← Chapters

ခေါင်းလောင်းသံ အစဉ်ထာဝရ မြည်ဟည်းခြင်း

Vol. 26 Ch. 286

ခေါင်းလောင်းသံ အစဉ်ထာဝရ မြည်ဟည်းခြင်း

Vol. 26 Ch. 286

လော့ရှီးက ကောင်းကင်စာရင်း၏ နံပါတ် (၁) ဖြစ်သည့်အားလျော်စွာ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ဤတပည့်သစ်များထဲတွင် အမည်ခံအစွမ်းထက်ဆုံးသူက အမှန်တကယ်တွင် မည်သည့်အတိုင်းအတာအထိ စွမ်းဆောင်နိုင်မည်နည်း။

အရင်က ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ် သော ခရမ်းရောင်ဝတ်စုံနှင့် လူငယ်နှင့်ယှဉ်လျှင်ရော မည်သို့ရှိမည်နည်းဆိုသည်ကို လူတိုင်း သိချင်နေကြသည်။

လော့ရှီးက အရပ်ပုသော်လည်း စိုးရိမ်တုန်လှုပ်သည့် အရိပ်အယောင် လုံးဝမရှိဘဲ နဂါးတံခါးအတွင်းသို့ ပေါ့ပေါ့ပါးပါးပင် လျှောက်လှမ်းဝင်သွားသည်။

နောက်တစ်ခဏတွင် နဂါးတံခါး၏ ဘေးတစ်ဖက်စီရှိ မီးအိမ် ၉ လုံးမှာ ဖြည်းညှင်းစွာ လည်ပတ်လာ၏။

အသက်ရှိုက်ချိန် အနည်းငယ်အတွင်းမှာပင် မီးအိမ်များ၏ လည်ပတ်နှုန်းမှာ ပို၍ပို၍ မြန်ဆန်လာသည်။

ရုတ်တရက်ဆိုသလို တောက်ပသည့် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး နေမင်းငယ်လေးတစ်စင်းအလား တစ်လောကလုံးကို လင်းထိန်သွားစေသည်။

ဤလှုပ်ရှားမှုမှာ အရင်က ခရမ်းရောင်ဝတ်စုံနှင့် လူငယ်ထက်ပင် ပို၍ ပြင်းထန်နေသေးသည်။

"ဝိုး... နောက်ထပ် ပါရမီရှင်တစ်ယောက်ပဲ"

"ဒါက ကောင်းကင်နဲ့ မြေကြီး ရဲ့ အချစ်တော်ပဲ ဖြစ်ရမယ်"

"သာမန်လူတစ်ယောက်က ကဏ္ဍတစ်ခု ဒါမှမဟုတ် နှစ်ခုမှာ ထူးချွန်ဖို့ဆိုတာတောင် မလွယ်ဘူး။ သူကတော့ ကဏ္ဍစုံမှာ လူတိုင်းကို နင်းခြေထားနိုင်တာပဲ"

"ဒီလို ကွာခြားချက်မျိုးကျတော့ မနာလိုတောင် မဖြစ်ရဲတော့ဘူး"

လူအများက အံ့သြတကြီး သက်ပြင်းချ နေကြသည်။

ထန်ထျန်းကတော့ အေးဆေးပင်။ လော့ရှီးက ရှန်းယွမ်စင်မြင့်ရှိ ကျန် ၃ ဦးထက် ပို၍ အစွမ်းထက်ကြောင်း သူသိထားပြီးသားဖြစ်သဖြင့် ဤစွမ်းဆောင်ရည်မှာ သူ့အတွက် အံ့သြစရာ မဟုတ်ပေ။

အလင်းတန်းများ တောက်ပ နေစဉ်မှာပင် နဂါးတံခါး ဘေးတစ်ဖက်စီရှိ မီးအိမ် ၉ လုံးစလုံးမှာ လင်းထိန်သွားခဲ့ပြီ ဖြစ်သည်။

အဆုံးမရှိသော အလင်းတန်းများမှာ နဂါးတံခါး၏ ထိပ်ဆုံးဆီသို့ စီးဝင်သွားကြသည်။

ထိပ်ဆုံးရှိ နတ်မီးအိမ် ၉ လုံးမှာလည်း မည်သည့် အနှောင့်အယှက်မျှမရှိဘဲ တစ်လုံးပြီးတစ်လုံး လင်းထိန်လာခဲ့၏။

ခဏအကြာတွင် လေးနက်သည့် ခေါင်းလောင်းသံကြီး ထပ်မံ ထွက်ပေါ်လာသည်။

တစ်ချက်၊ နှစ်ချက်၊ သုံးချက်...

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်ကဲ့သို့ပင် လော့ရှီး၏ ခေါင်းလောင်းတီးခတ်မှုမှာလည်း မည်သည့် ရပ်တန့်မှုမျှမရှိဘဲ အဋ္ဌမမြောက်အချက်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

ထို့နောက် "ဒေါင်" ဟူသော အသံနှင့်အတူ ကိုးကြိမ်မြောက် ခေါင်းလောင်းသံမှာ လွင်ပျံ့ကာ ထွက်ပေါ်လာခဲ့သည်။

၎င်းမှာလည်း မည်သည့် ရပ်တန့်မှုမျှ မရှိခဲ့ပေ။

"တကယ်ကို အစွမ်းထက်တာပဲ။ အခုကြည့်ရသလောက်တော့ လော့ရှီးက ဟိုခရမ်းရောင်ဝတ်စုံနဲ့ လူငယ်ထက် ပိုပြီး မြန် တယ်"

"ဟုတ်တယ်၊ စွမ်းအားတွေလည်း အများကြီး ကျန်သေးပုံရတယ်"

"ဒါပေမဲ့ ဟင်းလင်းပြင် ခေါင်းလောင်းက အများဆုံး ၉ ချက်ပဲ တီးလို့ရတာ မဟုတ်လား။ သူတို့နှစ်ယောက်လုံးက စံချိန်အတူတူပဲဆိုရင် ဘယ်သူက ပိုတော်တယ်လို့ သတ်မှတ်မလဲ"

လူတစ်ယောက်က သံသယဖြင့် ပြောလိုက်သည်။

သူ့စကားလည်း ဆုံးရော ဒသမမြောက် ခေါင်းလောင်းသံမှာ ဟိန်းထွက်လာတော့သည်။

ထို့နောက် လူတိုင်း မှင်တက်နေစဉ်မှာပင် ၁၁ ကြိမ်မြောက် ခေါင်းလောင်းသံမှာလည်း ထွက်ပေါ်လာခဲ့ပြန်၏။

၎င်းနောက်တွင်မူ ဟင်းလင်းပြင် ခေါင်းလောင်းကြီးမှာ ရပ်တန့်၍ မရတော့သည့်အလား စည်းချက်ကျကျဖြင့် ဆက်တိုက် မြည်ဟည်းနေတော့သည်။

လူတိုင်း ကြောင်အသွားကြသည်။ ဤကဲ့သို့သော ရလဒ်မျိုး ရှိနိုင်သည်လား။

သူတို့တစ်သက်တွင် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ကြပေ။

သို့သော် ထန်ထျန်းကတော့ ပြုံးလိုက်မိသည်။

"ခေါင်းလောင်းသံ အစဉ်ထာဝရ မြည်ဟည်းခြင်း"

ယခင်က မိုရှောင်းရှောင်း ဤအကြောင်းကို ပြောပြဖူးသည်။

ခေါင်းလောင်း ၉ ချက် မြည်ခြင်းထက် ပို၍ မြင့်မားသည့် အဆုံးစွန်သော စွမ်းဆောင်ရည်မှာ "ခေါင်းလောင်းသံ အစဉ်ထာဝရ မြည်ဟည်းခြင်း" ပင် ဖြစ်သည်။

အကယ်၍ ဤအဆင့်သို့ ရောက်ရှိနိုင်ပါက လော့ရှီး၏ ပါရမီမှာ အနည်းဆုံး "တာအိုသားတော်" အဆင့်တွင် ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်သည်။

"ဒါကြောင့်လည်း လော့ရှီးက တခြားလူတွေကို အလွယ်တကူ နိုင်တယ်လို့ ပြောနိုင်တာကိုး"

ထန်ထျန်း စိတ်ထဲမှ ပြုံး လိုက်သည်။

"ကံကြမ္မာသားတော်" နှင့် "တာအိုသားတော်" အကြားမှာ အဆင့်တစ်ခုသာ ကွာခြားသော်လည်း ဤပါရမီနှစ်မျိုးလုံးကို ပိုင်ဆိုင်ခဲ့ဖူးသည့် ထန်ထျန်းကတော့ ထိုအဆင့်နှစ်ခုကြားရှိ ကွာခြားချက်မှာ နက်ရှိုင်းသည့် ချောက်ကြီးတစ်ခုကဲ့သို့ ကြီးမားကြောင်း ကောင်းကောင်းသိသည်။

အခြားသော အခြေအနေများ တူညီနေပါက တာအိုသားတော်က ကံကြမ္မာသားတော်ကို အပြတ်အသတ် နင်းခြေထားနိုင်ပေသည်။

"ဒီစံချိန်မျိုးကတော့ ထျန်းဖူနန်းတော် အထက်လူကြီးတွေရဲ့ အာရုံစိုက်မှုကို ရဖို့ လုံလောက်ပြီ။ "

"ကြည့်ရတာ ငါလည်း ပြဿနာရှိမှာ မဟုတ်ဘူး"

ထန်ထျန်းက မေးစေ့ကို ပွတ်လိုက်သည်။

သူ လေ့လာနေသည်မှာ လုံလောက်ခဲ့ပြီ။

ယခုမူ သူ၏ အလှည့် ရောက်လာခဲ့ပြီ ဖြစ်သည်။

......

တစ်ချိန်တည်းမှာပင် နဂါးတံခါးအနီးရှိ ကောင်းကင်ယံတွင်

မရပ်မနား မြည်ဟည်းနေသည့် လွင်ပျံ့သော ခေါင်းလောင်းသံများကို နားထောင်ရင်း ထျန်းဖူနန်းတော်၏ အာဏာရှိ အကြီးအကဲများပင် မျက်နှာပျက်သွားကြသည်။

"အရင်ကတည်းက လော့ရှီးနဲ့ တခြားသူတွေကြားမှာ ကွာခြားချက်က အပြင်ပန်းထက် ပိုကြီးမားလိမ့်မယ်လို့ ငါ ခန့်မှန်းခဲ့တယ်။ "

"အခုတော့ တကယ်ပဲ ဖြစ်နေပြီ"

"ခေါင်းလောင်းသံ အစဉ်ထာဝရ မြည်ဟည်းခြင်း... "

"ဒါမျိုး မပေါ်လာတာ ဘယ်လောက်တောင် ကြာပြီလဲ"

အင်မော်တယ်အရှင် တစ်ဦးက ပြောလိုက် သည်။

"နှစ်ပေါင်း ၃၀ လောက် ရှိပြီ။"

" အဲ့ဒီတုန်းက ဒီစံချိန်ကို တင်ခဲ့တဲ့သူက အခုဆို အင်မော်တယ်ဧကရာဇ် ဖြစ်နေပြီး 'ကောင်းကင်ထိပ်ဆုံး' ကို စောစောစီးစီး ရောက်သွားခဲ့ပြီ"

အခြားတစ်ဦးက ပြော သည်။

လန်တင်း အင်မော်တယ်အရှင်က ပြုံးကာ "ဟုတ်တယ်၊ အဲ့ဒီတုန်းက သူ့ရဲ့ တက်လှမ်း ခြင်း အခမ်းအနားကို ငါကိုယ်တိုင် စီစဉ်ပေးခဲ့တာ။ "

"အကယ်၍ ဘာမတော်တဆမှုမှ မရှိရင် လော့ရှီးလည်း... "

"အဲ့ဒီလို အဆင့်ကို ရောက်နိုင်လိမ့်မယ်"

လူတိုင်းက ခေါင်းညိမ့် ထောက်ခံကြသည်။

တကယ်တော့ ခေါင်းလောင်း ၉ ချက် မြည်ရုံနှင့်ပင် ထိုကမ္ဘာသစ်သို့ ဝင်ရောက်နိုင်ရန် အခွင့်အရေး များစွာ ရှိနေပြီ ဖြစ်သည်။

အစဉ်ထာဝရ မြည်ဟည်းးခြင်း ဆိုလျှင်မူ သေချာပေါက်ပင် ဖြစ်တော့သည်။

"ဒါနဲ့... လော့ရှီးက အမြဲတမ်း ကိုယ့်ဘာသာ ကျင့်ကြံလာတာ မဟုတ်လား။"

" သူ့နောက်ကွယ်မှာ ဘယ်အင်အားစု ရှိလဲဆိုတာ ငါ မကြားမိပါလား"

အင်မော်တယ်အရှင် တစ်ဦးက ပြော လိုက်သည်။

ထိုစကားကြောင့် လူအချို့မှာ မျက်လုံးများ တောက်ပသွားကြပြီး တစ်စုံတစ်ခုကို မှာကြားရန် အသံလွှင့်ခြင်းများပင် စလုပ်နေကြပြီ ဖြစ်သည်။

အကယ်၍ လော့ရှီးသာ လွတ်လပ်သည့် ကျင့်ကြံသူ ဖြစ်ပါက သူမ၏ တန်ဖိုးမှာ အတိုင်းအဆမရှိ ကြီးမားလှပေသည်။

ဘယ်သူမဆို သူမကို သူတို့လက်ထဲတွင် ဆုပ်ကိုင်ထားချင်ကြသည်သာ။

သို့သော် လန်တင်း အင်မော်တယ်အရှင်က သူတို့၏ အပြုအမူများကို မြင်သောအခါ ခေါင်းခါရင်း "မကြိုးစားကြ ပါနဲ့။ "

"တကယ်လို့ ခင်ဗျားတို့ သူမကို စည်းရုံးချင်တယ်ဆိုရင် အကြီးအကဲ ချိုး ကို အရင်သွားမေးကြည့်လိုက်ပါဦး"

လူတိုင်း မှင်တက်သွားကြပြီးနောက် အဖြူရောင်ဝတ်စုံနှင့် ကြင်နာတတ်သည့် အဘိုးအိုတစ်ဦးဆီသို့ အကြည့်များ ရောက်သွားကြသည်။

ထိုအဘိုးအိုမှာ သာမန်လူတစ်ယောက်ကဲ့သို့ ထင်ရသော်လည်း လူတိုင်း၏ မျက်လုံးများတွင်တော့ ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

"ဟားဟား... ဒါဆို လော့ရှီးက ရှောင်းယောင် မိသားစုရဲ့ ပါရမီရှင်ပေါ့"

"ငါလည်း ပြောသားပဲ၊ ဒီလောက် အစွမ်းထက်တဲ့သူက ဘယ်က ရုတ်တရက် ပေါ်လာတာလဲလို့။"

" ရှောင်းယောင်မိသားစုကဆိုရင်တော့ သိပ်ပြီး ထူးဆန်းမနေတော့ဘူး"

သူတို့အားလုံး ချက်ချင်းပင် စည်းရုံးမည့်အစီအစဉ်ကို ဖျက်သိမ်းကာ လက်လျှော့လိုက်ကြသည်။

ထျန်းဖူနန်းတော်၏ ပထမဆုံး မိသားစုကြီးဖြစ်သည့် ရှောင်းယောင်မိသားစုမှာ အခြားအင်အားစုအားလုံးထက် သာလွန်နေပြီး နန်းတော်သခင် ၃ ပါးပင်လျှင် သူတို့ကို မျက်နှာသာ ပေးရလေ့ရှိသည်။

ရှောင်းယောင်မိသားစုထံမှ လူခိုးရန် ကြိုးစားခြင်းမှာ "အဘွားအို အိပ်ရာဝင်ခါနီးမှ အဖိုးအိုကို ကလိထိုးခြင်း" (တကယ်မဖြစ်နိုင်သည့် ကိစ္စ) ကဲ့သို့ပင် ရယ်စရာကောင်းလှသည်။

ရှောင်းယောင်ချိုးက အေးဆေးစွာပင် ပြော သည်။ "လော့ရှီးရဲ့ ကြီးပြင်းမှုမှာ မိသားစုက သိပ်ပြီး ကူညီမပေးခဲ့ပါဘူး။ သူက အမြဲတမ်း လွတ်လွတ်လပ်လပ် နေတတ်တာပါ။"

" ခင်ဗျားတို့ စည်းရုံးချင်ရင် သွားပါ၊ ငါ့မှာ ဘာကန့်ကွက်ချက်မှ မရှိဘူး"

လူတိုင်းကတော့ မဝံ့ရဲကြောင်း တညီတညွတ်တည်း ပြော ကြသည်။

တစ်ဖက်လူက သွားပါပြောတိုင်း သွားရအောင် သူတို့က အသက်မနှမြောသူများ မဟုတ်ကြပေ။

ဤဘက်မှ လှုပ်ရှားမှုများကို အခြားသူများလည်း သတိထားမိကြသည်။

မိုရှောင်းရှောင်းသည်လည်း လူအုပ်ထဲတွင် ရှိနေ၏။

သူမက အချို့သော စကားလုံးများကို ကြားလိုက်ရသဖြင့် ပဉ္စမမြောက် အင်မော်တယ်အရှင်၏ ဘေးသို့ လာကာ တိုးတိုးလေး မေးလိုက်သည်။ "ဦးလေး ၅... ကောင်းကင်ထိပ်ဆုံး ဆိုတာ ဘာလဲဟင်"

ပဉ္စမမြောက် အင်မော်တယ်အရှင်က အံ့သြသွားကာ "ဒါကို ဘာလို့ မေးတာလဲ"

မိုရှောင်းရှောင်းက ခဏတန့်သွားပြီး "နည်းနည်း စိတ်ဝင်စားလို့ပါ။ "

"အဲ့ဒါက ရှန်းယွမ်စင်မြင့်လို နေရာမျိုးလား"

၎င်းမှာ ထန်ထျန်းက မေးခိုင်းထားခြင်း ဖြစ်ကြောင်း သူမ မပြောပေ။

သို့သော် ပဉ္စမမြောက် အင်မော်တယ်အရှင်က ခေါင်းခါရင်း "လုံးဝ မတူဘူး။ "

"အဲ့ဒါက နောက်ထပ် ကမ္ဘာသစ်တစ်ခုပဲ။"

" အပြင်လောကက ဂိုဏ်းတွေအတွက် ထျန်းဖူနန်းတော်က ကမ္ဘာသစ်ဖြစ်နေသလိုမျိုးပေါ့"

မိုရှောင်းရှောင်း မှင်တက်သွားသည်။ ဤကမ္ဘာပေါ်တွင် ထိုကဲ့သို့သော နေရာမျိုး ရှိနေသေးသည်လား။

သူမ ထပ်မံ မေးမြန်းရန် ပြင်လိုက်သော်လည်း အသံတစ်ခုက သူမကို တားလိုက်သည်။

"အိုး... ထန်ထျန်း စလှုပ်ရှားပြီ"

မိုရှောင်းရှောင်း အောက်ဘက်သို့ အမြန်ကြည့်လိုက်သည်။ မှန်ပေသည်။

ရွှေရောင်အလင်းတန်း တစ်ခုအတွင်းတွင် ထန်ထျန်း၏ ပုံရိပ်မှာ ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

All Chapters