အခန်း (၁၆)
Vol. 2 Ch. 16
"ဘာလဲ?" လီယွီလန်က မေးလိုက်သည်။
သူမသည် ဤရက်အနည်းငယ်အတွင်း အိမ်ပြောင်းရန် အလုပ်များနေပြီး ထိုအရူး လီကျောင်းကျောင်းကို တကယ် ဂရုမစိုက်မိခဲ့ပေ။
လီယွီမေက မျက်မှောင်ကြုတ်ပြီး "ဒီအကြောင်း ငါသိပ်မသိပါဘူး။ ဒါပေမယ့် ဦးလေးနဲ့ အဒေါ်က ထောက်ပံ့ရေးလုပ်ဖို့အတွက် လီကျောင်းကျောင်းကို အနောက်တောင်ဘက်ဆီ ပို့လိုက်တယ်လို့ ကြားတယ်။"
လီယွီလန်က မျက်ခုံးပင့်လိုက်ပြီး လီကွေ့ရှန့်နဲ့ ချမ်ဖုန်းယင်တို့ဟာ လူတွေဆီကနေ သူတို့မျက်နှာကို အဖက်ဆယ်ချင်နေကြတာပဲ။
လီကျောင်းကျောင်းသည် ငယ်စဉ်ကလေးဘဝကတည်းက ညီအစ်မနှစ်ယောက်ရှေ့တွင် သူမ၏ အင်အားကို ကြွားဝါခဲ့သည်။ သို့သော် ယခုတော့ လီကွေ့ရှန့်နှင့် ချမ်ဖုန်းယင်တို့က သူမကို ပို့လိုက်ပြီ။
"ဒါက လီကျောင်းကျောင်းရဲ့ ပုံစံလား? ဦးလေးနဲ့ အဒေါ်က သူ့ကို ပို့မယ်ဆိုတာနဲ့ သူက နာခံပြီး ထွက်သွားတာလား?" လီယွီလန်က သိချင်နေခဲ့သည်။
"ဒါကိုပြောတာ! လီကျောင်းကျောင်းက ဘာလုပ်လိုက်တာလဲမသိဘူး..." လီယွီမေက တိုးတိုးလေး "အကြီးဆုံးဦးလေးကို တစ်စုံတစ်ယောက်က တွေ့တော့ သူက လီကျောင်းကျောင်းကို လမ်းတစ်ဝက်မှာ လွတ်သွားမှာကို ကြောက်လို့ သူ့ကို ကားမှာချည်ပြီး ခေါ်သွားတာတဲ့။ လီကျောင်းကျောင်း တောင်းပန်ချိန်တောင် မရဘူး"
လီယွီလန်သည် အကြောင်းပြချက်ကို သိသော်လည်း ထိုအကြောင်းအရာများကို လီယွီမေကို ပြောပြရန် သူမမှာ အစီအစဉ်မရှိပေ။
လီကျောင်းကျောင်းကို လူဆိုးတစ်ယောက်အဖြစ် ပြန်မလာနိုင်စေရန် နှင်ထုတ်ခြင်းသည် မှန်ကန်ပါသည်။
"ကောင်းပြီ၊ သူ့အကြောင်း မပြောရအောင်။" လီယွီလန်က စကားရပ်လိုက်ပြီး လီယွီမေကို "စကားမစပ် အစ်မ မနက်ဖန် ငါ့ကိုတွေ့ဖို့ ဘူတာရုံကို မလာနဲ့တော့။ အိမ်မှာနေပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်"
လီယွီလန်သည် အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူမသည် သူ့ခန္ဓာကိုယ်အကြောင်း သိရင် ဒီညနေ လာခွင့်မပေးမှာ သေချာပါသည်။
နောက်ကျနေပြီ ဖြစ်သည်။ ညီအစ်မတွေက စကားနည်းနည်းပြောပြီးတဲ့ နောက်မှာတော့ လီယွီမေက ကျန်းမော့ကို နှုတ်ဆက်ဖို့ ခေါ်လိုက်သည်။
လီယွီလန်က သုံးဘီးဆိုင်ကယ်ကို ခေါ်ပြီး သူမအား လမ်းကြားထဲကို ပို့ပေးဖို့ သေသေချာချာ မှာခဲ့သည်။ သုံးဘီးဆိုင်ကယ်လေးက ညအမှောင်ထဲ ပျောက်သွားတာကို ကြည့်ပြီး သူမက တပေါင်ရဲ့ လက်လေးကို ကိုင်လိုက်ကာ ကုရှန်းနဲ့ ဘေးချင်းကပ် လမ်းလျှောက်သွားခဲ့သည်။
အိမ်ပြန်လမ်းတစ်လျှောက် လီယွီလန်သည် စိတ်အဆင်မပြေခဲ့ပေ။
သူမသည် ငယ်စဉ်ကလေးဘဝကတည်းက သားသမီးများကို ဘက်လိုက်ခြင်းကြောင့် ခံစားခဲ့ရသည့် နစ်နာမှုများနှင့် ကျန်းမိသားစုရှိ အစ်မဖြစ်သူ လီယွီမေတို့၏ အဖြစ်အပျက်ကို တွေးနေခဲ့သည်။
လီယွီမေသည် ဝမ်ယင်လျန်၏ အစီအစဉ်ကို လိုက်နာပြီး စက်ရုံဒါရိုက်တာ၏ သား ကျန်းကျွင်းချိုက်နှင့် လက်ထပ်ခဲ့ရသည်။ လီယွီမေသည် ထိုအချိန်က လှပပြီး သဘောကောင်းသည်။ ကျန်းကျွင်းချိုက်သည် သူမအား အလွန်နှစ်သက်ခဲ့သည်။
မထင်မှတ်ဘဲ သူမသည် သူ့အတွက် သားတစ်ယောက်မွေးဖို့ ကျရှုံးခဲ့ပြီး ဝမ်ယင်လျန်က ခဏခဏ ရှုပ်ရှက်ခတ်ခဲ့တာကြောင့် လင်မယားနှစ်ယောက်ဟာ အခုအချိန်မှာ ရန်သူတွေ ဖြစ်သွားတော့သည်။
သို့သော် ယခုအချိန်တွင် လီယွီမေသည် နားချမရတာကြောင့် လီယွီလန်သည် အားကိုးရာမဲ့ ဖြစ်နေခဲ့သည်။
သူမသည် S မြို့မှာ အခြေချပြီးရင် သူမအစ်မကို ခေါ်ဆောင်ဖို့ အခွင့်အရေးရှာရမည်။ ဒါမှ သူမက ကျန်းအိမ်မှာ အရိုက်ခံရမှာမဟုတ်ဘူးလို့ ကိုယ့်ဘာသာ တွေးခဲ့သည်။
နောက်တစ်နေ့တွင် ရထားစီးရန် စောစောထရမည် ဖြစ်သောကြောင့် အိမ်ပြန်ရောက်သောအခါ သုံးယောက်သား ရေချိုးပြီး အနားယူရန် အသင့်ဖြစ်ပြင်ခဲ့ကြသည်။
လီယွီလန်သည် အိပ်ယာပေါ်လှဲချကာ အိပ်မပျော်နိုင်ပေ။
လျှပ်စစ်ပန်ကာကို သယ်ဆောင်သွားခဲ့ပြီး ဖြစ်သောကြောင့် သူတို့သည် ဒီတစ်ညတော့ ဒီတိုင်းနေရမည်။
ကုရှန်းသည် လီယွီလန်က အိပ်မပျော်ဝာာ အရမ်းပူနေတာကြောင့်လို့ ထင်တာကြောင့် သူမကို အေးစေဖို့အတွက် ယပ်တောင်ကို ခပ်ကာ မေးလိုက်သည်။."ဘာဖြစ်နေတာလဲ?"
လီယွီလန်က သူ့ကို မျက်နှာလွှဲလိုက်သည်။
ဒီနှစ်မှာတော့ အလင်းရောင် ညစ်ညမ်းမှု မပြောနဲ့ ညဘက်တွေမှာ အလင်းရောင် သိပ်မများဘူး။ ပြတင်းပေါက်မှ အိမ်ထဲသို့ ငွေဖြူရောင် လရောင်ဖျော့ဖျော့လေးသာ ဖြာကျနေသည်။ လီယွီလန်သည် ကုရှန်း၏ ရီဝေနေသော မျက်နှာကို ကြည့်ပြီး သူမ၏ ဗိုက်ကို ထိကာ မေးလိုက်သည်။ "ကုရှန်း ဒီကလေးကို ယောက်ျားလေး လိုချင်လား ဒါမှမဟုတ် မိန်းကလေး လိုချင်လား?"
လီယွီလန်၏ အမေးကို ကြားတော့ ကုရှန်း၏ အမူအရာသည် အေးခဲသွားခဲ့သည်။
ဒီမှာထောင်ချောက် တစ်ခုရှိနေတာကြောင့် သူက တွေးတောဆင်ခြင်ပြီး သူက သတိထားပြီး ပြောလိုက်သည်။ "ငါတို့ ကလေးနှစ်ယောက်စလုံးကို ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ငါသဘောကျပါတယ်"
"မဟုတ်ဘူး၊ ရှင်တစ်ခုပဲ ရွေးရမယ်လေ!" လီယွီလန်က နှစ်ယောက်လုံးဆိုတာကို မကျေနပ်ဘဲ အဖြေက အဲဒီမှာတင် ရပ်မသွားခဲ့ဘူး။
"တစ်ခုရွေးရရင် မင်းနဲ့တူတဲ့ သမီးဖြစ်ရင် ပိုသဘောကျတယ်" ကုရှန်းက လေးနက်စွာ ပြောလိုက်သည်။
ဒါပေမယ့် လီယွီလန်က မကျေမနပ်ဖြစ်ပြီး သူ့ကို စိုက်ကြည့်ကာ "ရှင့်မှာ တပေါင်လို့ခေါ်တဲ့ သားတစ်ယောက်ရှိပြီးပြီဖြစ်လို့ ရှင်က သူယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အရေးမကြီးဘူးလို့ ရှင်ထင်နေတာလား?"
တပေါင်ကို မွေးဖွားတုန်းက နှစ်ယောက်စလုံးက ဒီပြဿနာကို ရည်ရွယ်ချက်ရှိရှိ မပြောခဲ့ကြတဲ့အတွက် ကုရှန်းဟာ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းချင်သူဖြစ်လား မသိခဲ့ပေ။ တပေါင်က ယောက်ျားလေးမို့ သူ မပြခဲ့ဘူး။
ဒီနေ့ လီယွီမေနဲ့တွေ့ခဲ့တော့ လီယွီလန်ရဲ့ အတွေးတွေ ပေါ်လာခဲ့သည်။
တပေါင်က မိန်းကလေးဆိုရင် ကုရှန်းက ကျန်းကျွင်းချိုက်နဲ့ တူမလားဆိုတာ သူမ မတွေးဘဲ မနေနိုင်ပေ။
ကုရှန်းက လီယွီလန်ဟာ ရက်စက်ကြမ်းကြုတ်မှု တစ်ခုထဲရောက်နေမှန်းသိပြီး အကူအညီမဲ့စွာ ပြောလိုက်သည်။ "ရှောင်လန် ဒါတွေက အဓိပ္ပါယ်မရှိဘူးလို့ မင်းထင်ရင် အခုပြောမနေနဲ့တော့။ တပေါင်က ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေက ငါ့အတွက်တော့ အတူတူပါပဲ။ ဒါမှမဟုတ် မိန်းကလေးဖြစ်ရင် ငါ သူ့ကို ဒီလိုပဲ ချစ်မှာပဲ။ မင်းဗိုက်ထဲက တစ်ယောက်လည်း အတူတူပဲ"
"မင်းဆိုရင်ကော တပေါင်က ယောက်ျားလေးဖြစ်တာနဲ့ သူ့ကို ပိုပြီးချစ်လား ဒါမှမဟုတ် ပိုမုန်းလား?" ကုရှန်းက သူမဆံပင်တွေကို ပွတ်သပ်လိုက်ပြီး "ဒါ့အပြင် မင်းဒီလိုထပ်တွေးရင် တပေါင်လည်း စိတ်မကောင်းဖြစ်လိမ့်မယ်"
သူ့စကားတွေကို အတည်ပြုလိုက်သလိုပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ တပေါင်က ရုတ်တရက် လှည့်လာပြီး သူ့ပါးစပ်ကို ရိုက်လိုက်သည်...
လီယွီလန်က တိတ်ဆိတ်သွားသည်။
သူမက ထပ်ပြန်လှည့်ကာ ကုရှန်းကို ကျောပေးလိုက်သည်။
ကုရှန်းက သူမကို ဖြောင့်ဖျနေတုန်းပင် သူကနူးညံ့စွာ ပြောလိုက်သည်။ "ကောင်းပြီ၊ သိပ်စဉ်းစားမနေနဲ့ အိပ်တော့။"
လီယွီလန်က မျက်လုံးမှိတ်လိုက်သည်။
မှန်သည်၊ အခု ဒါတွေကို တွေးတောနေရတာ အဓိပ္ပာယ်မရှိဘူး။ ကုရှန်းပြောတာ တကယ်ဟုတ်မဟုတ် နောင်မှာ အတည်ပြုဖို့ အချိန်ရှိလိမ့်မည်။
နောက်တစ်နေ့တွင်…
မိသားစုက မနက်အစောကြီးထပြီး သူတို့လိုချင်တဲ့ ပစ္စည်းတွေ အကုန်ယူပြီးမှ သုံးယောက်သား အပြင်ထွက်ပြီး သော့ခတ်ကာ ခရိုင်မီးရထားဘူတာကို အပြေးအလွှားသွားကြသည်။
လမ်းလျှောက်ရင်း အိမ်နီးနားချင်းများကို နှုတ်ဆက်စကား ပြောသွားကြသည်။
"မင်းတို့ ဒီနေ့သွားမှာလား?"
"အနာဂတ်မှာ ပြန်လာကြည့်ဖို့ မမေ့နဲ့!"
"ငါ့မှာ ဖရဲသီးတစ်လုံးရှိတယ်။ အဲဒါကို ရထားပေါ် ယူသွားပြီး စားလိုက်!"
ကုရှန်းနှင့် လိီယွီလန် နှစ်ယောက်စလုံးက ပြုံးပြီး ခေါင်းညိတ်ကာ သူတို့အားသည့်အခါ ပြန်လာမည်ဟု ပြောခဲ့သည်။
မိသားစု သုံးယောက် လမ်းကြားမှ မထွက်မချင်း အိမ်နီးနားချင်းများက စုရုံးကာ စကားပြောကြသည်။
"အိုး၊ သူတို့မိသားစုက အဝေးကိုပြောင်းဖို့ နည်းနည်း ဝန်လေးနေတာ"
"အခုမှပဲ နင်တို့ ရှောင်လန်ဗိုက်က တစ်ခုခုမှားနေတယ်ဆိုတာ သတိပြုမိတာမလား...?"
မှန်ကန်ကြောင်း တွေ့ရှိခဲ့သည်!
သိသိသာသာ မဟုတ်သော်လည်း သိသာနေသေးသည်။
ဒါပေမယ့် အခုချိန်မှာ ထွက်သွားတော့မှာဖြစ်လို့ အခြေအနေတစ်ခုခုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိစ္စမရှိပါဘူး။
လူတိုင်းလည်း စိတ်ဝင်စားတာ ပျောက်သွားကြသည်။
လီယွီလန်သည် ထိုအိမ်နီးချင်းများ၏ ရှုပ်ထွေးသောခံစားချက်ကို မသိခဲ့ပေ။ သူတို့ ထွက်လာပြီးတာနဲ့ သုံးဘီးဆိုင်ကယ်ကို တားလိုက်ပြီး သူတို့သုံးယောက်နဲ့ ပေါ့ပါးတဲ့ ခရီးဆောင်အိတ်တွေနဲ့ ရထားဘူတာဆီကို မောင်းလာကြသည်။
ရထားဘူတာကိုရောက်ချိန်က စောနေသေးတာကြောင့် သူတို့သုံးယောက်သည် အပြင်ကဆိုင်မှာ မနက်စာစားကြသည်။
ဒီဆိုင်က ဖက်ထုပ်စွပ်ပြုတ် ရောင်းသည်။ လက်ရာကောင်းပြီး အဲ့ကို လာစားတဲ့သူတွေများသည်။
နောက်ဆုံးတွင် သူဌေးက ကြွေပန်းကန်လုံးကြီးသုံးလုံးတွင် ပြုတ်ထားသော ဖက်ထုပ်စွပ်ပြုတ်ကို လာမချမီ သူတို့သည် အချိန်အတော်ကြာအောင် စောင့်ခဲ့ရသည်။
ကုရှန်းက တပေါင်ကို ကျွေးချင်ပေမယ့် တပေါင်က ငြင်းဆန်ပြီး သူ့ဘာသာသူ စားမယ်လို့ပဲ တောင်းဆိုခဲ့သည်။
သူသည် လက်တစ်ဖက်က အဖြူရောင်ကြွေဇွန်းသေးသေးလေးကိုကိုင်ပြီး ပန်းကန်းလုံးကြီးထဲက ဖက်ထုပ်သေးသေးလေးတွေကို ခပ်ကာ မှုတ်လိုက်ပြီး မပူတော့မှ ပါးစပ်ထဲ ထည့်လိုက်သည်။
ဘယ်လိုစားရမလဲ သိတဲ့သူပဲ။ လီယွီလန်က မပြုံးဘဲ မနေနိုင်ပေ။
တပေါင်သည် သူ့ဘာသာသူ စားနိုင်သည်ကို မြင်ပြီးနောက် လီယွီလန်သည် သူမရှေ့မှ ဖက်ထုပ်စွပ်ပြုတ်ကို အာရုံစိုက်ခဲ့သည်။
ကြက်သွန်ဖြူများသည် စွပ်ပြုတ်အပေါ်တွင် ပေါ်နေသဖြင့် အလွန်စားချင်စရာဖြစ်သော်လည်း လီယွီလန်သည် မလုံလောက်ဟု ခံစားမိကာ ဆီတစ်ဇွန်းနှင့် ငရုတ်သီးမှုန့်များကို ထည့်လိုက်သည်။ ကြည်လင်သော စွပ်ပြုတ်ကို အနီရောင် စွပ်ပြုတ်အဖြစ် ပြောင်းလဲလိုက်တာကို ကြည့်ပြီးနောက် သူမက ကျေနပ်စွာ စားလိုက်သည်။
ဖက်ထုပ်သေးသေးလေးတွေက လတ်ဆတ်၊ မွှေးကြိုင်ပြီး နူးညံ့ကာ တစ်လုပ်နဲ့တင် ပြည့်လျှံသွားသည်။ ဒီလိုပူတဲ့နေ့မျိုးမှာ ဒါကိုစားတဲ့သူတွေက ချွေးတွေထွက်ပေမယ့် အရမ်းပျော်ဖို့ကောင်းသည်။
အရသာက အရသာရှိပေမယ့် များသည်။
အဆုံး၌ လီယွီလန်၏ ပန်းကန်ထဲတွင် အနည်းငယ်ကျန်နေခဲ့ပြီး သူမသည် တကယ်မစားနိုင်တော့ပေ။
တပေါင်ဆို တစ်ဝက်လောက်စားပြီးတာနဲ့ သူ့ဗိုက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး လီယွီလန်ကို စိတ်အားထက်သန်စွာ ကြည့်နေခဲ့သည်။
ကံကောင်းထောက်မစွာ ကုရှန်းက အများကြီးစားတဲ့အတွက် သူ့မိန်းမနဲ့ ကလေးရဲ့ အကျန်တွေကို စားလိုက်သည်။
လီယွီလန်သည် ကုရှန်းကို ဖြည်းညင်းစွာစားရန် စောင့်ဆိုင်းခဲ့ပြီး တပေါင်၏ နဖူးမှ ချွေးများကို သုတ်ကာ သူ့ကို အပြုံးတစ်ခုနှင့် မေးလိုက်သည်။ "တပေါင်ပြီးရင် ရထားစီးရမှာ၊ မင်းကြောက်လား?"
တပေါင်က စိတ်လှုပ်ရှားစွာ ခေါင်းယမ်းလိုက်သည်။ သူက "သားရထားစီးချင်တယ်၊ သားလုံးဝမကြောက်ပါဘူး!"
လီယွီလန်သည် သူပျော်ရွှင်နေသည်ကို မြင်သောအခါ မပြုံးနိုင်ဘဲ မနေနိုင်ပေ။
စားသောက်ပြီးတာနဲ့ ပိုက်ဆံပေးကာ မိသားစုက ရထားဘူတာထဲကို ဝင်ထိုင်ပြီး မကြာခင်မှာ တစ်ယောက်ယောက်က သူတို့ကို လာရှာခဲ့သည်။
ကုရှန်းသည် လီနှင့် ကုမိသားစုများကို ရထားစီးရမည့် အချိန်အကြောင်းပြောခဲ့ပြီး ယခု ကုခမ်းမိသားစုသည် သူတို့ကိုတွေ့ရန် ထွက်လာခဲ့သည်။
ကုယွမ်ယွမ်က သူ့မိဘတွေလက်ကနေ ရုန်းထွက်ပြီး ပြေးသွားကာ "ဦးလေးနဲ့အဒေါ်" လို့အော်ပြီးနောက် သူက တပေါင်ကို ထပ်ပြောလိုက်သည်။ "တပေါင်၊ နင်မြို့ကြီးသွားဖို့ ရထားစီးရတော့မှာ။ ငါတစ်ခါမှ ရထားမစီးဖူးဘူး!"
တပေါင်က သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး ပြုံးလိုက်ကာ "အစ်မယွမ်ယွမ် နင် ငါတို့နဲ့ ဘာလို့မလိုက်တာလဲ?"
ကုယွမ်ယွမ်က သူမလက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"
စွင့်ယာကျင့်နှင့် ကုခမ်းတို့က ပြုံးပြုံးရွှင်ရွှင်ဖြင့် လမ်းလျှောက်လာကာ လူအများအပြားက ပြုံးပြီး နှုတ်ဆက်ကြသည်။
"ငါတို့မိဘတွေက မလာနိုင်လောက်ဘူး။ ချမ်ချမ်က နောက်ကျတဲ့ထိ အိပ်နေနိုင်တယ် " စွင့်ယာကျင့်က ရှင်းပြသည်။
သူတို့သည် မနေ့က ကုအိမ်ကို ရည်ရွယ်ချက်ရှိရှိ ပြန်သွားပြီး ကုရှန်းရဲ့ မိသားစုကို အတူသွားကြည့်ဖို့ ကုအဖေနဲ့အမေ သုံးယောက်လုံးကို ကမ်းလှမ်းခဲ့သည်။
ဒါပေမယ့် ကုအဖေနဲ့ ကုအမေကတော့ စိတ်ဆိုးပြီး မလာချင်ခဲ့ပေ။ ကုချမ်ချမ်က သူမ လာမယ်လို့ ပြောခဲ့ပေမယ့် ဒီနေ့ဆုံတွေ့မယ့်နေရာမှာ သူတို့က အကြာကြီး စောင့်ဆိုင်းခဲ့ပြီး ကုချမ်ချမ်ရဲ့ ပုံရိပ်ကိုတောင် မတွေ့ခဲ့ရဘူး။ စွင့်ယာကျင့်သည် သူမ မနေ့ညက အရမ်းနောက်ကျတဲ့ထိ ကခုန်နေမည်ဟု မှန်းဆခဲ့သည်။ အဲဒါကို ထားလိုက်ပါဝောာ့။
စွင့်ယာကျင့်သည် ကုချမ်ချမ်ဆိုတဲ့ ယောင်းမကို အလွန်နှစ်သက်ခြင်းမရှိသောကြောင့် သူမအတွက် ဘာမှဖုံးကွယ်ထားခြင်း မရှိပေ။
ကုမိသားစုမလာလို့ လီယွီလန်က မအံ့သြပေ။ သူတို့ လာမယ်ဆိုမှသာ သူမ အံ့သြသွားလိမ့်မည်။
သူမမိသားစုဘက်က သူမအစ်မ လီယွီမေတစ်ဦးတည်းသာ လာမည်ဟု ပြောခဲ့သည်။ မနေ့ညက လီယွမ်မေကို သူမ လာခွင့်မပြုကြောင်း အတိအကျပြောခဲ့သည်။ ဤနည်းဖြင့် သူမမိသားစုမှ မည်သူမျှ မလာခဲ့ပေ။
စွင့်ယာကျင့်သည် လီယွီလန်ကို ဆွဲခေါ်ပြီး ခဏလောက် စကားပြောခဲ့သည်။ ထွက်ခွာချိန်နီးလာသည်ကို မြင်ရသဖြင့် စွင့်ယာကျင့်က ရုတ်တရက်ထရပ်ကာ "ရှောင်လန်၊ ငါနဲ့အိမ်သာသွားရအောင်"
လီယွီလန်က သူမပြောစရာရှိမှန်း မှန်းဆမိပြီး နောက်မှလိုက်လာခဲ့သည်။
နှစ်ယောက်သား အိမ်သာဆီသို့ လျှောက်သွားသော်လည်း စွင့်ယာကျင့်က ရုတ်တရက် လှည့်လာပြီး လီယွီလန်ကို ချောင်တစ်ခုဆီသို့ ဆွဲခေါ်သွားသည်။
လီယွီလန်သည် စွင့်ယာကျင့်ကို စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်ကာ စွင့်ယာကျင့်က ပြုံးပြီး သူ့အိတ်ထဲမှ စာအိတ်တစ်အိတ်ကို ထုတ်၍ သူမအား ပေးလိုက်သည်။
"ရှောင်လန်၊ နင်တို့၊ ငါနဲ့ ကုခမ်းက ချမ်းသာပြီး ကြီးမြတ်တဲ့ သူတွေတော့ မဟုတ်ဘူး။ ငါတို့က တူတူပဲ။ အရေးပေါ်အခြေအနေတွေမှာ သုံးဖို့အတွက် နင် ဒီယွမ်ရှစ်ရာကို ယူထားလိုက်"