← Chapters

အခန်း (၁၇၆၂)

Vol. 126 Ch. 1762

အခန်း (၁၇၆၂)

Vol. 126 Ch. 1762

“ ဘယ်က တောသားလဲ ”

ထျန်းရွှမ်တာအိုဂိုဏ်း၏ ဝင်ပေါက်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။

ဝတ်စုံဖြူဝတ်ဆင်ထားသော လူငယ်ကျင့်ကြံသူနှစ်ယောက်က ဘေးချင်းကပ်၍ လမ်းလျှောက်နေကြသည်။ သူတို့၏ ကိုယ်ဟန်အမူအရာက သိမ်မွေ့ညင်သာပြီး သူတို့ထံမှ အလွန်အားကောင်းသော သွေးချီအရှိန်အဝါက ထွက်ပေါ်နေသည်။

ရှင်းလင်းစွာပင် သူတို့နှစ်ယောက်က ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်မှာ ဖြစ်ကြသည်။

“ အကိုရွှမ်းလျန်… အကိုရွှမ်းချန် ”

အစောင့်က အနောက်လှည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ အံ့ဩမှုနှင့် ရိုသေလေးစားသော အမူအရာ ထွက်ပေါ်လာသည်။

“ ဂိုဏ်းတူအကိုတို့ကို လေးစားစွာ တင်ပြပါတယ်… အဲ့ဒါ ဆွေးနွေးပွဲတတ်ဖို့ ရောက်လာတဲ့ မိုင်တစ်သိန်းအဝေးက အံ့ဖွယ်ကိုးပါးတောင်တန်းက တပည့်တစ်ယောက်ပါ ”

အစောင့်က ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

“ ဂိုဏ်းတူဦးလေးယွမ်ထိုင်က ဒီဆွေးနွေးပွဲ ကျင်းပဖို့ မလွယ်ဘူးပြောပါတယ်… ဒါကြောင့် ကျုပ်တို့က နာမည်မရှိတဲ့ နေရာတွေကနေ ရောက်လာကြတဲ့ လူတွေကို သေသေချာချာ စစ်ဆေးရပါမယ် ”

“ ပြီးတော့ ဒီတစ်ခေါက် ဆွေးနွေးပွဲက အကုန်အကျအရမ်းများပါတယ်… အကုန်အကျသက်သာဖို့ နည်းလမ်းတချို့ ကျုပ်တို့ရှာဖွေရပါမယ် ”

အစောင့်ထံမှ စကားက ထျန်းရွှမ်တာအိုဂိုဏ်း၏ တပည့်နှစ်ယောက်ကို ပြုံးသွားစေသည်။

“ ဂိုဏ်းတူဦးလေးယွင်ထိုင်လို ပုဂ္ဂိုလ်ကပဲ ဒီလောက်ကြီးမားတဲ့ ဆွေးနွေးပွဲမှာ အမြတ်ရှာဖွေဖို့ စဉ်းစားရဲလိမ့်မယ် ”

ခန္ဓာကိုယ်ပိန်ပါးပြီး အရပ်ရှည်သော ရွှမ်းချန်က ခေါင်းယမ်းလိုက်ပြီး ပြောသည်။

“ ဒီဆွေးနွေးပွဲက ငါတို့ထျန်းရွှမ်တာအိုဂိုဏ်း နာမည်ကျော်ကြားလာအောင် လုပ်နိုင်မယ့် အခွင့်အရေးတစ်ခုပဲ ”

“ အဲ့ဒီအတိုင်း ထားလိုက်ပါ… ဒီဆွေးနွေးပွဲအတွက် ငါတို့ဂိုဏ်းက အကြီးအကဲတွေက ငွေကုန်ကြေးကျ အများကြီး ခံထားတာ ”

ရွှမ်းလျန်က ပြုံးလိုက်ပြီး အောက်သို့ ဆင်းသွားသည်။ သူက ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။ သူက အနောက်လှည့်လိုက်ပြီး အစောင့်ကို ကြည့်လိုက်သည်။

“ ဒါနဲ့… စောစောက လူက အံ့ဖွယ်ကိုးပါးတောင်တန်းရဲ့ ဘယ်ဂိုဏ်းကလဲ ”

“ ကြည့်ရတာ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ဖြစ်မယ်ထင်တယ် ”

အစောင့်က ပြန်ပြောသည်။

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းလား ”

ရွှမ်းလျန်က မျက်မှောင်ကြုတ်လိုက်သည်။

“ အဲ့ဒီနာမည်ကို တစ်နေရာရာမှာ ငါကြားဖူး… ”

သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူက လေးနက်စွာ ပြောသည်။

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဟန်မူယဲ့က ရှိန်လောက်စရာကောင်းတဲ့ မှော်အဆောင်သခင်လို့ ပြောကြတယ် ”

ထိုစကားက အစောင့်ကို မျက်နှာဖြူဖျော့သွားစေသည်။

ရွှမ်းချန်၏ အမူအရာက တည်ကြည်သွားသည်။

“ အဲ့ဒါ တကယ်ပဲ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းလား ”

“ ဟန်မူယဲ့ရဲ့ ဂုဏ်သတင်းက ကောလဟာလဖြစ်ဖို့ ငါမျှော်လင့်တယ်… မဟုတ်ရင် ဒုက္ခရောက်ကုန်လိမ့်မယ်… ”

…..

တုန်လင်းမြို့တော်ထဲဝယ်… ။

မြို့တော်၏ အနောက်ဘက်အရပ်၌ လူအစည်ကားဆုံးဖြစ်သော တုန်ယွမ်လမ်း တည်ရှိသည်။

ဟန်မူယဲ့သည် တုန်ယွမ်လမ်းထဲမှ အထပ်ငါးထပ်ပါ အဆောက်အဦးတစ်ခု၏ အပေါ်ဆုံးအထပ်တွင် မုတ်ဆိတ်ဖြူအကြီးအကဲနှစ်ယောက်ကို မျက်နှာချင်းဆိုင်လျက် ထိုင်နေသည်။

ယွင်လန်တာအိုပညာရှင်နှင့် တာအိုပေါ်ထွက်ခြင်းအဆင့် တခြားအကြီးအကဲများက ဘေးမှာ ထိုင်နေကြသည်။ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ တပည့်များသည်တော့ အနောက်ဘက်ခြံဝန်းထဲမှာ အနားယူနေကြသည်။

ဤအဆောက်အဦးသည် တုန်လင်းမြို့တော်ထဲမှ ကျောက်စိမ်းမှော်အဆောင်စံအိမ်ဖြစ်သည်။ ဤနေရာတွင် တာအိုပေါ်ထွက်ခြင်းအဆင့် မှော်အဆောင်သခင်သုံးပါး နေထိုင်ကြသည်။

ယနေ့ ဟန်မူယဲ့ကို လက်ခံကြိုဆိုသူများက တာအိုပေါ်ထွက်ခြင်းအဆင့် မှော်အဆောင်သခင်များဖြစ်သော အကြီးအကဲကျူးဝူတိုင်နှင့် တာအိုပညာရှင်ပိုင်ကျိတို့ ဖြစ်ကြသည်။

“ တာအိုရောင်းရင်းဟန်ကို ဒီနေ့ မြင်တွေ့ရတာ ကျုပ်တို့အတွက် ကောင်းချီးမင်္ဂလာပါပဲ… တာအိုရောင်းရင်းဟန်ရဲ့ ဂုဏ်သတင်းကို ကျုပ်တို့ကြားဖူးနေတာ ကြာပါပြီ ”

အကြီးအကဲကျူးဝူတိုင်က စကားပြောပြီးနောက် ကျောက်စိမ်းတုံကင်တစ်ခုကို ထုတ်လိုက်ပြီး ဟန်မူယဲ့ကို ကမ်းပေးလိုက်သည်။

“ အဲ့ဒီကျောက်စိမ်းတုံကင်က ထျန်းရွမ်တာအိုဂိုဏ်း ရှာတွေ့ထားတဲ့ အမွေအနှစ်တုံကင်ပါ… တကယ်တော့ တုန်လင်းမြို့တော်ထဲက မှော်အဆောင်သခင်အများကြီးက အဲ့ဒါကို စစ်ဆေးလေ့လာဖူးကြပါတယ် ”

“ အဲ့ဒီအမွေအနှစ်က အထွတ်အမြတ်နယ်မြေရဲ့ မှော်အဆောင်ပညာနဲ့ သွေဖယ်နေတဲ့ပုံပါပဲ… ဒါကြောင့် အခြေခံအားဖြင့် ဘယ်သူမှ အဲ့ဒါရဲ့ အနှစ်သာရကို ရှာမတွေ့သေးပါဘူး ”

“ ဒါပေမဲ့ ဒီအမွေအနှစ်တုံကင်နဲ့ အတူရှိနေတဲ့ ကျောက်စိမ်းမှော်အဆောင်တချို့က သာလွန်ထူးခြားတဲ့ စွမ်းအားကို ထုတ်ဖော်ပြခဲ့ပါတယ်… ဒါကြောင့် ဒီအမွေအနှစ်တုံကင်က သေချာပေါက် တန်ဖိုးကြီးမားပါတယ် ”

အကြီးအကဲကျူးဝူတိုင်၏ ပြောစကားအရ ထိုကျောက်စိမ်းမှော်အဆောင်များ၏ စွမ်းအားက ခြေလှမ်းဝက် ရွှမ်အဆင့် ကျင့်ကြံသူများကို စစ်မှန်သော ရွှမ်အဆင့် ကျင့်ကြံသူများအား တိုက်ခိုက်နိုင်စေသည်။

ထိုသို့မှော်အဆောင်များက အလွန်အမင်း သန်မာသည်။

ဟန်မူယဲ့က ကျောက်စိမ်းတုံကင်ကို ယူလိုက်ပြီး သူ၏ ဝိညာဉ်ကို အထဲသို့ စေလွှတ်လိုက်သည်။ နက်နဲသိမ်မွေ့သော နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ကျောက်စိမ်းတုံကင်ထဲမှ မပြည့်စုံသော မှော်သင်္ကေတများထဲမှာ တာအိုသွေဖယ်သော စွမ်းအားတစ်စွန်းတစ်စ ပါဝင်နေသည်။

ယင်း၏ ဆိုလိုရင်းမှာ အကယ်၍ ထိုမှော်သင်္ကေတများသာ ပြီးပြည့်စုံမည်ဆိုလျှင် ယင်းက အထွတ်အမြတ်နယ်မြေ၏ ကောင်းကင်ဘုံတာအိုစွမ်းအားကို ဖိနှိပ်နိုင်လိမ့်မည်။

သူ၏ လက်ထဲ၌ ကျောက်စိမ်းတုံကင်ကို ဆုပ်ကိုင်ထားနေရင်း ဟန်မူယဲ့က ဆင်ခြင်သုံးသပ်လိုက်သည်။

မူလက ပျက်စီးနေသော မှော်သင်္ကေတများက ထောင်သောင်းချီသော မှော်အဆောင်များအဖြစ် ပြောင်းလဲသွားကြသည်။

ထိုမှော်အဆောင်ထောင်သောင်းချီက သာလွန်ထူးခြားသော စွမ်းအားကို ထုတ်လွှတ်နိုင်ကြသည်။

အဲ့ဒါ တာအိုသွေဖယ်မှော်အဆောင်ရဲ့ စွမ်းအားလား… ။

ထိုမှော်အဆောင်အားလုံးကို မှတ်သားပြီးနောက် ဟန်မူယဲ့က ကျောက်စိမ်းတုံကင်ကို ပြန်ပေးလိုက်သည်။

ဟန်မူယဲ့၏ မထူးမခြားနား အမူအရာကို သတိထားမိသောအခါ အကြီးအကဲကျူးဝူတိုင်က ကျောက်စိမ်းတုံကင်ကို ပြန်ယူလိုက်ပြီး ပေါ့ပါးစွာ ရယ်လိုက်သည်။

“ ခင်ဗျား နားမလည်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး… တုန်လင်းမြို့တော်ထဲက ဘယ်သူမှ အဲ့ဒါကို နားမလည်ကြဘူး… မဟုတ်ရင် ထျန်းရွှမ်တာအိုဂိုဏ်းက အနယ်နယ်အရပ်ရပ်က မှော်အဆောင်သခင်တွေကို ဘာလို့ ဖိတ်ကြားမှာလဲ ”

“ တာအိုရောင်းရင်းဟန် ကျုပ်ရဲ့ ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှာ အေးအေးဆေးဆေး အနားယူနေပါ… အချိန်ကျလာတဲ့အခါ ကျုပ်တို့အတူတူ ဆွေးနွေးပွဲ သွားတတ်ကြတာပေါ့ ”

“ ထျန်းရွှမ်တာအိုဂိုဏ်းရဲ့ မိတ်ဆွေတချို့က ကျုပ်တို့ကို ဖိတ်ကြားထားတယ်… ကျုပ်ရဲ့ ကျောက်စိမ်းမှော်အဆောင်စံအိမ်က မှော်အဆောင်သခင်တချို့က မအားကြဘူး… တာအိုရောင်းရင်ဟန်ရောက်လာတာ အချိန်ကိုက်ပါပဲ ”

…..

ဟန်မူယဲ့သည် ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှာ နေထိုင်နေစဉ်အတွင်း ကျောက်စိမ်းမှော်အဆောင်နှစ်ခုကို သန့်စင်လိုက်ပြီး ယင်းတို့ကို ရောင်းချရန် စံအိမ်သို့ ပေးလိုက်သည်။

ယင်းက သူ့ကိုယ်ပိုင်မှော်အဆောင်စွမ်းရည်ကို ပြသခြင်း ဖြစ်သည်။

ထိုကျောက်စိမ်းမှော်အဆောင်နှစ်ခုကို ရေးထွင်းခဲ့သော နည်းစနစ်ဖြစ်စေ သို့မဟုတ် မှော်သင်္ကေတများဖြစ်စေ ယင်းတို့က ထိပ်တန်းအဆင့်မှာ ဖြစ်ကြသည်။

ထိုကျောက်စိမ်းမှော်အဆောင်နှစ်ခုကို စံအိမ်တွင် မရောင်းချခဲ့ပေ။ ယင်းအစား တာအိုပညာရှင်ပိုင်ကျိနှင့် အကြီးအကဲကျူးဝူတိုင်က ဝမ်းသာပျော်ရွှင်စွာ လက်ခံလိုက်ကြသည်။

မှန်ပေသည်။ ထိုအတွက် သူတို့က မူလကျောက်တုံးများ ပေးချေခဲ့ကြသည်။

ထိုကျောက်စိမ်းမှော်အဆောင်များကြောင့် သူတို့က ဟန်မူယဲ့အပေါ် ပိုပြီးရိုသေလေးစားသွားကြသည်။

ကျောက်စိမ်းမှော်အဆောင်နှစ်ခုကို သန့်စင်ပြီးနောက် ဟန်မူယဲ့က အခန်းထဲမှာ တံခါးပိတ်ကျင့်ကြံလိုက်သည်။

သူ၏ ဘေးပတ်ဝန်းကျင်တွင် ဝိညာဉ်အလင်းစီးကြောင်းများက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြသည်။ အကာအကွယ်ဝင်္ကပါများကို ခင်းကျင်းပြီးနောက် သူက မျက်လုံးဖွင့်လိုက်သည်။ နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဝီး ”

သူ၏ အရှေ့တွင် ရွှေရောင်မှော်သင်္ကေတပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုပုံရိပ် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က တုန်ယင်သွားသည်။ ဤသည်မှာ မိုးမြေက အက်ကွဲသွားတော့မည့်အလားပင်။

ယင်းက တာအိုသွေဖယ်မှော်သင်္ကေတ ဖြစ်သည်။ ယင်း၏ စွမ်းအားက အထွတ်အမြတ်နယ်မြေမှ အချုပ်အနှောင်စွမ်းအားကို ချိုးဖြတ်နိုင်သည်။

“ ဝီး ”

ဒုတိယမြောက် မှော်သင်္ကေတ ထွက်ပေါ်လာသည်။

ဒုတိယမြောက်မှော်သင်္ကေတက သူ့အရှေ့မှ လေဟာနယ်ကို တိုက်ရိုက် ဆုတ်ဖြဲလိုက်ပြီး ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေကို ဖျက်ဆီးလိုက်သည်။

နောက်အခိုက်အတန့်မှာ ဟန်မူယဲ့က မူလနေရာမှ ပျောက်ကွယ်သွားသည်။ သူ၏ အခန်းထဲတွင် ပရမ်းပတာ လှုပ်ခတ်နေသော ဝိညာဉ်အလင်းစီးကြောင်းများသာ ကျန်နေခဲ့သည်။

…..

သူက ခြေတစ်လှမ်းဖြင့် အပြာရောင်ရေမျက်နှာပြင်ပေါ်မှာ ရပ်လိုက်သည်။

ဟန်မူယဲ့က သူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်လေရာ အံ့အားသင့်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူ၏ ဘေးပတ်ဝန်းကျင်တွင် မှော်သင်္ကေတနှစ်ခုက လှည့်ပတ်နေကြပြီး မှိန်ဖျော့သော အလင်းမြင်ကွင်းတစ်ခုကို ဖွဲ့စည်းနေကြသည်။

အကန့်အသတ်မဲ့ကျယ်ပြောသော ရေပြင်… ။

အဆုံးမဲ့စွာ တည်ရှိနေသော မိုးမြေစွမ်းအား… ။

အဲ့ဒါ အထွတ်အမြတ်နယ်မြေလား… ။

သို့သော် မိုးမြေစွမ်းအား၏ ဖိနှိပ်ခံထားရသော မူလစွမ်းအား၏ တုံ့ပြန်မှုက အထွတ်အမြတ်နယ်မြေမှ အခြေအနေနှင့် မတူညီပေ။

“ ရွှတ် ”

အဝေးမှ မြားတစ်စင်းက သူ့ဆီသို့ ပျံသန်းလာနေသည်။ မြား၏ အနောက်တွင် မီးတောက်စီးကြောင်းတစ်ခု ကျန်နေခဲ့ပြီး မြားက အဆုံးမဲ့သော စွမ်းအားကို သယ်ဆောင်ထားသည်။

ဤသည်မှာ ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ချိပ်ပိတ်ခံလိုက်ရသည့်အလားပင်။

မိုးမြေစွမ်းအားအား ထိုသို့ရွေ့လျားနိုင်သော နည်းလမ်းကို အနိမ့်ဆုံး သွေးချီရွှမ်အဆင့် ကျင့်ကြံသူများသာ စွမ်းဆောင်နိုင်ပေသည်။

“ ထန် ”

မြားက ဟန်မူယဲ့၏ အရှေ့မှ မှော်သင်္ကေတကို ထိမှန်သွားပြီး အက်ကွဲသွားသည်။

ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး သူ့ဆီသို့ အမြန်ချဉ်းကပ်လာနေကြသော ပုံရိပ်ငါးခုကို ကြည့်လိုက်သည်။

“ သူက အထွတ်အမြတ်နယ်မြေက ကောင်းကင်ဘုံသားတော်လား ”

“ ဒါမှမဟုတ် ကောင်းကင်ဘုံတာအိုသွေဖယ်သူလား ”

“ ဘာပဲဖြစ်ဖြစ်ကွာ… အထွတ်အမြတ်နယ်မြေကနေ လွတ်မြောက်လာတဲ့ လူတိုင်းကို သတ်ပစ်ရမယ် ”

ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော ပုံရိပ်များက အမြန်ချဉ်းကပ်လာနေကြသည်။ သူတို့က လက်ထဲမှ လေးနှင့် လှံကို မြှောက်၍ ဟန်မူယဲ့ထံသို့ ချိန်ရွယ်လိုက်ကြသည်။

မိုးမြေစွမ်းအား၏ ချိပ်ပိတ်ခံထားရသော ခံစားချက်က တဖန် ထွက်ပေါ်လာသည်။

မှော်သင်္ကေတနှစ်ခုက သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသောကြောင့်မဟုတ်လျှင် သူက ဤနေရာမှာ လှုပ်ရှားနိုင်လိမ့်မည် မဟုတ်ချေ။

“ သေစမ်း ”

ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက်က အရှေ့သို့ လျှောက်လာပြီး သူ့လက်ထဲမှ လှံကို ဟန်မူယဲ့၏ ရင်ဘက်တည့်တည်ဆီသို့ ထိုးလွှတ်လိုက်သည်။

သူ၏ အလျင်က အလွန်မြန်ဆန်သည်။ လှံတိုးဝင်လာသည်နှင့် ကြမ်းတမ်းသော လေပြင်းက ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက ရေနဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားပြီး ဟန်မူယဲ့ကို ဝါးမျိုရန် ကျယ်လောင်စွာ ပါးစပ်ဟလိုက်သည်။

အခြားတစ်ဖက်တွင် ဓားမော့ကိုင်ထားသော စစ်ဗိုလ်ချုပ်က သူ၏ လက်ထဲမှ ဓားမော့ကို အောက်သို့ ခုတ်ချလိုက်သည်။

ဟန်မူယဲ့က မျက်လုံးမှေးကျဉ်းလိုက်ပြီး လှုပ်ရှားလိုက်သည်။ သူ၏ အရှေ့မှ မှော်သင်္ကေတက ပေါက်ကွဲသွားသည်။

သူ၏ ပုံရိပ်က ဓားမော့ကိုင်ထားသော စစ်ဗိုလ်ချုပ်၏ အရှေ့မှာ ပြန်ထွက်ပေါ်လာသည်။ သူက လက်တစ်ဖက်ဖြင့် ဓားမော့ကို ဖမ်းဆုပ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် စစ်ဗိုလ်ချုပ်၏ လက်မောင်းကို တားဆီးလိုက်သည်။

တစ်ဆက်တည်းမှာ သူက ခန္ဓာကိုယ်အောက်ပိုင်းကို ကွေး၍ စစ်ဗိုလ်ချုပ်ကို အပေါ်သို့ မြှောက်တင်လိုက်သည်။

“ တိမ်စီးပြီး လေနောက်လိုက်ခြင်း ”

စစ်ဗိုလ်ချုပ်၏ ဓားမော့က သူ့လက်ထဲမှ လွတ်ကျသွားပြီး သူ၏ ခန္ဓာကိုယ်က အပေါ်သို့ မြှောက်တတ်သွားကာ ရေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

အပြာရောင်ရေပြင်ပေါ်တွင် အနက်ရောင်အရိပ်တစ်ခု ပေါ်လျှိုးလာပြီး ထိုစစ်ဗိုလ်ချုပ်ကို ဝါးမျိုလိုက်သည်။

“ ဘန်း ”

ရေနဂါးက ဟန်မူယဲ့၏ နောက်ဆုံးမှော်သင်္ကေတကို ဖျက်ဆီးလိုက်သည်။

ရေနဂါးလွင့်ပြယ်သွားသည့်အခိုက် ဟန်မူယဲ့၏ ပုံရိပ်ကို နောက်ထပ် မမြင်ရတော့ပေ။

ကျန်ရှိသော စစ်ဗိုလ်ချုပ်လေးယောက်က မျက်နှာတည်ကြည်သွားကြသည်။

“ အထွတ်အမြတ်နယ်မြေက တစ်စုံတစ်ယောက် အပြင်ကို ချိုးဖြတ်ထွက်လာပြီ… မြန်မြန် ပြန်သွားပြီး သတင်းပို့ရအောင် ”

“ ကြည့်ရတာ ဒီနယ်မြေကို နောက်တစ်ကြိမ် ထပ်ရှင်းလင်းရတော့မယ် ထင်တယ် ”

…..

အခန်းထဲတွင် ဟန်မူယဲ့၏ ပုံရိပ်က မူလနေရာမှာ ပြန်ပေါ်လာသည်။ သူက စစ်ဗိုလ်ချုပ်၏ ဓားမော့ကို ဖမ်းဆုပ်လိုက်လေရာ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဘန်း ”

အဆုံးမဲ့သော မှတ်ဉာဏ်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

All Chapters