← Chapters

ပျိုးထောင်ခံ မဟုတ်သော ပါဝင်ယှဉ်ပြိုင်သူများ

Vol. 16 Ch. 217

ပျိုးထောင်ခံ မဟုတ်သော ပါဝင်ယှဉ်ပြိုင်သူများ

Vol. 16 Ch. 217

အခန်း(၂၁၇) : ပျိုးထောင်ခံ မဟုတ်သော ပါဝင်ယှဉ်ပြိုင်သူများ

“ ကူညီဖို့လား။ ဘယ်လိုကူညီပေးရမှာလဲ” ဝူဟုန်က မေးလိုက်သည်။

“ကိုယ်က နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကို သန့်စင်ဖို့ နည်းလမ်း ရှာနေတာ ဒါပေမဲ့ အတော်လေး ခက်ခဲနေတယ်။ မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် ကူညီပေးနိုင်လောက်တယ်” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“ နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးလား။ အဲဒါက တာအိုစည်းမျဉ်းအဆင့်လေ … ရှင်က သန့်စင်ချင်နေတာလား” ဝူဟုန်က နားမလည်စွာ မေးလိုက်သည်။

“တာအိုစည်းမျဉ်း … အဲဒါဘာလဲ” ဝမ်ဝေ့က ခေါင်းရှုပ်စွာ ပြန်မေးလိုက်၏။

“ရှင့်အဖေကို မေးကြည့်”

“ လျို့ဝှက်ချက်တွေ များလိုက်တာ ” ဝမ်ဝေ့က သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက်  “အချိန်အကြာကြီး ကြာနိုင်တဲ့ သန့်စင်ဖို့ နည်းလမ်းရှာနေမဲ့အစား  မင်းက မိုးကြိုးကို ကိုယ့်ခန္ဓာထဲ စည်းပိတ်ပေးလိုက်ရင် ပိုကောင်းမယ် တူတယ်။ အဲဒီအခါက စွမ်းအားနည်းနည်းပဲ ထုတ်လွှင့်ပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ပေးလို့ ရပြီ ”

ဝူဟုန်က ခဏကြာ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည် “ကျွန်မ အဲလို လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရှင် ဒီစွမ်းအားကို အတွင်းအင်္ဂါတွေကို လေ့ကျင့်မပြီးမချင်း ထုတ်မသုံးမိအောင် သေချာသတိထားရမယ်”

ဝမ်ဝေ့က သူမနှင့် သဘောတူလိုက်သည်။ သူ့အတွင်းအင်္ဂါများက လေ့ကျင့်နေဆဲ ဖြစ်သောကြောင့် ကျိုးပဲ့လွယ်နေသေးသည်။ ထို့ကြောင့် သူတို့က နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးလိုမျိုး စွမ်းအားပြင်းပြင်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထိုအစီအစဉ်ဆွဲပြီးနောက် ဝမ်ဝေ့နှင့် ဝူဟုန်တို့ နှစ်ယောက်လုံးက ပြိုင်ပွဲကို ဆက်မကြည့်တော့ဘဲ တိတ်တဆိတ် ထွက်သွားကြသည်။

.........................

ထိုစဉ် ပြိုင်ပွဲကွင်းတွင် လေထဲ မျှောလွင့်နေသည့် တိမိသားစု၏ ရုံငယ်လေးထဲ …

တိထျန်းက လခြမ်းကွေး ကျောက်စိမ်းပဲ့ တစ်ခုကို ကိုင်ထားလေသည်။ သူက ထိုအရာကို ဝမ်းနည်းမှု၊ တမ်းတလွမ်းဆွတ်မှုနှင့်အတူ ချစ်မြတ်နိုးမှုအပြည့်ဖြင့် ကြည့်နေသည်။ ထို့နောက် သူ့မျက်ဝန်းထဲ ခိုင်မာသည့် ဆုံးဖြတ်ချက်တို့ ထင်ဟပ်လာသည်။

ကျောက်စိမ်းပြားကြောင့် အာရုံမျှောနေစဉ် တစ်ယောက်ယောက်က အခန်းတံခါးကို လာခေါက်လေသည်။ သူက အတွေးတစ်ချက်ဖြင့် လက်ထဲမှ လခြမ်းကွေး ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီး အေးတိအေးစက်ဖြင့် ပြောလိုက်သည် “ဝင်ခဲ့ ”

သိပ်မကြာခင် မိန်းမလှလေးတစ်ယောက် အခန်းထဲ ဝင်ရောက်လာသည်။ သူမတွင် မည်းနက်သည့် ဆံသားများ ပိုင်ဆိုင်ထားပြီး အပြာရောင် ဟန်ဖုဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူမက မျက်နှာခြေမှုန့် ဘာမှလိမ်းခြယ်မထားဘဲ နဂိုနှုတ်ခမ်းသားလေးက ပါးလွှာသော်လည်း နီရဲနေသောကြောင့် အမျိုးသမီးများကိုပင် အားကျစေလောက်သည်။

ထိုမိန်းကလေး၏ နာမည်က တိကျား ဖြစ်ပြီး တိထျန်း၏ အရိပ် ဖြစ်သည်။

အခန်းထဲဝင်လာပြီးနောက် တိထျန်းက သူမဆီကနေ အဆောင်တစ်ရွက် ယူလိုက်သည်။ သို့သော် သူက တစ်ချက်လေးမှ မော့မကြည့်လာပေ။ သူ့အတွက် အမျိုးသမီးတစ်ယောက်က မည်မျှလှပစေကာမူ အသားရှိနေသည့် အရိုးခြောက်များသာ ဖြစ်၏။

တိကျားက ထိုအရာကို မြင်ပြီး သက်ပြင်းချလိုက်သည်။ သို့သော်လည်း နှစ်များစွာကြာပြီဖြစ်၍ သူမက အသားကျနေပြီး သူမကံတရားကို လက်ခံထားပြီးပြီ ဖြစ်၏။

တိထျန်းအတွက်မူ ရရှိလာသော ဝမ်ဝေ့အကြောင်းကို ဖတ်နေသည်။ ထိုသတင်းအသစ်မှ သူက ဝမ်ဝေ့သည် ပြိုင်ပွဲတွင် ပါဝင်ရန် အချိန်အတော်ကြာကတည်းက စီစဉ်ထားသော်လည်း လွန်ခဲ့သည့် နှစ်ရက်ခန့်လောက်မှ စိတ်ပြောင်းသွားကြောင်း သိခဲ့ရသည်။

သူ ရရှိထားသော အချက်အလက်အရ ဝမ်ဝေ့ စိတ်ပြောင်းသွားရသည့် အချက်မှာ ကောင်းကင်တာအိုကာကွယ်ရေး စာအုပ်ဆီ ခံစားမိသည့် အာရုံကြောင့် ဖြစ်မှန်းပင် သိသည်။

ကောင်းကင်တာအိုကို အလိုလို ကြောက်ရွံ့ခြင်း ဒါမှမဟုတ် ငြင်းပယ်ခြင်း …

သူ့ကျင့်ကြံရေးလမ်းစဉ်ကလည်း ကံကြမ္မာတာအိုဆိုတော့ … သူက ဝရမ်းပြေးများ ဖြစ်နေမလား

တိထျန်းက တိတ်တဆိတ် တွေးလိုက်မိသည်။

ဒီလိုဆိုရင် ငါ့အကြံအစည်တွေကို နည်းနည်း ပြင်လို့ရပြီ။ သူ့အကြောင်း အများကြီး စိတ်ပူနေဖို့ မလိုတော့ဘူး … ဒါပေမဲ့ …

သူက သတင်းအချက်အလက်များကို ဖတ်ကာ သူ့အစီအစဉ်ကို ပြောင်းလဲလိုက်ပြီးနောက် တာအိုအခွင့်အလမ်းဂိုဏ်း ရုံငယ်ဘက် လှမ်းကြည့်လိုက်ပြီး သရော်ပြုံး ပြုံးလိုက်သည်။

“ ဒီတစ်ခါ ငါ့ကို ဘယ်သူမှ မတားနိုင်တော့ဘူး။ ဒီမျိုးဆက်မှာ ငါက တာအိုသက်သေပြတဲ့သူ ဖြစ်လာရမယ် ”

နောက်ဆုံးတွင် သူက တိကျားကို ကြည့်ကာ မေးလိုက်သည် “ဝူဟုန်နဲ့ ပတ်သက်ပြီး ဘာသတင်းရသေးလဲ”

“ ဘာမှမရပါဘူး သခင်လေး” တိကျားက အလျှင်အမြန် ဖြေလိုက်သည် “သူမက ဧကရီဝူရဲ့ တိုက်ရိုက်မျိုးဆက် ဒါမှမဟုတ် ပြန်လည်ဝင်စားတာလို့ ပြောနေကြတဲ့အချက်အပြင် ဘာသတင်းကိုမှ မသိရပါဘူး”

တိထျန်းက မျက်မှောင်ကြုတ်ကာ စတင်စဉ်းစားလိုက်သည်။

အိပ်စက်သူတွေတောင် သူမအကြောင်း ဘာမှမရှာနိုင်ဘူးတဲ့လား … သူမဆီကနေ ပြန်လည်ဝင်စားခြင်း စွမ်းအားကိုတော့ မခံစားမိဘူး

သူမစွမ်းအားက ငါ့ဆီကနေ ဝှက်ထားနိုင်လောက်အောင် အားကြီးနေတာမှမဟုတ်ရင် မဖြစ်နိုင်သလောက်ပဲ

ဒီအမျိုးသမီးက ထိန်းချုပ်လို့မရတဲ့သူ ဖြစ်လာနိုင်တယ် … ငါ အဲဒါကို မကြိုက်ဘူး။ ငါ့အလိုလိုသိစိတ်က သူမကို ရှင်းထုတ်ဖို့ ပြောနေတယ်

ဒါပေမဲ့ ကိစ္စတွေက အပေါ်ယံမှာ မြင်ရသလောက် မရိုးရှင်းတော့ ထပ်စုံစမ်းကြည့်ကြတာပေါ့

တိထျန်းက အတွေးကနေ ပြန်အသိဝင်လာပြီးနောက် တိကျားကို ပြန်လွှတ်လိုက်ပြီး ပြိုင်ပွဲအပေါ်သာ အာရုံစိုက်ထားလိုက်သည်။ သူက အသေးစား အနှောင့်အယှက်ဟု ယူဆထားသည့် ဝမ်ဝေ့မှလွဲ၍ ထိုလူများကို အာရုံထဲ မထည့်သော်လည်း သူတို့စွမ်းရည်နဲ့ စွမ်းအားအကြောင်း သင်ယူနိုင်ရန် ဆက်ကြည့်နေဆဲ ဖြစ်၏။ သူက သူ့တွက်ချက်မှု အပြင်ဘက်မှ အပြောင်းအလဲများကို မနှစ်သက်ပေ။

ထိုလျို့ဝှက်ချက်များ၊ လှည့်ကွက်များနှင့် ဖြစ်လာမည့် တွက်ချက်မှုအားလုံးကို စောင့်ကြည့်နေစဉ် ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးပွဲက စတင်လေပြီ။ အတိအကျဆိုရလျှင် အကြိုပဏာမ စစ်ဆေးပွဲ စတင်တော့မည် ဖြစ်၏။

အကြိုပဏာမ စစ်ဆေးပွဲ သို့မဟုတ် ရှုံးထွက် ပွဲစဉ်က သတ်ဖြတ်ခြင်း ဖြစ်၏။ ပါဝင်ယှဉ်ပြိုင်သူ လူသန်းပေါင်း တစ်သောင်းလုံးက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော် အပိုင် ကမ္ဘာထဲ ပို့ဆောင်ခံလိုက်ရသည်။ ထိုကမ္ဘာထဲ မြို့အနည်းငယ် ပြန့်ကျဲနေပြီး ပါဝင်ယှဉ်ပြိုင်သူများက သတ်ဖြတ်ရေး မိစ္ဆာသားရဲများကို ခုခံကာကွယ်ရမည် ဖြစ်၏။

ထိုသားရဲများက နတ်ဆိုးသားရဲများနှင့် ဆင်တူသော်လည်း ပို၍ ခက်ထန်သည်။ သူတို့က အသင်္ချေအင်ပါယာမှ စတင်လာခြင်း မဟုတ်ဘဲ မိစ္ဆာခေတ်ကာလတုန်းက ဒီကမ္ဘာဆီ ကျူးကျော်ဖူးသည့် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကနေ အစပြုလာခြင်း ဖြစ်သည်။

ထိုသားရဲများတွင် စိတ်ခံစားချက် မရှိသလို အကြောက်တရားနှင့် ဉာဏ်ရည်လည်း မရှိချေ။ သူတို့သိသည်ကား သတ်ဖြတ်ဖို့ပင် ဖြစ်၏။

ပထမ ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သူများက ထိုမိစ္ဆာသားရဲများနှင့် တစ်သုတ်ပြီး တစ်သုတ်  ရင်ဆိုင်ရင်း အသက်ရှင်ကျန်ဖို့ ဖြစ်သည်။ သူတို့အရေအတွက်က များပြားလွန်းလှသည်။ အကြောင်းမှာ ကျောင်းတော်က ထိုကမ္ဘာကို သုံး၍ သားဖောက်ထားသောကြောင့် ဖြစ်၏။

ပါဝင်ယှဉ်ပြိုင်သူ အရေအတွက် သန်းပေါင်း တစ်သောင်းမှ သန်းငါးရာမျှသာ ကျန်ရှိတော့သည့်အခါ ဒုတိယ ပွဲစဉ် စတင်လိမ့်မည်။ ဒုတိယပွဲစဉ်၌ ပါဝင်ယှဉ်ပြိုင်သူများကို အချင်းချင်း ပြန်သတ်ခွင့်ပြုထားသည်။ ဒုတိယ ပွဲစဉ်က ပါဝင်ယှဉ်ပြိုင်သူ အယောက်တစ်သိန်းအထိ လျော့ချပစ်လိုက်ပြီးနောက် တတိယ ပွဲစဉ်ကို စတင်လိမ့်မည်။

တတိယပွဲစဉ်၌  လျို့ဝှက်ကောင်းကင်မျှော်နန်းမှ စာရင်းထုတ်ထားသည့် ကောင်းကင်ရွေးချယ်ခံအားလုံးက စတင်ပါဝင်လာလိမ့်မည်။ သူတို့ကို ပျိုးထောင်ခံ ပါဝင်ယှဉ်ပြိုင်သူများအဖြစ် မှတ်ယူထားသည့်အချက်ကြောင့် သူတို့  စိတ်မပါမချင်း ပထမနှစ်ပွဲကို ယှဉ်ပြိုင်စရာ မလိုအပ်ပေ။

ဤအခြေအနေကို မည်သူမှ မရွေးချယ်ကြဘဲ လျို့ဝှက်ကမ္ဘာအတွင်း ဝင်ရောက်သွားပြီးနောက် ပျိုးထောင်ခံ ပါဝင်ယှဉ်ပြိုင်သူများက သူတို့နေရာဆီသွားကာ စတင်ကျင့်ကြံနေလိုက်ကြသည်။ စစ်ဆေးမှုက နှစ်အနည်းငယ် ကြာမြင့်နိုင်သည် ဖြစ်ရာ သူတို့အနေနှင့် အချိန်မဖြုန်းလိုပေ။

……………

ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၏ ရုံငယ်လေးအတွင်း ပိုင်ဟန်က ဆရာများနှင့် စကားပြောဆိုနေသည်။

“ ဒီပြိုင်ပွဲထဲမှာ စောင့်ကြည့်ရမဲ့ လူသစ်တွေပါလား” ဆရာတစ်ယောက်က မေးလိုက်သည်။

“ ရှိတယ် … ပထမက တာအိုကိုးကွယ် ကျောင်းတော်က  အဆင့် ၇ အဆုံးမဲ့လေဟာနယ် ရုပ်ခန္ဓာပိုင်ရှင် ”

ဆရာတချို့က အံ့ဩသွားကြပြီး တစ်ယောက်က ထုတ်ပြောလိုက်သည် “ကြည့်ရတာ တာအိုကိုးကွယ်ကျောင်းတော်က သူတို့ဝှက်ဖဲကို သေချာဝှက်ထားတာပဲ”

“သူတို့က ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ကောင်းကင်ရွေးချယ်ခံအတွက် အရှိန်ကောင်းယူပြီး ငါတို့ကို တိုက်ခိုက်မလို့ ဖြစ်ရမယ်”

“မဟာဧကရာဇ်ငါးယောက် ပြုစုပျိုးထောင်ပေးထားနိုင်တဲ့ ကျောင်းတော်အနေနဲ့ တခြားကျောင်းတော်နဲ့ ယှဉ်လာရင် သူတို့ကို ငါတို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်လို့ သတ်မှတ်လို့ ရတယ်”

ဆရာများက ခေါင်းညိတ်လိုက်ကြပြီးနောက် တစ်ယောက်က ဆက်ရှင်းပြလိုက်သည်။

“ အဆင့် ၈ ယင်ကိုးပါး ရုပ်ခန္ဓာပိုင်ရှင်လည်း ပေါ်လာပြီ။ သူမက အလွှာနိမ့်ကပဲ။ ရှုံးထွက်ပွဲစဉ်မှာ ဝင်ယှဉ်ပြိုင်နေတယ် ”

အဆင့် ၈ ရုပ်ခန္ဓာသည် ထူးဆန်းလှသည်။ အကြောင်းမှာ ထိုရုပ်ခန္ဓာတွင် နှစ်ပိုင်းရှိနေ၍ ဖြစ်သည်။ အကယ်၍ အမျိုးသားသာ ထိုရုပ်ခန္ဓာနှင့် မွေးဖွားလာလျှင် လွန်ကဲ ယန် သဘောကို ဖော်ညွန်းသည့် ယန်ကိုးပါး ရုပ်ခန္ဓာအဖြစ် ပြောင်းလဲသွားလိမ့်မည်။

အကယ်၍ အမျိုးသမီးတွင် ရှိနေပါက လွန်ကဲယင် သဘောဆောင်သည့် ယင်ကိုးပါး ရုပ်ခန္ဓာ ဖြစ်သွားလိမ့်မည်။

တစ်ယောက်ယောက်က ယင်နှင့် ယန် မျှခြေဖြင့် မွေးဖွားလာသည့်အခါ ယင်ကိုးပါးနှင့် ယန်ကိုးပါး ရုပ်ခန္ဓာ ပါရှိလာလေသည်။ သို့သော် ထိုအရာက ထူးကဲကာ ရှားပါးလွန်းလှသည်။ ထိုရုပ်န္ဓာက အဆင့် ၃ ယင်ယန်မျက်ဝန်းထက်ပင် ပိုအားကောင်းသည်ဟု ဆိုနိုင်သည့် သန္ဓေပြောင်းမှု ဖြစ်လာနိုင်သည်။

ယခင် ပြောလိုက်သည့် ဆရာက ဆက်ရှင်းပြလိုက်သည်။

“တကယ်တော့ အဆင့် ၈၊ ၉ နဲ့ ၁၀ ရုပ်ခန္ဓာပိုင်ရှင်အားလုံးက အလွှာနိမ့်ကချည်းပဲ ”

အဆင့် ၉ ရုပ်ခန္ဓာကို မူလစိတ်ဝိညာဉ် ရုပ်ခန္ဓာဟု ခေါ်ဆိုလေသည်။ ထိုခန္ဓာပိုင်ရှင်က ဝိညာဉ်စွမ်းအားနှင့် သဟဇာတ ဖြစ်နှုန်း မြင့်မားပြီး အလွန်တရာ လျှင်မြန်သည့် ကျင့်ကြံနှုန်းကို ပိုင်ဆိုင်ထားတတ်ကြသည်။

ထို့အပြင် သူတို့က လေဟာနယ်ဖြိုခွင်းခြင်း အဆင့် မရောက်ခင် ကျင့်ကြံနေစဉ်အတွင်း အတားအဆီးနှင့် မကြုံရပေ။ သူတို့၏ အံ့ဖွယ်ပင်လယ်ထဲ မူလအဆီအနှစ် အကန့်အသတ်မဲ့ ရှိနေသည့်အကြောင်း ထည့်မပြောရသေးပေ။

အဆင့် ၁၀ ရုပ်ခန္ဓာကို ကြယ်အုပ်စိုးသူ ရုပ်ခန္ဓာဟု ခေါ်ဆိုပြီး ကြယ်တာရာစွမ်းအားကို ကျင့်ကြံနိုင်သည့် စွမ်းရည်ကို ရရှိထားလေသည်။

ဆရာများက ထိုလူများကို သူတို့နောက်ခံကြောင့် လျော့မတွက်ရဲကြပေ။ ထိုလူများက အလွှာနိမ့်အတွင်း အားကောင်းသည့် ရုပ်ခန္ဓာများဖြင့် မွေးဖွားလာသည့်အချက်အရ သူတို့ကမ္ဘာတွင် ကံကြမ္မာသားတော်၊ သမီးတော်များ ဖြစ်ကြလိမ့်မည်။

သူတို့ကို မြင့်တက်စေဖို့ အခွင့်အရေး ပေးလိုက်သည်နှင့် ချက်ချင်း ယူသွားကြလိမ့်မည်။ ထိုအခွင့်အရေးကလည်း ယခုလက်ရှိ စစ်ဆေးမှု ဖြစ်၏။

“ အဲဆိုတော့ ခင်ဗျားတို့တွေ မိုမိသားစု မျိုးဆက်အကြောင်း ထည့်မပြောဘူးလား” ဆရာတစ်ယောက်က အံ့ကြိတ်ကာ ပြောလိုက်သည်။

အခန်းက ချက်ချင်း တိတ်ဆိတ်သွားပြီး ကျောင်းအုပ် ပိုင်ဟန်အပါအဝင် ဆရာအားလုံးက မရွှင်မပျ ဖြစ်လာကြသည်။

All Chapters