စစ်တုရင် ကစားသမားများ
Vol. 16 Ch. 214
အခန်း(၂၁၄) : စစ်တုရင် ကစားသမားများ
ပိုင်ဟန်က ပါဝင်ယှဉ်ပြိုင်သူများ၏ အံ့အားသင့်နေသည့် အမူအရာများကို ကြည့်လိုက်ရင်း ဆက်ရှင်းပြလိုက်သည်။
“ဒီမျိုးဆက်ရဲ့ စစ်ဆေးမှုအတွက် အင်အားနဲ့ ခွန်အားအပေါ်ကိုပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကြောင့် ဆရာတွေက ပြိုင်ပွဲလေးခုကနေ အနိုင်ရသူတွေကို ဝင်ခွင့်လေးခု ပေးမဲ့အစား တခြားကောင်းကင်ရွေးချယ်ခံ လေးယောက်ကို ပေးအပ်ဖို့ မဲပေးဆုံးဖြတ်ခဲ့ကြတယ်။
ဒီနှစ်ရဲ့ ကျွမ်းကျင်အတတ်ပညာဘက်မှာ အနိုင်ရသူ လေးယောက်အတွက်ကို စိတ်မကောင်းပေမဲ့ ကျောင်းတော်က သူတို့ကို အကောင်းဆုံး ပြန်လျော်ပေးပါလိမ့်မယ်”
လူများစွာက စည်းမျဉ်းအသစ် ပြောင်းလဲသွားပြီး သူတို့ဝင်ခွင့်ရနိုင်ခြေ မြင့်မားလာကြောင်း သိသည့်အခါ စိတ်လှုပ်ရှားလာကြသည်။ ဆေးပညာနှင့် အစီအရင်ဆရာများကမူ တုန်လှုပ်ကာ ဒေါသထွက်နေကြသည်။
သူတို့ကို ကမ္ဘာကြီးထဲ အလေးစားရဆုံး ပညာရှင်များအဖြစ် အမြဲတမ်း သတ်မှတ်ထားကြသည်။ သူတို့သွားသည့် နေရာတိုင်း လူများစွာက လေးစားစွာ ဆက်ဆံကြလေသည်။
စည်းမျဉ်းများကို သူတို့ဘက် မျက်နှာလိုက်ကာ ပြောင်းလဲလေ့ရှိသော်လည်း ယခုအခါ …
ထိုစည်းမျဉ်း ပြောင်းလဲမှုကြောင့် အံ့အားအသင့်ဆုံးလူများက ဆေးပညာရှင်များ ဖြစ်၏။ သူတို့က ကမ္ဘာကြီးထဲ အာဏာအများဆုံး ကိုင်ဆောင်ထားကြသူများလည်း ဖြစ်ပေသည်။ ဆေးလုံး ဖော်စပ်နိုင်စွမ်းဖြင့် လူများစွာ၏ အသက်ကို ကယ်တင်ပေးနိုင်သလို ကျင့်ကြံဆင့်ကိုလည်း မြင့်ပေးနိုင်ကြသည်။ ပါရမီစွမ်းရည် တိုးလာဖို့အတွက်လည်း သူတို့ ဖော်စပ်သော ဆေးလုံးများ အသုံးပြုကြသည်။ သူတို့က လူမှု့အသိုက်အဝန်းထဲ အလေးစားခံရဆုံး လူများ ဖြစ်ကြသည်။
သို့သော်လည်း ယခုတွင် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က သူတို့၏ ပညာများကို ဒီမျိုးဆက်အတွင်း မလိုအပ်ဘဲ ခွန်အားနှင့် စွမ်းအားကိုသာ အလေးထားကြောင်း ပြောနေလေသည်။
ထို့ကြောင့် သူတို့က အရှက်ရကာ ဒေါသထွက်လာကြသည်။ သို့သော် သူတို့က ဘာလုပ်ရမှန်း မသိပေ။ သူတို့က ကျောင်းတော်ကို စိန်ခေါ်နိုင်ခြင်းမျိုးလည်း မဟုတ်ပေ။
ထိုစဉ် ဝမ်ဝေ့ရှိရာ မျှောလွင့် ရုံငယ်လေးထဲ ပိုင်ဟန် ပြောစကားကို ကြားပြီးနောက် သူ့လက်ထဲ ကိုင်ထားသည့် အဖန်ရည်ခွက်က ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားလေသည်။ ထို့နောက် သူက ကျောင်းအုပ်ကို ကြည့်လိုက်၏။
အဝေးမှပင် ပိုင်ဟန်က အားကောင်းကောင်း အကြည့်တစ်ခု သူ့ဆီ ရောက်နေသည်ကို ခံစားမိနေသည်။ သားရဲတစ်ကောင်က သားကောင်ကို ချောင်းနေသလိုမျိုး ဖြစ်၏။ သူက ထိုအကြည့်ပိုင်ရှင် ဘယ်သူမှန်း မှန်းဆမိဟန်ဖြင့် လျစ်လျူရှုထားလိုက်သည်။
ထိုစဉ် ဝမ်ဝေ့က သူ့ဘာသာ စိတ်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဆက်သွယ်ရေး ဖိတ်ကြားချက် ရလိုက်သောကြောင့် သိုလှောင်လက်စွပ်ထဲမှ အဆောင်တစ်ရွက်ကို ထုတ်လိုက်သည်။
“အစ်ကိုကြီး အခုဘယ်လိုဆက်လုပ်လိုက်ရမလဲ” အဆောင်တစ်ဖက်မှ အသံပိုင်ရှင်က ယန်းလီလင်း ဖြစ်၏။
ဝမ်ဝေ့က စိတ်ထဲ ဖြစ်နိုင်သည့် အစီအစဉ်ကို အလျှင်အမြန် တွက်ချက်ရင်း ပြောလိုက်သည် “ အဲဒီမှာ မင်းသဘောထားကို အများသိအောင်ပြခဲ့ … ပြီးရင် မင်း အခန်းဆီ ပြန်သွားလိုက်တော့ ”
“ဒါပဲလား”
“ဒါပဲ ”
ဆက်သွယ်ရေး ဖြတ်တောက်လိုက်ပြီးနောက် ယန်းလီလင်းက သူမအတွေးများကို ခဏကြာ စုစည်းလိုက်ပြီးနောက် ကျယ်ကျယ်လောင်လောင် သရော်သံ ပြုလိုက်သည်။
သို့သော်လည်း ထိုအရာက သာမန်လှောင်ပြောင်သံ မဟုတ်ဘဲ မူလအဆီအနှစ်များ ကိန်းအောင်းနေသည်။ ထို့ကြောင့် နေရာရှိ လူသန်းချီနှင့် အစီအရင်များမှတဆင့် ကြည့်နေသူအားလုံး သူမ၏ အသံကို ကြားလိုက်ကြသည်။
အတိအကျဆိုရလျှင် ကမ္ဘာရှိ ကျင့်ကြံသူအများစုက သူမအသံကို ကြားလိုက်ကြသည်။
ပို၍ အရေးကြီးသည်က ယန်းလီလင်း၏ သရော်သံသည် ပိုင်ဟန်၏ မိန့်ခွန်းကို နှောင့်ယှက်လိုက်သောကြောင့် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၏ ကျောင်းအုပ် မိန့်ခွန်းကို နှောင့်ယှက်ရဲသူထံ အားလုံးက အာရုံရောက်သွားကြသည်။
အားလုံးက ယန်းလီလင်းဆီတွင် ရှိနေစဉ် သူမက အနည်းဆုံးတော့ အပေါ်ယံ အမူအရာ အပြောင်းအလဲ မပြပေ။ သူမက တိတ်တဆိတ် လေပြင်းပြင်းရှုလိုက်ရင်း “ ကျောင်းတော်က ကျွန်မတို့ရဲ့ ပညာတွေအပေါ် လေးစားမှု မရှိဘူးဆိုမှတော့ ဒီမှာ မကြိုဆိုဘူးလို့ ပြောတာနဲ့ အတူတူပဲ။ အဲဒါကြောင့် ကျွန်မ ထွက်သွားမယ် ”
သူမ၏ အသံက ယခင်သရော်သံထက် မကျယ်လောင်သော်ငြား အားလုံး ကြားရလောက်အောင် ကျယ်လောင်ပေသည်။ သူမ၏ အမြင်ကို ဖော်ပြလိုက်ပြီးနောက် သူမကို ကြည့်နေကြသည့် ကျင့်ကြံသူများစွာရှေ့ တန်းပျံသန်းထွက်လာသည်။ သူမက နောက်ကို တစ်ချက်လေးပင် ပြန်လှည့်မကြည့်ခဲ့ပေ။
အစပိုင်းတွင် လူအားလုံးက သူမအပြုအမူကြောင့် ခေါင်းရှုပ်သွားကြသော်လည်း ပညာရှင်များ၏ အကြည့်များက တောက်ပလာပြီး သူမနောက် လိုက်သွားကြသည်။ တစ်ယောက်ပြီး တစ်ယောက် အဝေးသို့ ပျံသန်းထွက်သွားကြသည်။
ပြိုင်ပွဲဆီ တက်ရောက်လာသည့် ကျင့်ကြံသူအားလုံးက ဆေးပညာရှင်များ၊ အဆောင် ဆရာများ၊ အစီအရင်ဆရာများနှင့် မွမ်းမံသန့်စင်သူအားလုံး တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသည်ကို ကြည့်နေကြသည်။ အားလုံး ထွက်သွားကြခြင်းတော့ မဟုတ်ပေ။ နေရစ်ခဲ့သူများက နိမ့်ကျသည့် နောက်ခံရှိကြသူများ ဖြစ်ပြီး သူတို့၏ အနာဂတ် လေ့လာမှုအတွက် ဒီပြိုင်ပွဲမှ အရင်းအမြစ်များကို လိုအပ်နေသူများ ဖြစ်သည်။
ထိုစဉ် ပိုင်ဟန်က လူမြင်ကွင်းထဲ ဖြစ်နေသောကြောင့် သူ့မျက်နှာအမူအရာကို ကြိုးစားထိန်းချုပ်နေရသည်။ သို့သော်လည်း သူ့နဖူးပေါ်မှ သွေးကြောများက ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေ၍ သူက မြင်ရသလောက် တည်ငြိမ်မနေကြောင်း ပြသနေလေသည်။
သူက စည်းမျဉ်းပြောင်းကာ တာအိုအခွင့်အလမ်းဂိုဏ်းကို ပစ်မှတ်ထားခြင်းဖြင့် အမှားတစ်ခု ပြုလုပ်မိသွားကြောင်း သိလိုက်ကာ ကိစ္စများက လွယ်လွယ်ကူကူ အဆုံးသတ်သွားမည် မဟုတ်ကြောင်း ခံစားချက်ရနေမိသည်။
သူ မှန်ပေသည်။
ယန်းလီလင်းနှင့် တခြားပညာရှင်များ ထွက်သွားပြီးနောက် ဝမ်ဝေ့က ပိုင်ဟန်ကို သရော်ဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက နောက်ထပ် အဆောင်တစ်ရွက် ထုတ်ကာ တစ်ယောက်ယောက်ကို လှမ်းဆက်သွယ်လိုက်သည်။
“ အဖေ … အရိပ်ရဲ့ စွမ်းအားကုန်သုံးပြီး အသင်္ချေအင်ပါယာကမ္ဘာအနှံ့ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က ပညာရှင်တွေအပေါ် လေးစားမှုမရှိဘဲ တိတ်တဆိတ် အထင်သေးနေကြောင်း သတင်းဖြန့်ပေးပါ။
ပြီးရင် တောင်ပိုင်းကုန်းမြေက ဆေးပညာအဖွဲ့အစည်း၊ အဆောင်အဖွဲ့အစည်းနဲ့ တခြားပညာရပ် အဖွဲ့အစည်းတွေကို အကုန်စုစည်းလိုက်ပြီးတော့ ကျောင်းတော်ကို ကြဉ်ထားလိုက်ပြီးတော့ သူတို့အရင်းအမြစ်တွေကို ဖြတ်တောက်ပစ်လိုက်ပါ။
ပြီးတော့ သားရဲမွေးမြူရေး တောင်ကြားကိုပါ ဆက်သွယ်လိုက်တာ ကောင်းမယ်။ သူတို့က သားရဲထိန်းကျောင်းတာက လေးစားစရာ ပညာရပ် မဟုတ်ဘူးလို့ အမြဲတမ်း ပြောနေကြတာလေ။ ဒါက ကမ္ဘာကြီးထဲ သူတို့အနေအထားကို မြင့်တက်စေနိုင်မဲ့ အခွင့်အရေး ဖြစ်နိုင်တယ်လို့ပါ ထည့်ပြောလိုက်ပါ ”
“ကောင်းပြီ … ပြဿနာ မရှိဘူး” ဝမ်ထျန်းက အားပါးတရ ပြောလိုက်သည်။
ဝမ်ဝေ့က ဆက်သွယ်ရေးအဆောင်ကို သိမ်းလိုက်ပြီးနောက် အမူအရာပျက်ယွင်းနေသည့် ကျောင်းတော်မှ လူများကို ကြည့်လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
“ခင်ဗျားတို့ ကျောင်းတော်က ဒီကောင်းကင်ရွေးချယ်ခံ စစ်ဆေးမှုကို မျိုးဆက်တိုင်း ထိန်းထားနိုင်တာက အဲဒီစာအုပ်အစုတ်၊ ကျောက်ပြားတွေနဲ့ ဂုဏ်သတင်းတွေကြောင့်ပဲ … ပထမနှစ်ခုကိုတော့ ဘာမှမလုပ်နိုင်ပေမဲ့ ဂုဏ်သတင်းပျက်ပြားအောင်တော့ လုပ်နိုင်ပါသေးတယ်”
ထိုစကားများကို ရေရွတ်လိုက်ပြီးနောက် သူက အသက်ပြင်းပြင်းရှုလိုက်ကာ မှုန်မှိုင်းမှိုင်း အမူအရာကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူက တောက်ပစွာ ပြုံးလိုက်ရင်း တိတ်ဆိတ်နေသည့် ဝူဟုန်ကို ကြည့်လိုက်သည်။
“အရင်အပြုအမူအတွက် အားနာပါတယ်။ မင်း မြင်တဲ့အတိုင်း ကိုယ် စိတ်ခံစားချက် ပြင်းသွားမိတယ်”
“ ကျွန်မအနားမှာ ဒီလိုမျိုး အပေါ်ယံ ပြုမူပြဖို့ မလိုပါဘူး။ အဲဒါ ရှင်နဲ့ မတူဘူး။ ဒါပေမဲ့ ရှင်ရဲ့ အပြုအမူတွေက စစ်ပွဲစတင်လိုက်မှာကို မစိုးရိမ်ဘူးလား” ဝူဟုန်က ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာသည်။
“အတိအကျပြောရရင် ကိုယ်က စစ်ပွဲ မဖြစ်လာအောင် တားဆီးပေးလိုကတာ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘာကိုပြောချင်တာလဲ ”
“ဧကရာဇ် ဉာဏ်အလင်းပွင့်ကျောင်းတော်က သူတို့ရဲ့ ဧကရာဇ်ရှစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ကတည်းက တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်တာအိုစစ်ပွဲကို စတင်ရမလား ကြံနေကြတာ။ အိပ်စက်နေတဲ့ တာအိုဘိုးဘေးတွေနဲ့ ထာဝရအရှင်တွေက တိုက်ခိုက်ဖို့ လိုလားကြတယ်။ ပြီးပြည့်စုံတဲ့ အချိန်နဲ့ အကြောင်းပြချက်ကို လိုနေရုံပဲ။
ကိုယ်က ဧကရာဇ်ကိုးပါးကျိန်စာကို ချိုးဖောက်နိုင်မယ်ဆိုပြီး မျှော်လင့်ချက်ပေးထားတော့ ဒါက သေတဲ့အထိ စစ်ပွဲစတင်ဖို့ အပြီးပြည့်စုံဆုံး အခွင့်အရေးပဲလေ”
ဝူဟုန်က ထိုဆုံးဖြတ်ချက်နောက်ကွယ်မှ အကြောင်းအရင်းကို နားလည်၍ ခေါင်းညိတ်ပြလိုက်သည်။ သူတို့အဆင့် မရောက်ခင် ဧကရာဇ်တစ်ယောက် နည်းနေခြင်းက တာအိုအခွင့်အလမ်းဂိုဏ်းအနေနှင့် သူတို့အဆင့်အတန်းကို အလွယ်တကူ စိန်ခေါ်ခွင့်ပြုမည် မဟုတ်ပေ။
ဧကရာဇ်ကိုးပါး ရှိနေခြင်းက ကမ္ဘာရှိ အားအကောင်းဆုံး ပြယုဒ် ဖြစ်ရုံသာမက ဂိုဏ်း၏ ချီကံကောင်းမှုများစွာလည်း ယူဆောင်လာနိုင်သည်။ ဤသည်က မျိုးဆက်တိုင်းတွင် တာအိုအခွင့်အလမ်းဂိုဏ်း၌ အားကောင်းသည့် ပါရမီရှင်တစ်ယောက် မွေးဖွားလာစေခြင်း ဖြစ်ပြီး သူတို့ဂိုဏ်း၏ ချီကံကောင်းမှု သို့မဟုတ် ကံကြမ္မာ၏ သရုပ်ပြမှု ဖြစ်ပေသည်။
“ ရှင်တို့အားလုံးက ဒိတ်ဒိတ်ကြဲတွေပဲ” ဝူဟုန်က ပြန်ဖြေလိုက်သည် “ ဒါပေမဲ့ ရှင့်ဂိုဏ်းရဲ့ လျို့ဝှက်ချက်တွေကို ကျွန်မကို ပြောပြနေတာလား”
ဝမ်ဝေ့က သူမ မျက်ဝန်းထဲ စိုက်ကြည့်လိုက်ပြီးနောက် “ ကိုယ့်မျက်ဝန်းထဲကို ကြည့်ပြီး မင်းက ဒီလိုအရာမျိုးကို မသိဘူးလို့ ပြောကြည့်လေ”
ဝူဟုန်က သူ့အကြည့်စူးစူးကြောင့် တစ်စက်လေးမှ တုန်လှုပ်သွားခြင်း မရှိသလို ရှောင်ဖယ်လိုက်ခြင်းမျိုးလည်း မရှိပေ။
“ ကျွန်မ မသိပါဘူး။ ကျွန်မက တစ်ယောက်မှ မသိထားသင့်တဲ့ လျို့ဝှက်ချက်တွေကို သိထားပေမဲ့ အားလုံး သိနေတယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူးလေ”
သူမ မျက်ဝန်းနက်ထဲ စက္ကန့်ပိုင်းလောက် သေချာစိုက်ကြည့်နေပြီးနောက် ဝမ်ဝေ့က သူမကို ယုံကြည်သောကြောင့် ခေါင်းညိတ်လိုက်သည်။ ယခင်ရက်ပိုင်းအတွင်း သူက ဝူဟုန်အကြောင်း အနည်းငယ် သင်ယူခဲ့ရသည်။
နမူနာအားဖြင့် သူမက သူ့ကို လိမ်ညာနေဟန် မပေါ်ပေ။ သူ သူမကို တစ်ခုခု မေးလိုက်သည့်အခါ သူမက သူ့ယခင်ဘဝမှ အကြားအမြင်ဆရာများကဲ့သို့ ဝေဝါးဝါး တုံ့ပြန်မှု မရှိတာမျိုး သို့မဟုတ် တန်းဖြေတာမျိုး လုပ်လိမ့်မည်။
သို့သော်လည်း သူမက လိမ်ညာနေပုံ မပေါ်ပေ။
ထိုအရာက သူ့အားကောင်းသည့် အာရုံကိုပင် လှည့်စားနိုင်သည့် စွမ်းရည် ဖြစ်နေမလားတော့ မပြောတတ်ပေ။ သူမ၏ ဆန်းကြယ်မှုအရ ထိုသို့စွမ်းရည် ရှိနေနိုင်လေသည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က သူမကို ယုံကြည်ဖို့ ဆုံးဖြတ်ထားသည်။ သူက သူမကို တာအိုလက်တွဲဖော် ဖြစ်လာစေဖို့ ဆုံးဖြတ်ထားသောကြောင့် သူမအပေါ် ယုံကြည်မှုတစ်ခုတော့ ထားဖို့ လိုအပ်လေသည်။
အချစ်ကား မျက်ကန်းယုံကြည်မှု အနေအထားတစ်ခုအထိ ရောက်ဖို့ လိုအပ်သည်။
အကယ်၍ သူမနှင့် ပတ်သက်ပြီး သူ့အမြင်များ မှားသွားခဲ့လျှင် သင်ခန်းစာအဖြစ်သာ မှတ်ယူလိုက်မည်။ သူက လူမှား၍ အကဲဖြတ်မိသည်ဟု အသိအမှတ်ပြုလိုက်မည်။ ထိုအတွေ့အကြုံကနေ သင်ယူရမည် သို့မဟုတ် သူ့တစ်ဘဝလုံး နှလုံးသားတံခါးကို ပိတ်ထားလိုက်လိမ့်မည်။
ဝမ်ဝေ့က အတွေးထဲ နစ်မျှောနေစဉ် အားကောင်းကောင်း အသံတစ်သံက နေရာတစ်ဝိုက်လုံးကို ပဲ့တင်ရိုက်သွားလေသည်။
“ဝမ်ဝေ့ … ငကြောက် ”