← Chapters

ဒါက အရမ်းကောင်းတဲ့ ဆုံးဖြတ်ချက်ဘဲ

Vol. 15 Ch. 239

ဒါက အရမ်းကောင်းတဲ့ ဆုံးဖြတ်ချက်ဘဲ

Vol. 15 Ch. 239

“ ဒါ…ဒါက အရမ်းဈေးကြီးတယ်…။” ဒုတိယမရီးရှန်းက သူ့လက်ကို အမြန်ဝှေ့ယမ်းပြီး ငြင်းပယ်လိုက်သည်။

“ ငါမလိုချင်ဘူး။ ”

“ အထည်တွေက ဘယ်လောက်ပဲ အဖိုးတန်နေပါစေ။ ဝတ်စုံအဖြစ် မချုပ်ဝတ်ဘူးဆိုရင် ဒီအထည်က ဘယ်လောက်ပဲ လက်ရာမြောက်နေပါစေ အဓိပ္ပာယ်မရှိတော့ဘူး။ ” ကျီကျောက်က ပြုံးပြုံးရွှင်ရွှင်နဲ့ အကြံပေးလိုက်သည်။

“ ဒါ့အပြင် ဒုတိယမရီး အစ်မက အသားရေဖြူပြီး မျက်နှာကျက အရမ်းကို သိမ်မွေ့တယ် ။ ဒီအဝါရောင် ဘရိုကိတ်အထည်ကို ချုပ်ဝတ်လိုက်မယ်ဆိုရင် ဒုတိယအစ်ကိုက အစ်မဆီကနေ အကြည့်လွှဲတော့မှာ မဟုတ်ဘူး။ ”

“ အာ့ထောင် ၊ နင် … နင် ဘယ်လိုစကားမျိုးတွေ ပြောနေတာလဲ ” ဒုတိယမရီးရှန်းက ရှက်ရွံ့စွာ ပြောလိုက်သည်။ သူမသည် အမြဲလိုလို စကားများတတ်သော်လည်း ယခုအခါတွင်မူ စကားထစ်သွားခဲ့သည်။

“ အမေ ၊ အာ့ထောင်ကို ကြည့်ပါဦး။ ” ဒုတိယမရီးရှန်းက ကျောက်လန်ဟွာကို အကူညီတောင်းဖို့ကလွဲလို့ သူမမှာ အခြား ရွေးစရာ မရှိတော့ဘူး ။

“ အာ့ထောင် ပြောတာ မှန်တယ်လို့ ငါလည်း ထင်တယ်။ ” ကျောက်လန်ဟွာက ဝမ်းသာအားရ ခေါင်းငြိမ့်ပြပြီး ထောက်ခံသည်။ “ ဒါဆို ဒီအထည်ကို အာ့လန်တို့ မိသားစုဘဲ ယူလိုက်တော့။ ”

ကျောက်လန်ဟွာက ခဏလောက် စဉ်းစားပြီး အစိမ်းဖျော့ရောင် အထည်စကို ကောက်ကိုင်ပြီး ပြုံးနေတဲ့ အကြီးဆုံးမရီးရှန်းကို ပေးလိုက်သည် ။

“ ကျေးဇူးပါ အမေ ” အကြီးဆုံးမရီးရှန်းက ဝမ်းသာအားရ ပြုံးပြီး လက်ခံယူလိုက်သည်။

“ အာ့ထောင် နင့်ကိုတော့ ဒီပန်းရောင် ပန်းဖျော့ရောင် အထည်စကို ပေးမယ်။ ဒီပန်းရောင်နဲ့ဆို နင် အရမ်းကြည့်ကောင်းသွားလိမ့်မယ်။ ”

“ ဟုတ်ကဲ့ ၊ ကျေးဇူးပါ အမေ ”

“ ဒီမီးခိုးရောင်ကတော့ နင်တို့အဖေအတွက်ပဲ။ ဒီအပြာရောင် အထည်စတွေကတော့ သူတို့ ညီအစ်ကိုသုံးယောက်အတွက် တစ်ယောက် တစ်ထည်စီ ချုပ်ပေးလိုက်မယ်။ ဒီအနီရောင်တောက်တောက်နဲ့ အညိုဖျော့ရောင် အထည်စတွေကိုတော့ ငါသိမ်းထားလိုက်မယ် ဟုတ်ပြီလား။ ”

ကျောက်လန်ဟွာသည် အထည်စတွေကို အလျင်အမြန် ခွဲထုတ်လိုက်သည်။ “ ငါ ခွဲခြမ်းပေးတာတွေကို နင်တို့ ကန့်ကွက်ချင်တာရှိလား။ ”

“ ရှိပါတယ်။ ”

ကျန်သုံးယောက်စလုံးက တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်ပြကြသည် ။

“ ဘာကန့်ကွက်ချင်တာ ရှိတာလဲ ” ကျောက်လန်ဟွာသည် စိတ်ရှုပ်ထွေးစွာဖြင့် လက်ပိုက်လိုက်သည် ။

“ အမေ ၊ အမေ့အတွက်တော့ အမေ မရွေးချယ်ထားဘူး ” ကျီကျောက်က ပြောလိုက်သည် ။ “ သမီးတို့ တစ်မိသားစုလုံး အထည်သစ် အဝတ်သစ်တွေ ချုပ်ဝတ်ပြီးတော့ အမေတစ်ယောက်ဘဲ အဟောင်းတွေ ဝတ်လို့ မရဘူးလေ။ ဒီလိုဆို အပြင်ထွက်ရင် သမီးတို့ သုံးယောက်ကို ယောက္ခမကို အနိုင်ကျင့်တဲ့ ချွေးမဆိုးတွေလို့ လူတွေက မထင်ကြဘူးလား။ ”

“ ဟုတ်တယ် အမေ။ တာ့လန်ဆီကနေ အဖေက အနီရောင် ဝတ်စုံ ဝတ်ထားရင် အရမ်းသဘောကျတယ်လို့ သမီးကြားဖူးတယ်။ ”

“ အမေ၊ အဝတ်အစား ချုပ်ဖို့ကို စိတ်မပူနဲ့။ အဲ့ကိစ္စအတွက် အစ်မကြီးနဲ့ သမီးကိုဘဲ အပ်ထားလိုက် ” ဒုတိယမရီးရှန်းသည် သူမရင်ဘတ်ကို ပုတ်ပြီး အာမခံလိုက်သည်။ “ အမေ စိတ်မပူနဲ့။ အကြီးဆုံးမရီးနဲ့ သမီးက အမေ့အတွက် ဝတ်စုံလှလှလေး သေချာပေါက် ချုပ်ပေးမယ်။ ”

“ ဒါဆိုလဲ ကောင်းပြီလေ။ ဒီလိုဘဲ ဆုံးဖြတ်လိုက်ကြတာပေါ့။ ” ကျီကျောက်သည် ကျောက်လန်ဟွာ ငြင်းဆိုမည်ကို ကြောက်ရွံ့သောကြောင့် သူ့မရီးနှစ်ယောက်ကို အလျင်စလို မျက်လုံးမှိတ်ပြလိုက်သည် ။

မရီးနှစ်ယောက်သည် အနီရောင်ရှုဘရိုကိတ်အထည်စကို ချက်ချင်း ဆွဲယူပြီး ထွက်ပြေးသွားခဲ့သည် ။

“ နင်တို့တွေ … ” ကျောက်လန်ဟွာသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သော်လည်း သူမ၏ မျက်လုံးထဲတွင် အနည်းငယ် ငွေ့ရည်သမ်းလာခဲ့သည်။

“ အမေ ” ကျီကျောက်က နာခံစွာ ပြုံးကာ သူမအတွက် လက်ဖက်ရည် ပူပူလေး တစ်ခွက် လောင်းထည့်ပေးခဲ့သည်။

“ အာ့ထောင် ဒီကျန်တာတွေကို အမေတို့ ဘာလုပ်ရမလဲ။ ”

“ အစားအသောက်တွေကလွဲလို့ တစ်ခြား ပစ္စည်းတွေကို သိမ်းဆည်းဖို့ အမေ့ကိုဘဲ သမီး ဒုက္ခပေးရဦးမယ်။ ” ကျီကျောက်က ပြုံးပြီး “ အမေ မနက်ဖြန်ကျရင် သမီးတို့တွေ ထျန်ကျားရွာကို သွားကြမလား ” ဟု ပြောလိုက်သည် ။

“ သွားကြမယ်လေ ” ကျောက်လန်ဟွာက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

“ အမေတို့ အဲ့ဒါကို အနှေးနဲ့ အမြန် ဆိုသလို ရင်ဆိုင်ရမှာပေါ့။ ”

“ ဒါဆိုလည်း ကောင်းပြီလေ။ ” ကျီကျောက်က ခေါင်းညိတ် သဘောတူလိုက်သည် ။ “ အမေ သမီး အမေ့ကို ပြောချင်တာ တစ်ခု ကျန်သေးတယ်။ ”

ကျီကျောက်က ခဏလောက် စဉ်းစားပြီး သူမ စိတ်ထဲက မှန်းဆချက်ကို ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်သည် ။

“ ဒီကမ္ဘာမှာ ဒီလိုတိုက်ဆိုင်မှုတွေဆိုတာ အများကြီး မရှိဘူး။ ဒါ့ကြောင့် အမေ့ရဲ့ ကံကြမ္မာကို ဖတ်ပေးတဲ့ တာအိုဘုန်းကြီးဆိုတာက တစ်ယောက်ယောက် ကြိုတင်စီစဉ်ထားတဲ့ လူလိမ်တစ်ယောက် ဖြစ်နိုင်တယ်လို့ သမီးထင်တယ်။ ” ကျီကျောက်သည် ကျောက်လန်ဟွာ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ကာ နှစ်သိမ့်စကား တိုးတိုးလေး ပြောလိုက်သည်။ “ အက္ခရာ သုံးလုံးကျမ်းမှာ လူတွေကို ပင်ကိုယ်စိတ်သ‌ဘောကောင်းတယ်လို့ ဆိုထားတယ်။ ဒါပေမယ့် တစ်ခါတရံမှာတော့ သမီးတို့ လူသားတွေရဲ့ နှလုံးသားက မှန်းဆလို့မရဘူး ဆိုတာကိုတော့ ဝန်ခံရလိမ့်မယ်။ ”

တစ်ဖက်သားရဲ့ နှလုံးသားက ကြင်နာမှု ရှိမရှိ ဆိုတာကို ဘယ်သူ ပြောနိုင်ပါ့မလဲ။

ထို့အပြင် ကြောင်သူတော်ကဲ့သို့သော မျက်နှာဖုံးအောက်တွင် တခြားသူများကို နာကျင်စေပြီး ရက်စက်ကြမ်းကြုတ်သော နှလုံးသားရှိသူအချို့လည်း အမြဲရှိပေသည်။

ကျီကျောက်သည် ထျန်ရှို့အယ်သည် ထိုကဲ့သို့သော လူမျိုး ဖြစ်နိုင်သည်ဟု တွေးထင်ခဲ့မိသည်။

ည သည် တိတ်ဆိတ်လျက် ရှိသည်။ ရှန်းယောင် အခန်းထဲကို လှမ်းကြည့်လိုက်တော့ ကျီကျောက်သည် စားပွဲမှာ ထိုင်နေပြီး သူမ၏ လုပ်ငန်း အစီစဉ်ကို လေးလေးနက်နက် ရေးသားနေခဲ့သည်။

ဖယောင်းတိုင် မီးရောင် မှိန်ဖျော့ဖျော့သည် ညင်သာစွာ ယိမ်းယိုင်နေပြီး သူမ၏ ဘယ်ဘက် ပုံရိပ်ကို ပျော့ပျောင်းသည့် အသွင် ဖြစ်ပေါ်နေစေသည်။

တကယ်တော့ ကျီကျောက်ဟာ စီးပွားရေးလုပ်ကိုင်ဖို့ စီရင်စုမြို့ကို သွားချင်နေတာ ကြာပါပြီ။ စီးပွားရေး လုပ်ရာမှာ ပထမဆုံး ခြေလှမ်းက စီးပွားရေး‌ ဈေးကွက်ကို ဖွင့်လှစ်ဖို့ပါပဲ။ ထို့ကြောင့် သူမသည် အစားအသောက် လုပ်ငန်းငယ် တစ်ခုကို စတင်ရန် အစောပိုင်းတွင် ဆုံးဖြတ်ချက်ချခဲ့ပြီး ပထမအဆင့်မှာ မြေအိုးထမင်း ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

မြေအိုးထမင်းသည် လုပ်ရလွယ်ကူပြီး ကုန်ကျစရိတ်လည်း သက်သာပါသည်။

ကျီကျောက်သည် မြေအိုးထမင်းကို လူတိုင်း ကြိုက်နှစ်သက်ကြလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည် ။

ဆိုရိုးစကားအတိုင်း၊ အရိပ်ရဖို့ သစ်ပင်ကြီးတစ်ပင်ကို မှီခိုရတာ ကောင်းပေမည်။ ဒါ့ကြောင့် သူမသည် ချင်မင်ဟုန်ကို စီရင်စုမြို့သို့ ပြန်ဖို့ တိုက်တွန်းခဲ့ပေသည်။ ဤနည်းအားဖြင့် စီရင်စုမြို့တော်တွင် သူမ စီးပွားရေး ဈေးကွက် ဖွင့်လှစ်ဖို့အတွက် ဒါက ပိုမို လွယ်ကူလာစေလိမ့်မည် ဖြစ်သည်။

သူမသည် အခြားသူများကို ဆွဲဆောင်နိုင်မည့် အသေးစိတ် အစီစဉ်တစ်ခုကိုသာ ရေးဆွဲဖို့ လိုအပ်ခဲ့သည်။

ကျီကျောက်သည် ဂရုတစိုက် အစီစဉ် ဆွဲနေသည်ကို မြင်လိုက်ရတော့ ရှန်းယောင်က သူမကို မနှောင့်ယှက်မိစေဖို့ မည်သည့်အသံမှ မထွက်ဘဲ ညင်သာစွာ ပြုံးလိုက်မိသည်။

လေးနက်ပြီး အာရုံစူးစိုက်ထားတဲ့ အာ့ထောင်က တကယ်ကို လှပနေခဲ့သည်။

ဒါက မီးရောင်ဖျော့အောက်က အလှတရားကို ကြည့်ရှုတယ်လို့ ဆိုလိုတာဘဲ မဟုတ်ပါလား။

ရှန်းယောင်သည် ရင်ခုန်နှုန်း မြန်ဆန်သွားသည်။ သူသည် စာရွက်တစ်ရွက်ကို ဖြန့်ပြီး သူမရဲ့ ရုပ်ပုံလွှာကို အလေးအနက် ရေးဆွဲလိုက်သည်။

တစ်နာရီ ကြာပြီးနောက် ကျီကျောက်သည် သူမ၏ လုပ်ငန်း အစီစဉ် ရေးဆွဲခြင်းကို အပြီးသတ်ခဲ့သည်။

ကျီကျောက်သည် အပျင်းဆန့်ပြီး ဟိုဟိုဒီဒီ ကြည့်လိုက်ရာတွင် ရှန်းယောင်က သူမ၏ ဆန့်ကျင်ဘက်တွင် ခပ်ပြုံးပြုံး အသွင်ဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ ရှင် ဘယ်တုန်းက ပြန်ရောက်တာလဲ ” ကျီကျောက်သည် အစပိုင်းကတော့ အံ့အားသင့်သွားပြီး ရှန်းယောင်ရှိရာ စားပွဲဝိုင်းဆီသို့ အလျင်အမြန် လျှောက်သွားကာ သူ၏ ခါးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်တွယ်ပြီး ချိုမြိန်စွာ ပြုံးပြလိုက်သည်။

“ ကိုယ်ပြန်ရောက်တာ ကြာပြီ ” ရှန်းယောင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး သူမ၏ နှာထိပ်ဖျားလေးကို ချစ်ခင်ယုယစွာ ပုတ်လိုက်သည်။ “ အာ့ထောင်က စာရေးတဲ့ နေရာမှာ အာရုံဝင်စားနေတာကြောင့် ကိုယ် မင်းကို အနှောင့်အယှက် မပေးတော့တာ။ ”

ကျီကျောက်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ ချိုမြိန်လာခဲ့သည်။ “ ကျွန်မ ဈာန်ဝင်နေတာ ဖြစ်မယ် မဟုတ်ရင် ရှင့် ခြေသံကို ကျွန်မ ကြားမိမှာ အမှန်ပဲ။ ဒါပေမယ့် အာ့ယောင်၊ ကျွန်မ ရေးသားတဲ့ အဆိုပြုချက်ကို ရှင်ကြည့်ချင်လား။ ”

“ ကောင်းပြီလေ။ ”

ရှန်းယောင်က ဝမ်းသာအားရ သဘောတူပြီး စားပွဲဝိုင်းနားသို့ လျှောက်သွားကာ လှပသေသပ်စွာ ရေးသားထားသော စာရွက်ကို အသေအချာ ကြည့်ရှုလိုက်သည်။

“ အာ့ထောင်ရဲ့ လက်ရေးက အရမ်းလှတယ်။ ”

ကျီကျောက်သည် ချီးကျူးခံလိုက်ရသောအခါ ပြုံးလိုက်မိသည်။ ထို့အပြင် သူမ၏ ပါးနှစ်ဖက်လုံးက ရှက်ရွံ့စွာ နီမြန်းသွားခဲ့သည်။

“ ဒါက ကျွန်မ ပေါ့ပေါ့ပါးပါး ရေးလိုက်တာပါ။ ”

“ တကယ် ကြည့်လို့ကောင်းတယ်။ ” ရှန်းယောင်က ကျီကျောက်၏ လက်ရေးကို ကြည့်လေလေ ပိုပိုကြိုက်မိလေလေပါပဲ။ “ အာ့ထောင်ရဲ့ လက်ရေးက သပ်ရပ်ပြီး လှပတယ်။ တကယ်ကို ကြည့်ကောင်းလွန်းတယ်။ ”

“ ဒါပေမယ့် အာ့ထောင် မင်း စီရင်စုမြို့မှာ စီးပွားရေး လုပ်ချင်နေတာလား။ ”

“ ဟုတ်တယ် ” ကျီကျောက်က ချက်ချင်းဆိုသလို ခေါင်းညိတ်ပြလိုက်သည် ။ “ နွေဦးပေါက်ပြီးရင် ရှင်နဲ့ ချန်ချန်က စာသင်တော့မှာလေ။ ကျွန်မ တစ်ယောက်တည်း ပျင်းရိပြီး မနေချင်ဘူး ။ ဒါ့ကြောင့် ကျွန်မဆိုင်ကို အရင်စဖွင့်ချင်တယ်။ ပြီးတော့ စီးပွားရေးက လမ်းကြောင်းမှန်ပေါ်ရောက်ရင် ဆိုင်ကို စီမံခန့်ခွဲဖို့ အ‌ဖေနဲ့ အမေကို လွှဲပေးလိုက်မယ်လေ။ ”

“ပြီးတော့ အချိန်တန်ရင် မြေအိုးထမင်းလိုမျိုး အမြန်အစားစာကို အထူးပြုတဲ့ သရေစာဆိုင်လေး တစ်ဆိုင်ဖွင့်မယ်။ ပြီးတော့ နာမည်ကြီးလာရင် စီရင်စုမြို့လေးမှာ ဆိုင်တစ်ဆိုင် ထပ်ဖွင့်မယ် ” ကျီကျောက်က ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလိုက်သည်။ “ ကျွန်မရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် အာ့ထောင် မြေအိုးထမင်း နာမည်ကျော်လာရင် မြေအိုးထမင်းက နာမည်ကြီးပြီး ငွေအများကြီး ရချင်တယ်။ ကျွန်မ ငွေအများကြီး ရှာနိုင်ရင် မြေကမ္ဘာဘုရားကို ရွှေချပြီး ပြန်လည်မွမ်းမံပေးချင်တယ်။ ”

“ ကျွန်မရဲ့ ဒီရည်မှန်းချက်ကို အောင်မြင်ပြီးရင် ပိုပြီးတော့ ကြိုးစားမယ်။ ကျွန်မက ဒီကမ္ဘာပေါ်မှာ အချမ်းသားဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်လာရင်တော့ ပိုအကောင်းဆုံးပဲ။ ”

***

All Chapters