← Chapters

အခန်း (၁၇၅၁)

Vol. 126 Ch. 1751

အခန်း (၁၇၅၁)

Vol. 126 Ch. 1751

အစစ်အမှန်တာအိုဂိုဏ်း၏ ဝိညာဉ်စွမ်းအားအကျဉ်းချသော နည်းစနစ်က ဓားတစ်လက်ကြောင့် အက်ကွဲသွားသည်။

“ ဗုန်း ”

အကြီးအကဲကွမ်ချင်းက မြန်ဆန်စွာ လက်မြှောက်လိုက်ပြီး သူ့ဆီသို့ ပျံသန်းလာနေသော ဓားထံသို့ အလင်းတန်းတစ်ခု စေလွှတ်လိုက်သည်။

ဓားက အနောက်သို့ လွင့်စင်သွားစဉ် အလင်းတန်းက ရွှေရောင်မှော်သင်္ကေတများအဖြစ် အက်ကွဲသွားပြီး လွင့်ပြယ်သွားသည်။

အကြီးအကဲကွမ်ချင်းက သူ့အရှေ့မှ မှော်သင်္ကေတများကို လေးနက်စွာ ကြည့်လိုက်သည်။ သူ၏ အသားအရေက ဖြူဖျော့သွားသည်။

သူက ဒဏ်ရာရရှိသွားသည့်အပြင် မူလကျောက်တုံးတစ်သိန်း တန်ဖိုးရှိသော မှော်အဆောင်တစ်ခုကိုလည်း ဆုံးရှုံးသွားသည်။

ယခု သူက အမှန်တကယ် ကြောက်လန့်သွားသည်။

အစစ်အမှန်တာအိုဂိုဏ်း၏ အခြေခံအုတ်မြစ်သည် ဝိညာဉ်စွမ်းအားအကျဉ်းချခြင်း နည်းစနစ်ဖြစ်သည်။ ထိုနည်းစနစ်ကြောင့် သူတို့၏ ဂိုဏ်းက အံ့ဖွယ်ကိုးပါးတောင်တန်းဒေသထဲမှာ နာမည်ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်စွမ်းအားအကျဉ်းချခြင်း နည်းစနစ်ကြောင့်မဟုတ်လျှင် သူတို့က တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူများကို လိုက်ဖမ်းဝံ့လိမ့်မည် မဟုတ်ချေ။

တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူများသည် သာမန်ကျင့်ကြံသူများ မဟုတ်ကြချေ။ သူတို့မှာ ကျင့်ကြံခြင်းစွမ်းအားမရှိလျှင်ပင် တခြားဝှက်ဖဲကတ်များ ရှိသေးပေသည်။

ဝိညာဉ်စွမ်းအားအကျဉ်းချခြင်း နည်းစနစ်က တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူများကို သာမန်လူတစ်ယောက်အဖြစ် ခွန်အားယုတ်လျော့သွားစေခြင်းကြောင့် မဟုတ်လျှင် အစစ်အမှန်တာအိုဂိုဏ်းက ယနေ့အထိ တည်ရှိနိုင်လိမ့်မည် မဟုတ်ချေ။

ယခု တစ်စုံတစ်ယောက်က သူတို့ဂုဏ်ယူရသော ဝိညာဉ်စွမ်းအားအကျဉ်းချခြင်း နည်းစနစ်ကို ဖျက်ဆီးလိုက်ကြောင်း အကြီးအကဲကွမ်ချင်း မြင်လိုက်သောအခါ မည်သို့ကြောင့် သူမထိတ်လန့်သွားဘဲ နေမည်နည်း။

“ ဝိညာဉ်အကျဉ်းချခြင်း… မိုးမြေငြင်းဆန်ခြင်း… ”

နေရာမှာ မတ်တတ်ရပ်နေသော ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသောအလင်း ထွက်ပေါ်လာသည်။

သူက အစစ်အမှန်တာအိုဂိုဏ်း၏ နည်းစနစ်များကို မြင်ဖူးသည်။ ထိုနည်းစနစ်က မည်သို့ကြောင့် ဝိညာဉ်စွမ်းအားကို အကျဉ်းချနိုင်ရကြောင်း သူစဉ်းစားခဲ့ဖူးသည်။

အကြိမ်ရေတစ်ထောင်ခန့် စဉ်းစားတွေးတောပြီးနောက်မှာ သူက ဖြေရှင်းချက်တစ်ခုကို ရှာတွေ့သွားသည်။ ယင်းမှာ မျက်မှောက်ခေတ်၏ မိုးမြေစွမ်းအားက ရှေးခေတ်ကျင့်ကြံသူအားလုံးအတွက် မသင့်တော်ခြင်း ဖြစ်၏။

ဤသည်မှာ မျက်မှောက်ခေတ်၏ ကျင့်ကြံခြင်းလောကနှင့် ရှေးခေတ် ကျင့်ကြံခြင်းလောကက လုံးဝ မတူညီသည့်အလားပင်။

ထို့ကြောင့် မျက်မှောက်ခေတ် ကျင့်ကြံခြင်းလောက၏ ငြင်းဆန်မှုက ရှေးခေတ်ကျင့်ကြံသူများအပေါ်သို့ သက်ဆင်းလာသည့်အခါ သူတို့က ကြီးမားသော ဖိအားကို ခံစားကြရလိမ့်မည်။

ဟန်မူယဲ့က ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ယွင်လန်တာအိုပညာရှင်က သွေးနီရောင်ပိုက်ကွန်ကို ဖျက်ဆီးပစ်လိုက်စဉ် ကောင်းကင်ပေါ်မှ မိုးမြေစွမ်းအားထဲမှာ မထင်ရှားသော ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာကြောင်း သူခံစားမိခဲ့သည်။

ဖြစ်နိုင်သည်မှာ အထွတ်အမြတ်နယ်မြေ၏ မိုးမြေစွမ်းအားက သူသည်ပင် အာရုံခံနိုင်သည်အထိ အလွန်အားနည်းနေခြင်းလော။

ယင်းက အလွန်အမင်း အားနည်းလှ၏။

“ ဘန်း ”

အရှေ့တွင် ယွင်လန်တာအိုပညာရှင်၏ ဓားအလင်းက နောက်တစ်ကြိမ် ပေါ်လျှိုးလာသည်။

ဤတစ်ကြိမ်တွင် အကြီးအကဲကွမ်ချင်းက သတိကြီးစွာထား၍ အသင့်ပြင်ဆင်ထားသည်။ ရွှေရောင်အလင်းလှည်းဘီးတစ်ခုက သူ၏ လက်ဖဝါးထဲမှ ထွက်ပေါ်လာပြီး သူ့အရှေ့မှ ဓားအလင်းကို ခုခံတားဆီးလိုက်သည်။

ယွင်လန်တာအိုပညာရှင်က ဓားကောင်းတစ်လက်ကို ရှာတွေ့ထားသည်ဆိုလျှင်ပင် ယင်းက အမွေအနှစ်ရွှမ်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူရန် မလုံလောက်သေးပေ။

ယွင်လန်တာအိုပညာရှင်က တာအိုပေါ်ထွက်ခြင်းအဆင့် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လေပြေအသွင်(၃၆)မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးမပြုနိုင်သေးပေ။

ထို့ပြင် သူက နောက်ဆုံး လေပြေအသွင်(၁၂)မျိုးထဲ၌ (၂)မျိုးကိုသာ တတ်ကျွမ်းသေးသည်။

ယင်းက လုံလောက်ပေသည်။

ယွင်လန်တာအိုပညာရှင်က အမှတ်(၂၅)နှင့် အမှတ်(၂၆) လေပြေအသွင်(၂)မျိုးကို အသုံးပြု၍ အမွေအနှစ်ရွှမ်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်နေစဉ် သူ့အနောက်မှ တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူများက စတင်လှုပ်ရှားလိုက်ကြသည်။

တချို့က ဓားများဖြင့် တိုက်ခိုက်လိုက်ကြစဉ် တချို့က သူတို့၏ ဝိညာဉ်စွမ်းအားကို လက်နက်များအဖြစ် ဖွဲ့စည်းလိုက်ကြသည်။

သူတို့ထဲမှ တစ်ဝက်က အကြီးအကဲကွမ်ချင်းကို ဝိုင်းရံတိုက်ခိုက်လိုက်စဉ် တခြားတစ်ဝက်က အစစ်အမှန်တာအိုဂိုဏ်းမှ တပည့်များကို တိုက်ခိုက်လိုက်ကြသည်။

“ ဘန်း ”

ကောင်းကင်ပေါ်မှ သွေးနီရောင်ပိုက်ကွန်က ဓားအလင်းနှင့် ဓားမော့အလင်းကြောင့် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။

ဓားအလင်းများနှင့် ဓားမော့အလင်းများက အပြင်သို့ ပျံသန်းထွက်လာကြပြီး အဝေးသို့ ထွက်ပြေးသွားကြသော အစစ်အမှန်တာအိုဂိုဏ်း၏ တပည့်များကို လိုက်ဖမ်းကြသည်။

ရွှေချပ်ဝတ်စစ်သည်များသည် ထိုလက်နက်များ၏ အရှေ့မှာ ကူကယ်ရာမဲ့သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်က နှစ်ခြမ်းကွဲထွက်သွားသည်။

သွေးချီရွှမ်အဆင့် ကျင့်ကြံသူ(၁၃)ယောက်မှလွဲလျှင် အစစ်အမှန်တာအိုဂိုဏ်းမှ တခြားတပည့်များက နေရာမှာတင် ချက်ချင်း အသတ်ခံလိုက်ကြရသည်။

သွေးချီရွှမ်အဆင့် ကျင့်ကြံသူ(၁၃)ယောက်သည်လည်း အခြေအနေမကောင်းလှပေ။ သူတို့က ဓားအလင်းများနှင့် ဓားမော့အလင်းများအောက်မှ ထွက်ပြေးလွတ်မြောက်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်။

အကယ်၍ တာအိုပေါ်ထွက်ခြင်းအဆင့် ထိုကျင့်ကြံသူများသာ လေပြေအသွင်(၃၆)မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းထားကြမည်ဆိုလျှင် သူတို့က ဤနေရာမှ အစစ်အမှန်တာအိုဂိုဏ်း၏ တပည့်အားလုံးကို သုတ်သင်ပစ်နိုင်လိမ့်မည်။

ပြန်လည်မွေးဖွားခြင်းအဆင့် အလွှာကိုးလွှာ၊ ရွှမ်အဆင့် အလွှာကိုးလွှာ၊ တာအိုပေါ်ထွက်ခြင်းအဆင့် အလွှာကိုးလွှာ… ။

အဆင့်တစ်ဆင့်မှ နောက်တစ်ဆင့်သို့ ချိုးဖြတ်ရန်သည် ကောင်းကင်ဘုံပေါ်သို့ တတ်လှမ်းခြင်းနည်းတူ အလွန်ခက်ခဲသည်။ အစစ်အမှန်တာအိုဂိုဏ်းက တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူများကို ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် လုံးဝ အကျိုးအကြောင်းမသင့်ပေ။

မျက်မှောက်ခေတ်၏ မိုးမြေစွမ်းအားက ဆင့်ကဲပြောင်းလဲသွားသောကြောင့် မဟုတ်လျှင် တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ လက်ဝါးတစ်ချက်က အစစ်အမှန်တာအိုဂိုဏ်းတစ်ခုလုံးကို အမြစ်ဖြတ်ဖျက်ဆီးပစ်နိုင်သည်။

“ လေပြေအသွင်(၃၆)မျိုးက တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူတွေ အသုံးပြုဖို့ လုံလောက်ပါတယ်… ဒါပေမဲ့ သူတို့ကို နောက်ထပ် တိုးမြှင့်နိုင်သေးတယ်… ”

ဟန်မူယဲ့က ဓားအလင်းများနှင့် ဓားမော့အလင်းများကို ကြည့်နေရင်း ပြုံးလိုက်သည်။

တာအိုပေါ်ထွက်ခြင်းအဆင့် ထိုကျင့်ကြံသူများက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လေပြေအသွင်(၃၆)မျိုးကို အသုံးပြုနေကြောင်း ထင်ရှားသည်။ သို့သော်လည်း သူတို့၏ အသုံးပြုပုံက တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ သူတို့၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် ဉာဏ်အလင်းများက ဟန်မူယဲ့ကို များစွာ အကျိုးရှိစေသည်။

“ ဘန်း ”

ကျယ်လောင်သော မြည်သံနှင့်အတူ အကြီးအကဲကွမ်ချင်းက အနောက်ဆုတ်သွားသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် မူလစွမ်းအားနှင့် သွေးချီစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်။

အစွမ်းထက်ကျင့်ကြံသူအများကြီးကို ဤမျှအချိန်အထိ တားဆီးနိုင်ခြင်းက အမွေအနှစ်ရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ လုပ်ဆောင်နိုင်စွမ်းကို ရှင်းလင်းစွာ ဖော်ပြနေသည်။

ဤအခိုက်အတန့်မှာ အကြီးအကဲကွမ်ချင်း၏ မျက်နှာက ဖြူဖျော့သွားပြီး သူက ဆက်တိုက် သွေးအန်လိုက်ရသည်။

အဆိုးဝါးဆုံးမှာ သူ၏ ဘေးပတ်ဝန်းကျင်မှ အရှိန်အဝါက ဖရိုဖရဲဖြစ်နေခြင်းပင်။ ရှင်းလင်းစွာပင် သူက သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအားကို နောက်ထပ် မထိန်းချုပ်နိုင်တော့ပေ။

အမွေအနှစ်ရွှမ်အဆင့် ကျင့်ကြံခြင်းကို နောက်ထပ် မထိန်းချုပ်နိုင်ခြင်း၏ အဓိပ္ပာယ်သည် သူ၏ ကျင့်ကြံခြင်းစွမ်းအားက ပြိုကွဲသွားပြီဟု ဆိုလိုသည်။

“ သူက အမွေအနှစ်ရွှမ်အဆင့်ကို မကြာသေးခင်ကမှ ဝင်ရောက်ခဲ့တာ ဖြစ်မယ်… အခု သူက သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းကို သံသယစိတ်ဖြစ်လာတာကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားက ပြိုကွဲသွားပြီး သွေးချီရွှမ်အဆင့်ကို နိမ့်ကျသွားပြီ ”

ဟန်မူယဲ့၏ အရှေ့မှာ မတ်တတ်ရပ်သော အစိမ်းရောင်ဝတ်စုံဝတ် တာအိုပညာရှင်က ပြုံးလိုက်ပြီး ပြောသည်။ တောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အဆင့်နိမ့်ကျသွားတဲ့ နာကျင်မှုက အသွေးအသားတွေ လှီးဖြတ်ခံရတာထက် အဆပေါင်းတစ်ရာ ပိုပြီးနာကျင်တယ် ”

“ အစစ်အမှန်တာအိုဂိုဏ်းက တာအိုပေါ်ထွက်ခြင်းအဆင့်ကို ရောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရတဲ့ တာအိုရောင်းရင်းအများကြီးကို ဖမ်းဆီးချုပ်နှောင်ခဲ့တယ်… ဒီနေ့ သူတို့ထဲက တစ်ယောက်က အဲ့ဒီနာကျင်မှုကို ပြန်ခံစားရသင့်တယ် ”

အဆင့်နိမ့်ကျသွားသော နာကျင်မှု… ။

အရှေ့တွင် အကြီးအကဲကွမ်ချင်းက နာကျင်စွာ ညည်းညူလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ပိန်ချုံးသွားပြီး သူ၏ မျက်နှာက ရှုံ့မဲ့သွားသည်။ သွေးက သူ၏ ပါးစပ်ထဲမှ ဒလဟော အန်ထွက်လာသည်။

ယွင်လန်တာအိုပညာရှင်က နောက်ထပ် မတိုက်ခိုက်ပေ။

အဆင့်နိမ့်ကျသွားသော အကြီးအကဲကွမ်ချင်းဆီမှာ နောက်ထပ် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

“ မင်းထွက်သွားပါ ”

ယွင်လန်တာအိုပညာရှင်က အကြီးအကဲကွမ်ချင်းကို ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ အစစ်အမှန်တာအိုဂိုဏ်းကို ယန်ချီကို ပြန်လွှတ်ခိုင်းလိုက်ပါ… မဟုတ်ရင် ငါတို့တွေ အစစ်အမှန်တာအိုဂိုဏ်းဆီ အလည်ရောက်လာမယ် ”

…..

မင်္ဂလာ‌ဝေါယာဉ်က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းဆီသို့ ပြန်သွားစဉ် အစစ်အမှန်တာအိုဂိုဏ်းက ချုံခိုတိုက်ခိုက်ခဲ့ကြောင်း လူအနည်းစုသာ သိကြသည်။

ထိုတိုက်ပွဲမှာ အစစ်အမှန်တာအိုဂိုဏ်းမှ တပည့်အားလုံးနီးပါး အသတ်ခံလိုက်ရကြောင်း ပိုပြီးနည်းသော လူများသာ သိကြသည်။

ခုနစ်ရက်ကြာပြီးနောက် အစစ်အမှန်တာအိုဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည် တပည့်အများအပြားကို ခေါ်ဆောင်လျက် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းဆီသို့ ရောက်လာသည်။ သူက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဖမ်းဆီးခံထားရသော တပည့်များကို လာပြန်ရွေးခြင်း ဖြစ်သည်။ သူက ယန်ချီကို ပြန်လွှတ်ပေးလိုက်သည်။

ထို့ပြင် အစစ်အမှန်တာအိုဂိုဏ်းသည် နစ်နာကြေးအတွက် မူလကျောက်တုံးနှစ်သိန်းနှင့် ကျောက်စိမ်းတုံကင်ငါးဆယ်ကို ပေးအပ်ခဲ့သည်။

မှန်ပေသည်။ ထိုကိစ္စကို အပြင်လူများက မသိကြပေ။

ဟန်မူယဲ့က မူလကျောက်တုံးများကို လက်ခံလိုက်ပြီး အနောက်သို့ ဆုတ်လိုက်သည်။

ယွင်လန်တာအိုပညာရှင်နှင့် တခြားလူများက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ နေထိုင်ကြသည်။

သူတို့က အစစ်အမှန်တာအိုဂိုဏ်းနှင့် တိုက်ပွဲစတင်ရန် ဆန္ဒမရှိကြပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ခွန်အားက မလုံလောက်သေးသောကြောင့် ဖြစ်၏။

သူတို့၏ စွမ်းအားက အပေါ်ယံမျှသာ ဖြစ်၏။ သူတို့က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လေပြေအသွင်(၃၆)မျိုးကြောင့်သာ တာအိုပေါ်ထွက်ခြင်းအဆင့် ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်ကြခြင်း ဖြစ်သည်။

အစစ်အမှန်တာအိုဂိုဏ်းသည် အံ့ဖွယ်ကိုးပါးတောင်တန်းဒေသ၏ အသန်မာဆုံးဂိုဏ်းဖြစ်ပြီး တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူများကို နှစ်ပေါင်းများစွာကြာအောင် လိုက်ဖမ်းခဲ့သည်။ သို့ဖြစ်လေရာ သူတို့၏ အစစ်အမှန်အင်အားက အပေါ်ယံမြင်ရသမျှ အကုန်မဟုတ်သေးပေ။

ဥပမာ ကျောက်စိမ်းမှော်အဆောင်စံအိမ်သည် အစစ်အမှန်တာအိုဂိုဏ်းကို ရန်ပြုဝံ့သည်။ သို့သော် သူတို့က အစစ်အမှန်တာအိုဂိုဏ်းနှင့် တကယ်တိုက်ခိုက်ရန် ဆန္ဒမရှိပေ။

ဟန်မူယဲ့သည် ထိုကိစ္စများကို ဂရုမစိုက်ပေ။

ယခု သူဂရုစိုက်သည်မှာ မူလကျောက်တုံးနှစ်သိန်းကို အသုံးပြု၍ သူ၏ ကျင့်ကြံခြင်းစွမ်းအားကို မြှင့်တင်ရန် ဖြစ်သည်။

သူ၏ မရီဒျန်အားလုံးနှင့် သွေးကြောအမှတ်အားလုံးထဲမှာ မူလစွမ်းအားဖြင့် ပြည့်လျှံသွားသည်။ ထို့နောက် သူက သွေးချီရွှမ်အဆင့်သို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။

ဟန်မူယဲ့သည် သူ၏ ရုပ်ခန္ဓာကိုယ်ကို အန္တိမကန့်သတ်ချက်အထိ သန့်စင်ထားသည်။ သူ၏ ယခင်အတွေးအရဆိုလျှင် ယခု သူက ရွှမ်အဆင့်ကို ကျော်လွှားပြီး တာအိုပေါ်ထွက်ခြင်းအဆင့်ဆီသို့ တိုက်ရိုက် တတ်လှမ်းသွားလိမ့်မည်။

သို့သော်လည်း မိုးမြေစွမ်းအား၏ အပြောင်းအလဲကို သူသတိထားမိပြီးနောက် ထိုအတွေးကို စွန့်လွှတ်လိုက်သည်။ သူက မိုးမြေစွမ်းအားကို အသုံးပြု၍ သူ့ကိုယ်ပိုင်ရုပ်ခန္ဓာကိုယ်ကို ဆက်ပြီး ထုဆစ်သန့်စင်ရန် ကြံစည်ထားသည်။ ထို့ပြင် သူက မိုးမြေစွမ်းအားကို အသုံးပြု၍ အန္တိမကန့်သတ်ချက်အထိ ရောက်နေသော သူ၏ ရုပ်ခန္ဓာကိုယ်ကို ဖုံးကွယ်လိုက်သည်။

ထိုသို့လုပ်ဆောင်လိုက်သည့်အခါ သူက ကွဲပြားခြားနားမှုကို ခံစားမိသွားသည်။

မိုးမြေစွမ်းအားက သူ၏ ရုပ်ခန္ဓာကိုယ်ထဲမှ ရတနာသိုက်ဆီသို့ ဖြည်းညင်းစွာ စီးဆင်းလာသည်။ ယင်းက သူ၏ ရုပ်ခန္ဓာရတနာသိုက်ကို သိသိသာသာ ပြောင်းလဲသွားစေသည်။

ရွှမ်အဆင့်သည် ရတနာသိုက်ဖွင့်လှစ်ရသော နယ်ပယ်ဖြစ်သည်။

ရုပ်ခန္ဓာရတနာသိုက်… ။

ဟန်မူယဲ့ ပထမဆုံး ဖွင့်လှစ်လိုက်သော ရုပ်ခန္ဓာရတနာက ကောင်းကင်ဘုံမျက်လုံး ဖြစ်သည်။

ကောင်းကင်ဘုံမျက်လုံးသည် အရာဝတ္ထုအားလုံးကို အကြည့်တစ်ချက်ဖြင့် ထွင်းဖောက်မြင်နိုင်စွမ်းရှိသည်။

ဒီတော့ အမှန်တရားကုန်းမြေနဲ့ အထွတ်အမြတ်နယ်မြေရဲ့ လက်ရှိ မိုးမြေစွမ်းအားအခြေအနေက အဲ့ဒီလိုကို… ။

ရှေးခေတ်က အစွမ်းထက်ပုဂ္ဂိုလ်တွေ ဒီခေတ်မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတာ မထူးဆန်းတော့ပါဘူး…။

ဟန်မူယဲ့က ဒုတိယမြောက် ရုပ်ခန္ဓာရတနာကို ဆက်လက် ဖွင့်လှစ်လိုက်သည်။

“ ဓားအရိုးလား ”

“ လက်စသတ်တော့ ခန္ဓာကိုယ်ကို အရိုးအဖြစ် ပြောင်းလဲတာက ရတနာသိုက်ကို ဖွင့်လှစ်တဲ့ နည်းလမ်းတစ်ခုပဲ ”

All Chapters