ဒါဆိုရင် အာ့ထောင် မင်းရဲ့ ခေါ်သံလေးကို ကိုယ့်ကို ကြားခွင့်ပေးပါလား
Vol. 15 Ch. 234
“အဟမ်း…” ကျီကျောက်က ရှက်ရှက်နဲ့ အကြည့်ကို ရှောင်ဖယ်လိုက်သည်။
“ရေလေး နည်းနည်းလောက် သောက်လိုက်ပါဦး” ရှန်းယောင်က သူမကို ရေတစ်ခွက် ဂရုတစိုက် ကမ်းပေးလိုက်သည်။
“အာ့ထောင်၊ မင်း မနေ့ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရဲ့လား။”
“နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။” ကျီကျောက်က နာခံမှုရှိစွာ ခေါင်းညိတ်ပြသည်။ “ကျွန်မ မနေ့ညက အိပ်မက်ဆိုးတွေ မမက်ဘူး။”
“အဲဒါ ကောင်းတယ်။”
“ဒါနဲ့ စကားမစပ်၊ ဒုတိယအစ်ကိုယို့တွေ ရောက်လာပြီလား။”
“မရောက်သေးဘူး။”
“ရှန်းယောင်၊ အချိန်က စောနေသေးတယ်။ ကျွန်မတို့တွေ အနောက်တောင်ပေါ် သွားတက်ရင် ကောင်းမလား။ ဒီအချိန် မျှစ်နုလေးတွေ ရှာနိုင်မယ်ဆိုရင် ပိုကောင်းလိမ်မ့ယ်။ အခု ဆောင်းရာသီကို ရောက်ပြီဆိုပေမယ့် ကျွန်မတို့ ကံကောင်းရင် တောယုန် ဒါမှမဟုတ် ရစ်ငှက်တစ်ကောင်လောက်တော့ ဖမ်းမိနိုင်လိမ့်မယ်။”
ကျီကျောက်သည် စိတ်လှုပ်ရှားစွာ ပြောနေရင်း ခေါင်းမော့လိုက်တော့ ရှန်းယောင်၏ စိတ်ထိခိုက်နေသည့်ဟန် အကြည့်ကို မြင်လိုက်ရသည်။
“ဘာ… ဘာဖြစ်လို့လဲ” ကျီကျောက်သည် သူ့လက်ကို အလျင်စလို ဆုပ်ကိုင်ပြီး “ရှန်းယောင်၊ ရှင် နေမကောင်းဘူးလား” ဟု စိုးရိမ်တကြီး မေးလိုက်မိသည်။
သူမရှေ့မှာ ရပ်နေတဲ့ အမျိုးသားက ခေါင်းကို ညင်သာစွာ ခါယမ်းပြသည်။
“ကိုယ် အဆင်ပြေပါတယ်။”
“ဒါဆို ဘာဖြစ်လို့ ရှင့်မျက်လုံးတွေက နီရဲနေတာလဲ။”
“အင်း… ကိုယ် နည်းနည်းလောက် ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်မိလို့ပါ။”
“ဘာလို့လဲ” ကျီကျောက်က အတော်လေး အံ့အားသင့်သွားသည်။
“အာ့ထောာင်၊ မင်း မနေ့ညက ပြောခဲ့တာကို မမှတ်မိဘူးလား။”
“မနေ့ညက ကျွန်မ ဘာပြောလိုက်တာလဲ” ကျီကျောက်က တိတ်တဆိတ် ခေါင်းကုတ်ပြီး “မနေ့ညက ကျွန်မ ဘာပြောလိုက်မိတာလဲ” ဟု ပြန်စဉ်းစားနေသည်။
ရှန်းယောင်သည် သူမ၏ နှာခေါင်းကို စိတ်ဆိုးမာန်ဆိုးဖြင့် အသာလေး ဖျစ်ညှစ်လိုက်သည်။ သူ၏ ကူကယ်ရာမဲ့နေသော အသံတွင် တုန်နေအောင် ချစ်မြတ်နိုးသည့် အရိပ်အငွေ့များဖြင့် နူးညံ့သိမ်မွေ့စွာ ပြောလိုက်လေသည်၊ “မင်းကိုယ့်ကို နာမည်ခေါ်တာထက်စာရင် မင်းကိုယ့်ကို အာ့ယောင်လို့ခေါ်တာကို ပိုကြိုက်တယ်လို့ မနေ့ညက ပြောထားတယ်လေ။”
ရှန်းယောင်က အနားကို ပို၍ တိုးကပ်လာခဲ့သည်။
ဖူး…
ကျီကျောက်သည် ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ဘဲ ရယ်မောလိုက်မိသည်။ “ဒါကြောင့် ရှင် အခု မပျော်ဘူးပေါ့လေ။ ကျွန်မ ရှင့်ကို ‘ယောကျာ်း’ လို့ ခေါ်ပေးမယ်လေ။”
“ဒါဆိုရင် အာ့ထောင် မင်းရဲ့ ခေါ်သံလေးကို ကိုယ့်ကို ကြားခွင့်ပေးပါလား” ရှန်းယောင်က ရုတ်ခြည်း အနားကို ကပ်လာခဲ့ပြီး သူ့အကြည့်ထဲတွင် ဖုံးကွယ်ထားတဲ့ ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။
သူ့ရဲ့ ရိုးသားပြီး စိတ်အားထက်သန်တဲ့ အကြည့်တွေကို တွေ့လိုက်ရတော့ ကျီကျောက်သည် စိတ်လှုပ်ရှားစွာ မျက်တောင်ခတ်ပြီး သူ့နှုတ်ခမ်းတွေကို မသိစိတ်အရ နမ်းလိုက်မိသည်။
သူမ၏ မသိလိုက်ဘဲ ပြုမူလိုက်သော အပြုအမူများက ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာ သူမ မသိခဲ့ပါဘူး။
ရှန်းယောင်သည် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ သူမ၏ နှုတ်ခမ်းပါးများကို စိတ်လိုလက်ရ နမ်းရှိုက်မိပေသည်။
သူသည် သူမ၏ ပုလဲဖြူသွားများကို ဖြည်းဖြည်းချင်း ဖွင့်ဟပြီး သူမ၏ နှုတ်ခမ်းလွှာများကြား လူးတာခေါက်တုံ နမ်းရှိုက်နေလေ၏။
ကျီကျောက်သည် စိတ်လှုပ်ရှားစွာ မျက်လုံးမှိတ်ထားပြီး သူမ၏ လက်နှစ်ဖက်ကို သူ့ရင်ဘတ်ကို တင်ထားမိသည်။
သိပ်မကြာခင်မှာပဲ ရှန်းယောင်သည် သူ့ရင်ခွင်ထဲမှ ချစ်စဖွယ် မိန်းကလေးကို လွှတ်ပေးလိုက်ပြီး သူ့ရဲ့ နူးညံ့တဲ့ အကြည့်တွေက သူမရဲ့ နီမြန်းသွားသော နှုတ်ခမ်းပေါ် ကျရောက်သွားသည်။
“အာ့ထောင်”
သူ့အသံက တိုးသဲ့ပြီး ဆွဲဆောင်မှုရှိသည်။ ကျီကျောက်သည် သူမနာမည်ကို ခေါ်သံ ကြားလိုက်တာနဲ့ သူမ၏ ရင်ခုန်သံများ ထိန်းမနိုင်သိမ်းမရ မြန်ဆန်သွားခဲ့သည်။
“အင်း”
ရှန်းယောင်က ပြုံးပြီး သူမ၏ ဖောင်းအစ်နေသော ပါးပြင်လေးကို အသာဆွဲညှစ်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
“ကိုယ် မင်းကို အနောက်ဘက်တောင်တန်းဆီ လိုက်ပို့ပေးမယ်။”
နှစ်ယောက်သား လက်ချင်းတွဲကာ အနောက်ဘက်တောင်တန်းဆီသို့ လျှောက်သွားခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် ကျီကျောက်သည် သူမ လိုချင်သော မျှစ်များကို တူးဖော်ရရှိခဲ့သည်။ ကျီကျောက်သည် လတ်ဆတ်ပြီး ကြွပ်ဆတ်သော မျှစ်များကို ကြည့်ရင်း ဝမ်းသာအားရ ပြုံးလိုက်မိသည်။
“ဘာဖြစ်လို့ ဒီလောက်တောင် ပျော်နေတာလဲ။”
သူမ၏ ရွှင်လန်းပျော်ရွှင်နေသောစိတ် အလွှမ်းမိုးခံလိုက်ရပြီးတော့ ရှန်းယောင်တစ်ယောက် ပြုံးမိသွားသည်။
“သဘာဝအတိုင်း ပေါက်ရောက်တဲ့ မျှစ်တွေက အရမ်းကို လတ်ဆတ်ပြီး နူးညံ့တယ်။ သူ တစ်ဦးတည်းကို ကြော်စားတာဖြစ်ဖြစ် အသားနဲ့ ရောကြော်တာပဲဖြစ်ဖြစ် အရမ်းစားကောင်းတယ်။ ဒါ့အပြင် သဘာဝမျှစ်တွေ နေလှန်းပြီး ရလာတဲ့ မျှစ်ခြောက်တွေဆိုရင်လည်း အရမ်းမွှေးတယ်။ မျှစ်ခြောက်လေးကိုလေ ဝက်နံရိုးလေးနဲ့ ရောနှပ်လိုက်မယိဆိုရင် သူ့ဟင်းအနှစ်က အရမ်းအရသာရှိတယ်။ ရာသီဥတုလေး သာယာရင် ကျွန်မ မျှစ်ခြောက်လှန်းထားရမယ်။ အဲ့တာလေးနဲ့ဆို ထမင်း နှစ်ပန်းကန်လောက်ကတော့ အသာလေး စားဝင်တယ်” ကျီကျောက်က မျက်ခုံးပင့်ပြီး ပြုံးပြလိုက်သည်။
“ကိုယ့်အာ့ထောင်က အံ့ဖွယ်လေးပဲ” ရှန်းယောင်က ရုတ်တရက် သူ့လက်ကို မြှောက်ပြီး သူမ၏ ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်ရင်း အသံတိုးတိုးဖြင့် ပြောသည်။
သူတို့နှစ်ယောက်သား မျှစ်တွေ အများကြီး တူးပြီး ကံကောင်းစွာနဲ့ ဒဏ်ရာရနေတဲ့ တောယုန်တစ်ကောင်ကိုပါ ဖမ်းမိလာခဲ့သည်။
သူတို့ အိမ်အပြန်ခရီးတွင် ဝန်ထုပ်ဝန်ပိုးအပြည့်ဖြင့် ပြန်လာနိုင်ခဲ့သည်။
ထိုအချိန်တွင် ရှန်းမိသားစု၏ ခြံအပြင်ဘက်တွင် မီးခိုးရောင် ရထားလုံး တစ်စင်း ရောက်ရှိရပ်တန့်နေခဲ့ပြီဖြစ်သည်။
ပင်မအခန်းတွင်၊ ကျောက်လန်ဟွာသည် လက်ဖက်ရည် ပန်းကန်လုံးကြီး နှစ်လုံးကို အားပါးတရ ယူဆောင်ပြီး တည်ခင်းပေးခဲ့သည်။
“ဒီလက်ဖက်ရည်ကို အာ့ထောင် ခရိုင်မြို့ကနေ ပြန်ယူလာခဲ့တာ၊ သခင်လေးချင်၊ လက်ထောက်ဆိုင်ရှင်ယို့တို့ မြည်းစမ်းကြည့်ပါဦး” ရှန်းတာ့ရှန်က နုံအသည့် အပြုံးဖြင့် အမြန်နှုတ်ခွန်းဆက်သလိုက်သည်။
“ဟုတ်ကဲ့” ချင်မင်ဟုန်က တစ်ငုံ သောက်လိုက်သည်။ “ဒီလက်ဖက်ရည်က အရသာကောင်းသားပဲ။”
“သခင်လေး ကြိုက်ရင် များများသောက်ပါ” ရှန်းတာ့ရှန်က ခပ်မြန်မြန် ပြောလိုက်သည်။
“ကောင်းပါပြီ။”
“ရှန်းယောင်နဲ့ အာ့ထောင်ကို ဘာလို့ မတွေ့ရတာလဲ” လက်ထောက်ဆိုင်ရှင်ယို့က ဟိုဟိုဒီဒီကြည့်ရင်း စပ်စုမေးမြန်းလိုက်သည်။
“ဒီနေ့ အာ့ထောင်က သူ ဟင်းချက်ဖို့ ပြင်ဆင်နေတယ်လေ။”
ကျီကျောက် ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို သူ မြည်းစမ်းပြီးကတည်းက လက်ထောက်ဆိုင်ရှင်ယို့သည် တခြားသူတွေ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေက သူ့အတွက် အရသာမရှိသလို ခံစားနေရသည်။
“အဲ့ကောင်မလေးက မင်းတို့ ဒီနေ့ လာမယ်ဆိုတာကို သိတော့ ဒီမနက်စောစောမှာ စန်းလန်နဲ့အတူ တောင်ပေါ်တက်သွားခဲ့တယ်လေ” ကျောက်လန်ဟွာက ပြုံးပြုံးရွှင်ရွှင်ဖြင့် ရှင်းပြပေးသည်။ “သူက တောင်ပေါ်မှာ မျှစ်နည်းနည်းလောက် တူးနိုင်မလားလို့ သွားကြည့်တာတဲ့။”
“အာ့ထောင် သိပ်သဘောကောင်းတာပဲ” လက်ထောက်ဆိုင်ရှင်ယို့က ခပ်မြန်မြန် ပြောသည်၊ “အာ့ထောင် ချက်ထားတာ ဖြစ်သရွေ့ ကြက်ဥကြော် တစ်ပန်းကန်လောက်ပဲ စားရရင်တောင် အရသာရှိနေလိမ့်မယ်။”
“ဒီနေ့ ညီမ ကြက်ဥကြော်လုပ်မယ်ဆိုတာ အစ်ကို ဘယ်လိုသိတာလဲ” ပင်မခန်းထဲကို လှမ်းဝင်လာတဲ့ ကျီကျောက်က လက်ထောက်ဆိုင်ရှင်ယို့ပြောတာကိုကြားပြီး စနောက်လိုက်သည်။
“ဒုတိယအစ်ကိုယို့ အစ်ကိုက တကယ် အကြားအမြင်ရနေတာပဲ။ ဒါကိုတောင် သိနေပြီ။”
“အာ့ထောင်၊ ကောင်းသော နှစ်သစ်ပါ” လက်ထောက်ဆိုင်ရှင်ယို့ ကပျာကယာထပြီး နှုတ်ဆက်လိုက်သည်။ “ဒီနေ့ နေ့လည်မှာ ငါတို့အတွက် နင် ဘယ်လို အစားအစာတွေ ချက်ပြုတ်ဖို့ စီစဉ်ထားလဲ။ နင် ဘယ်လို ဟင်းလျာပဲချက်ချက် သခင်လေးနဲ့ ငါ အပြတ်စားဖို့ ဆုံးဖြတ်ထားတယ်။”
အာ့ထောင် ဝင်လာကတည်းက ချင်မင်ဟုန်၏ အကြည့်များက သူမ၏ မျက်နှာပေါ်သို့ ကျရောက်နေခဲ့သည်။
ဒါပေမယ့် သူမကို မတွေ့ရတာ တစ်ရက်လောက်ကြာတော့ သူမဟာ ပိုလို့တောင် လှပပြီး သက်ဝင်လှုပ်ရှားတက်ကြွနေပုံရသည်။ အထူးသဖြင့် သူမ၏ အပြုံးလေးတွေက အရင်ကထက် ပိုချိုမြိန်နေခဲ့တယ်။
“အစ်ကိုချင်” ကျီကျောက်သည် သူ၏ မိန်းမောတွေဝေနေသော အသွင်ကို မြင်တော့ သူ့မျက်စိရှေ့တွင် မသိစိတ်က သူမ လက်ကို ဝှေ့ယမ်းလိုက်သည်။
“အဟွတ်… အဟွတ်” ရှန်းယောင်သည် နှစ်ကြိမ်တိုင်တိုင် ချောင်းဟန့်ပြီး သူ့မျက်လုံးများရှိ မကျေနပ်မှုများကို ဖုံးကွယ်ရန် မျက်လွှာချထားသည်။
“အာ့ထောင်၊ လက်ထောက်ဆိုင်ရှင်ယို့ ပြောတာ မှန်တယ်။ မင်း ချက်ပြုတ်ထားသရွေ့ ဟင်းပွဲအားလုံးကို ငါတို့ အကုန်စားမယ်” ချင်မင်ဟုန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်၊ “နောက်ပြီး မင်းချက်တဲ့ ဟင်းပွဲတွေက အရမ်းအရသာရှိတယ်။”
“အစ်ကိုတို့ရဲ့ ပံ့ပိုးပေးမှုအတွက် ကျေးဇူးပါ” ကျီကျောက်က သူတို့ကိုပြုံးပြီး ကျေးဇူးတင်လိုက်သည်။ “ဒါဆို အစ်ကိုတို့ ရွှေဧည့်သည်တွေ ခဏလောက် စောင့်ပေးပါဦး။ ကျွန်မ ဟင်းပွဲတွေ ပြင်ဆင်ဖို့ အခု မီးဖိုချောင်ဝင်လိုက်ပါဦးမယ်။”
“အာ့ထောင် အမေ နင့်ကို ကူညီပေးမယ်” ကျောက်လန်ဟွာသည် ကျီကျောက်၏ အနောက်သို့ အမြန်လိုက်ကာ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။
“သခင်လေးချင်က အရည်အချင်းရှိတဲ့ စာပေပညာရှင်တစ်ဦးလို့ ကျွန်တော် ကြားတယ်။ မကြာသေးခင်ကပဲ ကျွန်တော် ကဗျာ ( ၂ ) ပုဒ် ရေးသားပြီးစီးခဲ့တယ်။ သခင်လေးချင်က နားထောင်ပြီး မှတ်ချက်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်တယ်” ရှန်းယောင်သည် ချင်မင်ဟုန်ဘက်သို့ မျက်နှာမူကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
ဒါပေမယ့် သူ့အပြုံးက မျက်လုံးထဲကို မရောက်ဘူး။
“ကောင်းပါပြီ။”
( ၁၅ ) မိနစ် ကြာပြီးနောက်။
ချင်မင်ဟုန်က ဦးစွာ စကားစလာခဲ့သည်။ “ရှန်းမိသားစုကို လျှို့ဝှက်ကာကွယ်ပေးဖို့ အားကောင်းတဲ့ ကျွမ်းကျင်သူ တချို့ကို ငါ စီစဉ်ထားပြီးပြီ။”
“ကျေးဇူးပါ” ရှန်းယောင်က သူ့ကို ရိုးစင်းစွာ ကျေးဇူးတင်လိုက်သည်။
“စာရင်းစာအုပ်နဲ့ ပတ်သက်ပြီးတော့ အဲဒါကို ပုံတူကူးရေးပြီး စီရင်စုမြို့တော်ကို ပို့ပေးဖို့ တစ်ယောက်ယောက်ကို လွှတ်ထားတယ်။”
သူ့အကြည့်တွေက သိသာထင်ရှားစွာ အံ့အားသင့်သွားသည်ကိုမြင်တော့ ချင်မင်ဟုန်က သူ့နှုတ်ခမ်းများကို တိတ်တဆိတ် ကွေးညွှတ်ပြုံးရယ်လိုက်သည်။
“ငါ့အပြုအမူကို အံ့အားသင့်နေတာလား။”
ရှန်းယောင်က ခေါင်းကို မယမ်းခင် ခဏလောက် လေးလေးနက်နက် စဉ်းစားလိုက်သည်။
“တစ်ဖက်လူကို သတိထားဖို့ အရေးကြီးတယ်။”
“ဒါက ကိစ္စကြီးမို့လို့ အချိန်တန်ရင် စီရင်မြို့ကို လူကိုယ်တိုင် ပြန်သွားဖို့ စီစဉ်ထားတယ်” ချင်မင်ဟုန်က ခဏလောက် စဉ်းစားပြီး ဆက်မေးလိုက်သည်။ “မင်း ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။”
***