← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

လီယွီလန်သည် အရင်အကြိမ် အကြီးဆုံးကလေးကို မွေးဖွားခဲ့တုန်းက အချိန်အတော်ကြာသည်။

ဒီကလေးဟာ အရင်ကနဲ့တူမယ်လို့ သူမ ထင်ထားပေမယ့် ဆေးရုံရောက်ပြီး သိပ်မကြာခင်မှာပဲ သူမနဲ့ချိန်းထားတဲ့ ဆရာဝန်ကိုတွေ့တော့ ဆရာဝန်က အခြေအနေကိုမြင်ပြီး လီယွီလန်ကို သားဖွားခန်းထဲသို့ ချက်ချင်းခေါ်သွားခဲ့သည်။

ကုရှန်းသည် သားဖွားခန်း၏ ပိတ်ထားသော တံခါးကို ကြည့်ကာ သူသည် အလွန်စိုးရိမ်သဖြင့် တံခါးကို သွားလိုက်ပြန်လိုက်နဲ့ ကြည့်နေခဲ့သည်။

ဘယ်လောက်ကြာသည်မသိ ကလေးငိုသံကြားရကာ သားဖွားခန်းတံခါးကို ပွင့်လာပြီး သူနာပြုဆရာမလေးသည် မွေးကင်းစကလေးငယ်ကို ချီကာ ထွက်လာခဲ့သည်။

ကုရှန်းသည် တခဏတာ အံ့အားသင့်သွားပြီး လျှောက်လာကာ စိုးရိမ်တကြီး မေးလိုက်သည်။ "ဆရာမ ကျွန်တော့်မိန်းမ ဘယ်မှာလဲ?"

သူနာပြုဆရာမက ကလေးကို ကုရှန်းထံ ပေးခဲ့ပြီး သူ့ကို ချီထားရန် မှာကကားကာ တစ်ချိန်တည်းမှာပင်။ "အမေက နှစ်နာရီလောက် စောင့်ရဦးမယ်"

တပေါင်တုန်းက ကုရှန်းသည် စက်ရုံထဲမှာ ပစ္စည်းတွေကြောင့် အလုပ်ရှုပ်နေခဲ့ပြီး ခရိုင်ဆေးရုံကို အပြေးအလွှား သွားတဲ့အခါ လီယွီလန်က ကလေးမွေးပြီးသွားပြီ။

ဒါကြောင့် သားဖွားခန်းထဲမှာ အမေက ဘာကိုစောင့်ရမယ်ဆိုတာ သူတကယ်မသိခဲ့ဘူး။

ထို့အပြင် လီယွီလန် မွေးဖွားစဉ်တွင် သူသည် စိုးရိမ်သောကရောက်နေခဲ့ပြီး ယခု သူ မထွက်မလာသဖြင့် လုံးဝ အံ့အားသင့်သွားခဲ့သည်။

သူနာပြုဆရာမက ကလေးကို သူမလက်ထဲမှာ အချိန်အတော်ကြာ ချီထားပေမယ့် သူက ယူတာကို မတွေ့ရပေ။ အဲဒီအစား သူက မေးလိုက်သည်။ "ကျွန်တော့်မိန်းမ အားလုံးအဆင်‌ပြေရဲ့လား?"

အမြန်ပြေးလာသော အစ်မဝူသည် သည်းမခံနိုင်တော့ပေ။ သူ့လက်တွေ တုန်နေခဲ့သည်။

ကုရှန်းက ကလေးကို ပြုစုဖို့ လောလောဆယ် စိတ်မ၀င်စားတာကို တွေ့လိုက်ရတော့ "ရှောင်ကု မင်းက ရှောင်လန်ကို စောင့်လိုက်။ ငါက ကလေးကို အရင်ခေါ်သွားလိုက်မယ်"

ကုရှန်းသည် သားဖွားခန်းကို စိုက်ကြည့်ကာ မြန်မြန် ခေါင်းညိတ်လိုက်သည်။

အစ်မဝူသည် သူ့မ်ိန်းမအတွက် အလွန်စိုးရိမ်နေကာ ကလေးကို မကြည့်သည့် ယောက်ျားကို ကြည့်ပြီး လူငယ်ဇနီးမောင်နှံကြားက ဆက်ဆံရေးက ကောင်းလွန်းသည်ဟု‌ တွေးကာ ခေါင်းကို ခါယမ်းလိုက်သည်။

အေးစက်နေတဲ့ သူ့ရင်ခွင်ထဲမှာ ကျန်ရစ်ခဲ့တဲ့ ဒီကောင်ကလေး။

အစ်မဝူသည် သူမ၏ ရင်ခွင်ထဲမှ ကလေးကို ငုံ့ကြည့်လိုက်သည်။ ကောင်မလေးက မျက်လုံးတွေကိုမှိတ်ပြီး သွားတစ်ချောင်းမှမပါတဲ့ ပါးစပ်လေးကို ဖွင့်ထားတုန်းပင်။ သူ့ပုံပန်းသဏ္ဍာန် မည်မျှ ရှားပါးသည်ကိုတော့ မပြောလိုပါ။

အစ်မဝူသည် ကလေးကို ခေါ်သွားပြီးနောက် ကုရှန်းသည် မွေးဖွားခန်းတံခါးအပြင်ဘက်တွင် နှစ်နာရီကြာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

နောက်ဆုံးတော့ တံခါးပြန်ပွင့်လာပြီး အားနည်းနေတဲ့ လီယွီလန်ကို သူနာပြုက ကူညီပေးခဲ့သည်။

ကုရှန်းက သူမကို အမြန်ပွေ့ဖက်လိုက်ပြီး မေးလိုက်သည်။ "နေကောင်းလား? မင်းအဆင်ပြေလား?"

လီယွီလန်သည် သူ့ကိုမြင်သောအခါ အံ့အားသင့်သွားပြီး လွတ်နေသောပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ "ရှင်ဘာလို့ ဒီကိုရောက်နေတာလဲ? ကလေးကော ဘယ်လိုလဲ?"

လီယွီလန်က မေးလိုက်မှ ကုရှန်းသည် ကလေးအကြောင်း သတိရလာသည်။

"အိုး၊ အစ်မဝူက ခေါ်သွားတယ်..."

အစ်မဝူ၏ ခေါ်ဆောင်သွားကြောင်း ကြားသောအခါ လီယွီလန်သည် စိတ်သက်သာရာ ရသွားသည်။ စကားမစပ် ယောက်ျားလေးလား၊ မိန်းကလေးလားလို့ မေးလိုက်သည်။

မွေးဖွားရေး လုပ်ငန်းစဉ်က အခုမှ ချောချောမွေ့မွေ့ ဖြစ်သွားသည်။ ဒါပေမယ့် အားအရမ်းသုံးရတာကြောင့် ကလေးမွေးပြီးတော့ လီယွီလန်က ချက်ချင်း အိပ်ပျော်သွားပြီး ယောက်ျားလေး မိန်းကလေး မဆိုထားနဲ့ ကလေးကိုတောင် မကြည့်နိုင်တော့ဘူး။

ကုရှန်းလည်း ထိတ်လန့်သွားသည်။ သူနာပြုက စောစောက ယောက်ျားလေးလား၊ မိန်းကလေးလားလို့ ပြောနေပုံရပေမယ့် အဲဒီတုန်းက လီယွီလန်ကို စိတ်ပူပြီး သူဂရုမစိုက်မိခဲ့ဘူး။

ထိုအချိန်တွင် လီယွီလန်က သူ့ကို မေးလိုက်ရာ ကုရှန်း၏ မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်း အရိပ်အယောင် ပေါ်လာသည်။

သူ့ဘေးက သူနာပြုဆရာမက သည်းမခံနိုင်တော့ဘူး။ သူက မျက်လုံးပြူးပြီး "မိန်းကလေးပါ၊ မင်းရဲ့အခန်းက ၃၀၁ မှာရှိပြီး ကလေးလည်း အဲ့မှာရှိတယ်။ မှားမသွားနဲ့"

သူနာပြုဆရာမ၏ နောက်ဆုံးသတိပေးချက်မှာ အမြင်ကပ်မှု အနည်းငယ်ပါသည်။

ကုရှန်းက သတိပေးချက်အတွက် သူနာပြုကို ကျေးဇူးတင်ကြောင်းပြောပြီး လီယွီလန်ကို တိုက်ရိုက်ချီကာ အခန်းဆီသို့ လျှောက်သွားခဲ့သည်။

လီယွီလန်သည် အားနည်းနေပြီဖြစ်သောကြောင့် စိတ်ငြိမ်သက်စွာဖြင့် သူ့ကို မှီထားလိုက်သည်။

အခန်းထဲရောက်တဲ့အခါ ကလေးက ဆေးရုံကုတင်ဘေးက ကုတင်မှာ အိပ်ပျော်နေပြီပင်။

အစ်မဝူသည် လက်တွန်းလှည်းဘေးတွင် ထိုင်ကာ ကလေးကို ကြည့်နေခဲ့သည်။

ကုရှန်းက လီယွီလန်ကို ပွေ့ချီပြီး ပြန်လာတာကို မြင်တော့ အစ်မဝူက ချက်ချင်း ထရပ်ပြီး "နေကောင်းလား? တစ်ခုခု မှားနေလို့လား?"

လီယွိီလန်က ခေါင်းခါပြီး "အဆင်ပြေပါတယ်"

ကုရှန်းက လီယွီလန်ကို ဆေးရုံကုတင်ပေါ်တင်လိုက်ပြီး သူမ သက်တောင့်သက်သာထိုင်နိုင်ဖို့ သူမနောက်မှာ ခေါင်းအုံးနှစ်ခု ထပ်ထည့်လိုက်သည်။

အစ်မဝူလည်းထပြီး စားပွဲလေးဘေးမှာ အနီရောင်ကိုယ်ထည်နဲ့ အဖြူရောင်အဖုံးပါတဲ့ အပူထိန်းပုံးကို ယူလိုက်သည်။ ဖွင့်လိုက်ပြီး ပန်းကန်လုံးသေးသေးတစ်လုံးကို ထုတ်လိုက်သည်။ ရုတ်တရက် အခန်းထဲမှာ ကြက်စွပ်ပြုတ်ရနံ့တွေနဲ့ ပြည့်သွားခဲ့သည်။

"မင်း ကလေးမွေးဖို့ အချိန်နည်းနည်းတော့ ကြာမယ်ထင်တာ။ ဒါကြောင့် မင်းမလာခင် ကြက်စွပ်ပြုတ်ပြုတ်ထားဝာယ်" အစ်မဝူက ကြက်စွပ်ပြုတ်ကို လောင်းထည့်ရင်း "ဗိုက်ဆာနေတယ်မလား လာစား"

လီယွီလန်သည် ကုတင်ဘေးဘက်သို့ ငုံ့ကြည့်လိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သမီးလေးသည် ကြက်စွပ်ပြုတ်ကို အနံ့ခံကာ သူမဗိုက်ဆာနေမှန်း သိလိုက်သည်။

ကြက်စွပ်ပြုတ်စားပြီးနောက် လီယွီလန်က အစ်မဝူကို ကျေးဇူးတင်စကား ပြောခဲ့သည်။

ကုရှန်းသည် နောက်ဆုံးတွင် သူ့သမီးကို မမြင်ခဲ့ရမှာ သတိရသွားသည်။ သူ့သမီးလေးကို သူ့ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ် ဂရုတစိုက် ပွေ့ချီထားပြီး အလွန်စိတ်လှုပ်ရှား တုန်လှုပ်နေခဲ့သည်။

ဒီကလေးက သူ့အဖေက လျစ်လျူရှုကာ ပွေ့မချီခဲ့တာကို မှတ်မိနေသည်။ ကုရှန်းက သူ့မျက်နှာကို နီးကပ်လာတဲ့အခါတွင် ရုတ်တရက် ပါးစပ်ကိုဖွင့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ကုရှန်းက ဘာဆက်လုပ်ရမှန်းမသိဘဲ အေးခဲသွားခဲ့သည်။

ဒါကိုမြင်တော့ လီယွီလန်က ကြက်စွပ်ပြုတ်ကို အမြန်စားပြီး ကုရှန်းဆီကို လက်ကို ဆန့်ပြီး ပြောလိုက်သည်။ "လာ၊ ကျွန်မကိုပေး"

ကုရှန်းက ညင်ညင်သာသာ ချော့မော့ပြီး ကလေးကို လီယွီလန်ရဲ့ရင်ခွင်ထဲ ဂရုတစိုက် ထားလိုက်သည်။

ကလေးလေးသည် သူ့မိခင်၏ အသက်ရှုသံကို သတိရကာ သူ့မိခင်၏ ရင်ခွင်ထဲသို့ ရောက်သွားသည်နှင့် တပြိုင်နက် ငိုသံက တဖြည်းဖြည်း ရပ်တန့်သွားကာ သူ့ခန္ဓာကိုယ်လေးသည် လီယွီလန်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားခဲ့သည်။

လီယွီလန်သည် သူမကို ညင်သာစွာ ချော့ပေးကာ ဒုတိယအကြိမ် နို့တိုက်ကျွေးပြီးနောက်တွင် တစ်ခုခုကို သတိရသွားခဲ့သည်။

"အခုဘယ်အချိန်ရှိပြီလဲ? တပေါင် မူကြိုပြီးပြီလား?"

မနက် ၉း၀၀ လောက်မှာ စသည်။ အခု လူတိုင်း ဆေးရုံကို ရောက်နေကြပြီ၊ ဘယ်သူမှ တပေါင်ကို ကျောင်းကနေ သွားမခေါ်ဘူး !

လီယွီလန်က ဒါကိုပြောတဲ့အခါ ကုရှန်းက သတိရသွားသည်။ အချိန်ကို စစ်ဆေးပြီးနောက် သူသည် အမြန်ပြန်ထွက်ခဲ့သည်။

"ကျောင်းပြီးလို့ နာရီဝက်ရှိနေပြီ။ ကျောင်းကို ဖုန်းဆက်ပြီး တပေါင်ကို ခေါ်လာခိုင်းမယ်"

ကုရှန်း၏ နောက်ကျောကို ကြည့်လိုက်တော့ လီယွီလန်သည် အလွန် အားကိုးရာမဲ့ ဖြစ်သွားသည်။ သူမက ညည်းညူခဲ့သည်။ "ဟုတ်တယ်၊ မင်းယောက်ျားကို အားကိုးလို့မရဘူး"

အစ်မဝူက မပြုံးဘဲ မနေနိုင်ကာ " ရှောင်ကုလည်း စိတ်ပူပြီး စိတ်ရှုပ်နေလို့ပါ"

ကုရှန်းရဲ့ ဖုန်းခေါ်ဆိုမှုအရ ကျောင်း၏ ဆက်ဆံရေးသည် အလွန်ပင် လူသားဆန်ပြီး ကျောင်းပြီးပြီးမကြာမီတွင် သူတို့က တပေါင်ကို ဆေးရုံသို့ ခေါ်ဆောင်လာခဲ့သည်။

တပေါင်သည် အစကတော့ အနည်းငယ် အံ့အားသင့်နေခဲ့သေးသည်။ အခန်းတံခါးဝသို့ ရောက်သောအခါ ဆေးရုံကုတင်ပေါ်တွင် လီယွီလန်ကို တွေ့လိုက်ရပြီး သူသာ် ဆရာ့လက်မှ ချက်ချင်းထွက်ကာ သူမဆီသို့ ပြေးသွားခဲ့သည်။

"မေမေ!" တပေါင်က စိုးရိမ်တကြီးနဲ့ အော်လိုက်သည်။

"မေမေ နေကောင်းလား?" လီယွီလန်က ခေါင်းလေးငုံ့ကာ ပြုံးကာပြောပြီး နောက်တစ်ဖက်က လက်တွန်းလှည်းလေးကို လက်ညှိုးထိုးပြလိုက်သည်။ "ဟိုမှာကြည့်"

တပေါင်သည် လီယွီလန်၏ လက်ချောင်းများကို လိုက်ကာ သစ်သားတွန်းလှည်းကို တစ်ချက်ကြည့်လိုက်သည်။ ကုတင်ပေါ်တွင် အလွန်သေးငယ်သော ကလေးလေးတစ်ယောက် အိပ်နေခဲ့သည်။

သူသည် မျက်လုံးပြူးပြီး ခြေလှမ်းအနည်းငယ် လှမ်းကာ လက်ရန်းပေါ် လက်နှစ်ဖက်ကို တင်ကာ အတွင်းဘက်သို့ ကြည့်လိုက်သည်။

ဝိုး! သူ့ညီမလေးပဲ။

"ဖေဖေ ဒါ ကျွန်တော့်ညီမလေးလား?" တပေါင်က စိတ်လှုပ်ရှားစွာ မေးလိုက်ပြီး သူ့ဘေးနားက ကုရှန်းရဲ့လက်ကို ဆွဲလိုက်သည်။

"မဟုတ်ဘူး ညီလေး" ကုရှန်းက သူ့ကို နောက်ပြောင်ခဲ့သည်။

"အာ?" တပေါင်သည် ကလေးလေးအား နောက်တစ်ကြိမ် တစ်ချက်ကြည့်လိုက်ရာ သူ့မျက်နှာတွင် စိတ်ပျက်လက်ပျက်ဖြစ်သွားကာ "ညီလေးလား?"

သြော်.. သူ စောင့်မျှော်နေတဲ့ ညီမလေးက ဘယ်လို ညီလေး တစ်ယောက် ဖြစ်လာနိုင်ရတာလဲ? တပေါင်က အနည်းငယ် ဝမ်းနည်းသွားပြီး မျက်ခုံးနှစ်ဖက်စလုံး ကွေးကျသွားခဲ့သည်။

ထားလိုက်ပါတော့ ညီလေးဆိုလည်း ကြိုက်...?

ဝူးးးးးး…

တပေါင်သည် သူ့အတွက် စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှု လုပ်နေရသည်။

ကုရှန်းသည် တပေါင်၏ အသွင်အပြင်ကြောင့် သဘောကျကာ သူ့မျက်နှာကိုညှစ်ရန် လက်ကိုဆန့်ကာ "ဟားဟား၊ မင်းကို လိမ်လိုက်တာပါ၊ တကယ်တော့ ညီမလေးပါ"

တပေါင်သည် ရုတ်တရက် မျက်လုံးပြူးကာ အံ့အားသင့်သွားပြီး ခေါင်းကို လှည့်ကြည့်လိုက်သည်။ လီယွီလန်ကို မေးလိုက်သည်။ "မေမေ?"

လီယွီလန်က သားအဖကို ပြောစရာမဲ့သွားကာ ကြည့်ပြီး ပြန်ဖြေလိုက်သည်။ "မင်းညီမလေးပဲ"

တပေါင်သည် တိကျသောအဖြေကိုရခဲ့ပြီး ကုရှန်းကို ဒေါသတကြီးစိုက်ကြည့်ကာ သူ့ဘေးသို့ လျှောက်သွားသည်။ သူက ဒေါသတကြီးနဲ့ "ဖေဖေက အရမ်းဆိုးတာပဲ"

သွားပြီးနောက် တပေါင်သည် လက်တွန်းလှည်း၏ လက်ရန်းပေါ်တွင် လက်ပြန်တင်ကာ အတွင်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကလေးလေးကို ကြည့်လိုက်သည်။

ဟေ့ ဒါက သူ့ညီမလေးပဲ!

တပေါင်သည် လက်ချောင်းလေးများကို ဆန့်ထုတ်ကာ သူ့ညီမ၏ ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်ကာ အမြန်ပြန်ဆုတ်သွားသည်။

အရမ်းနူးညံ့သည်! အရမ်းသေးသည်။ တပေါင်က သူ့လက်ကို ဆန့်လိုက်ပြီး သူ့ညီမရဲ့လက်နဲ့ နှိုင်းယှဥ်ကြည့်ရုံနဲ့ သူ့ညီမရဲ့လက်က သေးလွန်းတယ်လို့ ထင်နေခဲ့သည်။

မွေးပြီးစ ကလေးတွေက ရုပ်ရည် သိပ်မကောင်းဘူး။

အဖိုးတန်လေးသည် နီရဲပြီး အရေးအကြောင်းရှိသော အသားအရည်နှင့် အတူတူပင်။

သူ့အစ်ကိုရဲ့ ချစ်ခြင်းမေတ္တာနဲ့တောင် တပေါင်က သူ့ညီမအား လှတယ်လို့ မချီးကျူးနိုင်ဘူး...

ကြည့်မ​ကောင်း​သော က​လေးများသည်​ အနိုင်​ကျင့်​ခံရလွယ်​သည်​။ သူက ညီမအတွက် နည်းနည်းတော့ စိတ်ပူသွားခဲ့သည်။

ညီမ၏အသွင်အပြင်ကို မကြိုက်သော်လည်း နောင်တွင် ရုပ်ဆိုးတာကြောင့် အနိုင်ကျင့်ခံရရင်ကော?

တပေါင်သည် မျက်မှောင်ကြုတ်ကာ ခဏလောက် ရုန်းကန်ရင်း နောက်ဆုံး အဖြေတစ်ခု ထွက်လာခဲ့သည်။ နောင်တွင် သူ့ညီမကို ရုပ်ဆိုးသည်ဟု ဆိုရဲပါက သူ့ကို ရိုက်နှက်မည်။ သူတို့က ပြောရဲလားဆိုတာ ကြည့်ရအောင်!

လီယွီလန်နှင့် ကုရှန်းတို့သည် ယခု တပေါင်တွေးနေတာကို မသိဘဲ သူ့ညီမကို လေးလေးနက်နက် ကြည့်နေသည်ဟုသာ ထင်နေခဲ့ကြသည်။

လီယွီလန်သည် ကလေးမွေးပြီးတော့ ဆေးရုံတွင် နှစ်ရက်သုံးရက်နေခဲ့ရသည်။

သူမနှင့် ကလေးလေးနှစ်ဦးစလုံးသည် ဆေးရုံတွင် အတူနေခဲ့ကြပြီး အစ်မဝူက သူတို့ကို ပြုစုစောင့်ရှောက်ပေးခဲ့ကာ ကုရှန်းသည် ညဘက်တွင် သူတို့နှင့်အတူ နေထိုင်ရန် တပေါင်ကို အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။

သုံးရက်အကြာတွင် လူကြီးနှင့် ကလေးအား စစ်ဆေးပြီးနောက် ပြဿနာမရှိခဲ့ဘဲ လီယွီလန်သည် နောက်ဆုံးတွင် ကလေးလေးကို အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။

အကူအနေဖြင့် အစ်မဝူသည် သူမနှင့်အတူ သူတို့၏ အိမ်သို့ သဘာဝအတိုင်း ပြောင်းရွှေ့နေထိုင်ခဲ့သည်။

အစ်မဝူ၏ ဂရုစိုက်မှုနှင့် ကူညီမှုကြောင့် လီယွီလန်သည် တစ်လတာလုံး သက်တောင့်သက်သာ နေထိုင်ခဲ့ရသည်။

ကလေးလေး၏ တစ်လပြည့်ပွဲ၌ ကုရှန်းနှင့် လီယွီလန်သည် သူငယ်ချင်းအချို့ကို ဖိတ်ကြားခဲ့သည်။

ရှောက်ချင်းရှန့်သည် ကလေးနှစ်ယောက်ရှိသည့် ကုရှန်းကိုကြည့်ကာ အလွန်မနာလိုဖြစ်နေခဲ့သည်။

"အစ်ကိုရှန်း၊ မင်းက တကယ်ပဲ ဘဝမှာ အောင်နိုင်သူပဲ!" ရှောက်ချင်းရှန့်က ပြောလိုက်သည်။

"မနာလိုဘူးလား?" ကုရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "မင်း မနာလိုဖြစ်ရင် မင်းနှလုံးသားကို နားထောင်ပြီး မိသားစုထူထောင်ဖို့ ပြင်ဆင်လိုက်လေ။ မင်းလက်ထပ်ပြီးရင် မင်းရလာလိမ့်မယ်"

"အဆင်ပြေပါတယ်။" ရှောက်ချင်းရှန့်က ခေါင်းညိတ်လိုက်သည်။

ကုရှန်း - "..."

အရွယ်ရောက်သူများ ဤနေရာတွင် စကားစမြည်ပြောနေကြစဉ် တပေါင်က ရွှယ်ယွမ်ကို ရှောင်ပေါင် အိပ်နေသော အခန်းထဲသို့ ခေါ်သွားခဲ့သည်။

တပေါင်က တံခါးကို ဖြည်းဖြည်းလေးပိတ်ပြီး ရွှယ်ယွမ်ကို တိုးတိုးလေး ပြောလိုက်သည်။ "အတန်းထဲက လူတော်တော်များများက ငါ့ညီမကို တွေ့ချင်တယ်လို့ ပြောကြပေမယ့် ငါ သူတို့ကို တွေ့ခွင့်မပေးဘူး။ မင်းက ငါ့ညီမကို တွေ့ရတဲ့ ပထမဆုံး ငါ့သူငယ်ချင်းပဲ။ ငါ မင်းကို ကောင်းကောင်း ဆက်ဆံတယ်နော်!"

ရွှယ်ယွမ်က လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး "အစ်ကို တပေါင်၊ မင်းက ငါ့အတွက် အကောင်းဆုံးပဲ!"

"ဒါဆို မင်းအသံကို တိုးလိုက်၊ ငါ့ညီမလေးကို မနိုးစေနဲ့" တပေါင်က သူ့ကို တိုက်တွန်းလိုက်သည်။

ရွှယ်ယွမ်က သူ့ပါးစပ်ကို ဖုံးပြီး ကြက်လေး အစာစားသလို ခေါင်းညိတ်လိုက်သည်။

တစ်လအကြာတွင် ရှောင်ပေါင်သည် အလွန်လှပသောကလေးအဖြစ် ကြီးပြင်းလာခဲ့ပြီး တပေါင်သည် သူ့ညီမရုပ်ဆိုးတာကြောင့် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေစရာမလိုတော့ပေ။

ကလေးနှစ်ယောက်က ပုခက်တစ်ဖက်တစ်ချက်မှာ ရပ်နေပြီး အတွင်းထဲမှာ အိပ်ပျော်နေတဲ့ ကလေးငယ်ကို ကြည့်နေခဲ့ကြသည်။

မွေးပြီး သိပ်မကြာခင်မှာပဲ နီရဲပြီး အရေးအကြောင်းတွေ မရှိတော့ဘဲ ရှောင်ပေါင်ဟာ လုံးဝ ပြန်လည်မွေးဖွားလာခဲ့ပြီ။

ယွီရွှယ်၏ ဖြူစင်ပြီး နူးညံ့သောအသားအရည်၊ နူးညံ့ပြီး ချစ်စရာနှာခေါင်းသေးသေးလေးနှင့် ပါးစပ်သေးသေးလေးကြောင့် မျက်လုံးများပိတ်ထားပြီး ပုံသဏ္ဍာန်ကို မမြင်နိုင်သော်လည်း မျက်တောင်လေးများသည် ရှည်လျားပြီး ကောက်ကွေးနေကာ မြင်သူတိုင်း သက်ပြင်းမချနိုင်လောက်အောင်ပင်။ အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ပဲ။

ကောင်လေးနှစ်ယောက်က မျက်တောင်မခတ်ဘဲ ရှောင်ပေါင်ကို ကြည့်နေခဲ့ကြသည်။

တစ်စုံတစ်ယောက်၏ အကြည့်ကို သတိပြုမိလိုက်ရာ ကလေးလေး၏ နှုတ်ခမ်းလေးများသည် လှုပ်ခါကာ အနည်းငယ်သမ်းပြီး မျက်လုံးဖွင့်လိုက်သည်။

သူမ၏ အနက်ရောင် လှပသော မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် လှည့်ကာ ညာဖက်ရှိ ရွှယ်ယွမ်ဆီသို့ သွားမရှိတဲ့ အပြုံးကို ပေးလိုက်သည်။

ရှောင်ပေါင် ပြုံးနေတာကိုမြင်တော့ ရွှယ်ယွမ်က စိတ်လှုပ်ရှားစွာနဲ့ "ညီမလေးက ငါ့ကိုပြုံးပြတယ်!"

ဒါကိုကြားသောအခါ တပေါင်သည် အနည်းငယ်စိတ်ပျက်သွားပြီး ရွှယ်ယွမ်ကို တွန်းထုတ်ရန် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။

ရှောင်ပေါင်က ပြုံးနေသေးသည်။ တပေါင်သည် တခဏချင်း စိတ်သက်သာရာ ရသွားပြီး မေးစေ့ကို မော့ကာ "ငါ့ညီမလေးက ငါ့ကို ပြုံးပြတာ သေချာတယ်!"

"ဒါပေမယ့် မင်းက အခု ဒီမှာရပ်နေတာ သိသာတယ်" ရွှယ်ယွမ်က သူ့ခေါင်းနောက်ကို ထိလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ညီမလေးက ငါ့ကို ပြုံးပြနေတာ" တပေါင်က သူမသည် သူ့ကို ပထမဆုံးမြင်ဖူးပြီး သူ့ညီမက သူ့ကို မပြုံးပြဘူး၊ ရွှယ်ယွမ်ကို ဘယ်လိုပြုံးနိုင်မှာလဲ? တပေါင်က ဒါကို ဝန်ခံဖို့ ဝန်လေးနေခဲ့သည်။

"ဒါပေမယ့်..." ရွှယ်ယွမ်က ရိုးရိုးသားသား တစ်ခုခုပြောတော့မည်။

"မင်းမှာ စကားပြောခွင့်မရှိဘူး!" တပေါင်က သူ့ကို ကြီးကြီးကျယ်ကျယ် စကားဖြတ်လိုက်သည်။

ရွှယ်ယွမ်လည်း အနည်းငယ် ဒေါသဖြစ်ခဲ့ပြီး ယခုအချိန်တွင် တပေါင်သည် အနည်းငယ်မျှ ယုတ္တိမရှိဟု သူခံစားခဲ့ရသည်။

ရှောင်ပေါင်က စောစောက ပြုံးပြတာကြောင့် သူတို့နှစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုဟာ အန္တရာယ်တွေ များနေပြီး ရန်ဖြစ်နေကြတော့သည်။

ဒီအချိန်မှာ ရှောင်ပေါင် နိုးလာသလားဆိုတာသိဖို့ ရောက်လာတဲ့ အစ်မဝူက အထဲကို ဝင်လာခဲ့သည်။

ကောင်လေးနှစ်ယောက် ရန်ဖြစ်ရတဲ့ အကြောင်းရင်းကို ကြားတော့ အစ်မဝူက မရယ်ဘဲ မနေနိုင်တော့ပေ။ သူမက နိုးနေတဲ့ ရှောင်ပေါင်ကို ကောက်ချီလိုက်ပြီး "ရှောင်ပေါင်က အသက်ဘယ်လောက်ရှိသေးလို့လဲ? မင်းတို့ ဘယ်သူလဲဆိုတာတောင် သူ မမြင်ရဘူး!"

"ဟုတ်တယ်မလား၊ ရှောင်ပေါင်?" အစ်မဝူသည် ရှောင်ပေါင်၏ မေးစေ့ကို လက်ချောင်းများဖြင့် ထိလိုက်သည်။

ရှောင်ပေါင်သည် ချက်ချင်း ပြုံးပြလိုက်သည်။

All Chapters