အခန်း (၁၇၅၄)
Vol. 126 Ch. 1754
ကျောက်စိမ်းမှော်အဆောင်စံအိမ်၏ တတိယအထပ်… ။
ခန်းမထဲတွင် စားပွဲရှည်တစ်လုံး ရှိသည်။
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဟန်မူယဲ့က အရှေ့သို့ တည်ငြိမ်စွာ လျှောက်သွားပြီး သူ့လက်ဝါးကို စားပွဲရှည်ပေါ်မှ ကျောက်စိမ်းတုံကင်နှင့် ဓားမြှောင်ပေါ်သို့ တင်လိုက်သည်။
“ ဝီး ”
ကျောက်စိမ်းမှော်အဆောင်စံအိမ်၏ ခန်းမအလယ်တွင် အစောနက ပျောက်ကွယ်သွားခဲ့သော အလင်းအမှောင်မြင်ကွင်းက နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။
အလင်းအမှောင်မြင်ကွင်း ထွက်ပေါ်လာသည့်အခါတိုင်း ကျင့်ကြံသူများက ခေါင်းလှည့်လိုက်ကြပြီး မြင်ကွင်းကို ကြည့်လိုက်ကြသည်။
…..
“ မှော်အဆောင်သခင်ရှန်းချန် မဟုတ်ဘူးလား ”
“ ကြည့်ရတာ တခြားမှော်အဆောင်သခင်ကို ဖိတ်ခေါ်ခဲ့တာ ဖြစ်မယ်… သူ့ရဲ့ မှော်အဆောင်စွမ်းရည်က ဘယ်လိုလဲ ငါသိချင်မိတယ် ”
“ ငါသူ့ကို အရင်က တစ်ခါမှ မမြင်ဖူးဘူး… ကြည့်ရတာ သူက ကျောက်စိမ်းမှော်အဆောင်စံအိမ်ကို ရောက်လာတဲ့ မှော်အဆောင်သခင်အသစ် ဖြစ်မယ် ”
လူတိုင်း၏ စူးစမ်းလိုသော အကြည့်အောက်မှာ ဟန်မူယဲ့က ကျောက်စိမ်းတုံကင်နှင့် ဓားမြှောင်ကို ကောက်ယူလိုက်သည်။
သူ၏ လက်ဖဝါးထဲတွင် ဝိညာဉ်စွမ်းအားက ထွက်ပေါ်လာသည်။ ဝိညာဉ်စွမ်းအားက ကျောက်စိမ်းတုံကင်ထဲသို့ စီးဆင်းသွားသည့်အခါ တုံကင်က ထွန်းလင်းတောက်ပလာသည်။
“ ချက်ချင်း စတင်တာလား ”
“ သူ့ကြည့်ရတာ အရမ်းယုံကြည်မှုရှိပုံပဲ… သူက ပညာရှင်လား ”
ဟန်မူယဲ့ စတင်လှုပ်ရှားလိုက်သည်နှင့် တီးတိုးစကားသံများက ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
သူက ဓားမြှောင်ကို မြှောက်၍ ကျောက်စိမ်းတုံကင်ကို စတင်ရေးထွင်းလိုက်သည်။ အလင်းစီးကြောင်းများက ဓားမြှောင်၏ ထိပ်ဖျားပေါ်မှာ ထွက်ပေါ်လာကြသည်။ ထိုသို့ရေးထွင်းပေးနေစဉ် မှော်သင်္ကေတများ၏ မျဉ်းကြောင်းများက ကျောက်စိမ်းတုံကင်၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ မျဉ်းကြောင်းများက အပြန်အလှန် ယှက်ထွေသွားကြသည်။
သူ၏ လက်ဟန်လှုပ်ရှားမှုက စီးဆင်းနေသော ရေပမာ ဖြောင့်တန်းချောမွေ့သည်။ ယင်းက ကြည့်ရှုနေကြသော ကျင့်ကြံသူအားလုံးကို အသက်ရှူရန် မေ့လျော့သွားစေသည်။
“ ပြောင်မြောက်လှတဲ့ အတတ်ပညာ ”
မှော်အဆောင်သခင်ရှန်းချန်က ပြုံးလိုက်ပြီး မှတ်ချက်ပေးသည်။
သူ၏ ဘေးမှ မှော်အဆောင်သခင်ယုထန်သည်လည်း ခပ်ရေးရေး ပြုံးလိုက်သည်။
မှော်အဆောင်သခင်ဟန်၏ ထူးချွန်မှုကို ဟိုးယခင်ကတည်းက သူတို့ကြားဖူးကြသည်။ သို့သော်လည်း သူတို့က ဟန်မူယဲ့၏ မှော်အဆောင်ရေးထွင်းပုံကို တစ်ခါမှ ကိုယ်တိုင်မမြင်ဖူးကြချေ။
ယနေ့ သူတို့မြင်လိုက်ရသည့်အခါ သူတို့ကြားထားသည့်အတိုင်း အမှန်တကယ် ထူးချွန်ကြောင်း နားလည်သွားကြသည်။
ကြည့်ရသည်မှာ သူတို့၏ ကျောက်စိမ်းမှော်အဆောင်စံအိမ်က အရည်အချင်းရှိသော နောက်ထပ် မှော်အဆောင်သခင်တစ်ယောက်ကို ပိုင်ဆိုင်တော့မည့်ဟန် ရ၏။
“ ဝီး ”
ပထမမှော်သင်္ကေတအလွှာကို ရေးထွင်းပြီးနောက် ဟန်မူယဲ့၏ လက်ဝါးက အနည်းငယ် တုန်ယင်သွားသည်။ ဓားမြှောင်က နောက်တစ်ကြိမ် ရွေ့လျားသွားသည်။
“ ဒုတိယမှော်သင်္ကေတအလွှာလား ”
“ သူက တကယ့် ပညာရှင်ပဲ ”
လူအများစု တွေးထင်နေကြသည်မှာ ဟန်မူယဲ့က ကျောက်စိမ်းမှော်အဆောင်စံအိမ်သို့ ရောက်လာသော မှော်အဆောင်သခင်အသစ်တစ်ယောက်မျှသာ ဖြစ်၏။ ဟန်မူယဲ့က အစင်းနှစ်ခုပါ မှော်အဆောင်တစ်ခုကို တိုက်ရိုက် ရေးထွင်းလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။
ရှင်းလင်းစွာပင် သူက အရည်အချင်းရှိသော မှော်အဆောင်သခင်ဖြစ်သည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ စိတ်ဝိညာဉ်က တည်ငြိမ်အေးချမ်းနေသည်။ သူ၏ အရှေ့တွင် မှော်သင်္ကေတများက ရွေ့လျားစီးဆင်းနေကြသည်။ ဤသည်မှာ သူ၏ စိတ်ဝိညာဉ်က ထိုမှော်သင်္ကေတများနှင့်အတူ လွင့်မျောနေသည့်အလားပင်။
ယင်းက ကောင်းကင်ဘုံနှင့် လူသား တစ်သားတည်း ပေါင်းစည်းနေသော ခံစားမှု ဖြစ်သည်။ ယင်းကို သူမခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အထူးသဖြင့် အစစ်အမှန်ကုန်းမြေဆီသို့ သူရောက်လာပြီးနောက်ပိုင်း ဖြစ်၏။
လွင့်မျောနေသော မှော်သင်္ကေတများထဲတွင် မဖော်ပြနိုင်သော မိုးမြေစွမ်းအားက ကိန်းအောင်းနေသည်။
ယင်းတို့က ဤလောကမှ မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ ယင်းတို့က ရှေးခေတ်နှင့် ဆက်စပ်နေဟန် ရ၏။
ဒုတိယမှော်သင်္ကေတအလွှာ ပြီးမြောက်သွားသည့်အခါ ကျောက်စိမ်းတုံကင်က ထွန်းလင်းတောက်ပသော အရောင်အဝါကို ထုတ်လွှတ်လိုက်သည်။
ဟန်မူယဲ့ကို တောင်းဆိုခဲ့သော လူငယ်က ဝမ်းသာပျော်ရွှင်သွားသည်။ ထိုစဉ် ဟန်မူယဲ့က သူ၏ လက်ကို ထပ်မံ လှုပ်ရှားလိုက်သည်။
“ အစင်းသုံးခု… ”
“ အစင်းသုံးခုမှော်အဆောင်… သူက မဟာဆရာသခင်တစ်ပါးပဲ ”
“ သူက ဘယ်သူလဲ ”
အာမေဋိတ်သံများက ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က ဓားမြှောင်ကို သိမ်မွေ့စွာ လှုပ်ရှားနေသည်။ မကြာမီ တတိယမှော်သင်္ကေတအလွှာက ပြီးမြောက်သွားသည်။
သို့သော်လည်း သူ၏ ဓားမြှောင်က မရပ်တန့်သွားပေ။ သူက နောက်တစ်ကြိမ် စတင်ရေးထွင်းလိုက်သည်။
“ သူဘာလုပ်နေတာလဲ ”
“ မဖြစ်နိုင်တာ… အစင်းသုံးခုက အကန့်အသတ်လေ… မဟုတ်မှ သူက အမှန်တရားချိပ်တံဆိပ်ကို ရေးထွင်းနေတာလား… ဒါပေမဲ့ အဲ့ဒါဆို မှော်အဆောင်က ကျောက်စိမ်းမှော်အဆောင်မဟုတ်တော့ဘူး ”
အာမေဋိတ်သံများက ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှာ ထွက်ပေါ်လာသည်။
မှော်အဆောင်သခင်ရှန်းချန်နှင့် ယုထန်သည်လည်း စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးဝင်းလက်သွားကြသည်။
ကျောက်စိမ်းမှော်အဆောင်တစ်ခု၏ အမြင့်ဆုံးအဆင့်က အစင်းသုံးခု ဖြစ်သည်။ ထိုထက်ပိုမြင့်သော အဆင့်က ဝိညာဉ်ကျောက်စိမ်းမှော်အဆောင် ဖြစ်သည်။
ဝိညာဉ်ကျောက်စိမ်းမှော်အဆောင်သည် ပုံမှန်ကျောက်စိမ်းမှော်အဆောင်များဖြင့် ကွဲပြားခြားနားသည်။ အဓိကခြားနားချက် နှစ်ခုရှိသည်။ ပထမတစ်ချက်မှာ မှော်သင်္ကေတပြောင်းလဲမှုကို ခံနိုင်ရည်ရှိရမည့် ကျောက်စိမ်းဖြစ်သည်။ ဒုတိယတစ်ချက်မှာ ကျောက်စိမ်းပေါ်မှာ ရေးထွင်းမည့် မှော်သင်္ကေတများ ဖြစ်သည်။ ယင်းတို့က သာမန်မှော်သင်္ကေတများ မဟုတ်ရပေ။ ယင်းအစား အမှန်တရားသင်္ကေတများ ဖြစ်ရမည်။
အမှန်တရားသင်္ကေတများထဲမှာ မဟာတာအိုစွမ်းအား ပါရှိသည်။ တစ်စုံတစ်ယောက်က ရွှမ်အဆင့် ဝိညာဉ်စွမ်းအားကို မပိုင်ဆိုင်ထားလျှင် မဟာတာအိုစွမ်းအားကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။
တစ်ခုရှိသည်မှာ ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်က ထိုအဆင့်သို့ အတူတကွ ရောက်ရှိနေရမည်။ လျှို့ဝှက်အတတ်ပညာများကို အသုံးပြု၍ ရွှမ်အဆင့် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသူများသည် မဟာတာအိုစွမ်းအားကို ထုတ်ဖော်နိုင်ကြလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် မှော်အဆောင်သခင်များထဲတွင် ဝိညာဉ်ကျောက်စိမ်းမှော်အဆောင်ကို သန့်စင်နိုင်သူများက အရေအတွက် အလွန်နည်းပါးသည်။
“ ဝီး ”
ဟန်မူယဲ့၏ လက်ဖဝါးပေါ်မှ ကျောက်စိမ်းတုံကင်ပေါ်တွင် မှော်သင်္ကေတအလွှာသုံးလွှာက အပြန်အလှန် ထပ်ဆင့်သွားကြသည်။ မူလက ထွန်းလင်းတောက်ပနေသော အလင်းက တိမ်တိုက်ပုံသဏ္ဍာန် အမှတ်အသားအဖြစ် ပြောင်းလဲသွားပြီး ကျောက်စိမ်းတုံကင်ပေါ်မှာ နက်ရှိုင်းစွာ နစ်မြုပ်သွားသည်။
“ အဲ့ဒါ မှော်သင်္ကေတအလွှာသုံးလွှာရဲ့ အပြင်ဘက်က တခြားမှော်သင်္ကေတမဟုတ်ဘူး… အဲ့ဒီအစား မှော်သင်္ကေတသုံးခုကို တစ်ပြိုင်နက်တည်း ထောက်ပံ့ပေးမယ့် အပိုမှော်သင်္ကေတအလွှာတစ်ခုပဲ ”
ဟန်မူယဲ့၏ မှော်သင်္ကေတရေးထွင်းနည်းကို ကြည့်ရှုနေစဉ် မှော်အဆောင်သခင်ရှန်းချန်၏ မျက်နှာပေါ်မှာ အံ့ဩသောအမူအရာ ထွက်ပေါ်လာသည်။
“ တာအိုရောင်းရင်းဟန်… ခင်ဗျား ကျုပ်ကို အဲ့ဒီမှော်အဆောင်ရောင်းပါလား ”
“ ကျုပ် မူလကျောက်တုံးရှစ်ထောင်ပေးပါမယ် ”
ကျောက်စိမ်းမှော်အဆောင်တစ်ခု၏ ပုံမှန်တန်ကြေးက မူလကျောက်တုံးတစ်ထောင်နှင့် ငါးထောင်ကြားမှာ တည်ရှိသည်။ ထို့ကြောင့် မှော်အဆောင်သခင်ရှန်းချန်ပေးသော မူလကျောက်တုံးရှစ်ထောင်က အလွန်များပြားသည်ဟု ဆိုနိုင်၏။
အစတွင် ဟန်မူယဲ့သည် သူဖန်တီးသော မှော်အဆောင်များ၏ ဈေးနှုန်းက ပုံမှန်ထက် နှစ်ဆယ်ရာခိုင်နှုန်း ပိုများပြားမည်ဟု ပြောခဲ့သည်။ မူလကျောက်တုံးရှစ်ထောင်က နှစ်ဆယ်ရာခိုင်နှုန်းမကပေ။
“ မှော်အဆောင်သခင်ရှန်းချန်… ဒီမှော်အဆောင်က အဲ့ဒီကျင့်ကြံသူပိုင်တဲ့ဟာပါ ”
ဟန်မူယဲ့က အနက်ရောင်ချပ်ဝတ် ဝတ်ထားသော လူငယ်ကို လှည့်ကြည့်လိုက်သည်။
လူငယ်သည် ဟန်မူယဲ့၏ လက်ထဲမှ ကျောက်စိမ်းတုံကင်ကို ကြည့်လိုက်သည့်အခါ တုံ့ဆိုင်းသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သူက ကျဉ်းထဲကျပ်ထဲသို့ ရောက်နေသည်။
အကယ်၍ သူက ထိုမှော်အဆောင်ကို လက်လွှတ်လိုက်မည်ဆိုလျှင် ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲ၌ နာမည်ကျော်ကြားသော မှော်အဆောင်သခင်တစ်ယောက်၏ မျက်နှာသာပေးမှုကို သေချာပေါက် ရရှိလိမ့်မည်။
သို့သော်လည်း ထိုကျောက်စိမ်းမှော်အဆောင်က အလွယ်တကူ သူလက်လွှတ်နိုင်သောအရာ မဟုတ်ပေ။
ကျောက်စိမ်းမှော်အဆောင်ကို ဟန်မူယဲ့ သန့်စင်ခဲ့သော နည်းလမ်းက တမူထူးခြားသည်။ သို့ဖြစ်၍ ထိုကျောက်စိမ်းမှော်အဆောင်က သာမန်ထက် တမူထူးခြားလိမ့်မည်။
လူငယ်၏ မျက်နှာအမူအရာကို သတိထားမိသောအခါ မှော်အဆောင်သခင်ရှန်းချန်က တစ်ခဏ တွေးတောလိုက်သည်။ ထို့နောက် သူက ပေါ့ပါးစွာ ရယ်လိုက်ပြီး ပြောသည်။
“ ဒါဆိုရင် ဒီကျောက်စိမ်းမှော်အဆောင်က ဘယ်လိုအစွမ်းထက်လဲ ကျုပ်မြင်နိုင်မလား ”
အနက်ရောင်ချပ်ဝတ်နှင့် လူငယ်က တစ်ခဏ အံ့ဩသွားပြီးနောက် အမြန်ခေါင်းညိတ်လိုက်သည်။ သူက ဟန်မူယဲ့၏ လက်ထဲမှ မှော်အဆောင်ကို လှမ်းယူလိုက်သည်။
“ ဝီး ”
ကျောက်စိမ်းတုံကင်ပေါ်မှ အလင်းစီးကြောင်းက ရွှေရောင်မှော်သင်္ကေတများအဖြစ် ဖွဲ့စည်းသွားသည့်အခါ ပဲ့တင်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် လေထဲမှာ အစိမ်းရောင်ချပ်ဝတ်တစ်ထည် ထွက်ပေါ်လာသည်။
ချပ်ဝတ်က စစ်မှန်ပြီး လူငယ်၏ ခန္ဓာကိုယ်ပေါ်သို့ ထပ်ဆင့်လွှမ်းခြုံသွားသည်။
ယင်းက အစင်းသုံးခုချပ်ဝတ်မှော်အဆောင် ဖြစ်သည်။ မှော်အဆောင်ထဲမှာ ကိန်းအောင်းနေသော စွမ်းအားက ပြန်လည်မွေးဖွားခြင်းအဆင့် အဌမအလွှာမှ တိုက်ပွဲစွမ်းအားကို ခုခံနိုင်သည်။
နောက်အခိုက်အတန့်မှာ လူငယ်၏ မျက်နှာပေါ်တွင် အံ့ဩသောအမူအရာ ထွက်ပေါ်လာသည်။
“ ဘန်း ”
သူ၏ ဘေးပတ်ဝန်းကျင်တွင် ပုံသဏ္ဍာန်တူညီသော နောက်ထပ်ချပ်ဝတ်နှစ်ထည် ထွက်ပေါ်လာသည်။
ဘယ်လိုလုပ် ချပ်ဝတ်က သုံးစုံဖြစ်နေတာလဲ… ။
“ အဲ့ဒါက မှော်အဆောင်ထဲက အမှန်တရားစွမ်းအားကို အသက်သွင်းနိုင်တဲ့ ထပ်ဆင့်လွှမ်းခြုံနည်းစနစ်ပဲ ”
မှော်အဆောင်သခင်ရှန်းချန်က သူ့အရှေ့မှ ချပ်ဝတ်သုံးထည်ကို ကြည့်နေရင်း စိတ်လှုပ်ရှားစွာ ပြောသည်။ ယခု သူ၏ မျက်လုံးက စူးရှတောက်ပနေသည်။
“ အမှန်တရားစွမ်းအား… အမှန်တရားသင်္ကေတတွေကို တုပဖို့အတွက် မှော်အဆောင်အတတ်ပညာကို အသုံးပြုနိုင်တယ်လား ”
မှော်အဆောင်သခင်ယုထန်သည် သူ့အရှေ့မှ ချပ်ဝတ်သုံးထည်ကို ကြည့်နေရင်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ အဲ့ဒီသုံးခုစလုံးက အစစ်အမှန်လား ”
မှော်အဆောင်သခင်ရှန်းချန်က ခေါင်းညိတ်လိုက်သည်။
“ အဲ့ဒီသုံးခုစလုံးက အစစ်အမှန်တွေ… သူတို့ကို တစ်ခုတည်း ပေါင်းစည်းလို့ရသလို သုံးခုခွဲထုတ်လို့လည်း ရတယ်… ဒီချပ်ဝတ်မှော်အဆောင်က ချပ်ဝတ်မှော်အဆောင်သုံးခုရှိတာနဲ့ ညီမျှတယ် ”
မှော်အဆောင်တစ်ခုက ချပ်ဝတ်သုံးခုအစွမ်းကို ပိုင်ဆိုင်ထားခြင်းသည် သာမန်စွမ်းအားတိုးပွားရုံမျှသာ မဟုတ်ပေ။
ပုံမှန်အားဖြင့် မှော်အဆောင်သုံးခုကို ထိန်းချုပ်ရန် မူလစွမ်းအားအများအပြားနှင့် ကြီးမားသော ဝိညာဉ်စွမ်းအားကို လိုအပ်လိမ့်မည်။ သို့သော်လည်း ယခု မှော်အဆောင်တစ်ခုကို ထိန်းချုပ်ရုံဖြင့် လုံလောက်သွားလိမ့်မည်။
“ မှော်အဆောင်သခင်ဟန် အဲ့ဒီမှော်အဆောင်အတွက် မူလကျောက်တုံးတစ်သောင်းကို ကျုပ်ပေးပါမယ် ”
အဝေး၌ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
“ မှော်အဆောင်သခင်ဟန်… ကျုပ် မူလကျောက်တုံးငါးသောင်း ပေးပါမယ်… ကျေးဇူးပြုပြီး ကျုပ်ကို မှော်အဆောင်တစ်ခု သန့်စင်ပေးပါ ”
အခြားတစ်နေရာတွင် တစ်စုံတစ်ယောက်က ဟန်မူယဲ့ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
ခန်းမထဲတွင် မှော်အဆောင်သခင်ယုထန်နှင့် မှော်အဆောင်သခင်ရှန်းချန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြုံးလိုက်ကြသည်။
ဟန်မူယဲ့၏ စွမ်းရည်ပြသမှုက သူတို့၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။ ယခု ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှ ကျင့်ကြံသူအများအပြားက ဟန်မူယဲ့အား မှော်အဆောင်များ သန့်စင်ပေးရန် တောင်းဆိုလာကြသည်။
“ တာအိုရောင်းရင်းဟန်… တကယ်လို့ ခင်ဗျား ဆန္ဒရှိမယ်ဆိုရင် ဘာလို့ ဒီမှာ ရက်နည်းနည်းလောက် နေပြီး မှော်အဆောင်တွေ မသန့်စင်တာလဲ ”
မှော်အဆောင်သခင်ရှန်းချန်က ပေါ့ပါးစွာ ရယ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး မှော်အဆောင်သခင်ရှန်းချန်ကို အရိုအသေပေးလိုက်သည်။
“ ကျေးဇူးတင်ပါတယ်… မှော်အဆောင်သခင်ရှန်းချန် ”
ကျောက်စိမ်းမှော်အဆောင်စံအိမ်ကို ကြီးကြပ်ရင်း မှော်အဆောင်များ သန့်စင်ကာ မူလကျောက်တုံးများ ရှာဖွေခြင်းသည် တာအိုပညာရှန်းချန် သူ့အား ပေးသော အခွင့်အရေးတစ်ခု ဖြစ်သည်။
လက်တလော၌ မူလကျောက်တုံးများ ပြတ်လပ်နေသော ဟန်မူယဲ့က ထိုအခွင့်အရေးကို ငြင်းဆန်လိမ့်မည် မဟုတ်ပေ။ သူက ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှာ နေထိုင်ပြီး ဆယ်ရက်ကြာအောင် မှော်အဆောင်များ သန့်စင်ပေးခဲ့သည်။
ထိုဆယ်ရက်အတွင်းတွင် ကျောက်စိမ်းမှော်အဆောင်စံအိမ်သည် ဟန်မူယဲ့အား မှော်အဆောင်များ သန့်စင်ခိုင်းရန် ရောက်လာကြသော ကျင့်ကြံသူများကြောင့် အလုပ်များခဲ့သည်။
ဝိညာဉ်ကျောက်စိမ်းမှော်အဆောင်များအပြင် အမှန်တရားသင်္ကေတများပါဝင်သော တခြားမှော်အဆောင်များကိုလည်း သူဖန်တီးခဲ့သည်။
ထိုထဲတွင် ရောင်းအားအကောင်းဆုံးက သုံးလွှာထပ်ဆင့် နည်းစနစ်ဖြင့် ဖန်တီးထားသော ကျောက်စိမ်းမှော်အဆောင် ဖြစ်သည်။
ဆယ်ရက်အတွင်းမှာ သူက စုစုပေါင်း မှော်အဆောင်ရှစ်ဆယ်ကို ဖန်တီးသန့်စင်ခဲ့သည်။ ကျောက်စိမ်းမှော်အဆောင်စံအိမ်ကို ပေးရမည့် အခွန်ခနှင့် ကျောက်စိမ်းတုံကင်များ၏ ကုန်ကျငွေကို ဖယ်လိုက်သည့်အခါ သူက မူလကျောက်တုံးတစ်သန်းကို ပိုင်ဆိုင်သွားသည်။
မူလကျောက်တုံးတစ်သန်းသည် သူ့အား အချိန်တစ်ခဏ ကျင့်ကြံနိုင်စေရန် လုံလောက်သည်။
“ တာအိုရောင်းရင်းဟန်… လေပြင်းမျှော်စင်က ခင်ဗျားကို ဖိတ်ခေါ်နေတယ် ”
မှော်အဆောင်သခင်ယုထန်က ဟန်မူယဲ့ကို ဖိတ်စာတစ်ခု ကမ်းပေးလိုက်သည်။
“ လေပြင်းမျှော်စင်က ကျောက်စိမ်းမှော်အဆောင်တွေ ရောင်းချတဲ့နေရာမှာ ကျုပ်တို့ရဲ့ ကျောက်စိမ်းမှော်အဆောင်စံအိမ်ကို အမြဲတမ်း ယှဉ်ပြိုင်နေပါတယ် ”
“ ဒါပေမဲ့ သူတို့ရဲ့ မျှော်စင်သခင်က တာအိုပေါ်ထွက်ခြင်းအဆင့်ကို ကျော်လွန်သွားပြီလို့ ပြောကြပါတယ်… ဒါကြောင့် ကျောက်စိမ်းမှော်အဆောင်စံအိမ်က သူတို့ကို ရန်မပြုရဲပါဘူး ”
မှော်အဆောင်သခင်ယုထန်က ဖိတ်စာကို ဟန်မူယဲ့၏ လက်ထဲသို့ ထည့်ပေးပြီးနောက် နူးညံ့စွာ ပြောသည်။
“ အဲ့ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ တာအိုရောင်းရင်းဟန်ရဲ့ ဆန္ဒပေါ်မှာပဲ မူတည်ပါတယ် ”