ဒါကမင်းအပြစ်ပဲ
Vol. 15 Ch. 240
"ဒါဆို အနာဂတ်မှာ ရှင်အနားယူတဲ့အခါ ကျွန်မတို့တွေ ကမ္ဘာအနှံ့ကို အတူတူ ခရီးထွက်ကြမယ်လေ" ကျီကျောက်က ပြောပြီး သူ့လက်ကို ဖက်တွယ်ကာ အနာဂတ်အကြောင်းကို လွတ်လွတ်လပ်လပ် စိတ်ကူးယဉ်နေခဲ့သည်။ သူမ၏ အနာဂတ်အစီအစဉ်တွင် သူ ပါ၀င်ကြောင်းကို ကြားသောအခါ ရှန်းယောင် ပြုံးလိုက်မိသည်။
"ကောင်းတာပေါ့။"
"ချင်မင်ဟုန်က မနက်ဖြန်ကျရင် စီရင်စုမြို့တော်ကို ပြန်ဖို့စီစဉ်ထားတယ်လို့ ကိုယ့်ကိုပြောတယ်" ရှန်းယောင်က သူမကို ရင်ခွင်ထဲ ပွေ့ဖက်ထားရင်း တိုးတိုးလေး ပြောပြလိုက်သည်။
"ဒါ့အပြင် ကိုယ်သူ့ကို စာရင်းစာအုပ်ကိုလည်း ပေးလိုက်တယ်။"
"မနက်ဖြန်ကျရင် ကျွန်မတို့မိဘတွေနဲ့အတူတူ ထျန်ကျားရွာကို လိုက်သွားကြမယ်လေ" ကျီကျောက်သည် သူ့လက်နှစ်ဖက်ကို တင်းတင်းဖက်တွယ်ထားပြီ သူမ၏ မျက်လုံးတွေကို ညင်သာစွာ မှိတ်ထားလိုက်သည်။
"ဒီရက်ပိုင်းမှာ ရုန်းရင်းဆန်ခက်ဖြစ်မှာတွေ ရှိလောက်တယ်။"
"ဖုန်ယွဲ့အပျော်ဂေဟာနဲ့ ပတ်သက်ပြီး သတင်းတွေရှိသေးလား။"
"မရှိသေးဘူး" ရှန်းယောင်က ခေါင်းခါလိုက်သည်။ "ဒါပေမဲ့ ဒီမွန်းလွဲပိုင်းမှာတော့ အကိုကြီးနဲ့ ကိုယ်တို့ ဟိုးအရင်က လိမ်လည်ဟောခဲ့တဲ့ တာအိုဘုန်းတော်ကြီးနဲ့ တွေ့ခဲ့တယ်။ ဒါကြောင့် မနက်ဖြန် ထျန်ကျားရွာကို ကိုယ်တို့ပါ အတူတူ လိုက်ခဲ့မယ်။"
နောက်နေ့မနက်မှာ ရာသီဥတုက ကြည်လင်ပြီ နေသာတယ်။
ဒါပေမဲ့ ရထားပေါ်မှာ ထိုင်နေတဲ့ ကျောက်လန်ဟွာကတော့ မှုန်ကုတ်ကုတ်ဖြစ်နေခဲ့သည်။
ယနေ့ နံနက်တွင် သူမကို တစ်ချိန်တုန်းက သူမ၏ ကံကြမ္မာကို ဖတ်ရူဘူးသော တာအိုဘုန်းကြီးနဲ့ တွေ့ဆုံခဲ့သည်။
အာ့ထောင်ရဲ့ မှန်းဆချက်က မှန်ကန်သွားပေသည်။ ထျန်ရှို့အယ်သည် တာအိုဘုန်းတော်ကြီးအား လာဘ်ထိုးပြီး ထျန်ကွမ်းရှန့်၏ ရှေ့တွင် မဟုတ်မမှန်သော စကားများကို ပြောစေခဲ့သူဖြစ်သည်။ ထို့ကြောင့် ထျန်ကွမ်းရှန့်သည် သူ၏ တစ်ဦးတည်းသော သမီးဖြစ်သူအား ပုလိပ်နတ်ဘုရားကို ထျန်ကျားရွာမှာ နှင်ထုတ်လိုက်သကဲ့သို့ ထုတ်ပါယ်ခဲ့ပြီး သူမ၏ မျိုးရိုးအမည်ကိုပင် ပြောင်းလဲစေခဲ့သည်။
ကျောက်လန်ဟွာသည် ထျန်ကွမ်းရှန့်၏ တစ်ဦးတည်းသော သမီး ဖြစ်သည်။ ထျန်တာ့ကျွမ်းနှင့် ထျန်ရှောင်ထုန်တို့သည် ထျန်ကွမ်းရှန့်၏ သားအရင်းများ မဟုတ်ပေ။ တစ်နည်းအားဖြင့် ထျန်ကွမ်းရှန့်သည် တစ်ပါးသူ၏ သားများကို နှစ်ပေါင်းများစွာ ကူညီပြီး ပျိူးထောင်ပေးဖို့ ကြိုးစားအားထုတ်ခဲ့ရခြင်းပင် ဖြစ်သည်။
"လန်ဟွာ" ရှန်းတာ့ရှန်သည် သူမ မျက်မှောင်ကြုတ်ပြီး တိတ်ဆိတ်နေသည်ကို မြင်သောအခါ အလွန်စိတ်မကောင်းဖြစ်မိသည်။ သူက ကျောက်လန်ဟွာ၏ လက်ကို အမြန်ဆုပ်ကိုင်ကာ တိုးတိုးလေး နှစ်သိမ့်ပေးသည်။ "လန်ဟွာ ဒါကို သိပ်မတွေးနဲ့။ ကောင်းကင်ဘုံမှာ မျက်စိရှိတယ်။ အဲ့ဒီ လူဆိုးတွေက သေချာပေါက် လက်စားချေတာကို ခံစားရလိမ့်မယ်။"
ကျောက်လန်ဟွာက အားတင်းပြီး ပြုံးပြလိုက်သော်လည်း ထိုအပြုံးသည် ခါးသီးပြီး ၀မ်းနည်းပူဆွေးမှု စွတ်ဖက်နေသည်။
“ကျွန်မ ငယ်ငယ်တုန်းကတော့ တကယ့်ကို ကောင်းချီးခံစားခဲ့ရတယ်။" ကျောက်လန်ဟွာက သက်ပြင်းမော ချလိုက်မိသည်။ "ထျန်ကျားရွာမှာရှိတဲ့ အိမ်ထောင်စုတွေက မိန်းကလေးတွေထက် ယောက်ကျာ်းလေးတွေကို ပိုပြီး တန်ဖိုးထားကြတယ်။ အဲ့ဒီက ဦးလေးတွေနဲ့ အဒေါ်တွေက သမီးမိန်းကလေးတွေရဲ့ ဘ၀က ဈေးပေါတယ်လို့ ထင်ကြတယ်။ သူတို့ ပြုစုစောင့်ရှောက်ပြီး ကြီးပြင်းလာအောင် ပျိူးထောင်ခဲ့ရတဲ့ သမီးတွေဟာ အနာဂတ်မှာ တစ်ခြားလူတွေအတွက် အလုပ်လုပ်ပေးရမှာဖြစ်လို့ သူတို့အမြင်မှာ သမီးတွေက အသုံးမ၀င်ဘူး။"
"ဒါပေမဲ့ အဲ့စကားကို အဖေက သဘောမတူခဲ့ဘူး။"
"သူက လူတိုင်းရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး ကျွန်မကို သူ့အနားမှာ ခေါ်ထားခဲ့တယ်။ သူက ကျွန်မကို အရမ်းချစ်တယ်။ အဲ့ဒီတာအိုဘုန်းကြီးအတု ပေါ်လာပြီးတော့ ကျွန်မမှာ ကံကြမ္မာဆိုးရှိတယ်၊ ဒါက မိသားစုတွေအတွက် အန္တရာယ်ဖြစ်စေလိမ့်မယ်လို့ ဟောခဲ့တယ်။" ကျောက်လန်ဟွာက ခါးသီးသော အပြုံးဖြင့် ဆက်ပြောခဲ့သည်။ "အဲဒီအကြောင်းကြောင့် ကျွန်မအဖေက ကျွန်မကို သဘောမကျတော့ဘူး။"
အထူးသဖြင့် ထျန်ရှို့အယ်သည် တာ့ကျွမ်းကို အောင်မြင်စွာ မွေးဖွားခဲ့ပြီးနောက် ထျန်ကွမ်းရှန့်သည် သူမအား ကြည့်သော အကြည့်များမှ ပို၍ပင် ရူပ်ထွေးလာခဲ့သည်။
ကျောက်လန်ဟွာက သူမ မငိုဘူးဟုထင်ခဲ့ပေမဲ့ သူမ၏ မျက်ရည်တွေက ရေလျှံကျသလို ထွက်ကျလာခဲ့သည်။
" အမေ စိတ်မကောင်းမဖြစ်ပါနဲ့" ကျီကျောက်သည် လက်ကိုင်ပုဝါကို အမြန်ထုတ်ကာ ကျောက်လန်ဟွာ၏ ပါးပြင်က မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။ "ဒီလူဆိုးတွေက သေချာပေါက် ဝဋ်ပြန်လည်လိမ့်မယ်။"
ထိုအချိန် ထျန်ကျားရွာတွင်။
ထျန်ကွမ်းရှန့်သည် လှပစွာ ၀တ်စားဆင်ယဉ်ထားသော ထျန်ရှို့အယ်ကို ကြည့်ကာ မကျေမနပ် မျက်မှောင်ကြုတ်လိုက်သည်။
"ဒီနေ့က ကြီးကျယ်တဲ့ နေ့ မဟုတ်ဘူး။ ဘာဖြစ်လို့ ဒီလောက် သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ထားရတာလဲ။"
"ကျွန်မ ကြည့်လို့ မကောင်းဘူးလား" ထျန်ရှို့အယ်သည် သူ၏ ဒေါသအသံကို မကြားချင်ယောင်ဆောင်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။ "ဒါက ကြည့်ကောင်းတယ်လို့ ကျွန်မထင်တယ်။ ကျွန်မက အနီရောင်နဲ့ အလှဆုံးလို့ လူတွေအားလုံး ပြောကြတယ်။"
"အခုချက်ချင်း ပြန်ချွတ်လိုက်စမ်း“ထျန်ကွမ်းရှန့်က ဒေါသတကြီး စားပွဲကို စောင့်ရိုက်ကာ အော်ဟစ်လိုက်သည်။
ထျန်ကွမ်းရှန့်သည် ဒေါသတကြီး ပြေးလာပြီး သူမ၏ ဆံပင်တွေကို ဆွဲယူကာ သူမကို ကုတင်ပေါ်သို့ လှဲချပြီး ကြမ်းတမ်းစွာ အနိုင်ကျင့်လိုက်သည်။
ဒါပေမဲ့ သူ့မှာ အဲ့ဒီလို လုပ်ဆောင်နိုင်တဲ့ အရည်အချင်း မရှိတာက သနားစရာပဲ။
ထျန်ရှို့အယ်၏ မျက်လုံးထဲရှိ မျှော်လင့်ချက်များသည် တဖြည်းဖြည်း မကျေနပ်မူများအဖြစ်သို့ ပြောင်းလဲသွားပြီ သူမသည် ဒေါသတကြီးဖြင့် သူ့ကို တွန်းထုတ်လိုက်သည်။
"ကျွန်မရှင့်ကို ဟိုးအရင်ကတည်းက ပြောခဲ့တယ်။ ရှင်က မစွမ်းဆောင်နိုင်ဘူး။"
"အစ်ကိုကွမ်းရှန့် ကျွန်မက ခင်ပွန်းနဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ မိန်းမကောင်းတစ်ယောက် မဖြစ်ချင်ဘူးလို့ ရှင်ထင်နေတာလား။ ဒါပေမဲ့ ကျွန်မရဲ့ အခြေခံအကျဆုံး တောင်းဆိုချက်တွေကိုတောင် ရှင်က ကျေနပ်အောင် မလုပ်ပေးနိုင်ဘူး။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်မလည်း ဘာမှ မတက်နိုင်တော့ဘူး။"
ထျန်ရှို့အယ်သည် သူမရဲ့ အ၀တ်အစားတွေကို သေသပ်အောင် ပြန်လည်ပြင်ဆင်ပြီး ရူပ်ပွသွားတဲ့ ဆံပင်တွေကို သပ်ရပ်အောင် ဖြီးသင်လိုက်သည်။ သူမက မထွက်သွားခင်မှာ "ကျွန်မ မနက်စာ အသင့်ချက်ပြီးသား မီးဖိုချောင်ထဲမှာ ပြင်ထားခဲ့တယ်။ ခဏနေကျရင် သွားစားလိုက်။ ကျွန်မ နေ့လည်စာ စားတဲ့အချိန်ကျရင် ပြန်လာခဲ့မယ်။" ဟု ပြောသွားခဲ့သည်။
ထျန်ကွမ်းရှန့်သည် ကုတင်ပေါ်တွင် လှဲလှောင်းနေရင်း သူ့မျက်လုံးများကို ခပ်ဖြည်းဖြည်း မှိတ်ထားလိုက်မိသည်။
ထျန်ကွမ်းရှန့်သည် အသက်ရှုသံပြင်းပြင်း ရှုရှိုက်ရင်း သူ့ရင်ထဲမှာ အရမ်း၀မ်းနည်းနေသလို ခံစားရပေသည်။
ကျောက်လန်ဟွာတို့အုပ်စု ထျန်မိသားစုအိမ်ကို ရောက်သည့်အခါမှာတော့ အရက်နံပြင်းပြင်းကို အနံ့ခံလိုက်ရသည်။
ထျန်ကွမ်းရှန့်သည် ပင်မခန်းထဲတွင် တစ်ယောက်တည်း အရက်သောက်နေသည်။ ဆေးသုတ်ထားသော လေးထောင့်စားပွဲပေါ်တွင် မြေပဲပန်းကန်ပြားနှင့် ဝိုင်အိုးအချိူ့သာ ရှိတော့သည်။
ဒီမြင်ကွင်းကိုမြင်တော့ ကျောက်လန်ဟွာဟာ အလွန် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။
"အဖေ"
"လန်ဟွာ" ထျန်ကွမ်းရှန့်သည် သူ၏ နီရဲနေသော မျက်လုံးများကို ပွတ်သပ်လိုက်ရာ ကျောက်လန်ဟွာကို မြင်လိုက်ရသည်။ “နင် ပြန်လာပြီလား။ ဝိုင်ပါလာလား။"
"အဖေ၊ မနက်စောစော သောက်တာက အဖေရဲ့ ကျမ်းမာရေးကို ထိခိုက်စေလိမ့်မယ်" ကျောက်လန်ဟွာသည် သက်ပြင်းချကာ ကူကယ်ရာမဲ့စွာဖြင့် တိုးတိုးလေး အကြံပေးသည်။
“စိတ်မပူပါနဲ့၊ မင်းအဖေက အများကြီး သောက်နိုင်တယ်" ထျန်ကွမ်းရှန့်သည် ရုတ်တရက် ရှိုက်ကြီးတငင် ရီမောလိုက်သည်။ "သမီးလေး နင် ဘာဖြစ်လို့ ငါနဲ့အတူ တစ်ခွက်လောက် မသောက်တာလဲ။"
"ထျန်ရှို့အယ် ဘယ်မှာလဲ" ကျောက်လန်ဟွာသည် အိမ်တွင် အခြား မည်သူမှ မရှိသည်ကို သူမ တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားသည်။ "နှစ်သစ်ကူးမှာ သူက ဘယ်ကိုသွားတာလဲ။ အဖေ သူ့ကို ဘာဖြစ်လို့ မတားတာလဲ။"
နင်...။
ထျန်ကွမ်းရှန့်သည် ဒေါသတကြီးဖြင့် ဝိုင်ပုလင်းကို ပေါက်ခွဲလိုက်သည်။
"ပါးစပ်ပိတ်ထား၊ နင် စကားမပြောတက်ရင် စကားမပြောနဲ့။"
"နင်...၊ နင် ဘာဖြစ်လို့ အဲ့ခွေးမနာမည်ကို ပြောရတာလဲ"ထျန်ကွမ်းရှန့်သည် အလွန်ဒေါသထွက်သွားသည်။ "နင် ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ။ နင့်မျက်လုံးထဲမှာ ငါ့ကို ရှိနေသေးတယ်လို့ သတ်မှတ်ထားရဲ့လား ဒါမှမဟုတ် နင်က နင့်အဖေကို လှောင်ပြောင်ရယ်မောဖို့ ဒီကို ရောက်လာတာလား။"
တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ ရှန်းတာ့ရှန်ကတော့ ဆက်ပြီး ကြည့်မနေနိုင်တော့ဘူး။ သူက ဒေါသတကြီး အိမ်ထဲသို့ ၀င်လာကာ ထျန်ကွမ်းရှန့်ကို လက်ညိုးငေါက်ငေါက်ထိုးပြီး ကြိမ်းမောင်းလိုက်သည်။ “အိမ်ထောင်ကျပြီးတဲ့သမီးက သွန်ပစ်လိုက်တဲ့ရေနဲ့ တူတယ်။ လန်ဟွာက ကျူပ်ရှန်းတာ့ရှန်ရဲ့ ဇနီး ဖြစ်နေပြီ။ ခင်ဗျားမှာ သူ့ကို ဆူပူကြိမ်းမောင်းဖို့ ဘာအရည်အချင်းရှိလို့လဲ။"
"ဒါ့အပြင် ယောက္ခထီး ခင်ဗျား စိတ်ဆိုးနေရင်တောင် ခင်ဗျားဒေါသကို ထျန်ရှို့အယ်အပေါ်မှာ ဘာဖြစ်လို့ မပုံချတာလဲ။ ထျန်ရှို့အယ်ကို ဘာဖြစ်လို့ မပြောရဲတာလဲ။ ကျူပ်မိန်းမ လန်ဟွာက စိတ်ထားနူးညံ့တော့ ခင်ဗျားက အနိုင်ကျင့်ဖို့ လွယ်ကူတယ်လို့ ထင်နေတာလား။ ပြတ်ပြတ်သားသားပြောရရင် ကျူပ်မိန်းမ ဒီနေ့ ဒီလိုဖြစ်နေရတဲ့ အကြောင်းအရင်းက ခင်ဗျားကြောင့်ပဲ။"
"ခွေးကောင်" ရှန်းတာ့ရှန်၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီးနောက် ထျန်ကွမ်းရှန့်ဟာ သတိပြန်လည်လာခဲ့သည်။ "မင်း လူကြီးတွေကို ဘယ်လိုဝေဖန်ရဲတာလဲ။ မင်းမျက်လုံးထဲမှာ ငါဆိုတဲ့ယောက္ခထီး ရှိနေသေးရဲ့လား။"
“ခင်ဗျား သူများတွေ လေးစားတာ ခံချင်ရင် အခြားသူတွေကို လေးစားတက်ဖို့ အရင်ဆုံး သင်ယူလိုက်ဦး။" ကျီကျောက်က ၀င်ပြောလိုက်သည်။ "အဘိုး ဒီတစ်လျှောက်လုံး အမေ့အပေါ်မှာ အပြစ်ရှိတယ်လို့ မခံစားရဘူးလား။ တာအိုဘုန်းကြီးအတုအယောင်ရဲ့ စကားကို နားယောင်ပြီး အဘိုးရဲ့ ချစ်သမီးကို အိမ်ကနေ မောင်းထုတ်ခဲ့တယ်။ တစ်စုံတစ်ယောက်ရဲ့ သားကိုကျ ကူညီပြီး ပြုစုပျိူးထောင်ပေးခဲ့တာ အဘိုး နောင်တမရဘူးလား။"
"ထျန်းရှို့အယ်နဲ့ သူ့ကလေးနှစ်ယောက်က အဘိုးအပေါ် တကယ်ကောင်းပေးလိမ့်မယ်လို့ အဘိုး တကယ် ထင်နေတာလား။"
"ဒီနှစ်တစ်လျှောက်လုံး သူတို့သုံးယောက်စလုံးက ကပ်ပါးကောင်တွေလို ရှင်သန်ဖို့ အဘိုးကိုပဲ အားကိုးလာကြတာ။ ဒါပေမဲ့ အဘိုးကရော။ အဘိုး သူတို့ရဲ့ လုပ်ရပ်ကို မျက်မြင်ကိုယ်တွေ့ တွေ့ပြီးတာကိုတောင် မျက်စိမှိတ်ထားဖို့ကိုပဲ ရွေးချယ်မှာမို့လား။"
***