← Chapters

အခန်း (၇၁)

Vol. 8 Ch. 71

အခန်း (၇၁)

Vol. 8 Ch. 71

အခန်း(71)

“မင်း ထင်လား... ကိုယ့်ရဲ့အစ်ကိုကြီးက ဒါကို သိနေပြီးသားလို့ထင်လား”

စုဝေ့ချင်း အနည်းငယ်ရှုပ်ထွေးနေခဲ့၏။

လီရှန်း သူမ၏ ဘန်းမုန့်လုံးကို တိတ်တဆိတ် ကိုက်လိုက်သည်။

“ကျွန်မက ရှင့်အစ်ကိုကြီးနဲ့ တစ်ခါမှ မတွေ့ဖူးဘူးလေ၊ ဘယ်လိုလုပ်သိမှာလဲ”

သူမက အရှေ့မှဝက်သားနှပ်ပန်းကန်ကို စုဝေ့ချင်းဘက်သို့ တွန်းပေးလိုက်၏။

“တွေးမနေနဲ့တော့၊ မြန်မြန်စားလိုက်၊ ရှင် ဒီရက်ပိုင်း အရမ်းပိန်သွားတယ်”

သူမ၏စကားကို ကြားလျှင် စုဝေ့ချင်းတစ်ယောက် စုဝေ့ဟိုင်နှင့် သူ၏ဇနီးကိစ္စကို ချက်ချင်းပင် မေ့သွားခဲ့ပြီး အသားတစ်တုံးကို ယူကာ လီရှန်းအား ထည့်ပေးလိုက်သည်။

“ ဒါက မင်း ကြိုက်တတ်တဲ့ အသားပဲ၊ မြန်မြန်စားလိုက်လေ”

လီရှန်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။

ထိုလူငယ်နှစ်ဦးကြားရှိ လေထုမှာ နောက်တစ်ဖန် ချိုမြိန်သော ရိုမန့်တစ်ဆန်မှုများဖြင့် ပြည့်နှက်သွားခဲ့ပေပြီ။

“အိုး၊ မင်းတို့နှစ်ယောက် ထမင်းအတူစားနေကြပြန်ပြီလား”

ရုတ်တရက် ဝမ်ဒါရိုက်တာ၏ ပုံမှန်မဟုတ်သောအသံက ဘေးဘက်မှ ထွက်ပေါ်လာခဲ့သည်။

သူ၏အသံက အတော်လေးအက်ကွဲနေခဲ့ပေသည်။

“ဒါရိုက်တာဝမ်၊ စကားကိုနည်းနည်းပဲ ပြောပါဦး”

လီရှန်းက ခေါင်းမော့ကြည့်ပြီး ဒါရိုက်တာဝမ်ကို ယခင်ကထက် ပို၍ ရင်းနှီးစွာပြောလိုက်၏။ နည်းပညာဌာနတွင် အချိန်အတော်ကြာအောင်နေခဲ့ပြီးနောက်တွင် သူမအနေဖြင့် ဤဒါရိုက်တာနှင့် အလွန်အမင်း စည်းကမ်းလိုက်နာနေရန်မလိုကြောင်း သိလာခဲ့သည်။

“ဒီမနက်တုန်းက အစ်မလျို့ပေးထားတဲ့ ဆေးဖက်ဝင်လက်ဖက်ရည်ကိုရောသောက်ခဲ့ရဲ့လား”

“သောက်ခဲ့တယ်၊ ဒါပေမဲ့ ဘာမှ မထူးဘူး”

ဒါရိုက်တာဝမ်၏ မျက်နှာက အလွန်ပင် စိတ်ပျက်နေပုံရ၏။

“မနက်ဖြန်က မိတ်ဆက်တွေ့ဆုံပွဲလုပ်တော့မှာ၊ ဒါကို ငါ့အသံကလည်း ဒီလောက်တောင် အက်ကွဲနေတယ်”

ထို့နောက် သူက လူငယ်နှစ်ဦးကို နှမြောစွာဖြင့် ကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက်ကတော့ နေ့တိုင်း အတူစားနေကြတာပဲ၊ ငါက မင်းတို့နှစ်ယောက်ရဲ့ နာမည်ကို သုံးပြီး လူတွေကိုဆွဲဆောင်ဖို့ တွေးတောနေတာ”

လီရှန်းနှင့် စုဝေ့ချင်း : “...”

ဒါကြောင့်လည်း သူတို့က ကြိုတင်ကာကွယ်နေကြတာလေ!

ထိုနေ့က မိသားစုနှစ်ခုအတူတကွ တွေ့ဆုံစားသောက်ပြီးနောက် သူတို့က မင်္ဂလာပွဲအတွက် နေ့ရက်ကို သတ်မှတ်ထားပြီးပေပြီ။

ဤရက်ပိုင်းအတွင်း သူမနှင့် စုဝေ့ချင်းတို့က နေ့လည်စာစားချိန်တွင် နေ့တိုင်းနီးပါး အတူတကွ စားသောက်နေကြပြီး၊ အတွင်းရေးမှူးရုံးနှင့် နည်းပညာဌာနမှ လူများကို သူတို့နှစ်ယောက်က ချစ်ကြိုက်နေကြခြင်းဖြစ်ကြောင်းကို ရည်ရွယ်ချက်ရှိရှိ သိစေခဲ့သည်။

ဤသည်က သူတို့ကို ကြိုတင် အသိပေးခြင်းလည်း ဖြစ်ပေသည်။

သေချာပေ၏။ ဤသို့လုပ်ရခြင်းမှာလည်း ဒါရိုက်တာဝမ်က လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အလွန်ပင် တက်ကြွနေခဲ့သောကြောင့်ပင် ဖြစ်သည်။

ဒါရိုက်တာဝမ်က ဆေးဝါးစက်ရုံ၏ ဌာနအားလုံးသို့ လှည့်ပတ်သွားလာခဲ့ပြီး သူ ဦးစီးကျင်းပမည့် အောင်သွယ်ပွဲအတွက် ပြင်ဆင်နေခဲ့သည်။

သူက တစ်ကိုယ်တည်းသမား လူပျို၊ အပျို အယောက် (၁၀၀)ခန့်ကို ရှာဖွေကာ ထူးခြားသော အောင်သွယ်ပွဲတစ်ခုကို ကျင်းပနိုင်မလားဟူ၍ စဉ်းစားနေခဲ့ခြင်းဖြစ်ပေသည်။

စုဝေ့ချင်းနှင့် လီရှန်းတို့က ရုပ်ရည်ချောမောပြီး လှပသူများဖြစ်သောကြောင့် သူ၏ အာရုံစိုက်မှုကို သေချာပေါက် ရရှိခဲ့သည်။

လူအများအပြားက သူတို့နှစ်ဦး လာ၊ မလာ ဆိုသည်ကိုပင် စုံစမ်းနေကြပေပြီ။

ထို့ကြောင့် သူတို့နှစ်ဦးက လူအများကြားတွင် ထမင်းအတူစားပြခြင်းဖြင့် ဒါရိုက်တာဝမ်၏ ကမောက်ကမ လုပ်လိုသောရည်မှန်းချက်များကို ဟန့်တားလိုက်ကြသည်။

ဒါရိုက်တာဝမ်က အတော်လေးကို မကျေမနပ် ဖြစ်နေခဲ့သည်။

“ဒါရိုက်တာ၊ လည်ချောင်းနာတာသက်သာအောင် ရေများများသောက်ပါဦး”

ဒါရိုက်တာဝမ်က သက်ပြင်းတစ်ချက်ချပြီး ထွက်ခွာသွားခဲ့လေသည်။

စုဝေ့ချင်းက မျက်မှောင်ကြုတ်လျက်ပြောလာခဲ့သည်။

“ဒီဒါရိုက်တာဝမ်ကတော့ တကယ်ကို ကျိုးကြောင်းမဆီလျော်ဘဲ လုပ်ချင်ရာလုပ်လွန်းတယ်”

“သူ ဘာလုပ်နေလဲဆိုတာ သူသိပါတယ်”

လီရှန်းက သူ့ကို ပြန်လည်နှစ်သိမ့်ပေးလိုက်၏။

တစ်ဖက်လူက စကားအဖြစ် ပြောရုံသာဖြစ်ပြီး သူတို့ကို ကြော်ငြာအနေဖြင့် အမှန်တကယ်သုံးရန် ရည်ရွယ်ချက် မရှိပါချေ။

သူတို့က စုဝေ့မင်ကိုပင် တိတ်တဆိတ် အသိပေးထားပြီး တစ်ဖက်လူကလည်း စုဝေ့ချင်းနှင့် လီရှန်းတို့၏အကြောင်းကို လျှို့ဝှက်မထားရန်နှင့် လူအများပိုသိလာစေရန် တိုက်တွန်းထားသည်။

ဆိုရလျှင် နှစ်သစ်ကူးပြီးနောက်တွင် မူဝါဒများ ပြောင်းလဲသွားနိုင်သောကြောင့် စုဝေ့မင်က ကြိုတင်သတင်းရရှိထားသည့်အတွက် ကတိုက်ကရိုက်လုပ်ဆောင်ခဲ့သည်ဟု အထင်မလွဲစေလိုသောကြောင့်ပင်။

ထမင်းစားပြီးနောက် လီရှန်း ထရပ်ကာ ပြောလိုက်သည်။

“ကျွန်မ ဌာနကို ပြန်တော့မယ်”

“လမ်းလျှောက်မသွားတော့ဘူးလား”

စုဝေ့ချင်းက လီရှန်းကို အနည်းငယ်ဝမ်းနည်းသောအကြည့်ဖြင့် ကြည့်လိုက်၏။ ဤရက်ပိုင်းအတွင်း သူတို့က နေ့လယ်စာစားပြီးတိုင်း လမ်းလျှောက်ထွက်လေ့ရှိသည်။ ထို့အတွက် ထိုလမ်းလျှောက်ခြင်းက သူ၏ အလေ့အကျင့်တစ်ခုပင် ဖြစ်နေခဲ့ပေပြီ။

ဒီနေ့ကျမှ လီရှန်းက ဘာလို့ ဌာနကို ချက်ချင်းပြန်ချင်နေရတာလဲ။

“ရှင် ရှင့်အဖေနဲ့ အစ်ကိုကြီးတို့ဇနီးမောင်နှံအကြောင်းကို သွားပြောချင်နေတာ မဟုတ်ဘူးလား”

လီရှန်းက ပြန်ထိုင်လိုက်သည်။

“ဒီကိစ္စကို စောစောပြောတာက နောက်ကျမှပြောတာထက် ပိုကောင်းလိမ့်မယ်ထင်တယ်”

“နောက်ပြီး အစ်မလျို့ကလည်း ကျွန်မအပေါ် မျှော်လင့်ချက်တွေ အများကြီး ထားနေတာ”

အစ်မလျို့၏ အမြင်တွင် လီရှန်းသည်က ‘ကျောက်ရိုင်းတုံး’ ကောင်းတစ်တုံးကဲ့သို့ ဖြစ်နေ၏။

သေသေချာချာ သွေးပေးမည်ဆိုပါက နောက်ပိုင်းတွင် ခိုင်မာသော အသိပညာရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။

လီရှန်းက ဆေးဝါးတချို့၏ တုံ့ပြန်မှုများကိုပါ သိရှိထားကြောင်း သိလိုက်ရချိန်တွင် အစ်မလျို့က ပို၍ပင် တက်ကြွလာခဲ့၏။

“ဒါဆိုလည်း မြန်မြန်ပြန်တော့လေ၊ ကိုယ်လည်း အဖေ့ကို သွားရှာလိုက်ဦးမယ်”

လီရှန်းတွင် အရေးကြီးကိစ္စ ရှိနေသောကြောင့် သူ အချိန်မဆွဲတော့ပေ။

လီရှန်းက စုဝေ့ချင်းကို အားနာစွာ ပြုံးပြလိုက်သည်။

“မနက်ဖြန် အားလပ်ရက်ကျရင် ကျွန်မတို့ဈေးဝယ်ထွက်ကြမယ်လေ”

ထို့နောက် သူမ သက်ပြင်းချလိုက်မိပြန်၏။

“ဒီရက်ပိုင်း ကျွန်မဆီမှာလည်း မူးနောက်လောက်အောင်အလုပ်ရှုပ်နေတာ၊ ကျွန်မရဲ့ ခန်းဝင်ပစ္စည်းတွေကိုတောင် ကြည့်ဖို့ အချိန်မရသေးဘူး”

“ဒါ့အပြင် အစ်မလျို့ကလည်း ကျွန်မအပေါ် အတော်လေး စည်းကမ်းကြီးတယ်၊ ကျွန်မကို လေ့လာဖို့ စာရွက်စာတမ်းတွေ အများကြီး ပေးထားတာ

မင်္ဂလာမဆောင်ခင် ဒီစာအုပ်တွေကို အရင်ဖတ်ထားချင်တယ်၊ ဒါမှ နောက်နှစ် အလုပ်ပြန်ဝင်တဲ့အချိန်ကျရင် စာအုပ်ထဲက အချက်အလက်တွေကို မှတ်မိနေမှာ”

မှတ်မိနေမှာ...

အလွတ်မှတ်မိနေမှာလား။

ဒီလို ထူးချွန်တဲ့ ကျောင်းသူမျိုးက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်!

စုဝေ့ချင်း၏ မျက်လုံးများထဲတွင် လီရှန်းအပေါ် အထင်ကြီးလေးစားမှုများ ချက်ချင်း ပြည့်သွားခဲ့သည်။

“ဒါဆို ကျွန်မ သွားတော့မယ်နော်”

လီရှန်းက နောက်တစ်ကြိမ်ထရပ်လိုက်ပြီး စုဝေ့ချင်းကို နှုတ်ဆက်လိုက်၏။ ထို့နောက် ထမင်းဘူးကို ကိုင်ကာ နောက်သို့လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။

စုဝေ့ချင်းတစ်ယောက် ထွက်ခွာသွားသော လီရှန်း၏ နောက်ကျောကို ကြည့်ရင်း သူမ၏ ကြိုးစားအားထုတ်မှုကို စိတ်ထဲမှ ချီးကျူးမိပြန်၏။

[မင်း သူ့ကို အဲဒီလောက်တောင် လေးစားပြီးအားကျနေရင် မြန်မြန်လေး ကြိုးစားလိုက်တော့လေ!]

စုဝေ့ချင်း : “ပါးစပ်ပိတ်ထားစမ်းပါ ဟုတ်ပြီလား”

လီရှန်း ရှိနေတုန်းကတော့ အသံတောင်မထွက်ရဲဘူးလေ!

စနစ် : [...]

ထားလိုက်ပါတော့။ အခုတော့ လူမသိအောင် နေလိုက်ဦးမယ်။

စုဝေ့ချင်းအနေဖြင့် ထိုစနစ်က သတ္တိနည်းပါးကြောင်းကို သိထားသည်။ အကြောင်းပြချက်ကို သူ မသိသော်လည်း လီရှန်း ရှိနေချိန်တွင် ထိုစနစ်က လုံးဝ စကားမပြောဘဲ တိတ်ဆိတ်နေတတ်သည်။

လီရှန်း ထွက်သွားသည်နှင့် နောက်တစ်ကြိမ် စကားများလာလိမ့်မည်။

သို့သော်လည်း စုဝေ့ချင်း လီရှန်းကို ပြောခဲ့သော စကားတိုင်းက စစ်မှန်ပေသည်။

သူ့အနေဖြင့် မနက်ဖြန်မှာပင် လက်ထပ်ချင်နေပေပြီ။

(12)လပိုင်း (24)ရက်နေ့မှာ လူနာပြက္ကဒိန်၏နှစ်စ ဖြစ်ပေသည်။

ဤနေ့တွင် ဆေးဝါးစက်ရုံ တစ်ခုလုံးကို အားလပ်ရက်တစ်ရက် ပေးထားခဲ့သည်။

ဒါရိုက်တာဝမ်၏ မိတ်ဆက်တွေ့ဆုံပွဲကိုလည်း ထိုနေ့တွင်ပင် ကျင်းပရန် စီစဉ်ထားသည်။

အိပ်ရာမှထပြီးနောက် လီရှန်းက နံရံကိုမှီကာ စာဖတ်နေခဲ့လေ၏။ သူမနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသော လီလင်းသည်ကား အိပ်ချင်မူးတူး ဖြစ်နေသေးသည်။

သူတို့နှစ်ယောက်လုံးက အဆောင်ထဲမှ တခြားလူများ အိပ်ရာထကြသည့် ဆူညံသံများကြောင့် နိုးလာကြခြင်း ပင်။

ကျန်းရှို့ယင်းက သူမ၏ အဝတ်အစားများကို မွှေနှောက်နေရင်းဖြင့် မကျေမနပ်ဖြစ်နေပုံရသည်။ နောက်ဆုံးတွင် သူမက လက်ထဲမှ အဝတ်များကို စိတ်ပျက်လက်ပျက်ဖြင့် ပစ်ချလိုက်လေသည်။

“ဒီလို အဝတ်အစားတွေနဲ့ ဘယ်လိုလုပ်ပြီး အပြင်ကိုထွက်ရမှာလဲ”

“ဘာဖြစ်လို့လဲ”

လီလင်းက အိပ်ရာဘေးမှ ငုံ့ကြည့်လိုက်လျှင် ကျန်းယွဲ့၏ အိပ်ရာပေါ်တွင် ပုံနေသော အဝတ်ပုံကြီးကို မြင်လိုက်ရသည်။

“ဒါတွေအားလုံးက အဝတ်အစားကောင်းတွေပဲ မဟုတ်ဘူးလား”

“ဘာက ကောင်းနေလို့လဲ၊ အားလုံးက မီးခိုးရောင်၊ အပြာရောင်တွေပဲ၊ ကြည့်ရတာ မိန်းကလေးတစ်ယောက်နဲ့ကို မတူဘူး”

ထို့နောက် သူမက ဒါရိုက်တာဝမ်ကို ပြစ်တင်ဝေဖန်လိုက်ပြန်သည်။

“ဘာလို့ ဆောင်းရာသီမှာမှ မိတ်ဆက်ပွဲ လုပ်ရတာလဲ မသိဘူး၊ နွေရာသီဆိုရင် ပိုမကောင်းဘူးလား. ငါ့မှာ ပန်းပွင့်လေးတွေပါတဲ့ ဂါဝန်တွေ အများကြီး ရှိတယ်

ဆောင်းတွင်းဝတ်စုံတွေက အစကတည်းက ကြည့်ရဆိုးတဲ့အပြင် အရမ်းလည်း ထူလွန်းတယ်”

ဖန်းကွမ်းရှင်းက မျက်နှာသစ်ဇလုံကို ကိုင်ကာ အပြင်ဘက်မှ ပြန်ဝင်လာပြီး ကျန်းရှို့ယင်းကို အံ့သြတကြီး ကြည့်လိုက်သည်။

“နင် အဝတ်အစား မလဲရသေးဘူးလား. မိတ်ဆက်ပွဲက စတော့မှာနော်”

“သူမက ဝတ်စုံမရှိလို့ စိတ်ဆိုးနေတာတဲ့”

လီလင်းက ပြောနေရင်းဖြင့် အပေါ်ထပ် ခုတင်ပေါ်မှ ဆင်းလာကာ သူမ၏ အဝတ်ဘီရိုဆီသို့လျှောက်သွားခဲ့သည်။

ထို့နောက် သူမ ကြင်ဖက်တွေ့ဆုံချိန်က ဝတ်ခဲ့ဖူးသည့် အနီရောင်ဂွမ်းကပ်အင်္ကျီလေးကို ထုတ်ယူဝတ်ဆင်လိုက်လေသည်။

ကျန်းရှို့ယင်းက ထိုအနီရောင်ဂွမ်းကပ်အင်္ကျီကို မြင်လိုက်ရချိန်တွင် မျက်လုံးများက ချက်ချင်း တောက်ပသွားခဲ့သည်။

“လီလင်း၊ ငါ့ကို နင့်ရဲ့ အနီရောင် ဂွမ်းကပ်အင်္ကျီလေး ခဏလောက် ငှားပါလား”

*

All Chapters