← Chapters

အခန်း (၅၄)

Vol. 5 Ch. 54

အခန်း (၅၄)

Vol. 5 Ch. 54

နောက်တစ်နေ့။

သွမ်ချန်ရှုသည် သွမ်ဟော့ကို ကျောင်းသို့ လိုက်ပို့ပြီး ကျောင်းမှ ကားမောင်းလာချိန်တွင် ကားနောက်ကြည့်မှန်မှ ထီးကို ရုတ်တရက် တွေ့လိုက်ရသည်။

ဒါနဲ့ သူကားကိုရပ်လိုက်ပြီး ထီးနဲ့ လီယွီမေ ဆိုင်ကို သွားလိုက်သည်။

လီယွီမေသည် ယခုအချိန်တွင် ဟင်းပွဲများရွေးနေစဉ် သွမ်ချန်ရှုသည် ထီးကိုင်ဆောင်လာသည်ကို သူမမြင်သောအခါ ထောင့်တစ်ဘက်သို့ လက်ညှိုးထိုးပြကာ "ထီးကို ဟိုမှာထားလိုက်ပါ" လို့ ပြုံးပြုံးလေး ပြောလိုက်သည်။

သွမ်ချန်ရှုက သူ့စကားအတိုင်း ထီးကိုချလိုက်သည်။

သို့သော် သူက ချက်ချင်းမထွက်ခွာဘဲ စားသောက်ဆိုင်လေးကို ကြည့်လိုက်သည်။

စားသောက်ဆိုင်လေးသည် ကြီးကြီးမားမားမဟုတ်သော်လည်း သန့်ရှင်းသပ်ရပ်ပြီး စားပွဲတစ်ခုစီတွင် တောရိုင်းပန်းပွင့်များပါသည့် ပလတ်စတစ်ပုလင်းငယ်တစ်ခု ရှိသည်။

ပြန်ကြည့်လိုက်တော့ လီယွိီ‌မေသည် နေရောင်အောက်တွင် ရှိနေပြီး နေ့ခင်းတွင် သုံးမည့် ပန်းကန်များကို သပ်သပ်ရပ်ရပ် သိမ်းဆည်းနေသည်။

နောက်ဆုံးတော့ လူတွေက မနေ့က သူတို့ကို ကူညီခဲ့ပြီး သူတို့ တစ်ခု ဒါမှမဟုတ် နှစ်ခု ပြန်ဆပ်ရမည်။

သွမ်ချန်ရှုက ခဏလောက်စဉ်းစားပြီး "သူဌေး၊ ဒီမှာ လစဉ်စားလို့ရလား"

လီယွီမေသည် အစပိုင်းတွင် တုံ့ပြန်ခြင်းမရှိသော်လည်း နောက်ပိုင်းတွင် တစ်ခုခုကို သူမသဘောပေါက်သွားပြီး "နေ့လယ်ကျ ကလေးတွေ ဒီမှာ နေ့လယ်စာစားဖို့ ရှင် ဆိုလိုတာလား။"

သွမ်‌ချန်ရှုက ခေါင်းညိတ်ပြသည်..

"ရတာပေါ့။" လီယွီမေက ပြုံးပြီးပြောသည်။

ကလေးများစွာသည် နေ့လယ်စာစားရန် သူမထံလာကြပြီး လီယွီမေသည် သွမ်ချန်ရှု၏ ကိစ္စကို ငြင်းဆိုမည် မဟုတ်သည်မှာ သေချာသည်။

သွမ်ချန်ရှုသည် ရိုးစင်းသော သူတစ်ယောက်ဖြစ်ပြီး သွမ်ဟော့အတွက် တစ်လစာ ကုန်ကျစရိတ်ကို ချက်ချင်းပေးချေခဲ့သည်။

လီယွီမေကလည်း ချက်ချင်း လက်ခံပြီး မနက်ဖြန်ကစပြီး သွမ်ဟော့က ဒီမှာ နေ့လယ်စာစားဖို့ သဘောတူလိုက်သည်။

သွမ်ချန်ရှုက ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ညနေပိုင်း သွမ်ဟော့ အိမ်ပြန်မရောက်မချင်း ဒါကို သတင်းမပေးခဲ့ပေ။

သွမ်ဟော့က ကြားတာနဲ့ စားပွဲကို လက်နဲ့ ပုတ်ပြီး ထွက်သွားသည်။ "ကျွန်တော် အဲ့ကို သွားစားဖို့ အဖေက ဘာလို့ ဆုံးဖြတ်ရတာလဲ!"

"ငါက မင်းအဖေပါ။" သွမ်ချန်ရှုက ပေါ့ပေါ့ပါးပါး ပြောသည်။

သွမ်ဟော့က ဒေါသအရမ်းထွက်ပြီး "ကျွန်တော်သဘောမတူဘူး၊ ကျွန်တော် အဲဒီစားသောက်ဆိုင်ကို မသွားချင်ဘူး"

"ဘာဖြစ်လို့လဲ၊ အဲဒါ မင်းအတန်းဖော်ရဲ့ စားသောက်ဆိုင် မဟုတ်လား?" သွမ်ချန်ရှုက "ဒါနဲ့ ဒီစားသောက်ဆိုင်က အရမ်းသန့်ရှင်းပြီး တစ်ကိုယ်ရေသန့်ရှင်းမှုရှိတယ်လို့ ငါထင်တယ်"

အတန်းဖော်ဖြစ်တာကြောင့် မသွားချင်တာ!

ဒါပေမယ့် သွမ်ဟော့က သွမ်ချန်ရှုအား အဲဒါကို မပြောနိုင်ခဲ့ချေ။

"ဒါဆို အဖေက ဘာလို့ ဒီစားသောက်ဆိုင်ကို သွားစေချင်တာလဲ။" သွမ်ဟော့က သွမ်ချန်ရှုကို အခက်တွေ့အောင် တမင်လုပ်ပြပြီး "အဖေ ကျန်းမော့ရဲ့အမေကို ကြိုက်နေတာ မဟုတ်ဘူးလား?"

ဒါကိုကြားတော့ သွမ်ချန်ရှုရဲ့မျက်နှာက လေးနက်လာသည်။ သူက စားပွဲကို ရိုက်လိုက်သည်။

"သွမ်ဟော့ ငါ မင်းကိုမရိုက်ရင် မင်းစကားကောင်းကောင်းပြောနိုင်မှာ မဟုတ်ဘူး ဟုတ်တယ်မလား?"

သွမ်ဟော့သည် ဒေါသထွက်နေသော သွမ်ချန်ရှုကြောင့် ထိတ်လန့်သွားသော်လည်း "အရင်ကတည်းက ကျန်းမော့မှာ အဖေမရှိဘူး" ဟု ခေါင်းမာစွာ ပြောသေးသည်။

သွမ်ဟော့သည် သူ့အတန်းဖော်များထံမှ ဒါကို အမှတ်တမဲ့ ကြားလိုက်ရပြီး ဘာဖြစ်မှန်းမသိဘဲ သူက မှတ်ထားလိုက်သည်။

"ပါးစပ်ပိတ်ထား!" သွမ်ချန်ရှုက သွမ်ဟော့ကို စိုက်ကြည့်ပြီး "ဘာပဲဖြစ်ဖြစ် ငါ ပိုက်ဆံပေးပြီးပြီ၊ မင်းမစားရင် မင်း ငတ်လိမ့်မယ်"

သွမ်ချန်ရှုက သူပြောတဲ့အတိုင်းလုပ်ကာ နောက်နေ့ သူက သွမ်ဟော့ကို ထမင်းစားဖို့ ပိုက်ဆံမပေးပေ။

သွမ်ဟော့က ဒေါသထွက်နေရင်တောင် ဘာမှလုပ်လို့မရပါဘူး။

ကျန်းမော့ကိုလည်း မနေ့က လီယွီမေက ရှင်းပြထားတာကြောင့် နေ့လယ်ကျောင်းဆင်းချိန် ခေါင်းလောင်းသံ မြည်လာတော့ သူမက သွမ်ဟော့ရဲ့ စားပွဲဆီကိုသွားပြီး "ထမင်းအတူတူစားရအောင်!"

ကျန်းမော့သည် သွမ်ဟော့ကို မကြောက်တော့ပါ။

သွမ်ဟော့သည် ကျန်းမော့ကို စိုက်ကြည့်ပြီး မကျေမနပ်ဖြင့် ထွက်သွားခဲ့သည်။

သူတို့နှစ်ယောက်သည် လီယွီမေ၏ စားသောက်ဆိုင်လေးထဲသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်သွားကြသည်။

အစားအသောက်က အရသာရှိပြီး စားသောက်ဆိုင်လေးရဲ့ လုပ်ငန်းကလည်း အရမ်းကောင်းတာကြောင့် ကျောင်းသားတော်တော်များများ လာရောက်စားသောက်ကြသည်။

တပေါင်နဲ့ ကျန်းမော့က ဒီလူတွေနဲ့ အတူတူစားဖို့ မလိုအပ်ပါဘူး။ လီယွီမေက သူတို့အတွက် စားပွဲသေးသေးတစ်လုံးကို ပြင်ဆင်ပြီး မီးဖိုချောင်နားတွင် ထားထားသည်။

အစားအသောက်တွေ လိုက်ချနေတဲ့ လီယွီမေက ကျန်းမော့နဲ့ သွမ်ဟော့ လာနေတာကိုတွေ့တော့ "ရှောင်မော့၊ မင်းတို့ စားစရာအားလုံးကို အမေ ပြင်ဆင်ပြီးပြီ။ မင်းကိုယ်တိုင်ထုတ်လိုက်!"

"ကောင်းပြီ အမေ!" ကျန်းမော့က ပြတ်ပြတ်သားသား ပြန်ပြောပြီး သွမ်ဟော့ကို လှမ်းဆွဲလိုက်သည်။

တပေါင်သည် အစာစားရာတွင် အတက်ကြွဆုံးဖြစ်သည်။ သူက နေ့လယ်ကျောင်းဆင်းပြီး ကျန်းမော့ကို သွားမတွေ့ဘဲ သူ့ဘာသာ စောစောလာခဲ့သည်။

ထိုအချိန်တွင် တပေါင်သည် သူ၏ အထူးထမင်းပန်းကန်လေးကို ကိုင်ကာ အရသာရှိစွာ စားသောက်နေသည်။

ကျန်းမော့နဲ့ လိုက်လာတဲ့ သွမ်ဟော့ကိုမြင်တော့ တပေါင်က သူ့အစာအစားကို ဝါးပြီး "အစ်မ ရှောင်မော့ သူက ဘာလို့ ဒီိကို ရောက်နေတာလဲ"

"သူ ငါတို့နဲ့ အတူစားမယ်" ကျန်းမော့က ပြန်ပြောသည်။

ထို့နောက် သူမသည် သွမ်ဟော့ကို အရင်ထိုင်ခိုင်းပြီး မီးဖိုချောင်ထဲသို့ ဝင်ကာ အစားအသောက်ကို ထုတ်လိုက်သည်။

တပေါင်နှင့် သွမ်ဟော့တို့သည် စားပွဲတစ်ခုတည်းတွင် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

ကျန်းမော့ ပြောလိုက်တာကို ကြားတော့ သွမ်ဟော့က ဒေါသတကြီးနဲ့ "နောင်မှာ မင်းတို့နဲ့ အတူ မစားပါဘူး"

"အိုး!" တပေါင်သည် အမှုမဲ့ အမှတ်မဲ့ တုံ့ပြန်ပြီးနောက် သူ့ဘာသာ သူ့စားသောက်ခြင်းတွင် နှစ်မြှုပ်လိုက်သည်။

သွမ်ဟော့သည် သူ့တုံ့ပြန်မှုကိုမြင်သောအခါ အနည်းငယ် စိတ်ဆိုးသွားသည်။

ဒီနေရာကိုလာတဲ့ လမ်းမှာ သူစဉ်းစားထားပြီးသားဖြစ်သားပင်၊ သူက ကျန်း‌မော့ရဲ့အမေကို မေးပြီး သွမ်ချန်ရှုပေးခဲ့တဲ့ ပိုက်ဆံအားလုံးကို ပြန်တောင်းမည်။ သူ ဒီမှာ တစ်ချိန်လုံး မစားချင်ဘူး!

အခုအချိန်မှာတော့ သွမ်ဟော့ဟာ ဆာလောင်မွတ်သိပ်နေတဲ့ သူ့ဗိုက်ကို ထိလိုက်သည်။ သူ ဒီကိုရောက်လာတာကြောင့် ထမင်းစားရမည်။

ထမင်းတစ်နပ်ပါပဲ။ သွမ်ဟော့က တွေးလိုက်သည်။

ကျန်းမော့သည် လျင်မြန်စွာ လှုပ်ရှားပြီး ခဏအကြာတွင် စားစရာများနှင့်အတူ ထွက်လာခဲ့သည်။

သူတို့စားတဲ့ အစားအစာတွေနဲ့ တခြားကျောင်းသားတွေကို လီယွီမေရောင်းတဲ့ အစားအစာတွေက တကယ်တော့ တူညီတဲ့ အိုးထဲကဖြစ်ပေမယ့် သူတို့က သူမကလေးတွေဖြစ်တာကြောင့် လီယွီမေက သူတို့ကို အပိုအစားအစာတွေ ပေးခဲ့သည်။

ဒီနေ့ သရေစာကတော့ ပြောင်းဖူးရိုးစွပ်ပြုတ်ပါ။

သွမ်ချန်ရှုက ပိုက်ဆံပိုပေးတာကြောင့် သွမ်ဟော့က ကျန်းမော့၊ တပေါင်တို့နဲ့အတူတူ အစားအစာကို စားခဲ့သည်။

ကျန်းမော့သည် သူမကိုယ်တိုင်နှင့် သွမ်ဟော့အတွက် အစားအစာများ ထုတ်ယူပြီးနောက် ဝက်နံရိုးစွပ်ပြုတ်ပန်းကန် ၃ လုံးကို ထုတ်ကာ တစ်ခုကို တပေါင်ရှေ့ကို တွန်းပေးလိုက်သည်။ "ဒီဟင်းရည်ပန်းကန်ကိုလည်း သောက်ပါ!"

တပေါင်သည် အစာစားနေသော ကြက်ကလေးလို ခေါင်းညိတ်ပြသည်…

သွမ်ဟော့က သူ့ရှေ့က အစားအစာတွေကို ကြည့်ပြီး မျိုချလိုက်သည်။

ကျန်းမော့က စားဖို့ အဆင်သင့်ဖြစ်ပြီဆိုတာ မြင်တော့ သူက သူ့တူတွေကို ကောက်ကိုင်လိုက်ပြီး အသားတုံးနဲ့ ခရမ်းသီးကို ကိုက်လိုက်သည်။

အစားအသောက်တွေဝင်လာတာနဲ့ သွမ်ဟော့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။

ဒါက အရသာရှိလွန်းသည်။

သွမ်ဟော့သည် အကျင့်မကောင်းစွာ မယုံဘဲ နောက်ထပ်ကိုက်လိုက်တော့ အရသာရှိနေဆဲပင်။

တဖြည်းဖြည်းနဲ့ သူ မြန်မြန်စားတော့သည်၊ သူ့မျက်နှာပေါ်တွင် ကျေနပ်တဲ့အမူအရာပေါ်လာသည်။

လီယွီမေသည် ခဏတာ အလုပ်များနေပြီး နောက်ဆုံးတွင် သူမအားလပ်ချိန်တွင် ရောက်လာသည်။

သူမ ကောင်းကောင်းစားနေတဲ့ သွမ်ဟော့ကိုကြည့်ပြီး ပြုံးကာ "မင်းက သွမ်ဟော့ပဲ။ ဖြည်းဖြည်းစား၊ ရှိသေးတယ်!"

သွမ်ဟော့သည် လီယွီမေ၏ မျက်နှာပေါ်ရှိ နူးညံ့သော အပြုံးကို ကြည့်ပြီး ခေါင်းညိတ်ပြသည်။

လီယွီမေကို စောစောက ပိုက်ဆံပြန်အမ်းပေးဖို့ တောင်းဆိုချင်တဲ့ စိတ်ကူးနဲ့ ပတ်သက်ပြီးကတော့ သူက ကောင်းကင်ကနေ ပစ်ချလိုက်တာ ကြာပါပြီ။

သွမ်ဟော့သည် ယခုအချိန်တွင် ကျန်းမော့ကို မနာလိုဖြစ်နေပြီး သူမတွင် နူးညံ့သိမ်မွေ့ပြီး လက်ရာကောင်းသော မိခင်တစ်ယောက်ရှိသည်။

သွမ်ဟော့သည် မနေ့ညက သွမ်ချန်ရှု စိတ်မချမ်းသာအောင် ဒီစကားတွေပြောခဲ့ပေမယ့် အခုချိန်မှာတော့ လီယွီ‌မေဟာ သူ့အမေဖြစ်နိုင်တယ်ဆိုတာကို တွေးနေခဲ့သည်။

သွမ်ဟော့က သူ့အဖေမှာလည်း ဒီအကြံအစည်ရှိနေတာကို တကယ်မသိခဲ့ပေ။

ယနေ့တွင် ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြန်သည်။

လီယွီမေသည် အပြင်ဘက်ရှိပစ္စည်းများကို အမြန်သိမ်းဆည်းလိုက်သည်။

သူမ အလုပ်များနေချိန်တွင် သွမ်ချန်ရှုသည် သူဘယ်အချိန်ရောက်လာသည်ကို မသိကာ စကားတစ်ခွန်းမှ မပြောဘဲ သူမကို ပစ္စည်းများကို ရွှေ့ပြောင်းရန် ကူညီပေးခဲ့သည်။

မိုးမရွာခင် နှစ်ယောက်သား အရာအားလုံးကို ရွှေ့လိုက်ကြသည်။

လီယွီမေက ကျေးဇူးတင်စွာဖြင့် "ကျေးဇူးတင်ပါတယ်။"

သွမ်ချန်ရှုက အပြုံးလေးနဲ့ပြောလိုက်သည်။ "မင်းအမျိုးသားကို ဘာလို့မတွေ့တာလဲ?"

သွမ်ဟော့ထံမှ လီယွီ‌မေသည် စင်ဂယ်ဖြစ်နိုင်သည်ကို သိရှိခဲ့သော်လည်း သွမ်ချန်ရှုက ထပ်မံအတည်ပြုချင်ခဲ့သည်။

ပြီးတော့ ဒီမေးခွန်းကို မေးတာက သူ့ကို စကားပြောရတာ ပိုလွယ်ကူစေသည်။

လီယွီမေသည် ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားပြီး သွမ်ချန်ရှုကို စူးစမ်း ကြည့်လိုက်သည်။

တစ်ဖက်လူက သူမကို အနည်းငယ် စိတ်မသက်မသာ စိုက်ကြည့်ပြီး အဝေးကို အမြန်ကြည့်လိုက်သည်။

လီယွီမေသည် မျက်လုံးများကို အောက်ငုံ့ကြည့်ကာ သွမ်ချန်ရှုသည် မကြာသေးမီက အကြိမ်ရေ အနည်းငယ် လာတာ ပိုများလာခဲ့ပြီး သူမေးသည့် မေးခွန်းကို သူမ စတင်သိရှိလာသည်...

လီယွီမေသည် ငယ်စဉ်ကလေးဘဝကတည်းက လှပခဲ့ပြီး အိမ်ထောင်မပြုမီထိ လူအများက သူမကို လိုက်ခဲ့ကြသည်။

နောက်တော့ သူမက Sမြို့ကိုသွားခဲ့သည်။ ပတ်၀န်းကျင်မှာ ယောက်ျားမရှိတာကြောင့် ယောက်ျားတွေ အများကြီး လာကြသည်။

ဒါနဲ့ ပတ်သက်ပြီးတော့လည်း သူမက စိတ်မရှုပ်ပါဘူး။

အခုချိန်မှာတော့ သူမမှာ အချစ်ရေးသစ်တစ်ခုစဖို့ စိတ်ကူးမရှိသေးဘူး။ ထို့အပြင် ကျန်းကျွင်းချိုက်ဘက်မှလည်း ဖြေရှင်းထားဝာာ မရှိပေ။

ဒီတော့ သွမ်ချန်ရှုက ဒီလိုဆိုလိုချင်တာပဲဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ လီယွီမေက "ကလေးရဲ့အဖေက သူ့မွေးရပ်မြေမှာရှိတယ်" လို့ ပြန်ဖြေလိုက်သည်။

ဒါက လိမ်တာမဟုတ်ဘူး။

သေချာပါသည်၊ သွမ်ချန်ရှုက ဒီစကားကိုကြားတော့ သူခဏလောက် ထိတ်လန့်သွားပြီး ဘယ်လိုတုံ့ပြန်ရမှန်းကို မသိပုံရသည်။

"အာ? ဟုတ်လား?" သူကပြောလိုက်သည်။

လီယွီမေက အခိုင်အမာ ခေါင်းညိတ်သည်။

သွမ်ချန်ရှု၏ မျက်နှာသည် အထပ်ထပ်အခါခါပြောင်းသွားပြီး နောက်ဆုံးတွင် သူက "ကျွန်တော် လုပ်စရာရှိသေးတယ် ထင်တယ်။ ဒါဆိုအရင်သွားလိုက်ဦးမယ်"

ထို့နောက် သူသည် အပြင်ဘက်တွင် တဖွဲဖွဲကျနေသော မိုးကို လျစ်လျူရှုကာ မိုးထဲသို့ ထိုးဆင်းကာ ထွက်ပြေးသွားခဲ့သည်။

လီယွီမေက သူ့နောက်ကျောကို ခဏလောက် စိုက်ကြည့်ပြီးနောက် ဘာမှဖြစ်မလာသလို သူ့ပစ္စည်းတွေကို သိမ်းဆည်းလိုက်သည်။

အနာဂတ်မှာ သူပေါ်လာမှာ မဟုတ်တော့ဘူး။

လီယွီမေက ဒီလို တွေးမိသည်။

လီယွီလန်သည် သူ့အစ်မဘက်တွင် ဘာဖြစ်သွားသည်ကို မသိပေ။

ပိတ်ရက်မှာ ကုရှန်းက သူတို့မိသားစုကို ပါတီတစ်ခုဆီ ခေါ်သွားခဲ့သည်။

ပါတီကို ကုရှန်းက စီစဉ်ခဲ့ပြီး သူက စုန့်ယန်ဖန်တို့ မိသားစုကို ဖိတ်ကြားခဲ့ကာ နောက်တစ်ယောက်က သူတို့ထက် နှစ်နှစ်ကြီးတဲ့ စီနီယာတစ်‌ယောက်ဖြစ်ပြီး အခု ရှေ့နေဖြစ်နေတယ်လို့ ဆိုသည်။

သာမာန်ပါတီပွဲဖြစ်သောကြောင့် ကလေးများကိုပါ ခေါ်ဆောင်လာခဲ့သည်။

စီနီယာမှာ သားတစ်ယောက်ရှိတယ်လို့ ဆိုသည်။

ကုရှန်းက ပါတီပွဲစီစဉ်သူမို့ သူတို့မိသားစုလေးယောက်က စောစောရောက်လာသည်။

သိပ်မကြာခင်မှာပဲ စုန့်ယန်ဖန်နဲ့ သူ့မိန်းမလည်း ရောက်လာသည်။

ကုရှန်းရဲ့စီနီယာက နောက်ဆုံးရောက်လာသည်။

အခန်းတံခါးကို ဖွင့်လိုက်သောအခါတွင် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်အရွယ် ကောင်လေး၏ မကျေနပ်သည့် မျက်နှာတစ်ခု ပေါ်လာသည်။ သူက ဖိနှိမ်ခံနေရပုံရသည်။

သို့သော် ကောင်လေး၏ မျက်နှာပေါ်ရှိ အမူအရာမှာ ကြာရှည်မခံတော့ဘဲ ခြေလှမ်းအနည်းငယ် လှမ်းလိုက်တော့ သူက တပေါင်ရဲ့စိတ်လှုပ်ရှားနေတဲ့ ခေါ်သံကို ကြားလိုက်ရသည်။ "အစ်ကိုသွမ်ဟော့!"

"တပေါင် မင်းဘာလို့ ဒီကိုရောက်နေတာလဲ?"

နေ့လယ်၌ အတူစားလေ့ရှိတာကြောင့် တပေါင်နဲ့ သွမ်ဟော့ဟာ တစ်ယောက်နဲ့တစ်ယောက် မြန်မြန်ဆန်ဆန် သိလာကြသည်။

အသက်ငါးနှစ်ကွာခြားသော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် ယောက်ျားလေးများဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ တူညီတဲ့ အကြောင်းအရာအချို့ ရှိနေဆဲဖြစ်သည်။ တပေါင်က သွမ်ဟော့ကို "အစ်ကို" လို့ခေါ်လိုက်သည်။

အခန်းထဲက လူကြီးတွေက ကောင်လေးနှစ်ယောက် အကြီးကြီးတစ်ယောက်နဲ့ သေးသေးလေးတစ်ယောက်ကို တွေ့တော့ ထိန်းမနိုင်သိမ်းမရ ရယ်မောပြီး "ကံကြမ္မာက ဘာလဲ၊ ကလေးနှစ်ယောက်က ငါတို့လူကြီးတွေ အရင် တွေ့ဖူးနေကြတယ်!"

တစ်‌ယောက်က သွမ်ဟော့နဲ့ တပေါင် အကြောင်းမေးသည်။ သူတို့ဘယ်လိုဆုံခဲ့တာလဲ?

တပေါင်က "အစ်ကို သွမ်ဟော့နဲ့ သားက ကျောင်းအတူတူတက်တာ။ သူက သားနဲ့ အစ်မရှောင်‌မော့တို့နဲ့အတူတူ အန်တီရဲ့ စားသောက်ဆိုင်မှာ နေ့တိုင်းစားတယ်။"

စုန့်ယန်ဖန်နဲ့ သူ့ဇနီးက လီယွီလန်မှာ စမ်းသပ်မူလတန်းကျောင်းအပြင်ဘက်ရှိ စားသောက်ဆိုင်ငယ်လေးတွင် အစ်မတစ်ယောက် ရှိတယ်ဆိုတာ သိသည်။ "ရှောင်လန် မင်းအစ်မကို နောက်တစ်ခေါက်ကျ ခေါ်လာခဲ့!"

လီယွီလန်က ပြုံးပြီး ခေါင်းညိတ်သည်။ "သေချာတာပေါ့"

ဒါပေမယ့် သူမ နည်းနည်းလေး ကူကယ်ရာမဲ့သလို ခံစားရသည်။ သူက လီယွီမေကို အတူတူ ခေါ်လာချင်ပေမယ့် လီယွီ‌မေက အမြဲငြင်းဆိုခဲ့သည်။

ရယ်မောကာ စကားအနည်းငယ်ပြောပြီးနောက် လူကြီးတော်တော်များများက တစ်ယောက်နဲ့တစ်ယောက် စကားအနည်းငယ်ဖြင့် နှုတ်ဆက်ကာ ထိုင်ခုံနေရာယူကြသည်။

လီယွီလန်က စိတ်ထင်တာလားဆိုတာ မသိပေမယ့် သွမ်ချန်ရှုက သူမကို နှစ်ခါလောက် ကြည့်လိုက်တယ်လို့ ခံစားလိုက်ရသည်။

လူကြီးတွေက ဒီမှာ စကားပြောရတာ အရမ်းပျော်ကြပြီး ကလေးတွေကြားက ဆက်ဆံရေးလည်း ကောင်းကြသည်။

တပေါင်နှင့် သွမ်ဟော့တို့သည် မြန်မြန်ပဲ အတူတူထိုင်ကြသည်။ စားသောက်ဆိုင်၏ အစားအစာကို စားနေစဉ်တွင် ဤနေရာက အစားအစာသည် လီယွီမေလောက် အရသာမကောင်းကြောင်း သူတို့က မှတ်ချက်ပေးခဲ့သည်။

ဆန့်ကျင်ဘက်အနေနှင့် ယခင်က သွက်လက်တက်ကြွခဲ့ဖူးသော ရှောင်ပေါင်သည် ယခုအခါတွင် ပို၍တိတ်ဆိတ်နေသည်။

ရွှေငါးဦးနှောက်နဲ့ ရတနာလေးဟာ ခဏတာ တုံ့ပြန်ခဲ့ပြီးနောက် သွမ်ဟော့က ဘယ်သူလဲဆိုတာ အမှန်တကယ် မှတ်မိသွားတော့ ကျော်သွားရမှာ ကြောက်သွားသည်။

"မင်း ဒီမှာ ဘာလို့ လာပုန်းနေတာလဲ? မင်းအစ်ကို့ဆီ ဘာလို့ သွားမကစားတာလဲ?" လီယွီလန်က ရှောင်ပေါင်ထိုင်ခုံနောက်မှာ ပုန်းနေတာကို သတိထားမိပြီး သူမနဲ့ စကားပြောဖို့ ငုံ့ကြည့်လိုက်သည်။

ရှောင်ပေါင်သည် သွမ်ဟော့နှင့် တပေါင်တို့ထိုင်နေသည့် ဦးတည်ရာကို တစ်ချက်ကြည့်လိုက်ပြီး သူ့စကတ်ထောင့်ကို လက်လေးဖြင့် ချေကာ "ဘာမှမဟုတ်ပါဘူး" လို့ နို့သံလေးနဲ့ ပြောလိုက်သည်။

လီယွီလန်သည် သူမ၏အသံကြောင့် ရယ်မောကာ သူမမျက်နှာကို လှမ်းဆွဲလိုက်ပြီး "ဒါဆို အမေက ထမင်းပြင်ပေးမယ်၊ မင်း ကိုယ်တိုင်စားလို့ရမလား"

ဤအခိုက်အတန့်တွင် တပေါင်သည် သူ့အနားတွင် အချိန်အကြာကြီးမရှိခဲ့သော သူ့ညီမကို သတိပြုမိသည်။ သူက ခေါင်းလှည့်ပြီး ရှောင်ပေါင်ကို လက်ယပ်ခေါ်လိုက်သည်။ "ညီမလေး ဒီကိုလာ"

သူမက ခြေထောက်တိုလေးနဲ့ လျှောက်လာသည်။

တပေါင်က သူ့ဘေးက ထိုင်ခုံလွတ်ကို ပုတ်လိုက်ပြီး "မင်း ဒီမှာ ထိုင်!"

ရှောင်ပေါင်သည် ထိုစကားကိုကြားတော့ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကာ ထိုင်ခုံပေါ်ကို ခက်ခက်ခဲခဲ တက်လိုက်သည်။

ဒါပေမယ့် သူမဟာ သေးလွန်းပြီး ထိုင်ခုံက အရမ်းမမြင့်တာကြောင့် သူမထိုင်ပြီး စားပွဲပေါ်ကနေ ကြည့်လိုက်တာနဲ့ သူမခေါင်းသေးသေးလေးကို တွေ့နိုင်သည်။

All Chapters