← Chapters

ရှုပ်ထွေးမှားယွင်းနေသော သမိုင်း

Vol. 26 Ch. 404

ရှုပ်ထွေးမှားယွင်းနေသော သမိုင်း

Vol. 26 Ch. 404

အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။

လီချန် တံခါးပိတ်ကျင့်ကြံနေသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ။

ကျင့်ကြံခြင်း နှင့် ဆေးဖော်နည်း သုတေသနပြုခြင်းကလွဲပြီး၊ ပျက်စီးနေသော နတ်ဘုရားကမ္ဘာဘက်ကို မသွားဖြစ်တာ ကြာပြီ။

စုဆောင်းထားသော စည်းမျဉ်းမူလအနှစ်သာရများလည်း ကုန်ခမ်းလုနီးပါးဖြစ်နေပြီ။

"ဒီတစ်ခေါက်သာ မအောင်မြင်ရင်၊ ငါအရင်က လျှောက်ခဲ့တဲ့လမ်းကြောင်း မှားနေပြီလို့ ဆိုလိုတာပဲ။ ဒါဆိုရင် အစကနေ ပြန်စရတော့မယ်"

လီချန် ဆေးပေါင်းဖိုရှေ့တွင် ထိုင်ရင်း ရေရွတ်လိုက်သည်။

ပြန်စရမယ်ဆိုတဲ့ အလုပ်ပမာဏကို တွေးကြည့်မိရုံနဲ့တင် ခေါင်းနပန်းကြီးသွားသည်။

သူ အချိန်တွေ အများကြီး ပေးဆပ်ခဲ့ရပြီးပြီလေ။

လမ်းကြောင်းပြောင်းလိုက်တာနဲ့ အစကနေ ပြန်စရမှာဖြစ်ပြီး၊ အချိန်ဘယ်လောက် ထပ်ကုန်ဦးမလဲ မသိနိုင်ဘူး။

ပြောရရင် ဒီစည်းမျဉ်းနတ်ဆေးလုံးရဲ့ ဆေးဖော်နည်းက နိယာမနတ်ဆေးလုံးထက် အဆမတန် ရှုပ်ထွေးလွန်းတယ်။

ဒီဆေးဖော်နည်းကို စတင်တီထွင်ခဲ့တဲ့ အဂ္ဂိရတ်ဆရာက ဘယ်လိုလုပ်ခဲ့လဲဆိုတာ စဉ်းစားလို့တောင် မရဘူး။

သူက ရှိပြီးသား ဆေးဖော်နည်းကို အခြေခံပြီး ပြုပြင်မွမ်းမံနေတာတောင်မှ အကြိမ်ကြိမ် ကျရှုံးနေတာ။

လီချန်၏ ထိန်းချုပ်မှုအောက်တွင် ဆေးမီးတောက်များ တောက်လောင်နေပြီး၊ အပူချိန် တိကျကာ ဆေးပေါင်းဖိုထဲတွင် ဆေးအာနိသင်များ ပေါင်းစပ်နေသည်။

သူ့ရဲ့ နတ်ဘုရားအာရုံက အချိန်တိုင်းစောင့်ကြည့်နေသည်။

အခုချိန်မှာ သူ့စိတ်က အလွန် တည်ငြိမ်နေပြီ။

ကျရှုံးတာ များလွန်းလို့လေ။

ဒီတစ်ခေါက် ထပ်ကျရှုံးရင်လည်း ပုံမှန်ပဲလို့ သူ မှတ်ယူထားလိုက်ပြီ။

အချိန်မည်မျှ ကြာသွားသည်မသိ။ လီချန်က နတ်ဘုရားစွမ်းအားဖြင့် အဆက်မပြတ် မောင်းနှင်နေရသဖြင့် စွမ်းအင်ကုန်ခမ်းမှု အလွန်များပြားသည်။

ရုတ်တရက် ဆေးပေါင်းဖိုတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။

ဒါက ဆေးပေါင်းဖို ပေါက်ကွဲပြီး ကျရှုံးတော့မယ့် လက္ခဏာပဲ။

လီချန် မျက်နှာအမူအရာ မပြောင်းလဲဘဲ ဆက်လက်ကြိုးစားနေသည်။ လက်မလျှော့သေးပေ။

ဆေးပေါင်းဖို တုန်ခါမှု ပိုမို ပြင်းထန်လာပြီးနောက်၊ စူးရှသော အသံတစ်သံ ထွက်ပေါ်လာကာ ရုတ်တရက် ငြိမ်သက်သွားသည်။ ထို့နောက် ကြီးမားသော အလင်းရောင်များ ဆေးပေါင်းဖိုထဲမှ ဖြာထွက်လာပြီး ထူးဆန်းသော ရောင်စုံတိမ်တိုက်များ ဖြစ်ပေါ်လာသည်။

"ဒါ... ဒါ အောင်မြင်သွားတာလား"

လီချန် မျက်လုံးပြူးသွားသည်။

သူက ကျရှုံးဖို့ ပြင်ဆင်ထားပြီးသား။

မထင်မှတ်ဘဲ အောင်မြင်သွားခဲ့သည်။

ဒါက သူအရင်က လျှောက်ခဲ့တဲ့ သုတေသနလမ်းကြောင်း မှန်ကန်တယ်၊ ဖြစ်နိုင်ချေရှိတယ် ဆိုတာ ပြသနေတာပဲ။

သေချာတာကတော့ လက်တွေ့ ဖော်စပ်တဲ့နေရာမှာ ပြဿနာတချို့ရှိနေသေးလို့၊ အရင်အကြိမ်တွေက ကျရှုံးခဲ့ရတာဖြစ်မယ်။

အခုတော့ သူက အသင့်တော်ဆုံး ပါဝင်အချိုးအစားနဲ့ ဖော်စပ်နည်းကို ရှာတွေ့သွားပြီ။

လီချန် လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးပေါင်းဖို အဖုံးပွင့်သွားပြီး၊ ပိုမို တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။ အလင်းတန်း ၃ ခု အပြင်ဘက်သို့ ပျံထွက်သွားသည်။

လီချန်က ကြိုတင် ပြင်ဆင်ထားပြီးသားမို့၊ ဒီစည်းမျဉ်းနတ်ဆေးလုံး ၃ လုံးကို လွတ်မြောက်ခွင့် မပေးပါဘူး။

သူ့လက်ကြီးဖြင့် လှမ်းဖမ်းလိုက်ရာ ဆေးလုံး ၃ လုံး ဖမ်းမိသွားပြီး ပုလင်းထဲထည့်လိုက်သည်။

"အရည်အသွေးက သိပ်မကောင်းပါလား... ဒါပေမဲ့ ပထမဆုံးအကြိမ် အောင်မြင်တာဆိုတော့ လက်ခံပေးလို့ ရပါတယ်"

လီချန် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဆေးတစ်လုံးကို ထုတ်ယူကြည့်ရှုပြီးနောက် မျိုချလိုက်သည်။

စည်းမျဉ်းနတ်ဆေးလုံးရဲ့အာနိသင်ကို စမ်းသပ်ချင်လို့ပင်။

အချိန်အနည်းငယ် ကြာပြီးနောက်၊ စည်းမျဉ်းနတ်ဆေးလုံးရဲ့အာနိသင်ကို သူ ဆုံးဖြတ်လိုက်နိုင်သည်။ သူ့အတွက်တော့ သာမန်ပါပဲ။ စည်းမျဉ်းမူလအနှစ်သာရကို တိုက်ရိုက် စုပ်ယူတာလောက် မကောင်းဘူး။

သူ တိုက်ရိုက်စုပ်ယူရင် စည်းမျဉ်းမူလအနှစ်သာရ တစ်စက်မှအလဟဿမဖြစ်ဘူးလေ။

စည်းမျဉ်းနတ်ဆေးလုံး ဖော်စပ်တဲ့ လုပ်ငန်းစဉ်မှာကျတော့ အလေအလွင့်ရှိတယ်။

မတတ်နိုင်ဘူးလေ။ သူက အခုမှစပြီး အောင်မြင်တာဆိုတော့ အရည်အသွေးက သာမန်ပဲ ရှိသေးတာ။

"နောက်တစ်ဆင့်ကတော့ မွမ်းမံဖို့ပဲ"

လီချန် သိပါတယ်။ ဆေးဖော်နည်းကို အပြီးတိုင် အတည်ပြုနိုင်ဖို့ အချိန်နည်းနည်း လိုဦးမယ်။

အခု သူ့လက်ထဲမှာ စည်းမျဉ်းမူလအနှစ်သာရ ကုန်သွားပြီမို့၊ ပျက်စီးနေသော နတ်ဘုရားကမ္ဘာ ဆီ သွားပြီး နတ်သားရဲနဲ့ ကွေ့ရှန်းတွေကို အမဲလိုက်ရဦးမယ်။

ထို့နောက် သူ ဝူရွှမ်း၏ ကျင့်ကြံရာနေရာသို့ သွားပြီး စည်းမျဉ်းနတ်ဆေးလုံး ၂ လုံး ပေးကာ စမ်းသောက်ကြည့်ခိုင်းလိုက်သည်။

ဝူရွှမ်း ဆေးတစ်လုံး သောက်ပြီး အချိန်အတော်ကြာ သန့်စင်ပြီးနောက် မျက်လုံးဖွင့်လိုက်ရာ၊ ဝမ်းသာအားရ အရိပ်အယောင်များ ပေါ်လာသည်။ "လီချန်... အာနိသင် အရမ်းကောင်းတယ်။ နိယာမ ၅ ခုကြားက တွန်းကန်မှုတွေ အများကြီး လျော့နည်းသွားတာ ခံစားရတယ်"

"အင်း... အာနိသင်ရှိရင် ကောင်းတာပေါ့" လီချန် ခေါင်းညိတ်လိုက်သည်။

....

ထို့နောက် သူ ဝူရွှမ်းဆီမှ ထွက်ခွာလာပြီး ပျက်စီးနေသော နတ်ဘုရားကမ္ဘာသို့ သွားရောက်ခဲ့သည်။

နောက်ဆက်ပြီး နှစ် ၁၀၀ အတွင်းမှာ လီချန်သည် နတ်သားရဲ၊ ကွေ့ရှန်းတွေကို အမဲလိုက်ခြင်း၊ စည်းမျဉ်းမူလအနှစ်သာရ သန့်စင်ခြင်း၊ စည်းမျဉ်းနတ်ဆေးလုံး ဖော်စပ်ခြင်းတို့ကိုသာ အဓိက လုပ်ဆောင်နေခဲ့သည်။

သေချာတာကတော့ ကိုယ်ပိုင်ကျင့်ကြံမှုကိုလည်း မရပ်နားပါဘူး။

သူ ဖော်စပ်တဲ့ စည်းမျဉ်းနတ်ဆေးလုံးတွေရဲ့ အရည်အသွေးကလည်း တဖြည်းဖြည်း ကောင်းမွန်လာသည်။ မူလက တစ်ကြိမ်ဖော်ရင် အရည်အသွေး သာမန် ၃ လုံးလောက်ပဲရပေမဲ့၊ နောက်ပိုင်းမှာ အရည်အသွေး ကောင်းမွန်တဲ့ ၅ လုံးလောက် ရလာသည်။

ဒါပေမဲ့ ၆ လုံး၊ ဒါမှမဟုတ် အဲဒီထက်ပိုပြီး ရဖို့ကတော့ ခက်ခဲနေသေးတယ်။

သူ့ရဲ့ အဂ္ဂိရတ်ဆရာအဆင့်နဲ့ သက်ဆိုင်နေပုံ ရတယ်။

တစ်ကြိမ်တည်းနဲ့ အရည်အသွေးမြင့် ဆေးလုံး အများအပြား ဖော်စပ်ချင်ရင်၊ အဂ္ဂိရတ်ဆရာ အဆင့် ၁၇ လောက် ရောက်မှ ဖြစ်နိုင်လောက်တယ်။

....

"လီချန်... ကျွန်မ အဆင့်တက်တော့မယ်လို့ ခံစားရတယ်"

တစ်နေ့တွင် ဝူရွှမ်း က လီချန် ကို ပြောလာသည်။

သူမ ဒီနှစ်တွေအတွင်း စည်းမျဉ်းနတ်ဆေးလုံး အများအပြား သောက်သုံးခဲ့လို့၊ နိယာမ ၅ ခု ပေါင်းစပ်မှု လက္ခဏာတွေ ပိုမို ထင်ရှားလာပြီ။

ဒီနေ့ကျမှ အချိန်တန်ပြီဆိုတာ သိလိုက်ရတာ။

"ကောင်းပြီ... အဆင့်တက်ဖို့ ပြင်ဆင်လိုက်တော့" လီချန် ခေါင်းညိတ်လိုက်သည်။

သူက နောက်ထပ် စည်းမျဉ်းနတ်ဆေးလုံး တစ်သုတ် ထုတ်ပေးလိုက်ပြီး၊ ကျန်းရှန်းအဆင့် တက်လှမ်းဖို့ ပြင်ဆင်ခိုင်းလိုက်သည်။

လီချန်၏ စောင့်ရှောက်မှုအောက်တွင် ဝူရွှမ်း နတ်ဘုရားဖြစ်မည့်လမ်းကြောင်းကို စတင်လျှောက်လှမ်းလိုက်သည်။

....

လအနည်းငယ် ကြာပြီးနောက်၊ ဝူရွှမ်း၏ ကျင့်ကြံရာနေရာမှ ကြီးမားသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး၊ ကောင်းကင်မှ ပန်းများကြွေကျခြင်း၊ မြေကြီးမှ ရွှေကြာပန်းများပွင့်ခြင်း စသည့် ထူးဆန်းသော နိမိတ်များ ပေါ်လာသည်။

သေချာတာကတော့ ပမာဏက လီချန် တုန်းကလောက် မကြီးမားဘူး။

ဝူရွှမ်းက နိယာမ ၅ ခု ပေါင်းစပ်ပြီး နတ်ဘုရားဖြစ်လာတာကိုး။

"ဒါ... ဒါ နတ်ဘုရားအဆင့်လား" ဝူရွှမ်း သူမ ခန္ဓာကိုယ်ထဲက လောကမျိုးစေ့နဲ့ အစွမ်းထက် နတ်ဘုရားစွမ်းအားတွေကို ခံစားကြည့်လိုက်သည်။ ယခင် မဟာယာနအဆင့်တုန်းကနဲ့ယှဉ်ရင် ဘာမှ မဟုတ်တော့ဘူး။

"ဝူရွှမ်း... နတ်ဘုရားဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်" လီချန် ပြုံးပြီး ပြောလိုက်သည်။

"လီချန်... ရှင်သာ မရှိရင် ကျွန်မက အခုချိန်ထိ... မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ဟွေ့ယွမ်ကပ်ဘေးတုန်းကတည်းက သေဆုံးသွားလောက်ပြီ" ဝူရွှမ်း ခံစားချက်ပါပါ ပြောလိုက်သည်။

"ဘာတွေ ပြောနေတာလဲ။ မင်းက ငါနဲ့ လက်တွဲဖော်ဖြစ်ဖို့ ရွေးချယ်ကတည်းက၊ ငါတို့နှစ်ယောက်က တစ်သားတည်းဖြစ်သွားပြီလေ" လီချန် ပြောလိုက်သည်။

ဝူရွှမ်း ခေါင်းညိတ်လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။

နောက်ပိုင်းမှာ သူမရဲ့ ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင်လုပ်ပြီး၊ အခုမှ စတင် ဖွဲ့စည်းလာတဲ့ စည်းမျဉ်းကို ကျွမ်းကျင်အောင် လုပ်ရဦးမယ်။

.....

"ဒါ ပျက်စီးနေတဲ့ နတ်ဘုရားကမ္ဘာလား"

၁၀ နှစ်ကျော် ကြာပြီးနောက်၊ လီချန် သည် ဝူရွှမ်းကို ပထမဆုံးအကြိမ်အဖြစ် ပျက်စီးနေသော နတ်ဘုရားကမ္ဘာထဲ ခေါ်ဆောင်လာခဲ့သည်။

အခု ဝူရွှမ်းရဲ့ကျင့်ကြံမှုနဲ့ စည်းမျဉ်း တည်ငြိမ်သွားပြီ။

ပြီးတော့ သူမကိုယ်တိုင်လည်း ဒီကမ္ဘာထဲဝင်ပြီး တိုက်ပွဲအတွေ့အကြုံယူချင်နေတာပင်။

အနောက်ဘက်စွန်းဆန်းကြယ်တိုက်မှာတော့ သူမလို နတ်ဘုရားတစ်ပါးအတွက် ပြိုင်ဘက် မရှိတော့ဘူးလေ။

တိုက်ရည်ခိုက်ရည်တိုးတက်ချင်ရင် ပျက်စီးနေသော နတ်ဘုရားကမ္ဘာထဲ ဝင်မှရမှာ။

"ဘယ်လိုလဲ... ထင်ထားတာနဲ့ မတူဘူး မဟုတ်လား" လီချန် ပြုံးပြီး မေးလိုက်သည်။

"ဟုတ်တယ်... လေထုထဲမှာ ပျံ့နှံ့နေတဲ့ အနုတ်လက္ခဏာစွမ်းအင်တွေသာ မရှိရင်၊ ဒီနတ်ဘုရားကမ္ဘာက ပုံမှန်ကမ္ဘာတစ်ခုနဲ့ ဘာမှ မခြားနားဘူး" ဝူရွှမ်း ခေါင်းညိတ်လိုက်သည်။

သူမ ထင်ထားတာက နတ်ဘုရားကမ္ဘာ ပျက်စီးသွားပြီဆိုတော့ အရာရာခြောက်သွေ့ပြီး သေခြင်းတရားတွေပဲရှိနေမယ်လို့ ထင်ထားတာ...

"ဒါပေမဲ့ ဒီထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်သားရဲ၊ ကွေ့ရှန်းတွေ၊ နတ်ဘုရားစွမ်းအား ညစ်ညမ်းနေတဲ့ သတ္တဝါတွေ အများကြီးရှိတယ်။ မင်း ဒီထဲဝင်လာရင် သတိထားရမယ်။ အခု ငါ မင်းကို လိုက်ပြရင်းနဲ့ အသားကျအောင်လုပ်ပေးမယ်" လီချန် ပြောလိုက်သည်။

သူ နတ်သားရဲ၊ ကွေ့ရှန်းတွေကို သတ်ရတာ လွယ်ကူပေမဲ့၊ ဝူရွှမ်းလည်း လုပ်နိုင်မယ်လို့ မဆိုလိုဘူး။

နှစ်ယောက်စလုံး အဆင့် ၁ ကျန်းရှန်း ဖြစ်ပေမဲ့၊ အင်အားကွာခြားချက်က မိုးနဲ့မြေလို ကွာတယ်။

ထို့နောက် လီချန်သည် ဝူရွှမ်းကိုခေါ်ပြီး နတ်သားရဲ၊ ကွေ့ရှန်းများကို စတင် ရှာဖွေတော့သည်။

....

ရက်အနည်းငယ် ကြာပြီးနောက်။

"ဒီနတ်သားရဲက သတ်ရတာ ခက်လိုက်တာ..."

လီချန်ရဲ့ အကာအကွယ်အောက်မှာ ဝူရွှမ်း နတ်သားရဲ တစ်ကောင်ကို ခက်ခက်ခဲခဲ သတ်ဖြတ်နိုင်ခဲ့သည်။

တကယ်တမ်းကျတော့ ဒီနတ်သားရဲက ပျက်စီးနေသော နတ်ဘုရားကမ္ဘာထဲမှာ အားနည်းတဲ့ အကောင်ပါ။

"ပုံမှန်ပါပဲ... ဒီနတ်သားရဲက ကျန်းရှန်းအဆင့် ရှိတယ်လေ" လီချန် ပြောလိုက်သည်။ "တကယ်တော့ နည်းလမ်းမှန်ရင် နတ်သားရဲကို သတ်ရတာ မခက်ပါဘူး။ ကွေ့ရှန်းတွေကသာ အများကြီး ပိုခက်ခဲတာ..."

သူက ဝူရွှမ်းကို သူ့အတွေ့အကြုံတွေ ဝေမျှပေးလိုက်သည်။

နောင်တစ်ချိန် ယွီဟွာနတ်ဘုရားနန်းတော်က လူတွေ နတ်ဘုရားအဆင့် ရောက်လာပြီး ဒီထဲဝင်လာရင် အန္တရာယ်ကင်းအောင် ဒီအတွေ့အကြုံတွေ လိုအပ်တယ်။ မဟုတ်ရင် နတ်ဘုရားအသစ်စက်စက်လေးတွေ အန္တရာယ်ဖြစ်ကုန်မယ်။

ဝူရွှမ်း ခေါင်းညိတ်လိုက်သည်။

နောက်ဆက်တွဲ တစ်နှစ်ကျော်အတွင်းမှာ လီချန် နဲ့ ဝူရွှမ်းတို့ နတ်သားရဲ၊ ကွေ့ရှန်း တော်တော်များများကို သတ်ဖြတ်ခဲ့ကြသည်။ ဝူရွှမ်းလည်း ကိုယ်တိုင် ဝင်တိုက်ခဲ့ဖူးတယ်။ အရမ်း အန္တရာယ်များပေမဲ့ လီချန် ဘေးက ကူညီပေးလို့ အဆင်ပြေခဲ့တယ်။

တိုက်ပွဲ အတွေ့အကြုံ ယူရတာ အကျိုးရှိပါတယ်။

အခု သူမရဲ့ တိုက်ရည်ခိုက်ရည်က အရင်စဝင်လာတုန်းကထက် အများကြီး ပိုကောင်းလာပြီ။

....

တစ်နေ့တွင်။

လီချန် နှင့် ဝူရွှမ်း တို့ နတ်သားရဲ စုဝေးရာ နေရာအသေးစားလေးတစ်ခုကို ရှင်းလင်းပြီးစဖြစ်သည်။

ပစ္စည်းတွေ သိမ်းဆည်းပြီး ပြန်ဖို့ လုပ်နေတုန်း၊ ရုတ်တရက် အရှိန်အဝါတချို့ အမြန်ချဉ်းကပ်လာတာ အာရုံခံမိလိုက်သည်။

"လူတွေ?" လီချန် သတိထားလိုက်ပြီး ဓားအစီအရင်ကို ချက်ချင်း ထုတ်ကာ သူတို့နှစ်ယောက်ကို လွှမ်းခြုံလိုက်သည်။

စောစောက ဝူရွှမ်း တိုက်ခိုက်ထားလို့ အားကုန်နေတာ၊ ပြန်မပြည့်သေးဘူး။

"မဟုတ်ဘူး... နတ်သားရဲ မဟုတ်ဘူး၊ ကွေ့ရှန်းလည်း မဟုတ်ဘူး..." လီချန် ဒီအရှိန်အဝါတွေက မတူညီတာကို တွေ့လိုက်ရသည်။

ရွှပ်! ရွှပ်! ရွှပ်!

မကြာမီ လူရိပ်အချို့ မလှမ်းမကမ်းက ကုန်းကမူလေးတစ်ခုပေါ် ကျဆင်းလာသည်။

သူတို့ ခန္ဓာကိုယ်ပတ်လည်မှာ ထူးဆန်းသော မှော်လက်နက်များ ဝန်းရံနေပြီး၊ ထုတ်လွှတ်နေတဲ့ စည်းမျဉ်း အရှိန်အဝါအရ ကြည့်ရင် ကျန်းရှန်းအဆင့်တွေဖြစ်ကြောင်း ထင်ရှားသည်။

"ကျန်းရှန်းတွေ?" လီချန် ရင်ထဲ တုန်လှုပ်သွားသည်။

နတ်ဘုရားကမ္ဘာ ပျက်စီးနေပြီလေ၊ ဘယ်က နတ်ဘုရားတွေ ရောက်လာတာလဲ။

တခြား တိုက်ကြီးတွေကများ လာတာလား။

ဒါပေမဲ့ နတ်ဘုရားကမ္ဘာဝိညာဉ်ပြောတုန်းက ကောင်းကင်တာရာ ၃၆တိုက် နဲ့ မြေကမ္ဘာမိစ္ဆာ ၇၂ တိုက်တွေမှာ ဘယ်သူမှ နတ်ဘုရား မဖြစ်နိုင်ကြဘူး ဆို။

ဒီရောက်လာတဲ့ ကျန်းရှန်းတွေက ဘယ်လိုဖြစ်တာလဲ။

ပြီးတော့ ဒီလူတွေရဲ့အရှိန်အဝါကို ကြည့်ရတာ အဆင့် ၁ ကျန်းရှန်း တွေ မဟုတ်ဘဲ၊ ခေါင်းဆောင်လုပ်သူက အဆင့် ၂ သို့မဟုတ် အဲဒီထက် မြင့်မားတဲ့အဆင့် ရှိနေပုံရတယ်။

ဒါက လီချန်ကို သတိထားစေသည်။

သူ အချိန်မရွေး ဝူရွှမ်းကိုခေါ်ပြီး အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲ ပြေးဝင်ဖို့ ပြင်ဆင်လိုက်သည်။

"မင်းတို့နှစ်ယောက်က ဘယ်တိုက်ကြီးကလဲ။ အဆင့် ၁ ကျန်းရှန်းလောက်နဲ့ ဒီနတ်ဘုရားပျက်စီးနယ်မြေထဲ ဝင်ရဲတယ်ပေါ့" ခေါင်းဆောင်လုပ်သူ ကျန်းရှန်းက မေးလိုက်သည်။

"တာအိုရောင်းရင်းတို့... ကျွန်တော်တို့က ရွှမ်မင်မြူတိုက်ကပါ" လီချန် လက်နှစ်ဖက် ဆုပ်ပြီး အရိုအသေပြုကာ ဖြေလိုက်သည်။

ကောင်းကင်တာရာ ၃၆တိုက် နဲ့ မြေကမ္ဘာမိစ္ဆာ ၇၂ တိုက်တွေရဲ့ နာမည်နဲ့ အချက်အလက် တချို့ကို သူ သိထားတယ်။

ဒီရွှမ်မင်မြူတိုက်က မြေကမ္ဘာမိစ္ဆာ ၇၂ တိုက် ထဲက တစ်ခုဖြစ်တယ်။

ပြီးတော့ မြောက်ဘက်ရွှမ်မင်မသေမျိုးဧကရာဇ်မွေးဖွားရာနေရာလည်း ဖြစ်တယ်။

ယေဘုယျအားဖြင့် ဒီတိုက်ကြီးတွေရဲ့ နာမည်တွေက သမိုင်းကြောင်းမှာ ထင်ရှားခဲ့တဲ့ မသေမျိုးဧကရာဇ်တွေနဲ့ ဆက်စပ်နေတတ်တယ်။

"ရွှမ်မင်မြူတိုက်လား။ ဒါဆိုလည်း မဆန်းပါဘူး..." ဟိုလူရဲ့ လေသံထဲမှာ အထင်သေးမှုတချို့ ပါဝင်လာသည်။

မြေကမ္ဘာမိစ္ဆာ ၇၂ တိုက် တွေထဲမှာ ရွှမ်မင်မြူတိုက်က အဆင့်နိမ့်တဲ့ နေရာလေ။

မြောက်ဘက်ရွှမ်မင်မသေမျိုးဧကရာဇ် မွေးဖွားခဲ့တယ်ဆိုပေမဲ့၊ အဲဒီဧကရာဇ်က သေဆုံးသွားတာ နှစ်ပေါင်း သောင်းချီ ကြာနေပြီ။

ဒါကြောင့် အခု ရွှမ်မင်မြူတိုက်က ကျဆင်းနေပြီ။

"တာအိုရောင်းရင်းတို့ရဲ့ နာမည်လေး သိခွင့်ရမလား" လီချန် မေးလိုက်သည်။

"ငါတို့က တောင်ဘက်ကျွန်းဆွယ်တိုက်က လာတာ" ခေါင်းဆောင်လုပ်သူက မာန်ပါပါနဲ့ ပြောလိုက်သည်။

ဘာလို့လဲဆိုတော့ တောင်ဘက်ကျွန်းဆွယ်တိုက်က မြေကမ္ဘာမိစ္ဆာ ၇၂ တိုက်ထဲမှာ ထိပ်တန်း ၄ နေရာ ဝင်တဲ့ တိုက်ကြီးလေ။

ကောင်းကင်တာရာ ၃၆တိုက် နဲ့ယှဉ်ရင်တောင် ထိပ်တန်း ၂၀ စာရင်း ဝင်တယ်။

ထိပ်တန်း မြေကမ္ဘာမိစ္ဆာတိုက်ကြီး ၄ ခုက အရှေ့ဘက်၊ တောင်ဘက်၊ အနောက်ဘက်၊ မြောက်ဘက် ဆိုပြီး ရှိတယ်။

အင်အားအကြီးဆုံးက အရှေ့ဘက်အောင်မြင်သောနတ်ဘုရားတိုက်။

တောင်ဘက်ကျွန်းဆွယ်တိုက်က အရှေ့ဘက်တိုက်ထက် နည်းနည်းပဲ လျော့တာ။

"မင်းတို့နှစ်ယောက် ဒီနတ်သားရဲ စုဝေးရာနေရာကို ရှင်းလင်းနိုင်တယ်ဆိုတော့၊ အင်အား မဆိုးဘူးပဲ... ငါတို့နဲ့ အဖွဲ့ဖွဲ့ဖို့ စိတ်ဝင်စားလား" ဒီကျန်းရှန်းတွေက နတ်သားရဲ အလောင်းတွေကို ကြည့်ပြီး လီချန်တို့ လက်ချက်မှန်း သိသွားကြသည်။

အဆင့် ၁ ကျန်းရှန်း အဆင့်လေးနဲ့ နတ်ဘုရားပျက်စီးနယ်မြေထဲ ဝင်ရဲပြီး၊ နတ်သားရဲ စုဝေးရာနေရာကို ရှင်းလင်းနိုင်တယ်ဆိုတာ သတ္တိရှိရုံနဲ့ မရဘူး၊ အင်အားလည်း ရှိမှ ဖြစ်မှာ။ မဟုတ်ရင် နတ်သားရဲ စာ ဖြစ်သွားမှာ။

"ကျွန်တော်တို့နှစ်ယောက်က အင်အားနည်းပါတယ်။ တာအိုရောင်းရင်းတို့နဲ့ အဖွဲ့ဖွဲ့ရင် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာ စိုးရတယ်" လီချန် ငြင်းလိုက်သည်။

သူ သေချာပေါက် အဖွဲ့မဖွဲ့ချင်ပါဘူး။

လူစိတ်ဆိုတာ ခန့်မှန်းရ ခက်တယ်လေ။

ဒီလူတွေ ဘယ်ကလာတာလဲ၊ ဘာလို့ ကျန်းရှန်းတွေ ရုတ်တရက် အများကြီး ပေါ်လာတာလဲ... အားလုံးက ပဟေဠိ ဖြစ်နေတယ်။ သူ သေချာ စုံစမ်းရဦးမယ်။

"သဘောမတူရင်လည်း နေပါစေ" ထိုလူက ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ကျောက်စိမ်းပြားတစ်ခု ပစ်ပေးလိုက်သည်။ "ငါတို့ ဒီလို အရင်းအမြစ်မျိုး လိုချင်တယ်။ မင်းတို့ တွေ့ရင် ဆက်သွယ်လို့ ရတယ်၊ ဈေးကောင်းပေးပြီး ဝယ်မယ်"

လီချန် ကျောက်စိမ်းပြားကို ယူကြည့်လိုက်ပြီး၊ အံ့သြသွားသည်။ ထို့နောက် သူ့ သိုလှောင်လက်စွပ်ထဲက သွေးရောင် ပန်းပွင့်အချို့ ထုတ်ပေးလိုက်သည်။ ဒါက သွေးဝိညာဉ်နတ်ပန်း ... ရှားပါးပြီး အပျက်သဘော နတ်ဘုရားလမ်းစဉ် ညစ်ညမ်းမှု အငွေ့အသက်တွေ ပြင်းထန်တယ်။

သူ စည်းမျဉ်းနတ်ဆေးလုံး ဖော်စပ်တုန်းက ဒီပန်းကို အဓိက ကုန်ကြမ်းအဖြစ် သုံးဖို့ ကြိုးစားဖူးတယ်။ ဒါပေမဲ့ အဆင်မပြေလို့ လက်လျှော့လိုက်တာ။ အခု လက်ကျန်တချို့ ရှိနေသေးတယ်။

"မင်း... မင်းဆီမှာ တကယ်ရှိတာလား" ခေါင်းဆောင်လုပ်သူ ကျန်းရှန်း မျက်လုံးပြူးသွားသည်။

"ဒီနတ်သလင်းကျောက်တွေက ဒီသွေးဝိညာဉ်နတ်ပန်းတွေအတွက် လုံလောက်ပါတယ်" ပြောရင်းနဲ့ ထိုလူက လက်ဝှေ့ယမ်းလိုက်ရာ နတ်သလင်းကျောက် ၁၀၀ ခန့် ပေါ်လာသည်။

"တာအိုရောင်းရင်း... နတ်သလင်းကျောက် မလိုပါဘူး။ ဒီသွေးဝိညာဉ်နတ်ပန်း တွေက ကျွန်တော့်အတွက် အသုံးမဝင်ပါဘူး။ တာအိုရောင်းရင်းတို့ကို လက်ဆောင်ပေးလိုက်ပါ့မယ်" လီချန် ပြောလိုက်သည်။

"ဪ... သွေးဝိညာဉ်နတ်ပန်းက ဈေးပေါတာ မဟုတ်ဘူးနော်... ငါ ဝူလုံက သူများဆီက အလကား မယူတတ်ဘူး။ ပြောပါ... မင်း ဘာလိုချင်လဲ" ထိုကျန်းရှန်း (ဝူလုံ) က အံ့သြသွားပြီး ခေါင်းခါလိုက်သည်။

"တာအိုရောင်းရင်းဆီမှာ နတ်ဘုရားကမ္ဘာ၊ ကောင်းကင်တာရာ ၃၆တိုက် နဲ့ မြေကမ္ဘာမိစ္ဆာ ၇၂ တိုက်တွေရဲ့ အသေးစိတ် သမိုင်းကြောင်းမှတ်တမ်းရှိမလား" လီချန် မေးလိုက်သည်။

တောင်ဘက်ကျွန်းဆွယ်တိုက်က ကျန်းရှန်းတွေကို တွေ့လိုက်ရတော့၊ နတ်ဘုရားကမ္ဘာဝိညာဉ် ပြောခဲ့တဲ့ စကားတွေကို သူ သံသယ ဖြစ်လာပြီ။

"မင်း ဒါကို ဘာလုပ်မလို့လဲ။ ဒါပေမဲ့... ပြီးပြည့်စုံတဲ့ မှတ်တမ်းတော့ ငါ့မှာ ရှိတယ်..." ဝူလုံကျန်းရှန်းက လီချန်ကို သံသယ ဝင်စွာ ကြည့်လိုက်သည်။ ထို့နောက် လက်ဝှေ့ယမ်းပြီး နောက်ထပ် ကျောက်စိမ်းပြားတစ်ခု ပစ်ပေးလိုက်သည်။ ဟိုနတ်သလင်းကျောက် ၁၀၀ ကိုလည်း လီချန် ဆီ ပစ်ပေးလိုက်သည်။

"နောက်ထပ်ရှိသေးရင် ငါ့ကို ဆက်သွယ်လို့ ရတယ်။ ဒါ ငါ့ရဲ့ ဆက်သွယ်ရေး ကျောက်စိမ်းပြား..." ဝူလုံကျန်းရှန်းက နောက်ထပ် ကျောက်စိမ်းပြားတစ်ခု ထပ်ပစ်ပေးပြီး၊ သွေးဝိညာဉ်နတ်ပန်းတွေကိုသိမ်းကာ အခြားသူများနှင့်အတူ ပျံသန်းထွက်ခွာသွားတော့သည်။

လီချန် နတ်သလင်းကျောက် တွေကို သိမ်းဆည်းလိုက်သည်။ အချိန်အတန်ကြာစောင့်ပြီးမှ ဝူရွှမ်း နှင့်အတူ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံသို့ ပြန်ဝင်လိုက်သည်။

.....

အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။

လီချန် ကျောက်စိမ်းပြားထဲက အချက်အလက်တွေကို ဖတ်ရှုနေရင်း မျက်နှာပေါ်တွင် သံသယများနှင့် တုန်လှုပ်မှုများ ပိုမိုများပြားလာသည်။

"ဘယ်လို ဖြစ်ရတာလဲ" လီချန် ရေရွတ်လိုက်သည်။

ဝူလုံကျန်းရှန်း ပေးလိုက်တဲ့ ကျောက်စိမ်းပြားထဲမှာ... နတ်ဘုရားပျက်စီးနယ်မြေဆိုတာ ပျက်စီးနေသော နတ်ဘုရားကမ္ဘာ အမှန်ပါပဲ။ ဟွန်တွန်ပြင်ပနတ်ဘုရား ကျူးကျော်မှု ပြင်းထန်လွန်းလို့ စွန့်ပစ်ခံလိုက်ရပြီး၊ အခု တခြား တိုက်ကြီးတွေက နတ်ဘုရားဂိုဏ်းတွေရဲ့ လေ့ကျင့်ရေး ကွင်းပြင်ဖြစ်သွားခဲ့ပြီ။

ကျန်တဲ့ တိုက်ကြီးတွေက ဘာလို့ အနောက်ဘက်စွန်းဆန်းကြယ်တိုက်လိုမျိုး မကျဆုံးခဲ့ရတာလဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀သန်း ကတည်းက၊ ရှန်ရှောင်မသေမျိုးဧကရာဇ် နဲ့ ရှေးဟောင်း ဧကရာဇ်တွေ ပြင်ပဟင်းလင်းပြင်ကနေ ရုတ်တရက် ပြန်ရောက်လာကြပြီး၊ တိုက်ကြီးတွေက ကျန်ရှိနေတဲ့ နတ်ဘုရားအင်အားစုတွေကို ဦးဆောင်ကာ ဟွန်တွန်ပြင်ပနတ်ဘုရားရဲ့ ကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့ကြလို့တဲ့။

ဒါ့အပြင် ရှန်ရှောင်မသေမျိုးဧကရာဇ် နဲ့ အခြား ဧကရာဇ်များ ပူးပေါင်းပြီး ရှန်ရှောင်နတ်ဘုရားနန်းတော်ကို တည်ထောင်ကာ၊ ကျဆုံးသွားတဲ့ တိုက်ကြီး အများအပြားကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြတယ်။

အခုချိန်ထိ ပြန်မသိမ်းပိုက်နိုင်သေးတဲ့ တစ်ခုတည်းသော တိုက်ကြီးက အနောက်ဘက်စွန်းဆန်းကြယ်တိုက်ပဲ ရှိတော့တယ်။

မူလက နတ်ဘုရားနန်းတော်က အနောက်ဘက်စွန်းဆန်းကြယ်တိုက် ကို ပြန်သိမ်းဖို့ ပြင်ဆင်ခဲ့ပေမဲ့...

အကြောင်းရင်း မသိရဘဲ ရှန်ရှောင်မသေမျိုးဧကရာဇ် က ပြန်လည်သိမ်းပိုက်ခြင်းကို ရပ်ဆိုင်းဖို့ ရုတ်တရက် အမိန့်ထုတ်ခဲ့တယ်။

"ဒါ ဘာသဘောလဲ" လီချန် မျက်နှာပေါ်တွင် ပြောပြမတတ်အောင် ရှုပ်ထွေးမှုများ ပေါ်လာသည်။

ဒီကျောက်စိမ်းပြားထဲက သမိုင်းကြောင်းက သူ သိထားတာတွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတယ်။

ကြည့်ရတာ သူ ပျက်စီးနေသော နတ်ဘုရားကမ္ဘာထဲ ဝင်ပြီး၊ နတ်ဘုရားကမ္ဘာဝိညာဉ် နဲ့ တွေ့ကာ သေချာ မေးမြန်းရတော့မယ်။

***

All Chapters