← Chapters

ကြီးမားသော တိုးတက်မှုနှင့် စွမ်းအားများ မြင့်တက်လာခြင်း

Vol. 32 Ch. 311

ကြီးမားသော တိုးတက်မှုနှင့် စွမ်းအားများ မြင့်တက်လာခြင်း

Vol. 32 Ch. 311

နတ်ဆိုးရတနာသန့်စင်ခြင်းနည်းစနစ်ဟု ခေါ်ဆိုသည့်အရာသည် အမှန်တကယ်တွင် ရွှီမိသားစု စုဆောင်းထားသော သမားရိုးကျမဟုတ်သည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။

၎င်းသည် နတ်ဆိုးများက ရတနာပစ္စည်းများကို သန့်စင်ရန် ၎င်းတို့၏ခန္ဓာကိုယ်ကို မည်သို့အသုံးပြုသည်ကိုလေ့လာပြီး ၎င်းတို့ထံမှထိန်းချုပ်ခွင့်ကို ပြန်လည်လုယူရန် ကြိုးစားသော နည်းလမ်းဖြစ်လေ၏။

ဤနည်းလမ်းကို ဖန်တီးခဲ့သော ကျင့်ကြံသူသည်ပင်လျှင် ယိုဝေနတ်ဆိုးဧကရာဇ်၏ အမြီးရိုးပေါ်တွင် ဤနည်းလမ်းကို အသုံးပြုနိုင်လိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးသည်မှာ သေချာသလောက်ပင်။

သို့သော် ရှန်းယီကမူ ဂရုမစိုက်ပေ။ နတ်ဆိုးများတွင် သက်တမ်းအလွန်ရှည်လျားသဖြင့် အသုံးဝင်မည့် နည်းလမ်းရှိနေသမျှကာလပတ်လုံး သူသည် အတင်းအဓမ္မ တိုးဝင်လုပ်ဆောင်သွားမည်သာ ဖြစ်သည်။

[ပထမနှစ်တွင် သင်သည် ယိုဝေလှံတံ၏ မူလဝိညာဉ်အသိစိတ်ကို ဦးစွာ ဖိနှိပ်ရန် ကြိုးစားခဲ့သည်...]

(ယိုဝေလှံပုံစံကို ပြောရရင်သုံးခွနဲ့ခက်ရင်းလိုလံမျိုးပါ အာ့ကွာမန်းကြည့်ဖူးရင်မင်းသားကိုင်တဲ့ဟာလိုစိတ်ကူးမြင်ကြည့်ပါ)

ဖြောင့်တန်းသော လှံတံကြီးသည် ရုတ်တရက် အသက်ဝင်လာပြီး အနည်းငယ် တုန်ခါကာ ကောင်းကင်သို့ ပျံတက်တော့မည့်အလား တဝီဝီ မြည်သံများ ထွက်ပေါ်လာ၏။

...

ထိုအချိန်မှာပင် မျက်စိကျိန်းမတတ် တောက်ပသောအလင်းတန်းလေးခုသည် ဂူအမိုးမှ ဆင်းသက်လာပြီး လှံတံကို လုံးဝလွှမ်းခြုံထားလိုက်သည်။

ဖြောင့်မတ်ပြီးလွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါသည် လှံတံပေါ်သို့ ဖိကျလာသဖြင့် လှံတံ၏ တုန်ခါမှုများ ပိုမိုပြင်းထန်လာခဲ့၏။

ရှန်းယီသည် လှံတံ အားနည်းသွားသည့် အခွင့်ကောင်းကို ယူလိုက်၏။ သူကိုယ်တိုင်မှာမူ မလှုပ်မယှက်ရှိနေသော်လည်း သူ့လက်ဝါးများသည် ရုတ်တရက် ရှေ့သို့ပေါက်ကွဲထွက်သွားပြီး လှံတံကို မီတာအတော်ဝေးဝေးသို့ လွင့်စင်သွားစေသည်။

ဝီ..

ကတ္တရာစေးကဲ့သို့ နက်မှောင်နေသော လှံတံသည် စစ်မှန်သော နဂါးတစ်ကောင်အလား ချက်ချင်း လှည့်ပြန်လာပြီး ရှန်းယီထံသို့ ထိုးစိုက်လာလေ၏။

လေးလံပြီး အားပါသော ထိုးနှက်ချက်ဟု ထင်ရသော်လည်း အပြည့်အဝမရောက်ရှိမီမှာပင်သင်္ကေတလေးခု၏ အလင်းတန်းများကြောင့် အောက်သို့ ပြန်လည် ရိုက်ချခံလိုက်ရပြန်သည်။

ရှန်းယီသည် ယဉ်ကျေးမနေတော့ဘဲ လှံတံကို နောက်ထပ် လက်သီးတစ်ချက် ထပ်ကျွေးလိုက်သည်။

လှံတံသည် ကျောက်နံရံနှင့် ဝင်ဆောင့်မိသွားပြီးနောက် ဂူအမိုးကို တစ်လှည့်၊ ရှန်းယီကို တစ်လှည့် ဒေါသတကြီး ချိန်ရွယ်လိုက်၏။ ၎င်းပုံစံမှာ အလွန်အမင်း ဝမ်းနည်းပက်လက် ဖြစ်နေပုံရသည်။

နှစ်ယောက်လုံး နတ်ဆိုးစွမ်းအားကို သုံးနေကြခြင်းအတူတူ၊ အဘယ်ကြောင့် သူကိုသာလျှင် ဖိနှိပ်နေရသနည်း။

"..."

ရှန်းယီ မျက်ခုံးပင့်လိုက်ပြီး ၎င်းကို လုံးဝ အလိုလိုက်ခြင်းမရှိပေ။ အကယ်၍ အနားကပ်လာရဲလျှင် သူ နောက်တစ်ကြိမ် ထပ်ထိုးဦးမည်သာ။

တစ်ချိန်တည်းမှာပင် နတ်ဆိုးသက်တမ်း ကုန်ဆုံးသွားသည်နှင့်အမျှ စနစ်ဘောင်ကွက်ပေါ်ရှိ ဆင်ခြင်တွက်ချက်မှု တိုးတက်မှုနှုန်းမှာလည်း လျင်မြန်စွာ မြင့်တက်လာ၏။

တဖြည်းဖြည်းနှင့် ယိုဝေလှံတံသည် ယခင်က ဒေါသများ ပျောက်ကွယ်သွားပြီး ရှန်းယီ၏ ရှေ့၊ မြေပြင်ပေါ်သို့ ဂျလောက်ခနဲ အသံမြည်ကာ ပြုတ်ကျသွားသည်။

၎င်းတွင်ကြီးမားသော ခွန်အားရှိသော်လည်း ထိန်းချုပ်မည့်သူ မရှိပါက နောက်ဆုံးတွင် အမြီးရိုးတစ်ချောင်းသာ ဖြစ်သည်။

၎င်း၏မသိစိတ်မှ ခုခံမှုများကို ယာယီ ဖိနှိပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ရှန်းယီသည် မှတ်တမ်းတင်ထားသော နတ်ဆိုးရတနာသန့်စင်ခြင်းနည်းစနစ်အတိုင်း ဆက်လက် လုပ်ဆောင်ပြီး လှံတံကို အပြည့်အဝ သန့်စင်ရန် ကြိုးစားလိုက်၏။

ဂူအတွင်းမှ ဆူညံသံများကို နားထောင်ရင်း၊

ဒေါ်လေးနှင့် တူမနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါ ကြည့်လိုက်ကြသည်။ အားချင်း က တွန့်ဆုတ်စွာဖြင့် မေးလိုက်၏။ "ကျွန်မတို့ ဝင်ကြည့်သင့်လားဟင်"

"နင် သွားလိုက်လေ" တူမဖြစ်သူ ဘာတွေးနေသည်ကို ရွှီဝမ်ယွင် ခန့်မှန်းမိပုံရသည်။

"ဒေါ်လေးပဲ သွားပါ" အားချင်းက နှုတ်ခမ်းဆူလိုက်၏။

ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် သူတို့နှစ်ဦးသည် ဂူဘက်သို့ အတူတကွ ရွေ့လျားသွားကြ၏။

ထို့နောက် ဂရုမစိုက်သော အမူအရာဖြင့် ချင်းဟွာ ၏ လက်တစ်ဖက် ဝှေ့ယမ်းလိုက်မှုကြောင့် သူတို့နှစ်ဦးစလုံး အပြင်သို့ ပြန်လည် တွန်းထုတ်ခံလိုက်ရသည်။

"အမယ်လေး"

အားချင်း ဖင်ထိုင်လျက် လဲကျသွားသည်။ ရွှီဝမ်ယွင်ကမူ သိပ်မသိသာလှဘဲ ခြေလှမ်းအနည်းငယ်သာ နောက်ဆုတ်လိုက်ရပြီး အံ့ဩစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

အထွတ်အထိပ်အဆင့် ဟွမ်ယွမ်အရှင်သခင် ဖြစ်သော သူမကိုမည်သည့်အရာက တားဆီးနိုင်သနည်း။

သို့သော် မည်သည့်အရာပင်ဖြစ်စေ ရှန်းယီ၏ သဘောထားမှာမူ အလွန်ရှင်းလင်းနေပြီ ဖြစ်သည်။

"ဒီမှာပဲ နေတာ ပိုကောင်းမယ်" ရွှီဝမ်ယွင်သည် ပြန်ထိုင်ရန် ညီညာသော နေရာတစ်ခု ရှာလိုက်ပြီး မေးစေ့ကို လက်ဖြင့်ထောက်ကာ ထိုင်နေလိုက်သည်။

အားချင်းလည်း သူမအတိုင်း လိုက်လုပ်လိုက်ပြီး ဓားအစီအရင်ကို ပြုပြင်ရန် မီးဖိုငယ်လေးတစ်ခုကို ထုတ်လိုက်၏။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ဂူထဲသို့ ဝင်သွားကတည်းက ရှန်းယီသည် ခြေတစ်လှမ်းမျှ ပြန်ထွက်မလာခဲ့ပေ။

တစ်ခါတစ်ရံ ကျယ်လောင်သော အသံများ ထွက်ပေါ်လာတတ်သော်လည်း အများအားဖြင့် တိတ်ဆိတ်နေတတ်သည်။

ရွှီဟုန်တဲ နှင့် မျိုးနွယ်စု အကြီးအကဲအချို့ ရံဖန်ရံခါ လာရောက်ကြည့်ရှုကြ၏။

ဂူအဝတွင် အရူးများကဲ့သို့ ထိုင်စောင့်နေသော ဒေါ်လေးနှင့် တူမကိုသာ တွေ့ကြရသည်။

အဘွားအိုသည် သက်ပြင်းချရင်း ခေါင်းခါလိုက်ပြီး သူမ၏ ယခင်အစီအစဉ်များကို ပြတ်ပြတ်သားသား ရပ်တန့်လိုက်တော့သည်။ ရွှီမိသားစု၏ကျန်ရှိသူများက ရှန်းယီ ရှိနေသည်ကိုပင် မေ့လုနီးပါး ဖြစ်သွားချိန်အထိပင်။

ထိုအချိန်ကျမှသာ ဂူအတွင်းမှ သွေးအနှစ်သာရများ လျှံထွက်လာတော့သည်။

ရှန်းယီသည် တင်ပျဉ်ခွေထိုင်နေဆဲ ဖြစ်သော်လည်း ယခုအခါသူ့ဘေးတွင် လှံရှည်တစ်ချောင်းသည် ကိုယ်ရံတော်တစ်ဦးအလား မတ်မတ်ရပ်လျက် ရှိနေသည်။

အမွေးဖြူနတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်သည် လုံးဝနီးပါးပျောက်ကွယ်သွားပြီဖြစ်ပြီး ချီပင်လယ် အတွင်း သိုလှောင်ထားသော နတ်ဆိုးသွေး အစက် ၈၀၀ ကျော်အဖြစ်သို့ ပြောင်းလဲသွား၏။

[၁၈၀၀၀ မြောက်နှစ်တွင် မျက်နှာပြာခြင်္သေ့အင်မော်တယ်သည် နတ်ဆိုးသွေး အစက် ၇၂၀ ကို ချေဖျက်ခဲ့ပြီး နတ်ဆိုးဘုရင်တစ်ပါး၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားပုံရကာ လေနှင့်မုန်တိုင်း နတ်စွမ်းရည်သည် အရည်အသွေးပိုင်းဆိုင်ရာ ကြီးမားသော ခုန်ပျံကျော်လွှားမှု ဖြစ်ပေါ်ခဲ့သည်]

[၂၂၅၀၀ မြောက်နှစ်တွင် သွေးပြောင်းလဲခြင်း နတ်ဆိုးနွားသိုးသည် လက်ကျန်နတ်ဆိုးသွေး အစက် ၁၀၀ ခန့်ကို စားသုံးခဲ့ပြီး သွေးပြောင်းလဲခြင်း နတ်စွမ်းရည် တိုးတက်လာခဲ့သည်]

နတ်ဆိုးတစ်ထောင်ဂူ ခရီးစဉ်မှ ရရှိသမျှ အကျိုးအမြတ်အားလုံးသည် ရှန်းယီ၏ အခြေခံအုတ်မြစ်အစိတ်အပိုင်းများအဖြစ် လျင်မြန်စွာ ပြောင်းလဲလျက်ရှိလေ၏။

သူ မျက်လုံးဖွင့်လိုက်သည်။

နတ်ဆိုးဘုရင်လေး၏ နတ်ဆိုးစွမ်းအား ကြီးထွားလာပြီးနောက် ကျန်ရှိနေသော အမွေးဖြူနတ်ဆိုးဧကရာဇ်၏အလောင်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သော နှုန်းထားဖြင့် ပျောက်ကွယ်သွားသည်။

နောက်ထပ် နေ့တစ်နေ့နှင့် ညတစ်ည ကုန်ဆုံးသွားပြန်၏။ ခမ်းနားထည်ဝါသော နတ်ဆိုးသွေးများသည် ချီပင်လယ်အတွင်း လှိုင်းတံပိုးများအဖြစ် ပြောင်းလဲသွားသည်။

ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်နှင့် ချင်းလင်နတ်ဆိုးဧကရာဇ်တို့၏ အလောင်းများသည် ချက်ချင်းပင် အခွံများအဖြစ်သို့ လျော့ကျသွားပြီး နောက်ထပ် နတ်ဆိုးသွေး အစက် ၃၆၀၀ နီးပါး ရရှိစေခဲ့၏။

စနစ်မျက်နှာပြင်ပေါ်မှ အသိပေးချက်များသည် လျင်မြန်စွာ ဖြတ်သန်းသွားသည်။

ယခင်က အင်မော်တယ်နတ်ဆိုး စားသုံးရန်မလုံလောက်ခဲ့သော်လည်း ယခုအခါတွင်မူ သုံးစွဲရန် အလွန်များပြားနေသည်။

ယခုအချိန်တွင် သွေးပြောင်းလဲခြင်း နတ်ဆိုးနွားသိုးသည်ပင်လျှင် နတ်ဆိုးသွေး အစက် ၈၀၀ ကျော်ချေဖျက်ပြီးသော်လည်း အပြည့်အဝ ကျေနပ်ခြင်း မရှိသေးပေ။

အင်မော်တယ်နတ်ဆိုး ရှစ်ကောင် ပေါင်းစပ်လိုက်လျှင် အမှတ် ၂၀၀၀ ကျော်လွန်သွားပြီဖြစ်ရာ နတ်ဆိုးဧကရာဇ်တစ်ပါး၏ ခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

[လက်ကျန် နတ်ဆိုးသက်တမ်း - နှစ်ပေါင်း တစ်သောင်း]

ရှန်းယီသည် အတက်အကျ ဖြစ်နေသော သက်တမ်းကိန်းဂဏန်းများကို အာရုံစိုက် ကြည့်လိုက်၏။

ဤအလားအလာအရ မဟာနတ်ဆိုးကိုးပါး အသွင်ပြောင်းနည်းစနစ် ကို တစ်ကြိမ်တည်းဖြင့် ပြီးမြောက်အောင် တွန်းပို့ရန် တစ်စုံတစ်ခု လိုအပ်နေသေးသည်။

နောက်ဆုံးလိုအပ်သော ဝိညာဉ်အမြစ်ကို ချန်လှပ်ထားပြီးနောက် ရပ်တန့်ရန် သူဆုံးဖြတ်လိုက်သည်။

"ဟူး"

ရှန်းယီ ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်၏။ ယိုဝေလှံတံသည် ချက်ချင်းပင် သူ့လက်ဖဝါးထဲသို့ ဝင်ရောက်လာသည်။

လေးမျက်နှာနတ်ဆိုးဖိနှိပ်ခြင်းအစီအရင်၏ ဖိနှိပ်မှုအောက်တွင်၊သူ့ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်အကြေးခွံများ လုံးဝကွာကျသွားပြီး ယိုဝေ နတ်ဆိုးဧကရာဇ်၏လွှမ်းမိုးမှုများကို အမြစ်ပြတ် သန့်စင်ပစ်လိုက်၏။

ယခုအခါ ဤလှံတံသည်လည်း သခင်ပြောင်းသွားပြီ ဖြစ်သည်။ လှံတံအတွင်း ကိန်းအောင်းနေသော အေးစက်သည့် နတ်ဆိုးစွမ်းအားကို ခံစားရင်း ရှန်းယီအလွန်ကျေနပ်သွားကာ သိုလှောင်ရတနာထဲသို့ သိမ်းဆည်းလိုက်သည်။

ဤလှံတံ၏ အကူအညီဖြင့် ယိုဝေနတ်ဆိုးဧကရာဇ်၏စွမ်းအား ထက်ဝက်ခန့်ကို ပိုင်ဆိုင်ထားသည်နှင့် တူညီပေသည်။

ထို့ပြင် ကိုယ်ခန္ဓာသန့်စင်ခြင်းမှ ရရှိသော ကြီးမားသည့် စွမ်းအားတိုးတက်မှုနှင့် ပေါင်းစပ်လိုက်လျှင်၊

ချင်းလင်နတ်ဆိုးဧကရာဇ်နှင့် ယှဉ်လျှင်ပင်... မဟုတ်ပေ၊ အဆင့်ပိုမြင့်သော မဟာနတ်ဆိုးကြီးတစ်ကောင်နှင့် ယှဉ်လျှင်ပင် ပြိုင်ဘက်ကို ချေမှုန်းနိုင်မည်ဟု ရှန်းယီ ခံစားနေမိပေ၏။

နီကျွင်း နှင့်တော့ များစွာကွာခြားနေသေးသော်လည်း သိုင်းဘုံကျောင်း၏ဘိုးဘေးကိုတော့ ရှုံးနိမ့်မည်မဟုတ်ပေ။ထို့အတူ နတ်ဘုရားအသွင်ပြောင်းအဆင့်ကိုသာ ထိုးဖောက်နိုင်ခဲ့လျှင် ချင်းဖုန်းတာအိုသခင်ကိုပင် မီကောင်းမီလာနိုင်လေသည်။

...

မှောင်မဲနေသော ဂူအတွင်းမှ သွေးညှီနံ့များ ထွက်ပေါ်လာ၏။ ရွှီဝမ်ယွင် ငေးငိုင်နေရာမှ ရပ်တန့်လိုက်ပြီး အားချင်းလည်း ခေါင်းမော့လာသည်။

သူတို့နှစ်ဦးသည် လှမ်းထွက်လာသော အရပ်ရှည်ရှည် ပုံရိပ်ကို ကြည့်လိုက်ကြသည်။

လွှမ်းမိုးထားသော အရှိန်အဝါမျိုး မရှိသော်လည်း ရှင်းပြရခက်သော စိမ်းသက်သည့် ခံစားမှုမျိုး ပေးစွမ်းနေသည်။

ဆယ်ရက်ကျော်ကာလအတွင်း လူငယ်လေးသည် လုံးဝပြောင်းလဲသွားပုံရပြီး အခြားသူများကို မသိစိတ်မှ အန္တရာယ်ရှိကြောင်း အာရုံခံမိစေသည်။

"ကျွန်တော့်ကို မိသားစုခေါင်းဆောင်နဲ့ မိတ်ဆက်ပေးပါ" ရှန်းယီ စကားကို ခေတ္တရပ်လိုက်၏။

ယနေ့မှစ၍ သူသည် သားကောင်အဖြစ်မှ ကျယ်ပြန့်သောကမ္ဘာကြီးထဲတွင် အမဲလိုက်သူအဖြစ်သို့ ရောက်ရှိရန် အရည်အချင်း ပြည့်မီသွားပြီဖြစ်သည်။

သိုင်းဘုံကျောင်းတော်တာဝန်ရှိသူ တစ်ဦးအနေဖြင့် သူ့တာဝန်ကို ပြန်လည်ထမ်းဆောင်ရမည့် အချိန်လည်း ရောက်ပြီဖြစ်သည်။

"ကောင်း... ကောင်းပါပြီ"

ယခင်ကဆိုလျှင် ဘာကိစ္စလဲဟု ရွှီဝမ်ယွင် သေချာပေါက် မေးမြန်းမိမည် ဖြစ်သော်လည်း ယခုအကြိမ်တွင်မူ သူမသည် လိမ္မာစွာခေါင်းငြိမ့်ပြပြီး အပြင်သို့ ပြေးထွက်သွားလေ၏။

ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် သူမ ရပ်တန့်လိုက်ပြီး ဘဲဥပုံကျောက်တုံးကို ထုတ်ကာ သူမ၏ အစ်ကိုကို တိုက်ရိုက် ဆက်သွယ်လိုက်သည်။

မကြာမီ ရွှီဝမ်ယွင် မော့ကြည့်လိုက်ပြီး "သူလည်း ရှင်နဲ့ ဆွေးနွေးစရာရှိလို့ အကြီးအကဲတွေကို ဆင့်ခေါ်နေပါတယ်တဲ့"

အားချင်းသည် ဓားပျံသုံးလက်ကို ပိုက်ထားရင်း တိုးတိုးလေး ပြောလိုက်၏။ "သူတို့က အစ်ကိုကြီးရှန်းနဲ့ လက်ထပ်ထိမ်းမြားပြီး မဟာမိတ်ပြုချင်နေကြတာ"

"..."

ရှန်းယီ သူမကို ပြောစရာစကားမဲ့စွာ ကြည့်လိုက်၏။ အားချင်းသည် သူမ အရွယ်ရောက်နေပြီဖြစ်ကြောင်း ပြသလိုသည့်အလား ခါးကို ကပျာကယာ ဆန့်လိုက်သည်။

သူမ စကားမပြောနိုင်မီမှာပင် သူမ၏ခေါင်းနောက်စေ့ကို ဖြတ်ရိုက်ခံလိုက်ရသည်။

"အာ့"

အားချင်း နာကျင်သွားသော မျက်နှာထားဖြင့် ခေါင်းကိုပွတ်လိုက်ပြီး ကြည့်လိုက်ရာ အစ်ကိုကြီးရှန်း ထွက်ခွာသွားသည်ကို တွေ့လိုက်ရပေ၏။

ရွှီဝမ်ယွင် ကြောင်အသွား၏။ "နင် တကယ် စဉ်းစားနေတာလား။ရွှီမိသားစု ခေါင်းဆောင် မဖြစ်ချင်တော့ဘူးလား။ ပြီးတော့ သူက ငါနဲ့ ရွယ်တူလောက်ပဲ ရှိသေးတာ..."

"စဉ်းစားကြည့်ရုံပါ စဉ်းစားကြည့်ရုံပါဆို"

အားချင်း မျက်နှာပြောင်ပြလိုက်ပြီး အလျင်အမြန် နောက်မှလိုက်ပါသွားလေသည်။

All Chapters