← Chapters

အခန်း (၆၂)

Vol. 6 Ch. 62

အခန်း (၆၂)

Vol. 6 Ch. 62

လီအိုက်ကော၏ အမှုသည် ကြီးကြီးမားမားမဟုတ်သော်လည်း သေးငယ်သည်မဟုတ်ပေ။

ကျန်းရှောင်လီ ပြောသည့်အတိုင်း လီယွီလန်သည် လီအိုက်ကောက အစ်မပိုက်ဆံကို ခိုးယူတာကို သဘောသဘာဝအရ သူမက ခွင့်လွှတ်ဖို့ ရွေးချယ်ပါက သူ့တွင် ဘာမှလုပ်စရာမရှိလျှင် သူသည် လွတ်လာနိုင်မည်ဖြစ်သည်။

ဒါပေမယ့် လီအိုက်ကောဟာ သူ့အစ်မရဲ့ ပိုက်ဆံတွေကို ခိုးယူတာက မရိုးရှင်းသော တိုက်ဆိုင်မှုတစ်ခုပင်။ ၎င်းကို အထည်ချုပ် စက်ရုံ၏ ဘဏ္ဍာရေးအခန်းမှ တိုက်ရိုက် ခိုးယူခဲ့ခြင်းဖြစ်ပြီး စာရင်းကိုင်က သူ့အား ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။

ဤသဘောသဘာဝအရ လီယွီလန်သည် ခွင့်မလွှတ်ပါက လီအိုက်ကောသည် သူ့၏ထောင်ဒဏ်သည် လုံးဝရှောင်လွှဲ၍မရပေ။

လီယွီလန်က လီအိုက်ကောကို ထောင်ထဲမှာ နှစ်အနည်းငယ်လောက် နေစေချင်ပေမယ့် သေချာစဉ်းစားပြီးတော့ လွှတ်ပေးလိုက်တာက အဆင်ပြေတယ်လို့ ခံစားခဲ့ရသည်။

လီအိုက်ကောသာ တကယ်ထောင်ကျသွားခဲ့ရင် ဝမ်ယင်လျန်က လွှတ်ထားဖို့ ဆန္ဒရှိမှာမဟုတ်ဘဲ သေအောင် လုပ်လိမ်းမည်။ လက်ရှိနည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းပြီး သူတို့မိသားစုကို ခရိုင်မြို့ငယ်လေးကို ပြန်သွားခွင့်ပေးတာက ပိုကောင်းပါသည်။

လီယွီလန်သည် ရဲများနှင့် ညှိနှိုင်းခဲ့ပြီး အဖြစ်အပျက်သည် သူမ၏မောင်က သူ့အစ်မ၏ ပိုက်ဆံကို ခိုးယူခြင်းဆိုတဲ့ သဘောသဘာဝအဖြစ် ဟန်ဆောင်ခဲ့သည်။

နှစ်ရက်ကြာ အကျဉ်းချခံခဲ့ရသော လီအိုက်ကောသည် နှုတ်ဖြင့် ပညာပေးခံရပြီးနောက် နောက်ဆုံးတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထောင်ထဲမှာ နှစ်ရက်တာက မလွယ်ပေ။ လီအိုက်‌ကောရဲ့ ဆံပင်တွေ ရှုပ်ပွနေပြီး သူ့အဝတ်အစားတွေ တွန့်ကြေကာ ဖရိုဖရဲဖြစ်နေပြီး သူကတုန်လှုပ်နေသည်။

ဝမ်ယင်လျန်သည် အလွန်စိတ်မကောင်းဖြစ်ဟန်ဖြင့် ရှေ့ကိုလှမ်းကာ ဖက်လိုက်သည်။

လီယွီလန်သည် သူမ၏လက်နှစ်ဖက်ကို ပိုက်ပြီး သားအမိနှစ်ယောက်၏ နက်နဲသောချစ်ခြင်းမေတ္တာကို အေးစက်စွာကြည့်ကာ "ရှင်အရင်က ပြောခဲ့တာတွေကို သတိရပြီး ရှင်တို့ပစ္စည်းတွေကို ချက်ချင်းထုပ်ပိုးပြီး ပြန်သွားလိုက်တော့"

ဒါကိုကြားတော့ ဝမ်ယင်လျန်က ဒေါသထွက်လာပြီး လီအ်ိုက်ကော ပြန်ထွက်လာတာကြောင့် လီယွီလန်မှာ သူမကို ဖမ်းဖို့ ဘာမှမရှိဘူးလို့ ထင်တဲ့အတွက် သူမက ယုံကြည်ချက်ရှိရှိ စကားပြောတော့မည်။

လီယွီလန်သည် သူမကို ဤကဲ့သို့မြင်သောအခါ သူမတွေးနေပုံကို သိလိုက်သည်။

ဝမ်ယင်လျန် စကားမပြောမီ လီယွီလန်က ရယ်ပြီး "ဒါက အဆုံးလို့ မထင်ဘူးမလား? ရှင်နေချင်ရင် ဒီမှာနေလို့ရတယ်၊ ဒါပေမယ့် ဒီလိုအရာတွေက အစပဲ" လို့ ပြောလိုက်သည်။

ဝမ်ယင်လျန်က ရုတ်တရက် လီယွီလန်ကို မော့ကြည့်ရင်း သူမနှုတ်ခမ်းတွေ ထိန်းမနိုင်သိမ်းမရ တုန်ရီသွားသည်။ "မင်း ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား?"

လီယွီလန်က လှောင်ပြောင်ပြီး ပြန်မဖြေပေ။

ဒါပေမယ့် ဝမ်ယင်လျန်က သူ့နောက်ကျောက အမွှေးတွေ ထောင်သွားတာကို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူမသည် သမီးဖြစ်သူဆီက ထိတ်လန့်မှု သူမ တကယ်လုပ်ရဲတယ်ဆိုတာကို ခံစားလိုက်ရသည်!

ဝမ်ယင်လျန်သည် လီယွီလန်က သူမသမီးဖြစ်သည်ဟူသောအချက်ကို နောက်ဆုံးတွင် လက်ခံခဲ့ပြီး သူမတကယ်မထိန်းနိုင်ခဲ့ပေ။

ဒီအသိတရားကြောင့် ဝမ်ယင်လျန်ရဲ့ မျက်နှာအိုတစ်ခုလုံးက မီးခိုးရောင်ဖြစ်နေပေမယ့် သူမ ဘာလုပ်နိုင်မလဲ?

ဝမ်ယင်လျန်က လီယွီလန်ကို နောက်ဆုံး အရှုံးမပေးခင်ထိ ခဏလောက် စိုက်ကြည့်ရင်း အံကြိတ်ကာ "ကောင်းပြီ သွားမယ်!"

.....

ခရိုင်မြို့ငယ်လေး၌။

လီယွီမေနှင့် ကျန်းကျွင်းချိုက်တို့၏ ကွာရှင်းမှုကိစ္စမှာလည်း ရက်အတော်ကြာအောင် ကြာမြင့်နေပြီဖြစ်သည်။

ကျန်းကျွင်းချိုက်သည် ကွာရှင်းပြတ်စဲမှုကို လုံးဝသဘောမတူပေ။

လီယွီမေသည် ကွာရှင်းမှုအတွက် တရားစွဲရန် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သော်လည်း ကွာရှင်းမှုအတွက် တရားစွဲပါက သံသရာသည် မလွှဲမရှောင်သာ ရှည်လျားမည်ဖြစ်သည်။ ယခုမူ ကျန်းကျွင်းချိုက်သည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် သူတို့လုပ်ဆောင်နိုင်သောအရာမရှိပေ။

ထို့ကြောင့် သွမ်ချန်ရှုသည် ကျန်းမိသားစုအား တရားစွဲတော့မည်ဟု ကျန်းမိသားစုထံ ထပ်မံအကြောင်းကြားခဲ့သည်။

ခရီးစဉ်အတွင်း သွမ်ချန်ရှုသည် ကျန်းမိသားစုအား ရည်ရွယ်ချက်ရှိသည်ဖြစ်စေ သို့မဟုတ် မရှိသည်ဖြစ်စေ တရားစွဲဆိုခြင်းခံရပါက ကျန်းကျွင်းချိုက်အနေဖြင့် အပြစ်ရှိသည့်အတွက်ကြောင့် လီယွီ‌မေအား ငွေအမြောက်အမြား ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကျန်းမိသားစုသည် တရားစွဲခံရမည်ကို အနည်းငယ်ကြောက်သွားပြီး တရားစွဲပြီးနောက် လီယွီမေကို ပိုက်ဆံပေးရမည်ဟု ကြားသိရသောအခါတွင် သူတို့သည် ချက်ချင်းပင် စိတ်မချမ်းသာခဲ့ကြပေ။

ဤတစ်ကြိမ်တွင် ၎င်းတို့သည် ဘေးတွင်ရပ်မနေဘဲ လီယွီမေကို ကွာရှင်းရန် အရပ်ဘက်ရေးရာဗျူရိုသို့သွားရန် ကျန်းကျွင်းချိုက်အား တိုက်ရိုက်ဖိအားပေးခဲ့သည်။

ကွာရှင်းလက်မှတ်ထိုးပြီးနောက် ကျန်းကျွင်းချိုက်သည် လီယွီမေကို တားဆီးခဲ့သည်။

"မင်း တကယ် ရက်စက်မှာလား။" ကျန်းကျွင်းချိုက်က ထိတ်လန့်တကြားနဲ့ ပြောလိုက်သည်။

လီယွီမေသည် ကျန်းကျွင်းချိုက်ကို နာကျင်သော အကြည့်ဖြင့် ကြည့်ကာ ညကစားထားတာတွေ အန်မိတော့မည်။

လီယွီမေသည် သူနှင့် လုံးဝ စကားမပြောချင်တော့ဘဲ သူမက သူ့ကို ကျော်ဖြတ်ကာ ထွက်ခွာသွားခဲ့သည်။

ကျန်းကျွင်းချိုက်က နာကျင်စွာ လီယွီမေ၏ နောက်ကျောကို ကြည့်ကာ အားလျော့စွာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

လီယွီမေက ကွာရှင်းလက်မှတ်ရပြီးနောက် သူမသည် ရဲစခန်း၏ အိမ်ထောင်စုစာရင်းဌာနသို့ အမြန်သွားပြီး သူမနှင့် ကျန်းမော့၏ အိမ်ထောင်စုစာရင်းကို ရွှေ့လိုက်သည်။

ကွာရှင်းလိုက်သောအခါ ကျန်းမိသားစုသည် ကျန်းမော့ကို လုံးဝ မလိုလားသောကြောင့် ကျန်းမော့ကို လီယွီမေက သဘာဝအတိုင်း စောင့်ရှောက်စေခဲ့သည်။

ခရိုင်ငယ်လေးသို့ မပြန်မီတွင် လီယွီမေသည် ကုရှန်း၏ အိမ်ခြံမြေကုမ္ပဏီတွင် အိမ်တစ်လုံးဝယ်ထားပြီးဖြစ်သည်။

လီယွီမေသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ငွေများစွာရခဲ့ပေမယ့် ငွေအကုန်အကျခံကာ အိမ်တစ်လုံးဝယ်ရန် ခက်ခဲခဲ့သေးသော်လည်း လီယွီလန်၏ အကူအညီကို ငြင်းဆန်ရန် သတ္တိရှိပြီး သူမကိုယ်တိုင် အိမ်တစ်လုံးကို ဝယ်ယူခဲ့သည်။

အိမ်နှင့်အတူ လီယွီမေသည် Sမြို့တွင် အခြေချနေထိုင်ရန် အရည်အချင်းလည်းရှိသောကြောင့် အိမ်ထောင်စုစာရင်းမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များက ချောမွေ့သည်။

အိမ်ထောင်စုစာရင်းကို ပြောင်းရွှေ့ပြီးနောက် လီယွီမေသည် ကျန်းမော့၏ ယခင်မူလတန်းကျောင်းသို့ ထပ်မံသွားရောက်ခဲ့ပြီး ကျန်းမော့၏ ယခင်ကျောင်းစာရင်းကို ဖယ်ရှားခဲ့သည်။

ကုချန်းသူငယ်ချင်း၏ အကူအညီကြောင့် ကျန်းမော့၏ကျောင်းသားမှတ်တမ်းကို ဖယ်ရှားခြင်းမရှိသေးပေ။

လက်ရှိတွင် စီမံခန့်ခွဲမှုမှာ အားနည်းနေဆဲဖြစ်သည်။ ကျန်းမော့၏ ကျောင်းသားမှတ်တမ်းကို လက်ရှိကျောင်းသို့ ပြောင်းရွှေ့ပြီးနောက် ပုံမှန်အတိုင်း ဆက်လက် စာသင်နိုင်ခဲ့သည်။

အရာအားလုံးပြီးသွားပြီးနောက် လီယွီမေသည် သက်ပြင်းတစ်ချက်ချကာ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

အခု ခရိုင်ငယ်လေးမှာ နေစရာဘာမှမရှိတော့လို့ လီယွီမေက အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော် သွမ်ချန်ရှုသည် ယခုအချိန်တွင် ခရိုင်မြို့ငယ်လေးတွင် ဆက်လက်နေထိုင်နေသေးပြီး လီယွီမေသည် သူက သူမအတွက် အချိန်အတော်ကြာ အလုပ်များခဲ့သောကြောင့် ရှက်ရွံ့သွားပြီး "ဒီလူတွေအတွက် ကျွန်မ ရှင့်ကို အရမ်းဒုက္ခပေးမိသွားတယ်၊ ရှင့်အတွက် ရက်တွေ ကြန့်ကြာသွားလား?"

"အဆင်ပြေပါတယ်.." သွမ်ချန်ရှုက ပြောသည်။

"သြော်၊ ရှင်ဒီမှာလုပ်စရာရှိတယ်လို့ ရှင်မပြောခဲ့ဘူးလား" လီယွီမေက ရုတ်တရက် သတိရသွားသည်။

သွမ်ချန်ရှုက ခဏလောက် နှုတ်ဆိတ်နေပြီး " အိုး၊ ဒါ၊ အာ ... ကျွန်တော့်အမှုသည်က ရုတ်တရက် လုပ်စရာရှိလို့ ဒီကိစ္စကို နောက်လကို ရွှေ့လိုက်တယ်" လို့ ပြောလိုက်သည်။

"တကယ်လား?" လီယွီမေက အနည်းငယ် အံ့သြသွားသည်။

တိုက်ဆိုင်လွန်းသည်ဟု သူမ ထင်သည်။

ဒါပေမယ့် သွမ်ချန်ရှုက သူမကို လိမ်မှာမဟုတ်ဘူးမလား?

ဒါနဲ့ နှစ်ယောက်သား အတူတူပြန်ဖို့ ရထားလက်မှတ်ဝယ်လိုက်သည်။

ရထားက မနက်ဆယ်နာရီမှာ ထွက်သည်။

သူတို့ ရထားဘူတာကို စောစောရောက်တဲ့အတွက် လီယွီမေက စားဖို့ တစ်ခုခုသွားဝယ်သည်။

လီယွီမေသည် ကျန်း၏ ယောက္ခမနှင့် ချွေးမတို့နှင့် ထပ်မံတွေ့ဆုံရခြင်းသည် တိုက်ဆိုင်မှုတစ်ခုဖြစ်သည်။

ရှောင်ယန်ဟုခေါ်သော ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ဗိုက်ကိုကိုင်ကာ ရှေ့မှလမ်းလျှောက်လာကာ အိတ်အကြီးအသေးကို ကိုင်ဆောင်ထားသော အမေကျန်းက နောက်မှလိုက်လာသည်။

"ဟိုက အကြော်စားချင်တယ်!" ရှောင်ယန်သည် အမေကျန်းကို သူမကအတွက် တစ်ခုခုဝယ်ပေးရန် မသိမသာ ညွှန်ကြားခဲ့သည်။

"အပြင်က အစားအစာတွေက မသန့်ဘူး၊ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိဘူး၊ မစားနဲ့" အမေကျန်းက သူမအား အသံပျော့ပျော့ဖြင့် ဖြောင်းဖျခဲ့သည်။

"မဟုတ်ဘူး ကျွန်မ သွားစားမယ်။" ရှောင်ယန်က မျက်လုံးကို လှိမ့်ပြီး ဗိုက်ကို ပွတ်သပ်ပြန်ကာ "ကိုယ်ဝန်ရှိတာ စိတ်ရှုပ်စရာပဲ၊ ဘာမှမစားရဘူး၊ ကျွန်မမမွေးချင်တော့ဘူး"

"အရင်တုန်းက မင်းအတွက် ငါ မဝယ်ပေးလို့လား" အမေကျန်းသည် သူမ၏ လုပ်ရပ်ကိုမြင်သောအခါ စိုးရွံ့သွားပြီး ကမန်းကတန်းပြောလိုက်သည်။

လီယွီမေသည် ရှောင်ယန်အပေါ် အမေကျန်းရဲ့ စိတ်ထားကောင်းကို မ‌တွေ့ရှိခဲ့လျှင် အမေကျန်းကို ထိုကဲ့သို့ နှိမ့်ချသောဘက်မှမြင်တွေ့ရန် ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ပေ။

မကောင်းတဲ့လူတွေက မကောင်းတဲ့လူတွေနဲ့ပဲ တန်သည်ဟုသာ ဆိုနိုင်သည်။

လီယွီမေသည် စိတ်မဝင်စားဘဲ အဝေးကို လှမ်းကြည့်ကာ အသီးကို ကောက်ယူပြီးနောက် ထွက်သွားတော့မည်။

မထင်မှတ်ပဲ ရှောင်ယန်က သူမကို တွေ့လိုက်သည်။

နှစ်ယောက်သားသည် တစ်ယောက်ကိုတစ်ယောက် ခဏလောက်ကြည့်လိုက်ပြီး လီယွီမေက အဝေးကို လှမ်းကြည့်လိုက်သည်။

ဒါပေမယ့် သူမ မမျှော်လင့်ထားတဲ့အရာကတော့ ရှောင်ယန်က သူမကို အမှန်တကယ် နှုတ်ဆက်ခဲ့တာပဲ ဖြစ်သည်။

"ထွက်​သွားတော့မှာလား?"‌ ရှောင်ယန်က ပြုံးပြီးပြောသည်။

လီယွီမေ ခဏလောက် ထိတ်လန့်သွားပြီး မသိစိတ်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်"

"အိုး ချောမွေ့တဲ့ခရီးဖြစ်ပါစေ!" ရှောင်ယန်က "မြို့ကြီးက တော်တော်ကောင်းတယ်၊ ဒါကြောင့် အနာဂတ်မှာ ပြန်မလာပါနဲ့။"

လီယွီမေသည် သစ်သီးများကို ရထားမှတ်တိုင်သို့ ပြန်သယ်သွားခဲ့သည်။

သူမသည် ရှောင်ယန်က ဘာလို့ နည်းနည်းလွဲနေပုံပေါ်တာလဲလို့ တွေးနေခဲ့သည်။

.......

ဝမ်ယင်လျန်ကို မြန်မြန်ထွက်သွားစေချင်တယ်လို့ လီယွီလန်က ပြောတဲ့အတွက် သူမ သူတို့ကို ကြာကြာနေခွင့်မပေးတာ ပုံမှန်ပင်။

သူမ သူတို့ကို ထုပ်ပိုးဖို့ တစ်ရက်ပေးခဲ့သည်။

သူတို့မှာရှိတဲ့ ပိုက်ဆံအားလုံးကို ယွမ် 20,000 ကို ပြန်ဆပ်ဖို့ သုံးခဲ့ပြီး အခုချိန်မှာတော့ သူတို့မှာ ပိုက်ဆံ လုံးလုံးလျားလျား မရှိတော့တဲ့အတွက် လီယွီလန်က သူတို့ အရမ်းသနားစရာ မကောင်းအောင် ရထားလက်မှတ်နဲ့ အစားအသောက်တွေ ဝယ်ဖို့ ကူညီပေးခဲ့သည်။

ဝမ်ယင်လျန်နှင့် အခြားသူများ ထွက်ခွာသွားသည့် နံနက်တွင် လီယွီလန်သည် ကလေးများကို ထိုနေရာသို့ အထူး ခေါ်ဆောင်လာခဲ့သည်။

"လာ၊ ငါတို့မှာ အကျင့်ကောင်းမရှိဘူးလို့ အပြောမခံရအောင် မင်းတို့ အဖွားနဲ့ ဦးလေးကို နှုတ်ဆက်လိုက်ပါ" လီယွီလန်က ကလေးများကို ပြောလိုက်သည်။

ဒါကို ဝမ်ယင်လျန် ကြားလိုက်တာနဲ့ သူမ မပြောနိုင်တော့ဘူး။

နားထောင်၊ နားထောင်! ဒါက လူတွေပြောတာလား?

ကျင့်ဝတ်ကို ကောင်းကောင်းသိရင် ကလေးတွေကို သူတို့ထွက်သွားပြီးမှ ဘာလို့ ဒီကို မခေါ်လာတာလဲ?

ကလေးနှစ်ယောက်ဖြစ်သည့် ကျန်းမော့နှင့် တပေါင်တို့သည် ဝမ်ယင်လျန်က အသက်ကြီးပြီး သူမပေါ် အထင်အမြင် တစ်ချို့ရှိပေမယ့် ၎င်းတို့သည် လူကောင်းများမဟုတ်ကြပေ။

ဝမ်ယင်လျန်ကို တွေ့လိုက်ရတော့ ကလေးနှစ်ယောက်က စိတ်အားထက်သန်မှုမရှိဘဲ "နှုတ်ဆက်ပါတယ် အဖွားနဲ့ဦးလေး!"

ရှောင်ပေါင်သည် သူမ မွေးကတည်းက သူ့အဒေါ်မှလွဲ၍ အခြားဆွေမျိုးများကို တစ်ခါမျှမတွေ့ဖူးတာကြောင့် သူမက ဝမ်ယင်လျန်နှင့် အခြားသူများအကြောင်း သိချင်ခဲ့သည်။

ဒါပေမယ့် ဝမ်ယင်လျန်နဲ့ တခြားသူတွေဟာ သန်းနဲ့ချီပြီး အကြွေးတင်ထားသလိုမျိုး မျက်နှာတွေ ညှိုးရော်ကာ ရက်စက်တဲ့ ပုံပေါက်တဲ့အခါ သူတို့နဲ့ ရင်းနှီးဖို့ မလွယ်ပါဘူး။

သူ့အစ်ကိုနဲ့ အစ်မရဲ့ သဘောထားကြောင့် ရှောင်ပေါင်က သူတို့အပေါ် စိတ်ဝင်စားမှု ပျောက်သွားသည်။ သူမက နှုတ်ဆက်ပြီးနောက် ခေါင်းငုံ့ကာ လက်ထဲတွင်ရှိသော အရုပ်များနှင့် ကစားတော့သည်။

ကုရှန်းလည်းလာပြီး လျှောက်ပြေးရတာ နှစ်သက်တဲ့ ရှောင်ပေါင်ကို သူ့လက်ထဲမှာ ချီထားကာ ဝမ်ယင်လျန်နဲ့ တခြားသူတွေကို အံ့သြတဲ့ လေသံနဲ့ ပြောလာခဲ့သည်။ "ခင်ဗျားတို့ သိပ်မကြာခင် ထွက်သွားတော့မှာလား? မင်း သူတို့ကို ဧည့်ခံဖို့ အချိန်မရှိဘူးပေါ့!"

ဝမ်ယင်လျန်သည် ဤနေရာတွင် ရှိနေကြောင်း ကုရှန်းသည် အရင်ကတည်းက သိခဲ့သော်လည်း ထိုအချိန်တွင် လီယွီလန်က သူ့ကို စွက်ဖက်ခြင်းမပြုရန် တောင်းဆိုခဲ့သည်။

ဝမ်ယင်လျန်သည် ကုရှန်း၏ လျှောက်ပြောသော စကားများကို နားထောင်ရင်း နှုတ်ခမ်းများ တုန်ရီကာ သေအောင် ဒေါသထွက်နေသည်။

သူမသည် ဒီလင်မယားကို သူမ နှလုံးသားထဲတွင် အကြိမ်ထောင်သောင်းများစွာ တိတ်တဆိတ် ကြိမ်းမောင်းခဲ့သည်။

ဆန့်ကျင်ဘက်တွင် ရပ်နေသော မိသားစုကို စိုက်ကြည့်ရင်း နောက်ဆုံးတွင် ဝမ်ယင်လျန်သည် ကျန်းမော့ကို မြင်လိုက်ရသည်။

သူမသည် လီယွီလန်၏ မိသားစုကို မလှုပ်ရှားနိုင်သော်လည်း ကျန်းမော့ရှိတာပဲမလား?

"မော့လေး၊ ဒီကိုလာ!" ဝမ်ယင်လျန်က ဒေါသတကြီးပြောလိုက်သည်။

ကျန်းမော့သည် ကောင်းကင်တွင် ပျံ့လွင့်နေပြီး သူမနာမည်ကို ခေါ်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။

ဝမ်ယင်လျန်၏ လူများကို ကိုက်စားတော့မလို ပုံစံကိုမြင်တော့ ကျန်းမော့ရဲ့မသိစိတ်က တုန်လှုပ်သွားသည်။ အရင်က ဝမ်ယင်လျန်ရဲ့ ကြောက်စရာကောင်းတဲ့ အသွင်အပြင်ကို သူမ မှတ်မိနေပါသေးသည်။

အကယ်၍သာ ယခင်ကဆိုရင်တော့ သူမသည် အလွန်နာခံမှု ရှိခဲ့ပေလိမ့်မည်။

အခုတော့...

ကျန်းမော့သည် ဝမ်ယင်လျန်ကိုကြည့်ရန် သတ္တိကို စုစည်းထားပြီး "သမီးမလာဘူး"

"ကလေးစုတ်!" ဝမ်ယင်လျန်၏ ဒေါသများ ထွက်ပေါ်လာပြန်သည်။

အရင်တုန်းက အရမ်းသူရဲဘောကြောင်ပြီး ကြောက်တတ်တဲ့ ကျန်း‌‌မော့က သူမစကားကို အခု နားမထောင်ရဲပဲနေမယ်လို့ သူမ တကယ်မထင်ထားခဲ့ဘူး။

"အဖွားက မင်းအမေ ဘယ်မှာလဲလို့ မေးချင်တာပါ" ဝမ်ယင်လျန်က အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

ကျန်းမော့ကို တွေ့လိုက်သောအခါတွင် သူမသည် ဤနေရာတွင် အကြီးဆုံးသမီးတစ်ယောက်ရှိနေတယ်ဆိုတာ ရုတ်တရက် တွေးလိုက်မိသည်။ အရင်တုန်းက လီယွီလန်ကို အာရုံများနေတာနဲ့ လီယွီမေကို မေ့သွားသည်။

"အမေက ခရိုင်မြို့ကို ပြန်သွားတယ်" ကျန်းမော့က ပြောသည်။

"ဘာလို့ ခရိုင်မြို့ကို ပြန်သွားတာလဲ။" ဝမ်ယင်လျန်က အော်လိုက်သည်။

ကျန်းမော့က စကားရပ်လိုက်ပြီး လီယွီလန်က သူမခေါင်းကို ပွတ်သပ်ပေးကာ ဝမ်ယင်လျန်နဲ့ တခြားသူတွေကို ကြည့်လိုက်သည်။ "အချိန်နီးနေပြီ၊ ရှင်တို့ ရထားပေါ်တက်သင့်ပြီ"

ဝမ်ယင်လျန်က သူမကို စိုက်ကြည့်ကာ စကားမပြောရဲဘဲ သူ့သား၊ ချွေးမနဲ့ မြေးကို ဆွဲခေါ်သွားသည်။ ပလက်ဖောင်းကို အတူတူလျှောက်သွားပြီး နောက်ကျောက တုန်လှုပ်ချောက်ချားနေပုံပင်။

ဝမ်ယင်လျန်နှင့် အခြားသူများ ပျောက်ကွယ်သွားသည်ကို မြင်ပြီးနောက် လီယွီလန်က ကလေးများအား ပြောလိုက်သည်။ "ကောင်းပြီ၊ သွားကြရအောင်"

တပေါင် - "မေမေ၊ McDonald's ကို သွားရအောင်။"

ရှောင်ပေါင်က အစားအစာဆိုတာကို ကြားလိုက်တာနဲ့ ရုတ်တရက် ခေါင်းကို မော့ပြီး "သမီးလည်း စားချင်တယ်!"

"ဒါစားချင်လား" လီယွီလန်က မေးသည်။

ကျန်းမော့က အနည်းငယ် ခေါင်းညိတ်ပြသည်။ "သမီး မောင်လေး တပေါင်နဲ့ ညီမလေး ရှောင်ပေါင်တို့ စားတာပဲစားမယ်"

"ကောင်းပြီ၊ သွားစားရအောင်။" လီယွီလန်သည် သူတို့၏ ဆန္ဒကို အလွန်ကောင်းမွန်စွာ ဖြည့်ဆည်းပေးခဲ့သည်။

ကလေးများစွာက အော်ဟစ်ပြီး ချက်ချင်း စိတ်လှုပ်ရှားစွာ ထွက်သွားကြသည်။

ရထားဘူတာမှ လမ်းလျှောက်လာသောအခါ ကျန်းမော့သည် သူ့နောက်ဘက်ရှိ ရထားဘူတာရုံကို မသိစိတ်ဖြင့် ပြန်ကြည့်မိသည်။

သူ့အမေနဲ့ ရက်ပေါင်းများစွာ ဝေးကွာနေခဲ့ပြီး ဘယ်တော့ပြန်လာမယ်ဆိုတာ မသိဘူး။ သူ့အမေကို တကယ်လွမ်းသည်။

ကျန်းမော့သည် ထွက်ပေါက်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ရာ သူမ အကြည့်ကို ရုတ်သိမ်းခါနီးတွင် ရင်းနှီးသော အသွင်အပြင်ကို ရုတ်တရက် တွေ့လိုက်ရသည်။

သူမသည် မယုံကြည်နိုင်လောက်အောင် မျက်လုံးများကို ပွတ်သပ်ကာ လီယွီလန်၏ အဝတ်များကို အားတက်သရော ဆွဲကာ "အန်တီ၊ မေမေ ပြန်လာပြီ!"

လီယွီလန်သည် ကျန်းမော့၏ လက်ချောင်းများ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ရာ လူအုပ်ထဲတွင်ရှိသော လီယွီမေကို သူမ တွေ့လိုက်ရသည်။ ထွက်ပေါက်မှထွက်လာသည်။

"ဟေ့ မင်းအမေ ဒီနေ့ ပြန်လာပြီပဲ" လီယွီလန်လည်း အနည်းငယ် အံ့သြသွားသည်။

စကားမဆုံးခင်မှာ သူ့ဘေးက ကျန်းမော့က ပျံလွှားတစ်ကောင်လို ထွက်သွားပြီး လီယွီမေရဲ့ ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။

"မေမေ! မေမေ!" သူမက ဝမ်းသာစွာ ငိုတော့သည်။

လီယွီမေသည် ရထားဘူတာမှ ဆင်းလာသည်နှင့် တပြိုင်နက် သူ့သမီးကို တွေ့ရမည်ဟု မမျှော်လင့်ထားဘဲ အံ့သြသွားပြီးနောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။

"ဘာလို့ ဘူတာကို လာတာလဲ။" လီယွီမေက မေးသည်။

"အန်တီနဲ့ လိုက်လာခဲ့တာ။" ကျန်းမော့က ပြန်ဖြေသည်။

လီယွီမေ မော့ကြည့်လိုက်တော့ လီယွီလန်က သူ့ဆီ လျှောက်လာနေတာကို တွေ့လိုက်ရသည်။

"ပြန်လာပြီလား၊ ဘယ်လိုဖြစ်သွားလဲ" လီယွီလန်က ပြုံးပြုံးလေးနဲ့ မေးလိုက်သည်။

လီယွီမေ၏ မျက်လုံးများ ကွေးသွားပြီးနောက် သူမ ခေါင်းညိတ်လိုက်သည်။ "ပြီးသွားပြီ!"

လီယွီလန်လည်း ကြည့်လိုက်သည်။ လီယွီမေသည် ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း သူမ၏ မျက်လုံးများသည် စွမ်းအင်များပြည့်နေပြီး အရာအားလုံး ကောင်းမွန်နေပုံရသည်။

All Chapters