သူတို့က ဒီနေရာကို ဘာလာလုပ်တာလဲ
Vol. 45 Ch. 548
တစ်ရက် ကုန်ဆုံးပြီးနောက်...
နံနက်ခင်းတွင်မူ ဘလူးဝေးလ်နှင့် ကေလာဝေးလ်သ င်္ဘောကြီးနှစ်စင်းသည် ပစ်မှတ်ထားရာ ပင်လယ်ပြင် သို့ ဆိုက်ရောက်လာခဲ့သည်။ထို့နောက် ဘလူးဝေးလ် သင်္ဘောပေါ်မှ ရေငုပ်စက်ရုပ်အား ပင်လယ်ကြမ်းပြ င်ရှိ ငွေဖြူရောင်သတ္တုချောင်းများကို ရှာဖွေရန် စေ လွှတ်လိုက်၏။
လုံခြုံရေးအရ ရေတိမ်ပိုင်းနေရာရှိ ပစ္စည်းများကို တစ်နေရာတည်းတွင် ပုံသေထားလေ့မရှိပေ။အက ယ်၍ တစ်နေရာတည်းတွင် အတည်တကျ ထားရှိပါ က တစ်စုံတစ်ယောက်က သတင်းစုံစမ်းပြီး သင်္ဘော ဖြင့် လာရောက်ဆယ်ယူသွားနိုင်သည့် အတွက် အ ကြီးအကျယ် ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်သည် ။
ထိုရေတိမ်ပိုင်းဧရိယာမှာ စတုရန်းကီလိုမီတာ ထော င်ပေါင်းများစွာ ကျယ်ဝန်းလှ၏။ရေအနက်မှာလည်း ဆယ်မီတာခန့်မှသည် မီတာရာချီအထိ နေရာအလို က် ရှိနေကြသည်။
ဤမျှကျယ်ပြောလှသော ပင်လယ်ပြင်အတွင်း ပစ္စ ည်းများကို ကျပန်းစနစ်ဖြင့် ထားရှိခြင်းမှာ သူခိုး၊ဓာ းပြရန်မှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းပင် ဖြစ်၏။ပြင်ပလူတစ်ယောက်အဖို့ ထိုနေရာတွင် ပစ္စ ည်းရှာဖွေရသည်မှာ "ကောက်ရိုးပုံထဲ၌ အပ်ရှာရသ ကဲ့သို့" အလွန်ပင် ခက်ခဲလှပေလိမ့်မည်။
သို့သော်လည်း ကပ္ပတိန်ရမ်ဇီကွမ်းအတွက်မူ ထိုအရ ာက အပန်းမကြီးလှပေ။သူသည် တည်နေရာအား ကြိုတင်သိရှိထားသူဖြစ်သဖြင့် ရေငုပ်စက်ရုပ်အား ရေအောက်သို့ စေလွှတ်ပြီး ဆယ်မိနစ်အတွင်းမှာပင် သယ်ယူရမည့် ပစ္စည်းများကို အောင်မြင်စွာ ရှာတွေ့ ခဲ့သည်။
ရေငုပ်စက်ရုပ်မှ ပေးပို့သည့် ရုပ်သံမှတ်တမ်းများတွ င် ပြန့်ပြူးလှသော ပင်လယ်ကြမ်းပြင်ပေါ်၌ တလ က်လက်တောက်ပနေသည့် ငွေဖြူရောင်သတ္တုချော င်းများကို ရှင်းလင်းစွာ သူ မြင်တွေ့လိုက်ရသည်။
ကပ္ပတိန်ရမ်ဇီကွမ်းက ထိုပုံရိပ်များကို တစ်ချက်ကြ ည့်လိုက်ပြီး ယုံကြည်မူအပြည့်ဖြင့် ပြောလိုက်၏။
"ဟုတ်တယ်..အဲ့ဒါတွေပဲ.. ငါတို့သင်္ဘောကို အနားက ပ်လိုက်တော့.."
ထိုသတ္တုချောင်းများမှာ ဘလူးဝေးလ်သင်္ဘောနှင့် မီ တာရာဂဏန်းမျှသာ ကွာဝေးသည့်နေရာတွင် ရှိနေ သည်။သင်္ဘောကြီးသည် သတ္တုချောင်းများရှိရာ ရေ ပြင်အထက်တည့်တည့်သို့ ဖြည်းညှင်းစွာ မောင်းနှင် ၍ ဆယ်ယူရေးအတွက် အသင့်ပြင်ထားလိုက်၏။
ဆယ်ယူရေးအစီအစဉ်ကိုမူ ကြိုတင်ရေးဆွဲထားသ ည့်အတိုင်း တာဝန်ရှိအဖွဲ့သားများသည် ရေငုပ်ဝတ် စုံနှင့် အောက်ဆီဂျင်ဘူးများကို အသင့်ဝတ်ဆင်ထာ းကြသလို၊အခြားအဖွဲ့ဝင်များကလည်း မိမိတို့သ က်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် လုပ်ကိုင်ရန်အသင့် ပြင်ထားကြသည်။
ကပ္ပတိန်ရမ်ဇီကွမ်းကိုယ်တိုင် ထိုဆယ်ယူရေးလုပ်င န်းစဉ်အား အနီးကပ်ကြီးကြပ်လျက် ရှိ၏။
"ကဲအခု ရေထဲဆင်းကြတော့... အားလုံး ဂရုစိုက်ကြ .."
ကပ္ပတိန်ရမ်ဇီကွမ်း၏ ဟိန်းထွက်လာသည့်အသံနှင့် အတူ ရေငုပ်သမားအချို့သည် ရေထဲသို့ တစ်ယော က်ပြီးတစ်ယောက် ခုန်ဆင်းလာကြသည်။ပေ ၃၀ ကျော်နက်သည့် ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိသွာ းချိန်တွင်မူ သတ္တုချောင်းများအား သူတို့ စတင်ချ ည်နှောင်လိုက်၏။တစ်ချိန်တည်းမှာပင် ဘလူးဝေး လ်ပေါ်မှ ဝန်ချီကြိုးများမှာလည်း ရေအောက်သို့ ဖြ ည်းဖြည်းချင်း လျှောဆင်းလာခဲ့သည်။
မကြာမီမှာပင် ပထမဆုံးသော ဝန်ချီချိတ်ကို ဆွဲ တင်လိုက်ကြ၏။
သံမဏိကြိုးသည် စက်သီးပေါ်သို့ တဖြည်းဖြည်းချ င်း ပြန်လည်ဝင်ရောက်လာသည်။ပတ်ဝန်းကျင် တ စ်ခုလုံးမှာလည်း အပ်ကျသံပင် ကြားရလောက်အော င် တိတ်ဆိတ်ငြိမ်သက်နေ၏။လူတိုင်း၏ အကြည့် တို့သည် တဖြည်းဖြည်း မြင့်တက်လာသည့် သံမဏိ ကြိုးနှင့် အဆက်မပြတ် အလုပ်လုပ်နေသော ကရိန်း ဆီသို့သာ စူးစိုက်ကြည့်နေကြသည်။
ဆယ်မိနစ်ကျော်ခန့် စောင့်ဆိုင်းပြီးနောက်တွင်မူ အ စီအရီချိတ်ထားသည့် ငွေဖြူရောင်သတ္တုချောင်း အ ချို့သည် ရေမျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာပေသ ည်။ကပ္ပတိန်ရမ်ဇီကွမ်း ပြောခဲ့သည့်အတိုင်းပင် ထို သတ္တုချောင်းများသည် အချင်း ၁ မီ တာခန့်ရှိပြီး အ လျားမှာ မီတာ ၂၀ ခန့်အထိ ရှည်နေ၏။
ထိုတောက်ပသော သတ္တုချောင်းများ ရေထဲမှ ပေါ် ထွက်လာသည်ကို မြင်လိုက်ရသည့် ခဏမှာပင် တိ တ်ဆိတ်နေသည့် သင်္ဘောပေါ်၌ ရုတ်တရက် ဆူညံ သံများ ထွက်ပေါ်လာသည်။
"ဟေး. ထွက်လာပြီဟေ့.."
"တကယ်ကို လှတာပဲဗျာ..တကယ်ငွေရောင်တောက် နေတာပဲ.."
"ပထမဆုံးတစ်သုတ်က ငါထင်ထားတာထက်တောင် ပိုမြန်နေသေးတယ်.."
လူတိုင်း၏မျက်စိရှေ့မှာပင် ထိုငွေဖြူရောင်သတ္တု ချောင်းများကို မလှမ်းမကမ်းရှိ ကေလာဝေးလ် သ င်္ဘောပေါ်သို့ ဂရုတစိုက် တင်လိုက်ကြသည်။သတ္တု ချောင်းများကို သင်္ဘောပေါ်တွင် အသေအချာ နေရာ ချပြီးနော် ကေလာဝေးလ်သင်္ဘောပေါ်ရှိ အဖွဲ့သား များသည်လည်း စိတ်လှုပ်ရှားစွာကြည့်နေကြ၏။
အဖွဲ့သားတစ်ဦးက မှတ်ချက်ပေးလိုက်သည်။
"ကြည့်စမ်းပါဦး... ငွေနဲ့ တူလိုက်တာ.. ကျွန်တော့်ရဲ့ ငွေလက်ဝတ်ရတနာနဲ့ ယှဉ်ကြည့်ရင်တောင် အရော င်က အတူတူပဲဗျ.."
ထိုလူသည် မိမိဝတ်ဆင်ထားသော ငွေလက်ဝတ်ရ တနာကို ထိုသတ္တုချောင်းကြီးများအနီး ကပ်ကြည့် လိုက်ရာ အရောင်အဆင်းမှာ ကွာခြားမှုမရှိသလော က် တူညီနေသည်အား တွေ့လိုက်ရသည်။
သို့သော်လည်း ကပ္ပတိန်ရမ်ဇီကွမ်းကမူ ပြုံး၍ ခေါ င်းခါကာ ရှင်းပြလိုက်၏။
"ဒါက ငွေ မဟုတ်ဘူး..တကယ်လို့ ငွေသာဆိုရင် ဒီ တစ်ချောင်းက တန် ၃၀ ထက် မပိုနိုင်ဘူး.. ဒါပေမဲ့ အခု ဒီသတ္တုချောင်းကြီးက တန် ၂၀၀ နီးပါး လေး တယ်လေ..”
ကေလာဝေးလ်သင်္ဘောပေါ်ရှိ အဖွဲ့သားများမှာမူ ငွေ ဖြူရောင်သတ္တုချောင်းများအကြောင်းကို စိတ်လှုပ် ရှားစွာ ဆွေးနွေးနေကြစဉ် ဘေးနားရှိ ဘလူးဝေးလ် သင်္ဘောပေါ်မှ အော်ဟစ်အားပေးသံများ ထပ်မံထွ က်ပေါ်လာပြန်သည်။
လူတိုင်း အမြန်လှည့်ကြည့်လိုက်ကြရာ ဒုတိယမြော က် ဝန်ချီချိတ်သည်လည်း ငွေဖြူရောင်သတ္တုချောင် းအချို့ကို သယ်ဆောင်လျက် ရေမျက်နှာပြင်ပေါ် သို့ ထွက်ပေါ်လာ၏။
ဆယ်ယူရေးလုပ်ငန်းစဉ်တစ်ခုလုံးမှာ အခက်အခဲမရှိ ဘဲ အလွန်ပင် ချောမွေ့နေခဲ့သည်။အဖွဲ့သားများ လ ည်း ယခုကဲ့သို့ အခြေအနေမျိုးနှင့် ရင်းနှီးကျွမ်း ဝင် နေကြသူများ ဖြစ်ကြ၏။မီးခိုးနက်ရောင် သတ္တုချေ ာင်းများနှင့် အနက်ရောင်သတ္တုချောင်းများကို ယခ င်ကလည်း တစ်ကြိမ်မက ဆယ်ယူဖူးသည့် အတွေ့ အကြုံများ ရှိထားကြသည်မဟုတ်ပေလော။
"အလေ့အကျင့်များလေအလုပ်က ပို၍ချောမွေ့လေ" ဆိုသကဲ့သို့ပင် ဆယ်ယူရေးလုပ်ငန်းစဥ်မှာ ပိုမို မြန် ဆန် လာ၏။
ပထမတစ်သုတ်..
ဒုတိယတစ်သုတ်..
တတိယတစ်သုတ်...
နံနက်ခင်းမှသည် ညနေစောင်းအထိ ငွေဖြူရောင်သ တ္တုချောင်းများ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ဆယ်ယူ နိုင်ခဲ့ပြီး ကေလာဝေးလ်သင်္ဘောပေါ်တွင် စနစ်တကျ နေရာချထားခဲ့သည်။
ကေလာဝေးလ်သင်္ဘောအဖွဲ့သားတစ်ယောက်က သ တ္တုချောင်းများကို သေချာစွာ ရေတွက်ပြီးနောက် စကားပြောစက်မှတစ်ဆင့် ကပ္ပတိန်ရမ်ဇီကွမ်းထံသို့ သတင်းပို့လိုက်၏။
"ကပ္ပတိန်ရမ်.. အခုအထိ စုစုပေါင်း ၄၃၂ ချောင်း ဆ ယ်ယူပြီးပြီ..ပစ္စည်းစာရင်းအရ စုစုပေါင်း ၅၀၀ ရှိရ မှာဆိုတော့ ပင်လယ်ကြမ်းပြင်မှာ ၆၈ ချောင်းပဲ ကျ န်တော့တယ်..."
ကပ္ပတိန်ရမ်ဇီကွမ်းက ယုံကြည်မှုအပြည့်ဖြင့် ပြန် ဖြေလိုက်သည်။
"၆၈ ချောင်းပဲ ကျန်တော့တာပဲ.. နောက်ထပ် တစ်နာ ရီအတွင်းမှာ အားလုံးကို ငါတို့ ဆယ်ယူပြီးစီးနိုင်လိ မ့်မယ်.."
စကားပြောစက်မှတစ်ဆင့် နှစ်ဦးသား အသေးစိတ် အချက်အလက်များကို ခေတ္တဆွေးနွေးပြီး နောက် ထပ် ငွေဖြူရောင်သတ္တုချောင်းတစ်ချောင်းကို ရေ ထဲမှ ဆွဲတင်လိုက်ချိန်မှာပင် ရုတ်တရက် တစ်စုံတစ် ယောက်၏ သတိပေးသံမှာ အလောတကြီး ထွက် ပေါ်လာ၏။
"ကပ္ပတိန်..ဟိုဘက်ကို ကြည့်လိုက်ပါဦး ..သင်္ဘော ကြီးနှစ်စင်း လာနေတယ်.."
ထိုသတိပေးသံကြောင့် ရမ်ဇီကွမ်း အမြန်လှမ်းကြ ည့်လိုက်ရာ အဝေးတစ်နေရာတွင် တန် သောင်းချီ ရှိမည့် သင်္ဘောကြီးနှစ်စင်းမှာမူ အရှိန်ဖြင့် မောင်းလ ာသည်ကို သူ တွေ့လိုက်ရသည်။
ကေလားဝေးလ်၏ ကပ္ပတိန်ထံမှ စိုးရိမ်တကြီး ပြော လိုက်သော အသံသည် စကားပြောစက်မှတစ်ဆင့် ထွက်ပေါ်လာ၏။
"ရမ်.. ဒီနေရာက နိုင်ငံတကာ ရေကြောင်းလမ်းလ ည်း မဟုတ်ဘဲနဲ့ သင်္ဘောကြီးတွေ ပေါ်လာတာ နည်း နည်းတော့ ထူးဆန်းနေပြီဗျ.."
ကပ္ပတိန်ရမ်ဇီကွမ်းက ပြတ်သားစွာ ဆုံးဖြတ်လိုက် ၏။
"ဟုတ်တယ်..တကယ်ကို ထူးဆန်းတယ်.. ကျွန်တော် တို့ အချိန်မဖြုန်းဘဲ ကျန်နေတဲ့ သတ္တုချောင်းတွေကို အမြန်ဆုံး ဆယ်ယူရမယ်.."
"သဘောတူတယ်..ဒါဆို မြန်မြန်လုပ်ကြတာပေါ့.."
မကြာမီမှာပင် သင်္ဘောနှစ်စင်းလုံးရှိ အဖွဲ့သားအား လုံးမှာလည်း အဝေးမှ မောင်းလာသည့် ထိုသင်္ဘော ကြီးများအား သတိပြုမိသွားကြသည်။
"ကြည့်ပါဦး.. အဲဒီသင်္ဘောတွေက ငါတို့ဆီကို တည့် တည့်မတ်မတ် လာနေကြတာပဲ.."
"ဟုတ်တယ်.သူတို့ရဲ့ ဦးတည်ချက်က ငါတို့ဆီပဲ.."
"ဒီသင်္ဘောတွေက ငါတို့ ယန်နိုင်ငံက သင်္ဘောတွေ မဟုတ်တာတော့ သေချာတယ်ဗျ.."
ကပ္ပတိန်ရမ်ဇီကွမ်းသည် မှန်ပြောင်းကိုကိုင်ကာ အ နီးကပ်ကြည့်ရှုလိုက်ချိန်တွင်မူ သူ့ စိတ်ထဲ၌ တစ်ချ က် လန့်သွားသည်။ထိုသင်္ဘောများသည် နိုင်ငံခြား သင်္ဘောများဖြစ်ကြောင်းကို ရှင်းလင်းစွာ သူ မြင်လို က်ရသောကြောင့် ဖြစ်၏။
သင်္ဘောကိုယ်ထည်ပေါ်ရှိ အင်္ဂလိပ်စာလုံးများအ ကြား၌ ယန်နိုင်ငံစာလုံးတစ်လုံးတစ်ပါဒမျှပင် မပါ ရှိသလို၊လွင့်ထူထားသည့်အလံများမှာလည်း နိုင်ငံ ခြားအလံများသာ ဖြစ်နေသည်။မှန်ပြောင်းမှတစ် ဆင့် မြင်နေရသော သင်္ဘောပေါ်မှ လူများမှာလည်း အရှေ့တိုင်းသား မျက်နှာတစ်ဦးတစ်ယောက်မျှ မပါ ဘဲ အားလုံးမှာ နိုင်ငံခြားသားများသာ ဖြစ်နေ၏။
ကပ္ပတိန်ရမ်ဇီကွမ်းသည် မှန်ပြောင်းကို ခိုင်မြဲစွာ ကိုင်ရင်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
"သူတို့က ဒီနေရာကို ဘာလာလုပ်တာလဲ..."
"ဒီနေရာမှာ ငွေဖြူရောင်သတ္တုချောင်းတွေရှိတာကို သူတို့လည်း သိနေတာလား..ဒါ ဝေစုလာခွဲတာလား. .."
သို့သော်လည်း ထိုအတွေးကို ကပ္ပတိန်ရမ်ဇီကွမ်းက ချက်ချင်းပင် ငြင်းပယ်လိုက်၏။အဘယ်ကြောင့်ဆို သော် ဤစစ်ဆင်ရေးကို အလွန်လျှို့ဝှက်ထားခဲ့ပြီး မနေ့ကမှသာ ငွေဖြူရောင်သတ္တုချောင်း ၅၀၀ ဆယ် ယူရမည့်အကြောင်းကို အဖွဲ့သားများအား သူ အသိ ပေးခဲ့သောကြောင့်ပင်။
"ဒါဆိုရင် ဒီနိုင်ငံခြားသင်္ဘောနှစ်စင်းက ဒီနေရာမှာ ဘာလာလုပ်တာလဲ..."
သင်္ဘောများကြားရှိ အကွာအဝေးမှာ ပိုမိုနီးကပ်လာ ပြီး ဘလူးဝေးလ်နှင့် မီတာ သုံးရာ၊ လေးရာခန့်အကွ ာတွင်မူ ထိုသင်္ဘောကြီးများ ရပ်တန့်လိုက်ကြသည် ။သူတို့သည်လည်း ဘလူးဝေးလ်နှင့် ကေလာဝေးလ် တို့၏ လှုပ်ရှားမှုတိုင်းကို အကဲခတ်နေကြပုံရ၏။
......
တစ်ဖက်ရှိ နိုင်ငံခြားသင်္ဘောပေါ်တွင်မူ...
"ခေါင်းဆောင်.. ဒါ ယူနီဗာဆဲလ်ရဲ့ သင်္ဘောတွေပဲ.."
"ဟုတ်တယ် ဆယ်ယူရေးသင်္ဘောကြီး ဘလူးဝေး လ်ပဲ..ငါတို့ ရောက်လာတာ တကယ်ကို အချိန်ကိုက် ပဲဟေ့..."
"ခေါင်းဆောင် အခု.သူတို့က ဆယ်ယူရေး လုပ်နေ ကြတာပဲ.. ဟိုဘက်သင်္ဘောပေါ်မှာ ငွေဖြူရောင်သ တ္တုချောင်းတွေ အပြည့်ပဲ..မီးခိုးနက်ရောင်နဲ့ အနက် ရောင် သတ္တုတွေမဟုတ်ဘူးဗျ..အခု အရောင်က တောက်နေတာပဲ.."
နိုင်ငံခြားသင်္ဘောပေါ်ရှိ အနောက်တိုင်းသားမျက်နှာ နှင့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် မှန်ပြောင်းကိုကိုင်ကာ ဘလူးဝေးလ်နှင့် ကေလာဝေး လ်ဝေးတို့၏ အခြေအနေအား အသေးစိတ် ကြည့် နေပေသည်။