← Chapters

ချန်ချင်းဂိတ်ကို ဝင်ရောက်စီးနင်းခြင်း နှင့် ကမ္ပည်းပြားကို သိမ်းဆည်းခြင်း(4)

Vol. 42 Ch. 416

ချန်ချင်းဂိတ်ကို ဝင်ရောက်စီးနင်းခြင်း နှင့် ကမ္ပည်းပြားကို သိမ်းဆည်းခြင်း(4)

Vol. 42 Ch. 416

ကုကျစ်စုန့် ဖိုရမ်ကို ဖွင့်လိုက်ပြီးနောက် ချန်ချင်းဂိုဏ်းမှ ထုတ်ထားသော အလိုရှိအမိန့်ပြန်စာအား မြင်တွေ့လိုက်သည်။

အကြီးဆုံးတောက်ဓမ္မဂိုဏ်း၏ အမည်ဖြင့် ထုတ်ထားပြီးနောက် သူမ၏ ကြီးမားသော ပြစ်မှုအများစုကိုလည်း ထည့်သွင်းရေးသားထားသေးသည်။

အထူးသဖြင့် ယခုတစ်ကြိမ် သူမ ဖန်းချန်းတွင် လုပ်ဆောင်ခဲ့သည့် ကိစ္စများအား ချန်ချင်းဂိုဏ်းမှ မုန်းတီးရွံရှာသည့် ရေးသားပုံများနှင့် ချဲ့ကားရေးသားထားခဲ့သည်။

သူမအား မကောင်းမှုမျိုးစုံ ကျူးလွန်သည့် နတ်ဆိုးအဖြစ် ပုံဖော်ထားခြင်းဖြစ်ပေသည်။

မကောင်းဆိုးဝါးဝိဉာဉ်များဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ လုပ်ဖော်ကိုင်ဖက်များအား ချောက်ချခြင်း၊ တောက်ကျန့်များအား သတ်ဖြတ်ခြင်း၊ ကျွန်အစီအရင်များ လုပ်ဆောင်ခြင်း စသည်စသည်တို့ပင်။

သူမသာ မဟုတ်ပါက ထိုကဲ့သို့ မျက်ရည်ကျဖွယ်ရာ၊ ‘ရိုးသားပွင့်လင်း’စွာ ရေးသားထားသည့် စွပ်စွဲချက်များကို မြင်ရသူတိုင်း သူမအား ‘ယုတ်မာညံ့ဖျင်းသည့် စုန်းမ’ဟု ကျိန်ဆဲမိကြမည်ဖြစ်သည်။

အလိုရှိထုတ်ပြန်စာ၏ အဆုံးသတ်တွင် ချန်ချင်းဂိုဏ်းက ပြည်တွင်း၊ပြည်ပမှ တောက်ကျန့်များအား သူမကို ကူညီ၍ ဖိနှိပ်နိုင်ရန်လည်း ဖိတ်ခေါ်ထားသေးသည်။

တစ်ချိန်တည်းမှာပင် ယန်ချန်အကြောင်းကိုလည်း ပြောဆိုလာခဲ့သည်။

ချန်ချင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ်မှ ယန်ချန်အား ပြန်ပေးဆွဲခဲ့ပြီး မကောင်းဆိုးဝါးဝိဉာဉ်များကို အတင်းအဓမ္မစုတ်ယူခိုင်းကာ အကာအကွယ်အား ဖျက်ဆီး၍ သရဲတစ္ဆေများအား ထွက်ပေါ်လာစေခြင်းဖြစ်သည်။

သို့သော် ယခုအချိန်တွင်တော့ ‘ယန်ချန်၏ ခန္ဓာကိုယ်က အင်မတန် အန္တရာယ်များလွန်း၍ သရဲတစ္ဆေ ရာချီ၍ ဆင့်ခေါ်နိုင်သောကြောင့် သူ့အား တတ်နိုင်သမျှ အမြန်ဆုံး သုတ်သင်ပစ်ရန်’ ဆိုလာခဲ့သည်။

ကျန်းရူယွီ အနည်းငယ် စိတ်ပူစွာ ပြောလိုက်သည်။

“စုန့်စုန့်၊ ချန်ချင်းဂိုဏ်းက တောက်ဓမ္မဂိုဏ်းရဲ့ အကြီးဆုံးအဖွဲ့လေ၊ အပြင်ကမ္ဘာမှာလည်း သူတို့ရဲ့ လွှမ်းမိုးမှုက တော်တော်လေး အားကောင်းတယ်

သူတို့က မင်းကို စုန်းမအဖြစ် သတ်မှတ်လိုက်တာဆိုတော့ ကျွန်မစိတ်ပူမိတာက သူတို့လက်အောက်က မိသားစုငယ်တွေ၊ ဂိုဏ်းခွဲတွေက မင်းကို ပြဿနာရှာကြမှာပဲ”

“ကိစ္စမရှိပါဘူး”

ကုကျစ်စုန့် နှုတ်ခမ်းလေးများကို တွန့်ရုံ ပြုံးလိုက်မိသည်။ သူမ စိတ်ကြည်လင်နေပုံရသည်ပင်။

“ကျွန်မ ဒီပြဿနာကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်ပါတယ်၊ ရှင်စိတ်ပူဖို့ မလိုဘူး”

သူမ ထိုတောက်ကျန့်များအား သတင်းပို့နိုင်ရန် ပြန်လွှတ်လိုက်ရခြင်းသည်က ယခုအခိုက်အတန့်အတွက်ပင် ဖြစ်ပေသည်။

တစ်ချိန်လုံး သတ္တိရှိ၍ ဖြောင့်မတ်ဟန်‌ဆောင်နေခဲ့သော ချန်ချင်းဂိုဏ်းက ယခုတော့ မိန်းမငယ်လေးတစ်ဦး၏ အရှက်ခွဲခြင်းကို ခံလိုက်ရသည်။

ဒေါသကို မြိုသိပ်၍ ဟန်ဆောင်နေနိုင်မည်လော?

ဖုန်းချလိုက်ပြီးနောက် ကုကျစ်စုန့် ခြေတစ်ချက်ကို ခပ်ပြင်းပြင်းဆောင့်လိုက်သည်။

ထို့နောက် မည်းနက်နေသည့် တစ္ဆေတံခါးဝာ မြေပြင်မှ မှုန်မှိုင်းစွာ ထွက်ပေါ်လာခဲ့လေသည်။

သူမ ဂိတ်တံခါးဝတွင်းသို့ ဝင်ရောက်လိုက်ပြီး မိနစ်ပိုင်းအတွင်းမှာပင် တစ္ဆေတံခါးဝက မြို့တစ်မြို့၏ တောင်ခြေတစ်ခုတွင် ပြန်လည်‌ပွင့်ဟလာခဲ့သည်။

ဘေးဘီဝဲယာတွင် မြင့်မားသော တောင်တန်းများ၊ ထူထပ်သည့် တောအုပ်များသာ ပြည့်နှက်နေခဲ့ပြီး လူသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။

ကုကျစ်စုန့် အိတ်ကပ်ထဲမှ ကြွေစေ့သေတ္တာငယ်အား ထုတ်လိုက်ပြီးနောက် ကြွေစေ့အနည်းငယ်အား ဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။

ထို့နောက် လက်သီးဆုတ်ထဲတွင် စိတ်ပုတီးလုံးများကဲ့သို့ အနည်းငယ် ဆုတ်ကိုင်ထားလိုက်သည်။

သူမ လက်နှစ်ချောင်းအား ယှက်ကာ လက်ခလယ်အား လက်ညှိုးပေါ်သို့ တင်လိုက်ချိန်တွင် သူမအနီးမှ ‘အရှိန်အဝါ’က ရုတ်တရက် ပို၍ ပြင်းထန်လာခဲ့လေသည်။

သူမ၏ နှုတ်ဖျားမှ ကြည်လင်ပြတ်သားသည့် ဂါထာတစ်ခု ထွက်ပေါ်လာခဲ့သည်။

“တိုက်ပွဲတွင် ရင်ဆိုင်မည်ဆိုပါက စစ်သားအားလုံးက ဖွဲ့စည်းပုံအတိုင်း ရှေ့ချီတက်ရမည်၊ အမြဲလိုလို ကြည့်မြင်ပါက အရာအားလုံးအား ရှောင်ရှားနိုင်မည်”

“တိုက်!”

နှုတ်ဖျားမှ ဂါထာရွတ်သံ အဆုံးသတ်သည်နှင့် အဖြူ၊အမည်း ရောယှက်နေသော ကြွေစေ့များအား သူမ လက်မဖြင့် တောက်ချလိုက်ပြီး ထိုဝေ့ချီစေ့များမှာ ကြိုတင်ချိန်ထားသည့် ပစ်မှတ်အား တည့်တည့်မတ်မတ် သွားရောက်ထိမှန်ကြသည်။

ထိုအရာများက ကြွေစေ့များဖြင့်မတူဘဲ တား၍ မရနိုင်သော ကျည်ဆံများကဲ့သို့ပင် ဆင်တူလှသည်။

ကျားကွက်ကြွေစေ့များက ရှေ့တည့်တည့်အား သွားရောက်ထိမှန်ပြီးနောက် အသံအနည်းငယ်ထွက်ပေါ်လာခဲ့သည်။ ထိုအရာများက မမြင်နိုင်သည့် အတားအဆီးတစ်ခုဖြင့် တိုက်မိကာ လေထဲတွင် အနည်းငယ် ဝဲပျံနေသကဲ့သို့ပင်။

ရေပွက်လေးများ လေထဲတွင် ပျံ့နှံ့နေသည့်အလား ဖြစ်ပေါ်သွားပြီးနောက် မြင့်မားလှသည့် တောက်ဓမ္မ ကျောင်းဆောင်တစ်ခုက ထိုရေပွက်လေးများနောက်မှ အရိပ်တစ်ပိုင်း၊ အပြင်သို့ တစ်ပိုင်း ထွက်ပေါ်လာခဲ့သည်။

ကြွေစေ့အရေအတွက်များက များပြားလာခဲ့လေ၏။

ကြွေစေ့ ရှစ်လုံး၊ ကိုးလုံးခန့် ပစ်ထည့်လိုက်ပြီးနောက် တောက်ဓမ္မကျောင်းအား ကာရံထားသည့် အတားအဆီးတစ်ခုလုံးကို ကုကျစ်စုန့်၏ စွမ်းအားဖြင့် ဖျက်ဆီးပစ်လိုက်နိုင်ခဲ့သည်။တောက်ဓမ္မကျောင်းဆောင်အား တောင်များကြားတွင် ပုန်းကွယ်ထားခြင်းဖြစ်သော်ငြား တံခါးထုတ်များက မြင့်မား၍ ရိုးရှင်းခန့်ငြားလွန်းလှသည်။ တံခါးတစ်ရွက်ချင်းစီသည် ရွှေပြား ထောင်ချီတန်ဖိုးရှိသော ရွှေသစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

တံခါးမုခ်၏ ထိပ်ဖျားတွင် တံခါးကမ္ဗည်းတစ်ခုလည်း ရှိသည်။

ထိုကမ္ဗည်းအား မည်သို့ သစ်သားဖြင့် ပြုလုပ်ထားသည်ကို မသိနိုင်ပါချေ။

အရောင်က အဝါနုရောင် ခပ်ခြောက်ခြောက်ဖြစ်သည်။ ထိုကဲ့သို့သော တံခါးကမ္ဗည်းပေါ်တွင် မည်သို့သော စကားလုံးမျိုးပင် ရေးသားထားပါစေ၊ ရဲရင့်၍ သူရဲကောင်းဆန်မှုအား ပေးစွမ်းနိုင်လိမ့်မည်ဖြစ်သည်။

ကမ္ဗည်းတွင် ‘ချန်ချင်းဂိုဏ်း’ဟုရေးထိုးထားသည်။

ယခုအဝင်တံခါးဝက တောက်ဓမ္မဂိုဏ်းများ၏ ထောက်တိုင် သုံးခုမှ တစ်ခု၊ ပထမဆုံးဂိုဏ်းဟု လူသိများသော ချန်ချင်းဂိုဏ်း၏ အဝင်တံခါးဝင်ပင်။

‘ရန်သူ၏တိုက်ခိုက်ခြင်း’အား ခံစားလိုက်မိကြသော ဂိုဏ်းသားများသည်လည်း တောက်ဓမ္မကျောင်းများအတွင်းမှ ကျမ်းစာများ၊ မှော်လက်နက်များဖြင့် ရန်သူအား ခုခံရန် အပြေးအလွှားထွက်လာခဲ့ကြသည်။

“ဘယ်ကမကောင်းဆိုးဝါးဝိဉာဉ်ကလဲ? ငါတို့ ချန်ချင်းဂိုဏ်းကိုတောင် လာပြီး ပြဿနာရှာရဲတယ်!”

အပြင်ဘက်တွင် ရပ်နေသည်မှာ သွယ်လျကျော့ရှင်းသည့် မိန်းမလှလေးတစ်ဦးဖြစ်ကြောင်းကို မြင်တွေ့လိုက်ရချိန်တွင် တပည့်များ အံ့အားသင့်သွားခဲ့ရသည်။

ကုကျစ်စုန့်အား မျက်မှန်းတန်းမိသည့် လူများသည်လည်း မျက်ဝန်းများ ပြုးကျယ်သွားခဲ့ရသည်။

“အဲဒါ နတ်ဆိုးမ ကုကျစ်စုန့်ပဲ!”

လူအုပ်ထဲတွင် ကုကျစ်စုန့်၏ အဆင့်နှိမ့်ခံရပြီး သူမနှင့် စာချုပ် ချုပ်ဆိုထားသော တောက်ကျန့်များလည်း ပါရှိသည်။

သူမ မျက်နှာအား မြင်လိုက်ရချိန်တွင် မကြာသေးမီကကဲ့သို့ ဖိနှိပ်ခံရမည်ကို ထိတ်လန့်တုန်လှုပ်ကာ သူတို့အားလုံး၏ မျက်နှာများသည် ရှုံ့တွသွားခဲ့ရလေသည်။

“စုန်းမ၊ မင်း ဒီမှာ ဘာလာလုပ်တာလဲ? မင်းက ထောင်ချောက်ထဲကို ဝင်လာနေ-“

‘စုန်းမ’ဟု အော်ဟစ်လိုက်သော တောက်ကျန့်သည် စကားပင် မဆုံးလိုက်ပါချေ။ ကုကျစ်စုန့်၏ လက်က တစ်ချက်ဝှေ့ရမ်းသွားပြီး တစ်ဖက်လူက ဆယ်မီတာခန့်အကွာထိ လွင့်စင်သွားခဲ့သည်။

ကုကျစ်စုန့် မည်သို့ လုပ်ဆောင်လိုက်သည်အား မမြင်လိုက်နိုင်ခင်မှာပင် သူတို့အားလုံးက နောက်သို့ လွင့်ပြန်သွားခဲ့ကြပြီး ရုန်းကန်ရန်ပင် အခွင့်အရေးမရလိုက်ကြပေ။

ကုကျစ်စုန့်က ဖန်းချန်း၊ ထျန်ယွင်ကျေးရွာသို့ လိုက်ပါလာခဲ့သည့် အဖွဲ့မှ တောက်ကျန့်တစ်ဦး၏ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

တောက်ကျန့်မှာ ကြောက်လန့်နေခဲ့ပြီးနောက် သူ့အား စာရင်းရှင်းရန် လာရောက်သည်ဟု တွေးကြောက်နေခဲ့သောကြောင့် တုန်ရီစွာ ပြောလိုက်သည်။

“ဟုတ်.. ဟုတ်တယ်လေ! မင်းက ငါတို့ကို အမှန်အတိုင်း ပြန်ပြောပြဖို့ ပြောထားတာမလား..”

ကုကျစ်စုန့် လှပသောအပြုံးဖြင့် ပြုံးပြလိုက်သည်။

“သေချာတာပေါ့၊ ရှင်တို့တွေက အရမ်းတော်တယ်၊ အလုပ်ကို ကောင်းကောင်းလုပ်နိုင်ကြတယ် ဒါကြောင့်လည်း ကျွန်မက ရှင်တို့ရဲ့ ဖိတ်ခေါ်ချက်အရ လာခဲ့တာလေ”

‘ဖိတ်ကြားလွှာ’နှင့် ကုကျစ်စုန့်အား ချန်ချင်းဂိုဏ်းမှ ဝရမ်းထုတ်ခြင်းတို့ မရှိခဲ့ပါလျှင် သူမအနေဖြင့် ဤနေရာသို့ တရားဝင် လာရောက်၍ ရနိုင်မည်မဟုတ်။

သူမ၏ ဆိုလိုရင်းအား သဘောပေါက်သွားသည့် တောက်ကျန့်မှာ ငိုချင်သော်လည်း မျက်ရည် မထွက်ခဲ့ချေ။ သူ့ရှေ့မှ ဤအမျုးသမီးမှာ အမှန်တကယ် စိတ်ရူးပေါက်နေသူဖြစ်ကြောင်း တွေးလိုက်မိသည်။

“ဒါဆိုရင် ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ စီနီယာ?”

ကုကျစ်စုန့် မျက်ဝန်းများအား မှေးစင်းလိုက်သည်။

“ရှင်တို့ ချန်ချင်းဂိုဏ်းရဲ့ စာအုပ်စုဆောင်းတဲ့ စာကြည့်တိုက်ကို ခေါ်သွားပေး. ကျွန်မ ကြားတာတော့ ရှင်တို့ရဲ့ ဂိုဏ်းက ပထမဆုံးတောက်ကျန့်ပညာရှင်တွေ ချန်ထားခဲ့တဲ့ စာအုပ်တွေ အများကြီး စုဆောင်းထားတယ်တဲ့၊

အဲဒီ စာအုပ်တွေက တောက်ကျန့်တွေရဲ့ ပိုင်ဆိုင်မှုပဲ ဖြစ်ရမှာဆိုတော့ ကျွန်မ တစ်အုပ်၊နှစ်အုပ်လောက် ငှားသွားရင်လည်း ကိစ္စမရှိပါဘူး ဟုတ်တယ်မလား”

ထိုတောက်ကျန့်မှာလည်း ပြန်ခံမပြောရဲသည်ကြောင့် ကုကျစ်စုန့်အား ဂိုဏ်း၏ စာကြည့်တိုက်သို့ ခေါ်သွားပေးခဲ့ရသည်။

ချန်ချင်းဂိုဏ်းတွင် ရှေးကျမ်းစာများ၊ စာအုပ်များနှင့် ပေလိပ်များစွာ စုဆောင်းထားသည်။

ကုကျစ်စုန့် ပြောခဲ့သည့်အတိုင်းပင်။

သူမနှင့် ကျွင်းဟုန်တို့ တောင်ပေါ်မှ ထွက်ခွာသွားခဲ့ချိန်တွင် ချန်ရစ်ထားခဲ့သော စာအုပ်ပေါင်းများစွာ ရှိနေခဲ့သည်။

ရင်းနှီးနေသည့် ဂန္တဝင်စာအုပ်များပင်။

သို့သော် ထိုအရာများသည်က သူမ ယခုအချိန် လိုအပ်နေသည့် အရာများမဟုတ်။ သူမက တစ်အုပ်ပြီးတစ်အုပ် လှန်လှောဖတ်ရှုပြီးနောက် လိုအပ်သည့် စာအုပ်အနည်းငယ်ကို ယူဆောင်ကာ စာကြည့်တိုက်တွင်းမှ ပေါ့ပေါ့ပါးပါး ထွက်ခွာလာခဲ့လေသည်။

သူမ ချန်ချင်းဂိုဏ်း၏ အကာအကွယ်ဖွဲ့စည်းပုံအား ဖျက်ဆီးပြီးချိန်မှ ယခုအချိန်ထိ ဆယ်မိနစ်ခန့်သာ ရှိသေးသည်။

ထိုအချိန်သည်က တိုလွန်း၊ ရှည်လွန်းသည့် အချိန်မဟုတ်သော်လည်း မြေကမ္ဘာပညာရှင်အဆင့်တောက်ကျန့် ထွက်ပေါ်လာသည်ကို မမြင်တွေ့ရသေးပေ။

သူမ ချန်ချင်းဂိုဏ်း၏ ဂိတ်တံခါးဝသို့ လျှောက်လာခဲ့ပြီးနောက် နောက်မှ လိုက်ပါလာသည့် တောက်ကျန့်အား တည်ငြိမ်သော မျက်နှာဖြင့် စိုက်ကြည့်လိုက်သည်။

“ကျွန်မ မှတ်မိတာ မှန်ရင်တော့ ချန်ချင်းဂိုဏ်းရဲ့ ထောက်တိုင်ပေါ်က တံခါးကမ္ဗည်းက ရှင်တို့ ပိုင်တဲ့ဟာ မဟုတ်ပါဘူး၊ ကြည့်ရတာ ထပ်ပြီးတော့ ‘ငှား’ထားတာတွေပဲများလား?

ဘယ်လို ‘ပထမဆုံး’တောက်ဓမ္မကျောင်းဆောင်မျိုးပါလိမ့်၊ တကယ့်ကို အမြင်ကျယ်စေတာပါပဲ”

“ဘယ်လို မဟုတ်တမ်းတရားတွေ လျှောက်ပြောနေတာလဲ? ဒီကမ္ဗည်းက ငါတို့ ချန်ချင်းဂိုဏ်းရဲ့ ရတနာကွ!

ရှေးခေတ်ကတည်းက အခုထိ လက်ဆင့်ကမ်း ထိန်းသိမ်းလာတဲ့အရာ၊ မင်း ဘာကို လာပြီး ပုတ်ခတ်ရဲရတာလဲ!?”

တောက်ကျန့်လည်း သည်းမခံနိုင်စွာ အော်ဟစ်လိုက်ပြီးနောက် မျက်နှာတစ်ခုလုံးသည်လည်း နီမြန်းနေခဲ့သည်။

“ငါတို့ ခေါင်းဆောင်သာ ဂူပိတ်ပြီး ကျင့်ကြံနေတာမဟုတ်ဘူးဆိုရင်.. မင်း သေချာပေါက် အပြစ်ကို ပေးဆပ်ရမှာပဲ!”

“အို၊ ရှင်တို့ရဲ့ ရတနာ??”

ကုကျစ်စုန့် နှုတ်ခမ်းပါးလေးများကို တွန့်ရုံ ပြုံးလိုက်ပြီးနောက် သူမ၏ အတွင်းအားကို အသုံးပြုကာ ချန်ချင်းဂိုဏ်း၏ တိုင်လုံးအား ရိုက်နှက်လိုက်သည်။

အဝေးတစ်နေရာမှ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ကျယ်လောင်လွန်းသောကြောင့် နားစည်ပင် ကွဲမတတ်ဟု ထင်ရသည်။

“အရမ်း သတ္တိတွေ ကောင်းနေတာလား ကောင်မလေး!?”

ကုကျစ်စုန့်၏ မျက်လုံးများတွင် ကြောက်လန့်ခြင်း၊ စိတ်ဝင်စားခြင်း အလျဉ်းမရှိခဲ့ချေ။

“ပြောတော့ ဂိုဏ်းချုပ်ယွမ်က ဂူပိတ်ပြီး ကျင့်ကြံနေတာဆို”

All Chapters