← Chapters

လုပ်ငန်းဟောင်း

Vol. 16 Ch. 213

လုပ်ငန်းဟောင်း

Vol. 16 Ch. 213

အခန်း(၂၁၃) : လုပ်ငန်းဟောင်း

ကျောင်းတော်၏ အစည်းအဝေးခန်းအတွင်း …

ဝမ်ဝေ့ ထွက်သွားအောင်အထိ စောင့်ဆိုင်းပြီးနောက် သူတို့က အခုဖြစ်ပျက်သွားသည့် အဖြစ်အပျက်နှင့် ဆက်စပ်၍ ဆွေးနွေးလိုက်ကြသည်။

“ကျောင်းအုပ် ဒီအပေးအယူကို ဘာလို့လက်မခံလိုက်တာလဲ။ ဝမ်ဝေ့ကို သိရသလောက် သူက အမှန်အတိုင်းပြောနေတာပါ” ဆရာတစ်ယောက်က ပြောလိုက်၏။

“ ဟုတ်တယ်။ တာအိုအခွင့်အလမ်းဂိုဏ်းက နောက်ဆုံးမှာ ဧကရာဇ်ကိုးပါး ကျိန်စာကို ချိုးဖောက်နိုင်မဲ့ အခွင့်အရေး ရလာတော့မှာဆိုတော့ ဒီလိုအခွင့်အရေးကို လွယ်လွယ်လက်လွတ်ခံမှာ မဟုတ်ဘူး ”

ပိုင်ဟန်က တစ်လျှောက်လုံး တည်ငြိမ်နေခဲ့သော်လည်း စိတ်ထဲ၌ တိတ်တဆိတ် သက်ပြင်းသာ ချလိုက်သည်။ ထိုလူများက လောဘအမှောင်ဖုံးနေကြလေသည်။

“မင်းတို့အားလုံးကို မေးပါရစေဦး” ပိုင်ဟန်က ဖြည်းဖြည်းချင်း ပြောလိုက်သည် “တကယ်လို့ ဝမ်ဝေ့က တာအိုကျောက်ပြားရှိရာ လျို့ဝှက်နယ်မြေထဲ ဝင်ခွင့်ရမလာခဲ့ရင် ဘယ်သူက အကျိုးမြတ်အများဆုံး ရမယ် ထင်လဲ”

အခြားဆရာများက အစပိုင်း ကြောင်အမ်းသွားကြပြီး မေးခွန်းကို သေချာစဉ်းစားကြည့်လိုက်ကြသည်။ သူတို့က ကျောင်းအုပ်၏ ဗျူဟာအမြင်အပေါ် ယုံကြည်နေကြဆဲ ဖြစ်၏။ ပညာရှိဝိဇ္ဇာတစ်ယောက်အနေနှင့် ဉာဏ်ပညာက သူ့အဓိကစွမ်းရည် သို့မဟုတ် လက်ဆောင် ဖြစ်လေသည်။

ဆရာတစ်ယောက်၏ အကြည့်များက လင်းလက်လာကာ  “တခြားကောင်းကင်ရွေးချယ်ခံတွေ ဖြစ်မှာပေါ့။ အဲဒီတာအိုကျောက်ပြားတွေကို ကြည့်ခွင့်မရရင် တခြားကောင်းကင်ရွေးချယ်ခံတွေက သူ့ထက် သာလွန်သွားပြီး သူနဲ့ ကွာဟချက်ကို ချုံ့နိုင်လိမ့်မယ်။ သူ့ထက် ကျော်သွားတာတောင် ဖြစ်လာနိုင်တယ် ”

“အမှန်ပဲ” ပိုင်ဟန်က ပြောလိုက်သည် “မင်းတို့က ရေရှည်ကို ကြည့်တတ်ရမယ်။ ငါတို့သာ သူ့တောင်းဆိုချက်ကို သဘောတူလိုက်ရင် နောင်အခါ ဝမ်ဝေ့က တာအိုကို သက်သေပြပြီး ဧကရာဇ် ဖြစ်လာခဲ့ရင် ဘယ်လိုဖြစ်မယ် ထင်လဲ”

အခန်းက တိတ်ဆိတ်သွားပြီး အခန်းထဲရှိ ဆရာအများစုက အမူအရာ ပျက်ယွင်းလာကြသည်။ သူတို့က မတုံးအပေ။ ကျောင်းအုပ်က အားလုံးထုတ်ပြောနေပြီဖြစ်၏။

“သူ အရင်ပေးထားတဲ့ အရင်းအမြစ်အားလုံးကို ပြန်တောင်းလိုက်ရုံပဲလေ။ ဒါမှမဟုတ် အဲဒါထက်တောင် ဆိုးသွားနိုင်တယ်” ဆရာတစ်ယောက်က ဖြေလိုက်၏။

“ ဟုတ်တယ် … သူ့တောင်းဆိုချက်ကို ငြင်းလိုက်တာက သူ့အင်အားကို လျော့ချလိုက်တာနဲ့ အတူတူပဲ။ ငါတို့အနေနဲ့ မဟာဧကရာဇ် ပြုစုပျိုးထောင်နိုင်မဲ့ အခွင့်အရေး များလာလိမ့်မယ်။ ဧကရာဇ်အသုံးအဆောင် ဒါမှမဟုတ် ပင်ကိုရတနာတွေက လင်းဖန်သာ တာအိုသက်သေပြပြီး ထာဝရဧကရာဇ် ဖြစ်လာတာနဲ့ အရာအားလုံး ဖြစ်လာနိုင်တယ် ”

ဆရာအားလုံးက ကျောင်းအုပ်ကြီး၏ အမျှော်အမြင်ရှိမှုကို စတင်ချီးကျူးကြတော့သည်။ ပိုင်ဟန်အတွက်မူ သူ့ဘာသာ တွေးရင်း သက်ပြင်းသာ ချလိုက်၏။

ဝမ်ဝေ့က အရင်မှန်းထားတာထက် ပိုပြိုင်ဘက်ကင်းနေတယ် … သူ ဒီအစည်းအဝေးခန်းထဲကနေ တည်တည်ငြိမ်ငြိမ် လမ်းလျှောက်ထွက်သွားပုံကို ကြည့်လိုက်ရင် လွယ်လွယ်လက်လျော့မဲ့သူတော့ မဟုတ်ဘူး

လင်းဖန်က ငါတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ … ဒီအခွင့်အရေးကို လက်လွှတ်လိုက်လို့ မဖြစ်ဘူး။

ဟူး .. ငါ ခေါင်းမာမနေဘဲ အဖေ့စကား နားထောင်လိုက်သင့်တာ

................

ထိုစဉ် ဝမ်ဝေ့က သူ့အခန်းဆီ ပြန်ရောက်လာလေသည်။

“အကြီးအကဲချုပ် ကျွန်တော်တို့ အစီအစဉ် ကျရှုံးသွားတယ်ဆိုတာ ဘာကိုပြောချင်တာလဲ” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“မနေ့ညတုန်းက ဂိုဏ်းအနေနဲ့ ကျောင်းတော်က အမွေခံတပည့်တွေဆီ တာအိုကျောက်ပြား သုံးထောင်ဆီ ဝင်ခွင့်ပေးနိုင်တဲ့ သူတို့အမှတ်အသားပြားကို ရနိုင်ဖို့ အာဏာသုံးပြီး လာဘ်ထိုးခဲ့ပေမဲ့ အားလုံးက ကျောင်းတော်ကို သစ္စာမဖောက်ဘဲ ဘယ်လိုတန်ကြေးပေးပေး အမှတ်အသားပြား ပေးဖို့ ငြင်းဆန်နေကြတယ်။ အဲဒါနဲ့ သခင်လေးရဲ့ အစီအစဉ်အတိုင်း သူတို့မိသားစုဝင်တွေကိုပါ ဖမ်းပြီး ခြိမ်းခြောက်ခဲ့သေးတယ်”

“အဲဆို မနေ့ညတုန်းက အမှတ်အသားပြား ရလိုက်သင့်တယ်မလား။ တစ်ခုခုဖြစ်သွားလို့လား” ဝမ်ဝေ့က မေးလိုက်သည်။

ဝမ်ဝေ့ ယနေ့အစည်းအဝေးကို တက်ရောက်သည့် တစ်ခုတည်းသော အကြောင်းအရင်းက လျို့ဝှက်နယ်မြေထဲ ဝင်ရောက်မည့် တရားဝင်နည်းလမ်း ရရှိရန်အတွက်သာ ဖြစ်၏။ သူ လုပ်လိုက်သည့်အရာကား ကမ္ဘာရှိ အင်အားအကြီးဆုံး အင်အားစုနှစ်ခုအတွင်း စစ်ပွဲကို ဦးဆောင်သွားနိုင်သောကြောင့် ဆတ်ဆတ်ထိမခံဖြစ်ကြောင်း ယူဆရပေမည်။

ဝမ်ဝေ့အနေနှင့် စစ်ပွဲကို စတင်လျှင်ပင် ဂိုဏ်းက သူ့ကို အပြည့်အဝ ထောက်ခံပေးထားမှန်း သိသော်လည်း မလိုအပ်သရွေ့ ဒီလောက်အခြေအနေအထိ မသွားလိုပေ။

“ဒီအစည်းအဝေးအတွင်းမှာ ကျောင်းတော်က ကျုပ်တို့လာဘ်ထိုးတာ လက်ခံတဲ့ လူအားလုံးကို အမွေခံသားတော် ရာထူး ပြန်ရုတ်သိမ်းခဲ့တယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်။ ကျန်တဲ့လူတွေလည်း သတိပေးခံလိုက်ရတယ်။ အခြေအနေကို သွားစစ်ဆေးကြည့်ချင်ပေမဲ့ ကျောင်းတော်ရဲ့ တခြားအစစ်အမှန် အုပ်ချုပ်သူတွေက ကျုပ်အပြုအမူတွေကို အနီးကပ်စောင့်ကြည့်နေတော့ သခင်လေးကို တစ်ယောက်တည်း ထားမသွားနိုင်လိုက်ဘူး”

“ကျစ် မြေခွေးအိုကြီး ပိုင်ဟန်က အစည်းအဝေးမှာ တစ်ခုခု ရိပ်မိသွားတာပဲ ဖြစ်ရမယ်။ အဲဒါကြောင့် ရှေးခေတ်စကားတွေက မှန်တယ်။ ကမ္ဘာကြီးမှာ သူရဲကောင်းတွေ အများကြီးရှိပြီးတော့ တစ်ယောက်ကိုမှ လျော့တွက်လို့ မဖြစ်ဘူးပဲ” ဝမ်ဝေ့က ချဉ်စူးစူး စိတ်အခြေအနေ ဖြစ်နေသည်။

“သခင်လေး ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ။ စစ်ပွဲအတွက် ပြင်ဆင်ထားလိုက်ရမလား ”

“ အခုထိတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ ကျွန်တော်တော့ အရင်လို ငါးပြန်မျှားရဦးမယ် ထင်တယ်။ ကိစ္စတွေက  စီစဉ်တဲ့အတိုင်း ဖြစ်ပြီးတော့ ပြင်းထန်တဲ့ နည်းလမ်းတွေ ထုတ်မသုံးရဖို့ မျှော်လင့်မိတယ် ”

အကြီးအကဲချုပ်ယန်းချန်နှင့် စကားပြောဆိုပြီးနောက် ဝမ်ဝေ့က ယန်းလီလင်းနှင့် လီကျွင်းကို လှမ်းခေါ်လိုက်သည်။

“အစ်ကိုကြီး စစ်ဆေးမှုမစခင် ဘာလို့ခေါ်လိုက်တာလဲ” လီကျွင်းက နားမလည်ဟန်ပေါ်နေသည်။ သူက အရေးကြီးတာ တစ်ခုခုဖြစ်တော့မည်မှန်း ခံစားချက်ရနေ၏။

“လတ်တလော ဖြစ်ရပ်တွေကြောင့် ငါ စစ်ဆေးမှုမှာ ဝင်မပါတော့ဘူး ”

“အစ်ကိုကြီး တစ်ခုခုများ ဖြစ်လို့လား”

ဝမ်ဝေ့က အခြေအနေကို ရှင်းမပြခင် ခေါင်းညိတ်ပြလိုက်သည်။ ယခု နှစ်ယောက်လုံးတွင် ဂမ္ဘီရဆန့်ကျင်ရေး အသုံးအဆောင် ရှိနေပြီဖြစ်၍ လျို့ဝှက်ချက်တချို့အား ပြောပြနိုင်လေပြီ။

“အခု ငါ ဒီစစ်ဆေးမှုမှာ ဝင်မပါတော့ဘူး။ မင်းတို့တွေ ဘယ်လိုဖြစ်ဖြစ် ထိပ်ဆုံးသုံးဆယ်ထဲပါအောင် လုပ်ရမယ် ”

“အစ်ကိုကြီးအတွက် ကျွန်တော်တို့ကို ဝင်ခွင့်နေရာယူပေးချင်တာလား။ ပြဿနာမရှိဘူး … ကျွန်တော်ကို အပ်ထားလိုက်”လီကျွင်းက အပြုံးဖြင့် ပြောလိုက်သည်။

“အစ်ကိုကြီး ဘာမှစိတ်ပူနေဖို့ မလိုဘူး။ စစ်ဆေးမှုရဲ့ စည်းမျဉ်းအရ နေရာလေးခုကို ကျွမ်းကျင်အတတ်ပညာဘက်က ဆေးပညာ၊ အဆောင်၊ အစီအရင်နဲ့ မွမ်းမံသန့်စင်ရေးပညာရပ်တွေမှာ အနိုင်ရသူကို ပေးမှာဆိုတော့ ကျင့်ကြံသူတစ်ယောက်က နောက်ဆုံးအနိုင်ရသူ ဖြစ်တာနဲ့ နေရာ တစ်နေရာစာ အလိုလိုရပြီးသားပဲ။

ဆေးပညာမှာ ကျွန်မရဲ့ ပါရမီနဲ့ ဆိုရင် အလွယ်လေး နိုင်နိုင်တယ် ” ယန်းလီလင်းက ထပ်ပြောလိုက်သည်။

ဝမ်ဝေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး  “ ငါ့ဆီမှာ တခြားအစီအစဉ်တစ်ခု ရှိထားပေမဲ့ အဲဒါက မျှော်လင့်ထားသလို ဖြစ်မလာရင် မင်းတို့က ငါရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ ”

ထို့နောက် သူက ယန်းလီလင်းကို ကြည့်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ထိုစဉ် သူ့လက်တစ်ဖက်စီတွင် မီးတောက်တစ်ခုစီ ပေါ်လာသည်။ တစ်ခုက အနက်ရောင် ဖြစ်ပြီး တစ်ခုက အဖြူရောင် ဖြစ်၏။

“ကောင်းကင်ဖျက်ဆီး မီးတောက်နဲ့ သန့်စင်း မီးတောက်ပဲ” ယန်းလီလင်းက တအံ့တဩ ရေရွတ်လိုက်သည်။ ထိုမီးတောက်နှစ်ခုလုံးက မိုးမြေကြား တည်ရှိသည့် အလွန်အားကောင်းသော မီးတောက်များ ဖြစ်ကြသည်။ သူမက ဝမ်ဝေ့သည် ကောင်းကင်စမ်းသပ်ချက်အနေနှင့် ထိုမီးတောက်နှစ်ခုကို ကြုံတွေ့ခဲ့ကြောင်း  မှတ်မိလိုက်သည်။

ယခု သူက သူတို့ကို ထိန်းချုပ်သွားနိုင်ဟန်ပေါ်သည်။

“ဟုတ်တယ် … ဒီမီးတောက်တွေထဲက မင်းဆေးပညာကို ကူညီပေးနိုင်လား”

“ကောင်းကင်ဖျက်ဆီးး မီးတောက်က ဖျက်ဆီးဖို့အတွက်ပဲ သုံးတာဆိုပေမဲ့ သန့်စင်း မီးတောက်ကတော့ မတူဘူး။ သူက ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ရုံတင် မကဘူး။ ဆေးဖော်စပ်နေတုန်း ပါဝင်ပစ္စည်းတွေကိုလည်း သန့်စင်ပေးနိုင်ပြီးတော့ ဆေးလုံးရဲ့ အရည်အသွေးနဲ့ အဆင့် မြင့်လာစေနိုင်တယ်။ ဒါပေမဲ့ … ”

“ပြဿနာ တစ်ခုခုရှိလို့လား” ဝမ်ဝေ့က မေးလိုက်သည်။

“ကျောင်းတော် စစ်ဆေးမှုက နောက်သုံးရက်မြောက်နေ့မှာဆိုတော့ ဒီလိုအားကောင်းတဲ့ မီးတောက်ကို အချိန်တိုအတွင်း သန့်စင်ဖို့ မဖြစ်နိုင်လောက်ဘူး ”

ဝမ်ဝေ့က သက်ပြင်းချလိုက်ကာ  “ဟုတ်သားပဲ … ငါ ဒီလိုရိုးရှင်းတာကို ဘယ်လိုများမေ့နေပါ့လိမ့် ”

ယန်းလီလင်းက ခေါင်းငိုက်စိုက် ဖြစ်နေသည်။ သူမက သူမ၏ အစ်ကိုကြီး ဒီလောက်အထိ အားမလိုအားမရ ဖြစ်နေသည်ကို မမြင်ဖူးပေ။ သူမက အချိန်တိုအတွင်း ကိစ္စများစွာ ဖြစ်ပွားခဲ့၍မှန်း မှန်းဆမိလိုက်သည်။ သူ့အား တည်ငြိမ်သွားစေဖို့ အချိန်နည်းနည်းပေးသင့်လေသည်။

အကြောင်းအရင်းက မည်သို့ဖြစ်နေစေကာမူ သူ့ကို ဒီလိုမြင်ရတာ မကြိုက်ပေ။ ယန်းလီလင်းက အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး  “တကယ်တော့ နည်းလမ်း ရှိနိုင်တယ်”

“ဘာများလဲ ”

“ အစ်ကိုကြီး ကောင်းကင်စမ်းသပ်ချက်အတွင်း ခန္ဓာကိုယ်ကို လေ့ကျင့်ပေးဖို့ သုံးတဲ့ နည်းလမ်းမျိုးနဲ့ ”

“အဲဒါဘာကိုပြောချင်တာလဲ” လီကျွင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“ မီးတောက်ကို သန့်စင်နေမဲ့အစား ဝိညာဉ်နဲ့ ပေါင်းစပ်လိုက်မယ်။ ဖျက်ဆီးခြင်းနဲ့ ပြန်လည်ကောင်းမွန်ခြင်း ဆက်တိုက်ကြုံတွေ့သွားပြီးရင် မီးတောက်ကို တစ်ရက်တည်းနဲ့  အလျှင်အမြန် ပေါင်းစပ်နိုင်လာလိမ့်မယ် ”

လီကျွင်းက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည် “အဲဒါ သိပ်တော့ မကောင်းဘူး။ အစ်ကိုကြီးရဲ့ ပြန်လည်ကောင်းမွန်းနိုင်စွမ်းလိုမျိုး မရှိဘဲနဲ့ မင်းရဲ့ ဝိညာဉ်က ချက်ချင်း သန့်စင်ခံလိုက်ရလိမ့်မယ် ”

“လီလင်း … လီကျွင်း ပြောတာ မှန်တယ်။ ပြီးတော့ မင်းရဲ့ ပါရမီနဲ့ မင်း နိုင်မယ်ဆိုတာ အာမခံနိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ အဲဒါကြောင့် ဒီလောက်အထိ လုပ်စရာ မလိုပါဘူး ”

သို့သော်လည်း ယန်းလီလင်းက ခေါင်းခါလိုက်သည်။

“အစ်ကိုကြီး နဂါးစစ်စစ် တည်းခိုဆောင်ထဲမှာ ပြောခဲ့သလိုပဲလေ။ သူတို့အပေါ် ပြန်ရက်စက်နိုင်တဲ့ လူတွေကပဲ ကျင့်ကြံရေးလောကရဲ့ ထိပ်ဆုံးကို ရောက်နိုင်တာဆို …. ကျွန်မသာ အောင်မြင်သွားရင် အင်အားလည်း သိသိသာသာ တိုးလာလိမ့်မယ်။ ဆေးပညာရှင်အနေနဲ့ စွမ်းရည်လည်း နောက်ထပ် အဆင့်တစ်ခုကို ရောက်သွားလိမ့်မယ်။ ကုသဖို့အတွက်ကတော့ ဝိညာဉ်ကို အသက်ရှင်ရက် ထိန်းထားဖို့ ဆေးလုံးတွေ ရှိပါတယ်။ ပြီးတော့ ဘိုးလေးယန်းချန်ရဲ့ အကူအညီနဲ့ဆိုရင် ကျွန်မ အဆင်ပြေမှာပါ ”

ဝမ်ဝေ့က သူမ မျက်ဝန်းထဲ စိုက်ကြည့်လိုက်ပြီးနောက် ခိုင်မာသည့် သဘောထားကို မြင်လိုက်ရ၍ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ဝမ်ဝေ့၏ အခန်းဆီမှ တစ်ညတာလုံးကြာမြင့်သည့် စူးစူးရှရှ အော်သံများ ထွက်ပေါ်လာသည်။ ကံကောင်းသည်က အခန်းထဲမှ အသံ အပြင်မထွက်စေရန် အစီအရင် ခင်းကျင်းပေးထားသည်။

နောက်တစ်ရက်တွင် ဝမ်ဝေ့နှင့် သူ့အဖွဲ့က စစ်ဆေးမှု ကျင်းပရာ နေရာဆီ ဦးတည်လိုက်ကြသည်။ ယန်းလီလင်းအတွက်မူ သူမက တစ္ဆေတစ်ကောင်လိုမျိုး ဖြူဖျော့နေသော်လည်း ယုံကြည်ချက်အပြည့် ရှိနေသည်။

ထူးဆန်းနေသူက လီကျွင်း ဖြစ်ပြီး ဖြူဖျော့နေ၏။

စစ်ဆေးမှု ကျင်းပရာနေရာတွင် အလယ်၌ စင်မြင့်တစ်ခု ရှိပြီး ဘေးပတ်လည်တွင် ပွဲကြည့်စင်များ ရှိလေသည်။ စစ်ဆေးမှုက ဒီနေရာတွင် ကျင်းပမည် မဟုတ်ဘဲ ကျောင်းတော်မှ ဖန်တီးထားသည့် သီးသန့်ကမ္ဘာထဲတွင် ဖြစ်၏။

ဝမ်ဝေ့အတွက်မူ လေထဲ မျှောလွင့်နေသည့် ရုံငယ်လေးအတွင်း အထူးဧည့်သည်တော် နေရာတွင် ထိုင်နေလေသည်။ သူ တစ်ယောက်တည်း မဟုတ်ပေ။ လေထဲ မျှောလွင့်နေသည့် တခြားရုံငယ်လေးများလည်း ရှိကြသည်။ အများစုက မင်ရောင်အမျိုးမျိုး ရေးဆွဲထားသည့် သစ်သားအိမ်များဖြင့် ကောင်းကောင်း တန်ဆာဆင်ထားပုံပေါ်သည်။

ဝူဟုန်ကို ဝမ်ဝေ့ကိုယ်တိုင် ဖိတ်ကြားထားသောကြောင့် သူ့ဘေးနားတွင် ထိုင်နေသည်။

ပါဝင်ယှဉ်ပြိုင်သူအားလုံးက စင်မြင့်ပေါ် ရောက်ရှိနေကြပြီး ကျောင်းအုပ် ပိုင်ဟန်က စစ်ဆေးမှု စတင်ဖို့ ကောင်းကင်တွင် ပေါ်ထွက်လာလေသည်။

“ ဂုဏ်သရေရှိ ဧည့်သည်တော်တို့ ကျောင်းတော်က သတင်းကောင်းတချို့ ကြေညာစရာ ရှိပါတယ်။ ဒီမျိုးဆက်က ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် အချိန်ကာလဆိုတော့ ကျွမ်းကျင်အတတ်ပညာဆိုင်ရာဘက် အနိုင်ရသူတွေဆီ ပေးအပ်ထားတဲ့ ဝေစုကို ဖယ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ”

All Chapters