← Chapters

အခန်း (၁၇၅၃)

Vol. 126 Ch. 1753

အခန်း (၁၇၅၃)

Vol. 126 Ch. 1753

ကျင်းလန်မြို့တော်မှ ကျောက်စိမ်းမှော်အဆောင်စံအိမ်သည် ဖီးနစ်ငိုသံမြို့တော်မှ ကျောက်စိမ်းမှော်အဆောင်စံအိမ်နှင့် လုံးဝ ကွဲပြားခြားနားသည်။

စံအိမ်သည် အရွယ်အစား အလွန်ကြီးမားပြီး အထပ်ခြောက်ထပ်ရှိသည်။ စံအိမ်၏ ပင်မထောင့်တိုင်များကို ကျောက်စိမ်းဖြင့် တည်ဆောက်ထားလေရာ အစိမ်းရောင်အလင်းက စံအိမ်တစ်ခုလုံးကို ထွန်းလင်းပေးနေသည်။

သို့ဖြစ်၍ မည်သူမဆို စံအိမ်ထဲသို့ ဝင်လိုက်သည်နှင့် နှလုံးသားနွေးထွေးမှုကို ခံစားရလိမ့်မည်။

ဤအထပ်ခြောက်ထပ်ပါ ကျောက်စိမ်းမှော်အဆောင်စံအိမ်သည် နေ့စဉ်နေ့တိုင်း အရေအတွက်များပြားသော မှော်အဆောင်များကို ရောင်းချသည်။ ထို့ကြောင့် စံအိမ်ထဲတွင် မှော်အဆောင်သခင်တစ်ပါးက အမြဲတမ်း ရှိသည်။

စံအိမ်၏ အနောက်ဘက်ခြံဝန်းထဲတွင် နန်းဆောင်များက အတန်းလိုက် တည်ရှိကြသည်။ နန်းဆောင်တစ်ခုစီတွင် နာမည်ကျော်ကြားသော မှော်အဆောင်သခင်တစ်ပါးက နေထိုင်သည်။

မှော်အဆောင်သခင်များသည် ပုံမှန်အားဖြင့် သူတို့၏ နန်းဆောင်ထဲမှာသာ ကျင့်ကြံကြသည်။ ကျောက်စိမ်းမှော်အဆောင်စံအိမ်ကို အုပ်ချုပ်ရမည့် သူတို့အလှည့်ကျလာသည့်အခါမှသာ သူတို့က စံအိမ်၏ တတိယအထပ်သို့ တတ်သွားပြီး မှော်အဆောင်များ သန့်စင်ကြလိမ့်မည်။

သူတို့က ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှ လူအများရှေ့မှာ မှော်အဆောင်များ သန့်စင်ပြီး ရောင်းချလိမ့်မည်။

…..

ထိုသို့လူအများအရှေ့မှာ မှော်အဆောင်များ သန့်စင်ခြင်းက အင်အားပြခြင်းတစ်မျိုး ဖြစ်၏။

တချို့မှော်အဆောင်သခင်များက ကျောက်စိမ်းမှော်အဆောင်စံအိမ်ကို နှစ်ရက် သို့မဟုတ် သုံးရက်ခန့် အုပ်ချုပ်ကြပြီး တချို့က တစ်လအထိ အုပ်ချုပ်ကြသည်။

မှော်အဆောင်သခင်အသီးသီး၏ မတူညီသော မှော်အဆောင်ရေးထွင်းနည်းက ကျင့်ကြံသူအများအပြား၏ စိတ်အာရုံကို ဆွဲဆောင်နိုင်သည်။ ထို့ပြင် နှစ်ပေါင်းများစွာအတွင်းမှာ သူတို့၏ မှော်အဆောင်များက တစ်ခုနှင့်တစ်ခု ထပ်သွားခြင်း မရှိပေ။

အထူးသဖြင့် ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲ၌ နာမည်ကျော်ကြားသော မှော်အဆောင်သခင်များ ဖြစ်ကြသည်။ သူတို့က ကျန်းလင်မြို့တော်ထဲမှာပင် နာမည်ကျော်ကြားကြသည်။ ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှာ သူတို့ထွက်ပေါ်လာသည်နှင့် မြို့တော်ထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက ကျောက်စိမ်းမှော်အဆောင်စံအိမ်ဆီသို့ ရောက်လာကြလိမ့်မည်။

ထိုအခါကျလျှင် စံအိမ်ထဲမှာ မရေမတွက်နိုင်သော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေလိမ့်မည်။

ဟန်မူယဲ့ကို လာရောက်ကြိုဆိုသော မှော်အဆောင်သခင်ကို ယုထန်ဟု ခေါ်သည်။ သူက ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲ၌ လူသိများကျော်ကြားသော မှော်အဆောင်သခင်များအနက် တစ်ယောက်ဖြစ်သည်။

မှော်အဆောင်သခင်ယုထန်က ဟန်မူယဲ့တို့အုပ်စုကို အရှေ့မှ လမ်းပြပေးနေရင်း ကျင်းလန်မြို့တော်၏ နာမည်ကျော်ကြားသော ရှုခင်းများအကြောင်း ရှင်းပြသည်။ တစ်ဆက်တည်းမှာ သူက ကျောက်စိမ်းမှော်အဆောင်စံအိမ်၏ စည်းမျဉ်းများကို ပြောပြသည်။

“ တာအိုရောင်းရင်းဟန်… ခင်ဗျားရဲ့ မှော်အဆောင်စွမ်းရည်အရ ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှာ ခင်ဗျားအတွက် နေရာတစ်နေရာ စီစဉ်ပေးထားပြီးပါပြီ ”

မှော်အဆောင်သခင်ယုထန်က ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

ဟန်မူယဲ့၏ မှော်အဆောင်များကို ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှာ မကြာခဏ မြင်တွေ့ရ၏။ မည်သို့ဖြစ်ပါစေ အတိတ်မှာ ဟန်မူယဲ့က မှော်အဆောင်များ ဖန်တီးခဲ့ပြီး ယင်းတို့ကို ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှာ ရောင်းချခဲ့သည်။

သူ၏ မှော်အဆောင်စွမ်းရည်ကို ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှ မှော်အဆောင်သခင်အများစုက အသိအမှတ်ပြုကြသည်။

မှော်အဆောင်သခင်ယုထန်အနောက်မှ လိုက်သွားရင်း ဟန်မူယဲ့က ကျောက်စိမ်းမှော်အဆောင်စံအိမ်ဆီသို့ ရောက်သွားသည်။

အထပ်ခြောက်ထပ်ပါသော အဆောက်အဦးထဲတွင် အစိမ်းရောင်အလင်းက ထွန်းလင်းနေသည်။ မှော်သင်္ကေတများက စံအိမ်၏ မျက်နှာကြက်နှင့် နံရံများပေါ်မှာ ရွေ့လျားစီးဆင်းနေကြသည်။ ယင်းက မြင်ရသူကို မျက်စိဖမ်းစားနိုင်စွမ်းရှိ၏။

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ ဝူချွမ်းနှင့် တခြားတပည့်များ၏ မျက်လုံးထဲမှာ အံ့ဩမှင်သက်သောအကြည့် ထွက်ပေါ်လာသည်။

ယွင်လန်တာအိုပညာရှင်ထံမှာပင် မိန်းမောတွေဝေသော အကြည့်ကို မြင်တွေ့ရ၏။

ဤကျောက်စိမ်းစံအိမ်သည် ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းတည်ရှိခဲ့သော ရတနာတစ်ခု ဖြစ်သည်။ ဖြစ်နိုင်သည်မှာ အတိတ်မှာ အစွမ်းထက်ပုဂ္ဂိုလ်တစ်ပါးက ဤစံအိမ်ကို သူ၏ နေအိမ်အဖြစ် အသုံးပြုခဲ့ဟန် ရသည်။

ထိုစံအိမ်ကို မြင်သောအခါ ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးဓားစံအိမ်ကို စဉ်းစားမိသွားသည်။

ကျောက်စိမ်းမှော်အဆောင်စံအိမ်၏ အတွင်းပိုင်းထဲသို့ ဝင်ရောက်သွားသည့်အခါ စံအိမ်၏ ကြီးမားကျယ်ပြောမှုကို အံ့အားသင့်စွာ မြင်ရသည်။ ဤသည်မှာ ကျောက်စိမ်းမှော်အဆောင်စံအိမ်က လေဟာနယ်စွမ်းအားကို ပိုင်ဆိုင်ထားသည့်အလားပင်။

သို့သော်လည်း ယင်းက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်၏။ အမှန်တရားကုန်းမြေတွင် လေဟာနယ်စွမ်းအားကို ထိန်းချုပ်ရန်သည် မဖြစ်နိုင်လုနီးပါး ခဲယဉ်း၏။

လက်ရှိတွင် ကျောက်စိမ်းမှော်အဆောင်စံအိမ်က တိတ်ဆိတ်ငြိမ်သက်နေသည်။ သို့တိုင် စံအိမ်၏ အထပ်တိုင်းမှာ မရေမတွက်နိုင်သော လူများဖြင့် ပြည့်နှက်နေသည်။

လူတိုင်း၏ အကြည့်က အလယ်မှ ခန်းမပေါ်သို့ ကျရောက်နေသည်။ ထိုနေရာတွင် အလင်းအမှောင်မြင်ကွင်းတစ်ခု ရှိသည်။ မြင်ကွင်းထဲတွင် ပုံရိပ်တစ်ခုက ကျောက်စိမ်းတုံကင်တစ်ခုကို ဖန်တီးသန့်စင်နေသည်။

“ အဲ့ဒါ မှော်အဆောင်သခင်ရှန်းချန် ”

မှော်အဆောင်သခင်ယုထန်က တိုးညင်းစွာ ပြောပြီး အလင်းအမှောင်မြင်ကွင်းထံသို့ လက်ညှိုးညွှန်လိုက်သည်။

ဟန်မူယဲ့က အလင်းအမှောင်မြင်ကွင်းကို လှမ်းကြည့်လိုက်သည်။ မြင်ကွင်းထဲတွင် ဝတ်စုံဖြူဝတ်ဆင်ထားသော မုတ်ဆိတ်ရှည်အဖိုးအိုတစ်ယောက်က မှော်သင်္ကေတများကို အလေးအနက် ရေးထွင်းနေသည်။

အဖိုးအို၏ အရှေ့တွင် ကျောက်စိမ်းတုံကင်က စတင်ရုပ်လုံးပေါ်နေပြီ ဖြစ်၏။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများက ကျောက်စိမ်းတုံကင်ထဲမှာ ရွေ့လျားစီးဆင်းနေကြသည်။

“ သစ်စိမ်းနွယ်မှော်အဆောင် ”

ဟန်မူယဲ့က နူးညံ့စွာ ရေရွတ်လိုက်သည်။

ထိုမှော်အဆောင်သည် ကျင့်ကြံခြင်းလောက၏ အချုပ်အနှောင်မှော်အဆောင်များနှင့် တူညီသည်။ သို့တိုင် ကွာခြားချက်တစ်ခုမှာ သစ်စိမ်းနွယ်မှော်အဆောင်က ရန်သူကို အချိန်အတော်ကြာ ချုပ်နှောင်နိုင်ပြီး ရန်သူ၏ စွမ်းအားကို သစ်စိမ်းနွယ်က စုပ်ယူနိုင်သည်။

ထိုသို့မှော်အဆောင်များကို ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာမှ ကျင့်ကြံသူများ အသုံးမပြုနိုင်ကြပေ။ များသောအားဖြင့် ယင်းတို့ကို ပြန်လည်မွေးဖွားခြင်းအဆင့် သတ္တမအလွှာနှင့် အဌမအလွှာမှ ကျင့်ကြံသူများသာလျှင် အသုံးပြုနိုင်ကြသည်။

ထိုသို့မှော်အဆောင်များကို ဝိညာဉ်ကျောက်စိမ်းမှော်အဆောင်များဟု ခေါ်ကြသည်။ ယင်းတို့က မှော်အဆောင်လက်နက်များ၏ အခြေခံလည်း ဟုတ်၏။

“ အမြင်စူးရှလိုက်တာ… ဒီက တာအိုရောင်းရင်းကလည်း မှော်အဆောင်သခင်လား ”

အနီးနား၌ မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်က အနောက်လှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူက ပြုံးလိုက်ပြီး မေးသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

လူတိုင်း၏ အကြည့်အောက်မှာ မှော်အဆောင်က တဖြည်းဖြည်း အသွင်ပြောင်းလဲသွားသည်။ မှော်သင်္ကေတများက ကျောက်စိမ်းတုံကင်ပေါ်မှာ ဖြည်းဖြည်းချင်း စုစည်းသွားကြသည်။

ပြီးမြောက်သွားပြီ… ။

မှော်အဆောင် ပြီးမြောက်သွားသည့်အခါ တစ်စုံတစ်ယောက်က အရှေ့ထွက်လာပြီး ယင်းကို ယူဆောင်သွားသည်။

တစ်ခဏကြာပြီးနောက် ဆူညံသံများက တတိယအထပ်မှ ထွက်ပေါ်လာသည်။ မကြာမီ ထိုကျောက်စိမ်းတုံကင်ကို မူလကျောက်တုံးသုံးသောင်းဖြင့် ရောင်းချခဲ့ကြောင်း ကြေညာလိုက်သည်။

ထိုသို့မှော်အဆောင်တစ်ခုက မူလကျောက်တုံးသုံးသောင်း တန်ဖိုးရှိသည်။

ယင်းက အမှန်တကယ်ပင် ကံကြမ္မာကောင်းတစ်ခု ဖြစ်သည်။

သို့သော်လည်း ထိုသို့မှော်အဆောင်များ ရေးထွင်းခြင်းက လွယ်ကူသောအလုပ် မဟုတ်ကြောင်း ဟန်မူယဲ့ သိသည်။ တစ်စုံတစ်ယောက်၏ ဝိညာဉ်စွမ်းအားက ဝိညာဉ်ရွှမ်အဆင့်၏ အကန့်အသတ်သို့ မရောက်နေလျှင် ထိုသို့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် နည်းစနစ်မှန်ကန်သော မှော်အဆောင်ရေးထွင်းနည်းကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းထားရမည်။

အနီးနားမှ ကျင့်ကြံသူများ၏ ပြောစကားအရ ထိုသို့အရည်အချင်းရှိသော မှော်အဆောင်သခင်များသည် ကျောက်စိမ်းမှော်အဆောင်တစ်ခုလုံးမှာပင် ဆယ်ယောက်ကျော်မျှသာ ရှိသည်။

ဝိညာဉ်ကျောက်စိမ်းမှော်အဆောင်များကို ဖန်တီးရန် အလွန်ခက်ခဲသည်။ မှော်အဆောင်သခင်တစ်ပါးသည် တစ်ရက်တည်းမှာ ဝိညာဉ်ကျောက်စိမ်းမှော်အဆောင် အများကြီးကို မပြုလုပ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသို့မှော်အဆောင်များ ဖန်တီးခြင်းက သူတို့၏ ဝိညာဉ်စွမ်းအားကို ကြီးမားစွာ ကုန်ဆုံးစေသည်။

အထူးသဖြင့် ရှေးခေတ်ကာလမှ ပြန်နိုးလာသော ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့၏ ဝိညာဉ်စွမ်းအားက အလွန်အားကောင်းသော်လည်း သူတို့က ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအားကို ကျင့်ကြံခြင်းဖြင့် ပြန်လည်အားမဖြည့်နိုင်ကြချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့က မျက်မှောက်ခေတ်၏ မိုးမြေစွမ်းအားနှင့် သဟဇာတမဖြစ်သောကြောင့် ဖြစ်သည်။

ဝိညာဉ်စွမ်းအားအနည်းငယ်ကို သူတို့အသုံးပြုလိုက်တိုင်း အဖိုးတန်ဆေးလုံးများနှင့် ရတနာများကို အသုံးပြု၍ ဝိညာဉ်စွမ်းအားကို ပြန်လည်အားဖြည့်ကြရသည်။ သူတို့မှာ ပြန်လည်အားဖြည့်ရန် တခြားရွေးချယ်စရာ မရှိပေ။

ထို့ကြောင့် ယွင်လန်တာအိုပညာရှင်ကဲ့သို့ ကျင့်ကြံသူများသည် တိုက်ပွဲများမှာ ဝိညာဉ်စွမ်းအားအများကြီး အသုံးပြုရန် တုံ့ဆိုင်းနေကြသည်။

သူတို့မှာ ဝိညာဉ်စွမ်းအား အများကြီးရှိလျှင်ပင် ယင်းတို့ကို မဆင်မခြင် အသုံးမပြုဝံ့ကြပေ။

မှော်အဆောင်သခင်ရှန်းချန် အလုပ်ပြီးစီးသွားသည်ကို အခွင့်ကောင်းယူ၍ မှော်အဆောင်သခင်ယုထန်က ဟန်မူယဲ့ကို တတိယအထပ်ဆီသို့ ခေါ်ဆောင်သွားသည်။

“ ဟား ဟား… အံ့ဖွယ်ကိုးပါးတောင်တန်းရဲ့ တာအိုရောင်းရင်းဟန်အကြောင်း ကျုပ်ကြားဖူးနေတာ ကြာပါပြီ… ခင်ဗျား ကျုပ်တို့ရဲ့ ကျောက်စိမ်းမှော်အဆောင်စံအိမ်ဆီ ရောက်လာတာက ဂုဏ်ယူစရာပါ ”

အရပ်ရှည်ပြီး ခန္ဓာကိုယ်ထွားကြိုင်းသော မှော်အဆောင်သခင်ရှန်းချန်က အပြုံးဖြင့် ပြောသည်။

“ လာ လာ… အားလုံးပဲ… ဒီတာအိုပညာရှင်ဟန်က အရည်အသွေးမြင့်တဲ့ မှော်အဆောင်တွေကို ဖန်တီးနိုင်တယ်… ခင်ဗျားတို့ လိုအပ်တာရှိရင် တာအိုရောင်းရင်းဟန်ကို အကူအညီတောင်းနိုင်တယ် ”

ရှန်းချန်က တတိယအထပ်မှာ စုဝေးနေကြသော ကျင့်ကြံသူများကို ကြည့်၍ ပြောသည်။

သူ့စကားကြောင့် ထိုကျင့်ကြံသူများက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။ သို့သော် အချိန်တစ်ခဏကြာသွားသည့်တိုင်အောင် မည်သူမှ မတောင်းဆိုကြချေ။

သူတို့က မှော်အဆောင်သခင်ရှန်းချန် ဖန်တီးလိုက်သော မှော်အဆောင်များအတွက် ယှဉ်ပြိုင်ရန် စိတ်အားထက်သန်ကြသည်။ သူတို့က တတိယအထပ်၌ ဆက်နေနေခြင်းမှာ မှော်အဆောင်သခင်ရှန်းချန်အား သူတို့အတွက် မှော်အဆောင်များ ဖန်တီးပေးရန် တောင်းဆိုချင်သောကြောင့် ဖြစ်သည်။

ယခု မှော်အဆောင်သခင်ရှန်းချန်က တခြားတစ်ယောက်အား လက်လွှဲပေးနေသည်။ ထို့ပြင် ထိုလူက သူတို့တစ်ခါမှ မကြားဖူးသော လူဖြစ်သည်။ ထို့ကြောင့် မည်သူမှ တောင်းဆိုရန် ဆန္ဒမရှိကြပေ။

မှော်အဆောင်ဖန်တီးခြင်းတွင် တစ်စုံတစ်ယောက်က ကြိုတင်စရံငွေ ပေးချေရသည်။ အကယ်၍ မှော်အဆောင်ဖန်တီးခြင်းက ကျရှုံးသွားမည်ဆိုလျှင်ပင် ကြိုတင်စရံငွေကို ပြန်မရနိုင်ပေ။

“ အဟန့် အဟန့်… တာအိုရောင်းရင်းဟန်ရဲ့ မှော်အဆောင်တွေကို ကျုပ်တို့ရဲ့ ကျောက်စိမ်းမှော်အဆောင်စံအိမ်ဆီမှာ ရောင်းချနေတာ နှစ်အတော်ကြာပါပြီ ”

မည်သူမှ ဟန်မူယဲ့ကို မှော်အဆောင်များ သန့်စင်ပေးရန် မတောင်းဆိုကြောင်း ယုထန်မြင်သောအခါ သူက ဝင်ပြောသည်။

အကယ်၍ ယနေ့ ဟန်မူယဲ့ကို မည်သူမှ မတောင်းဆိုလျှင် အခြေအနေက ကိုးရိုးကားရားဖြစ်သွားလိမ့်မည်။

မှော်အဆောင်သခင်ယုထန်၏ စကားကို ကြားသောအခါ အနက်ရောင်သံချပ်ကာဝတ် လူငယ်တစ်ယောက်က အရှေ့ထွက်လာသည်။

“ မှော်အဆောင်သခင်ဟန်… အစင်းသုံးခုချပ်ဝတ်မှော်အဆောင်ကို ကျုပ်ဝယ်ချင်ပါတယ် ”

အစင်းသုံးခုမှော်အဆောင်သည် ဝိညာဉ်ကျောက်စိမ်းမှော်အဆောင်ထက် တစ်ဆင့်သာ နိမ့်သည်။ ထိုသို့မှော်အဆောင်များသည် ပုံရိပ်ယောင်အသွင်ကို ဖွဲ့စည်းနိုင်ကြသည်။

မည်သို့ဖြစ်ပါစေ ယင်းက ယုတ္တိမရှိသောအရာ မဟုတ်ပေ။ ယနေ့ တတိယအထပ်သို့ ရောက်လာကြသူများသည် သာမညောင်ည ကျင့်ကြံသူများ မဟုတ်ကြပေ။ သူတို့က အဆင့်နိမ့်မှော်အဆောင်များကို စိတ်မဝင်စားကြပေ။

“ အစင်းသုံးခုမှော်အဆောင်လား ”

ယုထန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ဟန်မူယဲ့ဖန်တီးခဲ့သော မှော်အဆောင်များကို သူမြင်ဖူးသည်။ သို့သော်လည်း ယင်းတို့အားလုံးက အစင်းတစ်ခု သို့မဟုတ် အစင်းနှစ်ခုပါသော သာမန်မှော်အဆောင်များသာ ဖြစ်ကြသည်။ ဟန်မူယဲ့က အစင်းသုံးခုပါသော မှော်အဆောင်ကို ဖန်တီးနိုင်သည်လော သူသေချာမသိပေ။

အမှန်မှာ မှော်အဆောင်များ ဖန်တီးပေးရန် တောင်းဆိုရာတွင် မှော်အဆောင်သခင်၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုပေါ် မူတည်၍ ကန့်သတ်ချက်များရှိသည်။ ယနေ့ကဲ့သို့ မှော်အဆောင်သခင်တစ်ယောက်အား အထူးသတ်မှတ်ထားသော မှော်အဆောင်ကို တောင်းဆိုခြင်းက အလွန်ရှားပါး၏။

“ အစင်းသုံးခုချပ်ဝတ်မှော်အဆောင်လား ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ အဲ့ဒီအဆောင်ကို ငါသန့်စင်ပေးနိုင်တယ် ”

“ ဒါပေမဲ့ ငါ့ရဲ့ လက်မှုပညာအဖိုးအခက တခြားလူတွေထက် နှစ်ဆယ်ရာခိုင်နှုန်းပိုများတယ် ”

နှစ်ဆယ်ရာခိုင်နှုန်းပိုများတယ်လား…။

သူ့စကားက ဘေးပတ်ဝန်းကျင်မှ လူများကို အံ့ဩသွားစေသည်။

အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော လူငယ်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

“ မှော်အဆောင်သခင်ဟန်သာ ကျုပ်ပြောတဲ့ မှော်အဆောင်ကို သန့်စင်ပေးနိုင်မယ်ဆိုရင် နှစ်ဆယ်ရာခိုင်နှုန်းမပြောနဲ့ ငါးဆယ်ရာခိုင်နှုန်းဆိုလည်း ကိစ္စမရှိပါဘူး ”

All Chapters