← Chapters

စစ်မှန်သည့် လက်တွဲဖော်ဆက်ဆံရေး

Vol. 16 Ch. 220

စစ်မှန်သည့် လက်တွဲဖော်ဆက်ဆံရေး

Vol. 16 Ch. 220

အခန်း(၂၂၀)  :  စစ်မှန်သည့် လက်တွဲဖော်ဆက်ဆံရေး

ဝမ်ဝေ့နှင့် ဝူဟုန်တို့ ပြိုင်ပွဲကွင်းမှ ထွက်လာပြီးနောက် သူ့နေရာဆီ သွားလိုက်ကြသည်။ တခြားသူ ချောင်းကြည့်ခြင်းမှ ကာကွယ်နိုင်ရန် အစီအရင်များ ခင်းကျင်းလိုက်ပြီးနောက် ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်ထဲမှ တစ်ခုခု ထုတ်ယူလိုက်သည်။

တကယ်တော့ နတ်ဘုရားအပြစ်ဒဏ်မိုးကြိုး ထည့်သိမ်းထားသည့် အလုံပိတ်အခန်းတစ်ခု ဖြစ်၏။ ထိုအရာက ယခင် တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း ရှိခဲ့သော်လည်း ဝမ်ဝေ့က သူ့ခရီးမစတင်ခင် အကြီးအကဲချုပ်ယန်းချန်အား ကမ္ဘာငယ်လေးတစ်ခု ဖန်တီးစေ၍ ထိုအရာကို ထည့်သိမ်းကာ သယ်ဆောင်လာခြင်း ဖြစ်၏။

အခန်းငယ်လေးထဲ ဝင်ရောက်လိုက်ပြီးနောက် ဝမ်ဝေ့နှင့် ဝူဟုန်တို့ နှစ်ယောက်လုံး အနက်ရောင် အရည်ကန်တစ်ခုရှေ့ ရောက်ရှိသွားကြောင်း သိလိုက်ရသည်။ ထိုရေကန်အထက်တွင် မိုးကြိုးများနှင့် လျှပ်စီးများက တလက်လက် ထနေ၏။

“ပြဿနာ မရှိလောက်ဘူးမလား” ဝမ်ဝေ့က မေးလိုက်သည်။

ဝူဟုန်က ရေကန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

ဝမ်ဝေ့က ချက်ချင်းဆိုသလို သူ့အမွေခံသားတော် အဝတ်အစားများကို ဖယ်လိုက်ပြီး အောက်ခံလေးဖြင့်သာ အခန်းထဲ ရပ်နေလိုက်သည်။ တောင့်တင်းကာ ပုံစံကျနေသည့် သူ့ကြွက်သားများက ထွက်ပေါ်လာသည်။

သူက ကြွားလုံးထုတ်ဖို့ ကိုယ်ဟန်တချို့ပင် စတင် လုပ်လိုက်သည်။ သို့သော်လည်း သူ့ကြွက်သားများကို ကျုံ့လိုက်သည့်အချိန်တိုင်း သံအချင်းချင်း ပွတ်တိုက်သံလိုသာ ထွက်လာသည်။ သူ့လက်သီးကို ဆုပ်လိုက်သည့်အခါတွင်လည်း လေဟုန်ခွင်းသည့် အသံများကို ကြားနိုင်လေသည်။

ထိုစဉ် ဝူဟုန်က ဝမ်ဝေ့၏ ကိုယ်ဟန်များကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေသည်။ သို့သော်လည်း သူက တမင်လုပ်ပြနေမှန်း သိနေ၍ သူမ မျက်ဝန်းနက်ထဲ ဆွံ့အနေသည့် အရိပ်အယောင်တော့ ရှိလေသည်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ တွေ့ထားတဲ့ မိန်းကလေးတစ်ယောက်ရှေ့ ကိုယ်လုံးတီး ဖြစ်နေတာကို ရှင် မရှက်ဘူးလား”

“ ဟင် … တကယ်လို့ ကိုယ့်အဝတ်အစားတွေကို မဖယ်ရင် အဲဒါကို ဘယ်လိုကောင်းကောင်းလုပ်နိုင်မှာလဲ” ဝမ်ဝေ့က ရိုးသားမှုအပြည့်ဖြင့် ပြန်ဖြေလိုက်သော်လည်း သူ့စကားတွင် အဓိပ္ပါယ်နှစ်ခွများ ပါနေသည်။

ဝူဟုန်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သော်လည်း  သဘောကျနေသည့်အလား သူမ၏ မျက်နှာအထက် အပြုံးလေးတစ်ပွင့် ရှိလေသည်။

“ကောင်းပြီ … အဲဆို စလိုက်ကြရအောင်” သူမက ခပ်ပြင်းပြင်း ပြောလိုက်သည်။

ဝမ်ဝေ့က ရေကန်ရှေ့ တင်ပျဉ်ခွေထိုင်လိုက်၏။

ဝူဟုန်၏ မျက်လုံးများက ချက်ချင်းဆိုသလို အဖြူရောင် လင်းလက်လာပြီး လက်အဝှေ့တွင် အခန်းထဲ သင်္ကေတများ ထွက်ပေါ်လာသည်။ စုစုပေါင်း လေးခုရှိပြီး ပုံသဏ္ဍာန်အားဖြင့် စက်ဝန်းများ ဖြစ်ကြသည်။ ထို့နောက် သူမ၏ နောက်ထပ် လက်အဝှေ့တွင် အနက်ရောင် ရေ သို့မဟုတ် ကန်ထဲမှ နတ်ဘုရား အပြစ်ဒဏ်မိုးကြိုးက လေထဲ မြောက်တက်လာသည်။

ရေကို ဝန်းရံထားသည့် သင်္ကေတလေးခုက သေတ္တာပုံစံ ပြောင်းသွားလေသည်။

ဝူဟုန်က လက်ကိုဆုပ်လိုက်သည့်အခါ အနက်ရောင် မိုးကြိုးက စတင်၍ ဖြစ်တည်လာပြီး အရွယ်အစားအရရော၊ ပုံစံအရပါ လျော့ကျကာ သိပ်သည်းလာသည်။

ထိုစဉ် ဝမ်ဝေ့က ဖြစ်စဉ်တစ်ခုလုံးကို တအံ့တဩ ကြည့်နေမိသည်။ သူက ဝူဟုန်ဆီမှ အရှိန်အဝါကို မခံစားမိသလို သူမ ပြုလုပ်ထားသည့် သင်္ကေတများ၏ အဓိပ္ပါယ်ကိုလည်း နားမလည်ချေ။

သူတို့ကို နားလည်ဖို့ မဆိုထားနှင့် သိပင် မသိချေ။ ထိုအခါမှ ဝမ်ဝေ့က သူသည် ကမ္ဘာကြီးအကြောင်း အနည်းငယ်သာ သိသေးကြောင်း သူ့အနာဂတ် မိန်းကလေးက မည်မျှအားကောင်းနေကြောင်း သဘောပေါက်လာသည်။

မိနစ်ပိုင်းကြာမြင့်ပြီးနောက် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးက သင်္ကေတများဖြင့် ပြုလုပ်ထားသည့် လက်သီးဆုပ်အရွယ် စက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝူဟုန်၏ လက်ဖဝါးထဲ လွှင့်မျှောနေသည်။

သူမက ဝမ်ဝေ့အား ကြည့်လိုက်ကာ  “အခု ရှင်ရဲ့ ကျောရိုးထဲ စည်းပိတ်ပေးမယ်။ အဲဒါဆိုရင် ရှင့်အတွင်းအင်္ဂါတွေနဲ့ အနှောင့်အယှက် သိပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ဒီမိုးကြိုးရဲ့ စွမ်းအားကို ရှင့်ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်အောင် ဖြည်းဖြည်းချင်း ထုတ်လွှင့်ပေးလိမ့်မယ်။

ရှင်က ထုတ်လွှင့်နိုင်မဲ့ ပမာဏစွမ်းအားကို ဆုံးဖြတ်ပေါ့ … ဒါပေမဲ့ အရမ်းကြီး မလွန်ကဲစေနဲ့။ ပြီးတော့ ရှင် သေချာလေ့ကျင့်လို့ မပြီးမချင်း အတွင်းအင်္ဂါတွေဆီ ဒီစွမ်းအားကို ထုတ်လွှင့်လိုက်လို့ မဖြစ်ဘူး”

ဝမ်ဝေ့က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် ဝူဟုန်က သူ့ကျောရိုးထဲ စည်းပိတ်ပေးလိုက်သည်။

ထိုအလုံးလေး သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် လျို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက သူ့အရိုးအားလုံးကို တိုက်စားပစ်သည်ကို ခံစားမိလိုက်၍ ဝမ်ဝေ့က ငြီးလိုက်မိသည်။ သိပ်မကြာခင် ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့်အထိ ရောက်အောင် လေ့ကျင့်ပြီးထားသော သူ့အရိုးများက စတင်အက်လာသည်။

စက္ကန့်ပိုင်းလေးအတွင်း သူ့အရိုး ၂၀၆ ချောင်းလုံးက ဖျက်ဆီးခံရလုနီးပါးအထိ အက်လာလေသည်။ သို့သော်လည်း သူ့ပြန်လည်ကောင်းမွန်စွမ်းက အသက်ဝင်လာကာ အရိုးများကို သာမန်အခြေအနေအတိုင်း ပြန်ဖြစ်သွားစေသည်။

ဝမ်ဝေ့အတွက် ကံဆိုးသည်က ထိုဖြစ်စဉ်က တစ်ခါတည်း မဟုတ်ဘဲ အကြိမ်ရာချီ ဖြစ်ပွားနေခြင်း ဖြစ်၏။ နာရီပိုင်းကြာမြင့်ပြီးနောက် သူ့အရိုးများက ဆက်တိုက် အက်ကွဲလာလိုက် အသစ်ပြန်ကောင်းလာလိုက် ဖြစ်နေသည်ကို ကြုံတွေ့နေရသည်။ အဆိုးရွားဆုံးမှာ နာကျင်မှုက ကောင်းကင်စမ်းသပ်ချက်ဖြင့် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်တုန်းကထက် ပိုနာကျင်ရသည်။

နေ့ဝက်ခန့်ကြာမြင့်သွားပြီးနောက် ဖြစ်စဉ်က ရပ်တန့်သွားလေသည်။ အကြောင်းမှာ သူ့အရိုးများက အက်လာခြင်း မရှိတော့ပေ။ သို့သော်လည်း ဝမ်ဝေ့၏ အမူအရာကား ပျက်ယွင်းနေသည်။ သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့သည့် စွမ်းအားက နတ်ဘုရားအပြစ်ဒဏ် မိုးကြိုး၏ သန်းတစ်ထောင်ပုံလျှင် တစ်ပုံပင် မရှိသော်လည်း ဒီလောက်အထိ အားပြင်းလှလေသည်။

သူ့ကိုယ်သူ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ဖြစ်စဉ်ကို ထပ်မံ စတင်လိုက်သည်။ ဤတစ်ကြိမ် အရေပြားအလှည့် ဖြစ်၏။ ထို့ကြောင့် သူက နောက်ထပ် နေ့တစ်ဝက် အချိန်ယူကာ အရေပြား ကွာကျကာ ပြန်လည်အသစ်ဖြစ်တည်လာခြင်းကို ဆက်တိုက် ကြုံတွေ့ခံစားလိုက်ရပြန်သည်။

ထိုစဉ် ဝူဟုန်က ဘေးကနေ တည်တည်ငြိမ်ငြိမ် ဆက်ကြည့်နေသည်။ သူမက စစ်မှန်သည့် စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်လာဖို့အတွက် ဘာလိုအပ်မှန်း သေချာသိထားသောကြောင့် သူမက ဝင်မကူညီသလို နာကျင်မှုကို လျော့ချမပေးပေ။ သူမအနေနှင့် ဝမ်ဝေ့သာ ဒီလောက်နာကျင်မှုကို မခံစားနိုင်လျှင် မဟာဧကရာဇ် ဖြစ်လာနိုင်ခြေက သုညအနား နီးကပ်သွားမည်ကို သိထားသည်။

သူတို့ဆက်ဆံရေးအတွက်မူ ဝမ်ဝေ့ မဟာဧကရာဇ် ဖြစ်မလာခဲ့လျှင် သူက သံသရာစက်ဝန်းထဲ ထပ်ကာထပ်ကာ ဝင်ရောက်သွားသည်ကိုသာ သူမ ကြည့်နေရလိမ့်မည်။ သူ ထာဝရတည်ရှိမှု လမ်းကြောင်းကို ရှာတွေ့သည့်အထိ ဖြစ်၏။

ဝမ်ဝေ့ နဂါးစင်စစ် တည်းခိုဆောင်ထဲတွင် ပြောခဲ့သလိုမျိုး ဖြစ်၏။ အနာဂတ် လက်တွဲဖော်တစ်ယောက်အနေနှင့် သူကလည်း ဆက်ဆံရေးထဲ ကြိုးစားရမည်။ မဟုတ်ပါက ဝူဟုန်အတွက် သူကိုယ်တိုင် ဝန်ထုပ်တစ်ခုလို ဖြစ်လာပေလိမ့်မည်။

ဝူဟုန်အနေနှင့် ထိုအရာကို စိတ်ထဲ မထားသော်လည်း ဝမ်ဝေ့၏ မာနက သူမအတွက် သူ့ကိုယ်သူ ဝန်ထုပ် ဖြစ်ခွင့်ပေးမည် မဟုတ်ကြောင်း သိထား၏။

ထို့ကြောင့် သူမက သူ့ကို နှစ်သိမ့်ပေးဖို့ မကြိုးစားပေ။ အကြောင်းမှာ သူ မလိုအပ်မှန်း သူမ သိနေ၍ ဖြစ်၏။ သူ့တွင် ထိပ်ဆုံးသို့ ရောက်စေမည့် စိတ်ဆန္ဒနှင့် စိတ်ဝိညာဉ် ပိုင်ဆိုင်ထားပြီး သူမနှင့်အတူ ထာဝရတစ်လျှောက်လုံး အတူတူအဖော်ပြုပေးနိုင်ကြောင်း သိထားလေသည်။

အကယ်၍ သူတို့သာ စစ်မှန်သည့် ဆက်ဆံရေးတစ်ခု တည်ထောင်လိုလျှင် သူတို့တွင် တူညီသည့် အဆင့်အတန်း၊ အင်အားနှင့် စမှတ်တို့ ရှိရမည် ဖြစ်၏။

ထိုစဉ် ဝမ်ဝေ့က အရေပြားကို လေ့ကျင့်ပေးပြီးနောက် သူ့ကြွက်သားများကို လေ့ကျင့်ပေးဖို့ အနက်ရောင်မိုးကြိုးကို ညွှန်ကြားလိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ် သူက စွမ်းအားကို သိသိသာသာ လျော့ချထားလေသည်။ သူ့ကြွက်သားများက ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့် ရောက်အောင် မလေ့ကျင့်ရသေးသည့်အတွက် ဘယ်လိုစွန့်စားမှုမျိုးမှ ဖြစ်မလာစေချင်ပေ။

ထိုသို့လုပ်လိုက်ပြီးနောက် ဝမ်ဝေ့က မြေပေါ်မှ ထရပ်ကာ လက်သီးဆုပ်လိုက်ပြီး ထိုးချလိုက်သည်။

ဝုန်း

အခန်းထဲ အားပြင်းပြင်း ပေါက်ကွဲသံ ထွက်ပေါ်လာပြီး သူ့လက်သီးကျရောက်ရာ နေရာကား အာကာပြင် အက်ကြောင်း ဖြစ်လာသည်။ သို့သော်လည်း စက္ကန့်ပိုင်းကြာမြင့်ပြီးနောက် အက်ကြောင်းက အလိုလိုပိတ်သွားကာ နဂိုအတိုင်း ပုံမှန်ပြန်ဖြစ်သွားသည်။

ဝမ်ဝေ့က ထိုအက်ကြောင်းသည် သူ့ခန္ဓာကိုယ်ခွန်အားသည် လေဟာနယ်ဖြိုခွင်းခြင်း အဆင့် ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိလိုက်၏။  ထိုအဆင့်၏ အနိမ့်ဆုံးဖြစ်နေလျှင်ပင် သူ့လက်သီးချက်က စည်းမျဉ်းစွမ်းအားကို ချိုးဖောက်နိုင်လေပြီ။

သို့သော်လည်း သူက မပျော်ပေ။

အတိအကျဆိုရလျှင် သူက ထူးထူးဆန်းဆန်းအရာကို စတင်တွေးမိလာ၏။

သူ့အနေနှင့် နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကို သန့်စင်ဖို့ နည်းလမ်းရှာဖို့ အချိန်ကြာခဲ့သည့် အကြောင်းအရင်းမှာ စည်းမျဉ်းစွမ်းအား ပါဝင်နေ၍ ဖြစ်ကြောင်း သဘောပေါက်လေသည်။ အတိအကျပြောရလျှင် ဝူဟုန် စကားအရ တာအိုစည်းမျဉ်း ပါဝင်နေခြင်းဟု ဆိုသည်။

ဝမ်ဝေ့က ကျင့်ကြံရေးနယ်ပယ်ရှိ သူ့ဗဟုသုတများအရ တာအိုစည်းမျဉ်းသည် မဟာဧကရာဇ်မျာသာ ထိန်းချုပ်နိုင်သည်ဟု မှတ်ချက်ချလိုက်သည်။ သို့သော် မေးခွန်းကား ပေါ်လာလေပြီ။

 သူ့အနာဂတ် ဇနီးလောင်းက ဘယ်လိုလုပ် အဲဒီလိုစွမ်းအား ရှိနေတာလဲ …

ဝမ်ဝေ့က ဝူဟုန်သည် အလွန်အားကောင်းကြောင်း သိထားသော်လည်း ဒီလောက်အထိ မထင်ထားခဲ့ပေ။ သို့သော် သူကိုယ်တိုင်လည်း ဒီလိုအဆင့်မျိုးကို ရောက်လာပြီး ကျော်လွန်သွားမည့်သူ ဖြစ်၍ ထိုအရာများကို ဂရမစိုက်ပေ။ သူ အမှန်တကယ် ဂရုစိုက်သည်ကား သူ့အနာဂတ် ကာမရသ ခံစားမှုအပိုင်းတွင် ဖြစ်၏။

အနာဂတ်၌ သူနှင့် ဝူဟုန်တို့ ကိုယ်လက်နှီးနှောရောယှက်ကြလျှင် သူက အောက်ကသာ ဖြစ်မနေဘူးလား။ သူ့တွင် အင်အားမရှိဘဲ ဝူဟုန်၏ အကျင့်စရိုက်အရ သူ့ကို အောက်ကသာ ထားလိမ့်မည်မှန်း သံသယဖြစ်ဖွယ် မရှိပေ။

ခေတ်သစ်လူအနေနှင့် ထိုအကြောင်းကို သိပ်ဂရုမစိုက်သော်လည်း ယောက်ျားမာန်အပြည့် ပြနိုင်သည့် အပေါ်ကနေလည်း နေချင်မိသေးသည်။

ဝမ်ဝေ့အနေနှင့် သူ့ကာမရသ ခံစားမှုကိစ္စများက အတော်လေး စိတ်မချမ်းမြေ့ဖွယ် ဖြစ်မည်ကို တွေးမိပြီးနောက် သက်ပြင်းချလိုက်တော့သည်။

သူ အင်အားရှိလာသည့်အခါမှ လက်စားပြန်ချေရမည်။

“ ရှင် ထူးထူးဆန်းဆန်းတွေ တွေးနေပြန်ပြီမလား” ဝူဟုန်က လှောင်ပြုံးလေးဖြင့် မေးလာသည်။

“ မင်း ဘာတွေပြောနေမှန်း မသိဘူး” ဝမ်ဝေ့က အဝတ်များကို ကောက်ဝတ်လိုက်ရင်း ခပ်တည်တည် ပြောလိုက်သည်။

ဝူဟုန်က ပြုံးကာ သူ့ဆီ လျှောက်လာပြီး သူ့ခဲဖြူရောင် ဆံပင်များကို ပွတ်သပ်လိုက်ကာ “စိတ်မပူပါနဲ့ … ရှင့် မာနကိုထောက်ပြီး တစ်ခါတစ်လေ အပေါ်က နေခွင့်ပြုပါ့မယ် ”

ဝမ်ဝေ့က တုန်လှုပ်တကြီး အမူအရာဖြင့် ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေသည်။ ထို့နောက် သူက နောက်ဆုတ်လိုက်ကာ  “မင်းက စိတ်ဖတ်နိုင်တာလား”

“ ရှင် ဒီကိစ္စကို စိုးရိမ်ဖို့ မလိုပါဘူး” ဝူဟုန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

ဝမ်ဝေ့က သတိနိုးကြားနေဆဲ ဖြစ်၏။ သူမက သူ့ထက် အားကောင်းပြီး ဗဟုသုတများကာ လျို့ဝှက်ချက်များစွာ ရှိနေသည့် အချက်ကို လက်ခံနိုင်သော်လည်း သူ့အတွေးများကို ဖတ်နိုင်နေသည်ကိုတော့ လက်မခံနိုင်ပေ။

ဝူဟုန်က သူ့အကြည့်ထဲမှ သတိထားမှုကို သတိပြုမိလိုက်သော်လည်း သူမက သူ့ထက် သူ့အကြောင်း ပိုသိနေသူ ဖြစ်၍ စိတ်ထဲ မထားပေ။

“ ရှင် စိတ်ပူနေဖို့ မလိုပါဘူး။ ရှင့်ရဲ့ ဝိညာဉ်နဲ့ ရှင့်ကို သတိမထားမိစေဘဲ ဘယ်သူမှ ရှင့်စိတ်ကို ဖတ်လို့ မရပါဘူး … ကျွန်မ အပါအဝင်ပေါ့”

ဝမ်ဝေ့က သူ နည်းနည်း ဆတ်ဆတ်ထိမခံ ဖြစ်လွန်းသွားသည်ကို သတိပြုမိကာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာကာ မေးလိုက်သည်။

“မင်းက ငါ့ဝိညာဉ်အကြောင်း သိထားတာလား။ စံပြဆိုတာကရော ”

ဝူဟုန်က ခဏကြာ စဉ်းစားလိုက်ပြီးနောက်  “အဲဒါက .. ”

All Chapters