← Chapters

အခန်း (၁၀၀၉-၁၀၁၀)

Vol. 60 Ch. 1009-1010

အခန်း (၁၀၀၉-၁၀၁၀)

Vol. 60 Ch. 1009-1010

အပိုင်း (၁၀၀၉)

“အရှင့်ကို ကာကွယ်ကြ... ဧကရာဇ်ကို ကာကွယ်ကြ...”

ပိုမို များပြားသည့် လူများက ရှမ့်လန်၏ ဘေးနားသို့ ရောက်ရှိလာခဲ့၏။ နောက်ဆုံး ထောင်နှင့်ပင် ချီလာသည်။

“ပစ်...” အမေဇုန် အမျိုးသမီး စစ်သည် ရာပေါင်းများစွာတို့က လေးမြားများကို ဆွဲထုတ်ပြီး ကောင်းကင် ပင်လယ်နန်းဆောင်မှ အထူးသိုင်းပညာရှင်များကို ပစ်ခတ်၏။

“ရွှီ... ရွှီ...”

တန်ဖိုးကြီးမားသည့် ငရဲမီးမြားများကို အလကားရသလို ပစ်ခတ်ကြ၏။ ဤအကွာအဝေးတွင် ပစ်မှတ်ကို ချိန်ရန်လည်း လွယ်ကူ၏။ ငရဲမီးမြားအားလုံးက ပစ်မှတ်ကို ထိမှန်ပြီး ပြင်းထန်စွာ လောင်ကျွမ်း၏။ သို့သော်ငြား အသုံးမဝင်ချေ။ ငရဲမီးမြားအားလုံးတို့က အထူးသိုင်းပညာရှင်များ၏ သံချပ်ကာကို ထိမှန်ပြီး ပြန်ကန်ထွက်၏။ ထိုအရာများက ရူးသွပ်မတတ် ဆက်လက် လောင်ကျွမ်းသည် ဆိုသော်လည်း ပင်လယ်ပြင်သို့ ပြုတ်ကျသည်။

ကောင်းကင်ပင်လယ် နန်းဆောင်၏ သံချပ်ကာအသစ်များက တကယ့်ကို အံ့မခန်းပင်။ ငရဲမီးမြားများပင် မထိုးဖောက်နိုင်တော့ပေ။ ထို့အပြင် ဤလူများက ရှေးဟောင်းကိရိယာများ အသုံးမပြုနိုင်တော့သည် ဆိုလျှင်တောင် အထူးသိုင်းပညာရှင်များတော့ ဖြစ်နေကြသေး၏။

သူတို့၌ လက်နက်ကောင်းများစွာ ပါဝင်လာခဲ့သည် ဆိုသော်လည်း စွမ်းအင်ဗဟိုချက်က အလုပ် မလုပ်သောကြောင့် ထိုအရာများကို အသုံးပြု၍ မရနိုင်တော့ချေ။ ထိုစွမ်းအင် ထိန်းချုပ်မှု ဗဟိုချက် အားလုံး ရပ်တန့်သွားသောကြောင့် ရှေးဟောင်းဒူးလေးများက အုတ်ခဲတစ်ချက်ကဲ့သို့သာ ထုနှက် ရိုက်နှက်၍ ရတော့သည်။

“ပုံစံခွဲကြ... ရှမ့်လန်ကို သတ်ကြတော့...”

ကောင်းကင်ပင်လယ် နန်းဆောင်မှ အထူးသိုင်းပညာရှင် ဒါဇင် အနည်းငယ်တို့က လူထောင်ပေါင်းများစွာ၏ ဝန်းရံ ပိတ်ဆို့မှုကို နောက်တစ်ကြိမ် ဖောက်ထွက်ပြီး ရှေးစစ်သင်္ဘောကြီးဆီသို့ တိုက်ရိုက် ပြေးဝင်၏။ သူတို့က ထက်မြက်သည့် ဓားတစ်လက် သဖွယ် ပုံစံခွဲလိုက်ကြပြီး ရှမ့်လန်ဆီသို့ တိုးဝင်လာခဲ့၏။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက တကယ့်ကို အံ့မခန်းပင်။

အမေဇုန် အမျိုးသမီး စစ်သည် ရာပေါင်းများစွာတို့က သူတို့ကို မတားဆီးနိုင်သလို ဦးခေါင်းခွံဂိုဏ်းနှင့် နိဗ္ဗာန တပ်တော်မှ ထောင်ပေါင်းများစွာသော စစ်သည်များကလည်း မတားဆီးနိုင်ချေ။ သူတို့က တားဆီး၍ မရနိုင်သည့် အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်လာခဲ့၏။

နင်ဟန်က ဤအချိန်တွင် အထူးသိုင်းပညာရှင် မည်မျှ ခေါ်ဆောင်လာခဲ့ကြောင်း ရှမ့်လန်မသိချေ။ အကယ်၍ ရာပေါင်းများစွာ ပါလာခဲ့ပြီး ထိုသူတို့၏ လက်ထဲရှိ လက်နက်ကိရိယာများကသာ အလုပ်လုပ်သည် ဆိုပါက သူတို့၏ တိုက်ခိုက်နိုင်စွမ်းက ကောင်းကင်ဘုံကိုပင် အာခံနိုင်ပေလိမ့်မည်။

ထိုအခိုက်အတန့်မှာတော့ ချောင်ယောင်းအာက စစ်သင်္ဘောပေါ်သို့ ရုတ်တရက် ခုန်တက်လာ၏။ ကြီးမားလွန်းသည့် ဒူးလေးကြီးကို ချိုးဖျက်၏။ ဘေးတစ်ဖက်ရှိ လူများက ကြောင်အသွား၏။ ထိုအရာက စစ်သင်္ဘောပေါ်တွင် တပ်ဆင်ထားသည့် ရှေးဟောင်း ဒူးလေးကြီးပင်။

ပြီးနောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် မြင်ကွင်း ပေါ်လာ၏။

ချောင်ယောင်းအာက ရှေးဟောင်း ဒူးလေးကြီးကို ရုတ်တရက်ဆွဲပြီး ငါးမီတာ ရှည်လျားသည့် ရှေးဟောင်းမြားကြီး တစ်စင်းကို တပ်ဆင်သည်။

“ဖွင့်...” ချက်ချင်းပဲ ကြည့်နေသူများက သေးထွက်ကျလုမတတ်ပင် ကြောင်အသွားခဲ့၏။ သူမ ရပ်နေသည့် အောက်ခြေရှိ သံမဏိပြားကြီးက ချိုင့်ဝင်သွား၏။

“ချောင်ယောင်းအာ... ဒါ... အိမ်မက်ဆိုး ကျောက်တုံး အသက်သွင်းပြီးမှ ဆွဲဖွင့်လို့ရတဲ့ဟာလေ။ လူအင်အားနဲ့ ဆွဲဖွင့်လို့ မရဘူး။”

သို့သော်ငြား ချောင်ယောင်းအာက ဆွဲဖွင့်လိုက်သည်။

“ရွှမ်း ....” ငါးမီတာ ရှည်လျားသည့် ရှေးဟောင်းမြားကြီးက ရုတ်တရက် ပစ်လွှတ်၏။

“ဘုန်း...”

ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ပင်လယ် နန်းဆောင်မှ အထူး သိုင်းပညာရှင် တစ်ဦးက မြားနှင့် ထွင်းဖောက်ခြင်းကို ခံရ၏။ ခန္ဓာကိုယ်တစ်ခုလုံးနှင့် သံချပ်ကာပါ ဖောက်ထွင်းသွားခဲ့၏။ တစ်ယောက်တည်း မဟုတ်ချေ။ သုံးဦး ဆက်တိုက် ထွင်းဖောက်ခံလိုက်ရသည်။

ရှေးဟောင်း ဒူးလေးကြီးနှင့် ရှေးဟောင်းမြားကြီးက တကယ့်ကို အစွမ်းထက်၏။ သွေးဝိညာဉ် တပ်တော်မှ သံချပ်ကာ အသစ်က တန်စတင်လွှာဖြင့် ဖုံးအုပ်ထားခဲ့သည် ဆိုသော်လည်း ခံနိုင်ရည် မရှိခဲ့ချေ။

“ရွှမ်...”

ချောင်ယောင်းအာက ဒုတိယမြောက် မြားကို ပစ်လွှတ်၏။ နောက်ထပ် သုံးယောက်က ထွင်းဖောက် ခံလိုက်ရ၏။

ရှမ့်လန်က ရင်ထဲတွင် နာကျင်သွားခဲ့သည်။ ‘ဒါက အကောင်းပကတိ ရှေးဟောင်း သံချပ်ကာတွေ၊ ယောင်းအာ... မြားတစ်စင်းနဲ့ အကုန်လုံးကို ပစ်နေတာပဲ။’

“ရွှီ...”

ပြောရင်းဆိုရင်း ချောင်ယောင်းအာက နောက်ထပ် မြားတစ်စင်းကို ပစ်လွှတ်၏။ နောက်ထပ် လူသုံးယောက် က ထွင်းဖောက်ခံလိုက်ရ၏။ သူမက လေးစင်းမြောက် မြားကို ပစ်ခတ်ရန် ပြင်နေစဉ်မှာပဲ ဝုန်းခနဲ အသံနှင့်အတူ သူမ ရပ်နေသည့် နေရာကြီးက ပြိုကျသွား၏။ ထိုအရာက မီးကြောင့် အရည်ပျော်ပြီး ဖြစ်နေ၏။ ယခု ချောင်ယောင်းအာ၏ တုန်လှုပ်ဖွယ်ရာ ခွန်အား အသုံးပြုနိုင်မှုကို ခံနိုင်ရည် မရှိတော့ပေ။

နောက်တစ်စက္ကန့်တွင် ချောင်ယောင်းအာက အမြှောက်ကျည်ဆန် ကဲ့သို့ ပြေးထွက်လာ၏။ ပြီးနောက် အရူးကြီးကလည်း တုန်လှုပ်ဖွယ်ရာ လေးလံလွန်းသည့် နက်ရွှေရောင်ဓားကြီးကို ဝှေ့ယမ်းပြီး ပြေးထွက် လာ၏။ လီချင်းချိုး၊ ရွှယ်ရင်၊ ကျုံးချူးကဲ့၊ ပန်ရော့နှင့် တခြား မဟာပညာရှင်များက ပြေးထွက်လာ၏။

နောက်ဆုံး ဤမဟာပညာရှင်များက အတွင်းအားကို ရူးသွပ်မတတ် ထုတ်လွှတ်ပြီး သူတို့၏ ထက်မြက်သည့် ဓားများဖြင့် တိုက်ခိုက်ကြသည်။ မရချေ။ သူတို့၏ ပြိုင်ဘက်၏ သံချပ်ကာက မာကျောလွန်းသောကြောင့် ဖောက်ထွင်း၍ မရနိုင်ချေ။ သူတို့၏ ဓားပညာက ထိပ်တန်းအဆင့်ဖြစ်ပြီး တစ်စက္ကန့်အတွင်း ဒါဇင်နှင့်ချီကာ ထိုးနှက်နိုင်၏။ သို့သော်ငြား ကောင်းကင်ပင်လယ်နန်းဆောင်မှ အထူးသိုင်းပညာရှင်များ၏ ကာကွယ်ရေးကို မဖောက်ဖျက်နိုင်သလို ဖြစ်နေသည်။

လီချင်းချိုးက ဒေါသထွက်၏။ သူက ဓားကို လွှင့်ပစ်ပြီး ရှေ့သို့ တိုးဝင်ကာ လက်ဝါးနှင့် ရိုက်ချ၏။ အပြင်းထန်ဆုံး အတွင်းအားများကို စီးဝင်စေ၏။

“ဘုန်း...” ဤအချိန်မှာတော့ တကယ်ပင် ထိရောက်၏။ ကောင်းကင်ပင်လယ်နန်းဆောင်မှ အထူး သိုင်းပညာရှင်က တိုက်ရိုက်ပင် လွင့်စင်သွားခဲ့သည်။

ဓားကို အသုံးပြု၍ မရသောကြောင့် လက်ဝါးနှင့် အတွင်းအားကို အသုံးပြုရ၏။ သို့သော်ငြား လွင့်စင်ပြီးနောက် အထူးသိုင်းပညာရှင်က နောက်တစ်ကြိမ် ပြန်ခုန်ထ၏။ သွေးတစ်သုတ် အန်ထုတ်ပြီးနောက် ရှေ့သို့ ဆက်လက်တိုးဝင်၏။ လီချင်းချိုး၏ အတွင်းအားက အံ့မခန်းဖြစ်သော်လည်း ဤသံချပ်ကာအလွှာကို ဖြတ်ကျော်တိုက်ခိုက်ရသောကြောင့် ရန်သူ၏ ခန္ဓာကိုယ်ကို ထိခိုက်စေရုံသာ တတ်နိုင်ခဲ့၏။

အရူးကြီးနှင့် ချောင်ယောင်းအာတို့၏ တိုက်ပွဲကတော့ ကြည့်ရဆိုး၏။ ရှမ့်လန်က ကြည့်ချင်စိတ်ပင် မရှိတော့ချေ။ အရူးကြီးက ကီလိုဂရမ် ၅၀၀ နှင့်အထက်ရှိသည့် ဓားကြီးကို မြှောက်ပြီး ထိုးခုတ်လျက်ရှိနေ၏။ ဤအရာက မည်သို့သော သိုင်းကွက်မျိုး ဖြစ်သနည်း။

ပြိုင်ဘက်ဖြစ်သော အထူးသိုင်းပညာရှင်က ရှေးဟောင်း သွေးဝိညာဉ်ဓားဖြင့် ကာကွယ်၏။ ရှေးဟောင်းဓားက တကယ်ကို အံ့မခန်းပင်။ စွမ်းအင်ရှိနေစဉ်က ထိုအရာ၏ ဓားသွားက အံ့မခန်း အပူချိန်ကို ထုတ်လွှတ်နိုင်ပြီး မည်သည့်လက်နက် သို့မဟုတ် သံချပ်ကာကိုမဆို စက္ကူကဲ့သို့ လွယ်လွယ်ကူကူ ဆွဲဖြတ်နိုင်စွမ်းရှိ၏။ သို့သော်ငြား ယခု ရှေးဟောင်းစွမ်းအင်ဗဟိုချက် ပျက်နေသောကြောင့် ဤရှေးဟောင်းဓားက သာမန်လက်နက် တစ်ခုကဲ့သို့သာ အသုံးပြုနိုင်သည်။

အရူးကြီး၏ရိုက်ချမှုအားကလည်း အံ့မခန်းပင်။ မည်သည့်လက်နက်မဆို ကျိုးပဲ့သွားမှာဖြစ်၏။ ဤရှေးဟောင်းဓားကြီး က ကီလိုဂရမ် သောင်းဂဏန်းအနည်းငယ်သာ ရှိ၏။ သို့သော်ငြား မကျိုးပဲ့ချေ။ ကွေးရုံသာ ကွေး၏။ မာကျောမှုအတိုင်းအတာက တကယ်ကို အံ့မခန်းပင်။

အရူးကြီး၏ ဒုတိယမြောက် ထိုးခုတ်ချက်ကတော့ ကောင်းကင်ပင်လယ်နန်းဆောင်မှ အထူးသိုင်းပညာရှင် ရင်ဘတ်ပေါ် ကျရောက်၏။ အရူးကြီး၏ဓားတွင် ထက်မြက်သည့် အသွားမျိုး မပါခဲ့ချေ။ တုံးနေသောကြောင့် အထူးသိုင်းပညာရှင်၏ သံချပ်ကာအသားကို ဖြတ်တောက်နိုင်ခြင်း မရှိချေ။ သို့သော်ငြား ထိုအရာက ပို၍ပင် ဆိုး၏။ သံချပ်ကာတစ်ခုလုံး ချိုင့်ဝင်သွားခဲ့ပြီး ထိုအထူးသိုင်းပညာရှင်၏ နံရိုးများအားလုံး ကျိုးကြေကုန်၏။ အတွင်းကလီစာများ ကြေမွပြီး ဆိုးရွားစွာ သေဆုံး၏။

အရူးကြီးက လှည့်ပင် မကြည့်ချေ။ ဒုတိယလူဆီသို့ ပြေးဝင်၏။ ဒုတိယလူ၏အဖြစ်က ပိုဆိုး၏။ အရူးကြီးက ထိုသူ၏ ခေါင်းကို ရိုက်ချလိုက်သောကြောင့် သံချပ်ကာတစ်ခုလုံး ပြားချပ်၏။ အတွင်းမှာ ခေါင်းက ဖရဲသီးကဲ့သို့ ပေါက်ကွဲထွက်၏။ ပြီးနောက် အရူးကြီးက တတိယလူဆီ ပြေးဝင်ပြန်၏။ မကြာခင်မှာပဲ အရူးကြီးက ပဉ္စမလူဆီသို့ ရောက်ချိန်မှာတော့ အထူးသိုင်းပညာရှင်ဟူ၍ မကျန်တော့ချေ။

ကျန်ရှိသူများအားလုံးကို ချောင်ယောင်းအာက သတ်ဖြတ်လိုက်ပြီ ဖြစ်၏။ စုစုပေါင်း အထူးသိုင်းပညာရှင် ၃၀ ကို ချောင်ယောင်းအာ၏ ရှေးဟောင်းဒူးလေးကြီးဖြင့် သတ်ဖြတ်ခဲ့၏။ အရူးကြီးက ၅ ယောက် သတ်ဖြတ်ခဲ့၏။ လီချင်းချိုး၊ ရွှယ်ရင်၊ ပန်ရော့နှင့် ကျုံးချူးကဲ့တို့ ပူးပေါင်းပြီးနောက် နှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့၏။ ကျန် ၁၄ ယောက်ကို ချောင်ယောင်းအာက သတ်ဖြတ်ခဲ့သည်။

ချောင်ယောင်းအာက တကယ်ကို ကြောက်မက်ဖွယ်ကောင်းသည့် လူမျိုးပင်။ သူမက တကယ်ကို လှပပြီး ဆွဲဆောင်မှုလည်းရှိ၏။ လီချင်းချိုးက နီရဲယောင်ယမ်းနေသည့် သူ၏ လက်ဝါးကို ဆန့်ထုတ်၏။ အတွင်းအား အမြောက်အမြားက ကုန်ဆုံးသွားခဲ့ပြီး လက်ဝါးနှင့် လက်ညှိုးကြားရှိ အရေပြားက ကွဲအက်နေ၏။

လွယ်နေသည်လား။ အထူးသိုင်းပညာရှင် တစ်ယောက်ကို သတ်ဖို့ သူက လက်ဝါးရိုက်ချက် ၅၃ ချက်ကို သုံးခဲ့ရ၏။ တကယ့်ကို ခက်ခဲလွန်းလှချေသည်။

အရူးကြီးကို လှမ်းကြည့်လိုက်ချိန်မှာတော့ နှစ်ချက်တည်းနှင့် တစ်ယောက်ကို သတ်၏။ ချောင်ယောင်းအာက ပိုဆိုးသေး၏။ တစ်ချက်တည်းနှင့် သုံးယောက်ကို သတ်၏။

“ငါတို့ အလိမ်ခံနေသလို ခံစားရတယ်။”

ဓားဘုရင် လီချင်းချိုးက ပြုံးဖြီးဖြီးနှင့် ပြော၏။ “ငါတို့ မဟာပညာရှင်တွေက ဘာမှ မဟုတ်ဘူး။ သိုင်းပညာအတုတွေကို လေ့ကျင့်နေခဲ့တာပဲ။”

ကျန်ရှိနေသည့် မဟာပညာရှင် သုံးဦးကလည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ကြ၏။ သိုင်းပညာ အရဆိုလျှင် အရူးကြီးက သူတို့လေးဦးထက် နိမ့်ကျ၏။ သို့ပေမည့် အဘယ့်ကြောင့် ဤမျှ သန်မာနေရသနည်း။

..........................

မရေတွက်နိုင်အောင် များပြားသည့် လေကြောင်းရန် ကာကွယ်ရေး စွမ်းအင်စက်ကွင်းများ၊ သို့သော်ငြား အားလုံးက အချည်းနှီးပင် ဖြစ်၏။ ဤကာကွယ်ရေးစနစ် အားလုံးက ကီလိုဂရမ် ဒါဇင်နှင့်ချီ လေးလံသည့် အမြှောက်ကျည်များကို ကာကွယ်နိုင်သော်လည်း အရှိန်အဟုန်ဖြင့် ရွေးချယ်လာသည့် ၁၆ တန် လေးလံသည့် စွမ်းအင်ဗုံးကို မည်သို့ ကာကွယ်နိုင်မည်နည်း။

နောက်ထပ် တစ်စက္ကန့်အကြာတွင် ဥက္ကာပျံက ကောင်းကင်ပင်လယ်နန်းဆောင်၏ စာကြည့်တိုက်ကို ဝင်ဆောင့်၏။ ကျယ်လောင်လွန်းသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး တုန်ခါသွား၏။ ပြီးနောက် လောကကြီး တစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ပင်။

နောက်ဆက်တွဲ ဘာဖြစ်မည်ကို မည်သူမှ မသိကြသော်လည်း သူတို့က အလိုအလျောက် အသက်ကို အောင့်ထားမိ၏။

“၅... ၄... ၃... ၂... ၁...”

“ဘုန်း... ဘုန်း...”

၁၆ တန် လေးလံသည့် စွမ်းအင်ဗုံး၏ မိမိကိုယ်ကိုယ် ဖျက်ဆီးမည့် အချိန်မှတ်ခြင်းက ပြည့်စုံ၏။ ပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲလေတော့၏။ တုန်လှုပ်စရာ ကောင်းသည့် မီးတောက်များက ကောင်းကင်ယံဆီသို့ နောက်တစ်ကြိမ် မြင့်တက်လာ၏။ မှိုပွင့်ပုံစံ မီးလုံးကြီး ဖြစ်ပေါ်သည်။

မျက်စိတစ်မှိတ်အတွင်း ကြီးမားလွန်းသည့် ကောင်းကင်ပင်လယ်နန်းဆောင်ကြီးက မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့၏။ ခံ့ညားထည်ဝါသည့် ကောင်းကင်ပင်လယ်နန်းဆောင်ကြီးက ဧရာမ လက်ကြီး တစ်ဖက်ဖြင့် ဆွဲဖြဲခံလိုက်ရသကဲ့သို့ပင် အစအနမကျန်အောင် ကြေမွသွား၏။

ရှမ့်လန်က သူ၏ ကတိကို တည်ခဲ့၏။ ကောင်းကင်ပင်လယ်နန်းဆောင်ကို လောကမြေမျက်နှာပြင်ပေါ်မှ လုံးဝ သုတ်သင် ဖယ်ရှားလိုက်ပြီ ဖြစ်သည်။

ကောင်းကင်ပင်လယ်နန်းဆောင်မှ လူများက လောကအလယ်တွင် ဆက်ဆံရ အခက်ခဲဆုံး လူများဖြစ်၏။ သူတို့က တကယ့်ကို မာနကြီးပြီး ဉာဏ်ကြီးရှင်ဆန်စွာဖြင့် နေထိုင်တတ်ကြသေးသည်။ သူတို့၏ စိတ်ထဲတွင် ရှိနေသည့် အထင်အမြင်သေးမှုများကို ထုတ်ဖော်ရန် စကားလုံးများပင် အသုံးပြုတ်တတ်သူမဟုတ်ပေ။ အကြည့်တစ်ချက်နှင့် လုံလောက်၏။

ကောင်းကင်ပင်လယ်နန်းဆောင်က မြေအောက်မြို့တော်တစ်ခုတွင် တည်ရှိသော်လည်း အများ ပြည်သူလုံးဆိုင်ရာ ကောင်းကင်ပင်လယ်နန်းဆောင်ကလည်း တကယ့်ကို အရေးပါ၏။ ဤပညာရှင်နှင့် မဟာပညာရှင် အားလုံးတို့က ကောင်းကင်ပင်လယ်နန်းဆောင်၏ တန်ဖိုးရှိသော လူများပင်။ အဘယ်ကြောင့် ဆိုသော် သီအိုရီဆိုင်ရာ ဗဟုသုတအများစုကို သူတို့၏ သုတေသနပြုမှုဖြင့် ဖော်ထုတ်ခဲ့သောကြောင့်ပင်။

ရှမ့်လန်အပေါ် သူတို့၏ အထင်အမြင်သေးမှုကို ပြသရန် ပညာရှင်နှင့် မဟာပညာရှင်အုပ်စုတို့က မီးရှူးမီးပန်းများကို ကြည့်ရှုရန် စာကြည့်တိုက် ခေါင်မိုးပေါ်သို့ပင် စုဝေးရောက်ရှိနေ၏။ သူတို့က ရှမ့်လန်၏ အမြှောက်အမျိုးမျိုးတို့ မီတာရာနှင့်ချီ အကွာအဝေးရှိ လေထဲတွင် ပေါက်ကွဲနေသည်ကို ကြည့်ရှု၏။

ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် တစ်ဖက်မှ သူတို့ကို ဘာမှမလုပ်နိုင်သည့် အကြောင်းအရာများအား ခေါင်းမော့ ရင်ကော့စွာဖြင့် မတ်မတ်ရပ်ကာ ကြည့်ရှုနေကြခြင်းပင်။

အခြားတစ်ဖက်တွင် ရှိနေသည့် အမျိုးသမီးပညာရှင် ကျန်းယွီယင်းကတော့ အကြိမ်ကြိမ် ဖိတ်ကြားခြင်းကို ခံခဲ့ရ၏။ ပထမတစ်ကြိမ်တွင် သူမက စိတ်လှုပ်ရှားစွာဖြင့် သွားရောက် ကြည့်ရှု၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက တကယ့်ကို လှပသောကြောင့်ပင်။ ထို့အပြင် သူမသာ သွားမကြည့်လျှင် ရှမ့်လန်ကို စာနာထောက်ထားသူ တစ်ယောက်အဖြစ် တံဆိပ်ခတ် ခံရနိုင်ချေ အလွန်များသောကြောင့်ပင်။

ယခုညတွင်တော့ ပညာရှင်များစွာတို့က ရှမ့်လန်၏ အမြှောက်ကို ကြည့်ရှုရန် ခေါင်မိုးပေါ်သို့ တက်ကြ၏။ သို့သော်လည်း ကျန်းယွီယင်းက မသွားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ပညာရှင်နှင့် မဟာပညာရှင် အများစုလည်း မသွားကြသောကြောင့်ပင်။

ဤအချိန်တွင် ကောင်းကင်ပင်လယ်နန်းဆောင် စာကြည့်တိုက်၏ ခေါင်မိုးပေါ်တွင် ပညာရှင် ဒါဇင်ပေါင်း များစွာ ရပ်နေ၏။ ကီလိုမီတာ အနည်းငယ်အကွာတွင် ရှမ့်လန်၏ စစ်သည်ထောင်ပေါင်းများစွာနှင့် ရွှဲ့ပြည်နယ်မှ ပြည်သူသောင်းနှင့်ချီက ရပ်နေကြ၏။

ကောင်းကင်ပင်လယ်နန်းဆောင်မှ ပညာရှင်များက ဤလူများကို လျစ်လျူရှုထား၏။ သူတို့၏ မျက်လုံး ထဲတွင် ရှိနေသော မရေတွက်နိုင်သည့် လူများက အလုပ်သမား ပုရွက်ဆိတ်လေးများကဲ့သို့ပင်။ ထိုသူတို့က အသက်ရှင်ရပ်တည်ဖို့ တန်ဖိုးရှိကြသည့်လူများ မဟုတ်ဟု သူတို့က သတ်မှတ်ထား၏။ နာရီဝက်ခန့် စောင့်ဆိုင်းပြီးသော်လည်း ရှမ့်လန်၏ စစ်တပ်က အမြှောက်များကို မပစ်သေးချေ။

“သွားကြရအောင်။ ဒီညတော့ မရှိလောက်တော့ဘူး။ နုရှောင့်မြို့တော် ဖျက်ဆီးခံလိုက်ရပြီ။ အမည်ခံ တော်ဝင်ချန်မင်းဆက်ကလည်း ဖျက်ဆီးခံလိုက်ရပြီ။ ငါတို့ ရှမ့်လန်ရဲ့ အမြှောက်တွေကို ဘယ်တော့မှ မြင်ရမှာ မဟုတ်တော့ဘူး။ နှမြောစရာပဲ။”

ကောင်းကင်ပင်လယ်နန်းဆောင်မှ ပညာရှင်အုပ်စုက အနားယူရန် ခေါင်မိုးပေါ်မှ ဆင်းတော့မည့်ဆဲဆဲတွင် အရှေ့ဘက်မှ မှောင်မိုက်သည့် ညကောင်းကင်ယံတွင် တောက်ပသည့် အလင်းတန်းတစ်ခုက ဥက္ကာပျံကဲ့သို့ပင် ပျံသန်းရောက်ရှိလာခဲ့သည်။

“ရွှီ....” ထိုစွမ်းအင်ဗုံး၏ ပျံသန်းမှုနှုန်းက နဂါးနောင်တလောက် မမြန်သောကြောင့် ပွတ်တိုက်မှုကြောင့် အပူထွက်ပြီး အလင်းထုတ်လွှတ်မှုကို မလုပ်နိုင်ချေ။ သို့သော်လည်း ရင်သပ်ရှုမောဖွယ် ကောင်းသည့် အကျိုးသက်ရောက်မှုကို ရရှိစေရန် ရှမ့်လန်က ဥက္ကာပျံကဲ့သို့ အလင်းထုတ်လုပ်နိုင်သည့် အရာတစ်ခုကို လက်နက်၏ မျက်နှာပြင်ပေါ်တွင် သုတ်လိမ်းပေးလိုက်၏။ ထိုမှသာ ဖျက်ဆီးလိုသည့် သတ်ဖြတ်လိုစိတ်နှင့် ပိုတူနေပေလိမ့်မည်။

“ဒါ ဘာကြီးလဲ။ ဒါ ဘာကြီးလဲ။”

ကောင်းကင်ပင်လယ်နန်းဆောင်မှ ပညာရှင်များက အာမေဋိတ်သံဖြင့် ထကာ အော်ဟစ်၏။ သူတို့၏ ဆံပင်များက ထောင်ထသွား၏။ သူတို့၏ ယခင်က အထင်သေးမှုနှင့် ပေါ့ပါးသည့် စိတ်ခံစားချက်များ အားလုံးက ပျောက်ကွယ်သွား၏။

သူတို့က မသိနားမလည်သူများ မဟုတ်ကြချေ။ ထိုအရာက တကယ့်ကို အန္တရာယ်များကြောင်း အလိုအလျောက် သိ၏။ ထို့အပြင် ဤအရာက မိုင်ထောင်နှင့်ချီ ဝေးကွာသည့် ပင်လယ်ပြင်မှ ပစ်လွှတ်လိုက်ခြင်းပင်။ ရှမ့်လန်၌ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် လက်နက် ရှိနေသည်လား။ ထိုသို့ဆိုလျှင် မင်းသမီးနင်ဟန်၏ ရေတပ်က အန္တရာယ် မရှိနိုင်ပေဘူးလား။

“မြန်မြန်... အောက်ကို ဆင်းကြတော့။ ကာကွယ်ရေးတပ်တွေ အကုန်လုံးဆင်း၊ လေကြောင်းကာကွယ်ရေး ပစ္စည်းတွေ အကုန်လုံး ဖွင့်ကြတော့။” ပညာရှင်အုပ်စုက မြေအောက်ခန်းထဲသို့ ရောက်ရန် အသည်းအသန် အထိတ်တလန့်ဖြင့် ပြေးလွှားသည်။

...

အပိုင်း (၁၀၁၀)

“ဒုန်း... ဒုန်း...”

ပထမဦးဆုံးအကြိမ်ဖြင့် ကောင်းကင်ပင်လယ်နန်းဆောင် တစ်ခုလုံးတွင် ရန်သူလာရောက် တိုက်ခိုက်ခြင်း ခေါင်းလောင်းသံ မြည်လာ၏။ တံခါးစောင့်က ငိုက်နေရာမှ ထ၏။ ခေါင်းလောင်းကို အစွမ်းကုန် ထိုး၏။ တံမြက်စည်းလှဲသည့် အဘိုးအိုကလည်း အသက်လုကာ ထွက်ပြေး၏။

သို့သော်ငြား အားလုံးက နောက်ကျသွားခဲ့သည်။

စာကြည့်တိုက်ကြီး၏ ပထမထပ်တွင် အလုပ်လုပ်နေသည့် ပညာရှင်များက ခေါင်းလောင်းသံကို ကြားပြီးနောက် အသက်လုကာ ထွက်ပြေး၏။ မြေအောက်ခန်းသို့ ဝင်ရောက်ကြ၏။ အမြန်ဆုံးက ကျန်းယွီယင်း ပင် ဖြစ်သည်။ သူမက အပြင်ဘက်မှ စွမ်းအင်ဗုံး၏ လေတိုးသံကို ကြားသည်နှင့် အမြန်ဆုံး အချိန်ဖြင့် မြေအောက်ခန်းထဲသို့ ရောက်ရှိနေပြီ ဖြစ်၏။

“ကောင်လေး... ရှမ့်လန်... ငါက မင်းရဲ့ ရည်းစားပဲကို ဘာလို့ကြိုပြီး သတိမပေးတာလဲ။”

စက္ကန့် ၂၀ အတွင်း သူမက မြေအောက် မီတာ ၂၀၀ ဆီသို့ ပြေးဆင်းသွား၏။ အခိုင်ခံ့ဆုံးသော မြေအောက် တပ်စခန်းထဲတွင် ပုန်းအောင်းနေ၏။ ပြီးနောက် ကျယ်လောင်သည့် အသံကြီးက ထွက်ပေါ်လာသည်။ မြေအောက် မီတာရာနှင့်ချီ အနက်ရှိ ခံတပ်ကြီးပင် ပြင်းထန်စွာ တုန်ခါလို့ နေသည်။

“ဘုန်း... ဘုန်း...”

ခေါင်မိုးပေါ်တွင် ရှုခင်းကြည့်လျက်ရှိနေသော ပညာရှင်များစွာတို့က တိုက်ရိုက် အငွေ့ပျံ သွားကြ၏။

တံမြက်စည်းလှဲသည့်အဘိုးအိုက ရှိသမျှ အားကုန်သုံး၍ မြေအောက်ခန်းထဲသို့ ပြေးဆင်းသော်လည်း ပေါက်ကွဲမှုကြီး ဖြစ်ပွားချိန်မှာတော့ ရပ်တန့်သွား၏။ သူက တံမြက်စည်းကို ကောက်ယူပြီး နောင်ဆုံး တံမြက်စည်းလှဲခြင်း လုပ်ချင်သော်လည်း ကုန်းပင် မကုန်းလိုက်ရသေးချေ။ ကြောက်မက်ဖွယ် ကောင်းသည့် မီးတောက်များနှင့် တုန်ခါမှုလှိုင်းများက သူ့ကို ချက်ချင်းပဲ အပိုင်းပိုင်း ဆွဲဖြဲစည်။

တံခါးစောင့်အဘိုးအိုက စွမ်းအင်ဗုံး မြေပြင်ပေါ်သို့ ကျရောက်ချိန်မှာတော့ ပြင်းထန်သည့် တုန်ခါမှုကြောင့် လွင့်စင်သွားသည်။ မည်သို့ပင်ဆိုစေကာမူ သူက တံခါးစောင့်ဖြစ်သော်လည်း သိုင်းပညာ ကောင်းမွန်၏။ တစ်ကိုယ်လုံး မိုးမခပန်းပင်ကဲ့သို့ လွင့်မျောတက်ပြီး အားကောင်းသည့် သိုင်းပညာကို အသုံးပြုကာ အပြင်ဘက်သို့ ပြေးထွက်သည်။

သူက ကောင်းကင်ပင်လယ်နန်းဆောင်သို့ ရောက်ရှိလာတည်းက တစ်ခါမှ အပြင်မထွက်ဖူးသေးသော်လည်း ယခုအချိန်တွင်တော့ တံခါးပေါက်မှ တိုက်ရိုက် အပြင်ဘက်ဆီသို့ လွင့်မျောထွက်ခွာသွား၏။ သို့သော်ငြား တံခါးပေါက်က လွတ်မြောက်သွားပြီဆိုလျှင်ပင် လုံးဝ အသုံးမဝင်တော့ချေ။ ခန္ဓာကိုယ် တစ်ခုလုံးက စက္ကူစွန်ကဲ့သို့ ဖြစ်၏။ လေထဲတွင် ပြင်းထန်စွာ လွင့်မျောနေရင်းမှ အစိတ်စိတ်အမွှာမွှာ ကွဲကြေ၏။ ပြီးနောက် မီးလောင်ကျွမ်းသွား၏။

ဧကရာနှင့်ချီ ကျယ်ဝန်းသည့် ကောင်းကင်ပင်လယ်နန်းဆောင်ရှိ အဆောက်အအုံ အားလုံးတို့က လုံးဝ အပျက်အစီးများ အဖြစ်ပြောင်းလဲသွား၏။ ထောင်ပေါင်းများစွာသော လူအားလုံးတို့ကလည်း ဆိုးရွားစွာ သေဆုံးကြသည်။

..........

အပြင်ဘက်မှ စောင့်ကြည့်နေသည့် မရေတွက်နိုင်သည့် လူများ၊ ရှမ့်လန်၏ စစ်တပ်ဖြစ်စေ၊ ထျန်းနန်ပြည်ထဲမှ အရာရှိများဖြစ်စေ၊ သောင်းနှင့်ချီသည့် ပြည်သူများဖြစ်စေ အားလုံးက ကြောင်အသွားခဲ့၏။ သူတို့က အလုံးစုံ ထိတ်လန့် တုန်လှုပ်သွားခဲ့၏။

ပေါက်ကွဲမှုကြီး ဖြစ်ပွားချိန်မှာတော့ ညကောင်းကင်ယံ တစ်ခုလုံးက လင်းထိန်၏။ မျက်စိတစ်မှိတ်အတွင်း နေ့ခင်းဘက်ကဲ့သို့ လင်းထိန်၏။ မြေပြင်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါ၏။ လောကပေါ်တွင် ဤကဲ့သို့သော လက်နက်မျိုး ရှိနေကြောင်း သူတို့ မယုံကြည်နိုင်သောကြောင့် တုံ့ပြန်နိုင်စွမ်းအားလုံး ပျောက်ဆုံးသွား ခဲ့ခြင်းပင်။

အချိန်တော်ကြာ ပေါက်ကွဲမှု၏ တုန်ခါမှုလှိုင်းများက မီတာ ထောင်ပေါင်းများစွာ အကွာအဝေးထိ ဖြတ်သန်း တိုက်ခိုက်သွား၏။ ပေါက်ကွဲမှုကြီး၏ စွမ်းအင်က ကြီးမားလွန်းလှ၏။ မီတာ ထောင်နှင့်ချီ ဝေးကွာနေ သော်လည်း တုန်ခါမှုလှိုင်းများက ပြင်းထန်နေဆဲပင်။ ပြင်းထန်သည့် လေထုက မျက်နှာပြင်ကို တိုက်ရိုက် ရိုက်ခတ်ပြီး လူကိုမထိခိုက်နိုင်သော်လည်း မြေပြင်ပေါ်သို့ တိုက်ရိုက်လဲကျသည်။

စောင့်ကြည့်နေခဲ့သော လူသောင်းနှင့်ချီ မြေပြင်ပေါ်သို့ လဲကျသွား၏။ ပြန်မထနိုင်ကြတော့ပေ။ သူတို့က မြေကြီးပေါ်တွင် တိုက်ရိုက် ဒူးထောက်လိုက်ကြပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ “အရှင်ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။”

“တော်ဝင်ချန်အင်ပါယာ... သက်တော်ရာကျော် ရှည်ပါစေ။”

တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်း၏။ အရှင်ရှမ့်လန်တွင် ထူးခြားသည့် စွမ်းအင်မျိုး ရှိနေလိမ့်မည်ဟု သူတို့ သိရှိထားပြီးသား ဖြစ်သော်လည်း ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟုတော့ မထင်မှတ်ခဲ့ချေ။

သူတို့၏ အရှင်ရှမ့်လန်ဆီ၌ ဤကဲ့သို့ အဖျက်စွမ်းအား ကြီးမားသော လက်နက်ကြီးများ ရှိနေသည်ဆိုမှတော့ နောင်လာမည့် တိုက်ပွဲများအတွက် သူတို့ ဘာကို ပူပန်စရာ လိုတော့မည်နည်း။

“ဟား ဟား ဟား ဟား... ငါတို့ရဲ့ အရှင်ရှမ့်လန်က ပြိုင်ဘက်ကင်းပဲ။ တော်ဝင်ချန် အင်ပါယာက ပြိုင်ဘက်ကင်းပဲ။” လူပေါင်း သောင်းနှင့်ချီတို့က ရူးသွပ်သွားခဲ့ကြ၏။

ဆူနာမီလှိုင်းလုံးကြီး ကဲ့သို့ပင် အသည်းအသန် အော်ဟစ်ကြွေးကြော်ကြတော့သည်။

……………………….

မိုးလင်းချိန်မှာတော့ ရှမ့်လန်က ကောင်းကင်ပင်လယ်နန်းဆောင်၏ အပျက်အစီးများပေါ်သို့ ရောက်ရှိလာ၏။ ရှေးဟောင်းသံချပ်ကာကို ဝတ်ဆင်ထားသည့် စစ်သည်တော် ၁ သောင်းကျော်သည် သွေးဝိညာဉ်သံချပ်ကာကို ဝတ်ဆင်ထားသည့် အမဲရောင် စစ်သည်အုပ်ပေါင်းများစွာနှင့်အတူ အပျက်အစီးများထဲသို့ ဝင်ရောက်လာ၏။ ကွဲပြားမှုရှိစေရန် ဤသံချပ်ကာများကို ဆေးအသစ်သုတ်ထားခြင်းဖြင့် ကောင်းကင်ပင်လယ်နန်းဆောင်၏ စစ်တပ်ဟု အထင်မမှားစေရန် စီစဉ်ထား၏။

ပေါက်ကွဲမှုက တကယ်ကို စေ့စပ်သေချာ၏။ အဆောက်အဦအားလုံးနီးပါးက အပျက်အစီးများဖြစ်သွား၏။ နေရာတိုင်းက ပြိုကျနေသော နံရံများ ရှိနေ၏။ ပြောင်းဖူးခွာထားသကဲ့သို့ပင်။

စာအုပ်ငှားရန် ဤနေရာသို့ ရောက်ရှိလာခဲ့ဖူးကြောင်း၊ ဤနေရာ၌ ရှိနေသူအချို့နှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့ဖူးကြောင်း ရှမ်လန်က ပြန်လည်အမှတ်ရမိသည်။

“အပျက်အစီးတွေထဲကို သေချာရှာဖွေကြ၊ အနည်းဆုံး ရှေးဟောင်းစွမ်းအင်ဗဟိုချက် တစ်ခုခုနှင့် ရှေးဟောင်း စွမ်းအင်ကိရိယာတွေ အများအပြား ရှိနေရမယ်။ အသက်ရှင်ကျန်ရစ်သူ ရှိနိုင်မလားဆိုတာလည်း ရှာဖွေကြ။”

လူတစ်ဒါဇင်တို့၏ အကာအကွယ်အောက်မှာပင် ရှမ့်လန်က သူ၏ X-Ray အမြင်ကို အသုံးပြုကာ ရှာဖွေရေးတွင် ပါဝင်၏။ ထင်ထားသည့်အတိုင်းပင် ရှေးဟောင်းစွမ်းအင်ဗဟိုချက်နှစ်ခု၊ အကြီးတစ်ခု၊ အသေးတစ်ခု ရှိ၏။ အကြီးတစ်ခုက အချင်း ၃ မီတာကျော်ရှိပြီး အသေးတစ်ခုက အချင်း ၂ မီတာခန့် ရှိ၏။

ထိုအရာများက မြေအောက်အနက်ပိုင်းတွင် မြှုပ်နှံထားပြီး ပြင်းထန်သည့် ပေါက်ကွဲမှုကြီး ဖြစ်သည်တောင်မှ ထိုအရာများ၏ အပြင်ခွံကို မထိခိုက်ခဲ့ချေ။ ထိန်းချုပ်ရေးကိရိယာက လေဖြတ်သလို ရပ်တန့်သွားခဲ့သော်လည်း စွမ်းအင်ဗဟိုချက် တစ်ခုလုံးက အကောင်းပကတိအတိုင်း ဖြစ်နေဆဲပင်။ ယိုစိမ့်မှု သို့မဟုတ် အက်ကွဲမှုစသည့် အန္တရာယ်မျိုး မရှိချေ။

“အရှင် အသက်ရှင်ကျန်ရစ်သူကို တွေ့ပါတယ်။”

မကြာမီ စစ်သည်တော် တစ်ဒါဇင်က ရှမ့်လန်ကို မြေအောက် ဥမင်တစ်ခုစီသို့ ခေါ်ဆောင်သွားသည်။

ပေါက်ကွဲမှုကြောင့် မြေအောက်ဥမင်တစ်ခုလုံးက ပြိုကျနေသဖြင့် အမေဇုန်စစ်သည်များက အင်အားသုံးပြီး ရှင်းလင်းကြ၏။ ထို့အပြင် ဥမင်၏အဆုံး၌ မြေအောက်လျှို့ဝှက်ခန်း၏ ကျောက်တံခါးကို ဖွင့်၍မရချေ။ အဘယ်ကြောင့်ဆိုသော် ကျောက်တုံးကြီးတစ်ခုက ပိတ်နေပြီး အနည်းငယ် ပုံပျက်နေသောကြောင့်ပင်။

မင်းသမီးဒိုအာက ရှေ့ကိုတက်ပြီး ရှေးဟောင်းအိပ်မက်ဆိုးဝိညာဉ်ဓားကို ထုတ်ကာဖြင့် ထူထဲသည့် တံခါးကြီးကို ဖြည်းညှင်းစွာ ထိုးထည့်၏။ အိပ်မက်ဆိုးကျောက်တုံး ဝိညာဉ်ဓားက တကယ်ပင် အစွမ်းထက်၏။ အိပ်မက်ဆိုးကျောက်တုံးမှ အံ့မခန်းအပူချိန်ကို ထုတ်လွှတ်ပြီး ဓားသွားဖြတ်သန်းရာ နေရာတိုင်းတွင် သံတံခါးကြီးက အလွယ်တကူ ကွဲအက်သွား၏။

“ဘုန်း...”

ပြင်းထန်သည့် ကန်ချက်တစ်ခုနှင့်အတူ အချင်း ၁ မီတာရှိသည့် အဝိုင်းပေါက်တစ်ခုက တံခါးပေါ်တွင် ပေါ်လာ၏။ အတွင်းကို လှမ်းကြည့်ချိန်မှာတော့ ကောင်းကင်ပင်လယ်နန်းဆောင်မှ ပညာရှင်များနှင့် မဟာပညာရှင် အများအပြား ပုန်းအောင်းနေသည်ကို တွေ့သည်။

“ထွက်ခဲ့ကြ။”

ရှမ့်လန်က အော်လိုက်၏။ “ကျန်းယွီယင်း ခင်ဗျားရှိလား။”

“ရှိပါတယ်။” တုန်ယင်ပြီး စူးရှသည့် အသံတစ်ခု အတွင်းမှ ထွက်ပေါ်လာ၏။ ပြီးနောက် ကောင်းကင်ပင်လယ် နန်းဆောင်မှ မဟာပညာရှင် ဒါဇင်ပေါင်းများစွာက တုန်တုန်ယင်ယင်ဖြင့် ထွက်လာသည်။

“ရှမ့်လန်.... မင်း ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာကို ခံရလိမ့်မယ်။ ကောင်းကင်ပင်လယ်နန်းဆောင်က လောကတစ်ခုလုံးရဲ့ ဗဟုသုတ နန်းတော်ပဲ။ ရှေးဟောင်းစာအုပ်တွေနဲ့ တန်ဖိုးကြီးစာအုပ်တွေ ဘယ်လောက်တောင် ရှိလဲ။ အားလုံး မင်းကြောင့် ပျက်စီးကုန်ပြီ။ ဒီကအဆောက်အအုံတိုင်းက သက်တမ်းနှစ် ရာနဲ့ချီရှိခဲ့တာ။ အခု မင်းလက်ချက်နဲ့ အကုန်ပျက်စီးကုန်ပြီ။ မင်းမကြာခင် ပြန်ပြီးတော့ ဝဋ်လည်လိမ့်မယ်။ မင်း....”

ဤပညာရှင်အဘိုးအိုက စကားမဆုံးခင်မှာပင် နှစ်ပိုင်းပြတ်သွား၏။ ရှမ့်လန်က ပြုလုပ်ခြင်းမဟုတ်ဘဲ ဘေးတစ်ဖက်ရှိ ဟီလာက လုပ်ခြင်းပင်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “နောက်ထပ် ဆဲဆိုချင်တဲ့လူတွေများ ရှိသေးလား။”

အားလုံးက တိတ်ဆိတ်သွားသည်။

“သူတို့ကို နုရှောင့်မြို့တော်ဆီ ခေါ်ခဲ့လိုက်။”

ရှမ့်လန်က အမိန့်ပေး၏။ “အပျက်အစီးတွေကို စတင်ရှာဖွေကြ။ ရှေးဟောင်းစာအုပ်တွေက ဖျက်ဆီးလို့မရတဲ့ အထူး သလင်းကျောက်တစ်မျိုးနဲ့ လုပ်ထားတာ။ ရှေးခေတ်တုန်းကတောင် မပျက်စီးခဲ့ဘူး။ ဒီလ ပေါက်ကွဲမှုမျိုးကို ခံနိုင်ရည်ရှိတယ်။ အားလုံးရှာပြီး နုရှောင့်မြို့ကို ယူခဲ့ကြ။”

“အမိန့်တော်အတိုင်းပါပဲ။”

အမျိုးသမီး ပညာရှင် ကျန်းယွီယင်းက ထွက်လာ၏။ သူမက အနည်းငယ် ညစ်ပတ်နေပုံရ၏။ ရှမ့်လန်ကို မြင်လိုက်သည်နှင့် သူမက ဆံပင်ကို သပ်တင်၏။ သူမ၏အသက်အရွယ်က တကယ်ကို လျှို့ဝှက်ချက်ပင်။ လွန်ခဲ့သည့် ၆၊ ၇ နှစ်ကတည်းက သူမက ဤရုပ်ရည်မျိုးဖြစ်ပြီး ယခုလည်း အတူတူပင်။ ရှမ့်လန်က သူမကို လက်နက်ချခိုင်းခြင်းမရှိချေ။ ခေါင်းညိတ်ပြပြီး ထွက်ခွာသွားသည်။

ဤအချိန်မှာတော့ အပြင်ဘက်တွင် လူပေါင်းသောင်းချီတို့က အော်ဟစ်နေကြဆဲပင်။

“အရှင် ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။ တော်ဝင်ချန်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ” အားပေးသံများက ဆူနာမီလှိုင်းလုံးကဲ့သို့ပင် ပို၍ ကျယ်လောင်လာ၏။

“အရှင်... သူတို့ကို သွားမတွေ့ဘူးလား။” ရွှယ်ရင်က မေးသည်။

“မတွေ့တာ ပိုကောင်းပါတယ်။”

ရှမ့်လန်က ပြော၏။ “အဝေးက ချစ်ခင်တာ ပိုကောင်းပါတယ်။”

အစမှ အဆုံးထိ ရှမ့်လန်က မရေတွက်နိုင်သည့်လူများရှေ့သို့ ပေါ်မလာခဲ့ချေ။ တစ်ရက်ခန့်သာ နေပြီးနောက် ရေတပ်နှင့်အတူ စစ်နိုင်ပစ္စည်းများကို သယ်ဆယ်ကာ နုရှောင့်မြို့တော်သို့ ပြန်သွားသည်။

ဟုတ်ပေ၏။ ကောင်းကင်ပင်လယ်နန်းဆောင်၏ အပျက်အစီးများက တကယ့်ကို ကြီးမား၏။ မတူးဖော်ရ သေးသည့် ရှေးဟောင်းစာအုပ်များနှင့် ရှေးဟောင်းကိရိယာများစွာ ကျန်ရှိနေသေး၏။ ထိုအရာကို ရှင်းလင်းရန် စစ်တပ်ကို တာဝန်ပေးထားခဲ့၏။

သို့သော်လည်း ရှမ့်လန်ထွက်ခွာချိန်တွင် လူသောင်းချီတို့က မမောနိုင် မပန်းနိုင် အော်ဟစ်နေကြဆဲပင်။

“ဧကရာဇ်... သက်တော်ရာကျော် ရှည်ပါစေ။”

ရှမ့်လန် ထွက်မတွေ့ခဲ့သော်လည်း မရေတွက်နိုင်သည့် လူများ၏ နှလုံးသားထဲတွင် ရှမ့်လန်၏ ပုံရိပ်က ပို၍ လျှို့ဝှက်ဆန်းကျယ်ပြီး မြင့်မြတ်လာ၏။ အရှင်ရှမ့်လန်က တကယ့်ကို အံ့မခန်းပင်။

လွန်ခဲ့သည့် ခြောက်နှစ်၊ ခုနစ်နှစ်ခန့်က အရှင်ရှမ့်လန်ကို သူတို့ မကြာခဏ ထပြီး ဆဲဆိုလေ့ရှိ၏။ ယခု ဤမျှ ကြီးမားသည့် ကိစ္စရပ်များကို ပြုလုပ်ပြီးနောက် တစ်ခါတည်း လှည့်ထွက်သွားခဲ့၏။ ဤသည်က ဧကရာဇ်တစ်ပါး ၏ စစ်မှန်သည့် သူရဲကောင်းဆန်မှုပင်။

ဤလောကကြီးထဲတွင် တရားမျှတမှု ဆိုသည်က မရှိချေ။ တချို့လူများက ဘာလုပ်လုပ် မှန်ကန်ပြီး၊ တချို့လူများကတော့ ဘာလုပ်လုပ် မှားယွင်းနေ၏။

...................

နုရှောင့်မြို့ကို ရောက်ပြီးနောက်မှာတော့ ဤပညာရှင် ဒါဇင်ပေါင်းများစွာတို့ကို ထောင်ထဲတွင် အကျဉ်းချထား၏။ ရှမ့်လန်က ထိုသူတို့ကို လက်နက်ချခိုင်းခြင်း မရှိသလို စကားပြောရန်လည်း အစီအစဉ် မရှိချေ။

သို့သော်ငြား အမျိုးသမီးပညာရှင် ကျန်းယွီယင်းကို ဆင့်ခေါ်၏။ ဤအမျိုးသမီးက ရှမ့်လန်ကို အကြိမ်ကြိမ် ကူညီပေးခဲ့ပြီး နယ်စားကြီးကျင်းကျိုး၏ အသက်ကိုပင် ကယ်တင်ဖူး၏။

“တော်ပြီ။ ဘာမှ ပြောစရာ မလိုတော့ဘူး။ ကျွန်မ လက်နက်ချတယ်။” ရှမ့်လန်ဘာမှမပြောရခင်မှာပင် ကျန်းယွီယင်းက လက်မြှောက်သည်။

“ဟေး... ခင်ဗျားရဲ့ စိတ်ဓာတ်က အရမ်းကို မာကျောတာ မဟုတ်လား။ အခု ဘယ်လိုဖြစ်ပြီး အရမ်း အားနည်းသွားခဲ့တာလဲ။ ကျုပ် ခင်ဗျားကို ညှဉ်းပန်းနှိပ်စက်မှာ မဟုတ်ပါဘူး။”

ကျန်းယွီယင်းက ရေချိုးပြီး အဝတ်အစား လဲထား၏။ သူမက ဆံပင်များကိုပင် ကောက်ထားသေးသည်။ တကယ့်ကို ကြည့်လင်တောက်ပကာ လှပနေ၏။

“တကယ်တော့ ရှင် ဘယ်သူလဲ ဆိုတာကို ပေါ်သွားပြီးတည်းက ကောင်းကင်ပင်လယ်နန်းဆောင်မှာ ကျွန်မရဲ့ နေ့ရက်တွေက အရမ်း ခက်ခဲသွားခဲ့တယ်။”

ကျန်းယွီယင်းက ပြောလိုက်သည်။ “စုံစမ်းစစ်ဆေးမှု ဒါဇင်ပေါင်းများစွာကို ခံရပြီး ကောင်းကင်ပင်လယ် နန်းဆောင်က မှော်ဆရာတွေရဲ့ ဆေးဝါးနဲ့ စစ်ဆေး မေးမြန်းမှုကို ခံရတယ်။ ကံကောင်းလို့ ရှင်နဲ့ ဖောက်ပြန်ခဲ့တာမျိုး မရှိခဲ့ဘူး။ မဟုတ်ရင် ကျွန်မရဲ့ ခန္ဓာကိုယ်က ပုပ်သိုးသွားမှာ။ ပြောရရင် ကျူးဟုန်ရွှဲ့ကို ကျေးဇူးတင်ရမယ်။ ကျွန်မက သူ့ရဲ့ ဆရာမ တစ်နှစ်ဖြစ်ခဲ့ဖူးတော့ သူ ကျွန်မကို ကာကွယ်ပေးခဲ့တယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျားက ကောင်းကင်ပင်လယ်နန်းဆောင်မှာ ပြိုင်ဘက်ကင်းတယ်လို့ ကျုပ် ကြားဖူးပါတယ်။”

ကျန်းယွီယင်းက ပြောသည်။ “ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ စာကြည့်တိုက်က ကောင်းကင်ပင်လယ် နန်းဆောင်နဲ့ မတူပါဘူး။ ကျွန်မတို့က သီအိုရီ သုတေသနတွေကိုပဲ လုပ်ရတာ။ ကြည့်ရတာ မြင့်မြတ်သလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဘာအာဏာမှ မရှိဘူး။ ကိုယ့်ရဲ့ ကံကြမ္မာက သူများရဲ့ လက်ထဲမှာပဲ။”

ရှမ့်လန်က မေး၏။ “တကယ် လက်နက်ချတာလား။”

ကျန်းယွီယင်းက ပြောသည်။ “ဒါပေါ့။ မယုံရင် သက်သေပြလို့ ရတယ်။”

ပြီးနောက် သူမက စကတ်ကို မတင်ရန် ပြင်၏။

ရှမ့်လန်က ကြောင်အသွားသည်။ “ခင်ဗျားနဲ့ ကျန်းချွင်းဟွာက ဆွေမျိုးတွေလား။ နှစ်ယောက်လုံးက တကယ့်ကို ရိုင်းစိုင်းတာပဲ။”

“ဘယ်လိုဖြစ်လို့လဲ။ တော်ဝင်ချန်မင်းဆက်ရဲ့ဧကရာဇ်က ကျွန်မလို မိန်းမကို အထင်သေးတာလား ကျွန်မက အသက်က ၂၉ နှစ်ပဲ ရှိပါသေးတယ်။” ကျန်းယွီယင်းက ပြော၏။

ရှမ့်လန်က ကြောင်အသွားခဲ့၏။ သူ မှတ်မိတာ မမှားလျှင် လွန်ခဲ့သည့် ခြောက်နှစ်၊ ခုနစ်နှစ်တည်းက သူမ၏ အသက်က ၂၉ နှစ်ပင်။

“ကောင်းပြီ။ ရှင် တကယ် သိချင်တာ ဘာလဲဆိုတာ ကျွန်မ သိတယ်။”

ကျန်းယွီယင်းက ပြောလိုက်၏။ “ကျွန်မတို့က အခြေခံ သီအိုရီ သုတေသနတွေကိုပဲ လုပ်တယ်ဆိုတာ ရှင်လည်း သိတာပဲ။ ဒါကြောင့် စာကြည့်တိုက် တစ်ခုလုံးမှာ အခြေခံ သီအိုရီ စာအုပ်တွေနဲ့ သိုင်းပညာကျမ်း စာအုပ်တချို့ပဲ ရှိတယ်။

အင်း... အဲဒီ သိုင်းပညာကျမ်း စာအုပ်ကလည်း ဘယ်လောက်မှ တန်ဖိုးမရှိဘူး ဆိုတာ ရှင်သိပြီးသားပဲ။ ပထမဦးဆုံး ဓားဘုရင် ဓားဘုရင်ချိုးက ကြယ်ကြွေဓားသိုင်းကို ဖော်ထုတ်ဖို့ ၁၀ နှစ်ကျော် အချိန်ယူခဲ့တယ်။ သူက အဲဒါကို ရတနာတစ်ခုလို တန်ဖိုးထားပြီး ဓားဘုရင်ဖြစ်ဖို့ ကောင်းကင်ပင်လယ်နန်းဆောင်က ထွက်ခွာသွားခဲ့တယ်။ အပြင်ဘက်မှာ သူက ဒဏ္ဍာရီလာ သိုင်းသမားတစ်ယောက် ဖြစ်သွားခဲ့ပေမဲ့ ကောင်းကင်ပင်လယ် နန်းဆောင်မှာတော့ ဒါက ဘာမှ မဟုတ်ဘူး။”

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ရှမ့်လန်က မခံစားခဲ့ရပေ။ သို့သော်ငြား ယခုအချိန်မှာတော့ သူ တကယ် ခံစားမိ၏။ သိုင်းပညာကျမ်းစာအုပ်များက ကောင်းကင်ပင်လယ်နန်းဆောင်တွင် တကယ့်ကို ဘာမှ မဟုတ်ချေ။

All Chapters