← Chapters

မျက်လုံးသုံးလုံးရှန်းကျွင်း

Vol. 26 Ch. 413

မျက်လုံးသုံးလုံးရှန်းကျွင်း

Vol. 26 Ch. 413

"အားရို့ရဲ့ ခန္ဓာကိုယ်က ဟိုရှေးဦးနတ်ဘုရားချီကို စုပ်ယူနေတာပဲ။ ကြည့်ရတာ ရှေးဦးနတ်ဘုရားရတနာဖြစ်လာတဲ့ အချိန်ခေါင်းလောင်းရဲ့ လွှမ်းမိုးမှုကြောင့်ဖြစ်မယ်"

လီချန် စိတ်ထဲမှာ သုံးသပ်လိုက်သည်။

သူ့အထင်တော့ အနောက်ဘက်စွန်းရူလိုင်မသေမျိုးဧကရာဇ်က အားရို့ရဲ့ခန္ဓာကိုယ်ထဲမှာ ရှေးဦးနတ်ဘုရားချီတစ်ခုကို ကြိုတင် ပိတ်လှောင်ထားခဲ့တာ ဖြစ်လောက်တယ်။ အဲဒီစွမ်းအင်နဲ့ အားရို့ရဲ့အသက်ကို ထိန်းထားပြီး၊ လုံးဝ ကွေ့ရှန်းအဖြစ် ညစ်ညမ်းမသွားအောင် ကာကွယ်ပေးထားတာ နေမှာ။

ဒါကြောင့်လည်း အားရို့က ပုံမှန် ကွေ့ရှန်းတွေလို မဟုတ်ဘဲ၊ အသက်ရှင်စဉ်က အသိစိတ်နဲ့ မှတ်ဉာဏ်တွေကို ထိန်းသိမ်းထားနိုင်တာ။

ဒါပေမဲ့ အချိန်ခေါင်းလောင်းရှိနေတာကြောင့် ဒီပိတ်လှောင်ထားတဲ့ ရှေးဦးနတ်ဘုရားချီက ကြိုတင် ပွင့်ထွက်လာပြီး အားရို့ရဲ့ခန္ဓာကိုယ်က စတင်စုပ်ယူနေတာဖြစ်တယ်။

ဒါက ကောင်းကင်ဘုံကပေးတဲ့ လက်ဆောင်မွန်ပဲ။

အချိန်ခေါင်းလောင်းရဲ့အကူအညီသာ မပါရင်၊ အားရို့အနေနဲ့ ဒီရှေးဦးနတ်ဘုရားချီကို စုပ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။

"အားရို့သာ ဒီရှေးဦးနတ်ဘုရားချီ ကို အကုန်စုပ်ယူပြီးရင်၊ လုံးဝ ပြန်ကောင်းသွားလောက်တယ်" လီချန် တွေးလိုက်သည်။

ရှေးဦးနတ်ဘုရားချီဆိုတာ သက်ရှိအားလုံးရဲ့ အသက်ဇစ်မြစ်ပဲလေ။

လီချန် ဆယ်ရက်ကျော် စောင့်ကြည့်ပြီးနောက်၊ အားရို့ဟာ ထိုစွမ်းအင်ကို အကုန် စုပ်ယူလိုက်နိုင်ပြီ ဖြစ်သည်။

မူလက ရှိနေတဲ့ ကွေ့ရှန်း အငွေ့အသက်တွေ လုံးဝ ပျောက်ကွယ်သွားပြီး၊ တစ်ကိုယ်လုံးမှာ သက်ရှိစွမ်းအားတွေ ပြည့်လျှံနေသည်။

ရုတ်တရက် အားရို့ မျက်လုံးဖွင့်လိုက်သည်။

"ဦးဦး... ဘယ်လိုလုပ် ရောက်နေတာလဲ" အားရို့ မျက်နှာပေါ်တွင် အံ့သြဝမ်းသာမှုများ ပေါ်လာသည်။

"အားရို့... နေလို့ကောင်းရဲ့လား" လီချန် ပြုံးပြီး မေးလိုက်သည်။

"သမီး နေလို့ အရမ်းကောင်းတယ်... ဦးဦး၊ မေမေ့ သတင်း ရပြီလားဟင်" အားရို့က အလျင်အမြန် မေးလိုက်သည်။

"မရသေးဘူး" လီချန် ခေါင်းခါလိုက်သည်။

အားရို့ မျက်နှာလေး ချက်ချင်း ညှိုးသွားသည်။ "ဦးဦး... မေမေက အားရို့ကို မလိုချင်တော့ဘူးလား"

"ဘယ်ဟုတ်ပါ့မလဲ။ မင်းအမေမှာ လုပ်စရာ ကိစ္စတွေ ရှိနေလို့ပါ။ မင်းအဖေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဖြစ်လောက်တယ်" လီချန် နှစ်သိမ့်လိုက်သည်။

"ဦးဦး... အားရို့က အသုံးမကျလို့ မေမေ နဲ့ ဖေဖေကို မကူညီနိုင်တာလား..." အားရို့ နှုတ်ခမ်းလေး စူပြီး ပြောလိုက်သည်။

"အားရို့ရယ်... မင်းက ဘာလို့ အသုံးမကျရမှာလဲ။ မင်းက ငယ်သေးလို့ပါ" လီချန် ရယ်မောလိုက်သည်။

"ဘယ်သူပြောလဲ... ဦးဦး၊ အားရို့ကို အထင်မသေးနဲ့နော်။ အားရို့ အသက်က ဦးလေးထက်တောင် ကြီးဦးမယ်..." အားရို့ က ချက်ချင်း ပြန်ပြောလိုက်သည်။

လီချန် ဆွံ့အသွားသည်။ ဟုတ်သားပဲ... သူပြောတာ မှန်တယ်။

ဒါပေမဲ့ လီချန်ရဲ့ စိတ်ထဲမှာတော့ အားရို့ကို ကလေးလေးလို့ပဲ မြင်နေတုန်းပါပဲ။

"ဦးဦး... သမီး ကျင့်ကြံချင်တယ်။ သမီး သန်မာလာချင်တယ်။ ပြီးရင် ဖေဖေ နဲ့ မေမေကို ကူညီမယ်..." အားရို့ က ပြတ်သားသော မျက်လုံးများဖြင့် ပြောလိုက်သည်။

လီချန် အံ့သြသွားသည်။

အရင်တုန်းက အားရို့မှာ ဒီလို အတွေးမျိုး မရှိခဲ့ဘူး။ ကြည့်ရတာ ရှေးဦးနတ်ဘုရားချီက အားရို့ရဲ့ ဉာဏ်ရည်နဲ့ စိတ်ဓာတ်ကိုပါ အပြည့်အဝ ပြန်လည်ကုစားပေးလိုက်ပုံ ရတယ်။

"ကောင်းပြီ... နောက်ဆို ကောင်းကောင်းကျင့်ကြံနော်" လီချန် ခေါင်းညိတ်လိုက်သည်။

အားရို့ရဲ့ပါရမီက မညံ့တာ သေချာတယ်။ အနောက်ဘက်စွန်းရူလိုင်မသေမျိုးဧကရာဇ် နဲ့ ပေါင်လင်းမယ်တော်တို့ရဲ့ သမီးလေ။ ပြီးတော့ ရှေးဦးနတ်ဘုရားချီကိုပါ စုပ်ယူထားသေးတယ်။ ပိုတောင် ကောင်းလာဦးမှာ။

....

အချိန်ခေါင်းလောင်း အဆင့်မြှင့်ပြီးနောက် နှစ်အနည်းငယ် ကြာသွားသည်။

လီချန်၏ ကျင့်ကြံမှုနှုန်းသည် ဒုံးပျံစီးထားသကဲ့သို့ တဟုန်ထိုး တက်လာသည်။

ရှေးဦးနတ်ဘုရားရတနာဖြစ်လာတဲ့ အချိန်ခေါင်းလောင်းက နေ့တိုင်း ရှေးဦးနတ်ဘုရားချီ တစ်မျှင် ထုတ်ပေးနေတယ်။

ဒီရှေးဦးနတ်ဘုရားချီက သာမန်စွမ်းအင် မဟုတ်ဘဲ၊ အသန့်စင်ဆုံး ရှေးဦးမူလအနှစ်သာရတွေ ပါဝင်နေတယ်။ ဒါကြောင့် ကျင့်ကြံမှု အဆင့်တက်တာနဲ့အမျှ၊ လောကမျိုးစေ့နဲ့ စည်းမျဉ်းတွေပါ တပြိုင်တည်း တိုးတက်လာတယ်။

ဒါက ရှေးဦးနတ်ဘုရားချီရဲ့ တန်ဖိုးပဲ။ ဘယ်နတ်ဘုရားချီနဲ့မှ နှိုင်းယှဉ်လို့ မရဘူး။

သူတစ်ယောက်တည်း မဟုတ်ပါဘူး။ ယွီဟွာနတ်ဘုရားနန်းတော်က တခြား တပည့်တွေလည်း မြန်မြန်ဆန်ဆန် တိုးတက်လာကြသည်။

အထူးသဖြင့် အားရို့ရဲ့ ကျင့်ကြံမှုနှုန်းက နန်းတော်တစ်ခုလုံးမှာ လီချန်ပြီးရင် အမြန်ဆုံးပဲ။

သေချာတာကတော့ သူ့ရဲ့ တာအိုအဖော် ဝူရွှမ်းလည်း အရမ်း မြန်ပါတယ်။ လီချန်က သူမကို မကြာခဏ ကူညီပြီး ကျင့်ကြံပေးလေ့ရှိတာကိုး။

.....

အချိန်ခေါင်းလောင်း ခန်းမဆောင်။

လီချန်သည် ရှေးဦးနတ်ဘုရားချီ တစ်မျှင်ကို သန့်စင်ပြီးခါစ ဖြစ်သည်။ သူ့ခန္ဓာကိုယ် ပတ်လည်တွင် ကြည်လင်သော အလင်းရောင်များ လွှမ်းခြုံနေပြီး၊ အညစ်အကြေးကင်းစင်ကာ သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေသည်။

ဒါက တင်စားပြောတာ မဟုတ်ဘူး။ ဝူရွှမ်းကိုယ်တိုင်က ပြောဖူးတယ်။ လီချန်နဲ့အတူရှိရင် ဝိညာဉ်အဆင့်ထိ မွှေးပျံ့တဲ့ ရနံ့ကို ခံစားရပြီး၊ သူမရဲ့ ကျင့်ကြံမှုကိုတောင် အထောက်အကူဖြစ်စေတယ်တဲ့။

တကယ်တမ်းတော့ ဒါက လီချန်ရဲ့ ရှေးဦးနတ်ဘုရားခန္ဓာကြောင့်ဖြစ်တာ။

လောကမှာ အသန့်စင်ဆုံးခန္ဓာကိုယ်ဖြစ်ပြီး၊ ဘယ်လို ပြင်ပညစ်ညမ်းမှုမျိုးကိုမှ လက်မခံဘူး။

လီချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ အရှိန်အဝါကို ပြန်ရုပ်သိမ်းကာ စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။

အိမ်ရှင်: လီချန်။

နတ်ဝိညာဉ် (ကောင်းကင်တာအို)။

အဆင့် ၆ ရွှမ်ရှန်း (၃၉/၁၀၀)။

အချိန်ခေါင်းလောင်း (ရှေးဦးနတ်ဘုရားရတနာ ၂၉၂၁/၁၀၀၀၀၀၀၀၀)။

ကောင်းကင်ဘုံနဝမဓား (ကြီးမားသောအောင်မြင်မှု ၄၂/၁၀၀)။

မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ဟွန်တွန်လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၉၉/၁၀၀)။

စည်းမျဉ်း :

ကျီဟန့်စည်းမျဉ်း (အဆင့် ၆ - ၈၈/၁၀၀)။

ဝိညာဉ်စွဲမြားသွယ် - (အဆင့် ၇ - ၄၉/၁၀၀)။

ကွယ်ဝှက်ကမ္ဘာ - (အဆင့် ၆ - ၈၃/၁၀၀)။

ကောင်းကင်ဖုံးလွှမ်းခြင်း - (အဆင့် ၆ - ၇၆/၁၀၀)။

ဟင်းလင်းပြင်အသွင်ပြောင်းခြင်း - (အဆင့် ၆ - ၆၇/၁၀၀)။

နတ်ဘုရားချုပ်နှောင်ခြင်း - (အဆင့် ၆ - ၅၅/၁၀၀)။

မိစ္ဆာမိုးကြိုး ၅ မျိုး - (အဆင့် ၈ - ၂၇/၁၀၀)။

ချန်ယွမ်အစီအရင်ကျမ်း (၃၀ အခြေခံ ၂၁/၁၀၀)။

ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ(အဆင့် ၁၈ - ၁၉/၁၀၀)။

လက်နက်သန့်စင်သူ (အဆင့် ၁၈ - ၁၅/၁၀၀)။

အဂ္ဂိရတ်ဆရာ (အဆင့် ၁၈- ၂၇/၁၀၀)။

သားရဲထိန်းကျောင်းသူ (အဆင့် ၁၅ -၆၇/၁၀၀)။

အခု သူ့ရဲ့ ကျင့်ကြံမှုက အဆင့် ၆ ရွှမ်ရှန်း အဆင့်ကို ရောက်နေပြီ။ အဆင့် ၇ ရှန်းကျွင်းဖြစ်ဖို့ မဝေးတော့ဘူး။

နှစ်အနည်းငယ်အတွင်း ဒီလောက်တက်လာတယ်ဆိုတာ အချိန်ခေါင်းလောင်း အဆင့်မြှင့်တင်မှုရဲ့ အကျိုးကျေးဇူး ဘယ်လောက်ကြီးမားလဲဆိုတာ ပြသနေတာပဲ။

ဒီနှုန်းအတိုင်းသာဆက်သွားရင် နောက်ထပ် နှစ် ၁၀၀၊ ၂၀၀ လောက်ဆိုရင် အဆင့် ၉ မသေမျိုးဧကရာဇ်အဆင့်ကို ရောက်နိုင်လောက်တယ်။

သေချာတာကတော့ မသေမျိုးဧကရာဇ်ဖြစ်တာက အစပဲ ရှိသေးတယ်။

အဲဒီအချိန်ရောက်ရင် သူ့ရဲ့ လောကမျိုးစေ့က စည်းမျဉ်းပေါင်း ၂၅၆ ခုအထိ မွေးဖွားပေးထားမှာ။ အဲဒီစည်းမျဉ်းအားလုံးကို အဆင့် ၉ ရောက်အောင် တင်နိုင်မှသာ မသေမျိုးဧကရာဇ် အထက် အဆင့်ကို တက်လှမ်းနိုင်မှာ။

ရှန်ရှောင်မသေမျိုးဧကရာဇ်တောင်မှ နိယာမတွေကို အခြေခံပြီး လောကမျိုးစေ့ ဖွဲ့စည်းခဲ့တာမို့၊ အများဆုံး စည်းမျဉ်း ၆၄ ခုပဲ ရှိတာ။

ဒါတောင်မှ အဲဒီ၆၄ ခုကို အဆင့် ၉ ရောက်အောင်လုပ်ဖို့ အချိန်အကြာကြီး ပေးခဲ့ရပြီး၊ အခက်အခဲကလည်း မတရားကြီးမားတယ်။

လီချန်မှာက ၂၅၆ ခု ဆိုတော့ ပိုခက်ခဲမှာ သေချာတယ်။

ကံကောင်းတာက သူ့မှာ ရှေးဦးနတ်ဘုရားရတနာ အချိန်ခေါင်းလောင်းရှိနေလို့၊ နေ့တိုင်း ရှေးဦးနတ်ဘုရားချီရနေတာကြောင့်၊ အချိန်နည်းနည်းပိုပေးရုံနဲ့ မသေမျိုးဧကရာဇ် အထက်အဆင့်ကို ရောက်ဖို့က သေချာသလောက်ရှိတယ်။

......

နတ်ဘုရားပျက်စီးနယ်မြေ။

အနောက်ဘက်စွန်းဆန်းကြယ်တိုက်သို့ ဝင်ပေါက်ဖြစ်သော နတ်ဘုရားတက်လှမ်းခြင်းလမ်းအပြင်ဘက်။

လူရိပ်အချို့ ဆင်းသက်လာကြသည်။

"ဒီနေရာပဲ"

ခေါင်းဆောင်လုပ်သူက ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားပြီး၊ ငွေရောင်လှံရှည်ကို ကိုင်စွဲထားသည်။ မျက်ခုံးနှစ်ခုကြားတွင် တတိယမြောက် မျက်လုံး (ဒေါင်လိုက်) တစ်လုံး ပါရှိသည်။ မျက်နှာထား တည်ကြည်အေးစက်ပြီး အကြည့်များက စူးရှသည်။

ကောင်းကင်နန်းတော်တွင် သူသည် မျက်လုံးသုံးလုံးရှန်းကျွင်းဟု ကျော်ကြားသည်။

"ငါတို့ရဲ့ ရည်ရွယ်ချက်က ရူလိုင်မသေမျိုးဧကရာဇ်ရဲ့ သမီးကို ခေါ်ထုတ်သွားဖို့ပဲ။ သတိထားကြ... နတ်ဘုရားကမ္ဘာ (ရှင်းကျဲ့) က လူတွေ သတိမထားမိအောင်နေရမယ်" မျက်လုံးသုံးလုံးရှန်းကျွင်းက လေးနက်စွာ ပြောလိုက်သည်။

အနောက်ဘက်စွန်းဆန်းကြယ်တိုက်က နတ်ဘုရားကမ္ဘာ (ရှင်းကျဲ့) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ။ သူတို့ ဒီလို ဝင်သွားတာက အန္တရာယ်ကြီးတယ်။

ဒါပေမဲ့ ကောင်းကင်နန်းတော် အထက်ပိုင်းက သူ့ကို ရူလိုင်မသေမျိုးဧကရာဇ်ရဲ့သမီးကို ခေါ်ထုတ်ဖို့ ရုတ်တရက် တာဝန်ပေးလိုက်လို့ လာရတာ။

ဒါကြောင့် သူတို့ အမြန်ဆုံး ရှာဖွေပြီး၊ နတ်ဘုရားကမ္ဘာ (ရှင်းကျဲ့) မသိခင် ပြန်ထွက်ရမယ်။

"ရှန်းကျွင်း... ဒီအနောက်ဘက်စွန်းဆန်းကြယ်တိုက်မှာ နတ်ဘုရားကမ္ဘာ (ရှင်းကျဲ့) ရဲ့ လက်အောက်ခံ အဖွဲ့အစည်းလောက်ပဲရှိမှာပါ။ နတ်ဘုရားတစ်ပိုင်းတောင် ရှိချင်မှ ရှိမှာ။ လူတစ်ယောက် ခေါ်ထုတ်ဖို့လောက်က လွယ်လွယ်လေးပါ" အဖွဲ့သား တစ်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်း ဘာသိလို့လဲ။ တကယ်သာလွယ်ရင် ငါတို့လို လူတွေကို လွှတ်ပါ့မလား" မျက်လုံးသုံးလုံးရှန်းကျွင်း မျက်မှောင်ကြုတ်လိုက်သည်။

တကယ်သာ လွယ်ကူရင်၊ သူ့လို ရှန်းကျွင်းတစ်ပါးက ဒီလို တာဝန်မျိုး လာလုပ်စရာမလိုဘူး။ ဒါက သူ့အရည်အချင်းကို နှိမ့်ချရာရောက်တယ်။

မကြာမီ သူတို့အဖွဲ့ နတ်ဘုရားတက်လှမ်းခြင်းလမ်းထဲ ဝင်သွားကြသည်။

လမ်းတစ်လျှောက်လုံး နတ်သားရဲ၊ ကွေ့ရှန်းတွေ အရမ်းနည်းနေတာ တွေ့ရလို့ အံ့သြနေကြသည်။

ဒါပေမဲ့ သိပ်မစဉ်းစားဘဲ အနောက်ဘက်စွန်းဆန်းကြယ်တိုက်ထဲ ဝင်ရောက်သွားကြသည်။

"တကယ့်ကို နတ်ဘုရားကပ်ဘေးတွေရဲ့ မြေပါလား... နတ်ဘုရားချီတစ်စက်မှ မရှိဘူး..." မျက်လုံးသုံးလုံးရှန်းကျွင်းက လေထုထဲမှာ ပျံ့နှံ့နေတဲ့ အနုတ်လက္ခဏာ နတ်ဘုရားစွမ်းအားတွေကို အာရုံခံမိပြီး မအီမသာဖြစ်သွားသည်။

ဒါက သူ့ရဲ့ နတ်ဘုရားစွမ်းအားကိုတောင် တိုက်စားချင်နေတယ်။

ဒီလို နေရာမျိုးမှာ အကြာကြီး နေထိုင်သူတွေမှသာ ခံနိုင်ရည် ရှိကြမှာ။

.....

နတ်ဘုရားတက်လှမ်းခြင်းလမ်း အပြင်ဘက်ရှိ ကမ္ဘာငယ်။

ဒီနေရာမှာရှိတဲ့ ကွေ့ရှန်း၊ နတ်သားရဲ တွေကို ရှင်းလင်းပြီးသား။

ယွီဟွာနတ်ဘုရားနန်းတော်က ဒီနေရာမှာ စခန်းချထားပြီး၊ ကျန်းရှန်းတစ်ပါး အမြဲစောင့်ကြပ်နေစေသည်။

အချိန်ခေါင်းလောင်း အဆင့်မြှင့်ပြီးနောက် ယွီဟွာနတ်ဘုရားနန်းတော်ရဲ့ ကျန်းရှန်းအရေအတွက်က နှစ်အနည်းငယ်အတွင်း သိသိသာသာ တိုးပွားလာသည်။

ဒီတစ်ခေါက် တာဝန်ကျနေသူက စတုတ္ထမျိုးဆက်တပည့် မင်ဝေ ဖြစ်သည်။ သူက ယန်ဖန်း (ဒုတိယမျိုးဆက်) ရဲ့ မြေးတပည့်။

စတုတ္ထမျိုးဆက်ထဲမှာ ထူးချွန်သူ တစ်ယောက်ပေါ့။

စတုတ္ထမျိုးဆက်ထဲမှာ ကျန်းရှန်း ဖြစ်လာသူက လက်ချိုးရေလို့ ရတယ်။

အခုချိန်ထိ နတ်ဘုရား ဖြစ်လာသူ အများစုက ဒုတိယ နဲ့ တတိယ မျိုးဆက်တွေပဲ။

ဒါတောင်မှ အခု နန်းတော်မှာ ကျန်းရှန်း ဦးရေ ၁၀၀ ကျော်နေပြီ။

လာမယ့် နှစ် ၁၀၀ အတွင်းမှာ ၁၀ ဆလောက် ထပ်တိုးလာနိုင်တယ်။

အဓိကက အချိန်ခေါင်းလောင်းရဲ့ ကျေးဇူးကြောင့်၊ အရင်က နှစ်ထောင်ချီ၊ သောင်းချီ ကြာမှ ရောက်မယ့် အဆင့်ကို အခု နှစ် ၁၀၀ လောက်နဲ့ ရောက်နိုင်နေပြီ။

မင်ဝေ ကျင့်ကြံနေစဉ်၊ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ အင်အားကြီးမားတဲ့ အရှိန်အဝါ အချို့ နတ်ဘုရားတက်လှမ်းခြင်းလမ်း ဝဲကတော့ထဲကနေ ပျံထွက်လာတာ အာရုံခံမိလိုက်လို့ပါ။

"နတ်သားရဲ၊ ကွေ့ရှန်းတွေ မဟုတ်ဘူး..."

မင်ဝေ ချက်ချင်း သတိထားမိလိုက်ပြီး မျက်နှာပျက်သွားသည်။

ကျန်းရှန်းဖြစ်ပြီးနောက် သူ အနောက်ဘက်စွန်းဆန်းကြယ်တိုက်ရဲ့ အပြင်ဘက် အခြေအနေတွေကို သိခွင့်ရထားတယ်။

ဒါကြောင့် နတ်ဘုရားတက်လှမ်းခြင်းလမ်းထဲကနေ ထွက်လာနိုင်တာက တခြားတိုက်ကြီးတွေက လူတွေပဲဖြစ်မယ်ဆိုတာ သူ သိတယ်။

ဘာလို့လဲဆိုတော့ ဒီလူတွေမှာ နတ်သားရဲ၊ ကွေ့ရှန်း အငွေ့အသက် မရှိသလို၊ နတ်ဘုရားလမ်းစဉ်အငွေ့အသက်လည်း မရှိဘူး။

မင်ဝေ တွန့်ဆုတ်မနေဘဲ သတင်းပို့ကျောက်စိမ်းပြားကိုထုတ်ပြီး သတင်းပို့ဖို့ လုပ်လိုက်သည်။

ဒါပေမဲ့ အတွေးစလိုက်တာနဲ့ မမြင်ရတဲ့ နယ်ပယ်တစ်ခု သူ့ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး သူ့ကို လုံးဝ ဖိနှိပ်ထားလိုက်သည်။

မင်ဝေ ထိတ်လန့်သွားသည်။

နောက်တစ်ခဏမှာ လူရိပ်အချို့ သူ့ရှေ့မှာ ပေါ်လာကြသည်။

"အဆင့် ၁ ကျန်းရှန်းလား" မျက်လုံးသုံးလုံးရှန်းကျွင်းက မင်ဝေကို ကြည့်ပြီး အံ့သြသွားသည်။

အဆင့် ၁ ကျန်းရှန်းဆိုတာ သူ့လို အဆင့် ၇ ရှန်းကျွင်းတစ်ပါးအတွက် ပုရွက်ဆိတ်လောက်ပါပဲ။ ကောင်းကင်နန်းတော်နယ်မြေထဲမှာဆိုရင် အဆင့် ၁ ကျန်းရှန်းတွေ သန်းချီရှိတယ်။

တခြားတိုက်ကြီးတွေမှာ အဆင့် ၁ ကျန်းရှန်းတွေ့ရတာ မဆန်းပေမဲ့...

ဒီအနောက်ဘက်စွန်းဆန်းကြယ်တိုက်မှာ တွေ့ရတာကတော့ အရမ်းထူးဆန်းနေတယ်။

ဒီနေရာက နတ်ဘုရားကမ္ဘာ (ရှင်းကျဲ့) ရဲ့ ထိန်းချုပ်နယ်မြေလေ။

ပြီးတော့ နတ်ဘုရားကမ္ဘာမူလအနှစ်သာရ ပျက်စီးပြီး၊ နတ်ဘုရားပျက်စီးနယ်မြေဖြစ်နေတာ... စည်းမျဉ်းနတ်ဆေးလုံး မရှိဘဲနဲ့ ဒီကကျင့်ကြံသူတွေ ဘယ်လိုလုပ် နတ်ဘုရား ဖြစ်လာကြတာလဲ။

"စိတ်ဝင်စားစရာပဲ... ဒီအနောက်ဘက်စွန်းဆန်းကြယ်တိုက်ထဲမှာ အဆင့် ၁ ကျန်းရှန်း ရှိနေသေးတာကိုး" မျက်လုံးသုံးလုံးရှန်းကျွင်း ပြုံးလိုက်သည်။ "မင်း ဘယ်လို နတ်ဘုရားဖြစ်လာလဲ ဆိုတာ ကိုယ်တိုင် ဝန်ခံမလား၊ ဒါမှမဟုတ် ငါ လက်သုံးရမလား"

သူ ပြုံးနေပေမဲ့ မျက်လုံးတွေကတော့ အေးစက်နေတယ်။ အသက်ကို တန်ဖိုးမထားတဲ့ အကြည့်မျိုး။

မင်ဝေက အမတနယ်မြေ (အောက်ဘုံ) က သာမန်ပြည်သူဘဝကနေ အဆင့်ဆင့် တက်လှမ်းလာခဲ့သူ။ အခက်အခဲပေါင်းစုံကြုံခဲ့ရလို့ စိတ်ဓာတ်က သံမဏိလို မာကျောတယ်။

သူ့ရှေ့က လူတွေရဲ့အရှိန်အဝါက ကြောက်ခမန်းလိမ့်ကောင်းပြီး၊ သူ့အဆင့်ထက် အများကြီး သာလွန်နေတာမို့ သူ ဘာမှပြန်မလုပ်နိုင်ဘဲ ဖိနှိပ်ခံလိုက်ရတာ။

ယွီဟွာနတ်ဘုရားနန်းတော်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်။ လုံးဝ ပေါက်ကြားလို့ မဖြစ်ဘူး။

ပြီးတော့ သူ အသက်ညှာဖို့ တောင်းပန်ပြီး သတင်းအချက်အလက် ပေးလိုက်လို့လည်း မဖြစ်ဘူး။

ဒါကြောင့် သူ တွန့်ဆုတ်မနေဘဲ သူ့ရဲ့ လောကမျိုးစေ့ကို ဖောက်ခွဲပြီးကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ လုပ်လိုက်သည်။

"သေချင်လို့လား" မျက်လုံးသုံးလုံးရှန်းကျွင်းရဲ့ တတိယမျက်လုံး အလင်းလက်သွားပြီး၊ မင်ဝေ ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို ချက်ချင်း သိလိုက်သည်။ သူက ပြင်းထန်တဲ့ နတ်ဘုရားစွမ်းအားနဲ့ မင်ဝေ ကို ဖိနှိပ်လိုက်သည်။

ချက်ချင်းပင် မင်ဝေ သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ အကုန်ပိတ်လှောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။

စွမ်းအား လုံးဝထုတ်မရတော့ဘူး။

လောကမျိုးစေ့ ဖောက်ခွဲဖို့ဆိုတာ ဝေလာဝေး။

"ကြည့်ရတာ... ငါကိုယ်တိုင် ဝိညာဉ်ရှာဖွေခြင်းလုပ်မှ ရတော့မယ် ထင်တယ်" မျက်လုံးသုံးလုံးရှန်းကျွင်း နှာခေါင်းရှုံ့လိုက်သည်။

ဝိညာဉ်ရှာဖွေခြင်းလုပ်ရင် နတ်ဘုရားဝိညာဉ်ပြန်ကန်မှုဖြစ်နိုင်ချေရှိပေမဲ့၊ တစ်ဖက်လူက အဆင့် ၁ ကျန်းရှန်းလေးဆိုတော့ ပြဿနာမရှိလောက်ပါဘူး။ နည်းနည်းပါးပါး ပြန်ကန်ရင်တောင် သူ ခံနိုင်ရည်ရှိတယ်။

ဒီလူ ဘယ်လိုနတ်ဘုရားဖြစ်လာလဲဆိုတာသိရရင်၊ ဒီတိုက်ကြီးရဲ့ လျှို့ဝှက်ချက်ကြီး တစ်ခုခုကို သိရမှာ သေချာတယ်။ ဒါကြောင့် သူ မဖြစ်မနေသိအောင် လုပ်ရမယ်။

"မင်းတို့ ငါ့ကို ကာကွယ်ပေးထား" မျက်လုံးသုံးလုံးရှန်းကျွင်းက တခြားသူတွေကို အမိန့်ပေးလိုက်သည်။

သူ ဝိညာဉ်ရှာဖွေနေတုန်း အနှောင့်အယှက် မဖြစ်စေချင်ဘူး။

သူ့အင်အားက ဝိညာဉ်ရှာဖွေခြင်းကို လွယ်လွယ်ကူကူ လုပ်နိုင်တဲ့အထိ မမြင့်သေးဘူးလေ။

"ဟုတ်ကဲ့ပါ ရှန်းကျွင်း" တခြားသူတွေ အမိန့်နာခံလိုက်ကြသည်။

အဆင့် ၇ ရှန်းကျွင်းလား။

မင်ဝေ မလှုပ်ရှားနိုင်ပေမဲ့ ကြားလိုက်ရလို့ ရင်ထဲ တုန်လှုပ်သွားသည်။

အနောက်ဘက်စွန်းဆန်းကြယ်တိုက်ကို အဆင့် ၇ ရှန်းကျွင်းတစ်ပါး ဆင်းသက်လာမယ်လို့ ထင်မထားဘူး။ ဘာလာလုပ်တာလဲ။

ယွီဟွာနတ်ဘုရားနန်းတော်က ဒီတိုက်ကြီးမှာ အင်အားကြီးပေမဲ့...

တခြားတိုက်ကြီးတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးဘူး။

အဆင့် ၇ ရှန်းကျွင်းတစ်ပါး၊ ပြီးတော့ အနည်းဆုံး အဆင့် ၄ ရွှမ်ရှန်းအဆင့်ရှိတဲ့ နောက်လိုက်တွေ... သူတို့သာ ပြဿနာရှာရင် ယွီဟွာနတ်ဘုရားနန်းတော် ခုခံနိုင်ဖို့ ခက်ခဲလိမ့်မယ်။

မျက်လုံးသုံးလုံးရှန်းကျွင်းရဲ့ တတိယမျက်လုံး ရုတ်တရက် ပွင့်လာပြီး၊ ထူးဆန်းတဲ့ အလင်းတန်းတစ်ခု ပစ်လွှတ်ကာ မင်ဝေရဲ့မျက်ခုံးထဲ ဝင်ရောက်သွားသည်။

ထိုအခိုက်အတန့်တွင် မင်ဝေ တစ်ကိုယ်လုံး တုန်ခါသွားသည်။ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဘုရားအာရုံ ကျူးကျော်ဝင်ရောက်လာတာကို ခံစားလိုက်ရသည်။

သို့သော် ထိုအချိန်မှာပင်... ခေါင်းလောင်းသံ တစ်ချက် မင်ဝေရဲ့ဦးနှောက်ထဲမှာ ဟိန်းထွက်လာသည်။

ဒေါင်!

မျက်လုံးသုံးလုံးရှန်းကျွင်း ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး၊ တတိယမျက်လုံးကနေ သွေးတွေ စီးကျလာသည်။

သူ ဒယိမ်းဒယိုင်နဲ့ နောက်ဆုတ်သွားပြီး ခေါင်းကိုကိုင်ကာ နာကျင်စွာ အော်ဟစ်နေသည်။ ပြင်းထန်တဲ့ ပြန်ကန်မှု ခံစားလိုက်ရတာ သေချာတယ်။

"ရှန်းကျွင်း..." တခြားသူတွေ မြင်တော့ အံ့သြသွားကြသည်။

ရှန်းကျွင်းတစ်ပါးက အဆင့် ၁ ကျန်းရှန်းတစ်ယောက်ကို ဝိညာဉ်ရှာဖွေတာလေ... ဘယ်လိုလုပ် ပြန်ကန်မှု ခံစားရတာလဲ။

ပြီးတော့ ဒဏ်ရာက တော်တော်ပြင်းပုံရတယ်။

အချိန်အတော်ကြာမှ မျက်လုံးသုံးလုံးရှန်းကျွင်း သတိပြန်ကပ်လာသည်။ သူ့ရဲ့ တတိယမျက်လုံး လုံးဝ ပိတ်ကျသွားပြီး သွေးတွေ ပေကျံနေသည်။

သူ့မျက်နှာ ဖြူဖျော့နေသည်။

နတ်ဘုရားဝိညာဉ်ထိခိုက်သွားတာ သေချာတယ်။

"သူ့ခန္ဓာကိုယ်ထဲမှာ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်တဲ့ ဝိညာဉ်ကာကွယ်မှုရှိနေတာလဲ" မျက်လုံးသုံးလုံးရှန်းကျွင်း ရေရွတ်လိုက်သည်။

အဆင့် ၁ ကျန်းရှန်းလေးက အဆင့် ၇ ရှန်းကျွင်းရဲ့ အသိစိတ်ကျူးကျော်မှုကို ခုခံနိုင်တဲ့ ဝိညာဉ်ကာကွယ်မှု ရှိနေတယ်တဲ့လား။

ဒါက မဖြစ်နိုင်လောက်အောင်ပဲ။

ဒီလို ဝိညာဉ်ကာကွယ်မှုမျိုးရှိဖို့ဆိုရင်၊ အဆင့်မြင့်ပြီး ရှားပါးတဲ့ ဝိညာဉ်ကာကွယ်ရေး နတ်ဘုရားလက်နက်ရှိမှ ရမှာ။

ဒီလို လက်နက်မျိုးကို ဂိုဏ်းကြီးတွေရဲ့ အရေးပါတဲ့ အမွေခံတပည့်တွေလောက်မှ ကိုင်ဆောင်ခွင့် ရှိတာ။

မျက်လုံးသုံးလုံးရှန်းကျွင်းက မင်ဝေကို အဆင့် ၁ ကျန်းရှန်းလေး၊ အနောက်ဘက်စွန်းဆန်းကြယ်တိုက်လိုနေရာမျိုးက လာတဲ့ကောင်လေးဆိုပြီး အထင်သေးကာ ပေါ့ဆလိုက်မိလို့... ခုလို အကြီးအကျယ် ပြန်ကန်မှု ခံလိုက်ရတာ။

ဒီတစ်ခေါက် နတ်ဘုရားဝိညာဉ် ထိခိုက်မှုက နှစ် ၁၀၀၀ လောက် မကုသရင် ပြန်ကောင်းဖို့ ခက်လိမ့်မယ်။

တကယ်ကို နစ်နာသွားပြီ။

မင်ဝေလည်း ကြောင်နေသည်။

သူ ခေါင်းလောင်းသံ ကြားလိုက်ရလို့လေ။

ဒီခေါင်းလောင်းသံက သူ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲမှာ အမြဲကြားနေကျ အသံ။

ဒီအသံအောက်မှာ သူ ကျင့်ကြံရတာ မြန်ဆန်ပြီး၊ နိယာမတွေကို နားလည်ရတာ လွယ်ကူခဲ့တာ။

သိသာတာကတော့... တစ်ဖက်လူက ဝိညာဉ်ရှာဖွေဖို့ ကြိုးစားတဲ့အခါ၊ ခေါင်းလောင်းသံ ကာကွယ်မှုကို သွားထိမိပြီး ပြန်ကန်မှု ခံစားလိုက်ရတာပဲ။

တကယ်တမ်းကျတော့ အချိန်ခေါင်းလောင်း ရှေးဦးနတ်ဘုရားရတနာအဖြစ် အဆင့်မြှင့်ပြီးတဲ့အခါ၊ လှိုဏ်ဂူကောင်းကင်ဘုံထဲမှာရှိတဲ့ ယွီဟွာနတ်ဘုရားနန်းတော် တပည့်တိုင်းကို အချိန်ခေါင်းလောင်းဝိညာဉ်ကာကွယ်မှု ပေးအပ်ထားပြီးသားပင်။

ပြင်ပက အသိစိတ်တစ်ခုခု ကျူးကျော်လာတာနဲ့ အချိန်ခေါင်းလောင်းကာကွယ်မှုက အလိုအလျောက်ပွင့်လာပြီး ခေါင်းလောင်းသံနဲ့ ပြန်လည်တိုက်ခိုက်တာ ဖြစ်သည်။

***

All Chapters