← Chapters

ငါ မလုပ်ချင်ဘူး

Vol. 15 Ch. 236

ငါ မလုပ်ချင်ဘူး

Vol. 15 Ch. 236

ရှန်းယောင်သည် မျက်လုံးများကို အနည်းငယ် မှေးကျဉ်းထားပြီး သူ့မျက်ခုံးကြားရှိ ရန်လိုမှုမှာ ထင်ရှားပေါ်လွင်နေသည်။ သူ အနိုင်ယူလိုက်တဲ့ အနက်ရောင်ဝတ်စုံနဲ့လူထံမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။

“ဘုန်း..”

ရုတ်တရက် သူ့ရှေ့တွက် မီးခိုးငွေ့များပေါ်လာပြီး ခဏကြာသော် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံနဲ့ လူက သဲလွန်စမရှိဘဲ ပျောက်သွားခဲ့သည်။

မီးခိုးတွေ ရှင်းလင်းသွားတဲ့ အခါမှာ ရှန်းယောင်သည် နှုတ်ဆိတ်လျက်ရှိသည်။ ထို့နောက် သူသည် နောက်သို့ ပြန်လှည့်ပြီး ပင်မအခန်းဆီသို့ ပြန်လာခဲ့သည်။

ထိုအချိန်တွင် လက်ထောက်ဆိုင်ရှင်ယို့သည် ကျီကျောက်၏ မြေအိုးထမင်းကို ချီးကျူးနေခဲ့သည်။

“အာ့ထောင် ဒီမြေအိုးထမင်းက အရမ်းအရသာရှိတယ်”

လက်ထောက်ဆိုင်ရှင်ယို့က ဆက်ပြောလိုက်သည်။

“ဒီ မြေအိုးထမင်းလုပ်နည်းကို ငါတို့ ဆွေးနွေးကြမလား။ နင် ဒီမြေအိုးထမင်းလုပ်နည်းကို ငါ့ကို ပြောပြချင်နေသရွေ့တော့ ငါတို့တွေ ဈေးနှုန်းကို ညှိနှိုင်းလို့ရတယ်။”

“ဒုတိယအစ်ကိုယို့၊ အစ်ကိုကြီးချင်”

ကျီကျောက်က ပြုံးပြီး တိုးတိုးလေး ပြောလိုက်သည်။

“တကယ်တော့ ညီမမှာ အစ်ကိုတို့ကို ပြောစရာတစ်ခု ရှိတယ်။”

“အာ့ထောင် နင် ဘာပြောချင်လဲ”

"အစ်ကိုချင် တင်းယွမ်ကောင်တီမှာ ဟုန်ရှင်း စားသောက်ဆိုင်က အကောင်းဆုံးနဲ့ အချိန်အကြာဆုံး ရှိတဲ့ စားသောက်ဆိုင်တွေထဲက တစ်ခုဆိုပေမယ့် စီရင်စုမြို့မှာဆိုရင်တော့ ဒါက အဆင့်တောင် မဝင်မှာကို ညီမ စိုးရိမ်မိတယ် ဒါ ဟုတ်တယ်မလား။"

"အာ့ထောင်၊ မင်း..."

ဒါကို ကြားသော လက်ထောက်ဆိုင်ရှင်ယို့က အနည်းငယ် တုန်လှုပ်သွားပြီး အလွန်စိတ်ဓါတ်ကျသွားသည်။

တစ်ဖက်တွင်မူ ချင်မင်ဟုန်က အေးဆေးပြီး တည်ငြိမ်နေပုံရသည်။

ချင်မင်ဟုန်သည် သူမကို စူးရှသော အကြည့်များဖြင့် ကြည့်နေပြီး ကျီကျောက်၏ ရည်ရွယ်ချက်ကို ဖြတ်မြင်နိုင်မလားဟု စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း ကျီကျောက်၏မျက်လုံးများတွင် သူမြင်လိုက်ရသည့် ခံစားချက်မှာ နူးညံ့သိမ်မွေ့ပြီး ဘာမှ မထူးခြားပေ။

"အာ့ထောင် ငါတို့တွေက သူငယ်ချင်းတွေဖြစ်နေပြီဆိုတော့ မင်း ပြောချင်တာကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်"

ချင်မင်ဟုန်သည် အနည်းငယ် မျက်လွှာချထားကာ သူ့မျက်လုံးထဲရှိ ဒေါသစိတ်ကို ဖုံးကွယ်ထားသည်။ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ယခင်ကကဲ့သို့ နူးညံ့ပြေပြစ်သည်။

ကျီကျောက်သည် ချင်မင်ဟုန်၏ စူးစမ်းသည့်အကြည့်ကို သဘာဝအတိုင်းပဲ သတိပြုမိသည်။ သူမအတွက်ကတော့ ရှန်းယောင်ရဲ့ စိတ်ခံစားချက်ကို ဂရုစိုက်ဖို့ပဲ လိုအပ်သည်။ ဒါကပင် လုံလောက်သည်။ တခြားအမျိုးသားတွေ ဘယ်လိုထင်တယ်ဆိုတာကတော့ သူမအတွက် အရေးမကြီးဘူး။

သို့သော်လည်း ဤအဆင့်တွင် သူမသည် ချင်မိသားစု၏ စွမ်းအားကို အသုံးပြုပြီး သူမ လိုချင်သော စီးပွားရေးအင်ပါယာကို တည်ဆောက်လိုခဲ့သည်။

“စီရင်စုမြို့…” သူတို့ရဲ့ အံ့အားသင့်နေတဲ့ အကြည့်တွေကို မြင်တွေ့ ကျီကျောက်သည် သူမ၏ အနီရောင် နှုတ်ခမ်းကို အနည်းငယ်ဖွင့်ပြီး ပြုံးလိုက်သည်။ "ညီမတို့ ရေရှည်အမြင်ကို ကြည့်သင့်တယ်။ တင်းယွမ်ကောင်တီနဲ့ ယှဥ်ရင် စီရင်စုမြို့မှာ အလုပ်လုပ်မယ်ဆိုရင် ပိုပြီး အမြတ်ထွက်မှာ မဟုတ်ဘူးလား။"

"အာ့ထောင် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ဖို့ဆိုတာ နင် ထင်သလောက် မရိုးရှင်းဘူး။" လက်ထောက်ဆိုင်ရှင်ယို့က ဆက်ပြောခဲ့သည်။ "ငါတို့ တင်းယွမ်ကောင်တီက ယွင်ချန်းကောင်တီနဲ့ ကွေ့ချွမ်းကောင်တီတို့ရဲ့ လမ်းဆုံဖြစ်တာကြောင့် ဒီနေရာကို ကုန်သည်တွေ အများကြီး လာရောက်လာပတ်ကြတယ်။ အကြောင်းရင်းကတော့ ငါတို့ ဟုန်ရှင်းစားသောက်ဆိုင်က နာမည်ကောင်းရှိတာကြောင့်ဖြစ်ပြီး ဒုတိယအချက်ကတော့ စားသောက်ရ အဆင်ပြေပြီး စျေးသက်သာတာကြောင့်ပဲ။"

"ဟုန်ရှင်းစားသောက်ဆိုင် နှစ်ပေါင်းများစွာ ခိုင်မာစွာ ရပ်တည်နိုင်ရတဲ့ အကြောင်းအရင်းက ဆိုင်နေရာ အကွက်အကွင်းနဲ့လည်း သက်ဆိုင်တယ်။" လက်ထောက်ဆိုင်ရှင်ယို့က ဆက်လက်ရှင်းပြပေးခဲ့သည်။ "ငါတို့ ဟုန်ရှင်းစားသောက်ဆိုင်က နေရာအကွက်အကွင်းကျတယ်။ စားသောက်ဆိုင်ရဲ့ ဧည့်ခန်းက ကျယ်ဝန်းပြီး လှပရုံသာမက ဒုတိယထပ်ရှိ အခန်းတွေကလည်း သန့်ရှင်းသပ်ရပ်တယ်။ သို့သော် အာ့ထောင် စီရင်စုမြို့မှာ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ဘယ်လောက်ကုန်ကျမယ်ဆိုတာကို နင် သိရဲ့လား။"

တင်းယွမ်ကောင်တီတွင်ပင် စျေးဆိုင်များသည် အလွန်ဝယ်လိုအားများပြီး မြင့်မားစွာ ပေးချေရသည်။ စီရင်စုမြို့ပေါ်တွင် မြေတစ်လက်မစီတိုင်းသည် ငွေအမြောက်အများ တန်ကြေး ရှိသည်။

"ဒုတိယအစ်ကို၊ ဘောလုံး အကြီးကြီးတစ်လုံးကို တွန်းတဲ့ ဘောလုံးသေးသေးလေးအကြောင်းကို ကြားဖူးလား။"

ကျီကျောက်က နို့လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"စီရင်စုမြို့က ဆိုင်တွေက အရမ်းစျေးကြီးတယ်ဆိုတာကို ညီမသိတယ်၊ သင့်တော်တဲ့နေရာနဲ့ ဆိုင်အကြီးကြီးကို ရှာတွေ့ချင်ရင် စွမ်းအင်အများကြီး သုံးရရုံတင်မကပဲ ပိုက်ဆံလည်း အများကြီး ကုန်ကျလိမ့်မယ်။ ညီမက ညီမ သွားနိုင်တာထက် ပိုသွားနေတာ မဟုတ်ဘူး၊ ဒါပေမယ့် အလုပ်ကို ပြီးပြည့်စုံအောင် မြှင့်တင်ဖို့ ညီမမှာ အစီအစဥ်တွေ ရှိတယ်။"

“ပိုအရေးကြီးတာက…” ကျီကျောက်က ချင်မင်ဟုန်၏ မျက်နှာကို စိုက်ကြည့်ရင်း "အစ်ကိုချင်က တင်းယွမ်ကောင်တီမှာ ထာဝရနေချင်တာလား" ဟု မေးလိုက်သည်။

ကျီကျောက်သည် ချင်မိသားစု၏ အရေးကိစ္စများကို သိပ်မသိခဲ့ပါ။

သို့သော် ချင်မိသားစုသည် တင်းယွမ်ကောင်တီတွင် အချမ်းသာဆုံးမိသားစု ဖြစ်ရုံသာမက စီရင်စုမြို့တွင်လည်း အချမ်းသာဆုံး မိသားစု ဖြစ်သည်။ ချင်မင်ဟုန်သည် ချင်မိသားစု ဒုတိယအိမ်တော်ခွဲ၏ သားအကြီးဆုံးဖြစ်ပြီး သူ့စွမ်းရည်များကို မြှင့်တင်ရန်အတွက် ထင်သာမြင်သာရှိသော တင်းယွမ်ကောင်တီမြို့လေးကို ရောက်လာခဲ့သည်။ ဤမင်းဆက်တွင် ပညာရှင်၊ လယ်သမား၊ ကုန်သည်နှင့် လက်မှုပညာရှင်များသည် အလေးစားခံရဆုံးသူများ ဖြစ်ကြသည်။ ချင်မိသားစုမှာ ဒီလို အမြင်မျိုးတောင် ရှိမနေတာ ဖြစ်နိုင်လား။

အရေးကြီးဆုံးကတော့ ချင်မင်ဟုန်က စီရင်စုမြို့ရဲ့ ချင်မိသားစုကို ဘယ်တော့မှ ပြန်မသွားတော့ဘူးလား။

ဘယ်ဟုတ်ပါ့မလဲ။

သူသည် အမျိုးသားတစ်ယောက်အနေဖြင့် သူ့ဘိုးဘေးများကို ဂုဏ်တက်စေပြီး တော်ဝင်နန်းတော်ထဲ၌ အမှုတော် ထမ်းဆောင်နိုင်ရန် သဘာဝအားဖြင့် ပြင်းပြင်းထန်ထန် စာသင်ချင်ခဲ့သည်။

သို့သော် သူ့အမေရင်းက သူ ငါးနှစ်သား အရွယ်ကတည်းက ဆုံးပါးသွားခဲ့ပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

သူ့ဖခင်ဖြစ်သူက ထင်ရှားကျော်ကြားသည့် မိသားစုမှ အမျိုးသမီးလျို့နှင့် နောက်အိမ်ထောင် ပြုခဲ့သည်။

အစပိုင်းတွင် အမျိုးသမီးလျို့သည် သူ့ကို ရိုးသားစစ်မှန်စွာ ဆက်ဆံခဲ့ပြီး သူ့ကို ဂရုစိုက်ကာ နူးညံ့သိမ်မွေ့မှုနှင့် ဂရုစိုက်မှုတို့ကို ပြသခဲ့သည်။

အမျိုးသမီးလျို့ ကလေးမွေးပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

နောက်ပိုင်းတွင် သူ့ကို စာသင်ပေးခဲ့တဲ့ ဆရာက တစ်နေ့တခြား ဖျားနာလာခဲ့သည်။ ချင်မင်ဟုန်သည် တစ်နေ့တခြား စာလေ့လာရတာကို ငြီးငွေ့သလို ခံစားလာရပြီး သူ့အပေါ်တွင် သူ့ဖခင်၏ စိတ်ပျက်လာမှုကိုလည်း သူမြင်သည်။

သူသည် ချင်မိသားစု ဒုတိယအိမ်တော်၏ အကြီးဆုံးသားဘွဲ့ကို ရယူထားသော်လည်း မိသားစုနှင့် အံမဝင်ဘဲ အပြင်လူလို ခံစားနေရသည်။

သူက ဘာလဲ။

ထိုသို့တွေးပြီးနောက် ချင်မင်ဟုန်သည် ချင်မိသားစု၏ အဖွားထံသို့ သွားရောက် အကူအညီတောင်းခဲ့သည်။ ထို့နောက် သူသည် စီရင်စုမြို့မှ အောင်မြင်စွာ ထွက်ခွာလာခဲ့ပြီး တင်းယွမ်ကောင်တီသို့ ရောက်ရှိလာခဲ့သည်။

အစတုန်းကတော့ သူက စီးပွားရေးလုပ်ဖို့ မတွေးထားခဲ့ဘူး။ အဆုံးမှာတော့ သူ့အမေရင်း ထားရစ်ခဲ့တဲ့ ငွေကြေးဥစ္စာက သူ့တစ်သက်လုံး အေးအေးဆေးဆေး နေထိုင်စားသောက်ဖို့ လုံလောက်သည်။

ဟုန်ရှင်းစားသောက်ဆိုင်ကို လွှဲပြောင်းရယူခြင်းနှင့် ပတ်သက်၍မူ သူက စားသောက်ဆိုင်က သူ့အတွက် အမြတ်များများ ရရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူက ရိုးရိုးရှင်းရှင်းပဲ ပျော်စရာကောင်းတယ်လို့ ထင်တဲ့အတွက် စားသောက်ဆိုင်ကို ဖွင့်လှစ်ထားတာ ဖြစ်ပြီး စားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို လက်ထောက်ဆိုင်ရှင်ယို့ထံသို့ လွှဲအပ်ထားခဲ့သည်။

ဒါပေမယ့် ချင်မင်ဟုန်ကို အံ့အားအသင့်စေဆုံးအရာကတော့ ကျီကျောက်နဲ့ တွေ့ဆုံခြင်းပါပဲ။ အထူးသဖြင့် သူမ ချက်ပြုတ်နေစဉ်တွင် အလွန်တောက်ပပြီး ယုံကြည်မှုအပြည့်ရှိသော အမျိုးသမီးမျိုးကို သူ တစ်ခါမှ မတွေ့ဖူးဘူး။ ချက်ပြုတ်နေစဉ်အတွင်း သူမ၏ တစ်ကိုယ်လုံး ယုံကြည်မှု အရှိန်အဝါတို့ လင်းလက်တောက်ပနေပုံ ရသည်။

ပိုအရေးကြီးတာက ကျီကျောက် ချက်ပြုတ်တဲ့ ဟင်းတွေ အားလုံးက တကယ်အရသာရှိနေတာပါပဲ။ အဲ့တာက လူတွေကို စွဲဆောင်စေပြီး မေ့လို့ မရခဲ့ဘူး။

ကျီကျောက်က စောစောစီးစီး အိမ်ထောင်ကျသွားတာက နှမြောစရာပဲ။

အစကတော့ ချင်မင်ဟုန်သည် သူမကို ခဏခဏ တွေ့ချင်‌တာကြောင့် စားသောက်ဆိုင်ရဲ့ လစ်လပ်နေတဲ့ စတိုးဆိုင်ကို ငှားရမ်းဖို့ သဘောတူလိုက်သည်။ ဒါပေမယ့် နောက်ပိုင်းမှာ ပိုပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာတာကြောင့် ချင်မင်ဟုန်က သူမအပေါ် ထားရှိတဲ့ ခံစားချက်တွေ ပြောင်းလဲသွားခဲ့တယ်။ နောက်ပိုင်းမှာတော့ ယောက်ျားတစ်ယောက်ရဲ့ ရှုထောင့်ကနေ ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်ကို တန်ဖိုးထားခြင်းမျိုးနှင့် နှစ်သက်ခဲ့တာ ဖြစ်သည်။ ဒါပေမယ့် အခုကတော့ မတူတော့ဘူး။ ကျီကျောက်ကို ကြည့်သည့် သူ့ အကြည့်တွေတွင် လေးစားမှု အနည်းငယ် ပိုရှိလာခဲ့သည်။

“ဟုတ်တယ်၊ ငါ မလုပ်ချင်ဘူး” ချင်မင်ဟုန်သည် ဤစာကြောင်းကို ဖြည်းညင်းစွာ မပြောမီ “အာ့ထောင် နင် ဘာလုပ်ချင်လဲ” ဟု မေးလိုက်သည်။

“အစ်ကိုချင် ညီမ အစ်ကို့ကို မေးခွန်းတစ်ခုလောက် မေးလို့ ရမလား”ကျီကျောက်က ခဏလောက် စဉ်းစားပြီး ဖြည်းဖြည်းချင်း မေးလိုက်သည်။ ချင်မင်ဟုန်က ခေါင်းငြိမ့်ပြတာကို မြင်တော့ သူမက “အစ်ကို တကယ် ဘာလိုချင်တာလဲ” ဟု မေးလိုက်သည်။

“နင် ဘာဖြစ်လို့ မေးတာလဲ”

“ဘာဖြစ်လို့လဲဆိုတော့ ညီမ အမြင်မှာ အစ်ကိုက ချမ်းသာကြွယ်ဝပြီး ဇိမ်ခံပစ္စည်းတွေ ပြတ်လပ်မှု မရှိဘူး” ကျီကျောက်က ပြုံးပြီး ဆက်ပြောသည်။ “လူတိုင်းက မွေးဖွားလာပုံချင်း မတူညီပေမယ့် တကယ်တော့ အတူတူပါပဲ။ တချို့လူတွေက တစ်သက်လုံး အလယ်အလတ် သာမန်ဘဝမျိုးကိုသာ ဖြတ်သန်းနိုင်ကြပေမယ့် သူတို့ဆီကနေ မြင့်မြတ်တယ်လို့ ခံစားချက်မျိုးကို ရရှိစေတယ်။ တချို့လူတွေက သန်မာတယ်လို့ ခံစားရပေမယ့် သူတို့ တွေ့ကြုံရတဲ့ အတက်အကျတွေ၊ ဆူးတွေ ဆိုတာက စိတ်ကူးယဥ်လို့တောင် မရဘူး။ ဒါပေမယ့် ညီမ သိချင်တာက အစ်ကိုချင်က လွတ်လပ်ပေါ့ပါးပြီး အေးဆေးသာယာစွာ နေထိုင်ချင်တာလား။ ဘဝကို ဆက်ပြီး တိုက်ပွဲဝင်ချင်တာလား။”

***

All Chapters