← Chapters

အခန်း (၃၃၅-၃၃၆)

Vol. 31 Ch. 335-336

အခန်း (၃၃၅-၃၃၆)

Vol. 31 Ch. 335-336

အခန်း (၃၃၅)။

ယွန်မင်နိုင်ငံ၏ ဧကရာဇ်အကြံပေး ယုဝမ်မုသည် အမြဲတမ်း ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။ ယွန်မင်အင်ပါယာသည် ယခုအခါ နာမည်ကျော်ကြားနေပြီဟု ဆိုနိုင်သည်။ နှစ်စဉ်နှစ်တိုင်း တော်ဝင်ချန်ကို တိုက်ခိုက်ပြီး ချင်းရှာခံတပ်အထိ ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကဆိုလျှင် သူတို့သည် ကျောက်စိမ်း မြို့တော် အထိပင် ရောက်ရှိခဲ့ဖူးသည်။ ဤအောင်မြင်မှုများ အားလုံးမှာ ယုဝမ်မု၏ ကျေးဇူးကြောင့်ပင် ဖြစ်ပေသည်။

ယွန်မင်အင်ပါယာသည် ယခုကဲ့သို့ ခိုင်မာသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားရခြင်းမှာ လည်း ဧကရာဇ်အကြံပေး ယုဝမ်မု၏ နိုင်ငံတော်အင်အား တည်ဆောက်မှုကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။

တော်ဝင်ချန် အင်ပါယာ မတည်ထောင်မီ နှစ်ပေါင်း ခြောက်ဆယ်မှ နှစ်ဆယ်ကြား ကာလ၊ ယွန်မင်အင်ပါယာ၏ မြင်းစီးတပ်ဖွဲ့များ ကျောက်စိမ်းမြို့တော်သို့ ရောက်ရှိခဲ့စဉ်က ဧကရာဇ်အကြံပေး ယုဝမ်မု၏ အမည်သည် မြက်ခင်းလွင်ပြင်ကြီးပေါ်တွင် နတ်ဘုရား တစ်ပါးကဲ့သို့ ကျော်ကြားခဲ့ပြီး လျှို့ဝှက်ကောင်းကင်စံအိမ်၏ ဩဇာကိုပင် လွှမ်းမိုးလုနီးပါး ဖြစ်ခဲ့သည်။

သို့သော် ဤဒဏ္ဍာရီသည် နောက်ဆုံးတွင် တိုင်ရှန်တာအိုဂိုဏ်းချုပ်၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ရသည်။ ယုဝမ်မုသည် မီးလျှံနဂါးကိုးကောင်၏ တိုက်ခိုက်မူဖြင့် မီးရှို့ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သူမ၏ဝိညာဉ်သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နောက်ဆုံး တွင် သူမ၏ခန္ဓာကိုယ်သည်လည်း ပြိုကွဲပျက်စီးသွားခဲ့သည်။ သူမ မည်သည့်နေရာတွင် လူပြန်ဝင်စားသည်ကို မည်သူမျှ မသိရှိကြပေ။

ဤနှစ်များအတွင်း ယွန်မင်နိုင်ငံသည် ဧကရာဇ်အကြံပေး ယုဝမ်မု၏ လူဝင်စားကို ရှာဖွေရန်အတွက် လူအင်အား၊ အရင်းအမြစ်နှင့် ငွေကြေးအမြောက်အမြားကို သုံးစွဲခဲ့သည်။ တော်ဝင်ချန် နန်းတွင်းမိသားစုပင်လျှင် လျှို့ဝှက် စကြာဝဠာနဂါးအစောင့်တပ်ကို စေလွှတ် ၍ ရှာဖွေခိုင်းခဲ့သော်လည်း မည်သည့်သဲလွန်စမျှ မရရှိခဲ့ပေ။

မုကလေးသည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမက ရှာဖွေတွေ့ရှိထားသော သူများထဲတွင် ဧကရာဇ်အကြံပေး ယုဝမ်မု၏ လူဝင်စားဖြစ်ရန် အလားအလာ အရှိဆုံးသူ တစ်ဦး ဖြစ်သည်။

သို့သော် ဟုန်ယွိသည် ဤမိန်းကလေးငယ်လေးကို ဒုက္ခများစွာ ခံစားခဲ့ရပြီး လောက အလယ်တွင် ဖျော်ဖြေခဲ့ရသူတစ်ဦးအဖြစ်သာ မြင်ခဲ့ပြီး သူ့ညီမလေးကဲ့သို့ အမြဲတမ်း သဘောထားခဲ့သည်။ သူမကို မည်သည့် အထင်ကရ ပုဂ္ဂိုလ်ကြီး၏ လူဝင်စားအဖြစ်မျှ မသတ်မှတ်ခဲ့ဖူးပေ။ ထို့ပြင် မုကလေးသည် ဟုန်ယွိနောက်သို့ လိုက်ပါလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူမထံမှ ထူးခြားသော လက္ခဏာ တစ်စုံတစ်ရာ ကိုမျှ မတွေ့ရှိခဲ့ရပေ။

သို့သော် ပင်လယ်ပြင်တွင် ရှိနေစဉ်က မုကလေးသည် ရှန်တင်သိုင်းသခင် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး၊ မဟာဆရာသခင်တစ်ပါး ဖြစ်ရန် နီးစပ်ခဲ့သည်။ သို့သော် သူမသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်သားတည်း ဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။ ယနေ့တွင် နတ်ဆိုးနတ်ဘုရား သွေးစက်ကို သောက်သုံးပြီးနောက် သူမသည် မဟာဆရာ သခင်အဆင့်သို့ ရောက်ရှိသွားသော်လည်း စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်သားတည်း မဖြစ်နိုင်သေးသည်မှာ ဟုန်ယွိအတွက် ထူးဆန်းနေသည်။ ထို့ကြောင့် သူသည် မုကလေး၏ ဝိညာဉ်အတွင်းပိုင်း အရင်းအမြစ်ကို စူးစမ်းရန်အတွက် သူ၏ အတွေးများကို စေလွှတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အခြားသူတစ်ဦး၏ ဝိညာဉ်အတွင်းပိုင်း အရင်းအမြစ်ကို စူးစမ်းရန်အတွက်မူ အလွန်ပင် နူးညံ့သိမ်မွေ့သော နည်းလမ်း၊ ကြီးမားသော စွမ်းအားနှင့် ထိန်းချုပ်မှု လိုအပ်သည်။ သာမန် တစ္ဆေအင်မော်တယ်များပင်လျှင် ဤသို့လုပ်ရန် ခက်ခဲပေလိမ့်မည်။

မဟုတ်ပါက လူတစ်ယောက်ကို ဖမ်းမိပြီးနောက် သူတို့၏ ကျင့်စဉ်များကို မေးမြန်းနေစရာ မလိုဘဲ တစ်ဖက်လူ၏ ဝိညာဉ်အတွင်းပိုင်းသို့ အတွေးများ စေလွှတ်၍ သိနိုင်မည် မဟုတ်ပါ လား။

စိန်တစ်လုံးကဲ့သို့ ဝင်းလက်တောက်ပနေသော အသိစိတ်သည် မုကလေး၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်သွားပြီးနောက် ဟုန်ယွိသည် မုကလေး၏ ဝိညာဉ်ကို ချက်ချင်း ဖမ်းဆုပ် လိုက်သည်။

မုကလေး၏ ဝိညာဉ်သည်လည်း အတွေးအမြောက်အမြားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုအတွေးစများသည် ထောင်နှင့်ချီကာ အလွန်များပြားလှသော်လည်း အများစုမှာ မလိုအပ်သည့် ‘အတွေးစပျက်ဆီး’ များသာ ဖြစ်ကြသည်။ ထိုအတွေးစများ၏ အရောင်မှာ လည်း အမျိုးမျိုး ကွဲပြားနေသည်- အချို့က အမည်းရောင်၊ အချို့က မြစိမ်းရောင်၊ အချို့က အပြာရောင်၊ အချို့က အဖြူရောင်နှင့် အချို့က မီးခိုးရောင်တို့ ဖြစ်ကြသည်။

မုကလေး၏ ဝိညာဉ်သည် တာအိုပညာရပ်များကို လေ့ကျင့်ထားခြင်း မရှိသောကြောင့် ဤသို့ ဖြစ်နေရခြင်း ဖြစ်ကြောင်း ဟုန်ယွိ သိရှိလိုက်သည်။

အကယ်၍ တာအိုပညာရပ်များကို လေ့ကျင့်လိုက်မည်ဆိုလျှင် စိတ်အာရုံနောက်စေသော အတွေးများကို တဖြည်းဖြည်း ဖယ်ရှားနိုင်မည် ဖြစ်သည်။ ထို့နောက် အတွေးများသည် တဖြည်းဖြည်း စင်ကြယ်လာပြီး နောက်ဆုံးတွင် မိမိ၏ မူလသဘာဝကို သန့်စင်နိုင်မည် ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် မုကလေး၏ ဝိညာဉ်ထဲရှိ အမျိုးမျိုးသော အတွေးများသည် ကမ်းခြေမှ သဲများနှင့် တူပြီး မိမိ၏ မူလသဘာဝမှာ ထိုသဲထဲရှိ ရွှေနှင့် တူပေသည်။

တာအိုပညာရပ် ကျင့်ကြံသည်ဖြစ်စေ၊ သိုင်းပညာ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကျင့်ကြံ သည်ဖြစ်စေ၊ အနှစ်သာရမှာ သဲပွင့်များကဲ့သို့ စိတ်အာရုံနောက်စရာ အတွေးများကို ဖယ်ရှားပြီး ရွှေကဲ့သို့ သန့်စင်သော မူလသဘာဝကို ချန်ထားရခြင်း ဖြစ်သည်။

၎င်းကိုပင် "ရွှေဆေးလုံး မဟာလမ်းစဉ်" ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ရွှေသည် ထာဝရ ရှင်သန်ခြင်းကို ကိုယ်စားပြုပြီး၊ ဆေးလုံး၏ ချောမွေ့လုံးဝန်းမူသည် ကောင်းကင်တာအို၏ လည်ပတ်မှုကို ကိုယ်စားပြုသည်။ ထို့ကြောင့် ရွှေဆေးလုံး မဟာလမ်းစဉ်၏ အဓိပ္ပာယ်မှာ မသေမျိုး ကောင်းကင်ဘုံ၏ လမ်းစဉ်ပင် ဖြစ်သည်။

သို့သော် စိတ်အာရုံနောက်စေသော အတွေးများကို ဖယ်ရှားရန်မှာ ခက်ခဲလှသည်။ ယခု ဖယ်ရှားလိုက်သော်လည်း နောက်တစ်ခဏတွင် မိုးရွာပြီးနောက် ပေါက်လာသော ဝါးညှောက်များကဲ့သို့ ပြန်လည် ပေါ်ထွက်လာတတ်သည်။

ယန်စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိသော ရှေးခေတ် သူတော်စင် ဧကရာဇ်များသာလျှင် စိတ်အာရုံနောက်စေသော အတွေးများကို ထာဝရ ဖယ်ရှားနိုင်ပြီး ပြန်မပေါ်အောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။ မဟုတ်ပါက မိုနိုဂိုတာရီကဲ့သို့သော ပညာရှင်မျးပင်လျှင် သူ၏ စိတ်ထဲ၌ စိတ်အာရုံနောက်စရာများ အမြဲကင်းရှင်းနေမည်ဟု အာမမခံနိုင်ပေ။

ဟုန်ယွိ ကိုယ်တိုင်မူ စိတ်အာရုံနောက်စေသော အတွေးများ ပေါ်လာသည်နှင့် ချက်ချင်း ဖယ်ရှားပစ်သည်။ တောက်ပသော မှန်တစ်ချပ်ကဲ့သို့ပင် ခဏခဏ သုတ်ပေးနေလျှင် ဖုန်များ ကျလာသော်လည်း ချက်ချင်း ပြောင်စင်သွားပြီး ကြာရှည်စွာ တောက်ပနေစေနိုင် သည်။

သို့သော် မသုတ်ဘဲနှင့်မူ တောက်ပနေအောင် ထိန်းထားရန် မဖြစ်နိုင်ပေ။

စိတ်၏ မူလသဘာဝသည် ဟာလာဟင်းလင်း ဖြစ်နေပြီး ဖုန်များ မစွဲကပ်ဘဲ၊ စိတ်အာရုံ နောက်စရာများ ကင်းစင်ကာ အလွန်အစွမ်းထက်နေခြင်းသည် တာအိုပညာရပ်၏ အမြင့်ဆုံးအဆင့်ပင် ဖြစ်သည်။

၎င်းအဆင့်သည် ယန်စိတ်ဝိညာဉ် (ယန်နတ်ဘုရား) ပင် ဖြစ်ပေသည်။

ဟုန်ယွိက တွေးလိုက်သည် - “မုကလေးရဲ့ အတွေးတွေ၊ စိတ်အာရုံနောက်စရာတွေက အများကြီးပဲ၊ ဒါပေမဲ့ သာမန်လူတွေနဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး ပိုကောင်းပါတယ်။ သာမန်လူတစ်ယောက်ရဲ့ ဝိညာဉ်ထဲမှာဆိုရင် မုကလေးထက် ဆယ်ဆလောက် ပိုပြီး စိတ်အာရုံနောက်စရာတွေ များနေမှာပဲ။”

မုကလေး၏ ဝိညာဉ်ထဲသို့ ဝင်ရောက်သွားသောအခါ ဟုန်ယွိသည် လေဟာနယ်ထဲ၌ လွင့်မျောနေသော ကြယ်များကဲ့သို့ အရောင်စုံသော အလင်းစက်ပေါင်း ထောင်ချီ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။

ဟုန်ယွိက ဆက်လက်ရှာဖွေရင်း “ဟင်… အဲဒီအတွေးက မုကလေးရဲ့ သိုင်းပညာ အတွေး ပဲ” ဟု မှတ်ချက်ပြုမိသည်။

ဟုန်ယွိသည် အလင်းစက်ပေါင်း ထောင်ချီကြားတွင် အချိန်အတော်ကြာ ရှာဖွေခဲ့သည်။ သူ ရှာဖွေနေစဉ်အတွင်း အမည်းရောင်၊ အညိုရောင်နှင့် ပန်းရောင် အလင်းစက်များစွာက သူ့ကို ဝိုင်းရံလာကြပြီး သူ၏ စိန်တစ်လုံးကဲ့သို့ စင်ကြယ်သော အတွေးများကို ပဲငံပြာရည် ထဲ စိမ်ထားသကဲ့သို့ စွန်းထင်းစေရန် ကြိုးစားကြသည်။

သို့သော် ဟုန်ယွိသည် အတိတ်ကျမ်းစာကို ကျင့်ကြံထားသူ ဖြစ်သဖြင့် စိတ်အာရုံ နောက်စေသော အတွေးများကို မကြောက်ပေ။ ပဲငံပြာရည် စွန်းသကဲ့သို့ ဖြစ်သွားသော သူ၏အတွေးသည် အနည်းငယ် လည်ပတ်လိုက်ရုံဖြင့် စိန်တစ်လုံးကဲ့သို့ ပြန်လည် စင်ကြယ်သွားလေသည်။

“တော်သေးတာပေါ့၊ ငါက အတိတ်ကျမ်းစာကို လေ့ကျင့်ထားလို့။ မဟုတ်ရင် ဒီအတွေးဟာ စိတ်အာရုံနောက်စရာတွေကြောင့် စွန်းထင်းသွားပြီး ငါ့ရဲ့ဝိညာဉ်အထိ ပျံ့နှံ့သွားမယ်၊ အဲဒီအခါ ငါ့ရဲ့ကျင့်ကြံမှုတွေ အကြီးအကျယ် ထိခိုက်သွားနိုင်တယ်။ သာမန် တစ္ဆေ အင်မော်တယ် တစ်ပါးသာ ဆိုရင်, မိစ္ဆာလမ်းထဲကိုတောင် ကျရောက်သွားနိုင်တယ်။ ဝိညာဉ်ရှာဖွေခြင်းပညာ… ဟင်း… အသုံးပြုရတာ တကယ်ကို မလွယ်ကူပါလား။”

ယခုအချိန်တွင် ဟုန်ယွိသည် ဝိညာဉ်၏ အတွင်းပိုင်း သဘောတရားအချို့ကို နားလည်သွား ပြီး တာအိုပညာရပ် ကျင့်ကြံခြင်းအပေါ် ပိုမိုနက်နဲသော အမြင်ကို ရရှိသွားခဲ့သည်။

ရုတ်တရက် ဟုန်ယွိသည် မုကလေး၏ အတွေးများထဲမှ အတွေးတစ်ခုသည် အလွန် အစွမ်းထက်နေပြီး ရွှေရောင် တောက်နေသည်ကို တွေ့လိုက်ရသည်။ ထိုအတွေးထဲတွင် သိုင်းပညာရပ်များကို လေ့ကျင့်နေသည့် အမျိုးမျိုးသော ပုံရိပ်ပေါင်းများစွာကို သူ ဝေဝေ ဝါးဝါး "မြင်" နေရသည်။

ဤသည်မှာ မုကလေး၏ သိုင်းပညာအတွေး ဖြစ်ကြောင်း ဟုန်ယွိ သိလိုက်သည်။

ဤအတွေးကို ဖမ်းဆုပ်နိုင်ခြင်းဖြင့် မုကလေး တစ်သက်လုံး သင်ယူခဲ့သော သိုင်းပညာရပ် များ အားလုံးကို နားလည်သွားခြင်းနှင့် အတူတူပင် ဖြစ်သည်။

၎င်းအပြင်၊ ထိုရွှေရောင် သိုင်းပညာအတွေးထက် ဆယ်ဆခန့် ပိုကြီးသော အခြား အတွေးတစ်ခုလည်း ရှိနေသေးသည်။ ဤအတွေးသည် နတ်ဆိုးနတ်ဘုရား သွေးရောင် လွှမ်းနေပြီး ၎င်းထဲတွင် မတရားမှုများ၊ မလျှော့သော ဇွဲနှင့် ပြင်းထန်သော တိုက်ပွဲဝင်လို စိတ်များ ပြည့်နှက်နေသည်။

“ဒီအတွေးက နတ်ဆိုးနတ်ဘုရားသွေးထဲက တိုက်ခိုက်လိုစိတ်ဆန္ဒပဲ။ မုကလေးက ဒါကို သူမရဲ့ သိုင်းပညာအတွေးနဲ့ တစ်သားတည်း မလုပ်နိုင်သေးတာ နှမြောစရာပဲ။ မဟုတ်ရင်.. သူမဟာ ချက်ချင်းပဲ စိတ်ဝိညာဉ်နဲ့ သိုင်းသူတော်စင်အဆင့်ထဲ ဝင်ရောက်သွားနိုင်မှာ။ သူမဟာ သိုင်းသူတော်စင် တစ်ပိုင်း ဖြစ်သွားမှာပဲ။ ငါ သူမကို ကူညီပေးသင့်သလား။” သူ တွေးလိုက်မိသည်။

ဟုန်ယွိသည် ဤအတွေးနှစ်ခုကို မြင်သော်လည်း တစ်သားတည်း ဖြစ်အောင် မလုပ်ပေးဘဲ တွန့်ဆုတ်နေမိသည်။

“ထားလိုက်ပါတော့၊ ငါ သူမကို မကူညီသင့်ဘူး။ ဒါက သူမရဲ့စိတ်ကို သိုင်းသူတော်စင် အဆင့်အထိ ရောက်ရှိသွားစေမှာ ဖြစ်ပေမယ့် ဒါဟာ သူမကိုယ်ပိုင် စွမ်းရည် မဟုတ်ဘူး။ အနာဂတ်မှာ ဖုန်တွေ စွဲထင်လာပြီး တဖြည်းဖြည်း ယုတ်လျော့သွားလိမ့်မယ်။ ဒါက သူမရဲ့ ကျင့်ကြံမှုအတွက် မကောင်းဘူး။ မုကလေး ကိုယ်တိုင်ပဲ တစ်သားတည်း ဖြစ်အောင် လုပ်တာက ပိုကောင်းပါတယ်။”

ဟုန်ယွိသည် သေချာ စဉ်းစားပြီးနောက် မလိုအပ်ဘဲ ဝင်ရောက်မကူညီရန် ဆုံးဖြတ်လိုက် သည်။

“မုကလေးရဲ့ စိတ်ဝိညာဉ် အတွေးပေါင်း ထောင်ချီကြားမှာ ဘာအမှားယွင်းမှ မရှိဘူး။ အများစုက စိတ်အာရုံနောက်စရာ အတွေးတွေ ဖြစ်ပေမယ့် သိုင်းပညာအတွေးကလည်း အားကောင်းပြီး ခိုင်မာနေတာပဲ။”

ဟုန်ယွိသည် မုကလေး၏ ဝိညာဉ်ထဲတွင် အချိန်အတော်ကြာ ရှာဖွေခဲ့ပြီး ကြီးမားသော အတွေးအချို့ကို တွေ့ရှိခဲ့သည်။ တစ်ခုမှာ သိုင်းပညာအတွေး ဖြစ်ပြီး နောက်တစ်ခုမှာ တိုက်ခိုက်လိုစိတ်ဆန္ဒ ဖြစ်သည်။ ထို့ပြင် ပန်းနုရောင်အတွေးတစ်ခုလည်း ရှိနေသေးရာ ၎င်းမှာ ခိုင်မာသော သံယောဇဉ်၊ ကြင်နာမှုနှင့် နောက်ပြောင်လိုသော စိတ်ကလေးပင် ဖြစ်သည်။

ဤအတွေးများသည် သူမ၏ မူလသဘာဝဖြစ်ပြီး အလွန်အားကောင်းလှသည်။

ကျန်စိတ်အာရုံနောက်စရာ အတွေးပေါင်း ထောင်ချီမှာမူ ဤမူလသဘာဝ အတွေးများ လောက် အားမကောင်းကြပေ။ ထို့ကြောင့် မုကလေး၏ စိတ်နှလုံးနှင့် ဝိညာဉ်သည် အားကောင်းသည်ဟု ဆိုနိုင်သည်။ ဟုန်ယွိ၏ တာအိုပညာသည် မုကလေး၏ ဝိညာဉ်ထဲက စိတ်အာရုံနောက်စရာ အတွေးများကို တစ်ခုချင်း ခွဲခြားမသိနိုင်သော်လည်း သူမ၏ ဝိညာဉ် တွင် မည်သည့်မှားယွင်းမှ မရှိသည်ကိုတော့ သူ မြင်နိုင်ပေသည်။

ဟုန်ယွိသည် ယခုအခါ ဆရာဝန်ကြီး တစ်ယောက်နှင့် တူနေသည်။ လူနာမှာ နေမကောင်း ဖြစ်နေသည်ကို သူ သိသော်လည်း လူနာ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သောအခါ ရောဂါဖြစ်ရသည့် အကြောင်းရင်းကို ရှာမတွေ့သကဲ့သို့ပင်။

မုကလေး၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် တစ်သားတည်း မဖြစ်နိုင်ခြင်းမှာ အကြောင်းရင်း တစ်ခုခုတော့ ရှိရပေလိမ့်မည်။

သို့သော် ဟုန်ယွိသည် သူမ၏ ဝိညာဉ်ကို စစ်ဆေးပြီးသည့်တိုင်အောင် ထိုအကြောင်းရင်းကို ရှာမတွေ့ခဲ့ပေ။

“ငါ့တာအိုပညာရပ်က မလုံလောက်သေးတာလား။ အဲဒါ မဖြစ်နိုင်ပါဘူး… ဟင်…၊ အဲဒါ ဘာလဲ။” သူ ဇဝေဇဝါ ဖြစ်နေသည်။

ဟုန်ယွိ ဇဝေဇဝါ ဖြစ်နေစဉ် ရုတ်တရက် အတွေးတစ်ခုသည် သူ၏စိတ်ထဲ၌ လျှပ်ခနဲ ပေါ်လာပြီး အလွန်သေးငယ်သည် အတွေးတစ်ခုကို သူ 'မြင်' လိုက်ရသည်။ ၎င်းသည် စိတ်အာရုံနောက်စေစရာ အတွေးတစ်ခုနှင့် တူသော်လည်း အမှန်တကယ်တော့ မဟုတ် ပေ။ ၎င်းသည် အတွေးပေါင်း ထောင်ချီကြားတွင် ကိုယ်ပိုင်အသိရှိသကဲ့သို့ ပုန်းကွယ် နေခြင်း ဖြစ်သည်။

အကယ်၍ ဟုန်ယွိ၏ တာအိုပညာသာ အဆင့်တစ်ခုသို့ မရောက်ခဲ့လျှင် သူသည် ဤသေးငယ်သော အတွေးကို သတိပြုမိလိမ့်မည် မဟုတ်ဘဲ စိတ်အာရုံနောက်စေသော အတွေးတစ်ခုအဖြစ်သာ သတ်မှတ်မိပေလိမ့်မည်။

“ပြေးဖို့ ကြိုးစားနေတာလား။” ကြိမ်းမောင်းလိုက်သည်။

ဟုန်ယွိ၏ အတွေးသည် ထိုသေးငယ်သော အတွေးကို ချက်ချင်း ဝန်းရံလိုက်ပြီး ၎င်းဆီသို့ ရွေ့လျားသွားကာ ခဏအတွင်းမှာပင် ထိုအတွေးကို ပတ်ပတ်လည် ဝိုင်းရံလိုက်သည်။

ထိုအတွေးသည် ကတ္တရာစေးကဲ့သို့ မည်းနက်သော အရောင်ရှိသည်။

ဟုန်ယွိက ထိုအတွေးကို ဖမ်းဆုပ်ရန် လုပ်ဆောင်လိုက်စဉ်မှာပင် ထိုအတွေးသည် ရုတ်တရက် အဆပေါင်း ထောင်ချီ၍ အားကောင်းလာတော့သည်။ ထိုခဏအတွင်းမှာပင် ၎င်းသည် မုကလေး၏ မည်သည့် အတွေးများကိုမဆို ဖိနှိပ်လိုက်လေသည်။

နတ်ဆိုးနတ်ဘုရား၏ တိုက်ခိုက်လိုစိတ်ဆန္ဒပင်လျှင် ဤမည်းနက်သော အတွေးကို မယှဉ်နိုင်ပေ။

၎င်းသည် မုကလေး၏ ဝိညာဉ်အလယ်ဗဟိုတွင် မည်းနက်သော နေမင်းကြီး တစ်စင်း ဆွဲချိတ်ထားသည်နှင့် တူလှသည်။

ဟုန်ယွိ၏ အတွေးသည် ထိုမည်းနက်သော နေမင်းကြီး၏ အလယ်ဗဟိုတွင် ချက်ချင်း ပိတ်မိသွားပြီး ကြီးမားသော စည်းတံဆိပ်တစ်ခုက သူ့ကို အောက်ခြေမရှိသော အမှောင် တွင်းနက်ထဲသို့ ဆွဲချရန် ကြိုးစားနေသကဲ့သို့ပင်။

ထိုအမှောင်ထု၏ အလယ်ဗဟိုတွင် ဟုန်ယွိသည် ကြီးမားသော ကောင်းကင်မြွေကြီး တစ်ကောင် ခွေနေသည်ကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။ ထိုမြွေကြီး၏ ဦးခေါင်းပေါ်တွင် တာအိုသခင်တစ်ဦး ထိုင်နေပြီး သူသည် အမှောင်ထု၏ မြစ်ဖျားခံရာ ဖြစ်နေသကဲ့သို့ပင်။

“အမှောင်စက်ဝန်း မွေးဖွားခြင်း အတားအဆီး။” ဟူသော အမည်တစ်ခုသည် ဟုန်ယွိ၏ စိတ်ထဲတွင် ပေါ်လာသည်။

“အတိုင်းအဆမဲ့ အလင်း… အမိတ္တဘဗုဒ္ဓ… အတိုင်းအဆမဲ့ အလင်း… အတိုင်းအဆမဲ့ သက်တမ်း… အတိုင်းအဆမဲ့ အလင်း…”

ဟုန်ယွိ၏ အတွေးသည် ချိတ်ပိတ်ခံရတော့မည့် အချိန်မှာပင် သူ၏ အတွေးမှ အတိုင်းအဆမဲ့ အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအမှောင်ထုကို ဖောက်ထွက်လိုက် သည်။

ဟုန်ယွိသည် အမှောင်ထုကို ဖောက်ထွက်လိုက်သော အခိုက်တန့်…

ချိတ်ပိတ်ထားသော ထိုအတွေးသည် ရုတ်တရက် ပြန်လည် ကျုံ့သွားပြီး စိတ်အာရုံနောက် စေသော အတွေးများကြားထဲတွင် ပြန်လည် ပုန်းကွယ်သွားတော့သည်။ ရေစီးချောင်းထဲသို့ ပြန်ဝင်သွားသော ငါးတစ်ကောင်ကဲ့သို့ပင် ပြန်လည် ရှာဖွေရန် သို့မဟုတ် ဖမ်းဆုပ်ရန် မဖြစ်နိုင်တော့ပေ။

ဟုန်ယွိ တွန့်ဆုတ်မနေဘဲ မုကလေး၏ ဝိညာဉ်ထဲမှ သူ၏ အတွေးကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

“အစ်ကိုယွိ… ဘာဖြစ်လို့လဲ။ ကျွန်မ စိတ်ထဲမှာ ရုတ်တရက် မှောင်သွားသလိုပဲ၊ သတိမေ့သွားတော့မလို ခံစားလိုက်ရတယ်။ ဘာဖြစ်တာလဲဟင်။ ကျွန်မက တကယ်ပဲ ဧကရာဇ်အကြံပေး ယုဝမ်မုရဲ့ လူဝင်စားလား။” သူမက ထိတ်လန့်တကြား မေးလိုက်သည်။

ရွှေပင့်ကူကလည်း “အာယို့…အစ်မမုကလေးက တကယ်ပဲ သူမလား။ ဧကရာဇ်အကြံပေး ယုဝမ်မုကတော့ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးပေါ့။ အဲဒီတုန်းက သူမရဲ့ ကိုယ်ပွားတစ်ခုက ငါ့အဖိုး ကို မိုင်ပေါင်း တစ်သိန်းလောက်အထိ လိုက်ဖမ်းခဲ့တာ…” အော်ပြောလိုက်သည်။

နင်ဂျာဘုန်းတော်ကြီးကလည်း အနားသို့ လျှောက်လာပြီး “ငါတို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ အမြင့်ဆုံး လျှို့ဝှက်နည်းစနစ်ကပဲ တစ်ယောက်ယောက်ရဲ့ ဝိညာဉ်ထဲကို ထိုးဖောက် ဝင်ရောက်ပြီး စိတ်အာရုံနောက်စရာ အတွေးတွေ မစွန်းထင်းစေဘဲ အတွေးတိုင်းရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းနိုင်တာ။” ဆိုသည်။

ရှန်ထိုက်ဇူသည်လည်း သူ၏ လှံပုဆိန်ရှည်ကို ဝှေ့ယမ်းနေရာမှ ရပ်တန့်ပြီး မုကလေးကို ကြည့်ရန် အပြေးလေး ရောက်လာသည်။

ဟုန်ယွိက အလေးအနက် စဉ်းစားပြီး “မုကလေး… နင်ဟာ ယုဝမ်မုရဲ့ လူဝင်စား ဖြစ်နိုင်ချေများတယ်။ ဒါပေမဲ့ ငါလည်း အသေအချာတော့ မသိဘူး။ နင့်ရဲ့ ဝိညာဉ်ထဲကို ငါ ဝင်ကြည့်တုန်းက အစပိုင်းမှာ ဘာမှ မတွေ့ရပေမဲ့ နောက်ပိုင်းမှာတော့ အတွေးတစ်ခု တွေ့ရတယ်။ စိတ်အာရုံနောက်စေတဲ့ အတွေးအားလုံးကြားမှာ အမည်းရောင် အတွေး တစ်ခုကို ငါ တွေ့ခဲ့တယ်။ အဲဒါက ဘာလဲဆိုတာ သိရအောင် ငါ ဖမ်းဖို့ လုပ်လိုက်တဲ့ အချိန် မှာ အဲဒါက စိတ်အာရုံနောက်စေတဲ့ အတွေးမဟုတ်ဘဲ အလွန်အစွမ်းထက်တဲ့ နတ်ဘုရားအတွေးတစ်ခု ချိတ်ပိတ်ခံထားရတာဆိုတာ ငါ သိလိုက်ရတယ်။ နှမြောစရာ ကောင်းတာက ငါ ဒီစည်းတံဆိပ်ကို မဖျက်ဆီးနိုင်ခဲ့ဘူး။ တကယ်လို့ ငါ အတင်းကျပ် ဖျက်ဆီးဖို့ ကြိုးစားရင် ငါ့စွမ်းအားအကုန် အသုံးရမှာ ဖြစ်သလို နင့်ရဲ့ဝိညာဉ်ကိုလည်း ထိခိုက်သွားစေနိုင်တယ်။” ပြောလိုက်သည်။

နင်ဂျာဘုန်းတော်ကြီးက မေးလိုက်သည် “အဲဒီစည်းတံဆိပ်က ဘာတံဆိပ်မို့လို့လဲ။ မင်းတောင် မဖျက်နိုင်ဘူးလား။”

“အဲဒါက ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ အစွမ်းအထက်ဆုံး စည်းတံဆိပ်ဖြစ်တဲ့ 'မဟာ အမှောင်စက်ဝန်း ခန္ဓာဖုံးကွယ်ခြင်း အစီရင်' ဖြစ်ရမယ်။ မုကလေး… ငါသာ ဒီအစီရင်ကို ဖျက်ဆီးနိုင်ခဲ့ရင် နင့်ရဲ့ တကယ့် မူလဇစ်မြစ်ကို သိနိုင်လိမ့်မယ်။ တကယ်တော့ နင်ဟာ အလွန်တရာ အစွမ်းထက်တဲ့ တာအိုပညာရပ်တွေကိုတောင် ပိုင်ဆိုင်ထားနိုင်တယ်။ ဒါပေမဲ့ ဒါကလည်း ငါ ဒုတိယ ဒါမှမဟုတ် တတိယမြောက် မိုးကြိုးကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီး ငါ့အတွေးတွေက ပိုပြီး အားကောင်းလာလိမ့်မယ်။ အဲဒီအခါမှပဲ နင့်အတွက် ဒီစည်းတံဆိပ် ကို ငါ ဖျက်ဆီးပေးနိုင်မှာ။” ဟုန်ယွိက ရှင်းပြလိုက်သည်။

မုကလေးက ခေါင်းခါလျက် “ကျွန်မ ဒီစည်းတံဆိပ်ကို မဖျက်ဆီးချင်ဘူး။ ဒီအတိုင်းပဲ ရှိနေတာက အကောင်းဆုံးပဲ။ တကယ်လို့ ကျွန်မ ဒီစည်းတံဆိပ်ကို ဖျက်ဆီးလိုက်လို့ ကျွန်မက တခြားတစ်ယောက် ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒီအခါ ကျွန်မ ဘာလုပ်ရ မလဲ။” စိုးရိမ်တကြီး ပြောရှာသည်။

“ဟင်း…၊ ငါရှိနေသရွေ့ အဲဒီလိုမျိုး မဖြစ်စေရဘူး။ တကယ်လို့ တားမြစ်ချက် ပွင့်သွားလို့ ဧကရာဇ် အကြံပေး ယုဝမ်မုရဲ့ဝိညာဉ် ရှိနေရင်တောင် ငါ အဲဒါကို သန့်စင်ပြီး မင်းရဲ့ ဝိညာဉ် ထဲကိုပဲ ပေါင်းထည့်ပေးမယ်။ ဒါပေမဲ့ ငါလည်း ဒီကိစ္စကို စိုးရိမ်ပြီး အလျင်စလို မလုပ်ရဲဘူး။ ဟုန်ယွိက ပြောသည် “မုကလေး… မနက်ဖြန်ကစပြီး နင် တာအိုပညာရပ်တွေကို သင်ယူရ မယ်။ နင့်ရဲ့စိတ်ဝိညာဉ်ကို အမြန်ဆုံး သန်မာအောင် လုပ်ပြီး စိတ်အာရုံနောက်စေတဲ့ အတွေးတွေကို ဖယ်ရှားရမယ်။ ငါ မိုးကြိုးကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးတာနဲ့ နင့်အတွက် စည်းတံဆိပ်ကို ဖျက်ဆီးပေးမယ်။”

အင်ပါယာ စာမေးပွဲ မတိုင်မီ တစ်ရက်အလိုတွင် မြို့တော်ကြီးသည် တင်းမာသော အငွေ့အသက်များ လွှမ်းခြုံနေသည်။

ဟုန်ယွိသည် အစိမ်းရောင် မိုးမခစံအိမ်တွင် မုကလေး၏ ဝိညာဉ်ကို စစ်ဆေးနေစဉ်မှာပင် ဝူဝမ်မြို့စားစံအိမ်တွင် ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။

အခြားတော့ မဟုတ်ပေ။

အသိစိတ်ကင်းမဲ့ပြီး သစ်ပင်တစ်ပင်လို ဖြစ်နေသော ရွှေ့ယန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဟုန်ခမ်းကို တောင်ပိုင်းပြည်နယ်မှ ဝူဝမ်မြို့စားစံအိမ်သို့ ပြန်လည် သယ်ဆောင်လာခဲ့ခြင်း ပင် ဖြစ်သည်။

ဟုန်ခမ်း၏ မိခင်ရင်းဖြစ်သော မဒမ်ကျောက်သည် အသက်ငွေ့ငွေ့သာ ရှိပြီး သတိမေ့ မြောကာ၊ ဉီးနှောက်တစ်ခုလုံး ဗလာကဲ့သို့ ဖြစ်နေသော ဟုန်ခမ်း၏ဘေးတွင် ရပ်ကြည့်နေ ၏။ မဒမ်ကျောက်၏ မျက်နှာတွင် ရက်စက်ပြီး အရူးမတစ်ယောက်ကဲ့သို့ ရယ်မောသံများ ထွက်ပေါ်လာသည်။

ယခုအချိန်တွင် ကျက်သရေရှိလှသော “မဒမ်” သည် မိန်းမဆိုးကြီး တစ်ဦးအဖြစ် ပြောင်းလဲ သွားလေပြီ။

“ငါ့ရဲ့ ခမ်းအာလေး…မင်းကို ဘယ်သူက အခုလို ဖြစ်အောင် လုပ်လိုက်တာလဲ… ငါ… ငါ သူ့ကို သတ်ရမယ်၊ အပိုင်းပိုင်း ခုတ်ထစ်ပစ်ရမယ်…” ဟု အော်ဟစ် ငိုကြွေးနေလေသည်။

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ “မြို့စားမင်း ရောက်ရှိလာပါပြီ…”

အခန်း (၃၃၆)။

“မြို့စား… ကျွန်မတို့ ခမ်းအာလေးက ရွှေ့ယန်ပြည်နယ် အုပ်ချုပ်ရေးမှူးလေ။ သူက သိုင်းပညာမှာလည်း ထူးချွန်ပြီး မကောင်းဆိုးဝါး မှော်ပညာရပ် မှန်သမျှကိုလည်း ကြံ့ကြံ့ ခံနိုင်တဲ့သူပါ။ ဝူအိမ်တော်ထိန်းကိုယ်တိုင်လည်း သူ့ဘေးမှာ စောင့်ရှောက်နေတာပဲ။ ဘယ်လိုဖြစ်ပြီး ဝူအိမ်တော်ထိန်းပါ ပျောက်ခြင်းမလှ ပျောက်သွားရတာလဲ။ ခမ်းအာလေး ဟာ အခုဆို သစ်ပင်တစ်ပင်လို ဖြစ်နေရပြီ… မြို့စား… ခမ်းအာလေးက ကျွန်မတို့ရဲ့ အမွေဆက်ခံမယ့် တရားဝင် သားရင်းလေ၊ သူက နန်းတော်ရဲ့ အုပ်ချုပ်ရေးမှူး၊ နယ်စပ်ရဲ့ အဆင့်မြင့် အရာရှိကြီးတစ်ဦးပါ။ အခုလို ကိစ္စမျိုး ဖြစ်ပျက်ခဲ့တာကို ရှင် နန်းတော်ကနေတ ဆင့် သေသေချာချာ စုံစမ်းစစ်ဆေးခိုင်းရမယ်။ ဒါကို ဘယ်သူလုပ်တာလဲဆိုတာ ရှာဖွေပြီး သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ရမယ်။”

မဒမ်ကျောက်သည် ရင်းနှီးနေသော ခြေသံကို ကြားလိုက်ရသည်နှင့် သူမ၏ နားရွက်များ လှုပ်ခတ်သွားသည်။ ဟုန်ရွှန်ကျိ ရောက်ရှိလာပြီဖြစ်ကြောင်း သူမ ချက်ချင်း သိလိုက်၏။ သူမသည် ခွေးမတစ်ကောင်ကဲ့သို့ အော်ဟစ်ငိုယိုနေခြင်းကို ချက်ချင်းရပ်လိုက်ပြီး စိတ်ကို ထိန်းချုပ်လိုက်သည်။ သို့သော်လည်း သူမသည် အံတင်းတင်း ကြိတ်ကာ ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မင်းက ဘာလို့ ဒီလို အော်ဟစ်နေတာလဲ။ ဘယ်လောက်တောင် ယဉ်ကျေးမူကင်းမဲ့လိုက် လဲ။ ဒါ့အပြင် မင်းက နန်းတော်ကနေ ဘွဲ့ချီးမြှင့်ထားတဲ့ မဒမ်တစ်ယောက်လေ။ နန်းတော် က ဘွဲ့ချီးမြှင့်ထားတဲ့ မဒမ်တစ်ယောက်ဟာ အပြုအမူတိုင်း ယဉ်ကျေးသိမ်မွေ့နေရမယ်။ မင်း အခုလို စိတ်မထိန်းနိုင်ဘဲ ဖြစ်နေတာကို လူတွေသိသွားရင် ဝူဝမ်မြို့စားစံအိမ်အတွက် အရှက်ရစရာ ဖြစ်လိမ့်မယ်။”

ဟုန်ရွှန်ကျိသည် တည်ငြိမ်စွာ လျှောက်လှမ်းဝင်ရောက်လာသည်။ သူ၏ မျက်လုံးများသည် ခုတင်ပေါ်တွင် လဲလျောင်းနေသော ဟုန်ခမ်း၏ ခန္ဓာကိုယ်ပေါ်၌ စူးစိုက်နေ၏။ ခေတ္တမျှ ကြည့်ပြီးနောက် သူသည် မျက်လုံးများကို ပြန်လွှဲလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြန်လည် ပြစ်တင်လိုက်ခြင်း ဖြစ်သည်။

“ကောင်းပြီ၊ ဟုန်ရွှန်ကျိ… ခမ်းအာက ရှင့်သားမဟုတ်လို့ ရှင်က ရင်မနာဘူးပေါ့။ ကျွန်မတို့မှာ အမွေဆက်ခံမယ့် တရားဝ၍် သားရင်းနှစ်ယောက်ပဲ ရှိတာလေ။ ဒါ့အပြင် ခမ်းအာလေးက ဘယ်လောက်တောင် ထူးချွန်လဲ။ ကျွန်မတော့ ဂရုမစိုက်ဘူး၊ ခမ်းအာလေး အခုလို ဖြစ်သွားရတဲ့ နောက်ကွယ်မှာ အကြောင်းရင်း တစ်ခုခု ရှိကိုရှိရမယ်။ ဘယ်ကောင် လုပ်တာလဲဆိုတာ ရှင် ရှာရမယ်။ ဟုတ်ပြီ… ဒါက ဟုန်ယွိဆိုတဲ့ အကောင်ရော မဖြစ်နိုင် ဘူးလား။ ခမ်းအာလေးက နှစ်သစ်မကူးခင်ကတည်းက ကျွန်မဆီကို သတင်းပို့ သိန်းငှက် စေလွှတ်ခဲ့သေးတယ်။ အဲဒီအကောင်လေးက အရမ်း အစွမ်းထက်နေပြီတဲ့၊ ဖေးရုန်ကို တောင် သူ သတ်ခဲ့တာလေ။ အိုး… ဟုတ်သားပဲ၊ နောက်ထပ် ရှိသေးတယ်…”

မဒမ်ကျောက်က အလောတကြီး ဆက်ပြောပြန်သည် “အဲဒီအကောင်လေးက သိုင်းစာမေး ပွဲမှာ ဝင်ဖြေပြီး သိုင်းပညာရှင်တစ်ဦး ဖြစ်သွားတယ်ဆိုတဲ့ သတင်းကိုလည်း ကျွန်မ ကြားထားတယ်။ လူတိုင်းက သူဟာ သိုင်းသူတော်စင် ဖြစ်သွားပြီလို့ ပြောနေကြတာ။ သူ… သူ သူက နတ်ဆေးလုံးအချို့ စားထားတာ ဖြစ်ရမယ်။ ဒါက မကောင်းဘူး၊ တကယ့်ကို မကောင်းဘူး။ အဲဒီကောင်စုတ်လေးကို စံအိမ်ထဲကနေ ပေးမထွက်ပါနဲ့လို့ ကျွန်မ ပြောသား ပဲ။ အခုတော့ သူက ဘေးဒုက္ခတစ်ခု ဖြစ်နေပြီ… မြို့စား… ဒီအခွင့်အရေးကို သုံးပြီးတော့ အဲဒီကောင်စုတ်လေး အရမ်း မကြီးထွားခင် သူ့ကို သတ်လိုက်ပါ။ သူ့ကို အပြတ်ရှင်းပစ်ပါ။”

“တော်တော့… အားလုံး အပြင်ထွက်ကြ။”

ဟုန်ရွှန်ကျိသည် အသံတိုးတိုးဖြင့် အော်ဟစ်လိုက်သော်လည်း ကြမ်းပြင်ကို ဖွဖွလေး နင်းလိုက်သည့်တိုင် တစ်အိမ်လုံး တုန်ခါသွားသလို ခံစားရသည်။

အပြင်ဘက်ရှိ အထိန်းတော်ကြီးများ၊ အစေခံမလေးများနှင့် အစောင့်တပ်သားများ အားလုံး ဒူးထောက်၍ အပြင်သို့ ကုတ်ကပ်ထွက်သွားကြကုန်သည်။

ထိုအချိန်တွင် စံအိမ်အတွင်း၌ ဟုန်ရွှန်ကျိနှင့် မဒမ်ကျောက် နှစ်ဦးတည်းသာ ကျန်ရစ်တော့ သည်။

“မြို့စား… ကျွန်မ ပြောမယ်၊ ကျွန်မ ကျွန်မဘဝတစ်လျှောက်လုံး သည်းခံခဲ့တယ်။ အခုတော့ ကျွန်မ သည်းမခံနိုင်တော့ဘူး။ ခမ်းအာရဲ့ကိစ္စကတော့ ကျွန်မရဲ့ သည်းခံနိုင်တဲ့ အတိုင်းတာကို ကျော်သွားပြီ။ ကျွန်မ ပြောမယ်… ရှင် အဲဒီအကောင်စုတ်လေး ဟုန်ယွိကို သွားမသတ်ဘူးဆိုရင် ကျွန်မကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ရှီအာနဲ့အတူ မြို့ပြင်က အစိမ်းရောင် မိုးမခစံအိမ်ကို မြေလှန်ပစ်မယ်။” မဒမ်ကျောက်က ထိုင်ချလိုက်ရင်း ခက်စက်စွာ ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာ၊ အခုက ဘယ်လိုအချိန်လဲ။” ဟုန်ရွှန်ကျိက အေးစက်စွာ ပြောသည် “မင်း အိမ်မှာပဲ ငြိမ်ငြိမ်လေးနေ။ ဘာမှ မလှုပ်ရှားနဲ့။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပြီးနေပါ။ ရှီအာကို ပြဿနာရှာဖို့ မြှောက်ပင့်မပေးနဲ့။ ခမ်းအာရဲ့ ကိစ္စအတွက်တော့ ငါ မင်းကို အနှေးနဲ့အမြန် ရှင်းပြချက် ပေးပါ့မယ်။ ဒါ့အပြင် ခမ်းအာက စိတ်ဝိညာဉ်က လွင့်စင်သွားပြီ။ ခန္ဓာကိုယ်က အခွံပဲ ကျန်ခဲ့တယ်။ တခြားလူတွေအမြင်မှာ သူ့ကို ကယ်ဖို့ နည်းလမ်းမရှိဘူး လို့ ထင်ချင်ထင်မယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ အဲဒီလို မဟုတ်ဘူး။ သူ့ရဲ့ ခန္ဓာကိုယ် ရှိနေ သရွေ့ သူ့ကို ကယ်ဖို့ ငါ့မှာ အခွင့်အရေး ရှိသေးတယ်။”

“ဘာ… ခမ်းအာကို ကယ်လို့ရတယ် ဟုတ်လား။” မဒမ်ကျောက်က ချက်ချင်း ထရပ်လိုက် သည်။

“မင်းက မိန်းမသားတစ်ယောက်ပဲ၊ မင်း ဘာသိမှာလဲ။ ဒီရက်ပိုင်းအတွင်း ကျောက်စိမ်း မြို့တော်မှာ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာမှာ ငါ စိုးရိမ်နေတယ်။ မင်း ငြိမ်ငြိမ်လေး နေပြီး အိမ်တွင်းကိစ္စတွေကိုပဲ ဂရုစိုက်ပါ။ လာကြစမ်း… ခမ်းအာကို လျှို့ဝှက်အခန်းထဲ သယ်သွားကြ။” ဟုန်ရွှန်ကျိ၏ အသံမှာ အေးဆေးလွန်းလှသဖြင့် ဤသည်မှာ အရေးကြီး ကိစ္စတစ်ခု မဟုတ်သကဲ့သို့ပင်။

“ဟုတ်ကဲ့ပါ၊ မြို့စားမင်း။”

ဟုန်ရွှန်ကျိ၏ အမိန့်အရ ခရမ်းရွှေရောင် ဝတ်စုံဝတ်ထားသော လူနှစ်ဦး ဝင်ရောက်လာပြီး ဟုန်ခမ်း၏ ခန္ဓာကိုယ်ကို သယ်ဆောင်သွားကြသည်။

“ကောင်းကောင်း အနားယူလိုက်ပါ၊ ငါ့ကို နောက်ထပ် ပြဿနာတွေ ထပ်မပေးနဲ့တော့။”

ဟုန်ရွှန်ကျိက အေးစက်စွာ နှာခေါင်းရှုံ့ရင်း အပြင်သို့ ထွက်သွားလေသည်။

“လူတွေ… ငါ့အတွက် ဝေါယာဉ် ပြင်စမ်း။”

ဟုန်ရွှန်ကျိ ထွက်သွားပြီးနောက် မဒမ်ကျောက်၏ မျက်လုံးများသည် အေးစက်စွာ တောက်ပလာပြီး အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ၊ သခင်မလေး” အဘွားအိုတစ်ဦး ဝင်လာသည်။ သူမ ခေါ်ဝေါ်ပုံအရ သူမသည် ကျောက်မိသားစုမှ လူယုံတစ်ဦးဖြစ်ကြောင်း သိသာလှသည်။ သူမသည် မဒမ်ကျောက်၏ လက်ဖွဲ့ပစ္စည်းထဲတွင် ပါလာသူဖြစ်ပြီး ဟုန်ယွိ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အထိန်းတော် ကျန်းကဲ့သို့ပင် လူယုံတစ်ဦးဖြစ်သည်။

“သခင်မလေး… ဘယ်ကို သွားမလို့လဲ။”

“နန်းတော်ကို… ငါ မိဖုရားခေါင်ကြီးနဲ့ ဧကရာဇ်မယ်တော်ကြီးဆီကို သွားတွေ့မယ်” မဒမ်ကျောက်က အေးစက်စွာ ဆိုလိုက်သည်။

ဝူဝမ်မြို့စားစံအိမ်၊ လန်ဟွမ် စာကြည့်တိုက်…။

ဟုန်ရွှန်ကျိသည် စာအုပ်စင်များ၏ နောက်ကွယ်ရှိ နံရံတစ်ခုကို တွန်းလိုက်သည်။ ဝုန်း! ထိုနံရံသည် အမှန်တကယ်တော့ လျှို့ဝှက်တံခါးတစ်ခု ဖြစ်နေသည်။ ၎င်းပွင့်သွားသောအခါ လင်းထိန်နေသည့် ကြီးမားသော လျှို့ဝှက်အခန်းကြီး တစ်ခု ပေါ်လာသည်။

ထိုလျှို့ဝှက်ခန်းအတွင်း၌ အခန်းငယ်များစွာ ရှိပြီး အလယ်တွင် ရင်ပြင်တစ်ခု ရှိသည်။ ထိုရင်ပြင်ပေါ်တွင် ဖန်သားခေါင်းနှစ်လုံး ရှိနေ၏။

ဖန်သားခေါင်း တစ်လုံးထဲတွင် အမျိုးသမီးတစ်ဦး ရှိနေသည်။ ထိုအမျိုးသမီးသည် လှပသော မျက်နှာရှိပြီး သူမ၏ အဝတ်အစားများတွင် ကွင်းပုံစံများ ထိုးထားသည်။ သူမ၏ ခေါင်းအုံးမှာ အေးစက်သော ကျောက်စိမ်းတုံးကြီး ဖြစ်ပြီး သူမ၏ လက်ထဲတွင် ကျောက်စိမ်းလုံး နှစ်လုံးကို ဆုပ်ကိုင်ထားသည်။ သူမ၏ မျက်နှာမှာ အသက်ရှင်နေသ ကဲ့သို့ပင်။ သူမသည် ဟုန်ယွိ၏ ဓားချက်ဖြင့် အသက်ဆုံးရှုံးခဲ့သော ကျောက်ဖေးရုန်ပင် ဖြစ်သည်။ သူမ၏ နှလုံးသားမှာ ထိုးဖောက်ခံခဲ့ရပြီး စိတ်ဝိညာဉ်လည်း ပျက်စီးခဲ့ရသည်။

သို့သော် ယခုအခါ ကျောက်ဖေးရုန်၏ ဒဏ်ရာမှာ လုံးဝ မတွေ့ရတော့ဘဲ အနှစ်သာရ နတ်ဘုရားကျောင်း၏ နတ်ဘုရားကုသခြင်းပညာဖြင့် ကုသထားသကဲ့သို့ပင်။ အခြား ဖန်သားခေါင်း တစ်လုံးမှာမူ အလွတ်ဖြစ်နေသည်။

အထွဋ်အထိပ်ကောင်းကင်နယ်မြေ၏ ခေါင်းဆောင် "ဖေးအာ" သည် လျှို့ဝှက်ခန်းရှေ့ရှိ ပလ္လင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူမသည် တာအိုကျင့်စဉ်ကို ကျင့်ကြံနေ ဟန် တူသည်။ သူမ၏ ဦးခေါင်းမှ အတွေးစများ ထွက်ပေါ်လာပြီး အတွေးတစ်ခုစီသည် အမည်းရောင်နှင့် အဖြူရောင် ရှိသည်။ ၎င်းတို့သည် ယင်ယန် ဖရိုဖရဲ အစီရင်ကဲ့သို့ အဆက်မပြတ် စီးဆင်းနေ၏။

ထို့နောက် ထိုအတွေးများသည် ရုတ်တရက် ပြောင်းလဲသွားသည်။ အဖြူအမည်း အရောင်များ ပျောက်ကွယ်သွားပြီး လေးထောင့်ပုံစံများ ဖြစ်ပေါ်လာကာ တဖြည်းဖြည်းနှင့် စီထားသော ကစားစရာတုံးများကဲ့သို့ စေတီပုထိုးပုံစံ ဖြစ်လာ၏။ ဤစေတီမှာ တိုင်ရှန် တာအိုဂိုဏ်း၏ စကြာဝဠာစေတီပင် ဖြစ်သည်။

ဟုန်ရွှန်ကျိသည် အထွဋ်အထိပ်ကောင်းကင်နယ်မြေ၏ ဂိုဏ်းချုပ် "ဖေးအာ" ၏ အတွေးများဖြင့် တည်ဆောက်ထားသော စကြာဝဠာစေတီကို ကြည့်ကာ ခေါင်းခါလိုက် သည်။

ဝုန်း..။

ယခုလေးတင် တည်ဆောက်လိုက်သော စကြာဝဠာစေတီသည် ငလျင်နှင့် တွေ့သကဲ့သို့ ချက်ချင်း ပြိုကျသွားတော့သည်။

“ဖေးအာ… မင်း တာအိုကျင့်စဉ်ကို နားမလည်သေးဘူးပဲ” ဟုန်ရွှန်ကျိက ပြောလိုက်သည်။

“အင်း… ကျွန်မ မကျော်ဖြတ်နိုင်တဲ့ အဟန့်အတားတစ်ခု ရှိနေတယ်” ဖေးအာက မျက်လုံးဖွင့်ကာ သက်ပြင်းရှည် ချလိုက်သည်။ ထို့နောက် ဟုန်ခမ်း၏ ခန္ဓာကိုယ်ကို သယ်လာသော အစောင့်နှစ်ဦးကို ကြည့်ရင်း “ခမ်းအာက တကယ်ကို ပြဿနာ တက်သွားတာပဲ။ ဒါပေမဲ့ ဒါက တာအိုပညာရပ်လေ… ဒါကို ဘယ်သူလုပ်တာလဲ။”

“သိပ်မမေးနဲ့။ ငါ လေဟာနယ်ကို ဖြိုခွဲနိုင်တဲ့ အချိန်ကျရင် သူတို့ရဲ့ အတွေးတွေကို ပြန်လည် စုစည်းပေးပြီး သူတို့ရဲ့ ဝိညာဉ်တွေကို ပြန်ခေါ်ပေးနိုင်လိမ့်မယ်။” ဟုန်ရွှန်ကျိက တည်ငြိမ်စွာ ပြောလိုက်သည်။

တော်ဝင်ချန် အင်ပါယာ၏ နှစ်ပေါင်း ၆၀ မြောက်၊ တတိယလ၏ ကိုးရက်မြောက်နေ့သည် အင်ပါယာစာမေးပွဲ စတင်သည့် နေ့ဖြစ်သည်။

ဤအကြိမ် အင်ပါယာစာမေးပွဲသည် အင်ပါယာ တည်ထောင်ပြီးကတည်းက အကြီးမားဆုံး ဖြစ်ရုံသာမက၊ အင်ပါယာ စာမေးပွဲစနစ် စတင်ခဲ့သည့် သမိုင်းတစ်လျှောက်တွင်လည်း အကြီးဆုံး ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ ပြည်နယ်များ၊ ခရိုင်များမှ စာဖြေသူပေါင်း ၉,၀၀၀ ကျော်သည် ကျောက်စိမ်းမြို့တော်တွင် စုရုံးလာကြသည်။ ဤသည်မှာ အတိတ်က စိတ်ကူးပင် မယဉ်နိုင်သော ကိစ္စဖြစ်သည်။

ယခင်က တော်ဝင်စာမေးပွဲများတွင် စာဖြေသူ ၅,၀၀၀ မှ ၆,၀၀၀ ခန့်သာ ရှိပြီး စစ်မက် ဖြစ်ပွားချိန်တွင် ၃,၀၀၀ ခန့်သာ ရှိတတ်သည်။

ယနေ့တွင် ကောင်းကင်မှာ မှောင်မည်းနေဆဲ ဖြစ်သော်လည်း ကျောက်စိမ်းမြို့တော် တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေသည်။ နေရာတိုင်းတွင် မီးရှူးမီးပန်းများနှင့် မီးအိမ်များ ရှိနေပြီး လူများနှင့် ရထားလုံးများ ပြည့်နှက်နေသည်။

ကျောက်စိမ်းမြို့တော်၏ ဂိတ်တံခါးများကို စောစောစီးစီး ဖွင့်ပေးလိုက်သဖြင့် မြို့ပြင်တွင် နေထိုင်သော စာဖြေသူများလည်း စတင် ဝင်ရောက်လာကြသည်။ အော်ဟစ်သံများ၊ မြင်းဟီသံများနှင့် ရထားလုံးသံများ၊ အမိန့်ပေးသံများဖြင့် ပြည့်နှက်နေ၏။

ယနေ့တွင် နန်းတွင်းမှ တပ်ရင်းနှစ်ရင်းနှင့် ထူးချွန်စစ်သား ၅,၀၀၀ ကို စာဖြေနန်းတော် လမ်းမကြီးပေါ်တွင် အမိန့်ထိန်းသိမ်းရန် စေလွှတ်ထားသည်။ သို့သော်လည်း အခြေအနေ မှာ ဆီပွက်နေသကဲ့သို့ ရှုပ်ထွေးနေသည်။

“ဒီမြင်ကွင်းက တကယ် ရှုပ်ထွေးနေတာပဲ၊ ဘာလို့ လူတွေ အများကြီး ဖြစ်နေတာလဲ။”

မုကလေးသည် ဟုန်ယွိအတွက် စုတ်တံ၊ မှင်နှင့် စက္ကူများကို သယ်ဆောင်ပေးနေသည်။ နင်ဂျာဘုန်းတော်ကြီး၊ ချီဇီယန်၊ ရှန်ထိုက်ဇူနှင့် ကျွမ်းကျင်သော အစေခံအချို့က ဟုန်ယွိကို လူအုပ်ကြားထဲ မပိမိစေရန် ဝိုင်းရံထားကြသည်။

စာဖြေနန်းတော် လမ်းမကြီးရှေ့တွင် ရထားလုံးများမှာ ပိတ်ဆို့နေသည်။ ဟုန်ယွိသည် သူ၏ ဝေါယာဉ်ပေါ်မှ ဆင်းကာ လူအုပ်ကြီးကို ကြည့်လိုက်သည်။ နေရာတိုင်းတွင် လူခေါင်းများ၊ မီးအိမ်များ၊ ရထားလုံးများနှင့် ဝေါယာဉ်များသာ ရှိသည်။

“သူတို့အားလုံးက အထက်တန်း ပညာရှင်တွေလေ။ အဆင်းရဲဆုံး တစ်ယောက်တောင်မှ အစေခံ ခုနစ်ယောက်၊ ရှစ်ယောက်လောက် ပါကြတယ်။ ချမ်းသာတဲ့ မိသားစုက ဆိုရင် အနည်းဆုံး အစေခံ တစ်ရာလောက် ပါတတ်တယ်။ ဒီတစ်ခါ စာမေးပွဲက တကယ် ရှုပ်ထွေးတာပဲ။ စာဖြေသူ ၉,၀၀၀ ဆိုတော့ ပျမ်းမျှ အစေခံတွေနဲ့ပေါင်းရင် လူ တစ်သိန်း လောက် ရှိမယ်။ ဒါကြောင့် လူမရှုပ်ဘဲ နေမလား။ ကျောက်စိမ်းမြို့တော် ဘယ်လောက် ကြီးကြီး ဒီလောက် လူအများကြီးကို ဆံ့ဖို့ မလွယ်ဘူး။”

ဟုန်ယွိသည် ငွေရောင်နှင့် အနက်ရောင် ရောယှက်ထားသော ပိုးဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေသရဖူကို ဆောင်းကာ "မိုးတိမ်နင်း ဖိနပ်" ကို စီးထားသဖြင့် ခန့်ညားသော မင်းသား တစ်ပါးနှင့် တူနေသည်။

“အာယွိ… စာဖြေနန်းတော်ထဲကို စောစောဝင်လို့ မရဘူးလား။ မင်းသားယုကို ပြောပြီး စာဖြေနန်းတော်ထဲက လူတွေကို ဒီမှာ လူအရမ်း များနေပြီလို့ တစ်ချက်လောက် ပြောခိုင်း လိုက်ပါလား။” ရွှေပင့်ကူလည်း အပြင်ဘက် ကြည့်ချင်သဖြင့် ဝေါယာဉ်ပေါ်မှ ခေါင်းပြူ ထွက်ကာ ပြောလိုက်သည်။ သူမသည် ဤပွဲကို အတင်းလိုက်ကြည့်ချင်နေသဖြင့်သာ ခေါ်လာရခြင်း ဖြစ်သည်။

“ဒါက နိုင်ငံတော်ရဲ့ အခမ်းအနားလေ။ မင်းသားယု မပြောနဲ့၊ အိမ်ရှေ့စံမင်းသားနဲ့ မိဖုရား ခေါင်ကြီးတောင် ဝင်စွက်ဖက်လို့ မရဘူး။ ဧကရာဇ်ကိုယ်တိုင်တောင် စည်းကမ်းတွေကို လိုက်နာရတယ်။ စည်းကမ်းက တကယ် တင်းကြပ်တာ။ ကျင်းရွှမ်အာ… ငါ ဝင်သွားပြီးရင် နင် ဒီပွဲကြည့်ပြီး ပြန်တော့နော်။ ခိုးမဝင်နဲ့ဦး၊ မဟုတ်ရင် ဘေးဒုက္ခနဲ့ တွေ့နေလိမ့်မယ်။”

ဟုန်ယွိက ဝေါယာဉ်ပေါ်မှ ခေါင်းပြူနေသော ရွှေပင့်ကူကို ကြည့်ကာ အလျင်အမြန် ပြောလိုက်သည်။ “ခေါင်းပြန်သွင်းစမ်း၊ ဒီနေ့မှာ ပညာရှင်တွေ အများကြီး ရှိတယ်၊ နင် တွေ့သွားလိမ့်မယ်။”

ရွှေပင့်ကူက လျှာထုတ်ပြပြီး ခေါင်းကို အမြန်ပြန်သွင်းလိုက်သည်။

“ဟင်…၊ ကလေးငယ်တစ်ယောက်လား။”

ထိုအချိန်တွင် ဟုန်ယွိသည် စာဖြေနန်းတော် အဝင်ဝတွင် ဝေါယာဉ်တစ်စီးကို တွေ့လိုက်ရ သည်။ ဝေါယာဉ်ဘေးတွင် သိုင်းပညာ ကျွမ်းကျင်သော အစေခံများက လူများကို တွန်းဖယ် ကာ လမ်းဖယ်ပေးနေကြသည်။ ထိုဝေါယာဉ်ပေါ်မှ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ် တစ်ဦး ဆင်းလာ၏။

ထိုကလေးငယ်သည် ချည်ထိုးဝတ်စုံကို ဝတ်ဆင်ထားပြီး သူသည်လည်း အထင်တန်း ပညာရှင်တစ်ဦးဖြစ်ကြောင်း သိသာလှသည်။

All Chapters