွာ စီချ ထား၏။ထိုသတ္တုချောင်း တစ်ချောင်းချင်းစီမှာ အ ချင်း ၁ မီတာ၊ အရှည် ၂၀ မီတာခန့်ရှိပြီး တန်ချိန် ၃ ၀ ကျော်စီ အလေးချိန်ရှိ၍ မျက်နှာပြင်မှာလည်း ငွေ သားကဲ့သို့ တောက်ပသော ငွေဖြူရောင် ဖြာထွက် နေပေသည်။

"သခင်ရေ..ခဗျား..ကျွန်တော့်ကို ပေးထားတဲ့ အလု ပ်တွေ အားလုံး ပြီးသွားပြီဗျ.."

အလုပ်များ ပြီးသွားသည့်အခါ လိပ်ကြီးသည် သူ့သ ခင်အား တက်ကြွစွာ အစီရင်ခံလိုက်၏။လိပ်ကြီး၏ အသံကို စိတ်ထဲတွင် ကြား လိုက်ရသည်နှင့် တစ်ပြို င်နက် လျူယောင်သည် 'တတိယအမြင်' ကို ဖွင့်က ာ ထိုနေရာမှ အခြေအနေအား ကြည့်လိုက်သည်။

ထိုအခါ ပင်လယ်ကြမ်းပြင်အောက်တွင် တောက်ပစွ ာ စုပုံနေသော ငွေဖြူရောင်သတ္တုချောင်းများကို သာမက လိပ်ကြီးနှင့် နဂါးနက်တို့ကိုပါ လျူယောင် မြင်လိုက်ရ၏။

လျူယောင်င်အတွက် အံ့ဩစရာဖြစ်သွားသည်မှာ န ဂါးနက်၏ဘေးတွင် နဂါးနက်နှင်ပုံစံတူသည့် နောက် ထပ်သတ္တဝါတစ်ကောင်အား မြင်လိုက်ရခြင်းပင်။

ကြည့်ရသည်မှာ ထိုအကောင်သည် နဂါးနက်နှင့် မျို းနွယ်တူဖြစ်ပုံရ၏။

“လိပ်ကြီး... ဒါက ဘယ်လိုဖြစ်တာလဲ..နဂါးနက်နဲ့ တူ တဲ့တစ်ကောင်က ဘယ်ကနေ ရောက်လာတာလဲ..”

လိပ်ကြီးက ချက်ချင်းပင် ရှင်းပြလိုက်သည်။

“ဒီကောင်က နဂါးနက်ရဲ့ငယ်သားပါ သခင်ရ.. နဂါး နက်ပြီးရင် အဲ့ဒီမြေအောက်ကမ္ဘာကနေ ရေကူးထွက် လာနိုင်တဲ့ တစ်ဦးတည်းသောသူလည်း ဖြစ်ပါတယ် ..ကျွန်တော်တို့ သတ္တုချောင်းတွေ သယ်တဲ့နေရာမှာ ကူညီပေးဖို့ သူပါလိုက်လာတာပါ...”

အခြေအနေကို နားလည်သွားသည့်အခါ လျူယောင် အလွန်ဝမ်းသာသွား၏။ဤသည်မှာ သူ လုံးဝမမျှော် လင့်ထားသော ကံကောင်းမှုတစ်ခုပင်။အပိုဆောင်း လုပ်အားကို အခမဲ့ရလိုက်သလိုမျိုး ဖြစ်နေသည်။

ယခုရှိနေသည့်နေရာမှ အာကာသယာဉ်ပျက်ကြီးရှိရ ာဆီသို့ ရေမိုင် ၂,၀၀၀ နီးပါး ဝေးလှ၏။ထိုကဲ့သို့ ခ ရီးရှည်ကြီး သယ်ရာတွင် အကူအညီတစ်ယောက် ပို ရလာခြင်းက အလုပ်တွင် များစွာအထောက် အကူ ပြုမည် မဟုတ်ပေလော..။

လျူယောင်သည် ယခုထက်ပိုသော အကူအညီများ ရရှိရန် မျှော်လင့်နေမိသော်လည်း ကံမကောင်းစွာဖြ င့် နဂါးနက်၏ ကျန် မျိုးနွယ်တူများမှာ ထိုမြေအော က်ကမ္ဘာမှ ထွက်လာနိုင်စွမ်း မရှိကြပေ။သို့သော်လ ည်း လက်ရှိရရှိထားသည့် အကူအညီကပင် သူ့အတွ က် တန်ဖိုးရှိလှပေသည်။

"တကယ်လို့သာ.. ဒီလိုအကူအညီမျိုး ရှစ်ယောက်၊ ဆယ်ယောက်လောက်သာ ရှိခဲ့ရင်… သယ်ယူပို့ဆော င်ရေး အဖွဲ့ကြီးတောင် ငါ တည်ဆောက်လို့ ရမှာပဲ ကွာ’

လျူယောင်က လောဘကြီးစွာဖြင့် စိတ်ထဲမှ တွေးမိ လိုက်သည်။

ယခုကဲ့သို့ အားကိုးရသည့် အကူအညီကောင်းတစ်ခု ထပ်မံရရှိလိုက်ခြင်းကပင် သူ့ကို များစွာစိတ်ချမ်းသ ာသွားစေခဲ့သည်။

အမှန်တကယ်တွင်မူ လိပ်ကြီးသည် အလုပ်ကြီးကြပ် သူ သဘောမျိုးသာ ဖြစ်ပြီး လက်တွေ့ပင်ပန်းခံ လုပ် နေကြသည်မှာ နဂါးနက်နှင့် သူ၏ ငယ်သားတို့ပင် ဖြစ်၏။ထို့ကြောင့်လည်း လျူယောင်အနေဖြင့်လည် း အလုပ်ကို အရှိန်မြှင့်ရန် ဝန်မလေးတော့ပေ။

လျူယောင်က ပျော်ရွှင်စွာ ညွှန်ကြားလိုက်၏။

“ဟုတ်ပြီ... ဒါဆိုရင် မီးခိုးနက်ရောင် သတ္တုတွေကို ရ နိုင်သမျှ မင်းတို် သယ်ထားလိုက်ကြ..နောက်ပြီး အ နက်ရောင် သတ္တုတွေကိုလည်း သယ်ထားအုံး .ဒီ ပင် လယ်ကြမ်းပြင်မှာပဲ စုပုံထားလိုက်ပါ. ငါက သင်္ဘော တွေလွှတ်ပြီး ပြန်သယ်ခိုင်းလိုက်မယ်”

လိပ်ကြီးက သဘောတူကာ ပြန်ဖြေလိုက်သည်။

“အိုခေဘာ သခင်ရ.. ပြဿနာမရှိပါဘူး..”

....

နောက်တစ်နေ့ မနက်အစောပိုင်း၌..

"ဘော်..ဘော်.."

ဟွာဟိုင်းမြို့ ဆိပ်ကမ်းမှ ဥသြသံများထွက်ပေါ် လာ ၏။ထို့နောက် 'ဘလူးဝေးလ်' နှင့် 'လူသတ်ဝေလငါး' သင်္ဘောကြီးနှစ်စင်းသည် တစ်စီးပြီးတစ်စီး ဆိပ်က မ်းမှ ထွက်ခွာလာကာ ငွေဖြူရောင်သတ္တုချောင်းမျာ း စုပုံထားရာ ပင်လယ်ပြင်ဆီသို့ ဦးတည်၍ ခုတ် မောင်းလာခဲ့ကြသည်။

သင်္ဘောပေါ်ရှိ ဝန်ထမ်းများမှာမူ စိတ်လှုပ်ရှားနေကြ ၏။

“နောက်ထပ် မစ်ရှင်အသစ်တစ်ခု လာပြန်ပြီဟေ့.. ဒီ တစ်ခါရော ငါတို့ ဘာတွေ ဆယ်ရဦးမှာလဲ မသိဘူး နော်. မီးခိုးနက်ရောင် သတ္တုချောင်းတွေလား... ဒါမှ မဟုတ် အနက်ရောင် သတ္တုတွေများလား...”

"ငါ့အထင်တော့ ဒီတစ်ခေါက်လည်း အနက်ရောင်သ တ္တုချောင်းတွေပဲ ဖြစ်မှာပါ.."

"မင်းကလည်း... ငါကတော့ မီးခိုးနက်ရောင် သတ္တု ချောင်းတွေဖြစ်ပါစေလို့ပဲ ဆုတောင်းနေတာ.. တစ် ချောင်းကို တန်နှစ်ရာကျော်တဲ့ ပစ္စည်းတွေကို ဆယ် ယူရတာက ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတယ်ကွ"

အားလပ်ချိန်များတွင် သင်္ဘောသားအချို့သည် ယခု သွားနေရသည့် မစ်ရှင်အကြောင်းကို အားတက် သ ရော ဆွေးနွေးနေကြသည်။ သူတို့၏ စကားသံများ တွင် စူးစမ်းလိုစိတ်နှင့် တက်ကြွမှုများ အထင်း သား ပေါ်လွင်နေ၏။

ယခုသွားနေသည့် ပင်လယ်ပြင်သည် သူတို့အတွက် အသစ်အဆန်းမဟုတ်တော့ပေ။ဝါရင့်သင်္ဘောသား အချို့ဆိုလျှင် ထိုနေရာသို့ အကြိမ်ကြိမ်ရောက်ဖူးသ ဖြင့် ရေမြေအခြေအနေအား အလွတ်ရနေကြသည်။

တစ်ဖက်မှာရှိသော ဘလူးဝေးလ် သင်္ဘော၏ ကပ္ပ တိန်ရမ်ဇီကွမ်းမှာမူ ကော်ဖီခွက်ကို လက်တွင်ကိုင်ရ င်း မှန်ပြတင်းပေါက်တစ်ဆင့် အဆုံးမဲ့ပင် လယ်ပြင် ကြီးကို ငေးကြည့်နေ၏။သူတို့သည် ဟွာဟိုင်းမြို့မှ ထွက်ခွာလာခဲ့သည်မှာ နှစ်ရက်ရှိနေပြီဖြစ်ရာ နောက် ထပ် နာရီ ၂၀ အတွင်း တည်နေရာ ရေပြင်သို့ ရော က်ပေတော့မည်။

ကပ္ပတိန်ရမ်ဇီကွမ်းအား တိကျသည့် ကိုဩဒိနိတ်မျ ားကို ပေးထားရုံသာမက ယခုတစ်ခေါက် ဆယ်ယူ ရမည့်ပစ္စည်းမှာ တန် ၃၀ ကျော် အလေးချိန်ရှိသည့် ငွေရောင်သတ္တုချောင်း ၅၀၀ ဖြစ်ကြောင်းကိုလည်း လျူယောင် ကြိုတင်အသိပေးထားခဲ့သည်။

သင်္ဘောသားများ၏ အမျိုးမျိုးသော ခန့်မှန်းချက်မျ ားကို ကြားနေရသော်လည်း ကပ္ပတိန်ရမ်ဇီကွမ်းမှာ မူ ဘာမှဝင်မပြောဘဲ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရ င်း ပြုံးလျက်သာ နားထောင်နေ၏။

လက်ကျန်ကော်ဖီကို တစ်ငုံသောက်လိုက်ပြီးနောက် ကပ္ပတိန်ရမ်ဇီကွမ်းက တည်ကြည်စွာ အမိန့်ပေး လို က်သည်။

“အားလုံးကို အကြောင်းကြားလိုက်..အခုချက်ချင်း အစည်းအဝေးလုပ်မယ်..ဆယ်ယူရေး အစီအစဉ်ကို ဒီနေ့ပဲ အပြီးသတ် ဆုံးဖြတ်ရမယ်..”

မကြာမီမှာပင် ဘလူးဝေးလ်သင်္ဘော၏ အဓိက တ ာဝန်ရှိသူများဖြစ်ကြသည့် ပထမအရာရှိ၊အင်ဂျင် နီယာချုပ်၊ဒုတိယအရာရှိနှင့် အင်ဂျင်နီယာများမှာ အစည်းအဝေးခန်းထဲသို့ စုံစုံလင်လင် ရောက်ရှိလာ ကြသည်။

“ဒီတစ်ခေါက် ဆယ်ယူမယ့်ပစ္စည်းက တကယ်ကို ထူ းခြားပုံရတယ်ဟ..”

“ဟုတ်မှာပေါ့..မဟုတ်ရင် ကပ္ပတိန်ရမ်က အခုလို . အစည်းအဝေးကို ဒီလောက် အပူတပြင်း လုပ်မှာမ ဟုတ်ဘူး..”

လူတိုင်း စိတ်ဝင်တစားဖြင့် တိုးတိုးလေး ဆွေးနွေး နေကြစဉ် ကပ္ပတိန်ရမ်စစ်ကွမ်းသည် အစည်းအဝေး ခန်းထဲသို့ ဝင်လာကာ သူ့နေရာတွင် ထိုင်လိုက်သည် ။တစ်ခဏလေးအတွင်းမှာပင် ဆူညံနေသည့် အသံ များ တိတ်ဆိတ်ငြိမ်သက်သွား၏။

ကပ္ပတိန်ရမ်ဇီကွမ်းက အရင်ဆုံး ဆယ်ယူရေး မစ်ရှ င်အကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ထို့နောက် လူတိုင်းကို ဝေ့ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“အားလုံးကို သတိပေးချင်တာက... ဒီတစ်ခါ ငါတို့ ဆယ်ယူရမယ့်အရာဟာ အရင်လို မီးခိုးနက်ရောင် သတ္တုတွေ၊အနက်ရောင်သတ္တုတွေ မဟုတ်တော့ဘူး ဆိုတာပဲ...”

“ဒီတစ်ခေါက် ငါတို့ ဆယ်ယူရမှာက ငွေဖြူရောင်သ တ္တုချောင်း သီးသန့်ပဲ..အရေအတွက် ၅၀၀ ရှိမယ် . တစ်ချောင်းချင်းစီက အချင်း ၁ မီတာ၊ အ ရှည် ၂၀ မီတာရှိပြီး အလေးချိန်ကတော့ တန် ၃၀ ကျော်စီ ရှိ တယ်..ရေအနက်က မီတာ ၃၀ ကျော်ပဲ ရှိသလို ပင် လယ်ကြမ်းပြင်ကလည်း တော်တော်လေး ပြန့်ပြူးပ ါတယ်..”

လူတိုင်းသည် ကပ္ပတိန်၏ စကားကို တစ်လုံးမကျန် ဂရုတစိုက် နားထောင်နေကြ၏။ကပ္ပတိန်ရမ်ဇီကွမ်း စကားဆုံးလိုက်သည်နှင့် တစ်ပြိုင်နက် တိတ်ဆိတ် နေသည့် အစည်းအဝေးခန်းမကြီးမှာ ရုတ်ချည်းပင် ဆူညံလာခဲ့သည်။

အင်ဂျင်နီယာတစ်ဦးက အမြန်တွက်ချက်ရင်း မှတ် ချက်ပေးလိုက်သည်။

“အချင်း ၁ မီတာ၊အရှည် ၂၀ မီတာရှိပြီး အလေးချိ န်က တန် ၃၀ ပဲ ရှိတယ်ဆိုတော့... ခဏလေး.. ဒါဆို ရင် ဒီသတ္တုရဲ့ သိပ်သည်းဆက အလူမီနီယမ် သတ္တု တွေထက်တောင် ပိုနည်းနေတာပဲ..”

နောက်တစ်ဦးကလည်း ထောက်ခံလိုက်၏။

“ဟုတ်တယ်..အလေးချိန်က တန် ၃၀ ကျော်ပဲ ရှိတာ ဆိုတော့ သယ်ရမခက်ဘူး..ရေအနက်ကလည်း မီတ ာ ၃၀ ကျော်ပဲဆိုရင် ကျွန်တော်တို့ ဆယ်ယူရတာ တော်တော်လေး အဆင်ပြေမှာပါ..”

လူတိုင်း စိတ်ဝင်တစားဖြင့် အပူတပြင်း ဆွေးနွေးနေ ကြသည်ကို ကပ္ပတိန်ရမ်ဇီကွမ်းက ငါးမိနစ်၊ခြောက် မိနစ်ခန့် အချိန်ပေးကာ လွှတ်ထားပေးလိုက်သည်။ ထို့နောက်မှ သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက် ၏။

“ကဲ... အားလုံး ခဏလောက် ညိမ်ပေးကြပါ. .မင်း တို့ရဲ့..စိတ်လှုပ်ရှားတာတွေကို ခဏဘေးဖယ်ထား ပြီး ပစ္စည်းတွေကို အထိရောက်ဆုံး ဆယ်ယူနိုင်မယ့် ကိစ္စကိုပဲ အပြီးသတ် ဆွေးနွေးရအောင်”

All Chapters