← Chapters

ခင်ဗျားပေးတဲ့ထွက်ပေါက်ကို မလိုချင်ဘူး

Vol. 33 Ch. 321

ခင်ဗျားပေးတဲ့ထွက်ပေါက်ကို မလိုချင်ဘူး

Vol. 33 Ch. 321

မိုးကုတ်စက်ဝိုင်းမှ အပြာရောင်တိမ်တိုက်သည် လက်နက်ဂိုဏ်း တစ်ခုလုံးကို လွှမ်းမိုးထားရုံသာမက...

တောင်ခြေရှိအဝေးမှ မြို့များတွင် ကျင့်ကြံသူအားလုံးသည် ဦးညွှတ်၍ တညီတညွတ်တည်း ရွတ်ဆိုကြသည်။

"ချင်းဖုန်းတာအိုသခင် ကို ကြိုဆိုပါတယ်"

ထိုအပြာရောင်တိမ်တိုက် ထိုးဆင်းလာသည့် အခိုက်အတန့်တွင် လူတိုင်း၏အာရုံကို ဖမ်းစားလိုက်၏။

"သူက ငါတို့ဆီ လာနေတာနဲ့ တူတယ်"

ကျူးကျွယ်သည် သူ၏ရွှေရောင်ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားရန် ရုန်းကန်နေရပြီး ဝူတောက်အန်းကမူ သူ၏ယင်ဝိညာဉ် တုန်ခါစပြုလာသည်ကို ခံစားနေရကာ တုန်ရီသောအသံဖြင့် ပြောလိုက်သည်။

"တကယ်တော့... တကယ်တော့ ငါတို့က သူနဲ့ အဆင့်အတန်းချင်း နည်းနည်းတူပါတယ်"

မဟာချန် နဲ့ ဝူထုန်းတောင်က မဟာမိတ်တွေပဲလေ။

...

သိုင်းဘုံကျောင်းအစောက်အရှောက်များက ဘိုးဘေး၏အောက် ထိပ်ဆုံးနေရာရထားသူတွေ ဖြစ်လေ၏။

အလှည့်ကျ တာဝန်ယူသူမှာ ၄ ယောက်သာ ရှိလေသည်။

ချင်းဖုန်းတာအိုသခင်သည် ဝူထုံတောင်ဘိုးဘေး၏ ၁၂ ယောက်မြောက် တပည့်သာ ဖြစ်သည်။

ထိုသို့ နှိုင်းယှဉ်ကြည့်လိုက်လျှင် ဝူတောက်အန်း ပြောသည်ကလည်း အဓိပ္ပာယ်ရှိပေသည်။

"ဒါဆို မင်း မတုန်တော့ဘဲ နေလို့မရဘူးလား"

ကျူးကျွယ် သူ့ကို အားမလိုအားမရ ကြည့်လိုက်၏။

"ဂျူနီယာညီလေးရှန်းကို ကြည့်စမ်း...ဘယ်လောက် တည်ငြိမ်နေလဲလို့"

"..."

သူ့နောက်မှ အသံများကို နားထောင်ရင်း ရှန်းယီသည် ကောင်းကင်ယံရှိ အပြာရောင်တိမ်တိုက်ကို တည်ငြိမ်စွာ ကြည့်နေလိုက်၏။

သူ စိတ်မလှုပ်ရှားရသည့် အကြောင်းရင်းမှာ တစ်ဖက်လူကို တစ်ကြိမ် မြင်ဖူးထားသောကြောင့်

ပင်။

ဒုတိယအချက်မှာ သူသည် ကောင်းစွာပြင်ဆင်ပြီးသား ဖြစ်သောကြောင့်ပင်။ ပြန်လည်ထွန်းကားလာဖို့အတွက် မဟာချန်သည် ဝူထုံတောင်၏ ကြီးမားသောလွှမ်းမိုးမှုကို ယာယီရှောင်ကွင်းရပေမည်။

ဤအစွမ်းထက် ကျင့်ကြံသူများက နတ်ဆိုးတစ်ထောင်ဂူကို တွန်းလှန်နေသော အဓိကအင်အားစုဖြစ်လေ၏။

သူပင် သူတို့၏အကာအကွယ်အား မှီခိုရဦးမည်။

သို့သော်လည်း မျက်နှာလိုမျက်နှာရ ဖားယားနေရတာထက်စာလျှင်တော့...ရှန်းယီက တစ်ဖက်လူကို သူ့တန်ဖိုးမြင်အောင်ပြရာမှာ ပိုကျွမ်းကျင်ပေသည်။

"ဆရာသခင်... မိတ်ဆက်ပေးပါရစေ... ဒါက..."

ထန်ယွမ် စကားမဆုံးခင်မှာပင် ချင်းဖုန်းတာအိုသခင်က သူ့ကို ကန်ထုတ်လိုက်၏။

"မင်း မိတ်ဆက်ပေးဖို့ လိုလို့လား... ဘေးနားသွားနေစမ်း"

တာအိုဝတ်ရုံဝတ်ဆင်ထားသော လူငယ်သည် ဒေါသတကြီး ဆင်းသက်လာပြီး ရှန်းယီထံသို့ လျှောက်သွားသည်။

ကျူးကျွယ်နှင့် ဝူတောက်အန်းတို့သည် နောက်ဆုံးတွင်စိတ်ကို တည်ငြိမ်အောင်ထားပြီး လေးနက်သော မျက်နှာထားဖြင့် ဝူထုံတောင်၏ သခင်ကို နှုတ်ဆက်လိုက်ကြ၏။

သို့သော် သူ၏ပထမဆုံး စကားလုံးများက သူတို့၏မေးရိုးများကို ပြုတ်ကျသွားလုမတတ် ဖြစ်စေခဲ့သည်။

"ငါ မင်းကို မေးနေတယ်... ငါမင်းကို ညစာ ဖိတ်ကျွေးဖူးတယ် မဟုတ်လား"

ချင်းဖုန်းတာအိုသခင်သည် ဒေါသဖြင့် အံကြိတ်ကာ အသံနှိမ့်ပြောလိုက်၏။

"မင်း ငါ့ကို မျက်နှာသာ မပေးချင်ဘူးပေါ့လေ ဟုတ်လား"

ချင်းဖုန်းမှာ ဤကမ္ဘာတွင်လျှောက်သွားရန်အတွက် သူ့၏မျက်နှာကိုသာ အားကိုးရလေ၏။

မည်သူသူမဆို သူကိုမျက်နှာသာမပေးရဲသည်က ဝူထုံတောင်ကိုစိန်ခေါ်ခြင်းပင်၊ စီနီယာအစ်ကိုနီ ကို စိန်ခေါ်ခြင်းဖြစ်ပေ၏။

ပြီးခဲ့သည့်တစ်ခေါက်တွင် ဤကောင်လေးက ချောမောပြီးထူးခြားသော အရှိန်အဝါရှိဟုလို့ သူ ထင်ခဲ့လေ၏။ သူ့၏ ငယ်ဘဝပုံရိပ်ကိုပင် နည်းနည်းပြန်မြင်ယောင်မိစေခဲ့သည်။

ယခုတော့ သူကြည့်လေ ပိုဒေါသထွက်လေပင်။

ဘာ ကိုယ်ရေးကိုယ်တာရန်ငြိုးလဲ။

ပြီးခဲ့တဲ့အကြိမ်တုန်းက ဒီကောင်လေးက ကျန်းမင်ယန်နဲ့အတူ ဂူထဲဝင်ပြီး အသက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့တယ်လေ။ အဲဒီကျင့်ကြံသူတွေကြားမှာ အလေးစားခံရတဲ့ စီနီယာတစ်ယောက်အဆင့်အတန်းအထိ တက်လှမ်းနိုင်ခဲ့တယ်။

ဒီလိုလူမျိုးက ရိုးအတဲ့ လူငယ်လေးတစ်ယောက် ဖြစ်နိုင်ပါ့မလား။

သူက ရန်သူတွေဆီကို ကိုယ်တိုင် သွားရောက်ပြီး ရန်စပါ့မလား။

ချင်းဖုန်းတာအိုသခင်သည် ဒေါသတကြီးဖြင့် လက်ကို ဝှေ့ယမ်းလိုက်၏။

"ကိုယ်ရေးကိုယ်တာရန်ငြိုး ဟုတ်လား... ငါ မင်းကို ပြောလိုက်မယ်... မဟာချန်နဲ့ ဝူထုံတောင်က မဟာမိတ်တွေ ဆိုရင်တောင် မင်း ဒီလိုကစားလို့ မရဘူး... ကိုယ်ရေးကိုယ်တာ ရန်ငြိုးဆိုတော့လည်း မင်းဘာသာ ဖြေရှင်းပေတော့"

ထိုသို့ပြောပြီးနောက် ရှန်းရီကို စူးစိုက်ကြည့်လိုက်၏။

သို့သော် လူငယ်လေး၏မျက်နှာထားမှာ လုံးဝ ပြောင်းလဲခြင်း မရှိသည်ကို တွေ့လိုက်ရသည်။

ဤစကားအနည်းငယ်ကြောင့် ကျူးကျွယ်နှင့် ဝူတောက်အန်းတို့ တုန်လှုပ်သွားရုံသာမက ရွှီဟုန်တဲနှင့် ဆဌမမြောက် ဘိုးဘေးတို့ပါ အံ့အားသင့်သွားကြသည်။

ရှန်းယီက ချင်းဖုန်းတာအိုသခင်ကို တကယ်သိတာလား။ ဒါပေမဲ့ သူတို့ ပြောစကားကို နားထောင်ကြည့်တော့ သိပ်ပြီး ရင်းနှီးပုံ မရဘူး။

"ငါပြောသားပဲ... ဂျူနီယာညီလေးရှန်းက အဆက်အသွယ် ကောင်းပါတယ်လို့" ယက္ခဓမ္မကိုယ်ထည်က ဝူတောက်အန်းထံသို့ တိတ်တဆိတ် အသံလွှင့်ကာ ပြောလိုက်၏။

"..."

ဝူတောက်အန်းသည် ခေါင်းငုံ့ထားပြီး ဤစကားများတတ်သူကို ပြန်ပြောရန် စိတ်မဝင်စားပေ။

တကယ်တမ်းတွင် သူတို့နှစ်ဦးစလုံး၏ စိတ်နှလုံးများ သက်သာရာ ရသွားသည်။

ချင်းဖုန်းတာအိုသခင်က ဒေါသထွက်နေပုံ ပေါက်သော်လည်း တကယ်တမ်းတွင် ရှန်းယီအတွက် ထွက်ပေါက်တစ်ခု ပေးထားခြင်းပင်။

ချင်းချိုမှာ တကယ်ပင်ပျက်စီးသွားလေပြီ။

သူတို့၏ဘိုးဘေးမြေခွေးပင် မှော်ရတနာတစ်ခုဖြင့် ချုပ်နှောင်ခံထားရလေ၏။

သူတို့၏တန်ဖိုးက ယခုထွန်းကားလာသော မဟာချန်နှင့် ယှဉ်ရင် မည်သည့်အရာမှမဟုတ်တော့ပေ။

ဂျူနီယာညီလေးရှန်းသာ သဘောထားပျော့ပျောင်းကာအမှားဝန်ခံလိုက်မည်ဆိုလျှင် ထိုအရာက မဟာချန်အနေနှင့် ဝူထုံတောင်၏အဆင့်အတန်းကို အသိအမှတ်ပြုပြီး သူတို့အတွက် အလုပ်အကျွေးပြုဖို့ သဘောတူလိုက်ခြင်းပင် ဖြစ်သည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ကိုယ့်ဂျူနီယာညီလေးအတွက် မြေခွေးပေါက်စလေးတစ်ကောင်လောက်ကိုရှင်းလင်းပေးလိုက်သည်က ကိစ္စကြီးကြီးမားမား မဟုတ်တော့ပေ။

သို့သော် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။

ထိုလူအုပ်ကြီးသည် ရှန်းယီ၏ တုံ့ပြန်မှုကို မကြားရသေးပေ။

ကျူးကျွယ်ပင် မနေနိုင်တော့ဘဲ ခေါင်းမော့ကြည့်လိုက်မိသည်။

ချင်းဖုန်းတာအိုသခင်၏ မျက်နှာပေါ်မှ ဒေါသများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တည်ငြိမ်သွားသည်ကို တွေ့လိုက်ရသည်။

"ငါ နောက်တစ်ခေါက် ထပ်မေးမယ်... ဒါ ကိုယ်ရေးကိုယ်တာ ရန်ငြိုးလား"

ထိုအခိုက်အတန့်တွင် သူသည် မရင့်ကျက်သေးသောလူငယ်လေးတစ်ဦးအဖြစ်မှ ဝူထုံတောင်၏ စစ်မှန်သောပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြောင်းလဲသွား၏။

"..."

ရှန်းယီ၏အကြည့်သည် အနည်းငယ် နိမ့်ဆင်းသွားပြီး နှုတ်ခမ်းထောင့်တွင် ဂရုမစိုက်သောအပြုံးရိပ်တစ်ခု ပေါ်လာသည်။

"အဲဒါ ကိုယ်ရေးကိုယ်တာ ရန်ငြိုးပါ"

တစ်ဖက်လူ အမှန်တကယ် မေးချင်သည်မှာ အခြားအရာတစ်ခု ဖြစ်သည်။

ချင်းချိုမှာ ကမ်းလှမ်းသော သဘောတူညီချက်ကို လက်ခံပြီးကျွန်ခံမည်လောနှင့် သို့မဟုတ် မဟာမိတ်ဆိုသော အဆင့်အတန်းကို ဆက်ပြီး ဆုပ်ကိုင်ထားမည်လား ဆိုသည့်အရာပင်။

မူလမဟာမိတ်ဖွဲ့စည်းခြင်းက နတ်ဆိုးတစ်ထောင်ဂူ၏အင်အားစုများကို တွန်းလှန်ဖို့ ဖြစ်ပြီး ထိုအထဲတွင် ချင်းချိုမပါဝင်ပေ။

အကယ်၍ သူသာ မဟာမိတ်အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားချင်သည်ဆိုလျှင် ဝူထုံတောင်အနေနှင့် ဆက်ပြီးဝင်ရောက်စွက်ဖက်စရာ အကြောင်းမရှိတော့ပေ။

ရှန်းယီ၏ အဖြေမှာ အလွန် တိုတောင်းပြတ်သားလှ၏။

သူ ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး အဝေးမှ တိမ်တိုက်များကို လှမ်းကြည့်လိုက်သည်။

နောက်တစ်ခဏတွင် သူ၏ပုံရိပ်သည် ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွား၏။

"..."

ချင်းဖုန်းတာအိုသခင် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် လက်ထဲမှ ခေါင်းလောင်းကို ဂရုမစိုက်စွာ လှုပ်ခါလိုက်သည်။

နောက်တစ်ခဏတွင်...

ဟိန်းဟောက်သံတစ်ခု မိုးကုတ်စက်ဝိုင်းမှ ရုတ်တရက် ထွက်ပေါ်လာလေ၏။

အတိုင်းအဆမဲ့သော နာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး ဝမ်းနည်းကြေကွဲဖွယ်ကောင်းကာ ပြင်းထန်လှသည်။

"ဒါက..."

အခြေအနေက ဒီလောက်ထိ ဖြစ်လာမယ်လို့ ဝူတောက်အန်း လုံးဝ ထင်မထားခဲ့ပေ။

သို့သော် ယက္ခဓမ္မကိုယ်ထည်ရုတ်တရက် မတ်တတ်ရပ်လိုက်၏။

ကျူးကျွယ်သည် သူ၏ဂျူနီယာညီလေး၏ ရွေးချယ်မှုကို နားလည်လိုက်သည်။

ထိုသို့ဆိုလျှင် သူတို့လုပ်ရမည်မှာ နောက်မှလိုက်သွားပြီး မဟာချန်၏အဆင့်အတန်းကို ထိန်းသိမ်းရန် မည်သို့သောတန်ဖိုးပင် ပေးဆပ်ရပါစေ ပေးဆပ်ရတော့မည်။

ရွှီဟုန်တဲနှင့် ဆဌမမြောက်ဘိုးဘေးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏အစီအရင်ပြား များကို ထုတ်ယူလိုက်ကြလေ၏။

သူတို့၏ နှလုံးသားများတွင် ကြီးမားသော ခံစားချက်များ ပြည့်နှက်နေသည်။

ဝူထုံတောင်ပင် မဦးနှုတ်စေနိုင်သော လူငယ်လေးတစ်ဦးကို ထိန်းသိမ်းထားရန် ယခင်က တွေးခဲ့မိသည်ကို ပြန်စဉ်းစားမိလိုက်၏။

ထိုကဲ့သို့သော လူတစ်ယောက်သည် သူတစ်ပါးကို ဒူးထောက်အညံ့ခံမည့်သူ မဟုတ်ပေ။

သို့သော် တခြားတစ်ဖက်က ပြန်စဉ်းစားကြည့်လျှင်... သူတစ်ပါးအားအညံ့ခံလိုစိတ်ရှိသည့်၊ ကိုယ့်ဘဝကိုပင် ကိုယ်မပိုင်သောကျင့်ကြံသူတစ်ယောက်က အခြားသူများအား ကာကွယ်ပေးနိုင်ကြောင်း မည်သို့ပြောရဲမည်နည်း။

ယခုလို ရှန်းယီမျိုးကသာ ရွှီမိသားစု၏ သစ္စာရှိမှုကို ခံယူထိုက်လေ၏။

ထိုအချိန်၌ ချင်းဖုန်းတာအိုသခင် မျက်လုံးလှန်ကြည့်လိုက်ပြီးလက်တစ်ချက် ဝှေ့ယမ်းကာ လူတိုင်းကို အလင်းအကာအကွယ်ဖြင့် လွှမ်းခြုံလိုက်သည်။

"ငါ ပြောပြီးပြီလေ... အဲဒါ ကိုယ်ရေးကိုယ်တာ ရန်ငြိုးပါလို့... မင်းတို့က ဘာလို့ဝိုင်းအုံနေကြတာလဲ"

ထိုစကားကို ကြားသော် ကျူးကျွယ် ခေတ္တမျှ ကြောင်အသွား၏။

ယခင်က ပြောခဲ့သော ကိုယ်ရေးကိုယ်တာ ရန်ငြိုး သည် မဟာချန်နှင့် ချင်းချိုကို ရည်ညွှန်းခြင်း ဖြစ်သည်။

ယခုအခါ တစ်ပတ်ပြန်လည်သွားပြီး ရှန်းရီနှင့် ချင်းချိုဘိုးဘေးကို ရည်ညွှန်းခြင်း ဖြစ်သွား၏။

သူ စိတ်ပြောင်းသွားပြီး နောက်ဆုံးတွင် မဟာချန်ကို စွန့်ပစ်ခြင်း မပြုခဲ့ပေ။ တကယ်လို့ သူသာ လက်ရှောင်လိုက်ပြီး ရှန်းယီ ရှုံးနိမ့်သွားလျှင် ချင်းချိုက မဟာချန်အားလက်တုံ့ပြန်ရန် အကြောင်းပြချက် ကောင်းကောင်းရသွားလိမ့်မည်။

ယခုတော့ အခြေအနေက မတူတော့ပေ။ ကျင့်ကြံသူနှစ်ဦးကြားက တိုက်ပွဲဖြစ်ရာ နောက်ဆက်တွဲ ဆိုးကျိုးများစွာရှိလာမည် မဟုတ်တော့ပေ။

သို့သော် ကျူးကျွယ် ဤကိစ္စအပေါ် လုံးဝ မပျော်ရွှင်နိုင်ပေ။

သူသည် လက်သီးဖြင့် အလင်းအကာအကွယ်ကို ပြင်းထန်စွာ ထိုးနှက်လိုက်၏။ သုံးကျန်း မြင့်မားသော ယက္ခဓမ္မကိုယ်ထည်သည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး သူ၏ ယင်ဝိညာဉ်ခန္ဓာကိုယ်မှ ကျွတ်ထွက်လုနီးပါး ဖြစ်သွားသည်။

"ကျွတ်"

ချင်းဖုန်းတာအိုသခင်သည် သစ်သီးယိုထုပ်တစ်ထုပ်ကိုထုတ်ယူလိုက်ပြီး ဘေးနားတွင် စိုးရိမ်ပူပန်နေသော်လည်း စကားမပြောရဲဘဲဖြစ်နေသော ထန်ယွမ်ကို တစ်ချက်ကြည့်လိုက်၏။

သူသည် သစ်သီးယိုကို မကျေမနပ် ဝါးစားလိုက်သည်။

"ဒီလိုလုပ်ကွာ... မင်းတို့ငါ့ကို ချောမောခန့်ညားတယ်လို့ ငါကျေနပ်တဲ့အထိ ဝိုင်းပြီး ချီးကျူးကြ... အဲဒါဆိုရင် နောက်ပိုင်းကျရင် ငါ သူ့ကိုကယ်ချင်ကယ်ပေးမှာပေါ့"

တောက်... ငါ ဘယ်တုန်းကများ ဒီလို အရှက်ခွဲခံရဖူးလို့လဲ။

စေတနာနဲ့ ထွက်ပေါက်ပေးတာတောင် ငြင်းပယ်ခံလိုက်ရတယ်။

ကိုယ့်သိက္ခာကိုယ် ပြန်ဆယ်ဖို့ နည်းလမ်းရှာမှ ဖြစ်မယ်။ ငါစိတ်သဘောထား နူးညံ့လွန်းနေသေးတယ်။

အကယ်လို့ စီနီယာအစ်ကိုနီသာဆိုရင် အခုလောက်ဆို ဒီလူအုပ်ကြီးကို ဓားချက်တစ်ချက်တည်းနဲ့ ခုတ်ပိုင်းပစ်ပြီးလောက်ပြီ... စကားတွေ အရမ်းများလွန်းတယ်၊ ဆူညံလိုက်တာကွာ။

All Chapters