← Chapters

အခန်း (၂၁)

Vol. 2 Ch. 21

အခန်း (၂၁)

Vol. 2 Ch. 21

ဟွမ်ချန်ရွှင်းရဲ့ စကားကိုကြားတော့ ကုရှန်းက ချက်ချင်း အခွင့်အရေးယူပြီး စာချုပ်အကြောင်း ပြောလိုက်သည်။

ဝိုင်ပါတီပြီးတဲ့အခါ ဟွမ်ချွန်ရွှင်းအား လာခေါ်တဲ့ ယာဉ်မောင်းက သူ့ကို ကားထဲဝင်ဖို့ ကူညီပေးခဲ့သည်။

ရှောင်ချင်းရှန့်က ဒေါသတကြီးနဲ့ သူ့ဘေးနားက တယ်လီဖုန်းတိုင်ကို ကန်လိုက်ပြီး အနက်ရောင် Santana ရဲ့နောက်ပိုင်း ပျောက်ကွယ်သွားတာကို သူမြင်လိုက်သည်။

"သေစမ်း၊ ဘာမာနကြီးတာလဲ! သူနဲ့အဆက်အသွယ်ရချင်တာသိလို့ အရမ်းကို မောက်မာပြနေတာလေ" ရှောက်ချင်းရှန့်က အော်လိုက်သည်။

ကုရှန်းသည် စောစောက ဝိုင်ပါတီတွင် ရှောင်ချင်းရှန့်၏ လုပ်ရက်ကြောင့် ဒေါသထွက်ခဲ့သော်လည်း ယခု ၎င်းကို ထပ်မြင်ရသောကြောင့် သူသည် ဒေါသကို ထိန်းထားနိုင်ခြင်းမရှိပေ။

သူက ရှောက်ချင်းရှန့်ကို တိုက်ရိုက်ကန်ထုတ်လိုက်ပြီး သူ့ကော်လန်ကိုဆွဲကာ တယ်လီဖုန်းတိုင်နဲ့ ဆောင့်လိုက်သည်။ "စိတ်လျှော့လိုက်စမ်း!"

"ဒီရက်ပိုင်း ပရောဂျက်ကို မရခဲ့ဘူး၊ ငါတို့စိတ်အဆင်မပြေဘူး။ ​​ဒါကြောင့် ငါစကားမပြောခဲ့ဘူး" ကုရှန်းက သူ့ကို စိတ်အေးအေးထားပြီး လွှတ်လိုက်သည်။ "ဒါပေမယ့် စောစောက ဝိုင်ပါတီမှာ မင်းဘာကိုဆိုလိုတာလဲ?"

ရှောက်ချင်းရှန့်က ပါးစပ်ကိုဖွင့်ပြီး ဘာမှမပြောပေ။

"ငါ မင်းကိုမတားရင် မင်းဘာလုပ်မလို့လဲ? ဟွမ်ချန်ရွှင်းနဲ့ တိုက်မလို့လား? ဒါဆို ငါတို့ ဒီလုပ်ငန်းက ကန်ထုတ်ခံရမှာပေါ့"

ဟွမ်ချွန်ရွှင်းသည် ယခု S မြို့ ဆောက်လုပ်ရေးလုပ်ငန်းတွင် ဘစ်ဘော့စ်တစ်ယောက်ဖြစ်ပြီး သူတို့လို ပုရွက်ဆိတ်လေးနှစ်ကောင်ကို သတ်ပစ်ချင်ရင် မလွယ်ကူသည် မဟုတ်ပေ။

"မင်းအရင်က ဒေါ်လာနည်းနည်း ရှာဖူးတာပဲ၊ အခု မင်း ကြောင်သွားပြီလား" ကုရှန်းက "ဒီငွေရှာတာထက် ငါ ပိုဒေါသထွက်ဖူးလား? အခု ငါ့မှာ ဒေါ်လာနည်းနည်းပဲရှိတော့ ငါက မနေနိုင်တော့ဘူးလား? သူတို့မှာ အဆက်အသွယ်ရှိလို့ ပရောဂျက်တွေ အများကြီးရနိုင်တယ်။ အများကြီးပြောစရာ မရှိဘူး..."

"ဒါပေမယ့် မင်းဒီလိုပဲ ဆက်ရှိနေရင် မင်းနဲ့ ဆက်ပြီး ပူးပေါင်းသင့်မသင့် ငါတကယ် စဉ်းစားရတော့မယ်"

ကုရှန်းသည် နောက်ဆုံးတွင် သူ့မျက်လုံးများကို အောက်ကိုကြည့်ကာ အင်္ကျီလက်များကို ပြန်ချကာ ပြောလိုက်သည်။

ကုရှန်း၏စကားကြောင့် ရှောက်ချင်းရှန့်၏ စိတ်သည် ပိုမိုရှင်းလင်းလာသည်။

ကုရှန်းမှန်သည်။ သူ့လက်ထဲမှာ ပိုက်ဆံနည်းနည်းပဲရှိတော့လို့ သူလုပ်တာ။ အမြဲတမ်း သူများကိုပဲ အားကိုးရင် အရာရာ ဆုံးရှုံးသွားလိမ့်မည်။

ထို့အပြင် သူသည် အစပိုင်းတွင် ကြီးမားသော ပရောဂျက်တစ်ခုကို လုပ်ဆောင်နိုင်မည်ဟု ထင်ခဲ့ပြီး နောက်ဆုံးတွင် ယွမ်သုံးသောင်းမှ လေးသောင်းလောက်ပဲရှိ‌သည့် သေးငယ်သော ပရောဂျက်အတွက် သောက်စရာနှင့် ရယ်မောခြင်းဖြင့် အတူလိုက်ပါသွားခဲ့သည်။ သူ့နှလုံးသားထဲမှာ ကွက်လပ်တစ်ခုရှိနေတယ်ဆိုတာ သေချာသည်။

အခု ကုရှန်းက ဒီလိုပြောတော့ ရှောက်ချင်းရှန့်က ဝိုင်များကြားမှ ချက်ချင်း လန့်နိုးသွားခဲ့သည်။

စောစောက သူဘာတွေလုပ်ခဲ့တာလဲ? ဘာလုပ်မ်ိမှန်းတောင် မသိတော့ဘူး! ကုရှန်းက သူ့ကိုသတိပေးလို့ မဟုတ်ရင် သူက ကြီးမားတဲ့ ဒုက္ခအချို့ကို ပေးလိမ့်မည်။

ရှောက်ချင်းရှန့်က စိတ်ပျက်တာလား?

လွန်ခဲ့သည့်နှစ်ရက်က ပရောဂျက်တစ်ခုရှာသောအခါတွင် သူ၏အရက်သမား သူငယ်ချင်းများကို မတွေ့ခဲ့ရပေ။ သူက အရက်သောက်ဖို့ တောင်းဆိုတဲ့အခါ သူတို့က ကောင်းကောင်း စကားပြောခဲ့သည်။ အခု သူက သူတို့ကို အကူအညီတောင်းတဲ့အခါ သူတို့က ဟိုဟိုဒီဒီ တွန်းထုတ်ခဲ့ကြသည်။

အခု ကုရှန်းက သူနဲ့ လမ်းခွဲဖို့ စဉ်းစားနေတာကြောင့် ရှောက်ချင်းရှန့်က ထိတ်လန့်သွားသည်။

ဘာမှမဖြစ်ဘူးဆိုရင် အခု သူယုံကြည်ရတဲ့ တစ်ဦးတည်းသော အစ်ကိုက ကုရှန်းပါ။

"အစ်ကိုရှန်း၊ ငါတောင်းပန်ပါတယ် ငါမှားသွားတယ်။ ဒီရက်ပိုင်း ငါတကယ် စိတ်မထိန်းမိခဲ့ဘူး" က သူ့ရင်ဘတ်ပေါ် လက်တင်ပြီး ကုရှန်းကို တောင်းပန်ကာ "မင်းပြောတာကို ငါနားလည်ပါတယ်၊ ငါသေချာပေါက် ပြောင်းလဲမှာပါ!"

ရှောက်ချင်းရှန့်က သူတကယ်မှားတာကို သိသွားတာကို ကုရှန်းကမြင်တော့ သူက သူနဲ့ မငြင်းခုံချင်တော့ပေ။

ပြောင်းလဲမလား မပြောင်းဘူးလားဆိုတာကတော့ နောက်ပိုင်းမှာ မြင်တွေ့ရမှာပါ။

"ကောင်းပြီ၊ စကားမပြောနဲ့၊ နောက်ကျနေပြီ" ကုရှန်းသည် သူ့နာရီက အချိန်ကို ကြည့်လိုက်ပြီး "ဒီည စာချုပ်ပြင်ဆင်မယ် ၊ မနက်ဖြန်မနက် လက်မှတ်ထိုးဖို့ ဟွမ်ချွန်ရွှင်းဆီကို သွားလို့ရပြီ "

"ကောင်းပြီ!" ရှောက်ချင်းရှန်က အမြန်ခေါင်းညိတ်လိုက်သည်။

"အစ်ကိုရှန်း၊ ငါ မင်းကို ပြန်ပို့ပေးရမလား?" ရှောက်ချင်းရှန့်က သူ့ကားသော့ကို ထုတ်လိုက်ပြီး ပြောသည်။

ကုရှန်းက သူ့ကို စိုက်ကြည့်ကာ "မင်း အရက်သောက်ပြီး ကားမောင်းချင်သေးတာလား? မင်း သေမလို့လား? မင်းကားကို မမောင်းနဲ့၊ မင်းလမ်းလျှောက်ပြီး သေချာပြန်"

ရှောက်ချင်းရှန့်သည် ပုံမှန်အတိုင်း ကန့်ကွက်ခြင်းမရှိခဲ့ပေ။

ကုရှန်းအိမ်ပြန်ရောက်သောအခါ အရက်နံ့ရနေသည်။

သူက ညဘက် ညစာစားဖို့ ပြန်လာမှာမဟုတ်ဘူးလို့ နေ့ခင်းဘက်တည်းက ပြောခဲ့တဲ့အတွက် လီယွီလန်နဲ့ တပေါင်က အစတည်းကစားဖို့ သူ့ကို မစောင့်ခဲ့ပေ။

တံခါးဝကို ဝင်လိုက်သည်နှင့် တပေါင်က သူ့ကို နှုတ်ဆက်လိုက်သည်။ အနံ့ခံပြီးနောက် နှာခေါင်းရှုံ့ကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်သည်။ သူက ရွံရှာစွာဖြင့် "ဖေဖေ အနံ့အရမ်းဆိုးတယ်"

"ဒါဆို ​အဖေနဲ့ ဝေးဝေးနေ.." ကုရှန်းက ပြုံးပြီးပြောလိုက်သည်။

လီယွီလန်က လှုပ်ရှားမှုကို ကြားသော်လည်း ကုရှန်းက သူမကို မတ်တပ်ရပ်ပြီး လာမခေါ်ရန်ပြောခဲ့သည်။ "မင်း မလာနဲ့ ကိုယ်ရေချိုးပြီး အဝတ်တွေ လဲလိုက်ဦးမယ်"

“ဒါဆို ရှင်အရင်ရေချိုးလိုက်၊ ကျွန်မ အဝတ်အစား ရှာထားလိုက်မယ်"

အများအားဖြင့် ရေနွေးနဲ့ ရေချိုးတာဖြစ်သည်။

ဒါပေမယ့် လီယွီလန်က အခုလို ပူပြင်းတဲ့နေ့မှာ ကုရှန်းက ရေအေးနဲ့ ရေချိုးဖို့ ပိုဆန္ဒရှိတယ်လို့ ခံစားရသည်။

အဝတ်တစ်ထည်ကို ရှာပြီး သူ့ဆီ ပေးပြီးနောက် လီယွီလန်သည် ခဏလောက် စဉ်းစားပြီးနောက် မီးဖိုချောင်ထဲသို့ ဂျင်းအနည်းငယ်ကို လှီးကာ ရေနွေးဆူဆူတွင် ကျိုချက်ပြီး သကြားဖြူနှင့် ရှာလကာရည်ဖြူတို့ကို ထည့်၍ နှံ့အောင် ရောမွှေလိုက်သည်။ ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ပြီး အအေးခံထားသည်။

ကုရှန်းသည် တစ်ကိုယ်လုံး ရေငွေ့တွေနဲ့ ထွက်လာတဲ့အခါ သူမက စားပွဲပေါ်မှာ အငွေ့တက်နေဆဲဖြစ်တဲ့ ဟင်းရည်ကို လက်ညှိုးထိုးပြပြီး "အေးတော့မယ် အိပ်ရာမဝင်ခင် သောက်လိုက်။"

"တော်တော်မူးမူး သောက်ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကို ဒီနည်းနဲ့ လုပ်ထားတဲ့ အရက်နာကျတာပျောက်တဲ့ ဟင်းချိုက သူ့အပေါ် သက်ရောက်မှုရှိတယ်။"

ကုရှန်းသည် ရေစိုနေသော ဆံပင်တိုတိုကို မျက်နှာသုတ်ပုဝါဖြင့် သုတ်လိုက်ပြီး စားပွဲသို့ သွားထိုင်လိုက်ပြီး "အင်း ကိုယ် မအိပ်သေးဘူး"

"တစ်ခုခုလုပ်စရာရှိသေးလို့လား?" လီယွီလန်က မေးသည်။

"အင်း၊ ကိုယ်တို့ စာချုပ်​ချုပ်​ရမယ်​။" ကုရှန်းက ဘောပင်နှင့် စာရွက်ကို ထုတ်ယူလိုက်သည်။

ယခုအချိန်တွင် လမ်းတစ်လျှောက်တွင် ပုံနှိပ်ဆိုင်များ မရှိဘဲ၊ အချို့သော အစိုးရပိုင်လုပ်ငန်းကြီးများ၏ ရုံးခန်းများတွင်သာ စျေးကြီးသော ပုံနှိပ်စက်များကဲ့သို့ တန်ဖိုးကြီးပစ္စည်းများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

စာချုပ်အများစုသည် လက်ဖြင့်ရေးကြသည်။

လီယွီလန်သည် သူဘာကိုဆိုလိုသည်ကို ရုတ်တရက် နားလည်လိုက်ပြီး သူမ၏ မျက်လုံးများက တောက်ပလာပြီး "ရှင် ပရောဂျက် ရပြီလား?"

ကုရှန်းက မျက်ခုံးပင့်ကာ ခေါင်းညိတ်ပြပြီး "အင်း၊ ဒါက ပိုက်ဆံအများကြီးမရတဲ့ ပရောဂျက်လေးတစ်ခုပါပဲ"

သူ မကြိုက်ဘူး။ ဆောက်လုပ်ရေးက သေးသည်။

တကယ်တော့ သူနဲ့ ရှောက်ချင်းရှန့်တို့သည် အရင်က ဆောက်လုပ်ရေးကို မလုပ်ဖူးကြဘဲ အခုမှ စပြီး အတွေ့အကြုံတွေ စုဆောင်းနေကြတာ ဖြစ်သည်။

လီယွီလန်သည် ပရောဂျက်၏ အရွယ်အစားကို ဂရုမစိုက်ပါ။ အဲဒီအစား သူ့အတွက် အရမ်းပျော်ခဲ့သည်။ သူမက သူ့လက်ထဲ ဘောပင်ကို ပေးလိုက်ပြီး " ဒါဆို စာချုပ်ကို မြန်မြန်ရေး"

ကုရှန်းက သူ့နှုတ်ခမ်းတွေကို ကွေးပြီး အချိုးအစားတိုင်းကာ လည်ပင်းကို ငုံ့လိုက်ပြီး စတင်တော့သည်။ စာချုပ်စာတမ်းကို စကားလုံးတစ်လုံးချင်း သေချာရေးသည်။

သူစာရေးနေချိန်မှာ လီယွီလန်နဲ့ တပေါင်က သူ့ဘေးမှာထိုင်ပြီး ကြည့်နေခဲ့သည်။

ဦးခေါင်းအထက်ရှိ လျှပ်စစ်အလင်း အဝါရောင်အလင်းရောင်သည် မှေးမှိန်သွားသည်။ သူတို့သုံးယောက်၏ ပုံရိပ်က ကျနေပြီး အဲဒါသည် အလွန်နွေးထွေးသည်။

တပေါင်သည် ယခုအချိန်တွင် သူ့အဖေနှင့် ရန်မဖြစ်နိုင်မှန်း သိသောကြောင့် ပါးစပ်ကို တင်းတင်းစေ့ထားကာ သူ့ခေါင်းသေးသေးလေးနဲ့ စူးစိုက်ကြည့်နေခဲ့သည်။

ကုရှန်းက စာကြောင်းတစ်ကြောင်းရေးပြီးတာနဲ့ သူက တပေါင်ရဲ့မျက်လုံးတွေကိုတွေ့တော့ မျက်လုံးပြူးပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ခေါင်းကိုလှည့်၍ လီယွီလန်ကို "တပေါင်က မူကြိုတက်ရမှာမလား?"

"ဟုတ်တယ်။" လီယီလန်သည် သူမ၏ဗိုက်ကိုထိလိုက်ပြီး ခေါင်းညိတ်ကာ "ဒါပေမယ့် အခုကျောင်းပိတ်ရက်လေ"

လီယွီလန်သည် ဒီရက်အတွင်းတွင် အိမ်မှာ ပျင်းရိမနေဘဲ သူမက တပေါင်ကျောင်းတက်ရမည့် ကိစ္စကိုလည်း ထည့်သွင်းစဉ်းစားခဲ့သည်။

တပေါင်သည် ယခု အသက်ငါးနှစ်သာရှိသေးပြီး မူလတန်းကျောင်းတက်ရန် လိုအပ်သည့် အသက်အရွယ် မရောက်သေးသောကြောင့် မူကြိုကို တစ်နှစ်တက်ရမည်ဖြစ်သည်။

ထို့အပြင်သူမ၏ ‌မွေးဖွားမည့်ရက်သည် နိုဝင်ဘာလတွင်ဖြစ်နိုင်သည်။ ဒီနောက်ပိုင်းမှာ သူမရဲ့ဗိုက်က ပိုကြီးလာပြီး တပေါင်ကို ဂရုစိုက်ဖို့ သူမမှာ အင်အားတွေ အများကြီးရှိမှာ မဟုတ်တာကြောင့် သူ့ကို မူကြိုပဲ ထားနိုင်သည်။

"ဒီကိစ္စအတွက် စိတ်မပူပါနဲ့၊ ဇူလိုင်လပဲရှိသေးတယ်။ ကျွန်မအပြင်ထွက်ပြီး မေးကြည့်လိုက်မယ်။" လီယွီလန်က ပြောလိုက်သည်။

သူမပြောတာကိုကြားတော့ ကုရှန်းက မကန့်ကွက်ဘဲ စာချုပ်ကို ဆက်ရေးဖို့ ခေါင်းငုံ့လိုက်သည်။

နောက်နေ့မနက်မှာ ကုရှန်းက စာချုပ်ကိုယူပြီး အပြင်ထွက်ခဲ့သည်။

ရှောက်ချင်းရှန့်သည် အောက်ထပ်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီး ကုရှန်းကို တွေ့သောအခါ ချက်ချင်းပင် သူက နှုတ်ဆက်လိုက်သည်။

"စာချုပ်ပြင်ပြီးပြီလား?" ရှောက်ချင်းရှန့်က မေးသည်။

ကုရှန်းက ခေါင်းညိတ်ပြပြီး စာချုပ်ပါရှိတဲ့ အနက်ရောင် လက်ဆွဲအိတ်ကို သူ့အား ပေးလိုက်သည်။ "မင်း ကားနဲ့ ယူသွားလိုက်။ စိတ်ရှည်‌နော်။ ဘာပဲဖြစ်ဖြစ် ဒီစာချုပ်က လက်မှတ်ထိုးရမယ်"

ရှောက်ချင်းရှန့်က လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး "ငါသိတယ် ငါသိတယ်"

ရှောက်ချင်းရှန့်က မြန်မြန်ဆန်ဆန်နဲ့ ကားထဲကို ဝင်သွားပြီး လီဗာကို နင်းပြီး ဟွမ်ချန်ရွှင်းဆီကို အမြန်သွားသည်။

ကုရှန်းသည် အခြားဦးတည်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားကြည့်ရမည်။

နှစ်ယောက်သားသည် ခွဲသွားခဲ့ကြသည်။

သုံးနာရီကြာပြီးနောက်တွင် ရှောင်ချင်းရှန့်၏ တောက်ပသောအနီရောင် ရှားလီကားသည် နောက်ဆုံးတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပေါ်လာခဲ့သည်။

ယခုအချိန်တွင် ကုရှန်းသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ အခြေအနေကို မေးမြန်းထားပြီးဖြစ်သည်။

ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး သူတို့တွင် သေးငယ်သော အပိုင်းတစ်ခုသာရရှိမည်။ သူသည် အတွင်းဘက်သို့ လှည့်ကြည့်ပြီး ဤပရောဂျက်ကြီးကို အသေးစား ပရောဂျက်များစွာအဖြစ် ခွဲထုတ်ကာ အသေးစား ကန်ထရိုက်တာများကို ငှားရမ်းသင့်သည်ဟု တွေးခဲ့သည်။

ယခုအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အင်ဂျင်နီယာအဖွဲ့များစွာ ရှိသည်။

ကုရှန်းသည် ထိုနေရာတွင် ရပ်နေပြီး ရှောက်ချင်းရှန့် ရောက်လာသည်အထိ စောင့်ကာ မေးလိုက်သည်။ "မင်း လက်မှတ်ထိုးခဲ့လား?"

တကယ်တော့ ရှောက်ချင်းရှန့်ရဲ့ အမူအရာကို ကြည့်တာနဲ့ ဒီကိစ္စကို ပြီးခဲ့တယ်လို့ သူခန့်မှန်းခဲ့သည်။

သေချာတာပေါ့၊ ရှောက်ချင်းရှန့်က သူ့လက်ဆွဲအိတ်ထဲမှ စာချုပ်ကို ထုတ်လိုက်ပြီး သေသေချာချာ ယမ်းပြလိုက်သည်။ "မဟုတ်ဘူး၊ တစ်စုံတစ်ယောက် လက်မှတ်မထိုးခင် နာရီအနည်းငယ်လောက် ငါက မြေးတစ်ယောက်လို သူ့ကိုစောင့်နေခဲ့ရတယ်"

စကားပြောပြီးနောက် ရှောက်ချင်းရှန့်က ကျိန်ဆဲပြန်သည်။

ဒါပေမယ့် ဒီပရောဂျက်ကို လက်မှတ် ရေးထိုးလိုက်တာက သူ့ကို စိတ်ချမ်းသာစေသည်။

"အဆင်ပြေပါတယ်၊ ဒီနေ့ ငါတို့ အလုပ်စလို့ရပြီ" ကုရှန်းက "ငါတို့ အရင်က ဝယ်ထားတဲ့ ပစ္စည်းအများစုကို သုံးလို့ရတယ်။ နောက်မှသုံးလို့ရတဲ့ ပစ္စည်းတွေကို ယူလာပေးမယ်။"

“ဟုတ်တယ်၊ အခု ငါတို့ အင်ဂျင်နီယာအဖွဲ့ကို အကြောင်းကြားပြီး နေ့လယ်ပိုင်းမှာ ဆောက်လုပ်ဖို့ ပြင်ဆင်ခိုင်းလိုက်မယ်"

ကုရှန်းဖွဲ့စည်းထားသော အင်ဂျင်နီယာအဖွဲ့မှ အဖွဲ့ဝင်များသည် S မြို့အနီးရှိ ကျေးလက်ဒေသမှ လူငယ်များဖြစ်သည်။

လူတွေကို စုဆောင်းတဲ့အခါမှာ သူတို့ရဲ့ လိပ်စာတွေကို မှတ်တမ်းတင်ဖို့ အရင်တစ်ကြိမ်ကနေ သင်ခန်းစာယူခဲ့သည်။ ယခုတစ်ကြိမ် စာချုပ်မှာ လက်မှတ်မထိုးရသေးဘဲ လူများကို တိုက်ရိုက်မခေါ်ရဲတော့ပေ။

အခုပြေလည်သွားတော့ လူတွေကို တစ်ယောက်ပြီးတစ်ယောက် ရှာကြသည်။

လွန်ခဲ့သည့် နှစ်ရက်က အင်ဂျင်နီယာအဖွဲ့မှ လူတစ်ဦးသည် အလုပ်စရန် နှောင့်နှေးမှုနှင့်ပတ်သက်၍ တိုင်ကြားထားသောကြောင့် ကုရှန်းက သူ့ကို နှစ်သိမ့်ပြီး လျော်ကြေးအချို့ အာမခံပေးခဲ့သော်လည်း ဤလူများသည် အမှန်တကယ် ထွက်ချင်ပါက သူတို့က မတားနိုင်ပေ။

ကုရှန်းနဲ့ ရှောက်ချင်းရှန့်က တစ်စုံတစ်ယောက်ကို ရှာဖို့ ကားမောင်းလာခဲ့သည်။

မိသားစုတစ်ခုချင်းစီကို ရှာဖွေပြီးနောက် ထက်ဝက်ခန့်သည် အခြားနေရာသို့ အလုပ်သွားခဲ့ကြသည်။ ဒါကိုလည်း မျှော်လင့်ထားပြီး ကုရှန်းက အံ့သြခြင်း သို့မဟုတ် စောဒကတက်ခြင်း မရှိခဲ့ပါ။

ကံကောင်းထောက်မစွာဖြင့် အရင်တစ်ကြိမ်က ကြီးမားသော ပရောဂျက်ဖြစ်သောကြောင့် ကုရှန်းသည် လူတော်တော်များများကို ရှာဖွေခဲ့သည်။

အခုက သေးငယ်တဲ့ ပရောဂျက်တစ်ခုဖြစ်ပြီး ကျန်သည့်လူတွေနဲ့ အဆင်ပြေသည်။

နေ့ခင်းဘက်တွင် ကုရှန်းနှင့် ရှောက်ချင်းရှန့်တို့သည် ပစ္စည်းများနှင့် အင်ဂျင်နီယာအဖွဲ့ကို ခေါ်ယူပြီး အလုပ်လုပ်ကြသည်။

ဆောက်လုပ်ရေးပထမနေ့တွင် နှစ်ယောက်စလုံး ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စောင့်ကြည့်ခဲ့ကြသည်။

ဒါပေမယ့် သူတို့သည် မတ်တပ်ရပ်ပြီး စောင့်ကြည့်ရုံတင်မကဘဲ သူတို့ အားတဲ့အခါ ကူညီပေးကြသည်။

ကုရှန်းသည် အတွေ့အကြုံရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဆောက်လုပ်ရေး ကျွမ်းကျင်သူအချို့နှင့် ခိုင်မာသော အရည်အသွေးကို မည်သို့တည်ဆောက်ရမည်၊ ဆောက်လုပ်ရေးပစ္စည်းများကို ရွေးချယ်နည်းတို့ကိုလည်း ဆွေးနွေးခဲ့သည်…

ရှောင်ချင်းရှန့်က အလုပ်ပြီးဆုံးချိန်ကို စောင့်မျှော်နေရင်း ကုရှန်းကို စိုက်ကြည့်ကာ "အစ်ကိုရှန်း ဘာလို့ အိမ်ဆောက်ဖို့ ကိစ္စတွေ အများကြီးမေးနေတာလဲ? ငါတို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သွားလုပ်စရာ မလိုပါဘူး"

ကုရှန်းက သူ့ကို စကားမပြောဘဲ တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒါက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုလေ။ ဒီအခြေခံအချက်တွေကို မင်းနားလည်ဖို့လိုတယ်"

ရှောက်ချင်းရှန့်က သူ့ခေါင်းကို ကိုင်လိုက်ပြီး "ဒါပေမယ့် တခြား ကန်ထရိုက်တာတွေက ဒါကို ဂရုမစိုက်ဘူးလို့ ငါထင်တယ်။ သူတို့က ပရောဂျက်ကို ဂရုတစိုက်လုပ်ပြီး လုပ်ရမယ့်လူကို ရှာတယ်… ပိုက်ဆံကို စောင့်ကြတယ်"

ဒါကို ကုရှန်းကြားလိုက်တော့ သူ့မျက်နှာက ရုတ်တရက် လေးနက်လာပြီး "ချင်းရှန့်၊ ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောစရာရှိတယ်"

သူ့သဘောထားကိုမြင်တော့ ရှောက်ချင်းရှန့်၏ အမူအရာသည် ပြောင်းသွားသည်။ အလေးအနက်ထားပြီး သူက ခေါင်းညိတ်ကာ "ပြောပါ"

"ငါက လုပ်နေတဲ့အရာတွေကို အမြဲတမ်း အာရုံစိုက်တယ်။ အခု ငါတို့ ကိုင်တွယ်ဆောင်ရွက်မယ့် ပရောဂျက်တွေ၊ ‌အနာဂတ်မှာ ကိုင်တွယ်ရမယ့် ပရောဂျက်တွေ အပါပဲ။ အားလုံးက အတူတူ အလုပ်လုပ်ပြီး နေရမယ့်သူတွေ။ သူတို့မှာ အရည်အသွေး ပြဿနာတွေ ရှိမှာကို ငါလက်မခံနိုင်ဘူး။"

"အခြားကန်ထရိုက်တာတွေက ဘယ်လိုပုံစံလဲဆိုတာ ငါမသိဘူး၊ ဒါပေမယ့် သူတို့လို ငါ မကိုယ်တွယ်နိုင်ဘူး" ရှောက်ချင်းရှန့်၏ မျက်နှာပေါ် ရှိ အမူအရာကိုမြင်တော့ ကုရှန်းက ဆက်ပြောသည်။

"နောက်ပြီးတော့ အကြောင်းပြချက်တစ်ခု ရှိသေးတယ်။ ဒါက ငါတို့ရဲ့ ပထမဆုံးပရောဂျက်ပဲ။ ဒီပရောဂျက်က ဘယ်လိုဖြစ်လာတယ်ဆိုတာ ငါတို့အားလုံးသိတယ်။ မင်း၊ ဟော်ချန်ရွှင်းက ဒီပရောဂျက်ကို အနာဂတ်မှာ သိမ်းသွား‌စေချင်လား?"

ရှောက်ချင်းရှန့်က ချက်ချင်း ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး။"

ဒါဆိုရင် ဒီပရောဂျက်က သူတို့ရဲ့ အခွင့်အလမ်းပင်။ သူတို့နှစ်ယောက်မှာ အဆက်အသွယ် မရှိဘူး။ ယခု သူတို့လုပ်နိုင်သောအရာမှာ ပရောဂျက်၏ အရည်အသွေးကို မြှင့်တင်ရန်ဖြစ်သည်။ သို့မှသာ လူအများက သူတို့ကို သတိပြုမိလာစေရန်နှင့် အနာဂတ်တွင် သူတို့ကိုယ်တိုင် ကြီးမားသော ပရောဂျက်များကို လက်ခံရရှိရန် အခွင့်အလမ်းများရရှိမည် ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ရှောက်ချင်းရှန့်၏ မျက်လုံးများ တောက်ပလာပြီး "အစ်ကိုရှန်း ကျွန်တော် နားလည်ပါပြီ"

စကားပြောပြီးနောက် သူသည် သက်ပြင်းကို မချဘဲ မနေနိုင်တော့ပေ။ "မင်းတကယ့်ကို စာအုပ်စာပေနဲ့ ယဉ်ကျေးမှုကို ဖတ်ဖူးတဲ့ ကောလိပ်ကျောင်းသားပါ။ ပြီးတော့ မင်းက ငါ့ထက် တကယ်ကို ပိုတွေးတတ်တယ်။ ငါက ဒါကို နားမလည်ဘူး"

"ကောင်းပြီ၊ မင်းနားလည်ဖို့ပဲ လိုတာပါ။" ကုရှန်းက ပြောလိုက်သည်။

ရှောက်ချင်းရှန့်၏ ကောင်းသောအချက်မှာ သူသည် သင့်လျော်သည်ဟု ထင်သည်များကို ပြောပြပါက သူသည် စကားကို နားထောင်လိမ့်မည် ဖြစ်သည်။

"ဒါဆိုနောက်လာမယ့် အချိန်ကာလမှာ ပရောဂျက်အသစ်တွေ ရနိုင်မလားဆိုတာ ကြည့်လိုက်ရအောင်၊ တစ်ဖက်ကလည်း ဒီဆောက်လုပ်ရေး အခြေအနေကို အချိန်တိုင်း အာရုံစိုက်ရမယ်။ နေ့တိုင်း လူတစ်ယောက်လာပြီး စောင့်ကြည့်ရမယ်၊ အဆင်ပြေလား?"

"ကောင်းပြီ မင်းပြောတာ နားထောင်မယ်!" ရှောက်ချင်းရှန့်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။

All Chapters