ကျွန်တော့်ကို ကျေးဇူးတင်ဖို့မလိုပါဘူး
Vol. 33 Ch. 328
အခန်းထဲတွင် ရှန်းယီတစ်ယောက်တည်း ကျန်ရစ်ခဲ့၏။
ရှန်းယီသည် တစ်ခါမှ မကြုံဖူးသော တိတ်ဆိတ်အေးချမ်းမှုကို ခံစားလိုက်ရပြီး ကုတင်ပေါ်တွင် ပျင်းရိစွာ လှဲချလိုက်သည်။
နောက်ဆုံးအကြိမ် ဘယ်တုန်းက အနားယူခဲ့ရသလဲ ဆိုတာတောင် သူ မမှတ်မိတော့ပေ။မျက်နှာကြက်၏အလွတ်ကို စိုက်ကြည့်နေမိသည်။
ဘိုင်ယွမ်ခရိုင်တွင် ခွေးနတ်ဆိုးကို သတ်ဖြတ်ပြီးနောက် မောပန်းနွမ်းနယ်နေချိန်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ထိုအချိန်တုန်းက အိပ်ပျော်သွားသည်မှာ သူအိပ်ဖူးသမျှအတွင်း အနှစ်ခြိုက်ဆုံးဖြစ်လေ၏။
...
မျက်လုံးဖွင့်ကြည့်သည့်နေ့မှစ၍ ရှန်းယီသည် ရှေ့ဆက်လှမ်းဖို့ တစ်ခါမှမရပ်တန့်ခဲ့ဖူးပေ။
သူသည် ဤလုံးဝအသစ်ဖြစ်သော ခန္ဓာကိုယ်၏ ခံစားချက်များကို ဂရုတစိုက်အာရုံခံကြည့်လိုက်သည်။
ခဏတာ အနားယူလိုက်သည်။
ထို့နောက် သူ ထထိုင်လိုက်ပြီး အမွှေးဖြူနတ်ဆိုးဧကရာဇ် နှင့် ချင်းဟွာတို့ နှစ်ဦးစလုံးကို ဆင့်ခေါ်လိုက်သည်။
တိုက်ပွဲများစွာ ပြီးနောက် ချင်းဟွာ၏ဆွဲဆောင်မှုရှိသော မျက်လုံးများသည် ယခင်ကလို တမင်တကာ တုပထားခြင်းမဟုတ်တော့ဘဲ ရှန်းယီနှင့် အလွန်စစ်မှန်သည့်ဆင်တူသော အငွေ့အသက်များ ရရှိလာသည်။
"ဘယ်လို ခံစားရလဲ" ရှန်းယီ သူမကို ကြည့်လိုက်၏။
"သခင်ကြီးအတွက် အကာအကွယ်ပေးရမယ်ဆိုရင် အကြိမ်တစ်ထောင်သေရပါစေ ချင်းဟွာ တွန့်ဆုတ်မှာ မဟုတ်ပါဘူး" ချင်းဟွာ လေးစားစွာ ခေါင်းငြိမ့်လိုက်သည်။
သူမ၏ လုပ်ရပ်များဖြင့် ဤအချက်ကို အမှန်တကယ် သက်သေပြခဲ့ပြီး ဖြစ်သည်။
ရန်သူ ဘယ်လောက်ပဲ ကြောက်စရာကောင်းပါစေ၊ သူမသည် အမြဲတမ်းကြောက်ရွံ့ခြင်းကင်းမဲ့သော စိတ်ထားဖြင့် ရှေ့သို့ တိုးဝင်တိုက်ခိုက်လေ့ရှိသည်။
"မင်း ဆက်လုပ်နိုင်မလား" ရှန်းယီ မျက်ခုံးပင့်လိုက်၏။
"သခင်ကြီး အလိုရှိသလို လုပ်ဆောင်နိုင်ပါတယ်၊ ချင်းဟွာ အစွမ်းကုန် ကြံ့ကြံ့ခံပါ့မယ်"
ချင်းဟွာ သခင်မသည် ယင်ဝိညာဉ်နှင့် ပေါင်းစပ်နေသည်မှာ အတော်ကြာပြီဖြစ်ပြီး ယခင်ကထက် ပိုမို ထိရောက်မှုရှိကြောင်း ပြသနေသည်။
"အခွင့်အရေး ရတဲ့အခါ မင်းကို ပိုတိုးတက်အောင် ကူညီပေးပါ့မယ်"
ရှန်းယီသည် နတ်ဆိုးမူလတစ်ခုကို ထပ်မံ ဖွဲ့စည်းပြီး အမွှေးဖြူနတ်ဆိုးဧကရာဇ်ကို ကျွေးလိုက်သည်။
"သခင်ကြီးရဲ့ ရက်ရောတဲ့ ဆုလာဘ်အတွက် ချင်းဟွာ ကျေးဇူးတင်ပါတယ်"
ချင်းဟွာသခင်မ ဒူးထောက်ပြီး နက်နက်ရှိုင်းရှိုင်း ဦးညွှတ်ကာ ကျေးဇူးတင်စကား ပြောလိုက်၏။ အမွှေးဖြူနတ်ဆိုးဧကရာဇ်အပေါ် မနာလိုသည့် အရိပ်အယောင် လုံးဝ မရှိပေ။
နတ်ဆိုးဧကရာဇ်သည် နတ်ဆိုးမူလ၏ အာဟာရကို ခံစားနေရသော်လည်း သူမသည် သခင်ကြီးထံမှ ကတိတစ်ခုသာ ရရှိခဲ့သည်။
"ကျေးဇူးတင်ပါတယ် သခင်ကြီး"
အမွှေးဖြူနတ်ဆိုးဧကရာဇ်သည် နတ်ဆိုးမူလကို လျင်မြန်စွာ စုပ်ယူလိုက်သည်။
သူ၏ အသိစိတ် တဖြည်းဖြည်း ကြည်လင်လာ၏။
"မင်း ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး"
ရှန်းယီ ခေါင်းအနည်းငယ် ခါလိုက်ပြီး ဘောင်ကွက် ကို ကြည့်လိုက်သည်။
[နတ်ဆိုးဧကရာဇ် (အကြွင်းအကျန်) - အမွှေးဖြူနတ်ဆိုးဧကရာဇ်]
တကယ်တော့ မလုံလောက်သေးပေ။
နှစ်ခုသုံးစွဲပြီးပြီဖြစ်သော်လည်း ရှန်းယီ တွန့်ဆုတ်မနေဘဲ နောက်ထပ် နတ်ဆိုးမူလတစ်ခုကို သန့်စင်ပြီး အမွှေးဖြူနတ်ဆိုးဧကရာဇ်ကို ထပ်မံ ကျွေးလိုက်သည်။
[လက်ကျန် နတ်ဆိုးသက်တမ်း - ၁၆၆၀၀ နှစ်]
နတ်ဆိုးဧကရာဇ်၏ဝိညာဉ် ပိုမို ပြည့်စုံလေလေ၊ ယုံကြည်မှုစွမ်းအား နှင့် ရှုပ်ထွေးဖွေလီအတွေးများကို ပိုမို ခံနိုင်ရည်ရှိလေလေ ဖြစ်သည်။
နတ်ဆိုးသက်တမ်း နှစ် ၂၀၀၀၀ ရင်းနှီးလိုက်သောအခါ အကျိုးသက်ရောက်မှုသည် ထူးခြားစွာ ထင်ရှားလာ၏။
[နတ်ဆိုးဧကရာဇ် - အမွှေးဖြူနတ်ဆိုးဧကရာဇ်]
အမွှေးဖြူနတ်ဆိုးဧကရာဇ်မှာ နတ်ဆိုးဧကရာဇ် တစ်ပါး၏ အရှိန်အဝါနှင့် ပုံပန်းသဏ္ဍာန်သို့ ပြန်လည် ရရှိလာသည်။
ရှန်းယီနှင့် ချင်းဟွာတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးစလုံးကို ဘောင်ကွက်ထဲသို့ တိုက်ရိုက် သိမ်းဆည်းလိုက်သည်။
သူသည် နတ်ဆိုးသက်တမ်းကို ရွှေခန္ဓာကိုယ်အကျဥ်းထောင်ကိုယ်ထည်ထဲသို့ လမ်းကြောင်းလွှဲလိုက်သည်။
ဤအရာက သူ ဖန်တီးခဲ့သော အဖိုးတန် ရွှေခန္ဓာကိုယ်နည်းစနစ် ဖြစ်လေ၏။
ရှန်းယီသည် ရွှေရောင်စာလိပ်လေးခုကို ကျွမ်းကျင်စွာထုတ်ယူလိုက်ပြီး မဟာချန်၏ ယုံကြည်မှုစွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို သူ့မြင်ကွင်းအတွင်းရှိ အဆုံးမရှိသော တိမ်ပင်လယ်ကြီးအဖြစ် စုစည်းလိုက်သည်။
[ပထမနှစ်၊သင်နှင့် ချင်းဟွာသည် အမွှေးဖြူ နတ်ဆိုးဧကရာဇ်ကို နတ်ဆိုးအကျဥ်းထောင်ထဲသို့ ကျွမ်းကျင်စွာချုပ်နှောင်ပြီး ယုံကြည်မှုစွမ်းအားကို စတင် ပေါင်းစည်းသည်။ ထို့အတူ ရှုပ်ထွေးဖွေလီအတွေးများကို နတ်ဆိုးဧကရာဇ်၏နတ်ဝိညာဉ် ထဲသို့ ဖိနှိပ်ထည့်သွင်းသည်]
တစ်ချိန်တည်းမှာပင် ယုံကြည်မှုစွမ်းအားသည် ရွှေရောင်ပုတီးစေ့ကို လျင်မြန်စွာ စတင် ပြုပြင်ပေးလေ၏။
ရှန်းယီ ကြီးမားကျယ်ပြန့်သော တိမ်ပင်လယ်ကြီး သူ့ဆီသို့လှိမ့်ဝင်လာသည်ကို ကြည့်နေသည်။
နွေးထွေးမှုကို ခံစားရင်း သူ့မျက်နှာထား အနည်းငယ် ပျော့ပျောင်းသွားလေ၏။
ဒါက တကယ်ကို ဖြတ်လမ်းနည်းပါပဲ။
တာအိုဝိညာဉ် နှင့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံခြင်းများသည် မည်သို့ပင်ချောမွေ့နေပါစေ၊ နာကျင်မှုအချို့တော့ အမြဲတစေပါဝင်နေ၏။
ယင်ဝိညာဉ်ကျင့်ကြံခြင်းကသာလျှင် ပျော်ရွှင်မှုတစ်ခု ဖြစ်သည်။
[နှစ် ၃၃၀၀၊ သင်နှင့် ချင်းဟွာ၏ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမို အချိတ်အဆက်မိလာသည်။ ကံကောင်းထောက်မစွာ အမွှေးဖြူနတ်ဆိုးဧကရာဇ်၏နတ်ဘုရားဝိညာဉ်သည် မယုံနိုင်လောက်အောင် တည်ငြိမ်ပြီး ခံနိုင်ရည်ရှိသဖြင့် သင့်အတွက် အချိန်များစွာ သက်သာစေသည်]
[ရွှေခန္ဓာကိုယ်အကျဥ်းထောင်ကိုယ်ထည် အသေးစားအောင်မြင်မှု]
ယခုဆိုလျှင် သူ့ရွှေခန္ဓာကိုယ်မှာ ပေသုံးဆယ်မြင့်နေပြီဖြစ်လေ၏။
ရှန်းယီသည် သူ့ခန္ဓာကိုယ်ထဲရှိ ရွှေရောင်ပုတီးစေ့၏ပြောင်းလဲမှုများကို စောင့်ကြည့်နေပြီး ၎င်း၏အရောင်သည်လည်း ပိုမိုရင့်သော ရွှေရောင်အဆင်းသို့ ပြောင်းလဲလာသည်ကို သတိပြုမိလိုက်သည်။
အရွယ်အစားအပြင်ပစ္စည်း အရည်အသွေးလည်း ပြောင်းလဲသွား၏။
[နှစ် ၁၂၀၀၀၊ အမွှေးဖြူနတ်ဆိုးဧကရာဇ်သည် ရှုပ်ထွေးဖွေလီအတွေးများ လွှမ်းမိုးခြင်းကို လုံးဝ ခံလိုက်ရသော်လည်း သင်သည် ရပ်တန့်လိုစိတ်မရှိဘဲအရင်းအမြစ်များကို အပြည့်အဝအသုံးချကာ ရှုပ်ထွေးဖွေလီအတွေးများကို ဆက်လက် လောင်းထည့်နေသည်]
[ရွှေခန္ဓာကိုယ်အကျဥ်းထောင်ကိုယ်ထည် အကြီးစားအောင်မြင်မှု]
ရှန်းယီသည် တိမ်ပင်လယ်တစ်ဝက်ခန့် ပျောက်ကွယ်သွားသည်ကို ကြည့်နေစဉ် ဆင်ခြင်တွက်ချက်မှုများ ဆက်လက် ဖြစ်ပေါ်နေ၏။
နတ်ဆိုးသက်တမ်း တစ်သောင်းခြောက်ထောင်ကျော် လုံးဝ ကုန်ဆုံးသွားသည်အထိပင်။
ရှန်းယီ တံခါးအပြင်သို့ ထွက်လိုက်၏။
သူသည် မင်းဆက်မြို့တော်အပြင်ဘက်ရှိ ကွင်းပြင်တစ်ခုသို့ ရောက်လာပြီး ရွှေရောင်ပုတီးစေ့ကို ဆင့်ခေါ်လိုက်၏။
တူညီသောရွှေရောင်ကြိုးမျှင်များ ယက်လုပ်ထားသော်လည်း အရှိန်အဝါသည် သိသိသာသာ ကွဲပြားခြားနားသည်။
သုံးကျန်း ... ခြောက်ကျန်း...
ရှန်းယီသည် ခြောက်ကျန်းနှင့် ခုနစ်ပေ မြင့်မားသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို မော့ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ့မျက်လုံးများ၌ဝမ်းသာရိပ် အနည်းငယ်ထွက်ပေါ်လာ၏။
လက်မောင်းပေါ်ရှိ ရွှေနဂါးသည်ပင် ပိုမိုကြီးထွားလာပြီး အမှန်တကယ်ခမ်းနားထည်ဝါကာ ကြမ်းကြုတ်နေသည်။
ထိုအတူတော့ အထင်ရှားဆုံးပြောင်းလဲမှုမှာ ဓမ္မကိုယ်ထည်ကိုယ်တိုင်ဖြစ်နေ၏။ ကြီးမားသော်လည်း ကောင်းမွန်စွာတည်ဆောက်ထားသော ခန္ဓာကိုယ်၏ကျောဘက်တွင် တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်နိုင်သော ရွှေရောင်ရင့်ရင့်ဝတ်ရုံများပေါ်လာပြီး ညင်သာစွာ လှုပ်ခတ်နေသည်မှာ ပြောမပြနိုင်လောက်အောင် ခမ်းနားနေသည်။
ယခင်က မိစ္ဆာအာဟတ်တစ်ပါးနှင့် တူနေခဲ့လျှင်၊ ယခုအခါ အာဏာစက်ပြင်းထန်သော တရားမျှတသည့် နတ်ဘုရားတစ်ပါးနှင့် ပိုတူနေလေ၏။
ထိုဝတ်ရုံများကို ဖြတ်သန်း၍ ဖျော့တော့သော အနီရောင် ပုံစံများကို မြင်နိုင်သည်။
"ဒါက နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့်ထက် မြင့်လောက်မယ်ထင်တယ်"
နတ်ဆိုးသက်တမ်း သုံးသောင်းကျော် သုံးစွဲလိုက်ရုံဖြင့် သုံးကျန်းနှင့် ခြောက်ကျန်း အဆင့်သတ်မှတ်ချက်များကို အလွယ်တကူကျော်ဖြတ်နိုင်ခဲ့ပြီး အနည်းငယ်မျှ အတားအဆီးမရှိခဲ့ပေ။
ရှေးဦးလမ်းစဉ် နှင့် ယှဉ်လျှင် ၎င်း၏ ကုန်ကျစရိတ်ထိရောက်မှုသည် တိုင်းတာ၍ မရနိုင်ပေ။
ကြေမွသွားလျှင် ပြန်လည်ပြုပြင်ရန် လိုအပ်သည်ကို မဆိုထားနှင့်။
ရှေးဦးလမ်းစဉ်မှတစ်ဆင့်ရရှိထားသော နတ်ဘုရားအသွင်ပြောင်းအဆင့်ကြေမွသွားလျှင် သူတို့၏လမ်းကြောင်း ဆုံးခန်းတိုင်ပြီး ခန္ဓာကိုယ် ပျက်စီးသွားကာ ကုစားရန်အခွင့်အရေး ရှိမည် မဟုတ်ပေ။
အားနည်းချက် တစ်ခု ရှိရမည်ဆိုလျှင်၊
ဒဏ်ရာအသေးအမွှားများအတွက် မိုးမြေ၏စွမ်းအင်ကို အသုံးပြုပြီးပြန်လည်ကုစား၍ မရဘဲ ယုံကြည်မှုစွမ်းအားကိုသာ အားကိုးရခြင်း ဖြစ်သည်။
လုံလောက်သောယုံကြည်မှုစွမ်းအား မရှိလျှင် ဒဏ်ရာမပြင်းထန်သော်လည်း အာရုံပျံ့လွင့်စေသောအတွေးများ ဝန်းရံခြင်း ခံရမည့် အခြေအနေသို့ ရောက်သွားနိုင်သည်။
သို့သော်လည်း သိုင်းဘုံကျောင်း၏ ဘိုးဘေးကတော့ ထိုအမျိုးအစားထဲမပါခဲ့ပေ။ သူက အခြား သောနည်းလမ်းတချို့ကြောင့် ခံစားခဲ့ရခြင်းဖြစ်လိမ့်မည်။
"သခင်ကြီးရဲ့နတ်ဘုရားစွမ်းအားက ကြီးမားကျယ်ပြန့်လှပါတယ်၊ ချင်းဟွာ တကယ်ပဲ နည်းနည်းမသင့်တော်သလို ခံစားရပြီး စွမ်းအား အပြည့်အဝမထုတ်နိုင်ပေမဲ့ ပုံမှန် တိုက်ခိုက်မှုတွေကိုတော့ ထိခိုက်စေမှာမဟုတ်ပါဘူး"
ချင်းဟွာသခင်မ အချိန်မီ တုံ့ပြန်လိုက်၏။
"ကောင်းပြီ၊ ပြန်လာခဲ့တော့"
ရှန်းယီ ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ပြီး သူမကို သူ့ချီပင်လယ်ထဲသို့ ပြန်ခေါ်လိုက်သည်။ ချင်းဟွာသည် သူ့ဘေးတွင် လိုက်ပါလာ၏။
နတ်ဆိုးသက်တမ်း ပြန်နည်းလာပြီ။
သူနေရာတစ်ခုဆီသို့ အကြည့်ပို့လိုက်၏။ အမဲလိုက်ပွဲစတင်ရန် အချိန်ရောက်လေပြီ။
ချင်းချိုကိစ္စက နတ်ဆိုးတစ်ထောင်ဂူဆီ မရောက်သေးခင် သူလုပ်နိုင်သည့်အရာများ များစွာရှိသေးသည်။
သူ မြန်မြန်လုပ်ဖို့ လိုလေ၏။
ချင်းဟွာသတိထားပြီး အခြား ဘက်တစ်ခုသို့ ညွှန်ပြကာ သတိပေးလိုက်၏။
"သခင်ကြီး၊ နတ်ဆိုးတစ်ထောင်ဂူက ဟိုဘက်မှာပါ"
...
မဟာချန်၊ သိုင်းဘုံကျောင်းတွင် ကျူးကျွယ် သည် ရွှီမိသားစု၏ ဆဋ္ဌမမြောက် ဘိုးဘေးကြီးနှင့်အတူ လမ်းလျှောက်နေပြီး တစ်ဖက်လူကို နန်းတော်၏ ဖွဲ့စည်းပုံနှင့် ရင်းနှီးအောင် လုပ်ပေးရန် ရည်ရွယ်ထားသည်။
ကျိုကျိုးနယ်မြေရှိ အဓိက မြို့ကြီး အများစုကို မင်းဆက်ပုံစံအတိုင်း တည်ဆောက်ထားကြပြီး အရွယ်အစားသာ ကွာခြားသည်။
နှစ်ဦးစလုံး ရွှမ်ကွမ်းဂူ အကြောင်း မပြောဘဲ နားလည်မှု ရှိကြသည်။
ရှန်းယီသည် မသေမျိုး ဂိုဏ်းများခြိမ်းခြောက်နိုင်သောတည်ရှိမှု တစ်ခု အမှန်တကယ် မဖြစ်လာမချင်း ဤကိစ္စသည် သူတို့အတွက် ဒုက္ခများသာ တိုးပွားစေလိမ့်မည်။
"အကြီးအကဲမှာလိုအပ်တာ ရှိရင် ကျုပ်ကို အသိပေးဖို့ လူလွှတ်လိုက်ပါ" ကျူးကျွယ် ပြုံးလျက် ပြောလိုက်၏။
"ဘဏ္ဍာတိုက်ထဲက စုဆောင်းထားတာတွေ သိပ်မများပေမဲ့ သာမန် ပစ္စည်းတွေကိုတော့ အလွယ်တကူ ရနိုင်ပါတယ်"
"နားလည်ပါပြီ" ရွှီမိသားစု၏ဆဋ္ဌမမြောက် ဘိုးဘေးကြီးသည် သူ့ပတ်ဝန်းကျင်ကို အာရုံစိုက်နေ၏။
သူသည် အမျိုးမျိုးသော အစီအရင်များ ဆောက်လုပ်ရန် အလေးအနက် စဉ်းစားနေသည်။
ဖြစ်နိုင်ပါက ထိုလူသူကင်းမဲ့သောနေရာကို တကယ် ပြန်မသွားချင်တော့ပေ။
သိုင်းဘုံကျောင်း၏ ဝင်းအတွင်း၌။
အရပ်ရပ်မှ ကျောင်းသားများသည် အဘိုးအိုကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြလေ၏။
ကျူးကျွယ်သည် ကိုယ်ပျောက်နေသော်လည်း ယင်ဝိညာဉ်တစ်ပါး သူ့ဘေးတွင် ပါလာသည်မှာ ထင်ရှားနေ၏။
နောက်ဆုံး ယခုလိုဆက်ဆံခံရသူမှာ ထို အစောက်အရှောက်ရှန်းသာရှိလိမ့်မည်။
တိတ်ဆိတ်နေသောလူအုပ်ကြီးကြားတွင်၊
ထိပ်ပြောင်နှင့် လူတစ်ယောက်၏မျက်လုံးသူငယ်အိမ်များ တင်းမာလာသည်။
သူသည် အဘိုးအို၏ခါးတွင် ချိတ်ထားသော သာမန်ရိုးရှင်းသည့် ကျောက်စိမ်းဆွဲပြားကို စိုက်ကြည့်နေခဲ့၏။
ရွှီမိသားစု၏ ဆဋ္ဌမမြောက် ဘိုးဘေးကြီး ခံစားမိပြီးဇဝေဇဝါဖြင့် ပြန်လှည့်ကြည့်လိုက်မှ သူ အကြည့်လွှဲကာ လူအုပ်ထဲမှတိတ်တဆိတ် ထွက်ခွာသွားသည်။
"ဘာဖြစ်လို့လဲ" ကျူးကျွယ် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး... ကျုပ် အထီးကျန်တရားကျင့်နေတာကြာလွန်းပြီး ဒီလိုမျိုးနဲ့ သိပ်မရင်းနှီးလို့ ဖြစ်မှာပါ" ရွှီမိသားစု၏ ဆဋ္ဌမမြောက် ဘိုးဘေးကြီး ကို့ရို့ကားရားဖြင့် ခေါင်းကုတ်လိုက်၏။ ပြင်ပလူများ သူ့ကိုအထင်သေးမှာ မလိုလားပေ။
နှစ်ပေါင်းများစွာ အထီးကျန်နေထိုင်ခြင်းက လူတစ်ယောက်ကို အနည်းငယ် ထူးဆန်းသွားစေသည်မှာ အမှန်ပင်။
ယခုလို အထီးကျန်သမားတစ်ယောက်၏ အမူအရာမျိုး... ဤအရာကို ပြုပြင်ဖို့အချိန်နည်းနည်းတော့ ယူရဦးမည်။