ဘာမှထပ်မပြောနိုင်တော့ဘူး
Vol. 16 Ch. 221
အခန်း(၂၂၁) : ဘာမှထပ်မပြောနိုင်တော့ဘူး
ခဏကြာစဉ်းစားနေပြီးနောက် ဝူဟုန်က ဝမ်ဝေ့အား အကြောင်းအရာတချို့ ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမက သူ့အား စကားပြောရတာ ပိုသက်တောင့်သက်သာရှိစေရန် ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။ တကယ်တော့ သူတို့က မြေကြီးပေါ်တွင် ထိုင်ချလိုက်ခြင်း မဟုတ်ဘဲ မြေပြင်အထက် စင်တီမီတာအနည်းငယ်အထက် မျှောနေသည်။
ဝူဟုန်က စကားများကို စီလိုက်ပြီးနောက် ရှင်းပြလိုက်သည်။
“စံပြဆိုတာက ဟွင်သွမ်းအားလုံးထဲ ကောင်းကင်အသင်္ချေကမ္ဘာအားလုံးမှာ အမြင့်မြတ်ဆုံး တည်ရှိမှုပဲ။ သူတို့ကို စကြဝဠာကြီးထဲက ကျင့်ကြံသူတွေက ဟွင်သွမ်းမျက်ရှုလို့ ခေါ်ကြတယ် ” ဝူဟုန်က ပြောလိုက်သည်။
မျက်ရှု - အလွန်ချစ်ခင်မြတ်နိုးရသော
သို့သော်လည်း ဝမ်ဝေ့က ထိုအဖြေကို မကျေနပ်သောကြောင့် ထပ်ပြောလိုက်သည် “ဒီထက်ပိုပြီး အသေးစိတ် ပြောပြလို့ ရမလား”
“ကျွန်မ ပြောနေတုန်းလေ … အဲဒါကြောင့် စိတ်ရှည်ရှည်ထားပါ” ဝူဟုန်က သူ့ကို စိုက်ကြည့်လိုက်သောကြောင့် သူ့အား အနည်းငယ် မျက်နှာပူသွားစေသည်။
“စံပြဆိုတာက ဂုဏ်ပုဒ်တစ်ခုရော ကျင့်ကြံဆင့်ပါ ဟုတ်တယ်။ အတိအကျပြောရရင်တော့ မဟာဧကရာဇ်အတွက် နောက်ဆုံး ကျင့်ကြံဆင့်လည်း ဖြစ်တယ်။ ရှင် အဲဒီအဆင့်ကို ရောက်သွားတာနဲ့ တာအိုအဆုံးသတ် ဒါမှမဟုတ် ကျင့်ကြံရေးလမ်းကြောင်း အဆုံးသတ်ဆီ ရောက်သွားပြီလို့ သတ်မှတ်လို့ ရတယ်။ ရှေ့မှာ လမ်းဆက်မရှိတော့ဘူး ”
ဝမ်ဝေ့က ယခုလေးတင် တစ်လုံးတစ်ခဲတည်း သင်ယူလိုက်ရသည့် အချက်အလက်များကို စတင်စဉ်းစားနေသည်။ ဝူဟုန်၏ ပြောစကားများအရ စံပြ ဖြစ်လာဖို့အတွက် မဟာဧကရာဇ် အရင် ဖြစ်လာရမည် ဖြစ်သောကြောင့် ထိုအရာက မဟာဧကရာဇ်ပြီးနောက် ကျင့်ကြံဆင့် ဖြစ်လိမ့်မည်။
သို့သော်လည်း ထိုစံပြများကို ဟွင်သွမ်းမျက်ရှု ဟူသော ဂုဏ်ပုဒ်ကို ပေးရလောက်အောင် ရိုးရှင်းပုံမပေါ်ပေ။
ယခု ဝမ်ဝေ့ တွေးနေမိသည့် မေးခွန်းက သူ့ဝိညာဉ်က ဘယ်လိုလုပ် အားကောင်းနေတာလဲဆိုသည့် အချက် ဖြစ်၏။
သူ အက်ကြောင်းထဲ ဝါးမျိုခံရတုန်းက စုပ်ယူခဲ့တဲ့ အပြာရောင် အလင်းပြောက်တွေကြောင့်လား …
ဝမ်ဝေ့က အတွေးများကို စုစည်းပြီးနောက် မေးလိုက်သည် “ တကယ်လို့ မင်း ပြောသလိုမျိုး ကိုယ့်ဆီမှာ စံပြဝိညာဉ်လိုမျိုး ရှိနေရင် ဒီထက် အံ့ဖွယ်ဖြစ်နေရမှာ မဟုတ်ဘူးလား။ နမူနာအနေနဲ့ဆိုရင် ကိုယ်က နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးထဲက တာအိုစည်းမျဉ်းကို နားလည်သဘောပေါက်သွားတာမျိုး ဒါမှမဟုတ် ပုံရိပ်ယောင်၊ ဝိညာဉ်ဆိုင်ရာ လမ်းညွှန် အစရှိတာတွေကနေ သက်ရောက်မှုမခံရဘဲ ဖြစ်သင့်တယ်မလား။ ဒါပေမဲ့ အခုတော့ အဲဒီလို မဟုတ်ဘူး”
ဝူဟုန်က ဝမ်ဝေ့ကို ဆွံ့အစွာ ကြည့်လိုက်သည်။
ဒီလူရဲ့ ကိုယ့်ဘာသာ အထင်ကြီးစိတ်က ပြန်ပေါ်လာပြန်ပြီ …
“ပထမတစ်ခုက ရှင့်ဝိညာဉ်က စံပြအရည်အသွေးပဲ ရှိတာ ပမာဏ မပြည့်မှီသေးဘူး။ ဒုတိယအနေနဲ့ စံပြအများစုက တာအိုစည်းမျဉ်းနဲ့ ကောင်းချီးပေးခံထားရတယ်။ ရှင့်လိုအခြေအနေက ရှားပါးတယ်။ ရှင့်ဝိညာဉ်က စံပြအဆင့် ရောက်ပေမဲ့ တာအိုစည်းမျဉ်း မပါဘူး။ ရှင့်ဆီမှာ သာမန်စည်းမျဉ်း စွမ်းအားတောင် မပါဘူး။ ဒီထက် ပိုအရေးကြီးတာက ရှင့်ဝိညာဉ်ရဲ့ စွမ်းအားကို ဘယ်လိုသုံးရမလဲဆိုတာ ရှင်ကိုယ်တိုင် မသိသေးတာပဲ ”
တကယ်တော့ အရေးကြီးဆုံးအချက်ကာ တစ်ယောက်ယောက်က ရှင့်ရဲ့ စံပြဝိညာဉ်စွမ်းအားကို စည်းပိတ်ထားလိုက်လို့ပဲ … ဒါပေမဲ့ ရှင့်ကို ကျွန်မ မပြောပြနိုင်ဘူး …
ဝူဟုန်က တည်တည်ငြိမ်ငြိမ် မျက်နှာထားဖြင့် တိတ်တဆိတ် တွေးလိုက်သည်။
ထိုစဉ် ဝမ်ဝေ့က တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလာသော်လည်း ဘာမှန်း စဉ်းစားမရပေ။ ထို့ကြောင့် သူ့စိုးရိမ်မှုများကို စိတ်ထဲ ပြန်ပို့ထားလိုက်သည်။
“ကိုယ့်ဝိညာဉ်စွမ်းအားကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ပေးနိုင်လား” သူက မျှော်လင့်တကြီးကြည့်ကာ မေးလိုက်သည်။
“ကံမကောင်းစွာနဲ့ ကျွန်မ မတတ်နိုင်ဘူး” ဝူဟုန်က လျစ်လျူရှုထားသည့် ဟန်ပန်ဖြင့် ဖြေလိုက်သည်။
“ဘာလို့လဲ ”
“အဲဒါ ရှင် ကောင်းဖို့ပါ”
“အဲဒါကရော ဘာကိုပြောချင်တာလဲ ”
“ တကယ်လို့ ဒီကမ္ဘာမှာ ရှင် စံပြစွမ်းအားကို အသုံးပြုခဲ့မယ်ဆိုရင် ကြာကြာနေနိုင်မှာ မဟုတ်ဘူး။ တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်ကိုးပါးလုံးရဲ့ အစီအရင်တွေ၊ အသုံးအဆောင်တွေ အသုံးပြုပြီး တာအိုဘိုးဘေးတွေ၊ ထာဝရအရှင်တွေကိုတောင် နိုးထစေရင်တောင် သူတို့ ရှင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။
တစ်ခုတည်းသော ရလဒ်က ရှင် သေဆုံးသွားပြီး ရှင့်ဂိုဏ်းလည်း ရှင် ချစ်ရသူတွေနဲ့အတူ ပျက်သုန်းသွားလိမ့်မယ်။ ရှင့်ဂိုဏ်းရဲ့ မဟာဧကရာဇ်တစ်ယောက်ယောက်က စံပြအဆင့် ရောက်ထားပြီး ဝင်မပါသရွေ့ ရှင့်အတွက် အသက်ရှင်နိုင်ခြေ မရှိဘူး။
တကယ်လို့ စံပြက ဝင်ပါခဲ့ရင်တောင် ရှင် ဒီကမ္ဘာကနေ ထာဝရ နှင်ထုတ်ခံရလိမ့်မယ်”
ဝမ်ဝေ့က ထိုအကြောင်းကို ကြားကာ မျက်မှောင်ကြုတ်လိုက်သည်။ သူက စံပြများသည် ဒီကမ္ဘာထဲ လျို့ဝှက်ချက်များနှင့် စွမ်းအားများ ပါဝင်နေလိမ့်မည်ဟု မထင်ထားပေ။ သူက ဒီလောကကြီး မည်မျှ ရှုပ်ထွေးကြောင်း သက်ပြင်းသာ ချလိုက်၏။ အဆုံးမဲ့ လေဟာနယ်အကြောင်း ထည့်မပြောရသေးပေ။
ထို့အပြင် တိုက်ပွဲရူး ဧကရာဇ်၏ စိတ်ဆန္ဒက မဟာဧကရာဇ်များ သူတို့တာအိုကို သက်သေပြပြီးနောက် ရောက်သွားသည့် ကမ္ဘာတစ်ခု ရှိကြောင်း သွယ်ဝှက်ပြောဖူးလေသည်။
ထိုအကြောင်းကိုပါ ထည့်စဉ်းစားလိုက်လျှင် စကြဝဠာကြီးက မည်မျှပင် ရှုပ်ထွေးကာ ကျယ်ပြောလိုက်မည်နည်း။
ကမ္ဘာမြေကရော … တစ်နေရာရာမှာလား ဒါမှမဟုတ် လုံးဝကွဲပြားနေတဲ့ စကြဝဠာထဲမှာလား …
ဝမ်ဝေ့က သူသည် ကြီးကျယ်လွန်းသည့် လှည့်ကွက်များကြား မည်မျှသေးနုတ်ကြောင်း သက်ပြင်းချလိုက်မိသည်။ သူ့အောင်မြင်မှုသေးသေးလေးက ဘာမှမဟုတ်သေးပေ။ တာအိုအဆုံးသတ်နောက်လိုက်ကာ တစ်ရက်တွင် အချုပ်အနှောင်ကင်းကာ လွတ်မြောက်ရမည်ဟူသော လမ်းစပေါ် ရောက်ရုံမျှသာ ဖြစ်၏။
ထို့ကြောင့် သူ့အနေနှင့် အောင်မြင်မှုဟု ခေါ်ဆိုထားသည့် အရာများအပေါ် ကျေနပ်မနေသင့်ကြောင်း သူ့ဘာသာ သတိပေးလိုက်သည်။
“မင်းကို တစ်ခုလောက် မေးလို့ရမလား” ဝမ်ဝေ့က ပြောလိုက်သည် “ တကယ်လို့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ စံပြက ဝင်နှောင့်ယှက်ခဲ့ရင် ကိုယ်က ဘယ်ရောက်သွားမှာလဲ”
သို့သော်လည်း သူ ထိုမေးခွန်းကို မေးလိုက်သည်နှင့် ကမ္ဘာငယ်ထဲမှ အခန်းလေးက ချက်ချင်းဆိုသလို အဖြူနှင့် အမည်း ပြောင်းသွားသည်။ အခန်းထဲရှိ တခြားအရောင်များကို လုံးဝ ဖယ်ရှားလိုက်ပြီး နှစ်ခုသာ ကျစ်ရစ်ခဲ့လေသည်။
ထို့နောက် အားကောင်းသည့် စိတ်စွမ်းအားတစ်ခု အခန်းထဲ ကျရောက်လာသည်။ ထိုအရာက ကြီးကျယ်ခမ်းနားလှပြီး အေးစက်စက်နိုင်လှသည်။ ပထမက ဝမ်ဝေ့သည် ကောင်းကင်တာအို ပေါ်ထွက်လာသည်ဟု တွေးလိုက်မိသည်။ သို့သော် သူက ထိုစိတ်စွမ်းအားဒသည် ကောင်းကင်တာအိုထက် ပိုမို မြင့်မားကာ ပို၍ မြင့်မြတ်မှန်း ခံစားမိလိုက်သည်။
ကောင်းကင်တာအိုက ထိုအရာနှင့် ယှဉ်လိုက်သည့်အခါ ကျွန်လောက်ပင် ဖြစ်သွားပြီး ညွှန်းဆိုဖို့ပင် မထိုက်တန်တော့ပေ။
အထွတ်အထိပ် စိတ်စွမ်းအား ပေါ်ထွက်လာသည်နှင့် ဝမ်ဝေ့က ဘယ်နေရာမှ ထွက်လာမှန်း မသိသော်လည်း ထိုစွမ်းအားဒအပေါ် အလိုလို မကြိုက်သည့်စိတ် ဖြစ်ပေါ်လာသည်။ သူ့ဝိညာဉ်ထဲ နက်နက်ရှိုင်းရှိုင်း ကိန်းအောင်းနေသလိုမျိုး ဖြစ်၏။
ထို့နောက် အထွတ်အထိပ် စိတ်စွမ်းအားက အခန်းထဲရှိ အရာအားလုံးကို စတင် စစ်ဆေးတော့သည်။ ထိုအရာက ဝမ်ဝေ့ကို စစ်ဆေးလိုက်၏။ သူ့ခန္ဓာကိုယ်၊ ရုပ်ပိုင်းဆိုင်ရာ၊ ကျင့်စဉ်နှင့် တာအိုနှလုံးသားအထိ အကုန်လုံးကို ထိုးဖောက်မြင်သွားသည်။ သို့သော် ဝိညာဉ်ဆီ ချည်းကပ်လာသည့်အခါ လျို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု ပေါ်လာပြီး ထိုဆန္ဒ၏ အမြင်အာရုံကို ပိတ်ဆို့လိုက်သည်။
အတိအကျဆိုရလျှင် ထိုကြီးကျယ်မြင့်မြတ်သည့် စိတ်စွမ်းအားကို လှည့်စားလိုက်ခြင်း ဖြစ်၏။ လျို့ဝှက်ဆန်းကြယ် စွမ်းအားက ဝမ်ဝေ့၏ ဝိညာဉ်နှင့် ပတ်သက်၍ ဘာမှထူးထူးခြားခြား မရှိကြောင်း တွေးထင်အောင် လုပ်လိုက်ခြင်း ဖြစ်သည်။
ထိုစဉ် ဖြစ်စဉ်တစ်ခုလုံးအတွင်း ဝူဟုန်က မျက်မှောင်ကြုတ်ကာ သူမဘာသာ စဉ်းစားနေသည်။
ငါ ထုတ်ဖော်မိတာ နည်းနည်းများသွားပြီတူတယ် … သူ မဟာဧကရာဇ် ဖြစ်မလာခင်အထိ ဒီလျို့ဝှက်ချက်တွေကို ထုတ်မပြောသင့်ဘူးလေ …
အခု မဟာတာအို ပေါ်ထွက်လာပြီ …
အထွတ်အထိပ် စိတ်စွမ်းအားဒက ဝမ်ဝေ့ကို စစ်ဆေးပြီးသွားသည့်နောက် ဝူဟုန်ဘက် ရောက်ရှိလာသည်။ ထိုအရာက သူမကို စစ်ဆေးနေချင်ဟန် ပေါ်၏။
သို့သော်လည်း သူမက လက်မြောက်လိုက်ပြီး ကျယ်ကျယ်လောင်လောင် ပြောလိုက်သည် “ ကျွန်မ ဘာမှထပ်မပြောတော့ဘူးလို့ ကတိပေးတယ် ”
အထွတ်အထိပ် စိတ်စွမ်းအားဒက ခဏရပ်တန့်သွားပြီးနောက် ဒီနေရာသို့ မရောက်လာခဲ့သလိုမျိုး ချက်ချင်း ပျောက်ကွယ်သွားလေသည်။ သူတို့နှစ်ယောက်မှလွဲ၍ တစ်ကမ္ဘာလုံး ထိုတည်ရှိမှုကို မသိလိုက်ကြပေ။
မဟာတာအို၏ စိတ်စွမ်းအားက ဝူဟုန်ကို စစ်ဆေးမသွားသလို အပြစ်ပေးမသွားရသည့် အကြောင်းအရင်းအမှန်က ဝူဟုန်ဆီမှ ဝမ်ဝေ့နှင့် တူညီသည့် လျို့ဝှက်ဆန်းကြယ် စွမ်းအားမျိုး ထွက်လာကာ နှောင့်ယှက်လိုက်၍ ဖြစ်သည်။
ဝမ်ဝေ့အတွက် ကံဆိုးသည်က ထိုစွမ်းအားများကို သတိထားမိဖို့အတွက် အားနည်းလွန်းနေသည်။ အထွတ်အထိပ် စိတ်စွမ်းအား ထွက်သွားပြီးနောက် သူက ထုတ်မေးလိုက်သည်။
“အဲဒါဘာကြီးလဲ … ကောင်းကင်တာအိုလား။ ဘာလို့ အဲလောက်တောင် အော်ဂလီဆန်စရာ ကောင်းနေပါလိမ့်”
သို့သော်လည်း ဤတစ်ကြိမ် ဝူဟုန်က သူ့မေးခွန်းကို ပြန်မဖြေပေ။ သူမက ပခုံးတွန့်ကာ ပြောလိုက်သည် “ ရှင့်ကို မိုးမြေကြားက လျို့ဝှက်ချက်တချို့ ပြောဖို့ ကြိုးစားရင် ဘာဖြစ်ခဲ့လဲဆိုတာ ရှင်လည်း မြင်လိုက်တာပဲ။ အဲဒါကြောင့် ရှင် တာအိုကို သက်သေပြပြီး မဟာဧကရာဇ် ဖြစ်မလာခင်အထိ ကျွန်မ ရှင့်ကို မပြောနိုင်တာတွေ အများကြီးပဲ ”
ဝမ်ဝေ့က ထိုအရာကို ကြားကာ မျက်မှောင်ကြုတ်မိသွားပြီး သူက ကိစ္စများစွာကို မသိရုံသာမက သူ့ဆီ ဖြစ်နေသည့် အကြောင်းအရာများစွာကိုပင် မသိသေးပေ။ သူ့ကို လျို့ဝှက်ချက်များဖြင့် လွှမ်းခြုံထားသလို ခံစားရ၏။
အဆိုးဆုံးက တစ်ပတ်ကျော်လောက် သိထားရသူက သူ့အကြောင်းကို သူ့ထက် သိနေခြင်း ဖြစ်၏။
ဝမ်ဝေ့က ဉာဏ်ကောင်းသူ ဖြစ်၍ သူ့နားလည်နိုင်စွမ်းအထက် ကျော်လွန်ကာ ဖြစ်ပျက်နေသည့် ကိစ္စများစွာ၏ အကြောင်းအရင်းကို မှန်းဆနိုင်သေး၏။ အနည်းဆုံးတော့ သူက သဘောတရားတစ်ခု ထုတ်ထားနိုင်သည်။
သူ့သဘောတရားက အနာဂတ်သူက မရှင်းမရှင်းအလုပ်များ လုပ်နေ၍ ရလဒ်အနေနှင့် လက်ရှိသူက ပေးဆပ်နေရခြင်း ဖြစ်၏။ အတိအကျဆိုရလျှင် အနာဂတ်သူက တခြားအထွတ်အထိပ် သက်ရှိနှင့် စစ်တုရင် ကစားနေလေသည်။ ကာလဒေသများပင် သူတို့နှစ်ယောက်အတွက် ကစားပွဲတစ်ခုအပြင် မပိုပေ။
ထိုအရာက အလှမ်းဝေးနေသလို ဖြစ်နေသော်လည်း ဝမ်ဝေ့က ထိုသို့မထင်ပေ။ ကျင့်ကြံရေးလောက၌ အချိန်ကို ထိန်းချုပ်နိုင်ဖို့အတွက် အလှမ်းဝေးခြင်းမျိုး မရှိပေ။ ကမ္ဘာမြေတွင်ပင် သိပ္ပံနည်းစနစ်ကျကျ သဘောတရားများ ထုတ်ခဲ့သေးသည် မဟုတ်ပါလော။
ထိုအရာကို နောက်ကြောင်းပြန် ကွန်တမ်သီအိုရီဟု ခေါ်ကြလေသည်။ လက်ရှိလူက အတိတ်လူပေါ် သက်ရောက်မှု ဖြစ်စေနိုင်ပြီး အနာဂတ်လူက လက်ရှိလူကို သက်ရောက်မှု ဖြစ်စေနိုင်သည်။ ထိုအရာက ရှုပ်ထွေးလွန်းလှသည့် သီအိုရီသဘောတရားကို အလွယ်ရှင်းထားသော်လည်း ထိုအတွေးအခေါ်၏ လိုရင်းက အချိန်သည် တစ်သမတ်တည်း မဟုတ်ကြောင်း သဘောတရားပေါ် အမှီပြုထားသည်။ အချိန်များက တစ်ပြိုင်နက် ဖြစ်ပျက်နေ၏။
ထို့ကြောင့် ဝမ်ဝေ့က သူ့သဘောတရားသည် သူ့အနီးရှိ ထူးထူးဆန်းဆန်း ဖြစ်စဉ်များကို ရှင်းပြနိုင်သောကြောင့် အလှမ်းဝေးလွန်းသည်တော့ မယုံပေ။ နမူနာအားဖြင့် သူက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် မရောက်ခင် စိတ်နတ်ဆိုး စမ်းသပ်ချက် နှစ်ခါ ဖြတ်ကျော်ခဲ့ရလေသည်။ ထိုအရာက သူ့အားကောင်းလွန်းသည့် အလိုလိုသိစိတ်ကို ရှင်းပြနိုင်သလို ထိုစွမ်းရည်မျိုး မည်သို့ရလာလဲဆိုသည့် အကြောင်းအရင်းကိုပါ ဖြေရှင်းပြီးသား ဖြစ်သွားသည်။
ပို၍ အရေးကြီးသည်က ဝူဟုန်၏ တည်ရှိမှု ဖြစ်၏။
သူက သူမအပေါ် ဘာကြောင့် လွယ်လွယ်ကူကူ ကြွေသွားရတာလဲ … သူမက သူနဲ့ တစ်ပတ်လောက်ပဲ သိပေမဲ့ ဘာကြောင့် သူ့အကြောင်းကို အရမ်းသိနေရတာလဲ …
ထို့အပြင် သူမက လျို့ဝှက်ချက်များစွာ သိနေသည့်အချက်ကိုပါ ဖြေရှင်းပြီးသား ဖြစ်သွားသည်။
သူမက အနာဂတ်သူ ကစားနေသည့် ကစားပွဲမှ ကစားသမားတစ်ယောက်ပင် ဖြစ်နေနိုင်သည်။ သူမက ဒီနေရာဆီ အကြောင်းအရင်းတစ်ခုအတွက် ရောက်ရှိနေ၏။
ဝမ်ဝေ့က သူ့အနေနှင့် မှားယွင်းသွားနိုင်ကြောင်း သိထားလေသည်။ ထို့ကြောင့် သူက ထိုသီအိုရီအပေါ် အားလုံး လောင်းကြေးထပ်မထားပေ။ နောက်ထပ် ပိုကောင်းသည့် အဖြေကို ထပ်ရှာဦးမည် ဖြစ်၏။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ဝူဟုန်အား မေးလိုက်သည် “ ပြဿနာမတက်ဘဲ တခြားပြောပြလို့ ရတာ ရှိသေးလား ”
ဝူဟုန်က ခဏစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည် “ရှင့်ရဲ့ စံပြဝိညာဉ်နဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ရောက်ဖို့ မဖြစ်နိုင်ဘူး ”