တောင်ထိပ်ပေါ်၌တစ်ကိုယ်တည်း ထိုင်လျက်
Vol. 32 Ch. 319
တောင်တန်းများသည် ရှုပ်ထွေးပွေလီလျက် ရှိပြီး ကြီးမားသောအဖြူရောင်မြေခွေးကြီးသည် အနည်းငယ် တုန်ရီနေ၏။
၎င်း၏ အသက်ရှူသံ လုံးဝ ရပ်တန့်သွားသည်အထိ ပင်။
သေခြင်းတရားနှင့် တူသော တိတ်ဆိတ်မှုသည် တောင်တန်းများကို လွှမ်းခြုံသွားပြီး ပြင်းထန်သော အသက်ရှူသံများသာ ကျန်ရစ်သည်။
သူတို့အားလုံးသည် အစိမ်းရောင်ဝတ်စုံနှင့် ပုံရိပ်ကို စိုက်ကြည့်နေကြသည်။ သူသည် နတ်ဆိုးအမြုတေ ကို သိုလှောင်ရတနာထဲသို့ ထည့်လိုက်ပြီးနောက် မြေခွေးနတ်ဆိုးအုပ်စုဆီသို့ ဦးတည်သွားသည်ကို ကြည့်နေကြသည်။
ဝူတောက်အန်း သည် ညယက္ခဓမ္မကိုယ်ထည်ဘေးတွင် ဝဲပျံနေရင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။
"အဲဒါ တကယ်ပဲ ကျုပ်တို့ရဲ့ဂျူနီယာညီလေးရှန်းလား"
လွန်ခဲ့သောခဏကပင် သူသည် လီမီးတောက် နေမင်းအဖြစ် ပြောင်းလဲကာ သူ၏ တာအိုဝိညာဉ် ကို ဆင့်ခေါ်ခဲ့သည်။
...
ထို့နောက် လက်သီးတစ်ချက်တည်းဖြင့် သူသည် နတ်ဘုရားအသွင်ပြောင်း မြေခွေးနတ်ဆိုး တစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီးပြိုင်ဘက်ကင်းကာ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုပြသခဲ့သည်။
သို့သော် ယင်ဝိညာဉ် နှင့် သက်ဆိုင်သော မည်သည့် နည်းလမ်းကိုမျှ အသုံးမပြုခဲ့ပေ။
ကျူးကျွယ်ခေတ္တ စဉ်းစားလိုက်ပြီးနောက် ခံစားချက်ပါပါ ပြောလိုက်၏။
"ဒါက သူ ဘာလို့ မဟာချန်ကနေ အမြဲ ထွက်သွားချင်ခဲ့လဲဆိုတာကို ရှင်းပြနေတာ မဟုတ်ဘူးလား။ ဘာလို့လဲဆိုတော့ သူက ကျုပ်တို့နဲ့ လုံးဝ မတူညီတဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေလို့လေ"
"သူ့ရဲ့ ရွှေရောင်ခန္ဓာကိုယ်ဓမ္မကိုယ်ထည် ကို ခင်ဗျား မေ့နေပြီလား" ဝူတောက်အန်း မော့ကြည့်လိုက်၏။
"ကျုပ် သဘောမပေါက်ဘူး၊ နားမလည်ဘူး" ကျူးကျွယ်က ထိုပုံရိပ်ကို စိုက်ကြည့်နေရင်း ပြောလိုက်၏။
"ဒါပေမဲ့ ဂျူနီယာညီလေးရှန်းက ကျုပ်တို့ဘက်မှာ ရှိနေတယ်ဆိုတာ ကျုပ် သိတယ်၊ အဲဒါ လုံလောက်ပါပြီ"
"ဘဏ္ဍာတိုက်မှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးမှ ခင်ဗျား ဒီလောက်ပွင့်လင်းမြင်သာစွာ နေထိုင်နိုင်တာအံ့သြစရာ မရှိပါဘူး စီနီယာအစ်ကို"
ဝူတောက်အန်း သူ၏မျက်လုံးများထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။ ချင်ကျိုးက သိုင်းဘုံကျောင်းထံ မည်သို့သောသတ္တဝါဆန်းမျိုး ပို့လိုက်သနည်း။
ရှန်းယီ၏ စွမ်းဆောင်ရည်သည် သူတို့၏ အသိပညာ ဗဟုသုတများကို လုံးဝ ကျော်လွန်သွားခဲ့လေပြီ။ လောကတွင် နယ်ပယ်နှစ်ခုစလုံး၌ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်သူ တကယ် ရှိနိုင်ပါ့မည်လော။
သူ့၏ နတ်ဝိညာဉ်အား အပိုင်းနှစ်ပိုင်း ခွဲနိုင်၍လော။
သို့မဟုတ် တာအိုဝိညာဉ် သို့မဟုတ် ယင်ဝိညာဉ်၏ အသိစိတ်အား ဖိနှိပ်ထားနိုင်သည့်နည်းစနစ် တစ်မျိုးမျိုးကြောင့်လော။
သခင်ကို မဆန့်ကျင်ရုံသာမက ထွက်ပြေးဖို့လည်း ဆန္ဒမရှိဘဲ ရှန်းယီ၏အမိန့်များကို လိမ္မာစွာနာခံနေသည်မဟုတ်လော။
ဤအရာ မိုးမြေပြုစုပျိုးထောင်ပေးထားသော မာနကြီးသည့် သတ္တဝါဖြစ်ပါလိမ့်မည်။
ဝူတောက်အန်း သူ့ဦးနှောက်များ တုန်ခါနေသလို ခံစားလိုက်ရ၏။ သူသည် ရှန်းယီကို မျှော်လင့်ချက် အကြီးမားဆုံးထားခဲ့သော်လည်း လျှော့တွက်မိခဲ့သေးကြောင်း တွေ့ရှိခဲ့ရသည်။
"..."
ပျံသန်းနေသော သင်္ဘောပေါ်တွင် ရွှီဟုန်တဲ လုံးဝ တိတ်ဆိတ်သွားသည်။
သူနှင့် ဆဋ္ဌမမြောက် ဘိုးဘေးနှစ်ဦးစလုံး ထိုပုံရိပ်ကို စိုက်ကြည့်နေကြ၏။
သူတို့သည် တိတ်ဆိတ်ပြီး အနေအေးသော လူငယ်လေးကို ကြည့်နေကြသည်။ သူသည် လှုပ်ရှားရာတွင် အလွန်ရက်စက်ပြီး ပြတ်သားသည်။
အားချင်း အိမ်ပြန်ရောက်စဉ်က သူမ၏ အတွေ့အကြုံများကို ပြောပြစဉ်က ပုံကြီးချဲ့ပြောနေသည်ဟု သူတို့ထင်ခဲ့ကြလေ၏။ ယခုတော့ ဤကောင်မလေးက သူမ၏ဖော်ပြချက်များမှာ များစွာချုံ့ပြောခဲ့ခြင်း ဖြစ်ပုံရလေသည်။
ထိုသို့ဖြစ် နတ်ဘုရားအသွင်ပြောင်းအဆင့် မြေခွေးနတ်ဆိုး နှစ်ကောင်အလွယ်တကူ သုတ်သင်ခံလိုက်ရလေ၏။
"ဆိုတော့ အဲဒါက ဒီလိုအဓိပ္ပာယ်ကိုး"
ရွှီမိသားစု၏ဆဋ္ဌမမြောက် ဘိုးဘေးကြီးသည် ရုတ်တရက် သက်ပြင်းချလိုက်၏။
"ဘာလဲ" ရွှီဟုန်တဲ လှည့်ကြည့်လိုက်သည်။
သို့သော် ဆဋ္ဌမမြောက် ဘိုးဘေးကြီးက အောက်ကို ညွှန်ပြလိုက်၏။
"ဒီကိစ္စပြီးရင် သူဘယ်သူလဲဆိုတာ ငါတို့ သိရလိမ့်မယ်လို့ သူ ပြောခဲ့တယ်... သူ့ရဲ့ကျောထောက်နောက်ခံက မဟာချန်ဆိုတာ ပြဖို့ မဟုတ်ဘူး၊မဟာချန်ရဲ့ ကျောထောက်နောက်ခံက သူဖြစ်တယ် ဆိုတာ ပြောပြဖို့ပဲ"
"ဆိုတော့ သူက ငါတို့ရဲ့ကျောထောက်နောက်ခံလည်း ဖြစ်နိုင်တာပေါ့" ရွှီမိသားစု၏ဆဋ္ဌမမြောက် ဘိုးဘေးကြီး၏မျက်နှာထားသည် ရှုပ်ထွေးသွား၏။
"ဒါပေမဲ့ ဒီအင်အားလောက်နဲ့ လုံလောက်ပါ့မလား"
ရွှီဟုန်တဲ အံ့အားသင့်စွာ ရပ်တန့်သွား၏။
ရှန်းယီ၏အင်အားသည် အဓိက အင်အားစု တစ်ခုအဖြစ် သတ်မှတ်ခံရရန် လုံလောက်ကြောင်း သူ ဝန်ခံသည်။
သို့သော်ရွှီမိသားစုက ရွှမ်ကွမ်းဂူအား စော်ကားမိထားသည်မဟုတ်လော။
ထိုအရာက ဤဒေသတွင် ကောင်းကင်ကိုပင် လက်တစ်ဖက်တည်းဖြင့် ဖုံးအုပ်နိုင်သေည တည်ရှိမှုမျိုးဖြစ်ပေ၏။
"သူ ဘယ်လောက်ငယ်သေးလဲဆိုတာ မင်း မေ့နေပြီလား"
ရွှီမိသားစု၏ဆဋ္ဌမမြောက် ဘိုးဘေးကြီး သက်ပြင်းချလိုက်ပြီး လက်ချောင်းထိပ်များ အနည်းငယ် တုန်ရီနေ၏။
"သူ လိုအပ်တာက အချိန်ပဲ၊ ငါတို့ကို ချဉ်းကပ်တာက သူ့အတွက်အချိန်ဝယ်ပေးဖို့ပဲ။ သူသာ နီကျွင်း လို တကယ်အစွမ်းထက်လာရင် ငါတို့ကို ဘယ်လိုလုပ် လိုအပ်တော့မှာလဲ"
"အခု ငါတို့ ဘာလုပ်ကြမလဲ..." ရွှီဟုန်တဲ မျက်မှောင်ကြုတ်လိုက်၏။
"မင်းညီမလုပ်သလိုမျိုး ငါတို့ ဝင်ပါဖို့ စဉ်းစားလို့ရတာပဲ" ရွှီမိသားစု၏ ဆဋ္ဌမမြောက် ဘိုးဘေးကြီး၏ လက်ဖဝါးသည် သိုလှောင်အိတ်ပေါ်တွင် တည်ရှိနေသည်။
"သူ ငါတို့ကို ဒီကို ခေါ်လာတာက ငါတို့ ဘာလုပ်နိုင်လဲဆိုတာ ပြသဖို့အခွင့်အရေး ပေးနေတာ ဖြစ်နိုင်တယ်"
ချင်းချိုတွင် ရောက်မလာသေးသည့် အစစ်မှန်ဘိုးဘေးတစ်ဦး ရှိနေသေးကြောင်းမမေ့သင့်ပေ။
ပဉ္စမမြောက် ဘိုးဘေး၏လက်ထပ်ပေးမည့် အကြံအစည်ကတော့ လုံးဝပျက်ပြယ်သွားလေပြီ။
ပူးပေါင်းချင်လျှင် ရှန်းယီထံမိန်းမတစ်ယောက် ပို့ပေးရမည်မဟုတ်ပေ။ ရွှီမိသားစု၏စစ်မှန်သော အင်အားကို သူ့ဆီပြသဖို့ပင်။
တောင်ထိပ်များကြားတွင်၊
ဟွမ်ယွမ်အဆင့်မြေခွေးနတ်ဆိုး တစ်ဒါဇင်ကျော်သည် ဓားကိုင်ထားသော မိန်းကလေးတစ်ဦး၏တိုက်ခိုက်မှုကြောင့် နောက်ဆုတ်နေရလေ၏။
သူတို့သည် ချင်းချို၏ အင်အားသည် သိုင်းဘုံကျောင်းထက် မနိမ့်ကျကြောင်း ပြသရန် သူတို့၏ဘိုးဘေးနောက်သို့ လိုက်ပါလာခဲ့ကြခြင်း ဖြစ်သည်။
သူတို့သည် မဟာချန်တွင် နေ့ရက်များကို ပျော်ရွှင်စွာဖြတ်သန်းရန် အဆင်သင့် ဖြစ်နေခဲ့သော်လည်း နာရီဝက် အတွင်းမှာပင် အခြေအနေသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့၏။
"အာ..."
ရွှီဝမ်ယွင်ပင်လျှင် သူမတစ်ယောက်တည်း သူမ၏ ဓားဖြင့် မြေခွေးနတ်ဆိုး အများအပြားကို ခြေတစ်လှမ်းချင်းစီနောက်ဆုတ်သွားအောင် လုပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကြောက်လန့်တကြား စုရုံးနေကြသော မြေခွေးအုပ်စုကို ကြည့်ရင်း၊ ထန်ယွမ် ကြာမြင့်စွာ တုံ့ဆိုင်းနေသော်လည်း စကားမပြောခဲ့ပေ။
သူသာ အခြေအနေကို အမှန်တကယ်ထိန်းချုပ်ချင်ခဲ့လျှင် ချင်းချိုဘိုးဘေး မသေဆုံးမီကတည်းက သူ လှုပ်ရှားခဲ့သင့်၏။
သူ၏ယခင်က လှုပ်ရှားမှုမရှိခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် နှစ်ဖက်စလုံးက အသိအမှတ်ပြုထားသော ပုဂ္ဂိုလ်ရေး အာဃာတဖြစ်နေသောကြောင့် ဖြစ်သည်။
သူ့ဆရာက မဟာချန်နှင့် ချင်းချိုးကြား အခြေအနေကို တတ်နိုင်သမျှတည်ငြိမ်အောင် ထိန်းသိမ်းဖို့သာ ညွှန်ကြားထားပြီး လက်စားချေခြင်းကို တားမြစ်ထားခြင်း မရှိပေ။ အကယ်၍ သူတို့က အစ်ကိုရှန်းကိုသတ်ချင်ပြီး ပြန်လည် အသတ်ခံလိုက်ရလျှင် သူ့နှင့်ဘာဆိုင်မည်နည်း။
ဒုတိယအချက်မှာ သူရှန်းယီကို တားဆီးနိုင်မည်လောဆိုတာ သေချာမသိ၍ပင်။
လွန်ခဲ့သောအကြိမ်က နတ်ဆိုးတစ်ထောင်ဂူ အပြင်ဘက်တွင်တွေ့ဆုံခဲ့စဉ်က ရွှေခန္ဓာကိုယ်ကို ဖယ်လိုက်လျှင် သူသည်ပြိုင်ဘက်ထက်မနိမ့်ကျကြောင်း၊ အနည်းငယ်ပင် သာလွန်ကြောင်း သေချာခဲ့သည်။
သို့သော် ရှန်းယီသည် ယိုဝေလှံတံကို ကိုင်ဆောင်ထားပြီး နတ်ဆိုးအဖြစ် ပြောင်းလဲမည့် လက္ခဏာများပြသနေသဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်းနေ၏။
သို့သော် ယနေ့တွင် ပြိုင်ဘက်သည် လက်နက်မဲ့ဖြစ်ပြီးတိုက်ခိုက်ရန် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ကိုသာ အားကိုးနေသည်။
ထိုအရာက ထန်ယွမ်ကို ဖိအားများစွာ ပေးနေပြီး ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်နှင့် ရင်ဆိုင်နေရသလို ခံစားနေရ၏။ ပြိုင်ဘက်အား ယှဉ်ပြိုင်ဖို့ အခွင့်အရေးအနည်းငယ် ရဖို့အတွက်ပင် အနည်းဆုံးမီးကြာစေ့ သုံးစေ့ခန့် မျိုချဖို့လိုအပ်လိမ့်မည်။
ယခု တစ်ခုတည်းသော ပြဿနာမှာ၊ နောက်မှ သူ့ဆရာနှင့် ချင်းချိုဘိုးဘေး ရောက်လာတဲ့သည့်အခါ အခြေအနေအား မည်သို့ ထိန်းသိမ်းရမည်နည်းဆိုတာပင်။
"ငါ ဘာလို့ အများကြီး တွေးနေရတာလဲ"
ထန်ယွမ် ခေါင်းခါလိုက်၏။ သူက အခြေအနေကို တည်ငြိမ်အောင်ထိန်းသိမ်းဖို့ သူ့ဆရာ၏ ကိုယ်စားလှယ် အနေဖြင့် ရောက်နေခြင်းပင်။ နှစ်ဖက်စလုံးက သူ့အား ဂရုမစိုက်ပုံရသည့်အတွက် သူ့တွင်လည်း ဖြေရှင်းနည်းသိပ်မရှိတော့ပေ။
"မင်း... နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်လုနီးပါး စီနီယာတစ်ယောက် အနေနဲ့ ဘယ်လိုလုပ် အားနည်းသူတွေကို အနိုင်ကျင့်ရတာလဲ။ ချင်းချို ဘိုးဘေးကြီးရောက်လာတာကို စောင့်ရဲသလား"
မြေခွေးနတ်ဆိုးတစ်ဒါဇင်ကျော်သည် သူတို့နောက်မှ အရှိန်အဝါကို အာရုံခံမိပြီး ရှေ့က ရွှီဝမ်ယွင်ကို ဂရုမစိုက်နိုင်တော့ဘဲ နောက်သို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြ၏။
ရှန်းယီ သူတို့အား လုပ်ရပ်ဖြင့် တုံ့ပြန်လိုက်သည်။
သူ့လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ၊ကောင်းကင်ရှိ ဓားပျံခြောက်လက်သည် ရုတ်တရက် အောက်သို့ ထိုးဆင်းသွား၏။
ထိုအရာက အမွှေးဖြူနတ်ဆိုးဧကရာဇ်အား သတ်ဖြတ်လုနီးပါးဖြစ်စေခဲ့သည့် အစီအရင်တစ်ခုပင်။ ယခုမပြည့်စုံသေးသော်လည်း ဟွမ်ယွမ်အဆင့်မြေခွေးနတ်ဆိုးအုပ်စုတစ်စု ခုခံနိုင်မည့်အရာတော့ သေချာပေါက် မဟုတ်မှာသေချာပေ၏။
ဖွတ် ဖွတ်
ဓားများသည် ရက်ကန်းလွန်းများကဲ့သို့ တောက်ပနေပြီး သူတို့ဖန်တီးထားသော အကာအကွယ်များကို အားစိုက်ထုတ်စရာ မလိုဘဲ ဖြတ်တောက်သွား၏။ ထို့နောက် သွေးများ ပန်းထွက်လာခဲ့သည်။
ထွက်ပြေးရန် ကြိုးစားသော မည်သည့် မြေခွေးနတ်ဆိုးမဆို လေထဲသို့ ခုန်တက်လိုက်သည်နှင့် ဆူးလက်ကောက်ဖြင့် ချည်နှောင်ကာ ပြန်ဆွဲချခြင်း ခံရသည်။
ရှန်းယီ လေထဲတွင် ဝဲပျံနေပြီး အောက်သို့ တည်ငြိမ်စွာ ငုံ့ကြည့်နေသည်။
အရည်ပျော်ကျနေပြီဖြစ်သော တောင်ထိပ်သည် ယခုအခါ အနီရောင်တောက်ပနေပြီး သွေးနှင့် ချီစွမ်းအင်များ ရိုင်းစိုင်းစွာ ပြန့်နှံ့နေသဖြင့် သားသတ်ရုံတစ်ခုနှင့် တူနေသည်။
ဤနေရာက လီပြည်နယ်ပင်။
မဟာချန်တွင် အစည်ကားဆုံးနေရာဖြစ်ပြီး နယ်ခြားကျင့်ကြံသူများ စုဝေးရာ အကြိုက်ဆုံး နေရာလည်း ဖြစ်သည်။
ဤနေရာတွင် နယ်နိမိတ်စည်းတစ်ခု ဆွဲဖို့အတွက် အပူဆုံးသော နတ်ဆိုးသွေးကို သူအသုံးပြုဖို့ လိုအပ်ပေသည်။
ထိုကျင့်ကြံသူများ၏နှလုံးသားထဲတွင် ဤနယ်နိမိတ်အား စွဲမြဲသွားအောင်လုပ်ဖို့ဖြစ်ပေ၏။
သူတို့အား မည်အရာများလုပ်၍မရကြောင်း ပြောပြဖို့ပင်။
ဤအချိန်မှာတော့ နယ်နိမိတ်စည်းသည် အပြင်းထန်ဆုံးသော မျဉ်းသားချက်လိုအပ်နေသေး၏။
ထိုသို့တွေးပြီးနောက် ရှန်းယီ လက်ဝှေ့ယမ်းလိုက်ကာ အလောင်းပုံကြီးကို သူ့သိုလှောင်ရတနာထဲသို့ သိမ်းလိုက်သည်။
ထို့နောက် လှည့်ပြီး မဟာချန်မှ လူများနှင့် အခြားသူများရှိနေသော တောင်ထိပ်ဆီသို့ ပျံသန်းသွား၏။
သူသည် ယက္ခဓမ္မကိုယ်ထည်မူလက နေရာယူထားသည့် နေရာတွင် ဆင်းသက်လိုက်သည်။
မြင့်မားသောတောင်ထိပ်ပေါ်တွင် ခြေချိတ်ထိုင်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်၏။
သူ့နောက်တွင် ဗဟိုမြို့တော်မှ အပြေးအလွှား ရောက်လာကြသော သိုင်းဝိဇ္ဇာအားလုံးနှင့် လက်နက်ဂိုဏ်းမှ တပည့်များ အုပ်စုသည် ထိုဖြောင့်တန်းသောကျောပြင်ကို စိုက်ကြည့်ရင်း သူတို့၏မျက်လုံးများထဲမှ လေးစားအားကျမှုကို ဖုံးကွယ်ထားခြင်း မရှိကြပေ။
လူငယ်လေးသည် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကဲ့သို့ မျက်စိကျိန်းလောက်အောင် မတောက်ပသော်လည်း၊တိတ်ဆိတ်စွာ ထိုင်နေရုံဖြင့် မဟာချန်ကို ယခင်ကလို မည်သူမျှမကြည့်ရဲအောင် သူ အာမခံနိုင်ခဲ့ပြီ ဖြစ်သည်။