အဖေ သမီး အဖေ့ကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဘူး
Vol. 15 Ch. 242
ကျီကျောက်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သည်။
"အာ့ယောင် ရှင်ဘာဖြစ်လို့ ဒီလိုပြောတာလဲ"
"အဖိုး မူးမလဲသွားဘူးဆိုရင် ထျန်ရှို့အယ်က သူ့ကို ဆေးခတ်နေတာကို ဘယ်တော့မှ သိမှာမဟုတ်ဘူး။ ဆေးအားလုံးက အဆိပ်ပြင်းတယ်။ နောက်ပြီး အဘိုးက အသက်ခြောက်ဆယ်ကျော်နေပြီ။ ထန်ရှို့အယ်က အဲဒီ ဆေးပမာဏကို တိတ်တဆိတ် တိုးလိုက်မယ်ဆိုရင် အဘိုး တစ်ခုခု ဖြစ်သွားနိုင်တယ်မလား။"
"ရှင်ပြောတာ... ပိုပြီး အဓိပ္ပါယ်ရှိပုံရတယ်။"
ကျီကျောက်သည် ထိုအကြောင်းကို အလေးအနက် တွေးပြီး ရှန်းယောင်၏ ပြောစကားများသည် အဓိပ္ပာယ် ရှိနေသည်ဟု သူမ ခံစားရသည်။
"ဒါ့ကြောင့် မင်း ကိုယ့်ကိုယ်ကို အပြစ်ပြောစရာမလိုဘူး"
ရှန်းယောင်က ပြုံးပြံး သူမ၏ ပါးပြင်ကို နမ်းရှိုက်လိုက်သည်။
"ခဏနေကျရင် ကိုယ်တို့ အိမ်ပြန်ကြမယ်။"
"အဘိုးကိုရော ဘယ်လိုလုပ်မလဲ။"
"အဖေနဲ့ အမေ ရှိနေတာနဲ့တင် လုံလောက်ပြီ။ ထပ်ပြီး မလိုအပ်တော့ဘူး၊ လုံလောက်ပြီ။ ဒါ့အပြင်.."
ရှန်းယောင်သည် နားနားကပ်ပြီး တိုးတိုးလေး ပြောတာကို ကြားတော့ ကျီကျောက်သည် အံ့အားသင့်သွားသည်။ ထို့နောက် ကျီကျောက်သည် ရှန်းယောင်ကို စိတ်ရင်းမှန်ဖြင့် လက်မထောင်ပြလိုက်သည်။
"ရှန်းယောင် ရှင်က အရမ်းတော်လွန်းတယ်။"
တစ်ဖက်တွင်မူ ထျန်ချင်းနှင့် လိင်ဆက်ဆံနေသော ထျန်ရှို့အယ်သည် စိတ်မသက်မသာ ခံစားခဲ့ရသည်။
သူမ ခဏလောက် စဥ်းစားလိုက်ပြီး အံတင်းတင်းကြိတ်ကာ ထျန်ချင်းကို တွန်းထုတ်လိုက်သည်။ သူမ အဝတ်အစားများကို ကောက်ကိုင်လိုက်ချိန်မှာပင်...
ဒုန်း...။
တံခါးကို ရုတ်တရက် တွန်းဖွင့်ခြင်း ခံလိုက်ရသည်။
အရပ်မြင့်မြင့်နှင့် သန်မာသော ယာမန်အရာရှိ လေးဦးသည် တင်းမာသော မျက်နှာထားများဖြင့် အေးစက်စွာ "အမျိုးသမီးထျန်း" ဟု အော်ဟစ်လိုက်သည်။
ဤမြင်ကွင်းသည် ရုတ်တရက် ဖြစ်သွားသောကြောင့် ထျန်ရှို့အယ်က သတိမထားမိလိုက်ပေ။
ပို၍ အရေးကြီးသည်မှာ ထျန်ကျားရွာမှ အမျိုးသား အမျိုးသမီးများနှင့် လူငယ်အများအပြားသည် ယာမန်အပြေးသမားအဖွဲ့၏ နောက်တွင် ရပ်နေကြသည်။
အဲဒီအထဲမှာ သူမ၏ သားနှစ်ယောက်ဖြစ်တဲ့ ထျန်ရှောင်ထုန်နှင့် ထျန်တာ့ကျွမ်းတို့ကို မြင်လိုက်ရသည်။
“အမေ” ထျန်ရှောင်ထုန်က တင်းမာနေသော မျက်နှာထားဖြင့် သတိကြီးကြီး လှမ်းခေါ်လိုက်သည်။ “ဘာဖြစ်လို့…ဒီကို ရောက်နေတာလဲ။”
“ဘယ်လောက်တောင် အရှက်ကင်းမဲ့လိုက်တာလဲ။”
“ဝိုး…ထျန်ရှို့အယ်။ သူကဖြင့် အဘွားကြီးဖြစ်နေပြီ။ ဒါပေမယ့် ရွာက သန်မာတဲ့ လူငယ်လူရွယ်တွေနဲ့ ပရောပရည်တွေ လုပ်နေတုန်းပဲ။”
“အရှက်မရှိလိုက်တာ”
“ဒီလို အကျင့်ပျက်တဲ့ မိန်းမမျိုး ဘယ်လိုရှိနေရတာလဲ။”
ရွာသားများ၏ ကျိန်ဆဲမှုများသည် အဆုံးမရှိခဲ့ပေ။
ရွာသားများ၏ ကျိန်ဆဲမှုတိုင်းက တံတွေးတစ်စသာ ဖြစ်လျှင် ထျန်ရှို့အယ်သည် ယခုအချိန်တွင် တံတွေးအောက်မှာ နစ်မြုပ်သွားပေလိမ့်မည်။
“ရွာလူကြီး ကျွန်ုပ်တို့ ထျန်ကျားရွာရဲ့ ဂုဏ်သတင်းကို ဒီလို အကျင့်ပျက်တဲ့ မိန်းမကြောင့် ပျက်စီးသွားစေလို့ မဖြစ်ဘူး။”
“ရွာလူကြီး ထျန်ရှို့အယ်က ဒီလို အရှက်မဲ့တဲ့ လုပ်ရက်ကို လုပ်ခဲ့တာ သူမကို ဝက်လှောင်အိမ်ထဲ ထည့်ပိတ်ပြီး မြစ်ထဲ ပစ်ချဖို့ အကြံပေးတယ်။”
“သူမက အိမ်ထောင်သည် အမျိုးသမီးဖြစ်နေတုန်းပဲ။ သူက အစ်ကိုကွမ်းရှန့်အပေါ် ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရက်ရတာလဲ။”
“သူမကို ဝက်လှောင်အိမ်ထဲမှာ နှစ်မြှုပ်လိုက်တာဟာ သူ့အတွက် အရမ်းကို ပေါ့လျော့လွန်းရာ မရောက်ဘူးလား။”
ထျန်ရှို့အယ်က သူ့အဝတ်အစားတွေကို အမြန်ဝတ်ဆင်လိုက်သည်။ “အားလုံး ပါးစပ်ပိတ်ထား။ ငါ ထျန်ချင်းဆီကနေ အနှိပ်ခံဖို့ ခုမှ ရောက်လာတာ။ နင်တို့တွေ ဘာတွေ တွေးနေတာလဲ။ နင်တို့က ညစ်ပတ်တဲ့ လူတွေပဲ။”
“ဘာ…”
ထျန်ရှို့အယ်သည် ခါးကို လက်ထောက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ “နင်တို့ အားလုံး ဒီက ထွက်သွားကြ…”
ရွှိ…။
အစိုးရယာမန်အပြေးသားတစ်ယောက်သည် သူ့ခါးမှ ဓားကို တိုက်ရိုက်ထုတ်ပြီး ထျန်ရှို့အယ်ရဲ့ လည်ပင်းပေါ် တင်လိုက်သည်။
“ပါးစပ်ပိတ်ထား”
မူလက စကားတပြောပြောနဲ့ ပြောနေတဲ့သူတွေ ရုတ်တရက် ငြိမ်သက်သွားသည်။
ရန်လိုနေသော ထျန်ရှို့အယ်သည်ပင် သူမ၏ လေသံက တိုးလျသွားစေခဲ့သည်။
ထျန်ရှို့အယ်သည် ကြောက်လန့်တကြားဖြင့် လည်ပင်းကို ငုံ့ကာ ယာမန်အပြေးသမားကို မကျေနပ်ချက်ဖြင့် ကြည့်ကာ “အရှင် ဘာဖြစ်နေတာလဲ” ဟု သတိကြီးစွာ မေးလိုက်သည်။
“မင်း ဘာလုပ်ခဲ့တယ်ဆိုတာကို မင်း ကိုယ်တိုင်တောင် မသိဘူးလား။”
“ငါတို့နဲ့ လိုက်ခဲ့ချေ”
ယာမန်အပြေးသမားများသည် ထျန်ရှို့အယ်ကို တိုက်ရိုက်ခေါ်ဆောင်သွားသည်ကို မြင်သော ထျန်ကျားရွာရှိ လူများကလည်း သိချင်နေကြသည်။
“ထျန်ရှို့အယ်က ဥပဒေကို ချိုးဖောက်ခဲ့တာလား။”
“ဖောက်ပြန်တာက ဥပဒေနဲ့ ငြိစွန်းတာလား။”
“သူမ တခြား ဘာလုပ်ခဲ့သေးတာလဲ မသိဘူး။”
“မသိဘူးလေ၊ ငါတို့ လိုက်ကြည့်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ။”
ယာမန်အပြေးအဖွဲ့နောက်သို့ လိုက်ပါလာသော ရဲရင့်သော ရွာသားအချို့ရှိကာ အဆိုပါ အပြေးသမားများသည် ၎င်းတို့ကို မတားမြစ်ဘဲ လူအများကို ထျန်ကွမ်းရှန့်၏ နေအိမ်သို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။
ထိုအချိန်တွင် ထျန်ကွမ်းရှန့်သည် နိုးနေပြီ ဖြစ်သည်။
ထျန်ကွမ်းရှန့်သည် သူ့ကို စောင့်ရှောက်ပေးနေသော ကျောက်လန်ဟွာကို မသိစိတ်မှ စူးစိုက်ကြည့်ကာ စိတ်ခံစားချက်များ ရောထွေးနေသည်။
“လန်ဟွာ…”
“အဖေ” ကျောက်လန်ဟွာ၏ မျက်လုံးတွေက နီမြန်းနေပြီး “အဆင်ပြေရဲ့လား” ဟု အသံတိုးတိုးဖြင့် မေးလိုက်သည်။
“လန်ဟွာ…”
“အဖေ… တောင်းပန်ပါတယ်” ထျန်ကွမ်းရှန့်သည် စိတ်နှလုံးထိခိုက်စွာဖြင့် သူ့မျက်လုံးများကို မှိတ်လိုက်မိပြီး သူ့မျက်လုံးထဲက မျက်ရည်တွေ ချက်ချင်းဆိုသလို စီးကျသွားခဲ့သည်။ “သမားတော် ပြောတာကို ငါ ကြားတယ်။ ငါ… တောင်းပန်ပါတယ်…လန်ဟွာ နင့်စိတ်ထဲမှာ နင့်အဖေကို မုန်းနေပြီလား။”
ကျောက်လန်ဟွာက ခေါင်းကို အမြန်ခါလိုက်သည်။ “အဖေ သမီး အဖေ့ကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဘူး။”
ငယ်ငယ်လေးကတည်းက မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပေမယ့် အဖေက သူမကို အရမ်းအလိုလိုက်ပေးခဲ့သည်။
သူမ မျိုးရိုးအမည်ပြောင်းပြီး လက်ထပ်ဖို့ အတင်းအကြပ်ခိုင်းစေခံခဲ့ရပေမယ့် သူမ ဘယ်တော့မှ မကျေမနပ် မဖြစ်ခဲ့ဘူး။
“အဖေ အရမ်းမိုက်မဲမိတယ်” ထျန်ကွမ်းရှန့်က ပိုပိုပြီး စိတ်မသက်မသာ ခံစားခဲ့ရသည်။ “အဖေ အရမ်းမိုက်မဲတာ မဟုတ်ရင် သမီး ဒီလောက် ဒုက္ခရောက်မှာ မဟုတ်ဘူး…။”
မွန်းတည့်ချိန်တွင် တိမ်မည်းများ၏ နောက်ကွယ်တွင် ပုန်းအောင်းနေသော ပူနွေးတဲ့ နေရောင်ခြည်သည် တစ်ဝက်မျှ ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။
ခဏအကြာတွင် ပူနွေးသော နေရောင်ခြည်သည် ကမ္ဘာမြေကြီးတစ်ခုလုံးကို လင်းလက်တောက်ပစေခဲ့သည်။
အအေးဒဏ်ကိုပင် လျော့ပါးသွားစေခဲ့သည်။
မကြာခင်မှာပင် ယာမန်အပြေးသမားတွေက ထျန်ရှို့အယ်ကို ထျန်မိသားစုအိမ်သို့ ခေါ်ဆောင်ရင်း ရောက်ရှိလာခဲ့ကြသည်။
ထျန်ရှို့အယ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ထျန်ကွမ်းရှန့်ထံသို့ ပြေးသွားပြီး မျက်လုံးများ နီမြန်းနေသည်။
“အစ်ကိုကွမ်းရှန့် ရှင် ကျွန်မကို ကူညီရမယ်နော် ဝူးဝူး…”
“ငါ မသေသေးဘူး။ ငိုမနေနဲ့။” ထျန်ကွမ်းရှန့်သည် သူမ၏ လက်မောင်းကို ဖယ်ထုတ်ပြီး သူ့အကြည့်တွေက ပို၍ပင် အေးစက်လာခဲ့သည်။
“အစ်ကိုကွမ်းရှန့် ရှင် ဘာတွေ ပြောနေတာလဲ” ထျန်ရှို့အယ်က စိုးရိမ်တကြီးဖြင့် သူမ၏ မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပြီး “ရှင် ဒီစကားကို မြန်မြန်ရှင်းပြ၊ ကျွန်မ လူတွေကို ဒုက္ခပေးတယ်လို့ ပြောပေမယ့် ကျွန်မ ဘယ်သူ့ကိုမှ မထိခိုက်စေဖူးဘူး…” ဟု ပြောလိုက်သည်။
ထျန်ရှို့အယ်သည် ဒီအကြောင်းကို ပိုတွေးလေလေ တစ်ခုခု မူမမှန်ဘူးဟု ခံစားမိလေလေ ဖြစ်ခဲ့သည်။
နှစ်သစ်ကူးနေ့ကြီးမှာတောင် ဒီအရာရှိတွေက အိမ်မှာ အနားယူမနေသင့်ဘူးလား။
တစ်ယောက်ယောက်က သူမကို ဒုက္ခပေးဖို့ ကြံစည်နေတာလား။
“ကျောက်လန်ဟွာ ဒါ နင့်လက်ချက်ပဲ မဟုတ်လား” ထျန်ရှို့အယ်သည် ရုတ်တရက် အကြံတစ်ခုရပြီး ကျောက်လန်ဟွာကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကျိန်ဆဲလိုက်သည်။ “နင် ငါ့ကို တမင်ဒုက္ခပေးချင်တာမလား။”
ထျန်ရှို့အယ်က အမြန်ပြေးပြီး ကျောက်လန်ဟွာ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
“ရပ်လိုက်စမ်း” အလွန်ဒေါသထွက်နေသော ကျီကျောက်သည် ထျန်ရှို့အယ်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ကျောက်လန်ဟွာကို အလျင်အမြန် ဆွဲထုတ်လိုက်တာကြောင့် ထျန်ရှို့အယ်သည် ဟန်ချက်ပျက်သွားပြီး မြေကြီးပေါ်သို့ ခွေးကျ,ကျသွားခဲ့သည်။
“ထျန်ရှို့အယ် ရှင် ဘာတွေ လုပ်ထားတယ်ဆိုတာကို ရှင်ကိုယ်တိုင်တောင် မသိဘူးလား” ကျီကျောက်က လှောင်ပြောင်လိုက်သည်။ “ရှင် ဘာလုပ်တယ်ဆိုတာကို ဘုရားက စောင့်ကြည့်နေတယ်နော်။”
“ကောင်မစုတ်လေး နင် ဒီမှာ ဝင်ပြောခွင့် မရှိဘူး။ ဒီကနေ ထွက်သွားလိုက်။”
ယခုအချိန်တွင် ထျန်ရှို့အယ်သည် ခွေးရူးကဲ့သို့ ဖြစ်နေပြီး မြင်မြင်ရာကို လိုက်ကိုက်နေခဲ့သည်။
“ဖြန်း…” သူ့ရှေ့က ရယ်စရာကောင်းတဲ့ မြင်ကွင်းကို ကြည့်ပြီး ထျန်ကွမ်းရှန့်က ဆက်ကြည့်မနေနိုင်တော့ဘူး။ သူ့လက်ကို မြှောက်ပြီး ထျန်ရှို့အယ်၏ မျက်နှာကို ကျယ်လောင်စွာ ဖြတ်ရိုက်လိုက်သည်။
ထျန်ကွမ်းရှန့်နှင့် လက်ထပ်ပြီးကတည်းက ထျန်ရှို့အယ်ဟာ ဘယ်တုန်းကမှ အရိုက်မခံခဲ့ရဖူးဘူး။
တစ်ခါတစ်ရံတွင် သူမသည်သာ အကြမ်းဖက်မှုကို လုပ်ဆောင်သူဖြစ်သည်။
ယခုမူကား…
“ရှင် ကျွန်မကို ရိုက်လိုက်တာလား။” ထျန်ရှို့အယ်က သူမ၏ ပါးပြင်ကို ဖုံးအုပ်ပြီး မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ “ထျန်ကွမ်းရှန့် ရှင် ကျွန်မကို တကယ်ရိုက်တာလား။ ရှင့်မှာ အသိတရားရှိသေးရဲ့လား။ ရှင် ကျွန်မကို လက်ထပ်တုန်းက ရှင် ပြောခဲ့တဲ့ စကားတွေကို မေ့သွားပြီလား။”
“ငါ မမေ့သေးဘူး” ထျန်ကွမ်းရှန့်က လှောင်ရယ်,ရယ်လိုက်သည်။ “ငါ ထျန်ကွမ်းရှန့် မင်းကို မေးပါဦးမယ်။ ထျန်ရှို့အယ် ငါ မင်းကို လက်ထပ်ပြီးကတည်းက ငါ မင်းကို ရတနာတစ်ခုလို ဆက်ဆံခဲ့တယ်။ ဒါပေမယ့် မင်း ဘာလုပ်ခဲ့လဲ။”
“ရှင်…ရှင် ဘာကို ဆိုလိုတာလဲ” ထျန်ရှို့အယ်သည် ကြောက်လန့်စိတ်ကြောင့် နှလုံးခုန်နှုန်း မြန်ဆန်သွားပြီး သူမ၏ အကြည့်များထဲတွင် အပြစ်ရှိစိတ်များ ထင်ရှားပေါ်လွင်နေခဲ့သည်။
***