← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 18 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 18 Ch. 279-280

အခန်း ၂၇၉ ။ စစ်သေနာပတိချုပ်လိုရဲ့ ထွက်ပြေးဖို့ လမ်းကြောင်းစီစဉ်ခြင်း

လိုကျစ်ကွေ့သည် သူမ၏ခေါက်ဆွဲများကို လုယူစားသောက်ခဲ့သူဖြစ်သောကြောင့် နဉ်ရှောင်ယောင်း သည်းခံရန် ဆုံးဖြတ်လိုက်သည်။

ငါ့အစားအစာကို လုစားတယ်ပေါ့? ဟွန့်! အခုတော့ သည်းခံပေးလိုက်မယ်။

လိုကျစ်ကွေ့ စစ်ရေးကိစ္စများ ဆောင်ရွက်ရန် ထွက်ခွာသွားသည်အထိ စောင့်ပြီးမှ နဉ်ရှောင်ယောင်းသည် မီးဖိုချောင်သို့ ပြေးသွားကာ ကျန်နေသောခေါက်ဆွဲများကို အိုးလိုက်မော့တော့သည်။

စားတော်ကဲကြီးဟွမ်သည် အစမှအဆုံးထိ ဘေးမှ ကြည့်နေခဲ့သူဖြစ်သည်။ နောက်ဆုံးတွင် သူ အလွန်ကြောက်လန့်သွားသဖြင့် နန်းတွင်းသမားတော်ကောင်းထံသို့ အစာကြေဆေးသွားတောင်းလေသည်။ အရှင်မင်းကြီးများ နေမကောင်းဖြစ်လျှင် ပေးနိုင်ရန်အတွက် သူ ပြင်ဆင်ထားခြင်းဖြစ်သည်။

သို့သော် စားတော်ကဲကြီးဟွမ်သည် သူမြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် စိတ်ဒဏ်ရာရသွားပြီး သူ့စိတ်ဖိစီးမှုကို လျှော့ချရန် တစ်ခုခုစားဖို့ ဆုံးဖြတ်လိုက်သည်။ ကံဆိုးစွာဖြင့် စားတော်ကဲကြီးဟွမ်သည် အလွန်အကျွံစားမိသွားပြီး အစာကြေဆေးကို ကိုယ်တိုင်သောက်လိုက်ရသည်။ ထို့ကြောင့် သမားတော်ကောင်း၏ လျှို့ဝှက်ဆေးလုံးသည် နဉ်ရှောင်ယောင်း၏ပါးစပ်ထဲသို့ မရောက်ဘဲ စားတော်ကဲကြီးဟွမ်၏ ဗိုက်ထဲသို့သာ ရောက်သွားတော့သည်။

လိုကျစ်ကွေ့မှာမူ နဉ်ရှောင်ယောင်း၏ အရိုက်ခံရမည့်ဘေးမှ သီသီလေးလွတ်သွားသည်ကို လုံးဝသတိမထားမိလိုက်ပေ။ နောက်ရက်အနည်းငယ်အတွင်း သူ အလွန်အလုပ်ရှုပ်နေသဖြင့် သူမကို လုံးဝမတွေ့ဖြစ်သလောက်ပင်။

ထိုနည်းတူစွာ နဉ်ရှောင်ယောင်းသည်လည်း အလုပ်ရှုပ်နေခဲ့သည်။ သူမသည် အာ့ယာနှင့် ရှောင်ချင်တို့၏ အိတ်များကို ကူညီထုပ်ပိုးပေးပြီး မောင်နှမနှစ်ယောက်ကို နန်းတော်ပြင်ပသို့ ပို့ဆောင်ရန် ယင်းဖုန်းကို အမိန့်ပေးလိုက်သည်။

"ရှဲ့မိသားစုရဲ့ ပဉ္စမသခင်မလေးကို ခေါ်သွားဖို့လည်း မမေ့နဲ့နော်။ သူ့ကို တတ်နိုင်သမျှ ဝေးဝေး ပို့လိုက်ပါ။ ငါတို့ စစ်တိုက်တော့မယ်၊ ဒီမိန်းကလေးက သိုင်းပညာလည်း မတတ်ဘူး။ သူ့ကိုယ်သူ ဘယ်လိုကာကွယ်နိုင်မလဲ"

နဉ်ရှောင်ယောင်းက ရှဲ့သော်ယင်းအကြောင်း ပြောလိုက်သောအခါ ယင်းဖုန်း အနည်းငယ်နေရခက်သွားသည်။ သို့သော် သေချာစဉ်းစားကြည့်ပြီးနောက် သူမကို မကူညီသင့်သည့် အကြောင်းပြချက်ကို သူ ရှာမတွေ့ပေ။

"သွားတော့" နဉ်ရှောင်ယောင်းက ယင်းဖုန်း၏ပခုံးကို ပုတ်လိုက်သည်။ "တစ်ယောက်ယောက်ကို သဘောကျဖို့ ဆုံးဖြတ်လိုက်မှတော့ သဘောကျလိုက်ပေါ့"

ယင်းဖုန်းက အရိုအသေပြုလိုက်သည်။

"နားလည်ပါပြီ"

သာ့ဖုန်းကို နားချပြီးနောက် နဉ်ရှောင်ယောင်းသည် ရှိုက်ကြီးတငင် ငိုကြွေးနေသော အာ့ယာဘက်သို့ လှည့်လိုက်သည်။ အာ့ယာသည် ထွက်ခွာရန် ငြင်းဆန်နေသည်။

"အာ့ယာ... ရှောင်ချိုးက မင်းတို့မိသားစုရဲ့ တစ်ဦးတည်းသော သားနဲ့ အမွေဆက်ခံသူလေ။ သူ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ" နဉ်ရှောင်ယောင်းက အကျိုးအကြောင်းပြကာ ပြောလိုက်သည်။

အာ့ယာက ငိုရင်း ပြောလိုက်သည်။

"ဒါဆို သူ့တစ်ယောက်တည်းကိုပဲ ပို့လိုက်ပါလား"

"ဒါဆို မင်းတစ်ခုခုဖြစ်သွားရင်ရော ဘယ်လိုလုပ်မလဲ" နဉ်ရှောင်ယောင်းက ရှောင်ချိုးကို ပွေ့ချီလိုက်ပြီး ယင်းဖုန်း၏လက်ထဲသို့ ထည့်လိုက်သည်။ လက်ရှိတွင် ရှောင်ချိုး၏မျက်နှာ၌ မျက်ရည်များနှင့် နှာရည်များ ပေကျံနေသည်။ "ဒါဆို ရှောင်ချိုးကို ဘယ်သူစောင့်ရှောက်မှာလဲ။ တိုက်ပွဲဖြစ်နေတုန်း ငါက ရှေ့တန်းမှာ အသက်စွန့်ပြီး တိုက်နေရမှာ။ မင်းတို့နှစ်ယောက်ကို ငါ စောင့်ရှောက်ပေးနိုင်မှာ မဟုတ်ဘူး။ အာ့ယာ... ငါ့အပူတွေကို ကူလျှော့ပေးပါ ဟုတ်ပြီလား"

နဉ်ရှောင်ယောင်း၏ စကားကြောင့် အာ့ယာ ငြိမ်ကျသွားသည်။

"လိမ္မာပါတယ်" နဉ်ရှောင်ယောင်းက ပိုက်ဆံအိတ်တစ်လုံးကို အာ့ယာ၏ရင်ခွင်ထဲသို့ ထည့်ပေးလိုက်သည်။ "ရှောင်ချိုးကို သေချာဂရုစိုက်နော်။ ငါ အဆင်ပြေပါတယ်။ မငိုနဲ့တော့"

"ပြီးရင် ကျွန်မတို့ကို လာပြန်ခေါ်မယ်လို့ ကတိပေးနော်" အာ့ယာက မျက်ရည်သုတ်ရင်း တောင်းဆိုလိုက်သည်။

"အင်း... ဒီကိစ္စတွေ ပြီးတာနဲ့ ငါ မင်းတို့နှစ်ယောက်ကို လာပြန်ခေါ်မယ်"

နဉ်ရှောင်ယောင်း၏ကတိကိုရပြီးနောက် အာ့ယာသည် ယင်းဖုန်းနှင့်အတူ မလိုလားစွာ ထွက်ခွာသွားသည်။ သူမ ရှိုက်ငိုနေဆဲပင်။ ရှောင်ချိုးမှာမူ ယင်းဖုန်း၏လက်မှ လွတ်မြောက်ရန် မုန့်ကြိုးလိမ်ကဲ့သို့ ကိုယ်ကို လိမ်ဖည်နေသည်။ သူက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

"သား မသွားချင်ဘူး!"

သို့သော် သူကဲ့သို့ သေးကွေးသော ခန္ဓာကိုယ်လေးသည် နဂါးအစောင့်တပ်၏ ထိပ်တန်းတပ်မှူးကြီးတစ်ဦးကို မည်သို့ ယှဉ်နိုင်မည်နည်း။ ရှောင်ချိုးသည် အစွမ်းကုန် ရုန်းကန်သော်လည်း ယင်းဖုန်း၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရလေသည်။

နဉ်ရှောင်ယောင်းသည် ဝင်းတံခါးပေါက်တွင် ရပ်ကျန်ရစ်ခဲ့သည်။ ရှောင်ချိုး၏ငိုသံကြောင့် သူမ နှာရည်ရှုံ့လိုက်ပြီး မျက်လုံးများကို သုတ်လိုက်သည်။ သူမ၏ရင်ထဲတွင် အမတ်ချုပ်ကြီးရှဲ့ကို ဖုတ်ကောင်အုပ်ထဲသို့ ပစ်ထည့်လိုက်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။

.....

နဉ်ရှောင်ယောင်း ဝင်းတံခါးပေါက်တွင် ဝမ်းနည်းပက်လက် ဖြစ်နေစဉ် လိုကျစ်ကွေ့သည် ဟုကော်ကုန်းပြောသည်ကို ထိုင်နားထောင်နေသည်။ သူတို့သည် ဟုကော်ကုန်း ယာယီတည်းခိုနေသော နန်းတော်အခန်းများထဲမှ တစ်ခန်းတွင် ရှိနေကြခြင်းဖြစ်သည်။

"ရှဲ့ဝမ်ယွမ်ရဲ့လူတွေက မြို့တော်ကနေ အန်းယွမ်ကို ထွက်သွားကြပြီ။ စစ်သေနာပတိချုပ်... မြက်ခင်းကိုရိုက်ပြီး မြွေကို မခြောက်မိစေနဲ့လို့ သတိပေးထားတဲ့အတွက် ကျွန်တော့်လူတွေ သူ့ကို မထိခဲ့ကြဘူး"

လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။

"ဖန်းထန်ဆီက သတင်းရသေးလား" ဟုကော်ကုန်းက မေးလိုက်သည်။

"မရသေးဘူး" လိုကျစ်ကွေ့က ပြန်ဖြေသည်။ "ရှဲ့ဝမ်ယွမ်ရဲ့လူတွေက မြို့တော်နဲ့ အန်းယွမ်ကြားက လမ်းကြောင်းကို စောင့်ကြည့်နေလောက်ပြီ။ ကျွန်တော့်လူတွေ သတင်းပို့ရင်တောင် ကျွန်တော်တို့ဆီ ရောက်ချင်မှ ရောက်မှာ"

ဟုကော်ကုန်းသည် စိုးရိမ်တကြီးဖြင့် နဖူးကို သုတ်လိုက်သည်။

"ကျွန်တော့်လူတွေလည်း အန်းယွမ်ကို သွားကြပြီ။ ဒါပေမဲ့ သူတို့ပြန်ပို့တဲ့ သတင်းအရဆိုရင် အနက်ရောင်နှင်းခဲ မြင်းတပ်က မြို့တော်ထဲကို ဝင်မလာသင့်သေးဘူး"

လိုကျစ်ကွေ့ သူ့ကို ကြည့်လိုက်သည်။

"ကျွန်တော်ပြောချင်တာက အရှင်မင်းကြီးကို မြို့တော်အပြင်ဘက် ပို့လိုက်မလားလို့။ တကယ်တိုက်ပွဲဖြစ်လာရင် ကျွန်တော်တို့အင်အားက အားနည်းတယ်။ မတော်တဆတစ်ခုခုဖြစ်သွားရင် နောင်တရဖို့ နောက်ကျသွားလိမ့်မယ်"

လိုကျစ်ကွေ့ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။

"ဟုကော်ကုန်းက သခင်မကြီးနဲ့ တခြားမိသားစုဝင်တွေအတွက် ဘယ်လိုစီစဉ်ထားလဲ"

ဟုကော်ကုန်း ချက်ချင်းပင် စိတ်ဆင်းရဲသွားသည်။

"ကျွန်တော့်သခင်မကြီးက ဘယ်မှမသွားဘူးလို့ ပြောနေတယ်။ ကလေးတွေကိုပဲ အပြင်ထွက်ခွင့်ပေးတယ်"

လိုကျစ်ကွေ့ အံ့သြသွားသည်။ "သူ မသွားဘူးလား"

"မသွားဘူး" ဟုကော်ကုန်းက ပြောသည်။ "ကျွန်တော့်အမေက ပြောတယ်... ကျွန်တော်တို့ ရှုံးရင် ရှဲ့ဝမ်ယွမ်ကို သွားရှာပြီး အတူတူသေမယ်တဲ့"

"အဖွားတောင် ပါဝင်ပတ်သက်ရမယ်ဆိုရင် ကျွန်တော်တို့ တကယ် အသုံးမကျလို့ပဲ" လိုကျစ်ကွေ့ ခေါင်းခါလိုက်သည်။ "အရှင်မင်းကြီးလည်း ထွက်သွားချင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သေချာတယ်"

ဟုကော်ကုန်း သက်ပြင်းချလိုက်သည်။ ဒီတစ်သက် သူ သက်ပြင်းချနိုင်သည့် အရေအတွက် ကုန်ဆုံးသွားပြီဟု ခံစားလိုက်ရသည်။

"ကျွန်တော် အရှင်မင်းကြီးကို တောင်ဘက်ဒေသဆီ ပို့လိုက်ချင်တယ်" လိုကျစ်ကွေ့က အသံကို နှိမ့်ကာ ပြောလိုက်သည်။

ဟုကော်ကုန်း ချက်ချင်း တုံ့ပြန်လိုက်သည်။

"အရှင်မင်းကြီးကို ကျန်းနန်က ရေတပ်ဆီ ပို့လိုက်မလို့လား။ ချင်ရွှမ်ကို သွားရှာခိုင်းမလို့လား"

"ကျွန်တော်တို့ ရှုံးသွားရင် ချင်ရွှမ်က အရှင်မင်းကြီးကို ပင်လယ်ထဲရောက်အောင် စောင့်ရှောက်ပေးနိုင်တယ်"

လိုကျစ်ကွေ့၏ စကားများကြောင့် ဟုကော်ကုန်း၏ရင်ထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်။ လိုကျစ်ကွေ့က သူတို့သေဆုံးပြီးနောက် အရှင်မင်းကြီးအတွက် ထွက်ပြေးဖို့လမ်းကြောင်းကို စဉ်းစားထားပြီးသားပင်။

"သခင်မကြီးကို သွားပြောလိုက်ပါ... အရှင်မင်းကြီးကို စောင့်ရှောက်ဖို့ လူလိုတယ်လို့။ ကျွန်တော်တို့က ရှေ့တန်းမှာ တိုက်ခိုက်နေရမှာဆိုတော့ အရှင်မင်းကြီးကို စောင့်ရှောက်ဖို့ သခင်မကြီးကလွဲရင် တခြားဘယ်သူမှ မရှိဘူးလို့" လိုကျစ်ကွေ့က ညွှန်ကြားလိုက်သည်။

ဟုကော်ကုန်း တုံ့ဆိုင်းနေသည်။

"ကျွန်တော့်သခင်မကြီးက အရှင်မင်းကြီးကို စောင့်ရှောက်နိုင်ပါ့မလား"

"သိသာပါတယ်၊ သူ မစောင့်ရှောက်နိုင်ဘူးလေ" လိုကျစ်ကွေ့က အေးစက်စွာ ပြန်ဖြေလိုက်သည်။

ဟုကော်ကုန်းသည် လိုကျစ်ကွေ့၏ပါးရိုက်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ မျက်နှာတစ်ခုလုံး နာကျင်သွား၏။

"သခင်မကြီးသာရှိနေရင် အရှင်မင်းကြီးက ကျွန်တော်တို့ ရှုံးနိမ့်ပြီး သေဆုံးသွားတယ်ဆိုတဲ့ သတင်းကို ကြားရင်တောင် အသက်ရှင်ကျန်ရစ်သူတွေကို အရင်စောင့်ရှောက်လိမ့်မယ်။ ဒီကိုပြန်လာပြီး အသေခံမှာ မဟုတ်ဘူး" လိုကျစ်ကွေ့က ရှင်းပြသည်။ "ဟုကော်ကုန်း... အရှင်မင်းကြီးသာရှိနေရင် သခင်မကြီးရော၊ ခင်ဗျားဇနီးနဲ့ ကလေးတွေရော အဆင်ပြေမှာပါ"

ဟုကော်ကုန်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။

"သဘောပေါက်ပါပြီ"

လိုကျစ်ကွေ့က သူ့သခင်မကြီးနှင့် မိသားစုဝင်များကို စောင့်ရှောက်ရန်တာဝန်ကို အရှင်မင်းကြီးလက်ထဲ အပ်နှံလိုက်ခြင်းဖြစ်သည်။ အရှင်မင်းကြီးသည် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို စွန့်ပစ်မည့်သူမျိုး မဟုတ်ပေ။ ကံဆိုးမိုးမှောင်ကျလျှင်ပင် အရှင်မင်းကြီးသည် ပြန်လာပြီး အသေခံမည် မဟုတ်ပေ။

"ကျွန်တော်တို့ အဲဒီအခြေအနေထိ မရောက်လောက်ပါဘူး" လိုကျစ်ကွေ့က ပြုံးပြလိုက်သည်။ "ဒါက အဆိုးရွားဆုံးအခြေအနေကို ပြောပြတာပါ"

ဟုကော်ကုန်း မတ်တတ်ရပ်ပြီး လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။ သူ နားလည်ကြောင်း ပြောပြီး ထွက်ခွာသွားလေသည်။ အဆိုးရွားဆုံး အခြေအနေဟုဆိုသော်လည်း တိုက်ပွဲတွင် သူတို့အားလုံး သေဆုံးကုန်ပြီး ဧကရာဇ်သည် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ကျန်းနန်သို့ တစ်ယောက်တည်း ကာကွယ်ပို့ဆောင်ပေးရမည့်အပြင် နောက်ဆုံးတွင် ရှဲ့ဝမ်ယွမ်ကြောင့် ပင်လယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရမည့် အဖြစ်အပျက်များကို တွေးမိသောအခါ ဟုကော်ကုန်း၏နှလုံးသား ကွဲကြေမတတ် ခံစားလိုက်ရသည်။

ဟုကော်ကုန်း ထွက်သွားပြီးနောက် လိုကျစ်ကွေ့သည် လက်ကိုမြှောက်ပြီး လောင်တကို ပွတ်သပ်ပေးလိုက်သည်။ လောင်တသည် စားပွဲပေါ်တွင် ဝပ်နေလေသည်။ နောက်ပိုင်းတွင် ကြောင်နက်ကြီးသည် သူ့နောက်သို့ နေရာတိုင်း လိုက်ပါနေသည်။ ထို့ကြောင့် လိုကျစ်ကွေ့သည် ကြောင်ဝကြီး သူ့အဖော်အဖြစ်ရှိနေသည်ကို ကျင့်သားရနေပြီဖြစ်သည်။

"မြောင်!" လောင်တက လိုကျစ်ကွေ့ကို လှမ်းခေါ်လိုက်သည်။ "စစ်သေနာပတိချုပ်... မင်းသာသေသွားရင် ရှောင်ယောင်း အရမ်းဝမ်းနည်းနေလိမ့်မယ်! မြောင်!"

"ဒီနေ့ကစပြီး လိမ္မာရမယ်နော်။ သူ့ဘေးမှာပဲ နေတော့" လိုကျစ်ကွေ့က လောင်တ၏ခေါင်းကို ပုတ်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။

လောင်တ ငိုချင်သွားသည်။ အဲဒီ ငတုံးမလေးဘေးမှာနေရတာ ဘာအသုံးဝင်မှာလဲ။

......

ဟုကော်ကုန်းသည် နန်းတော်တံခါးမှ တွေဝေငေးငိုင်စွာထွက်လာစဉ် ဖေ့ယင်နှင့် အခြားလူတစ်ဦး မြင်းပေါ်မှ ဆင်းလာကြသည်။ ဖေ့ယင်သည် သူ့အစ်ကိုကြီးကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။

"ဘာဖြစ်တာလဲ။ အစ်ကို အခုလေးတင် ငိုထားတာလား"

ဟုကော်ကုန်းက မျက်လုံးကို ပွတ်သပ်ရင်း ငြင်းလိုက်သည်။

"ငါက ဘာကိစ္စ ငိုရမှာလဲ။ မျက်လုံးထဲ သဲဝင်သွားလို့ပါ"

ဖေ့ယင်၏နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ သူ့လိမ်ညာမှုက ကလေးတစ်ယောက်ကို လှည့်စားဖို့လောက်ပဲ ကောင်းတယ်။

ဟုကော်ကုန်းသည် ဖေ့ယင်၏ နောက်တွင် ရပ်နေသော လူကို အကဲခတ်ကြည့်လိုက်သည်။ သူသည် မေးစေ့မှလွဲ၍ ကျန်သည့်အရာများကို ဖုံးကွယ်ထားသော ဦးထုပ်အဝိုင်းကြီးကို ဆောင်းထားသည်။

"ဒါက ရွှီကျိချန်" ဖေ့ယင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ဟုကော်ကုန်း၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။ ရွှီကျိချန်က ရွှီကျင်းရဲ့ သားအကြီးဆုံးလေ။ ရွှီမိသားစုက နောက်ဆုံးတော့ မြို့တော်ကို ရောက်လာပြီပဲ!

"ကြွပါ" ဖေ့ယင်က ဘေးတစောင်းရပ်ပြီး လူငယ်ကို နန်းတော်ထဲဝင်ရန် လက်ဟန်ပြလိုက်သည်။

ရွှီကျိချန်က ဟုကော်ကုန်းကို နှုတ်ဆက်သည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် ဖေ့ယင်၏နောက်မှလိုက်ကာ နန်းတော်တံခါးငယ်ဆီသို့ ဝင်သွားလေသည်။ ဟုကော်ကုန်းသည် လုံးဝ တုံ့ဆိုင်းမနေတော့ပေ။ သူသည် ရွှီကျိချန်၏နောက်သို့ အလျင်အမြန် လိုက်သွားလေသည်။ လိုကျစ်ကွေ့နှင့် ရွှီကျိချန်တို့ ပြောမည့်စကားများကို သူ နားထောင်ချင်သည်။

.....

လိုကျစ်ကွေ့သည် စင်္ကြံလမ်းတွင်ရပ်ကာ ရွှီကျိချန်ကို စောင့်နေသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး မရင်းနှီးကြသဖြင့် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ကြသည်။

လိုကျစ်ကွေ့က မှတ်ချက်ပေးလိုက်သည်။

"ခရီးလမ်းမှာ ပင်ပန်းသွားပါပြီ။"

ရွှီကျိချန်က ပြန်ဖြေသည်။

"စစ်သေနာပတိချုပ်... ခင်ဗျား ယဉ်ကျေးလွန်းနေပါပြီ"

ယဉ်ကျေးမှု ဖလှယ်ခြင်းက ထိုနေရာတွင် ပြီးဆုံးသွားသည်။

ဖေ့ယင် စကားပြောချင်သော်လည်း ဟုကော်ကုန်းက သူ့ကို ဆွဲထားလိုက်သည်။ ငါ့ညီ ပါးစပ်ဟလိုက်တာနဲ့ တစ်ယောက်ယောက်ကို စော်ကားတော့မှာ! အခုအချိန်မှာ ရွှီမိသားစုက လူတွေက ဆရာကြီးတွေလေ! ဘယ်သူ့ကိုမှ စော်ကားလို့ မဖြစ်ဘူး!

"အထဲဝင်ပြီး ပြောကြတာပေါ့" လိုကျစ်ကွေ့က ရွှီကျိချန်ကို ဖိတ်ခေါ်လိုက်သည်။

သို့သော် ရွှီကျိချန်က ပြန်ပြောလိုက်သည်။

"စစ်သေနာပတိချုပ်လို... ကျွန်တော် အရှင်မင်းကြီးကို တွေ့ချင်ပါတယ်"

"အရှင်မင်းကြီး ဆင့်ခေါ်တဲ့အချိန်ထိ စောင့်ရပါလိမ့်မယ်။ အရှင်မင်းကြီးက တိုင်းပြည်ရဲ့အရှင်သခင်လေ။ လူတိုင်းကို တွေ့တာ မဟုတ်ဘူး။ ခင်ဗျားတွေ့ချင်တိုင်း သူက လက်ခံတွေ့ဆုံမယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး"

ရွှီကျိချန် - ...သူက အခု လွှမ်းမိုးချင်နေတာလား။ နည်းနည်းလောလွန်းမနေဘူးလား။

ဟုကော်ကုန်းသည် လိုကျစ်ကွေ့အတွက် စိတ်ပူသွားသည်။ ရွှီမိသားစုကို ဒီ့ထက်ယဉ်ကျေးတဲ့ လေသံနဲ့ ပြောလို့ မရဘူးလား။ မင်းမှာ ဘာပြဿနာပဲရှိရှိ ရှဲ့ဝမ်ယွမ်ကို ရှင်းပြီးမှ ရှင်းလို့မရဘူးလား။ ရှဲ့ဝမ်ယွမ်ကို ရှင်းပြီးရင် ရွှီမိသားစုကို မင်းကြိုက်သလို နှိပ်စက်လို့ ရပါတယ်?!

"ချန်လုနဲ့ သူ့ဇနီးကို သွားခေါ်ဖို့ ကျွန်တော် လူလွှတ်ထားပြီးပြီ။ သခင်လေးက အထဲမှာ စကားမပြောချင်ဘူးဆိုရင် ကျွန်တော်တို့ ဒီဝင်းထဲမှာပဲ ပြောကြတာပေါ့" လိုကျစ်ကွေ့က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ကျွန်တော် ချန်အိမ်တော်ကို သွားလို့ရပါတယ်" ရွှီကျိချန်က အေးစက်စွာ ပြန်ပြောလိုက်သည်။

"ရှဲ့ဝမ်ယွမ်ရဲ့ မျက်လုံးတွေက ချန်အိမ်တော်ရဲ့ အတွင်းရောအပြင်ရော ရှိနေတာ။ သခင်လေး... ခင်ဗျား အဲဒီကို တကယ်သွားချင်တာ သေချာလား"

"ကျွန်တော့်ဖခင်ရဲ့ အမိန့်အရ အမတ်ချုပ်ကြီးကို အရင်ဆုံးလာတွေ့တာလို့ ပြောလို့ရပါတယ်" ရွှီကျိချန်က ပြောသည်။

"ဒါပေမဲ့ သခင်လေးက နန်းတော်ထဲရောက်နေပြီလေ။ ကျွန်တော်က အတင်းဆွဲခေါ်လာပါတယ်လို့ ပြောမလို့လား"

ဟုကော်ကုန်း လှည့်ကြည့်စရာမလိုဘဲ ဝင်ပြောသူမှာ ဖေ့ယင်မှန်း သိလိုက်သည်။ ရွှီကျိချန်၏မျက်နှာတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။

"ဒါက မာန်မာနထောင်လွှားရမယ့် အချိန်လား" ဖေ့ယင်က လှောင်ပြောင်လိုက်သည်။ "အရှင်မင်းကြီးက ခင်ဗျားတို့ ရွှီမိသားစုကို တောင်းပန်နေတယ်လို့ ထင်နေတာလား"

ရွှီကျိချန်က မဲ့ပြုံးပြုံးလိုက်သည်။

"အရှင်မင်းကြီးကို ဘယ်သူက တောင်းပန်ခိုင်းရဲမှာလဲ"

"ခင်ဗျား အခုတကယ်လုပ်နေတာ ဘာလဲဆိုတာ မသိဘူးလား" ဖေ့ယင်က ပြန်ပက်လိုက်သည်။

ဟုကော်ကုန်း အားတင်းပြီး ဖေ့ယင်ကို သူ့အနောက်သို့ နောက်တစ်ကြိမ် ဆွဲပို့လိုက်သည်။ ဒီကိုလာတဲ့လမ်းတစ်လျှောက်လုံး သူတို့နှစ်ယောက် ရန်မဖြစ်ခဲ့တာ အံ့သြစရာပဲ။

"လက်ရှိကိစ္စကိုပဲ အာရုံစိုက်ကြရအောင်" ဟုကော်ကုန်းက ကြားဝင်ဖြန်ဖြေပေးလိုက်သည်။ "အခုက ရန်ဖြစ်နေရမယ့်အချိန် မဟုတ်ဘူး။ စစ်သေနာပတိချုပ်၊ သခင်လေးရွှီ... လက်ရှိကိစ္စကိုပဲ အာရုံစိုက်ကြရအောင်"

"စစ်သေနာပတိချုပ်လို... ခင်ဗျားက ဧကရာဇ်အတွက် ရင်ခွင်ပိုက်အုပ်ချုပ်သူအဖြစ် ဆောင်ရွက်နေတာလား။ ခင်ဗျားရဲ့စကားတွေက ဧကရာဇ်နဲ့ တန်းတူပဲလား" ရွှီကျိချန်က မေးလိုက်သည်။

"ဧကရာဇ် ရောက်ရှိ!"

နဉ်ရှောင်ယောင်း၏ အသံသည် ဝင်းတံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

ဟုကော်ကုန်း သက်ပြင်းချလိုက်မိသည်။ သူတို့ ကယ်တင်ခံလိုက်ရပြီ။

လိုကျစ်ကွေ့ မျက်နှာ မည်းမှောင်သွားသည်။ မိန်းကလေးနဉ်ကို ရွှီကျိချန်နှင့် လုံးဝမတွေ့စေရန် သူ အစကတည်းက လက်အောက်ငယ်သားများကို အမိန့်ပေးထားခဲ့သည်။ အရှင်မင်းကြီးက ရွှီမိသားစုထံ အကူအညီတောင်းခံနေသည်ဟူသော အထင်အမြင်လွဲမှားမှုကို ရှောင်ရှားလိုခြင်းဖြစ်သည်။ ဘယ်သောက်ရမ်းကောင်က သတင်းသွားပေးလိုက်တာလဲ။ (စာရေးသူ - ခင်ဗျားဘေးက ကြောင်နက်ဝတုတ်ကြီး ဖြစ်မှာပေါ့...)

ရွှီကျိချန် လှည့်ကြည့်လိုက်သည်။

နဉ်ရှောင်ယောင်းသည် ဝင်းတံခါးပေါက်မှတဆင့် လျှောတိုက်ဝင်ရောက်လာသည်။ နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူမသည် ဧကရာဇ်တစ်ပါးနှင့် တူမနေပေ။

"ကျွန်တော်မျိုး ရွှီကျိချန် အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ" သခင်လေးရွှီက ဒူးထောက်လိုက်သည်။

နဉ်ရှောင်ယောင်းက သူ့ကို ဆွဲထူရန် လက်လှမ်းလိုက်သော်လည်း လိုကျစ်ကွေ့က ဘေးမှ ချောင်းဟန့်လိုက်သည်။ ထို့ကြောင့် သူမ လက်ပြန်ရုတ်သိမ်းလိုက်ပြီး ရွှီကျိချန်ကို ထရန် အမိန့်ပေးလိုက်သည်။

"ထပါ။ ဒီအခြေအနေရောက်မှတော့ ဘယ်သူက ဧကရာဇ်ဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ။ ဟားဟားဟား!"

ရွှီကျိချန် - ...အာဏာလက်လွှတ်ရတော့မယ့် အခြေအနေရောက်နေတာတောင် ခင်ဗျားက ဒီလောက် ပျော်ပျော်ကြီး ရယ်နိုင်သေးတယ်ပေါ့?

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၈၀ ။ အချိန်က လူကို မစောင့်ဘူး

လူအုပ်ကြီးသည် နန်းဆောင်အခန်းတစ်ခုထဲသို့ ဝင်သွားပြီး ထိုင်လိုက်ကြသည်။ နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို ကြည့်လိုက်ပြီးနောက် ရွှီကျိချန်ကို ပြောလိုက်သည်။

"စစ်သေနာပတိချုပ်က အသေးစိတ်အချက်အလက်အားလုံးကို ရှင်းပြပါလိမ့်မယ်။ ငါက သူ့ရာထူးအနေအထားကို ရှင်းလင်းပေးဖို့ပဲ လာတာပါ"

ရွှီကျိချန်သည် နဉ်ရှောင်ယောင်းနှင့် အကြည့်ချင်းဆုံအောင် ကြည့်လိုက်ပြီး ပြောလိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးက ပညာရှိဘွဲ့ထူးတွေ၊ ရာထူးဂုဏ်ရှိန်တွေကို မမက်မောပါဘူး..."

"ရာထူးနဲ့ စည်းစိမ်ကို မမက်မောဘူးတဲ့လား။ ဘယ်သူက အကြောင်းမဲ့သက်သက် အသက်လာစွန့်မှာလဲ" နဉ်ရှောင်ယောင်းက လက်ကာပြပြီး ရွှီကျိချန်၏စကားကို ဖြတ်ပြောလိုက်သည်။ "အခုအချိန်က ငါတို့မှာ အချိန်မရှိတော့ဘူး။ မင်းပြောနေတာတွေက အလကားစကားတွေမှန်း သိသာနေတာပဲ။ ဆက်မပြောကြစို့"

ဖေ့ယင်က ရွှီကျိချန်ကို အေးစက်စွာ ရယ်မောလိုက်သည်။

"ခင်ဗျားလိုချင်တာကိုသာ ပြောစမ်းပါ"

"မစခင် ကြိုပြောထားပါရစေ။ ငါ့မှာ ပိုက်ဆံမရှိဘူး။ ဒါပေမဲ့ မင်းကို ရာထူးတစ်ခုတော့ ပေးနိုင်တယ်။ ဒါပေမဲ့ မင်းကို ဧကရာဇ်တော့ ပေးလုပ်လို့မရဘူး။ အရင်ကမေးဖူးပေမဲ့ ဘိုးဘေးတွေက ဧကရာဇ်ဆိုတာ နဉ်မျိုးရိုးပဲဖြစ်ရမယ်လို့ စည်းမျဉ်းထုတ်ထားလို့လေ။ မင်းတို့ ရွှီမိသားစုက 'အလွန်အင်မတန် အစွမ်းထက်ပြီး ကြီးမြတ်တဲ့ မဟာစစ်သူကြီး' ရာထူးဆိုရင် အဆင်ပြေမလား"

ရွှီကျိချန်သည် နဉ်ရှောင်ယောင်း ဒီလောက်ထိ ပွင့်လင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဘယ်လို လက်အောက်ငယ်သားမျိုးက ဧကရာဇ်ကို သူလိုချင်တာ တဲ့တိုးပြောရဲမှာလဲ။ ဒါမှမဟုတ် ဘယ်အစိုးရရာထူးလိုချင်တယ်ဆိုတာ ပြောရဲမှာလဲ။ သခင်လေးရွှီမှာ နဉ်ရှောင်ယောင်းကြောင့် စကားမပြောနိုင်ဖြစ်သွားလေသည်။

"မင်းအစ်မ ရှင်းဟွာ ကိုယ်ဝန်ရအောင် ငါ ကူညီပေးနိုင်တယ်။ ပြီးတော့ ချန်လုကို အမတ်ချုပ်ကြီးရှဲ့က နောက်ထပ်အိမ်ထောင်ပြုဖို့ အတင်းဖိအားမပေးအောင်လည်း ငါ တာဝန်ယူပေးနိုင်တယ်။ ဒီနေ့ကစပြီး မင်းတို့မိသားစုရဲ့ အနာဂတ်က လင်းလက်တောက်ပနေတော့မှာ။ ဘာကျန်သေးလဲ။ ဪ... ဟုတ်သားပဲ၊ ငါပြောသလို မင်းကို 'အလွန်အင်မတန် အစွမ်းထက်ပြီး ကြီးမြတ်တဲ့ မဟာစစ်သူကြီး' ရာထူး ပေးနိုင်တယ်လေ ဟုတ်တယ်မလား!"

နဉ်ရှောင်ယောင်းက ကမ်းလှမ်းရင်း လက်ဆစ်များကို ချိုးလိုက်သည်။

ရွှီကျိချန်သည် ပါးစပ်အဟောင်းသားဖြင့် နဉ်ရှောင်ယောင်းကို စိုက်ကြည့်နေမိသည်။

"သခင်လေး... တစ်ခွန်းလောက် ပြန်ပြောပါဦး"

ရွှီကျိချန် ငြိမ်သက်နေဆဲပင်။

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်ပြီး သူမဘေးနားရှိ လိုကျစ်ကွေ့ဘက်သို့လှည့်ကာ တိုးတိုးလေးမေးလိုက်သည်။

"ဘာဖြစ်သွားတာလဲ။ အကျိုးခံစားခွင့်က မလောက်ငှလို့လား။ ကျွန်မမှာ တကယ် ပိုက်ဆံမရှိလို့ပါဆို"

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏လက်ကို ဖွဖွလေး ပုတ်ပေးလိုက်သည်။ အကျိုးခံစားခွင့် မလောက်ငှတာ မဟုတ်ပါဘူး။ ဖြစ်နိုင်တာက ဒါက ရွှီကျိချန် မင်းကို ပထမဆုံးအကြိမ်တွေ့ဖူးတာဆိုတော့ မင်းပြောပုံဆိုပုံကို သူ အသားမကျသေးတာ နေမှာပါ။

"စိတ်မပူပါနဲ့"

ရွှီကျိချန်သည် လက်သည်းများဖြင့် သူ့လက်ဖဝါးသူ ပြန်ကုတ်ထားသည်ကို နဉ်ရှောင်ယောင်း မြင်နေရသည်။ ကောင်းပြီလေ၊ ဒါက အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပဲကိုး။ သူ့ကို စဉ်းစားဖို့ အချိန်နည်းနည်း ပေးသင့်တယ်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရွှီကျိချန် နောက်ဆုံးတွင် စကားပြန်ပြောလာသည်။

"အရှင်မင်းကြီးက အရမ်းပွင့်လင်းတာပဲ"

"ဒါက လူ့အသက်တွေနဲ့ဆိုင်တဲ့ ကိစ္စလေ။ ငါက မင်းနဲ့ လေတွေ၊ ပန်းတွေ၊ နှင်းတွေ၊ လမင်းကြီးတွေအကြောင်းပြောနေရမယ့် စိတ်အခြေအနေရှိမလား" နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။

သခင်လေးရွှီ ငြိမ်ကျသွားပြန်သည်။ ပွင့်လင်းတာနဲ့ လေ၊ ပန်း၊ နှင်း၊ လမင်းတို့က ဘာဆိုင်လို့လဲ။

"စစ်သေနာပတိချုပ်" တန့်ရုံ၏အသံကို တံခါးအနောက်မှ ကြားလိုက်ရသည်။

"မင်းအစ်မ ရှင်းဟွာနဲ့ ချန်လု ရောက်နေပါပြီ" ခြေသံများကို နားထောင်ပြီး ဘယ်သူတွေမှန်း နဉ်ရှောင်ယောင်း သိလိုက်သည်။ သူမ ရွှီကျိချန်ဘက်သို့ လှည့်လိုက်သည်။ "မင်းတို့ သီးသန့်ပြောချင်ရင် ငါတို့ တခြားနေရာ သွားပေးရမလား"

တန့်ရုံသည် နဉ်ရှောင်ယောင်း ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် အသံမထွက်ဘဲ တံခါးအနောက်တွင် ရပ်နေလိုက်သည်။

ရွှီကျိချန် မတ်တတ်ရပ်လိုက်သည်။

"အရှင်မင်းကြီး စကားက လေးနက်လွန်းပါပြီ။ ကျွန်တော်မျိုး မလုပ်ရဲပါဘူး"

ဧကရာဇ်ကို အပြင်ထွက်ပေးဖို့ ဘယ်သူက တောင်းဆိုရဲမှာလဲ။ ဒါက ဖြစ်နိုင်ပါ့မလား။

"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး" နဉ်ရှောင်ယောင်းက သူမဘာသာ မတ်တတ်ထရပ်လိုက်ပြီး လိုကျစ်ကွေ့ကိုပါ ဆွဲထူလိုက်သည်။ "မင်းက စစ်သေနာပတိချုပ်ရဲ့ အေးစက်စက်မျက်နှာကိုတောင် မကြောက်တာ၊ တခြားဘာကို ကြောက်ရဦးမှာလဲ။ သခင်လေး... မင်းအစ်မ၊ ချန်လုတို့နဲ့ စကားပြောလိုက်ပါဦး"

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကိုဆွဲခေါ်ပြီး အခန်းထဲမှ ထွက်သွားလေသည်။ ဖေ့ညီအစ်ကိုနှစ်ယောက်က အနောက်မှ ကပ်လိုက်သွားကြသည်။ ယခုအခါ အခန်းထဲတွင် ရွှီကျိချန်တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။

...သူတို့ အလေးအနက်ထားရမယ့် ကိစ္စတွေ ဆွေးနွေးရမှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီတိုင်း ထွက်သွားကြတာလဲ။

"အို!"

ရွှီရှီသည် စစ်ဝတ်စုံဝတ်ဆင်လျက် ဝင်းထဲတွင် ရပ်နေသည်။ နဉ်ရှောင်ယောင်းသည် တင်ပါးလှုပ်ယမ်းကာ ပြေးသွားပြီး ရွှီရှီကို အကဲခတ်လိုက်သည်။

"သခင်မ ရောက်လာပြီပဲ!"

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရွှီရှီသည် နဉ်ရှောင်ယောင်းကို မမြင်ချင်ပေ။ သို့သော် သူမ မလိုလားစွာဖြင့် ဦးညွှတ်လိုက်သည်။

"မလိုပါဘူး" နဉ်ရှောင်ယောင်းက လက်ကာပြပြီး ရွှီရှီ၏ပခုံးကို အလျင်အမြန် ထိကိုင်လိုက်သည်။

ကလေး မရသေးဘူးပဲ...

"အရှင်မင်းကြီးကို တွေ့တာတောင် အရိုအသေ မပေးဘူးလား" ဖေ့ယင်က အေးစက်စွာ ပြောလိုက်သည်။

"ရပါတယ်၊ ကိစ္စမရှိပါဘူး" နဉ်ရှောင်ယောင်းက ချန်လု၏ပခုံးကို ပုတ်လိုက်သည်။ ရက်အနည်းငယ် အနားယူပြီးနောက် ချန်လု၏မျက်နှာမှာ ဖူးရောင်နေဆဲ ဖြစ်သော်လည်း အနည်းဆုံးတော့ ယခုအခါ လူရုပ်ပေါက်လာပြီဖြစ်သည်။

ချန်လုက ဦးညွှတ်ပြီး အော်ပြောလိုက်သည်။

"အရှင်မင်းကြီး"

"အရှင်မင်းကြီးလို့ အော်ခေါ်နေရုံနဲ့ ဘာမှထူးလာမှာ မဟုတ်ဘူး" နဉ်ရှောင်ယောင်းက ခေါင်းငုံ့ပြီး မဟာစစ်သူကြီးချန်၏ ခန္ဓာကိုယ်အောက်ပိုင်းကို အာရုံစိုက်လိုက်သည်။ "ကလေးရဖို့ကိစ္စနဲ့ ပတ်သက်ရင် အရှင်မင်းကြီးက မင်းတို့ကို အဆိပ်ဖြေပေးရုံပဲ တတ်နိုင်တာ။ စစ်သူကြီး နားလည်ရဲ့လား"

ချန်လု၏မျက်နှာသည် ချက်ချင်း နီရဲသွားသည်။ သူ ဘာကို နားလည်ရမှာလဲ။

ထိုနေရာရှိ လူတိုင်းသည် ရွှီရှီကို မကြည့်မိအောင် ရှောင်လိုက်ကြသည်။ သူတို့ မကြည့်ရဲကြပေ။

"သခင်မ... ငါ ပြောပြမယ်..." နဉ်ရှောင်ယောင်းက ရွှီရှီဘက် လှည့်ပြောလိုက်သည်။

အယ်... သောက်ကျိုးနည်း! ရွှီရှီက သူမ အရိုက်ခံရတဲ့ညကလို လူသတ်ချင်တဲ့အကြည့်နဲ့ ကြည့်နေပြန်ပြီ!

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ဘေးသို့ ပြန်ဆုတ်သွားပြီး အခန်းထဲသို့ ညွှန်ပြလိုက်သည်။

"ရွှီကျိချန် အထဲမှာ ရှိတယ်။ မင်းတို့ အရင် စကားပြောလိုက်ကြ"

ချန်လုသည် ချွေးပြန်နေသောမျက်နှာကို လက်ဖြင့် သုတ်လိုက်ပြီး မလိုလားစွာ ဦးညွှတ်လိုက်သည်။

"ကျွန်တော်မျိုး အမိန့်တော်အတိုင်း လိုက်နာပါ့မယ်"

"မင်း ပိုပြီး ကြိုးစားဖို့ လိုတယ်နော်!" သေချာစဉ်းစားပြီးနောက် နဉ်ရှောင်ယောင်းက ဖြည့်စွက်ပြောလိုက်သည်။

အရှင်မင်းကြီးရဲ့အရိပ်အမြွက်တွေကို နားမလည်ရင် သူ့အတွက် ပိုကောင်းမည်ဖြစ်သည်။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဆွဲခေါ်သွားလိုက်သည်။

ဒီကောင်မလေးက ပါးစပ်စည်းမရှိဘူးပဲ! သူများလင်မယား ကလေးရမရကိစ္စကို သူက ဘယ်လိုလုပ် ဒီလောက် စပ်စုနိုင်ရတာလဲ!

.....

ယခုအခါ ဝင်းထဲတွင် ရွှီရှီနှင့် ချန်လုတို့သာ ကျန်ရစ်ခဲ့တော့သည်။ ရုတ်တရက် ရွှီရှီက ထရယ်လေသည်။ ချန်လုက သူမကို အလျင်အမြန် သတိပေးလိုက်သည်။

"ဒါက နန်းတော်လေ။ အရှင်မင်းကြီးကို ရိုသေလေးစားရမယ် မိန်းမရဲ့"

ရွှီရှီက ချန်လုကို တွေးတွေးဆဆ ကြည့်လိုက်သည်။ ထို့နောက် သူမ ခေါင်းခါပြီး အခန်းထဲသို့ ဝင်သွားလေသည်။

ချန်လု - ...ဒါက ဘာအဓိပ္ပာယ်လဲ။ ငါ့မိန်းမက ငါ့ကို အထင်သေးသွားတာလား။ ငါ ကောင်းကောင်း မကြိုးစားဘူးလို့ သူလည်း ထင်နေတာလား။

"အစ်မကြီး?"

ရွှီကျိချန်သည် တံခါးနားတွင် ရပ်ပြီး လှမ်းခေါ်လိုက်သည်။ ရွှီရှီ ချန်လုနှင့် လက်ထပ်ပြီးကတည်းက သူမသည် မြို့တော်တွင်သာ နေထိုင်ခဲ့သည်။ မောင်နှမနှစ်ယောက် နောက်ဆုံးတွေ့ခဲ့သည်မှာ လွန်ခဲ့သော ခြောက်နှစ်ကဖြစ်သည်။ သူတို့၏ စိတ်အာရုံထဲတွင် မောင်ဖြစ်သူမှာ ငယ်ရွယ်ပြီး ထူးချွန်ထက်မြက်သူ ဖြစ်နေဆဲဖြစ်သလို အစ်မဖြစ်သူ ရှင်းဟွာမှာလည်း စစ်သူကြီး၏ ချောမောလှပသော သမီးပျိုလေး ဖြစ်နေဆဲပင်။ သို့သော် ခြောက်နှစ်ကြာ ခွဲခွာပြီးနောက် ရွှီကျိချန်၏မျက်နှာပေါ်တွင် ဆင်းရဲဒုက္ခများနှင့် အရေးအကြောင်းများ ပိုများလာသည်။ ရှင်းဟွာအတွက်မူ သူမ၏ ဆံနွယ်နက်များကြားတွင် ဆံပင်ဖြူအချို့ ရောနှောနေလေပြီ။ သူတို့၏မှတ်ဉာဏ်ထဲမှ ပုံရိပ်များနှင့် မတူတော့ပေ။

"မောင်လေး" ရွှီရှီသည် ရွှီကျိချန်၏အနားသို့သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "မတွေ့တာ ကြာပြီနော်"

"ဒဏ်ရာရထားတယ်လို့ ကြားတယ်။ ဘာလို့ လျှောက်သွားနေတာလဲ"

ရွှီရှီ သက်ပြင်းချလိုက်သည်။

"ငါ့ဘက်က အချိန်မကိုက်ဖြစ်သွားတာပါ"

သခင်လေးရွှီက ချန်လုကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ခင်ဗျားက ငါ့အစ်မကို ဒီလိုပဲ စောင့်ရှောက်တာလား"

ချန်လုသည် မတရားသဖြင့် ခံရသလို ခံစားရသော်လည်း အပြစ်ရှိသလိုလည်း ခံစားနေရသည်။ ဒီတစ်ခါ သူ့ဇနီးသည်ကို သူကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

"အထဲဝင်ပြီး ပြောကြတာပေါ့" ရွှီရှီသည် အခန်းရှိရာဘက်သို့ ဦးတည်သွားရင်း ချန်လုဘက်မှ ကာကွယ်ပြောဆိုလိုက်သည်။ "သူ့ကို အပြစ်မတင်ပါနဲ့။ တစ်ဖက်က အရှင်မင်းကြီး၊ နောက်တစ်ဖက်က အမတ်ချုပ်ကြီးရှဲ့လေ။ သူက ဘယ်ဘက်ကို ပြစ်မှားနိုင်မှာလဲ"

"အစ်မကြီး..." ရွှီကျိချန်သည် ချန်လုကို ထပ်မကြည့်တော့ဘဲ ရွှီရှီနောက်သို့ လိုက်ကာ အခန်းထဲဝင်သွားလိုက်သည်။ သူ တိုးတိုးလေး မေးလိုက်သည်။

"စာထဲမှာ ရေးထားတာတွေ အမှန်ပဲလား။ အစ်မ တကယ်ရေးလိုက်တာလား"

"ဟုတ်တယ်" ရွှီရှီ ထိုင်လိုက်ပြီး ပြန်ဖြေသည်။ "အမှန်ပဲ။ ဒီလိုကိစ္စမျိုးကို ငါက နောက်ပြောင်ပါ့မလား"

"သောက်ကျိုးနည်း!" ရွှီကျိချန် ဆဲရေးလိုက်တော့သည်။

"အဖေက ဘာပြောလိုက်လဲ" ရွှီရှီက မေးလိုက်သည်။

"အမတ်ချုပ်ကြီးရော အရှင်မင်းကြီးရော နှစ်ယောက်လုံးကို ကာကွယ်ရမယ်လို့ အဖေက မှာလိုက်တယ်" ရွှီကျိချန်သည် သူ့အစ်မဘေးတွင် ဝင်ထိုင်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

ချန်လု အခန်းထဲ ဝင်လာပြီး မောင်နှမနှစ်ယောက်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ရွှီမိသားစုဘက်တွင် သူ့အတွက် နေရာမရှိပေ။ ချန်လုသည် သူ့ဇနီးသည်ကို လက်ထပ်သည့်နေ့ကတည်းက ဒီအချက်ကို သိခဲ့သည်။

ရွှီကျိချန်၏အဖြေကို ကြားပြီးနောက် ရွှီရှီသည် ညှိုးနွမ်းပြီး ပင်ပန်းနွမ်းနယ်နေပုံ ပေါက်သွားသည်။ သူမ အတင်းဟန်ဆောင် ပြုံးလိုက်သည်။

"အဖေက ငါ့ကို ဂရုစိုက်နေတုန်းပဲလို့ ထင်ပါတယ်"

ရွှီကျိချန် အလျင်အမြန် ပြောလိုက်သည်။

"အစ်မ ဘာကိုဆိုလိုတာလဲ။ အဖေက အစ်မကို ဂရုမစိုက်ဘဲ ဘယ်တုန်းကနေခဲ့လို့လဲ"

"ရွှီကျင်းရဲ့ဇနီးက ဖျားနာတတ်တယ်။ ရွှီရှီက အိမ်ရဲ့ သမီးအကြီးဆုံးလေ။ ရွှီကျင်းရဲ့ဇနီးက ရွှီကျိချန်ကို မွေးပြီးတာနဲ့ ဆုံးပါးသွားခဲ့တာ" လိုကျစ်ကွေ့က ဝင်းထဲတွင် နဉ်ရှောင်ယောင်းကို ရှင်းပြလိုက်သည်။

"ဪ... ဒါဆို ရွှီမိသားစုရဲ့ ကျန်တဲ့သားတွေကို မယားငယ်တွေက မွေးပေးတာပေါ့။ သဘောပေါက်ပြီ"

"ကိုယ်ဆိုလိုတာ အဲဒါမဟုတ်ဘူး။ ဒါက မယားကြီး မယားငယ်ကိစ္စနဲ့ မဆိုင်ဘူး" လိုကျစ်ကွေ့က အခိုင်အမာ ပြောလိုက်သည်။

"ဒါဆို ရှင်က ဘာပြောချင်တာလဲ"

"ရွှီကျိချန် လေးနှစ်သားအရွယ်တုန်းက ရွှီကျင်းက ဓားပြတွေကို စစ်တပ်နဲ့ သွားတိုက်ခိုက်တယ်ဆိုပြီး ကောလာဟလထွက်လာတယ်။ ရွှီမိသားစုဝင်တွေ အကုန်လုံး ထွက်ပြေးကုန်ကြတယ်။ မယားငယ်တွေလည်း အိမ်ကပစ္စည်းတွေ ယူပြီး ထွက်ပြေးကြတာပေါ့။ ရွှီရှီကပဲ သူ့မောင်လေးငါးယောက်ကို စောင့်ရှောက်ပြီး ရွှီကျင်း စစ်နိုင်ပြီး ပြန်လာတဲ့အထိ တစ်နှစ်လုံးလုံး တောထဲမှာ လှည့်လည်သွားလာနေခဲ့ရတာ"

နဉ်ရှောင်ယောင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"တစ်နှစ်တောင်လား"

"ရွှီရှီက သူ့မောင်လေးတွေနဲ့အတူ အဖေကို လိုက်ရှာခဲ့တာ။ ဒါပေမဲ့ လမ်းမှားသွားကြတယ်။ ရွှီကျင်းက သူတို့ကို လိုက်ရှာဖို့ လူလွှတ်ခဲ့ပေမဲ့ မတွေ့ခဲ့ကြဘူး" နံရံကို မှီရပ်နေသော ဖေ့ယင်က ဝင်ပြောပြသည်။

နဉ်ရှောင်ယောင်း တိတ်ဆိတ်သွားသည်။ ဝမ်းနည်းစရာ ဇာတ်လမ်းပါလား။

"အဲဒီနောက်ပိုင်း ရွှီမိသားစုဝင်တွေက ရွှီရှီကို အမေလိုပဲ သဘောထားကြတော့တာ။ သူကပဲ ကျွေးမွေးစောင့်ရှောက်ခဲ့တာကိုး။ ဒါကြောင့် မိသားစုထဲမှာ ရွှီရှီရဲ့စကားက ဩဇာအရှိဆုံးပဲ"

နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။

"ဒါဆိုရင်လည်း ရာထူးပေးမယ့်ကိစ္စ မေ့လိုက်တော့"

"မေ့လိုက်တော့မယ်?" ဟုကော်ကုန်း အသံစူးစူးဖြင့် အော်လိုက်သည်။

"အစ်ကိုကြီး... 'အလွန်အင်မတန် အစွမ်းထက်ပြီး ကြီးမြတ်တဲ့ မဟာစစ်သူကြီး' ရဲ့ လစာက အရမ်းမြင့်တယ်ဟ! စစ်သူကြီးရွှီကျင်းကို ရာထူးမပေးရင်တောင် သူက ငါ့ကို ကူညီမှာပဲလေ။ ငါ့မှာ ပိုက်ဆံရှိချင်ယောင်ဆောင်နေစရာ ဘာလိုသေးလို့လဲ" နဉ်ရှောင်ယောင်း မျက်လုံးပြူးပြလိုက်သည်။

ဟုကော်ကုန်း၏ ပါးစပ်နှင့် မျက်ခွံများ တွန့်သွားရသည်။ လစာပေးရမှာမို့လို့ ရာထူးမရတော့ဘူးဆိုတာ ရွှီကျင်းသာသိရင် ဝမ်းနည်းလွန်းလို့ သေတောင်သေသွားနိုင်တယ်။ အရှင်မင်းကြီးပြောတာ ယုံပါ့မလား။

.....

အမွှေးတိုင်တစ်ဝက်စာ ကုန်ဆုံးချိန်တွင် ချန်လုသည် လေးလံသော မျက်နှာထားဖြင့် ထွက်လာသည်။ ဝင်းအပြင်ဘက်တွင် ရပ်နေသော လူလေးယောက်ကို မြင်သောအခါ စစ်သူကြီးချန်သည် သူတို့ထံ တန်းတန်းမတ်မတ် လျှောက်လာသည်။

"အရှင်မင်းကြီး... ကျွန်တော်တို့ ပြောလို့ ပြီးပါပြီ"

"သဘောတူညီချက်က ဘာတဲ့လဲ" နဉ်ရှောင်ယောင်းက မေးလိုက်သည်။

"ရွှီမိသားစုက အရှင်မင်းကြီးရဲ့တာဝန်ပေးချက်ကို ဘာပဲဖြစ်ဖြစ် လိုက်နာပါ့မယ်တဲ့"

"မင်းကရော" လိုကျစ်ကွေ့က ချန်လုကို မေးလိုက်သည်။

ချန်လု ခေါင်းငုံ့လိုက်သည်။

"ကျွန်တော်မျိုးလည်း ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးနောက် လိုက်ပါ့မယ်"

နဉ်ရှောင်ယောင်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဟုကော်ကုန်းဘက်သို့ လှည့်လိုက်သည်။

"ဟုကော်ကုန်း... နောက်ဆို စစ်သူကြီးချန်ကို သတ်ဖို့ မကြိုးစားနဲ့တော့နော် ဟုတ်ပြီလား"

ချန်လု - ...

ဟုကော်ကုန်းက လိုကျစ်ကွေ့ကို လှမ်းကြည့်လိုက်သည်။ ချန်လုရဲ့စကားကို ယုံလို့ရပါ့မလား။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းဘက် လှည့်လိုက်သည်။

"အရှင်မင်းကြီး... အထဲဝင်ပြီး ရွှီမောင်နှမနှစ်ယောက်နဲ့ စကားမပြောဘူးလား"

"စစ်သူကြီးချန်ကရော" နဉ်ရှောင်ယောင်းက ချန်လုကို လက်ညှိုးထိုးပြသည်။

ဖေ့ယင်က အသံထွက် ရယ်မောလိုက်သည်။

"အရှင်မင်းကြီး... မသိသာဘူးလား။ စစ်သူကြီးချန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာအာဏာမှ မရှိဘူးလေ"

နဉ်ရှောင်ယောင်းက ချန်လုကို စိုက်ကြည့်လိုက်သည်။ သူသည် အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော သူတစ်ယောက်ဖြစ်သည်။ သို့သော် သနားစရာကောင်းသော အမူအရာဖြစ်နေ၏။ ဒါတင်မကဘူး၊ ငုံးတစ်ကောင်လို ကျုံ့ဝင်နေသေးသည်။

"ဟွန်း... မင်းနဲ့ မင်းမိန်းမက ဒီရက်ပိုင်း အိမ်မှာ ဘာတွေလုပ်နေကြတာလဲ။ ငါက အဆိပ်ဖြေပေးပြီးပြီလေ။ ဘာလို့ ကိုယ်ဝန်မရသေးတာလဲ" နဉ်ရှောင်ယောင်းက ဝေဖန်ပြောဆိုရင်း နှာခေါင်းရှုံ့လိုက်သည်။

ချန်လု၏မျက်နှာ နီရဲသွားပြန်သည်။ ဒီအကြောင်း မပြောလို့ မရဘူးလား။

"ဝင်ကြစို့" လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဆွဲခေါ်သွားလိုက်သည်။

"သောက်ကျိုးနည်း... မင်းက အလုပ်တစ်ခုပဲရှိတာကိုတောင် ကောင်းကောင်း မလုပ်နိုင်ဘူးလား။ ရွှီရှီက ဘာလို့များ မင်းနဲ့ ပေါင်းသင်းနေရတာလဲ။ ဝိုး! အမတ်ချုပ်ကြီးနောက် လိုက်နေတာနဲ့ပဲ မင်းမိန်းမ ကိုယ်ဝန်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာတောင် မသိတော့ဘူးလား" နဉ်ရှောင်ယောင်း၏ ပါးစပ်က အဆိပ်ပြင်းလှသည်။

ချန်လု သည်းမခံနိုင်တော့ဘဲ ပြန်ပြောလိုက်သည်။

"ရွှီရှီက အခု ဒဏ်ရာရထားလို့ပါ"

နဉ်ရှောင်ယောင်း - ...ဪ ဟုတ်သားပဲ။ ရှင်းဟွာက ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးထားတာကိုး။

ချန်လုက နဉ်ရှောင်ယောင်းကို ပြန်ပြောရန် ကြိုးစားသည်ကို လိုကျစ်ကွေ့ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ နဉ်ရှောင်ယောင်း ငြိမ်နေသည့်အခါ စစ်သေနာပတိချုပ်က အေးစက်စွာ ဝင်ပြောလိုက်သည်။

"ကိုယ့်မှာ အရည်အချင်းမရှိတာကိုတောင် အကြောင်းပြချက် ပေးနေသေးတာလား"

"ဟုတ်တယ်! အဲဒါအမှန်ပဲ!" သူမကို ထောက်ခံမည့်သူ ရှိလာသဖြင့် နဉ်ရှောင်ယောင်း တက်ကြွလာပြန်သည်။ "မင်းမှာ အရည်အချင်းမရှိတာအတွက် အကြောင်းပြချက် ရှိနေသေးတယ်ပေါ့!?"

ချန်လု တကယ်ပဲ ဒီနှစ်ယောက်နှင့် ရန်ဖြစ်ချင်လာသည်။ သူတို့ပြောပုံက သူတို့မှာ ကလေးရှိနေတဲ့အတိုင်းပဲ! ဖူး! ကိုယ့်အပြစ်ကိုယ်မမြင်ဘဲ သူများအပြစ် လိုက်ပြောနေကြတာ။ ဒါက ရယ်စရာကောင်းတယ်လို့ သူတို့ ထင်နေကြတာလား။

***

All Chapters