ကျုပ်ရဲ့နည်းလမ်းနဲ့ မဟာချန်ဆီ ဖိတ်ခေါ်ပါတယ်
Vol. 32 Ch. 318
ချင်းချိုသည် အမျိုးမျိုးသော ကျင့်ကြံခြင်း နည်းစနစ်များကို စုဆောင်းကာ လေ့လာသင်ယူမှုတွင်မိမိကိုယ်ကို နှစ်မြှုပ်ထားပြီး အရင်းအမြစ်များစွာမှ အားသာချက်များကို ရယူခဲ့သည်။
သူတို့၏ အစီအရင်ပြား များသည် ယခင်က ရွှီမိသားစုနှင့် မယှဉ်နိုင်သော်လည်း သူတို့၏ကျွမ်းကျင်မှုသည် အပေါ်ယံ သက်သက် မဟုတ်ပေ။
သို့သော် ယခုအခါ လူများစွာ၏ မျက်စိရှေ့မှောက်တွင် သူတို့၏တည်ဆောက်မှုသည် ခြေတစ်ချက် ဆောင့်ရုံဖြင့် ကြေမွပျက်စီးသွားခဲ့သည်။
အထက်ရှိ မြင့်မားသောပုံရိပ်ကို ရင်ဆိုင်ရင်း ချင်းချိုဘိုးဘေးနှစ်ဦး၏ မျက်နှာပေါ်တွင် ကြမ်းတမ်းသောအမူအရာများ ပေါ်လာ၏။
"ဓားတွေ ဆွဲထုတ်ကြ"
သူတို့၏ အမိန့်ပေးမှုအောက်တွင် များပြားလှသော ဓားပျံများသည် သူတို့၏သိုလှောင်ရတနာများမှ ပေါက်ကွဲထွက်လာပြီး ငွေရောင် တဖိတ်ဖိတ် တောက်ပနေသည်။ တစ်ခုချင်းစီကို ရွှေနှင့် ကျောက်စိမ်းများဖြင့် အလှဆင်ထားကာ ပြောမပြနိုင်လောက်အောင် ခမ်းနားထည်ဝါနေ၏။
ဓားအလင်းရောင်များ စုစည်းလာပြီး လွှမ်းမိုးထားသောအရှိန်အဝါဖြင့် လှည့်ပတ်နေသည့် နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ချက်ချင်းစုပ်ယူလိုက်သည်။
...
စူးရှပြီးထိုးဖောက်သွားသော အော်ဟစ်သံသည် တဖြည်းဖြည်း ရိုင်းစိုင်းသော ဟိန်းဟောက်သံ အဖြစ်ပြောင်းလဲသွားသည်။
"ရပ်လိုက်ကြ"
နောက်ဆုံးတွင် ထန်ယွမ်သည် လှုပ်ရှားလိုက်ပြီး တစ်ချိန်တည်းလိုလိုပင် ယက္ခဓမ္မကိုယ်ထည်သည် လေထဲသို့ ပျံတက်သွား၏။
"ခင်ဗျားတို့ ဘာလုပ်နေတာလဲ။ ဝူထုံတောင်ကို ကြားဝင်ဖြန်ဖြေပေးဖို့ သဘောတူထားကြတယ်လေ၊ပြီးတော့ ကျုပ်ဆရာလည်း မရောက်သေးဘူး။ ဘာလို့ ရုတ်တရက်ကြီး တိုက်ခိုက်ကြတာလဲ"
ထန်ယွမ်သည် အလယ်တွင် တရားမျှတစွာ ရပ်နေပုံရလေ၏။
ချင်းချို ဘိုးဘေးနှစ်ဦးသည် ဒေါသကြောင့် သွေးအန်လုနီးပါး ဖြစ်နေကြသည်။ မကြာသေးမီကပင် ဤလူသည် မီးရှို့ပြီးအစီအရင်များကို ဖျက်ဆီးကာ သူတို့၏မျိုးနွယ်စုဝင် တစ်အုပ်စုလုံးကို အမွေးပြောင်သောမြေခွေးနတ်ဆိုးများ ဖြစ်လုနီးပါး မီးရှို့ပစ်ခဲ့သည်။
ထန်ဟု အမည်ရှိသော သူသည် ဘာမှ မမြင်သကဲ့သို့ ပြုမူခဲ့သည်။ ယခု ကျုပ်တို့ ပြန်လည် တိုက်ခိုက်တော့မည့် အချိန်ကျမှ သူ ခုန်ထွက်လာ၏။
ဒီထက်ပိုသိသာအောင် မလုပ်ရဲတော့ဘူးလား။
သို့သော် သူတို့သည် ဝူထုံတောင်ကို အမှန်တကယ် ဆန့်ကျင်ရဲခြင်း မရှိပေ။ သူတို့၏ မျက်နှာထားများ အလွန်ကို့ရို့ကားရား ဖြစ်နေပြီး ဓားလက်ချောင်းများကို မြှောက်ကာ ဓားအလင်းရောင် နဂါးကြီး နိမ့်ချည်မြင့်ချည် တောက်ပနေသည်ကို ကြည့်ရင်း နေရာတွင် ခေတ္တ အေးခဲသွားကြသည်။
"ရှန်းယီ... မင်း စောင့်နေလိုက်"
ချင်းချိုမြေခွေးများသည် သူတို့၏ အပြုအမူကို အလွန် တန်ဖိုးထားကြသော်လည်း ယခုအခါ ဘိုးဘေးနှစ်ဦးသည် သာမန် မြေခွေးများကဲ့သို့ သွားများကို ဖြီးကာဟိန်းဟောက်နေကြ၏။
"ကျွတ်"
ထိုအချိန်ကျမှသာ ထန်ယွမ်သည် ရှန်းယီကို နောက်လှည့်ကြည့်ပြီး မသိမသာ မျက်စိမှိတ်ပြလိုက်၏။
ဤတစ်ခါ ချင်းချို၏ အစွမ်းထက်သော ကျင့်ကြံသူများအကုန်လုံး ထွက်လာကြခြင်းဖြစ်ပြီး လက်ရှိ ရှိနေသူတွေတင် မဟုတ်ကြောင်း သိထားရမည်။
ခံစားချက်များကိုဖွင့်ထုတ်သည်က တစ်ပိုင်း၊ သို့သော်လည်း အခြေအနေအား ဤထက်ပိုဆိုးမသွားစေသည်က ပိုကောင်းပါလိမ့်မည်။
ကျူးကျွယ် သည်လည်း ဂျူနီယာညီလေးရှန်း၏ အနောက်တွင်တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏ရွှေခန္ဓာကိုယ်ဓမ္မကိုယ်ထည် ကို ထိန်းချုပ်ထား၏။
ထိုအချိန်တွင်၊ ရှန်းယီသည် ခြေတစ်လှမ်း ဖြည်းညှင်းစွာတိုးလာပြီး ဂရုမစိုက်စွာ ပြောလိုက်သည်
"ဒါက မဟာချန်နဲ့ ဘာမှ မဆိုင်ဘူး။ကိုယ်ရေးကိုယ်တာ ကိစ္စပါ၊ သူတို့ ကျုပ်နောက်ကို လိုက်နေတာ ကြာပြီ"
ထိုစကားကိုကြားတော့ ထန်ယွမ်ခေတ္တ စဉ်းစားလိုက်ပြီး အမှန်တရားကို သဘောပေါက်သွားသည်။
ဒါဆို ဒီမြေခွေးနတ်ဆိုးတွေက ဒီတစ်လျှောက်လုံး မညှာမတာလိုက်နေပြီး မဟာချန်ဆီက
ဖြေရှင်းချက် တောင်းနေတာပေါ့။ သူတို့ တကယ် လိုက်နေတဲ့သူက အစ်ကိုရှန်း ဖြစ်နေတာပဲ။
သူတို့ ဘယ်လို လုပ်ရဲရတာလဲ။
"ချင်းချိုက အစ်ကိုရှန်းကို ဘယ်လို စော်ကားမိလဲဆိုတာ ကျုပ်မသိပါဘူး" ထန်ယွမ် ခေါင်းငြိမ့်လိုက်ပြီး ကြားဝင်ဖြန်ဖြေပေးရန် ရည်ရွယ်ထားဆဲပင်။
"မင်းအဘိုးကို ငါစော်ကားမိတာကွ" ချင်းချို ဘိုးဘေးသည် ဆက်မထိန်းနိုင်တော့ဘဲ အလွန် နစ်နာသည်ဟု ခံစားလိုက်ရ၏။
"ဟိုကောင်ရှန်း... မင်း ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံသူလို့ သတ်မှတ်ရင် တခြားသူတွေကို ဖိနှိပ်ဖို့ ဝူထုံတောင်ရဲ့ နာမည်ကို သုံးနေတာ ရပ်လိုက်စမ်းပါ"
"..."
ရှန်းယီ မျက်ခုံးပင့်လိုက်ပြီး ထန်ယွမ်ကို ကျော်ဖြတ်ကာ ဖြတ်ခနဲ ရောက်သွား၏။
"ကောင်းတယ်"
ချင်းချိုဘိုးဘေးနှစ်ဦးသည် မင်္ဂလာတိမ်တိုက်များကို ဒေါသတကြီး နင်းပြီး လေထဲသို့ ပျံတက်သွားကြသည်။
ဓားအလင်းရောင်နဂါးကြီးသည် စူးရှသော အော်ဟစ်သံဖြင့် ပေါက်ကွဲထွက်လာပြီး ကောင်းကင်ရှိမည်းမှောင်သော တိမ်တိုက်များကိုပင် ပြန့်ကျဲသွားစေ၏။
ငွေရောင်အလင်းတန်းသည် ရှုခင်းတစ်ခွင် ဖြတ်သန်းသွားပြီး ထိုပိန်ပါးသော ပုံရိပ်ကို ဝါးမြိုရန်ဟိန်းဟောက် ရှာဖွေနေ၏။
ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း၊
ရှန်းယီ ရုတ်တရက်လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ သူ၏သွေးစွမ်းအင်များ ကောင်းကင်သို့ ထိုးတက်သွားသည်။
ယခင်က ကြောက်စရာကောင်းသော ခရမ်းရွှေရောင်မီးတောက်များသည် ခန်းနားကြီးကျယ်သောနေမင်းပေါက်ကွဲခြင်း အဖြစ် ပြောင်းလဲသွားသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် အရှိန်အဝါအစအနမျှ မကျန်တော့ပေ။
သို့သော်တစ်ညီတစ်ညွတ်တည်း ထွက်ပေါ်နေသော ဓားမြည်သံများကြားတွင် လူတိုင်းသည် ဖျော့တော့သော ဟိန်းဟောက်သံကို ကြားလိုက်ရ၏။
ရှေးဟောင်းခေတ်မှ ကြမ်းကြုတ်သော သားရဲတစ်ကောင်အိပ်စက်ရာမှ နိုးထလာသကဲ့သို့ပင်။
သူ၏ဖြူဖွေးသွယ်လျသော လက်ချောင်းများသည် တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ဓားအလင်းရောင် နဂါးခေါင်း၏ ရှေ့တည့်တည့်တွင် ရပ်တန့်သွား၏။
နောက်တစ်ခဏတွင် ကြွပ်ဆတ်သော အက်ကွဲသံများပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။
မရေမတွက်နိုင်သော ဓားများသည် မျက်တောင်တစ်ခတ်အတွင်း အပိုင်းပိုင်းအစစ ဖြစ်သွားပြီး အဆုံးမရှိသော ထက်ရှသည့် အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားသည်။
ကျိုးပဲ့နေသော ဓားများသည် သည်းထန်စွာ ရွာသွန်းနေသော မိုးကဲ့သို့ ပြုတ်ကျလာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံထား၏။
ချင်းချိုဘိုးဘေးနှစ်ဦးသည် သူတို့ရှေ့က မြင်ကွင်းကို တွေဝေငေးမောစွာ ကြည့်နေကြသည်။ နောက်တစ်ခဏတွင် ထိုအစိမ်းရောင်ပုံရိပ်သည် ဓားမိုးရေထဲမှရုတ်တရက် ထွက်ပေါ်လာလေ၏။
ရှန်းယီလေဟာနယ်ကို ဖြတ်ကျော်ပြီး သူ၏ ဖိနပ်ဖြင့် အရပ်ရှည်သော ဘိုးဘေး၏မြေခွေးမျက်နှာကို ပြင်းထန်စွာ ကန်လိုက်သည်။
"ဖုန်း"
ချင်းချိုဘိုးဘေးသည် ကျင့်ကြံသူ ဖြစ်ကြောင်း ကြွားဝါထားသော်လည်း ၎င်း၏နတ်ဆိုးခန္ဓာကိုယ်သည် အတုအယောင် မဟုတ်ပေ။
သို့သော် ကန်ချက်တစ်ချက်တည်းဖြင့် လွင့်စင်သွားခဲ့သည်။
အခြားဘိုးဘေးသည် ကူညီရန် အဖိုးတန်ကိရိယာ တစ်ခုကို အလျင်အမြန် ထုတ်လိုက်သော်လည်း ရှန်းယီက ကြိုတင်ခန့်မှန်းထားပြီး ဆူးကွင်းတစ်ခုကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ကာ ၎င်း၏ခါးနှင့် လက်နှစ်ဖက်လုံးကို ချည်နှောင်လိုက်၏။
ဘိုးဘေးသည် အစွမ်းကုန် ရုန်းကန်သော်လည်း ဆူးများ၏အဆိပ်သည် အရေပြားကို ဖောက်ထွင်းဝင်ရောက်ပြီး သေစေနိုင်သော အဆိပ်များ ချက်ချင်း ပျံ့နှံ့သွားသည်ကိုသာ တွေ့လိုက်ရသည်။
"ဒီလောက် အဆိပ်ပြင်းတဲ့ အဖိုးတန်ကိရိယာ..."
၎င်း၏နှုတ်ခမ်းများမှ အစိမ်းရင့်ရောင် အရည်များ စီးကျလာပြီး မျက်လုံးသူငယ်အိမ်များပင် တုန်ရီလာလေ၏။
လက်ဝါးများ တုန်ရီနေလျက်ဖြင် ဂါထာမန္တန်တစ်ခု ဖန်တီးရန် ကြိုးစားလိုက်သည်။
သို့သော် ရှန်းယီ လက်ပြန်ဝှေ့ယမ်းလိုက်သည်ကို တွေ့လိုက်ရပြီး ဓားပျံခြောက်လက်သည် ဆန်းကြယ်သော ထောင့်ချိုးတစ်ခုဖြင့် ကောင်းကင်သို့တက်သွားကာ ၎င်းကို ဝိုင်းရံထားလိုက်သည်။
"ခေါင်းဖြတ်လိုက်"
လက်ဖြင့် ပေါ့ပေါ့ပါးပါး ဖိချလိုက်ပြီး ရှန်းယီသည် လွင့်စင်သွားသော မြေခွေးနတ်ဆိုးဆီသို့ ပျံသန်းသွားပြီး ဖြစ်သည်။
သူ့လက်ဖဝါး ဖိချလိုက်သည့် အချိန်တွင်၊
ဓားပျံခြောက်လက်သည် ဖွတ်ခနဲအသံဖြင့် ချင်းချိုဘိုးဘေးအရှင်သခင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေ၏။
ချင်းချိုလေးက မည်သို့လုပ် ရွှမ်ကွမ်းဂူ၏အမွေအနှစ်နှင့် ယှဉ်နိုင်မည်နည်း။ ထိုနေရာတွင်ကြုံရာတစ်ခု ကောက်ယူလိုက်လျှင်ပင် သူတို့နှင့် ခဏလောက်ကစားဖို့လုံလောက်ပေ၏။
တစ်ချိန်တည်းမှာပင်၊ သူသည် လွင့်စင်သွားသော မြေခွေးနတ်ဆိုး၏ဘေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရှန်းယီ၏ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံခြင်း သည် နတ်ဘုရားအသွင်ပြောင်း ကနဦးအဆင့် သာ ရှိသေးသော်လည်း သူ၏ပစ်မှတ်သည် နတ်ဆိုးတစ်ထောင်ဂူတွင် အဆင့် ၄၀ ရှိသော ရွှေမျက်လုံး ခြင်္သေ့ဧကရာဇ် အနည်းဆုံးဖြစ်သည်။ ခွေးကြောင်များမဟုတ်ပေ။
"နတ်ဆိုးနှိမ်နင်း ဝရဇိန်လက်နက်"
ဘိုးဘေးသည် အငိုက်မိသွားပြီး လက်အုပ်ချီ ဂါယာရွက်ရန်သာ အချိန်ရလိုက်၏။
ရွှေဖြင့် ပြုလုပ်ထားသော တုတ်တိုတစ်ချောင်းသည် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
သို့သော် အသက်တစ်ရှိုက်စာ အချိန်မရခင်မှာပင် ရှန်းယီ၏လက်သီးချက်ကြောင့် ကြေမွသွားသည်။
"နဂါးလှုပ်ရှားခြင်းကောင်းကင်နည်းစနစ် "
ချင်းချိုဘိုးဘေးသည် ထွက်ပြေးရန် လှည့်လိုက်သော်လည်း ရှန်းယီ၏လက်ဖဝါးဖြင့် လည်ပင်းကို ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။
၎င်း နောက်ပြန်လှည့်ကြည့်လိုက်ရာ မျက်လုံးသူငယ်အိမ်များ စတင် ပြောင်းလဲလာသည်။
၎င်း၏မွေးရာပါ နတ်ဘုရားစွမ်းရည်များကို အသုံးပြုခွင့် မရခင်မှာပင် ရှန်းယီသည် ၎င်း၏ မျက်လုံးများကို ဓားလက်ချောင်းများဖြင့် လျင်မြန်စွာ ထိုးဖောက်လိုက်သည်။
အစီအရင် ၊ ဓားသိုင်းပညာ ၊ အဖိုးတန်ကိရိယာ ၊ နတ်ဆိုးမျိုးနွယ် ပါရမီ ၊ အရာရာတွင် အနည်းငယ်စီ စွမ်းဆောင်နိုင်ပုံရသည်။
သို့သော်လည်း ရှန်းယီ၏ရိုးရှင်းသော လက်သီးချက်များအောက်တွင်တော့ ဘာမှအသုံးမဝင်သလို ဖြစ်နေလေ၏။
အင်အားတစ်ခုတည်းက ဂါထာမန္တန်ပေါင်း တစ်သောင်းကို ချိုးဖျက်ပစ်လိုက်လေ၏။
ရှန်းယီ၏လက်ချောင်းထိပ်များတွင် အေးစက်မှု ရုတ်တရက်ပေါ်လာပြီး ရေခဲကျောက်စိမ်းပိုးမျှင်လက်ကို အပြည့်အဝအသုံးပြုလိုက်ရာ ချင်းချိုးဘိုးဘေးအရှင်သခင်ကို ချက်ချင်းအေးခဲသွားစေသည်။
ထို့နောက် နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
အက်ကွဲသံများနှင့်အတူ ချင်းချိုညဘိုးဘေးအရှင်သခင်သည် တိုက်ရိုက်ကြေမွသွားပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ရေခဲရုပ်တု အပိုင်းအစများ ဖြစ်သွားသည်။
ရှန်းယီသည် ဤရေခဲရုပ်တုများကို သူ၏ သိုလှောင်ရတနာထဲသို့ ပေါ့ပေါ့ပါးပါး သိမ်းဆည်းလိုက်လေ၏။
သူ နောက်လှည့်ကြည့်လိုက်သောအခါ၊
အခြား ချင်းချို ဘိုးဘေးအရှင်သခင်သည် မျိုးနွယ်စုဝင် များစွာ၏အကူအညီဖြင့် ဆူးများမှ လွတ်မြောက်ရုံသာ ရှိသေးပြီး ခန္ဓာကိုယ်တွင် ဓားပျံများ စိုက်ဝင်နေဆဲပင်။
လူငယ်လေး၏အကြည့် ရောက်လာသောအခါ ၎င်းသည် ပြင်းထန်စွာ တုန်ရီပြီး ဟိန်းဟောက်လိုက်၏။
"အာဝူးး"
သေချာနေသည်မှာ ၎င်း၏မိတ်ဆွေ ကျဆုံးသွားမှုက အရိုးထဲထိအေးစက်သွားစေပြီး တည်ငြိမ်မှု ပျက်ပြားသွားသည့် အခြေအနေထိ ရောက်သွားစေသည်။
မှော်ပညာရပ်များ အသုံးမဝင်လျှင် ၎င်း၏မူလနည်းစနစ်ကိုသာ ပြန်သုံးရတော့မည်။
တခဏချင်းတွင်ကိုက်ပေါင်း ဒါဇင်ချီ ရှည်လျားသောနတ်ဆိုးခန္ဓာကိုယ်ကြီးသည် လောကတွင် ပေါ်ထွန်းလာသည်။
၎င်း၏ နှင်းကဲ့သို့ ဖြူဖွေးသော နောက်ခြေထောက်များသည်ပြင်းထန်စွာ ဆောင့်နင်းလိုက်ပြီး တစ်ကိုယ်လုံး လေထဲသို့ ရုတ်တရက် ခုန်တက်လိုက်သည်။
ထိုအချိန်မှာပင် ၎င်းသည် စူးရှသောအော်ဟစ်သံကို ထုတ်လွှတ်လိုက်၏။
ကြောက်လန့်တကြား ခေါင်းလှည့်ကြည့်လိုက်ရာ ၎င်း၏ကြီးမားသော အမြီးကို လက်ဖဝါးတစ်ဖက်က တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ရှန်းယီ တောင်များကြားတွင် တည်ငြိမ်စွာ ရပ်နေ၏။
သူ့မျက်နှာထားသည်ပင် လှုပ်ရှားမှုအနည်းငယ်သာ ရှိသော်လည်း သူ့လက်ထဲတွင် မြေခွေးနတ်ဆိုးသည်တစ်လက်မလောက်ပင် မြင့်တက်လာရန် အချည်းနှီး ရုန်းကန်နေရသည်။
သူ့လက်မောင်းကို အားစိုက်လိုက်သောအခါ၊
လူတိုင်း၏ကြောင်အသွားသော အကြည့်အောက်တွင် ကိုက်ပေါင်း ဒါဇင်ချီ ကြီးမားသော မြေခွေးကြီးသည် မြေကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ချခြင်း ခံလိုက်ရ၏။
လက်နက်ဂိုဏ်းကို ဝန်းရံထားသော တောင်များသည် တန်းတန်းမတ်မတ်ပင်ပြိုကျသွား၏။
မြေကြီးလှုပ်ခတ်ပြီးတောင်များ တုန်ခါသွားသော ကြောက်မက်ဖွယ် မြင်ကွင်းသည် လူသားစွမ်းအားထက်များစွာ ကျော်လွန်နေသည်။
မြေခွေးနတ်ဆိုး၏ပါးစပ် လှုပ်ရမ်းသွားပြီး အစိမ်းရင့်ရောင်အရည်များ ထပ်မံ စီးကျလာသည်။ ၎င်း၏ မျက်လုံးများထဲတွင် ချဉ်းကပ်လာ
သော အစိမ်းရောင်ပုံရိပ်ထင်ဟပ်နေ၏။
"အာား"
ရှန်းယီ၏သေးငယ်သော ပုံရိပ်သည် ၎င်း၏ ခေါင်းဘေးသို့ ရောက်ရှိလာပြီးနှုတ်ခမ်းပေါ်သို့ ရက်စက်သောလက်ဖဝါးရိုက်ချက် တစ်ချက် ပေးပို့လိုက်သည်။
၎င်း၏ ချွန်ထက်သော သွားများအားလုံး ကြေမွသွား၏။
မြေခွေးခေါင်း တစ်ခုလုံးသည် တောင်စောင်းထဲသို့ နောက်တစ်ကြိမ် ရိုက်သွင်းခံလိုက်ရသည်။
ရှန်းယီ ၎င်း၏ပါးစပ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပြီးနောက် ကျောဘက်မှ ဖောက်ထွက်လာသည်။သူ ပြန်လည် ပေါ်လာသောအခါ လက်ထဲတွင် ချောမွတ်သော နတ်ဆိုးအမြုတေတစ်ခုကို ကိုင်ထား၏။
သူ ဂရုမစိုက်စွာ နောက်ပြန်လှည့်ကြည့်လိုက်သည်။
မြေခွေးအိုကြီးသည် ခြေလက်များကို ပြင်းထန်စွာ ယက်ကန်နေသဖြင့် ပတ်ဝန်းကျင်ရှိ အရာအားလုံး အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားသည်ကို တွေ့လိုက်ရသည်။
သို့သော် တုန်ခါမှုသည် တဖြည်းဖြည်းအားနည်းလာပြီး နောက်ဆုံးတွင် အားမရှိဘဲ တွဲလောင်းကျသွား၏။
ရှန်းယီ အကြည့်လွှဲလိုက်ပြီး နတ်ဆိုးအမြုတေကို သူ၏ သိုလှောင်ရတနာထဲသို့ ထည့်လိုက်သည်။
ချင်းချို အနေနှင့် မဟာချန်အား အခြားနည်းလမ်းတစ်ခု၊ သူတို့နှင့် ပိုရင်းနှီးသော နည်းလမ်းတစ်ခုဖြင့် ချည်းကပ်ခဲ့သင့်လေ၏။