အာ့ယောင်၊ ကျွန်မ ရှင့်ကို ချစ်တယ်။
Vol. 15 Ch. 233
"အစ်ကိုကြီး၊ ရှန်းကျီးအစာသွပ်မုန့်ဆိုင်ကို ချဲ့ထွင်ချင်နေတာလား" ရှန်းယောင်သည် ငါးတစ်ပိုင်းကို ကောက်ယူပြီး အရိုးထွင်ကာ ကျီကျောက်၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ရှန်းတာ့လန်ကို မော့ကြည့်ပြီး တိုးတိုးလေး မေးသည်။
"အင်း" ရှန်းတာ့လန်က ချက်ချင်း ခေါင်ညိတ်လိုက်သည်၊ "အရင်က ရှန်းကျီးအစာသွပ်မုန့်ဆိုင်က ဒေဝါလီခံရလုနီးပဲ။ အာ့ထောင်ရဲ့ အကူအညီကြောင့် ချင်မိသားစုနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။ နောက်ပြီး နို့ပူတင်းက အရမ်းရောင်းကောင်းတယ်။ ရှန်းကျီးအစာသွပ်မုန့်ဆိုင်ရဲ့ စီးပွားရေးက အခု ပိုကောင်းလာပြီ။"
"ရှန်းကျီးအစာသွပ်မုန့်ဆိုင်ကို ချဲ့ထွင်ဖို့ ဒီအရှိန်အဟုန်ကို အခွင့်ကောင်းယူချင်တယ်။ ဒါပေမယ့် အနောက်လမ်းမှာ သင့်တော်တဲ့ ဆိုင်တွေ မရှိဘူး။ အရှေ့လမ်းကလည်း သိပ်မဆိုးဘူး" ရှန်းတာ့လန်က လေးလေးနက်နက် ခွဲခြမ်းစိတ်ဖြာပြသည်။ "ဒါ့အပြင် အရှေ့လမ်းရဲ့ တည်နေရာက သဘာဝအတိုင်း ပိုကောင်းတယ်။ ဒါပေမယ့် ဆိုင်ခန်းငှားရမ်းခက နည်းနည်း ပိုဈေးကြီးတယ်။"
"ငှားတာထက် ဝယ်တာက ပိုကောင်းလိမ့်မယ်" ရှန်းတာ့လန်ပြောတာကို ဂရုတစိုက် နားထောင်နေတဲ့ ကျီကျောက်က သူမ၏ ထမင်းစားတူတွေကို အောက်ချလိုက်သည်၊ "အစ်ကိုကြီး၊ ဘာဖြစ်လို့ ဆိုင်ခန်းဝယ်ဖို့ မစဉ်းစားတာလဲ။"
"ကောင်တီမြို့ပေါ်က ဆိုင်တွေက အရမ်းစျေးကြီးတယ်။ အရှေ့လမ်းက ဆိုင်ခန်းတွေရဲ့ နောက်ကွယ်က သူဌေးက သခင်မကြီးမားလေ" ရှန်းတာ့လန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်၊ "ငါ့မှာ ဆန္ဒရှိရင်တောင် ဘာမှ မလုပ်နိုင်ဘူး။"
ပိုအရေးကြီးတာက သူ့မှာ ပိုက်ဆံအလုံအလောက်ရှိရင်တောင် အရှေ့လမ်းမှာ ရှိတဲ့ ဆိုင်တွေကို မဝယ်နိုင်ဘူး။
"ကောင်းပြီ၊ ကောင်းပြီ။ ထမင်းကို အေးအေးဆေးဆေး စားကြရအောင်။ အားလပ်ရက်ရဖို့ဆိုတာ ငါတို့အတွက် မလွယ်ကူဘူး။ စီးပွားရေးကိစ္စအတွက် စိုးရိမ်ပူပန်မနေနဲ့။" ကျောက်လန်ဟွာက စိတ်ဓာတ်ကျနေသောလေထုကို ခံစားမိတော့ ခပ်သွက်သွက် ဝင်ပြောလိုက်သည်။ "အဲဒီမှာ ရပ်မနေနဲ့။ မြန်မြန်လေး လာစားချေ။"
ညစာစားပြီးနောက် ရှန်းမိသားစုမှ အမျိုးသားများသည် ပန်းကန်များကို ဆေးကြောသန့်ရှင်းရေးလုပ်ကြသည်။
"ဒါက..." ကျီကျောက်သည် သူမရှေ့မှ မြင်ကွင်းကို မြင်တော့ အံ့အားသင့်သွားသည်။
"အမေ၊ သမီးတို့ ဘာဖြစ်လို့ ပန်းကန်မဆေးရတာလဲ။"
"အစ်မတို့ ရှန်းမိသားစုရဲ့ နှစ်သစ်ကူးကျင်းပတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တတိယ ခယ်မလေး မသိသေးဘူးပဲ။" ဒုတိယမရီးရှန်းက ရွှင်မြူးသွက်လက်စွာ ပြောလိုက်သည်။ "အကြီးဆုံးမရီး၊ ညီမတို့ အာ့ထောင်ကို ဒီအကြောင်း မြန်မြန်လေး ပြောပြလိုက်ကြမယ်လေ။"
အကြီးဆုံးမရီးရှန်းက ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။ "အာ့ထောင်၊ သူတို့အတွက် စိတ်မကောင်းမဖြစ်နဲ့။ နှစ်သစ်ကူးနဲ့ အားလပ်ရက်တွေမှာ အိမ်မှာရှိတဲ့ အမျိုးသားတွေက ပန်းကန်ဆေးရမယ်။ ဒါက ငါတို့အမေ ချမှတ်ထားတဲ့ စည်းကမ်းပဲ။"
ကျောက်လန်ဟွာသည် ပင်မခန်းထဲသို့ ကွာစေ့နှင့် မြေပဲပန်းကန်ကြီးတစ်ချပ်နှင့်အတူ စိတ်လှုပ်ရှားစွာ သယ်ဆောင်လာခဲ့သည်။ "အာ့ထောင်၊ လာစားကြည့်ဦး။ အမေ့ရဲ့ လက်ရာ အရသာငါးမျိုး မြေပဲလည်း ရှိတယ်။ လာမြည်းကြည့်ဦး။"
ကျီကျောက်သည် အရမ်းအိပ်ငိုက်လာမှ အနားယူရန် အခန်းသို့ ပြန်သွားရန် ပြင်ဆင်ချိန်မှာတော့ ညဉ့်ဦးအချိန်သို့ပင် ရောက်နေခဲ့ပြီ။
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အရပ်ရှည်တဲ့ အသွင်အပြင်တစ်ခုကို တွေ့လိုက်ရသည်။
ကျီကျောက်သည် သူမ၏ မျက်လုံးတွေကို မသိစိတ်က ပွတ်သပ်ပြီး တိတ်တိတ်လေး ရေရွတ်လိုက်သည်။ "ငါ အခန်းမှားပြီး ဝင်မိသွားတာများလား။"
"မဟုတ်ဘူး။"
ရှန်းယောင်သည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးကာ ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့သည်။
လေတိုက်လို့ တံခါးပိတ်သွားချိန်မှာ ကျီကျောက်က ထိတ်လန့်တကြား တံတွေးမျိုချလိုက်သည်။
"ရှင်... ရှင် ဘာဖြစ်လို့ ဒီလိုပုံစံမျိုး ဝတ်ထားတာလဲ။"
"ကြည့်မကောင်းဘူးလား။" ရှန်းယောင်က မျက်ခုံးပင့်ကာ သူမ၏ မေးခွန်းကို ဖြေမယ့်အစား ပြန်လည်မေးခွန်းထုတ်လိုက်သည်။
"မဟုတ်ဘူး။ အရမ်းကြည့်ကောင်းတယ်။" ကျီကျောက်သည် ခပ်မြန်မြန် ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးများသည် ဖုံးကွယ်ထားသော အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။ "ကျွန်မရဲ့ရှန်းယောင်... ရှင် အနီရောင်နဲ့ အရမ်းကြည့်ကောင်းမယ်လို့ ငါ မမျှော်လင့်ထားဘူး။"
အနီရောင်ဝတ်ရုံသည် သူ၏ အရပ်ရှည်ပြီး ဖြောင့်စင်းသော ရုပ်ပုံလွှာကို ပေါ်လွင်စေသည်။
သူ၏ အနက်ရောင်ဆံပင်များသည် သူ့နောက်ကျောတွင် ပေါ့ပေါ့ပါးပါး ပြန့်ကျဲနေကာ ပျင်းရိပြီး ဆွဲဆောင်မှုရှိသော အသွင်ကို ထင်ဟပ်စေသည်။
ရှန်းယောင်သည် သဘာဝအတိုင်း ချောမောပြီး အနီရောင်သည် သူ့ကို ပို၍ပင် ချောမောခန့်ညားသွားစေသည်။
"ဒါဆို အာ့ထောင် ကြိုက်လား" ရှန်းယောင်က သူမ၏ အနားကို ချဉ်းကပ်လာသည်။
ကျီကျောက်သည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး မသိစိတ်က နောက်ပြန်ဆုတ်သွားသည်။
တစ်လှမ်းပြီးတစ်လှမ်း၊ နောက်ဆုံးတွင် သူမသည် နောက်ဆုတ်ရန် နေရာမရှိသော နံရံသို့ကပ်သွားမိခဲ့သည်။
"ရှင်၊ ရှင်... ရှန်းယောင်... ကျွန်မ..."
"အာ့ထောင် မင်းမကြိုက်ဘူးလား" ရှန်းယောင်က ရုတ်တရက် သူမ၏ မေးစေ့ကို ကိုင်ကာ ပင့်မှလိုက်သည်။ သူ၏ နက်ရှိုင်းသော မျက်ဝန်းတွေထဲတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။
"ကြိုက်... ကြိုက်တယ်။" ကျီကျောက်က တံတွေးမျိုချပြီး ရိုးရိုးသားသား ခေါင်းညိတ်လိုက်သည်။
"ဒီနေ့ စားသောက်ဆိုင်မှာ ချင်မင်ဟုန်က အနီရောင်ဝတ်ရုံနဲ့ ပေါ်လာတုန်းက အာ့ထောင် မင်းအကြည့်တွေ သူ့ဆီမှာ အကြာကြီး ရောက်နေတယ်" ရှန်းယောင်က သူ့နဖူးကို ဖိလိုက်သည်။ သူ၏ တည်ငြိမ်သော အသံမှာ မကျေနပ်ချက်များနှင့် ပြည့်နေပုံပေါ်သည်။
ကျီကျောက်သည် ပြင်းထန်သော ရှာလကာရည်အနံ့ပြင်ပြင်းကို ရှုရှိုက်မိသဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။
"အဟမ်း... အနီရောင်ဝတ်ရုံ ဝတ်ထားတဲ့ အစ်ကိုချင်က တကယ်ကြည့်ကောင်းတယ်။"
"အာ့ထောင်၊ မင်း လူကို ရည်ညွှန်းတာလား၊ ဒါမှမဟုတ် အဝတ်အစားကိုလား" ရှန်းယောင်က စိတ်မရှည်စွာ မေးလိုက်သည်။
"ရှင် ဘယ်လိုထင်လဲ" ကျီကျောက်သည် သူ့နားရွက်ကို ကူကယ်ရာမဲ့စွာ ကိုက်လိုက်သည်။ သူမ၏ နူးညံ့သိမ်မွေ့သော ဗာဒံစေ့သဏ္ဍာန်မျက်လုံးများသည် ကြယ်ပွင့်လေးများကဲ့သို့ လင်းလက်တောက်ပနေသည်၊ "ကျွန်မရဲ့ အာ့ယောင်က အချောဆုံးပဲ။ သူ့ကို ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရဘူး။"
ဒါကိုကြားတော့ ရှန်းယောင်၏ မျက်နှာက ချက်ချင်း ပြုံးသွားခဲ့သည်။
"အာ့ထောင်၊ မင်း ရနိုင်မလား…။”
“ဟင့်အင်း” ရှန်းယောင်၏ ပြောစကား မဆုံးခင်မှာပင် ကျီကျောက်က လက်ပိုက်ပြီး သူမကိုယ်သူမ ထိတ်လန့်တကြား ပွေ့ဖက်လိုက်သည်။
“ရှင့်ကို ကြည့်ကောင်းတယ်လို့ ကျွန်မ ချီးကျူးလိုက်ပေမယ့် ရှင် လုပ်လို့မရ… ရှင် အဲ့လို လုပ်ချင်လို့ မရဘူးနော်။”
“အာ့ထောင်၊ ကိုယ် လိုချင်တယ်…”
“ဟင့်အင်း၊ ရှင်လုပ်လို့မရဘူး” အာ့ထောင်က သူ့စကားကို အလျင်စလို ကြားဖြတ်ပြောလိုက်သည်။ “ရှန်းယောင်၊ အမေက ကျွန်မကို အမျိုးသမီးတွေက အသက် ( ၁၈ ) နှစ်မပြည့်ခင် လိင်မဆက်ဆံတာက အကောင်းဆုံးပဲလို့ ပြောထားတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတာက အမျိုးသမီးတွေကို ကျန်းမာရေး ထိခိုက်စေတယ်တဲ့။ ဒါကြောင့် ကျွန်မရဲ့ အိမ်ထောင်ရေး ပြီးမြောက်ဖို့ကို နောက် ( ၂ ) နှစ်လောက် နောက်ရွှေ့လိုက်ကြရအောင်၊ ဟုတ်ပြီလား။”
“ရှင် ဒါကို သဘောတူဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူး။ ဒါက ရှင့်အကြံအစည်လို့ ကျွန်မ အမေ့ကို ပြောထားပြီးပြီ…” ကျီကျောက်က သူ့အမူအရာတွေကို ဂရုတစိုက် စစ်ဆေးကြည့်ပြီး မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်သည်။
“ဒါဆို အာ့ထောင်က အိမ်ထောင်ရေးကိစ္စပြီးမြောက်ဖို့ကို စဉ်းစားနေတာလား” ရှန်းယောင်က ရုတ်တရက် ပြုံးလိုက်သည်။ “ဒါဆို အစောပိုင်းက မီးဖိုချောင်ထဲမှာ မင်းရှက်နေတာက အမေနဲ့ ဒီအကြောင်းကို ဆွေးနွေးနေတာကြောင့်များလား။”
“အင်း…” ကျီကျောက်က တိတ်တဆိတ် ခေါင်းညိတ်ကာ သူမ၏ အသံလေးက ခြင်တစ်ကောင်ကဲ့သို့ တိုးဖျနေသည်။
“မင်းက ကိုယ်တို့အိမ်ထောင်ရေးကိစ္စကို ပြီးမြောက်ချင်နေတာလား။”
“ဘယ်ဟုတ်ပါ့မလဲ” ကျီကျောက်သည် ဒေါသတကြီး ပါးဖောင်းပြီး သူ့ထံမှ အကြည့်လွှဲလိုက်သည်။
သူမ၏ ချစ်စဖွယ် အပြစ်ကင်းသော အမူအရာကို ကြည့်ပြီး ရှန်းယောင်၏ အပြုံးသည် နက်ရှိုင်းလာခဲ့သည်။
“အာ့ထောင်၊ ကျေးဇူးပြုပြီး ကိုယ့်ကို ရှန်းယောင်လို့ထပ်မခေါ်နဲ့တော့၊ ဟုတ်ပြီလား။”
“ဟမ်…” ကျီကျောက်က အံ့အားသင့်သွားကာ စိတ်ရှုပ်ထွေးနေသလိုလေး ကြည့်လာခဲ့သည်။
“ရှင့်ကို ရှန်းယောင်လို့မခေါ်ရဘူးဆိုရင် ကျွန်မက ရှင့်ကို ဘယ်လိုခေါ်ရမှာလဲ။”
အခု အရေးကြီးတဲ့ အချက်ကတော့ တကယ်လို့ ရှန်းယောင်ကသာ သူမကို ‘ယောကျာ်း’ လို့ ခေါ်ခိုင်းခဲ့မယ်ဆိုရင်၊ သူမ… သူမ… အခု အဲ့လို မခေါ်နိုင်လောက်သေးဘူး။
“အာ့ယောင်လို့ခေါ်တာ အဆင်ပြေတယ်” ရှန်းယောင်က သူမ၏ ပါးပြင်ပေါ် အနမ်းခြွေပြီး ပြုံးလိုက်သည်။
“ကိုယ် အဲ့နာမည်ပြောင်ကို သဘောကျတယ်။”
“အို့…” ကျီကျောက်က တွေးဝေမိန်းမောစွာ ပြန်ဖြေပြီး အသာလေး ခေါင်းညိတ်လိုက်သည်။
“အိမ်ထောင်ရေးကိစ္စနဲ့ ပတ်သက်လို့…” ရှန်းယောင်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်ထားကာ သူ့လေသံက ပိုလို့တောင် နူးညံ့လာခဲ့သည်။ “ကိုယ်တို့ အဲ့ကိစ္စကိုတော့ အမေပြောတဲ့အတိုင်း နားထောင်ပြီး ခဏစောင့်ကြတာပေါ့။”
အရင်က သူတို့အိမ်ထောင်ရေးကိစ္စကို အထမြောက်ဖို့ မကြိုးစားခဲ့ကြပေမယ့် ဒီအချိန်မှာ ရှန်းယောင်ဟာ အာ့ထောင်ရဲ့ အတွင်းစိတ်ထဲက ကြောက်ရွံ့မှုတွေနဲ့ စိုးရိမ်မှုတွေကို ခံစားမိသည်။
သူက အရမ်းဖြောင့်မတ်မှန်ကန်တဲ့လူဖြစ်တာကြောင့် အာ့ထောင်ကို အတင်းဖိအားမပေးချင်ဘူး။
ထို့အပြင် လင်မယားကြားရှိ ချစ်ခြင်းမေတ္တာသည် ဝန်ထုပ်ဝန်ပိုးထက် ချိုမြိန်မှု ဖြစ်သင့်သည်။
ကျီကျောက်က သူ့ကို ဘယ်အချိန်ထိလဲဟု မေးချင်မိသည်။
တစ်ရက်လား။ တစ်လလား။ နောက်တစ်နှစ်လား။
တကယ်တော့ ရှန်းယောင်နဲ့ နီးစပ်ဖို့ သူမ ငြင်းဆိုခဲ့ပေမယ့် နောက်ဆုံးအဆင့် ရောက်ခါနီး အကြိမ်ပေါင်းများစွာ ရှိခဲ့ပြီး ထိုအချိန်တိုင်းမှာ မတော်တဆမှုတွေ အမြဲလိုလို ဖြစ်ပေါ်ခဲ့သည်။
“ရှန်းယောင် ရှင် ကျွန်မကို ချစ်လား” ကျီကျောက်က သူ့ရင်ခွင်ထဲ မှေးစက်နေရင်း တိုးတိုးလေး မေးလိုက်သည်။
“ချစ်တယ်” ရှန်းယောင်က သူမ၏ ပုခုံးများကို ပွတ်သပ်ကာ အသာအယာ မျက်ခုံးပင့်လိုက်မိသည်။
ကျီကျောက်က ချိုမြိန်စွာ ပြုံးပြီး သူ့လက်ချောင်းလေးများကို ဖမ်းကိုင်လိုက်ကာ လက်သန်းချိတ်ပြီး နောက်ဆုံးမှာ တံဆိပ်တုံးနှိပ်လိုက်သည်။
ကျီကျောက်သည် ရုတ်တရက် သူ့မျက်လုံးများကို အကြည့်ရောက်သွားခဲ့ပြီး ခပ်ဖွဖွလေး ပြုံးလိုက်မိသည်။
ရှန်းယောင်၏ တုံ့ပြန်မှုကို မစောင့်ဘဲ ကျီကျောက်သည် ရုတ်တရက် ခြေဖျားထောက်ကာ သူ့လည်ပင်းကို သိုင်းဖက်လိုက်သည်။ ထို့နောက် သူ့ကို နမ်းရှိုက်ဖို့ သူမဘက်မှ အစပျိုးလိုက်သည်။
“အာ့ယောင် ကျွန်မလည်း ရှင့်ကို ချစ်တယ်။”
ဒါကိုကြားတော့ ရှန်းယောင် ရင်ခုန်သံတွေ မြန်ဆန်သွားပြီး သူမ၏ အနမ်းကို အားပါးတရ တုံ့ပြန်လိုက်သည်။
အချိန်မည်မျှကြာသွားသည်ကို မသိသော်လည်း ကျီကျောက်သည် သူ့ရင်ခွင်ထဲတွင် အမှန်တကယ် အိပ်ပျော်သွားခဲ့သည်။
သူမ၏ ဟောက်သံလေးကို နားထောင်ရင်း ရှန်းယောင်က ကူကယ်ရာမဲ့စွာ ပြုံလိုက်မိသည်။
ရှန်းယောင်က လက်မြှောက်ပြီး သူမ၏ နှာဖျားလေးကို ချစ်စဖွယ် ဆွဲညှစ်လိုက်သည်။
“မိန်းမဆိုးလေး”
ကျီကျောက်သည် ဤတစ်ကြိမ်တွင် အလွန်နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။
မွန်းတည့်ချိန်အထိ သူမ အိပ်ရာ မထသေးဘူး။ သို့သော် သူမ အိပ်ရာမှနိုးလာပြီးနောက် အိပ်ချင်မူးတူးဖြစ်နေဆဲပင်။
မနေ့ညက အိပ်ရာမဝင်ခင် ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရပြီးနောက် စောင်ကို ခေါင်းမြီးခြုံလိုက်သည်။
ဒါက ရှက်စရာကောင်းလွန်းတယ် မဟုတ်လား။
သူမသည် ကမ္ဘာပေါ်တွင် နမ်းနေရင်း အိပ်ပျော်သွားနိုင်သည့် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်နိုင်လောက်တယ်။
အား…
ရှန်းယောင် တံခါးကို တွန်းဖွင့်ပြီး အခန်းထဲသို့ ဝင်လာသောအခါ ကုတင်ပေါ်တွင် စောင်လုံးလေးကို တွေ့လိုက်ရသည်။
“အာ့ထောင် နိုးပြီလား။”
“ဟင့်အင်း၊ ကျွန်မ မနိုးသေးဘူး။”
“ဒါဆို အာ့ထောင်က အိပ်ရင်း ယောင်နေတာလား” ရှန်းယောင်သည် အပြုံးမပျက် မေးလိုက်မိသည်။
ကျီကျောက်သည် စောင်ကို တိတ်တိတ်လေး မတင်လိုက်သည်။
“မင်း ဗိုက်ဆာနေပြီလား” ရှန်းယောင်က ပြုံးပြီး သူ့လက်ထဲက ခေါက်ဆွဲပန်းကန်ကို ကမ်းပေးလိုက်သည်။
“အမေ အသားခေါက်ဆွဲ လုပ်ပေးထားတယ်။ မင်း မြည်းကြည့်ပါဦး။”
“အနံ့လေးက အရမ်းမွှေးတာပဲ” ကျီကျောက်က အသက်ပြင်းပြင်းရှုလိုက်သည်။ အနံ့လေးကို ရှုရှိုက်ပြီးနောက် အိပ်ရာမှ အမြန်ထကာ တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်ပြီးနောက် စားပွဲတွင် ဝင်ထိုင်လိုက်သည်။
လုပ်ဆောင်ချက်အားလုံးသည် စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့ပြီး တစ်ချက်တည်း ပြီးစီးသွားသည်။
“အမေလုပ်ထားတဲ့ အသားခေါက်ဆွဲက အရသာရှိတယ်မလား။”
ခဏကြာတော့ ခေါက်ဆွဲ တစ်ပန်းကန်လုံး စားသောက်ပြီးစီးသွားခဲ့သည်။
“ဒါပေမယ့် အပြင်က ကောင်းကင်ကို တစ်ချက်ကြည့်လိုက်တော့ အချိန်က မစောတော့ဘူးပဲ။”
“ဟုတ်တယ်။ မနက်ခင်းအချိန်တောင် ကုန်နေပြီ” ရှန်းယောင်က သက်ပြင်းချပြီး သူမ၏ နှုတ်ခမ်းလေးကို သုတ်ပေးလိုက်သည်။
“ဒီမနက် အမေက ကိုယ့်ကို ဆူတယ်။ သူက ကိုယ့်စကားကို ကိုယ်ပြန်ရုတ်သိမ်းရကောင်းလားတဲ့။”
“ဟင်… ဘာဖြစ်လို့လဲ။”
“အာ့ထောင်က အရမ်းအိပ်မောကျနေတာကြောင့် အမေ အထင်လွဲသွားတာ ဖြစ်နိုင်တယ်။”
ရှန်းယောင်က ပေါ့ပေါ့ပါးပါး ပြောနေပေမယ့် ကျီကျောက်ကတော့ ရှက်သွေးဖြာသွားဆဲပါပင်။
***