← Chapters

အခန်း (၁၀၁၅-၁၀၁၆)

Vol. 60 Ch. 1015-1016

အခန်း (၁၀၁၅-၁၀၁၆)

Vol. 60 Ch. 1015-1016

အပိုင်း (၁၀၁၅)

“ကောင်းကင်ဘုံ... နောက်ဆုံးတော့ တွေ့ရပြီပဲ။ ကျုပ်တို့ရဲ့ သခင်၊ အရှေ့တိုင်းက ဧကရာဇ်ကြီး ဘယ်မှာလဲ။” သက်လတ်ပိုင်း မိန်းမဆိုး တာလွန်က အဝေးတွင် ရှိစဉ်တည်းက ကျယ်လောင်သည့် အသံဖြင့် အော်ဟစ်ကာ ပြောဆိုနေသည်။

ပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြော၏။ “အရှင်... အရှင့်ရဲ့ သစ္စာရှိသော ကျေးကျွန် တာလွန်က အရှင်ရှမ့်လန်ကို ဂါရဝပြုပါတယ်။ အရှင်က ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုကြီး နှစ်ခုကို ရရှိခဲ့ပြီး တိုင်းပြည်သုံးခုရဲ့ ဧကရာဇ် ဖြစ်လာပြီလို့ ကြားရပါတယ်။ အရှင်က တကယ့်ကို အံ့ဖွယ်အမှုတွေရဲ့ ကိုယ်ပွားပါပဲ။”

ထို့အပြင် သူက တရုတ်ဘာသာစကားနှင့် ပြောဆိုနေခြင်း ဖြစ်ပြီး သူ၏ အသံထွက်ကလည်း ပြီးပြည့်စုံ၏။ အနောက်တိုင်းတွင်ရှိစဉ်တည်းက တရုတ်ဘာသာစကားကို အနည်းငယ် တတ်ကျွမ်းသော်လည်း အခြေခံအားဖြင့် ဖတ်ရုံသာတတ်ပြီး မပြောတတ်ချေ။ လွန်ခဲ့သည့် တစ်နှစ်အတွင်း သူက ကြိုးစားပမ်းစားနှင့် လေ့လာခဲ့ကြောင်း သိသာသည်။

“ခင်ဗျား အရှေ့တိုင်း ဘာသာစကားကို ပြောတာ အရမ်းတော်နေပြီပဲ။” ရှမ့်လန်က ပြုံးကာ ပြော၏။ ပြီးနောက် တာလွန်၏ လက်မောင်းကို အသာဆွဲကာဖြင့် ထူပေး၏။

မိန်းမဆိုး တာလွန်က ရှမ့်လန်၏ အထိအတွေ့ကို ခံလိုက်ရခြင်းက ကြီးမားသည့် ဂုဏ်ယူစရာကဲ့သို့ပင် ပုံကြီးချဲ့ကာ တုန်ယင်ပြနေသည်။

“ဒါတွေအားလုံးက အရှင့်ရဲ့ ဘုန်းတော်ကြောင့်ပါပဲ။ ကျုပ်က အရှင့်ကို နှလုံးသားထဲမှာ အမြဲတမ်း ထည့်ထားတဲ့အတွက် ကျုပ်ရဲ့ လေ့လာသင်ယူမှုတွေမှာ ကောင်းကင်ဘုံက ကောင်းချီးပေးခဲ့တာ ဖြစ်ပါလိမ့်မယ်။”

တာလွန်က ပြော၏။ “ကျုပ်တင် မဟုတ်ပါဘူး။ နယ်စားကတော်ကြီးကလည်း အရှေ့တိုင်း ဘာသာစကားကို လေ့လာနေပါတယ်။ ကျုပ်... လုံလောက်အောင် မတတ်သေးပါဘူး။ မင်းသားလေး စကားမပြောတတ်ခင် အရှေ့တိုင်းဘာသာစကားပညာရှင်အဆင့်တစ်ယောက် ဖြစ်အောင် ကြိုးစားနေပါတယ်။ ဘာလို့လဲဆိုတော့ ကျုပ်က မင်းသားလေးရဲ့ ပထမဦးဆုံး ဘာသာစကား သင်ပေးတဲ့ဆရာ ဖြစ်ချင်လို့ပါပဲ။ ဒါက ကျုပ်တို့ ရော့ဆို မိသားစုရဲ့ ပထမဦးဆုံး မင်းသားလေးလေ။”

ရှမ့်လန်က မေးသည်။ “ဒီဘိုရာက သားလေးမွေးတာလား။”

တာလွန်က ပြော၏။ “ဟုတ်ပါတယ်။ ဒါက လောကမှာ အလှဆုံး မင်းသားလေးပါပဲ။ သူ့ရဲ့ ဆံပင်တွေက နေရောင်ခြည်တွေလိုပဲ တောက်ပနေတယ်။ အသားအရေက ကျောက်စိမ်းဖြူလိုပဲ။ မျက်လုံးတွေကလည်း ကြယ်တွေလိုပဲ။ ပြီးတော့ အရှင်မင်းကြီးလိုပဲ နက်ရှိုင်းပြီး ပေါ်လွင်တဲ့ မျက်လုံးတွေ ရှိပါတယ်။ မွေးဖွားလာတုန်းကလည်း ကောင်းကင်က အပြာရောင်နှင်းပွင့်တွေ ကျဆင်းလာတယ်။ နေရောင်ခြည်နဲ့ နှင်းပွင့်တွေ အတူယှဉ်တွဲ ရှိနေလို့ ကျုပ်တို့ သူ့ကို ‘နေနဲ့နှင်း မျိုးဆက်’ လို့တောင် ခေါ်ကြပါတယ်။”

ပြီးနောက် တာလွန်က ပုံတူပန်းချီကား တစ်ချပ်ကို ဆက်သ၏။ ထိုအရာက ပုံကြမ်း ပုံစံတစ်ခုဖြင့် ရေးဆွဲထားခြင်းပင်။ ဆေးရောင်စုံ ခြယ်သထားသောကြောင့် ဓာတ်ပုံနှင့်လည်း နီးစပ်၏။ ပန်းချီကားထဲတွင် ဒီဘိုရာက သူမ၏သားလေးကို ပွေ့ချီထား၏။ တကယ့်ကို ချစ်စရာကောင်းသည့် ကလေးလေးဖြစ်ပြီး သွေးနှောခြင်း၏ အားသာချက်အားလုံးကို အပြည့်အဝ ထင်ရှားစွာ ပိုင်ဆိုင်ထားသည်။

“ဒီပန်းချီကားက မင်းသားလေးရဲ့ အလှတရား ဆယ်ပုံတစ်ပုံတောင် မမှီသေးပါဘူး။ ဒါပေမဲ့ တခြားနည်းလမ်း မရှိဘူး။ ဒါ အကောင်းဆုံး ပန်းချီဆရာ ရေးဆွဲထားတဲ့ ပန်းချီကားပါပဲ။”

မိန်းမဆိုး တာလွန်က ပြော၏။ “ဒီပန်းချီကားအတွက် နယ်စားကြီး ဒီဘိုရာက ရွှေပေါင်ချိန် တစ်ရာပေးပြီး အင်ပါယာတစ်ခုလုံးမှာ အတော်ဆုံး ပန်းချီဆရာကို ငှားရမ်းခဲ့ရတာပါ။”

ကလေး၏ နာမည်ကို မေးစရာ မလိုအောင် ဒီဘိုရာက ပြောဖူး၏။ သားလေးမွေးလျှင် ‘လိုကီ’ ဟု နာမည်ပေးမည် ဟုပင်။ ဤသည်က အနောက်တိုင်းတွင် ရှိစဉ်က ကျန်းလီ၏ နာမည် ဖြစ်သည်။

“လိုကီကျန်း ရော့ဆို။”

“ရှီလွန်အင်ပါယာကရော တည်ငြိမ်ရဲ့လား။” ရှမ့်လန်က မေး၏။

“ခြုံငုံကြည့်ရရင်တော့ တည်ငြိမ်ပါသေးတယ်။”

တာလွန်က ပြောသည်။ “ဒုတိယ ဧကရီ ဟယ်လင် ပြန်ရောက်လာပြီးတဲ့နောက်မှာ တောင်ပိုင်းဒေသ တစ်ခုလုံးက စည်းလုံးညီညွတ်သွားတယ်။ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိခဲ့တယ်။ သူတို့ရဲ့ အခွန်ငွေက မြောက်ပိုင်းဒေသ ထက်တောင်မှ များစွာ သာလွန်အောင် ရရှိနေပါတယ်။ မကြာခင်မှာ ကျုပ်တို့ဘက်ခြမ်းက ရှီလွန်အင်ပါယာရဲ့ စစ်မှန်တဲ့ ဗဟိုဌာန တစ်ခု ဖြစ်လာတော့မှာ။ ပြီးတော့ အရှေ့တိုင်း အင်ပါယာနဲ့ ကုန်သွယ်မှု စတင်ပြီးရင် ကျုပ်တို့က ပိုပြီး ကြွယ်ဝ ချမ်းသာလာမှာပါ။”

ထို့နောက် တာလွန်က တစ်ခုခုကို ပြောချင်သော်လည်း တွန့်ဆုတ်နေပုံပင်။

“ပြောပါ။”

ရှမ့်လန်က စကားထောက်ပေးလိုက်၏။ “ဒီဘိုရာက ငါ့ဆီကနေ အမိန့်တော် ဒါမှမဟုတ် ဘွဲ့ထူး တစ်ခုခု လိုချင်နေတာလား။”

မိန်းမဆိုး တာလွန်က မြှောက်ပင့်သည့်လေသံဖြင့် ပြောဆိုသည်။ “အရှင်မင်းကြီးက တကယ့်ကို ဉာဏ်ပညာ ကြီးမားပါတယ်။”

ရှမ့်လန်က တော်ဝင်ချန်ဧကရာဇ်ရာထူးကို အလေးအနက် မထားချေ။ သူ့တွင် အစိုးရအဖွဲ့ပင် မရှိဘဲ အမိန့်တော် ဆိုသည်က ဝေလာဝေးပင်။ ထို့ကြောင့် သူကိုယ်တိုင် ရေးသားရန် မကောင်းပေ။

“သူရောက်နေပြီလား။” ရှမ့်လန်က မေး၏။

“ရောက်နေပါပြီ။”

အပြင်ဘက်၌ ရှိနေသော ကျန်းချွင်းဟွာက ပြော၏။ “သူက အရင်က ကောင်းကင်ဘုံစံအိမ်တော်မှာ ဘုရင်မင်းမြတ်ဟောင်း နင်ယွမ်ရှန်း ကို အဖော်ပြုပေးနေတာပါ။ ဒါပေမဲ့ ကျွန်မတို့ ဒီရက်ပိုင်း အရမ်းကို အလုပ်များနေလို့ သူ့ကို လာကူညီခိုင်းခဲ့တာပါပဲ။”

ရှမ့်လန် ပြောနေသည်က ရွှဲ့ပြည်နယ်၏ ယခင် ဝန်ကြီးချုပ်၊ အိမ်ရှေ့စံမင်းသား၏ ဆရာ ဆော့ရွှမ်ပင် ဖြစ်၏။ ထိုသူက ကျန်းချန်ကျွန်းတိုက်ပွဲတွင် အမြင့်ဆုံး တရားသူကြီး တစ်ဦးလည်း ဖြစ်ခဲ့၏။ ထိုသူက သက်ရှ ိကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုကဲ့သို့ပင်။ သူက ကျူးဟုန်ကျူး ထက်ပင် အသက်ကြီး၏။ ယခုနှစ်တွင် ၈၇ နှစ် ရှိပြီ ဖြစ်သော်လည်း ကျန်းမာရေး ကောင်းမွန်နေဆဲပင်။

ရှမ့်လန်၏ အထောက်အထား ပေါ်ပေါက်လာစဉ်က ထိုသူက ဘာမှ မပြောခဲ့ချေ။ နင်ရှောင် နန်းတက်သည့် အချိန်တွင်လည်း သူက ဘာမှ ကန့်ကွက်ခဲ့ခြင်း မပြုခဲ့ချေ။ သူက ဘေးကင်းအောင် နေတတ်သူ ဖြစ်သော်လည်း သူခိုးတော့ မဖြစ်ချင်ပေ။

ထျန်းရွှဲ့မြို့တိုက်ပွဲတွင် ရှမ့်လန် အနိုင်ရရှိပြီးနောက် သူက ကျန်းချုံးကို သွားတွေ့ပြီး ရှမ့်လန်နှင့် ကျန်းချွင်းဟွာတို့၏ မင်္ဂလာပွဲကို တက်ရောက်ခွင့် ရနိုင်မလားဟု မရေမရာဖြင့် တောင်းဆို၏။ ကျန်းချုံး ကလည်း ရှမ့်လန်ကို ပြောချင်ခဲ့သော်လည်း မင်္ဂလာပွဲက အလွန်သေးငယ်သောကြောင့် ရှမ့်လန်က ဆော့ရွှမ်ကို မဖိတ်ကြားခဲ့ချေ။

ဆော့ရွှမ်က ဖိတ်စာ မရရှိသောကြောင့် အလွန် စိတ်ပျက်ခဲ့သော်လည်း မကြာသေးမီက အသက် ၈၀ ကျော် အရွယ်နှင့် နုရှောင့်မြို့ဆီသို့ပင် တကူးတက လာရောက်၏။ ပထမဦးဆုံး အချက်အားဖြင့် ရှမ့်လန်ကို တွေ့ချင်၍ ဖြစ်ပြီး ဒုတိယအချက်အားဖြင့် သူ၏သခင် နင်ယွမ်ရှန်းကို လွမ်းဆွတ်ခဲ့သောကြောင့်ပင်။

သို့သော်ငြား ရှမ့်လန်က ယခုအချိန်ထိ ထိုသူကို မတွေ့ခဲ့ချေ။ မကျေနပ်၍ မဟုတ်ဘဲ ဆော့ရွှမ်နှင့် အနည်းငယ် ပဋိပက္ခ ဖြစ်ခဲ့သောကြောင့်ပင်။ အနည်းဆုံးတော့ အရေးကြီးသည့် အခြေအနေမျိုးတွင် နင်ရှောင်နှင့် ကျူးမိသားစု တို့ဘက်မှ မရပ်တည်ပေးခဲ့ချေ။

“ကျုပ် ဆော့ရွှမ်... အရှင့်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။” ဆော့ရွှမ်က ရှမ့်လန်ကို စေ့စပ်သေချာစွာ ဦးတိုက်၏။ သူ၏ အသံထဲတွင် စိတ်လှုပ်ရှားမှုနှင့် တုန်ယင်မှု အနည်းငယ်တို့ပင် ပါဝင်နေ၏။

ကျူးဟုန်ကျူးကဲ့သို့ပင် သူက နင်ယွမ်ရှန်း၏ ဆရာဖြစ်ပြီး ကျန်းလီကို မြင်ဖူးသူပင်။ အနည်းဆုံးတော့ သူ၏ နှလုံးသားထဲတွင် ကျန်းလီကို တမ်းတမိ၏။ ထို့အပြင် သူသည် အတွင်းဝန်ရုံးတွင် ရှိစဉ်က လက်ဝဲ ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ထိုအချိန်က လက်ယာဝန်ကြီးချုပ် ကျူးဟုန်ကျူးနှင့် အဆင်မပြေခဲ့ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီတစ်ခါ ခင်ဗျားကို ဖိတ်ခေါ်ရတာက ခင်ဗျားက လက်ရေးလှဆရာ တစ်ယောက် ဖြစ်နေလို့ပဲ။ ကျေးဇူးပြုပြီး အမိန့်တော်တစ်စောင်လောက် မူကြမ်း ရေးပေးပါအုံး။”

ယခင် အိမ်ရှေ့စံ မင်းသား၏ ဆရာဆော့ရွှမ်က ဦးတိုက်ကာ ပြော၏။ “ကောင်းပါပြီ အရှင်။”

ရှမ့်လန်က ပြောသည်။ “အဓိကအချက်ကတော့ ရှီလွန်မင်းဆက်ရဲ့ တောင်ပိုင်း အစောင့်အရှောက် ရော့ဆို မိသားစုရဲ့ နယ်စားကတော်ကြီး ဒီဘိုရာကို တော်ဝင်ချန်မင်းဆက်ရဲ့ ကြင်ရာတော် ‘ပီး’ အဖြစ်... သူ့ရဲ့သားကို တော်ဝင်ချန်မင်းဆက်ရဲ့ ကျောက်စိမ်းမင်းသားအဖြစ် ဘွဲ့ထူးအပ်နှင်းဖို့ပဲ။”

ဆရာဆော့ရွှမ်က မတ်တပ်ထရပ်၏။ ပြီးနောက် စုတ်တံကို ယူကာဖြင့် ခမ်းနားထည်ဝါပြီး လေးနက်သည့် အမိန့်တော် တစ်စောင်ကို ရေးသား၏။ ဧကရာဇ် စံချိန်စံနှုန်းများနှင့် လုံးဝ ကိုက်ညီပြီး လုံးဝကို အထွတ်အထိပ် ပုံစံမျိုးပင်။

ရေးသားပြီးနောက် ရှမ့်လန်က တော်ဝင်ချန် မင်းဆက်၏ တံဆိပ်တုံးကို ထပ်မံ ရိုက်နှိပ်ပေးလိုက်၏။

“ဒီအမိန့်တော်ကို ကျုပ်ဆီမှာ အရင်ထားလိုက်ပါ။ တာလွန်... နုရှောင့်မြို့တော်မှာ ရက်အနည်းငယ်လောက် နေလိုက်ပါအုံး။ လက်ဆောင်တချို့ ပြင်ဆင်ပေးအုံးမယ်။ ပြီးမှ ပြန်ပါ” ရှမ့်လန်က ပြောသည်။

တာလွန်က ဦးတိုက်ကာ ပြော၏။ “ဒါက... ကျုပ်အတွက် အကြီးမားဆုံးသော ဂုဏ်ယူစရာပါပဲ။ ပြီးတော့ ဒီရက်ပိုင်းအတွင်း အရှင့်ကို လုပ်ကျွေးပြုစုခွင့်ရဖို့က ကျုပ်ရဲ့ ပြင်းပြတဲ့ ဆန္ဒတစ်ခုပါပဲ။ နယ်စား ကတော်ကြီးက ဒီအမိန့်တော်ကို မြင်ရင် ပြည်သူတွေကို ဆုချသလောက်တဲ့ အထိကို ပျော်ရွှင်သွားလိမ့်မယ်လို့ ကျုပ် ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်။ ဒါက ရော့ဆို မိသားစုရဲ့ အမြင့်ဆုံး ဂုဏ်ထူးပါပဲ။”

................

လျှို့ဝှက်ခန်းထဲတွင်တော့ ....

ရှမ့်လန်က မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆရာမကြီးကို ဆင့်ခေါ်၏။ သူမက ရှမ့်လန်ကို လုပ်ကြံခဲ့ဖူးပြီးနောက် တောင်းပန်ရန် လာရောက်ခဲ့ပြီးဖြစ်သည်။ လက်ဆောင်များစွာ ပေးအပ်ခဲ့ပြီး မိမိကိုယ်ကိုပင် ဆက်သခဲ့သူ ဖြစ်သည်။

“ဒီကို မလာခင် ကျွန်မ ဘုရင်မကျွန်းကို ဖြတ်ပြီးတော့ ဘုရင်မ အီဒါကို ဝင်တွေ့ခဲ့တယ်။ သူက ရှင့်အတွက် လက်ဆောင်တစ်ခု ပေးလိုက်ပါတယ်။” မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆရာမကြီးက စုတ်တံတစ်ချောင်းကို ကမ်းပေး၏။

ထိုအရာက သန္ဓေသားဆံပင် စုတ်တံမျိုးပင်။ ရှမ့်လန်က စုတ်တံထိပ်ကို ပွတ်သပ်ကြည့်၏။ နူးညံ့သည့် အမွှေးနုလေးများက ချစ်စရာ ကောင်း၏။ ဘုရင်မ အီဒါက ကလေးဆံပင်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပုံပင်။

“အားလုံး မျှော်လင့်ထားတဲ့ အတိုင်းပဲ။ ဘုရင်မအီဒါက မင်းသမီးလေး တစ်ပါးကို မွေးဖွားခဲ့ပါတယ်။ သွေးမျိုးဆက်ပါရမီ အရမ်းမြင့်မားတဲ့ မင်းသမီးလေးပါပဲ။ အမေဇုန်နိုင်ငံတော်မှာ ဆက်ခံသူ ရှိသွားပါပြီ။ ဂုဏ်ယူပါတယ် အရှင်။” မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆရာမကြီးက ပြော၏။

သူမက တာလွန်ကဲ့သို့ ကလေး၏ ပုံပန်းသဏ္ဍာန်ကို အသေအချာ ဖော်ပြလိုခြင်း မရှိဘဲ ကလေး၏ သွေးမျိုးဆက်ကိုသာလျှင် အလေးပေး ပြောကြားခဲ့သည်။

“ကလေးရဲ့ နာမည်က အယ်လန်ရှမ့် ပါ။”

မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆရာမကြီးက ပြော၏။ “အရမ်းကိုလှပတဲ့ မင်းသမီးလေးပါပဲ။ ဝမ်းနည်းစရာကတော့ ကျွန်မဆီမှာ ပုံတူပန်းချီကား မရှိပါဘူး။ ဒါပေမဲ့ ဒီအံ့အားသင့်စရာကို ရှင်ကိုယ်တိုင် ရှာဖွေကြည့်ဖို့ အချိန်ချန်ထားသင့်တယ်လို့ ထင်ပါတယ်။”

ရှမ့်လန်က ပြောသည်။ “နတ်ဆရာမကြီး... ခင်ဗျား ဒီတစ်ခါ အရှေ့တိုင်းကို လာတာက သန္ဓေသားဆံပင် စုတ်တံလေး လာပေးရုံ သက်သက်တော့ မဟုတ်လောက်ပါဘူး။ ကျုပ်အတွက် အရမ်းကို တန်ဖိုးရှိပေမဲ့ ဒါက ခင်ဗျားအတွက် သိပ်ပြီး တန်ဖိုး မရှိဘူး။”

မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆရာမကြီးက ပြော၏။ “ကျွန်မ ကိစ္စနှစ်ခုနဲ့ လာခဲ့တာပါပဲ။ ပထမတစ်ခုက...”

ပြောရင်းနှင့်ပင် သူမက နတ်ဆရာမ ဝတ်ရုံနီကြီးကို ချွတ်၏။ နှင်းကဲ့သို့ ဖြူဝင်းသည့် ခန္ဓာကိုယ်က ပေါ်လာ၏။ ပြီးနောက် သူမက ဝတ်ရုံကို ကုလားထိုင်ပေါ် ခင်းကာ ရှမ့်လန်ကို မေးသည်။ “ရမလား။”

ရှမ့်လန်က ခဏတာ ရပ်တန့်သွား၏။ ပြီးနောက် ခေါင်းညိတ်လိုက်၏။

“ဒါက အဝတ်အစားမပါဘဲ အရှင်နှင့် သီးသန့် စကားပြောတာ ပထမဦးဆုံး အကြိမ်မဟုတ်တော့ နောက်ပိုင်းတွေ့ဆုံတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့။”

မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆရာမကြီးက ပြောသည်။ “ဒါနဲ့ ကျွန်မနာမည်က ရှယ်လီ ပါပဲ။”

ရှမ့်လန်က ပြော၏။ “ခင်ဗျား ဘာလို့ ဒီကို ရောက်လာတာလဲ ပြောပါအုံး။”

မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆရာမကြီးက ပြောသည်။ “ပထမဦးဆုံး အနေနဲ့ အရှင့်ရဲ့ အင်ပါယာက ကြီးမားတဲ့ အောင်ပွဲကြီး နှစ်ခုကို ရရှိခဲ့တဲ့အတွက် ဂုဏ်ပြုပေးချင်ပါတယ်။ တော်ဝင်ချန်အင်ပါယာ ပြန်လည် ပေါ်ပေါက် လာခဲ့တဲ့အတွက်လည်း ဝမ်းမြောက်ပါတယ်။

ဒီတစ်ခေါက် ကျွန်မ ဒီကို လာခဲ့တဲ့အချိန်မှာ ရှင်က အရှေ့တိုင်းရဲ့ အထွတ်အထိပ် ဧကရာဇ် ဖြစ်နေပါစေလို့ မျှော်လင့်ခဲ့တယ်။ မီးနတ်ဘုရားဂိုဏ်းရဲ့ အမြင့်ဆုံး ဂိုဏ်းချုပ်ကိုယ်စား ရှင့်ကို အလေးအနက်နဲ့ ဂါရဝပြုပါတယ်။ ပြီးတော့ တော်ဝင်ချန်မင်းဆက်နဲ့ တရားဝင် သံတမန်ဆက်ဆံရေးကို ထူထောင်ဖို့လည်း မျှော်လင့်ပါတယ်။”

ပြီးနောက် နတ်ဆရာမ ရှယ်လီက အမိန့်တော် တစ်စောင်ကို ကမ်းပေး၏။ ဤသည်က မီးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် ရေးသားထားသော သံတမန် ဆက်ဆံရေး စာလွှာပင်။

ရှမ့်လန်က တွေဝေခြင်း မရှိဘဲ ချက်ချင်း လက်ခံ၏။ ပြီးနောက် သူက ပြော၏။ “ခင်ဗျားပြန်တဲ့အချိန် ဒီသံတမန် ဆက်ဆံရေး စာလွှာကို ကျုပ် မူကြမ်း ရေးပေးပြီး မီးနတ်ဘုရားဂိုဏ်းဆီကို သံတမန် တစ်ယောက် စေလွှတ်ပေးပါ့မယ်။”

နတ်ဆရာမကြီး ရှယ်လီက ပြောသည်။ “ဒါဆိုရင် ကျွန်မတို့ရဲ့ ကြီးမြတ်တဲ့ ချစ်ကြည်ရေးကို ဒီအချိန်မှာ အရင်ဆုံး ဂုဏ်ပြုပါရစေ။”

“ဒုတိယ ကိစ္စက”

နတ်ဆရာမ ရှယ်လီက ပြော၏။ “အရှင်ရှမ့်လန်... ကောင်းကင်ပေါ်က ကြယ်တံခွန်တွေကို သတိထားမိလား။”

ရှမ့်လန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒါပေါ့။ အရမ်းကို လှတဲ့ ကြယ်တံခွန်တွေပဲ။ ပြီးတော့ မကြာခင်ကပဲ ပြိုကွဲသွားခဲ့တယ်လေ။”

နတ်ဆရာမ ရှယ်လီက ပြော၏။ “တကယ်တော့ ဒီကြယ်တံခွန်က ၁၁၉ နှစ်မှာ တစ်ကြိမ် ပေါ်လာတတ်တယ်။ ကျွန်မတို့ရဲ့ ပထမဦးဆုံး ဂိုဏ်းချုပ်က ဒီကြယ်တံခွန်ကြောင့် မီးနတ်ဘုရားရဲ့ ကောင်းကင်တာအိုကို နားလည် သဘောပေါက်ခဲ့တယ်။ မီးနတ်ဘုရားဂိုဏ်းကို ထူထောင်နိုင်ခဲ့တယ်။ ဒါကြောင့် ဒီကြယ်တံခွန်က မီးနတ်ဘုရား ဂိုဏ်းမှာ မြင့်မြတ်တဲ့ အဆင့်အတန်း ရှိပါတယ်။ ကျွန်မတို့က ဒါကို မီးနဂါး ကြယ်တံခွန် လို့လည်း ခေါ်တယ်။”

ရှမ့်လန်က ကြောင်အသွား၏။ ဤအရာက ကြယ်တံခွန်ပိုင်ဆိုင်မှုကို ကြေညာသည့် နောက်ထပ် နည်းလမ်း တစ်မျိုးပေလား။ မီးနတ်ဘုရားဂိုဏ်းက ထိုကြယ်တံခွန်ကို ပိုင်ဆိုင်သည်ဟု ဆိုနေခြင်းလား။

နတ်ဆရာမ ရှယ်လီက ပြောသည်။ “ကျွန်မတို့ မီးနတ်ဘုရားဂိုဏ်းရဲ့ အမှတ်တံဆိပ်ကို ပြန်စဉ်းစားကြည့်ပါ။ မီးနဂါးရဲ့ မျက်လုံးက ကြယ်တံခွန် ပုံစံပဲ မဟုတ်လား။”

ရှမ့်လန်က ခဏတာ ပြန်လည် စဉ်းစားကြည့်၏။ တကယ်ပင် ထိုသို့ ဖြစ်နေကြောင်းကို တွေ့ရလိမ့်မည်။

နတ်ဆရာမကြီး ရှယ်လီက ပြော၏။ “ပြီးတော့ လုံးဝ လျှို့ဝှက်ချက် တစ်ခု ရှိပါတယ်။ ကြယ်တံခွန်က ကျွန်မတို့ဂြိုဟ်နဲ့ နီးကပ်လာတိုင်း သူက ပြိုကွဲပြီး ဥက္ကာပျံမိုးတွေ ရွာချတတ်တယ်။ ကျွန်မတို့ ကမ္ဘာကို ဝင်တိုက်တတ်တယ်။

ဟုတ်တယ်။ ဒါက ပျက်စီးခြင်းကို ယူဆောင်လာပေမဲ့ ရတနာတွေ ပိုများပါတယ်။ ကြယ်တံခွန်က ကျွန်မတို့နဲ့ အနီးဆုံး ရောက်နေတဲ့ ပြီးခဲ့တဲ့ အကြိမ်တုန်းက ပြိုကွဲသွားခဲ့ပြီး အနောက်တိုင်းကို ဝင်တိုက်ခဲ့တယ်။ အဲဒီအတွက် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ အများကြီးကို ယူဆောင်လာခဲ့ပေးတယ်။ တကယ်တော့ မီးနတ်ဘုရားဂိုဏ်း ရဲ့ အင်အားစု အများစုက ဒီကြယ်တံခွန် ပြိုကွဲမှုကနေ ရရှိခဲ့တာပဲ။”

ရှမ့်လန်က အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ နတ်ဆရာမ ရှယ်လီက ပြော၏။ “ဒီကြယ်တံခွန်က လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာက ပထမဦးဆုံး ပေါ်လာခဲ့တာပါ။ တကယ်တော့ အနောက်တိုင်းမှာ ဒဏ္ဍာရီ တစ်ခု ရှိတယ်။ ကြယ်တံခွန် ပေါ်လာတဲ့အချိန်တိုင်း နဂါးဆင်းသက်ခြင်းကို ကိုယ်စားပြုတယ်တဲ့။”

ရှမ့်လန်က လန့်ဖျပ်သွား၏။ နဂါးဆင်းသက်ခြင်းလား။ ဤအရာက ရယ်စရာ ကောင်းလွန်း၏။ Game of Throne ဇာတ်လမ်းဟု ထင်နေသည်လား။

ရှယ်လီက ပြောသည်။ “ဟုတ်တယ်။ နဂါးဆိုတာ အဓိပ္ပာယ် အရမ်း ကျယ်ပြန့်တယ်။ ဥပမာ အရှင်က နဂါး နောင်တကို သုံးပြီး အပြင်းထန်ဆုံး၊ အကြမ်းတမ်းဆုံး ရန်သူကို ဖျက်ဆီးခဲ့တယ်လို့ ကျွန်မ ကြားတယ်။ အတိုင်းအတာတစ်ခုထိ ဒါကလည်း နဂါးပုံစံ ပါပဲ။”

သူမ ဘာကို ဆိုလိုသည်ကို ရှမ့်လန်က နားလည်၏။ နဂါးများက အရှေ့တိုင်းတွင် အမြင့်မြတ်ဆုံးသော အမှတ်တံဆိပ် ဖြစ်၏။ သူတို့က နတ်ဘုရားများလိုပင်။ သို့သော်ငြား အနောက်တိုင်းမှာတော့ နဂါး ဆိုသည်က ခွန်အားနှင့် ဖျက်ဆီးခြင်းကိုသာ ဆိုလို၏။

နတ်ဆရာမ ရှယ်လီက ပြောသည်။ “ဒီကြယ်တံခွန်ကို ကျွန်မတို့ နတ်ဘုရားဂိုဏ်းမှာ ‘မီးနတ်ဘုရားရဲ့ မျက်လုံး’ လို့ ခေါ်ကြတယ်။ ဒါကြောင့် ကျွန်မတို့က သူ့ကို နှစ်ပေါင်း ရာနဲ့ချီ လေ့လာခဲ့ကြတယ်။ ဒီတစ်ခါ သူ ထပ်မံ ပြိုကွဲသွားခဲ့ပြီ။ နောက်ထပ် ဥက္ကာပျံမိုးတွေ ရွာချအုံးမှာပဲ။ ဒါပေမဲ့ ဒီတစ်ခါကတော့ အရှေ့တိုင်းကို ဝင်တိုက်မှာပေါ့။”

...

အပိုင်း (၁၀၁၆)

“ကျွန်မတို့ သေသေချာချာ တွက်ချက်ထားတယ်။ သူက ကျွန်မတို့ ဂြိုဟ်နဲ့ အနီးဆုံးကို ရောက်တဲ့အချိန်မှာ ဂြိုဟ်ရဲ့ ဆွဲငင်အားက သူ့ရဲ့ အစိတ်အပိုင်း တစ်ခုကို ဆွဲဖဲ့လိုက်လိမ့်မယ်။ နောက်ထပ် ၂၉ ရက် ကြာရင် သူက ကျွန်မတို့ ဂြိုဟ်ကို ဖြတ်သန်းသွားလိမ့်မယ်။ ဒီတစ်ခါ အရမ်း နီးကပ်လိမ့်မယ်။”

နတ်ဆရာမ ရှယ်လီက ပြောသည်။ “ဆိုလိုတာက ဒီတစ်ခါ သူက ကြီးမားတဲ့ ကောင်းကင် ခန္ဓာကိုယ်ကြီး တစ်ခုအနေနဲ့ ကွဲထွက်သွားပြီး ဂြိုဟ်နဲ့ ဝင်တိုက်မှာပဲ။ အဲအချိန်ကျရင် အရမ်း လှပတဲ့ ဥက္ကာပျံ မိုးရွာချမှုကို မြင်ရမှာပေါ့။ ဟုတ်တယ်။ ဒါက ဖျက်ဆီးခြင်း ဘေးအန္တရာယ်ကိုလည်း ယူဆောင်လာအုံးမှာပေါ့။ သူ့ရဲ့ သက်ရောက်မှုက ရှင့်ရဲ့ နဂါးနောင်တထက် မလျော့နည်းလောက်ဘူး။”

ရှမ့်လန်၏ နှလုံးသားများက တုန်ယင်သွားပြီး သူက မျက်လုံးကို မှိတ်ကာဖြင့် ကြယ်တံခွန်၏ လမ်းကြောင်းကို စတင် တွက်ချက်မိ၏။ သူက နောက်ဆုံး ကျရောက်လာမည့် နေရာကို တွက်ချက်ချင်သော်လည်း သတင်း အချက်အလက်က လုံလုံလောက်လောက် မရှိသေးချေ။

နောက်တစ်စက္ကန့်မှာပဲ နတ်ဆရာမ ရှယ်လီက သူ့အား အသေးစိတ် အစီရင်ခံစာ တစ်ခုကို ပေး၏။ ကြယ်တံခွန်၏ ကာလ၊ အမြန်နှုန်းနှင့် ကျရောက်လာနိုင်မည့် နေရာတို့ ပါဝင်၏။

“မီးနတ်ဘုရားဂိုဏ်းရဲ့ တွက်ချက်မှုအရ ဒီတစ်ခါ ဒီနေရာကို ဝင်တိုက်လိမ့်မယ်။”

နတ်ဆရာမ ရှယ်လီက မြေပုံပေါ်တွင် ရှိနေသည့် တိကျသည့် နေရာတစ်ခုကို လက်ညှိုးညွှန်ကာ ပြလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “မီးနတ်ဘုရားဂိုဏ်းရဲ့ အရှေ့တိုင်းလောကမြေပုံက အရမ်းကို အသေးစိတ်ကျပြီး တိကျနေတာကိုး။”

နတ်ဆရာမကြီး ရှယ်လီက ပြောသည်။ “ကျွန်မကို ယုံပါ။ မီးနတ်ဘုရားဂိုဏ်းဆီမှာ အရှေ့တိုင်းလောကအတွက် မကောင်းတဲ့ ရည်ရွယ်ချက်မျိုး မရှိပါဘူး။ ပြီးတော့ ရှင်က ကျွန်မတို့ထက် အများကြီးပိုပြီး သန်မာပါတယ်။”

ရှမ့်လန်က သေချာကြည့်ရှုလိုက်၏။ ကျရောက်လာသည့်နေရာက ချောင်ပြည်နယ်၏ အနောက်ဘက် နယ်စပ် ဖြစ်နေကြောင်း သိရှိရသည်။ ကြီးမားသည့် သဲကန္တာရကြီးတစ်ခု ဖြစ်ပြီး ချောင်ပြည်နယ်နှင့် အနောက်ဘက်နိုင်ငံတို့ကြား သဘာဝ အတားအဆီးတစ်ခု ဖြစ်၏။ ရှမ့်လန်၏ နှလုံးသားများက တုန်ခါသွား၏။

“ဒီတစ်ခါ သက်ရောက်မှုက အရမ်းကို ပြင်းထန်လိမ့်မယ်။ ကျုပ်ရဲ့ နဂါးနောင်တထက် မလျော့နည်းဘူးဆိုတာ သေချာလား။”

နတ်ဆရာမကြီး ရှယ်လီက ပြောလိုက်သည်။ “နဂါးနောင်တရဲ့ စွမ်းအားအကြောင်းကို ကျွန်မ မသိဘူး။ ဒါပေမဲ့ ရှင့်ကို ဖုံးကွယ်မထားတော့ဘူး။ နဂါးနောင်တက မိုင်ဒါဇင်နဲ့ချီတဲ့ ရေတပ်တွေကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါကြောင့် ဒီသက်ရောက်မှုက နဂါးနောင်တထက် အားနည်းလိမ့်မယ်လို့တော့ ထင်တယ်။

ဟုတ်တယ်။ ဒါက အရေးကြီးတဲ့ အချက်တော့ မဟုတ်သေးဘူး။ အရေးကြီးတာက ဒီဥက္ကာပျံ မိုးရွာချမှုက တန်ဖိုးရှိတဲ့ ပစ္စည်းတွေအများကြီးကို ယူဆောင်လာပေးမှာပဲ။ ကမ္ဘာလောကအပြင်က အရာဝတ္ထုတွေမျိုးပေါ့။ ဒါက ကြီးမားတဲ့ ရတနာကြီး တစ်ခုပဲ။

မီးနတ်ဘုရားဂိုဏ်းက ကိုယ်တိုင် သိမ်းပိုက်ချင်တယ် ဆိုပေမဲ့ ကျွန်မက သက်ဆိုင်ရာ မြေပုံတွေကို စစ်ဆေး ကြည့်လိုက်တော့ ဒီဒေသက ချောင်ပြည်နယ်ပိုင်နက် ဖြစ်နေတာကို တွေ့ရတယ်။ ချောင်ပြည်နယ်က တော်ဝင်ချန်မင်းဆက်ရဲ့ လက်အောက်ခံနိုင်ငံလေ။ ဒါကြောင့် ဒီတစ်ခါ ကြယ်တံခွန် ကွဲထွက်လာတဲ့ အပိုင်းအစက ရှင့်ရဲ့ နယ်မြေထဲကို ဝင်တိုက်မှာပဲ။

ရှင်နဲ့ မီးနတ်ဘုရားဂိုဏ်းတို့ ပူးပေါင်းပြီးတော့ ဒီလောကအပြင်ဘက်မှာ ရှိနေတဲ့ အရာဝတ္ထုတွေကို တူးဖော်ဖို့ အတွက် တောင်းဆိုချင်တယ်။ ကျွန်မတို့က တစ်ဝက်စီ ခွဲချင်တယ် ဆိုပေမဲ့ ဒါက ရှင့်နယ်မြေ ဖြစ်နေတော့ မီးနတ်ဘုရားဂိုဏ်းက ၄၀၊ ရှင်က ၆၀ ရာခိုင်နှုန်းကို ယူပါ။”

ရှမ့်လန်က နှလုံးသားထဲတွင် ရှိနေသည့် စိတ်လှုပ်ရှားမှုများကို မနည်းပင် ထိန်းချုပ်လိုက်ရ၏။ အကယ်၍ ထိုအရာအားလုံးကသာ မှန်ကန်ခဲ့သည်ဆိုပါက ကောင်းကင်ဘုံက ပေးအပ်သည့် ဆုလာဘ်ပင်။ ငြိမ်းချမ်းရေး သဘောတူညီမှုနှင့် ကောင်းကင်ပင်လယ်နန်းဆောင် ရွှဲ့ပြည်နယ်က ထွက်ခွာသွားခြင်းက ပြီးပြည့်စုံသည့်အရာ ဟု သူ ထင်မှတ်ခဲ့သည်။ ပို၍ ပြီးပြည့်စုံသည့် အရာမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

ချောင်ပြည်နယ်ကို တိုက်ခိုက်လာမည့် တော်ဝင်ရန်မင်းဆက်၏ ပင်မအင်အားစုက အနောက်တိုင်း စစ်သည်များပင်။ အနည်းဆုံး စစ်သည်သိန်းနှင့်ချီ ရှိ၏။ ရှမ့်လန်၏ နဂါးနောင်တက ကုန်ဆုံးသွားခဲ့ပြီး ဒုတိယစွမ်းအင် ဗဟိုချက်ကို ထပ်မံထုတ်ယူ၍ မရတော့ပေ။ ထို့အပြင် သူ့၏ စွမ်းအင်ကလည်း တစ်ရာခိုင်နှုန်း အောက်ပင် လျော့နည်းသွားခဲ့သည်။

အကယ်၍ ဥက္ကာပျံ မိုးရွာချမှုက ချောင်ပြည်နယ်၏ အနောက်ဘက် နယ်စပ်ရှိ သဲကန္တာရထဲကို တကယ်ပင် ပြုတ်ကျလာမည် ဆိုပါက နောက်ထပ် လောကပျက်ကိန်းတစ်ခု ဖြစ်ပေါ်လာမှာပင်။

ထိုအချိန်သို့ ရောက်ရှိသည်ဆိုလျှင် ရှမ့်လန်ဆီ၌ နဂါးနောင်တ တစ်ခုတည်း ရှိသည်ဟု မည်သူက ပြောရဲတော့မည်နည်း။ ဤ မဟာဗျူဟာမြောက် ဟန့်တားမှုက အတိုင်းအတာထက် ပိုလွန်သွားပေလိမ့်မည်။

‘ကောင်းကင်ဘုံ... ခင်ဗျား... ကျုပ် ရှမ့်လန်ကို တကယ်ပဲ ကြင်နာနေတာလား။ ကျုပ် ရှမ့်လန်က ကောင်းကင်ဘုံရဲ့ ကြင်နာသနားမှုကို ခံယူရတဲ့လူလား။’

“အရှင်မင်းကြီး... ဒါက ကျွန်မတို့ရဲ့ အကြီးမားဆုံးသော ရိုးသားမှုကို ထုတ်ဖော်ပြသတာပါပဲ။”

နတ်ဆရာမကြီး ရှယ်လီက ပြော၏။ “ဒါက မီးနတ်ဘုရားဂိုဏ်းက ရှင့်ကိုပေးတဲ့ ချစ်ကြည်ရေး သဘောတူညီမှုလည်း ဖြစ်ပါတယ်။ ရှင်က အထွတ်အထိပ်နေရာမှာ ရှိနေတဲ့ လူသားဧကရာဇ် တစ်ယောက်ပါပဲ။ ကျွန်မတို့ရဲ့ ဘုရင်နဲ့ အတူတူ လေးစားခံသင့်တဲ့ လူမျိုး။ ဒါကြောင့် ကျွန်မတို့ အချင်းချင်း တွက်ကပ်မနေသင့်ဘူးလေ။ ဟုတ်တယ်မလား။ တကယ်လို့ ရှင် ပိုလိုချင်တယ် ဆိုရင် ကျွန်မရဲ့ ခန္ဓာကိုယ်ကလွဲပြီး မီးနတ်ဘုရားဂိုဏ်းက ရှင့်ကို ဘာမှ ပေးနိုင်မှာ မဟုတ်တော့ပါဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “သဘောတူပါတယ် မိန်းကလေး ရှယ်လီ။ ဪ ဟုတ်သားပဲ။ ခင်ဗျား နာမည်ကို တစ်ကြိမ်ထက်မက ကြားဖူးခဲ့သလိုပဲ။”

နတ်ဆရာမ ရှယ်လီက ကျောက်စိမ်းကဲ့သို့သော လက်ကို အသာဆန့်ထုတ်ကာဖြင့် ရှမ့်လန်နှင့် လက်ဆွဲ နှုတ်ဆက်၏။ “ဟုတ်ပါတယ် အရှင်... အနောက်တိုင်းမှာ နာမည်က အနည်းငယ်ပဲ ရှိတာလေ။ နာမည်တူတဲ့ လူတွေ အရမ်းကို များပါတယ်။”

ပြီးနောက် နတ်ဆရာမကြီး ရှယ်လီက ပြောလိုက်သည်။ “ရှင် ပူးပေါင်းဖို့ သဘောတူလိုက်ပြီဆိုတော့ ကျွန်မ ခေါ်လာတဲ့ မီးနတ်ဘုရား စစ်သည် ရာဂဏန်းကို ရှင့်ကို လွှဲပေးပါမယ်။ အချိန် သိပ်မရှိတော့ဘူး။ ကျွန်မတို့ မြန်မြန် လှုပ်ရှားဖို့ လိုလိမ့်မယ်။ ချောင်ပြည်နယ် စစ်တပ်ကို စေလွှတ်ပြီး အဲဒီဒေသကို လုံးဝ ပိတ်ဆို့ ထားလိုက်ပါ။ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးပါနဲ့။ ပြီးရင် ဥက္ကာပျံ မိုးရွာကျလာမယ့် အချိန်ကို တိတ်တဆိတ်နဲ့ စောင့်ဆိုင်းနေကြရအောင်။”

ပြီးနောက် ရှမ့်လန်က ရုတ်တရက် ပြောဆို၏။ “ဒီဥက္ကာပျံက လောကကို ပထမဦးဆုံး ဝင်တိုက်တာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်တုန်းကလား။”

နတ်ဆရာမကြီး ရှယ်လီက ပြော၏။ “ဟုတ်ပါတယ် အရှင်။ တစ်ခုခုများ သိထားတာမျိုး ရှိလို့လား။”

ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်သည်။ “မရှိပါဘူး။”

နတ်ဆရာမ ရှယ်လီက ပြော၏။ “မီးနတ်ဘုရားဂိုဏ်းရဲ့ နိမိတ်ဖတ်ချက်တွေထဲမှာ ဒီဥက္ကာပျံက နောက်ထပ် နှစ်တစ်ထောင်လောက်ကြာရင် သေဆုံးပျောက်ကွယ်သွားလိမ့်မယ်တဲ့။ သူ့ရဲ့ သေဆုံးခြင်းက ‘နဂါးနိုးထခြင်း’ ကို ဆိုလိုတယ်။”

“ဒါကြောင့် ကျွန်မ နုရှောင့်မြို့တော်ကို ရောက်လာပြီး ရှင် နဂါးနောင်တကို ဖောက်ခွဲလိုက်တယ်လို့ ကြားလိုက်တော့ သက်ပြင်းချလိုက်မိတယ်။ ဒါက အရူးတစ်ယောက်ရဲ့ ကယောင်ကတမ်း ပြောစကားတွေ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီပေါက်ကွဲမှုကြီးကို နဂါးနိုးထခြင်းလို့ ခေါ်နေလို့ပဲ။ ပြီးတော့ တိုက်ဆိုင်မှုလို့ ကျွန်မ မထင်ဘူး။ ဒါက တကယ်ပဲ ဥက္ကာပျံရဲ့ နောက်ဆုံးဝင်တိုက်ခြင်းလည်း ဖြစ်မယ်ဆိုရင် ကျွန်မတို့ အကြီးအကျယ် ရိတ်သိမ်းရမယ့် အခြေအနေကို ရောက်လာခဲ့ပြီ။ ကျွန်မကတော့ ဒီလိုပဲ ခံစားချက် ရှိပါတယ် အရှင်။”

နတ်ဆရာမကြီး ရှယ်လီက ပြောလိုက်သည်။ “ရှင် နဂါးနောင်တကို ဖောက်ခွဲလိုက်တော့ နဂါးနိုးထခြင်းက ရှင့်ကိုရည်ညွှန်းတာပဲ ဖြစ်ပါစေလို့ ကျွန်မ မျှော်လင့်မိတယ်။ ဒါကြောင့်ပဲ ဥက္ကာပျံက ယူဆောင်လာတဲ့ ရတနာတွေ အားလုံးကို ကျွန်မတို့ မယူရဲတာပါ။”

ရှမ့်လန်က စိတ်လှုပ်ရှားစွာဖြင့် ပြောမိ၏။ “ရက်နည်းနည်းလောက် စောင့်အုံး။ ကျုပ် တွက်ကြည့်လိုက်အုံးမယ်။ အားလုံးသာ မှန်ကန်နေတယ်ဆိုရင် ကျုပ်တို့ ချောင်ပြည်နယ်ရဲ့ အနောက်ဘက်နယ်စပ်ကို သွားပြီး ဥက္ကာပျံ မိုးရွာချတာကို စောင့်ကြတာပေါ့။”

.............

နန်းဆောင်သခင် ဤမျှ ပြတ်သားလိမ့်မည်ဟု ရှမ့်လန်က မထင်မှတ်ခဲ့ချေ။ ရှမ့်လန်နှင့် အပစ်ခတ် ရပ်စဲရေး စာချုပ် လက်မှတ်ထိုးပြီးနောက် သူ နုရှောင့်မြို့တော်မှ တိတ်တဆိတ် ထွက်ခွာ မသွားခဲ့ချေ။ ထိုအစား သူက ကောင်းကင်ပင်လယ်နန်းဆောင်၏ကိုယ်စား လောကကြီးတစ်ခုလုံးကို ကြေညာခဲ့သည်။

သူက တခြားသော သဘာဝလွန် အဖွဲ့အစည်း ငါးခုနှင့် လောကပေါ်ရှိနိုင်ငံအားလုံးထံ စာပို့ခဲ့၏။ အကြောင်းအရာက ရိုးရှင်း၏။ ကောင်းကင်ပင်လယ်နန်းဆောင်နှင့် ရှမ့်လန်က တိုက်ခိုက်မှုကို လုံးဝ ရပ်စဲလိုက်ပြီ။ သူတို့အချင်းချင်း မည်သည့် တာဝန်ယူမှုကိုမှ ပြုလုပ်တော့မည် မဟုတ်ချေ။ ထို့နောက်မှ စ၍ ကောင်းကင်ပင်လယ်နန်းဆောင်က ရွှဲ့ပြည်နယ်မှ ဆုတ်ခွာသွားပေလိမ့်မည်။

ဤတစ်ကြိမ် အကျိုးသက်ရောက်မှုက အရမ်းကို ပြင်းထန်လွန်း၏။ လူတစ်ယောက်၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်လိုက်သကဲ့သို့ပင်။ မူလက ရှမ့်လန်သည် ဤမျှ ကြီးမားသည့် အောင်ပွဲအကြောင်းကို ကြွားလုံးထုတ်ဖို့ လူလွှတ်ချင်သော်လည်း ဤသို့လုပ်ရန် လုံးဝ မလိုအပ်တော့ပေ။

နန်းဆောင်သခင်ကျိုးရှီက သူ့အစား လုပ်ပေးခဲ့သည်။ အကျိုးသက်ရောက်မှုကလည်း သူ ကိုယ်တိုင် သွားရောက် ကြွားဝါသည်ထက်ပင် အဆတစ်ရာ ပိုမိုကာ ကောင်းမွန်နေ၏။ တကယ့်ကို ငြိမ်သက်နေသည့် ပင်လယ်ထဲသို့ ကြီးမားသည့် တောင်ကြီးတစ်လုံး ပြုတ်ကျသွားသကဲ့သို့ပင်။ လှိုင်းတံပိုးများကို ထန်စေခဲ့ပြီး လောကကြီး တစ်ခုလုံးကို လှုပ်ခတ်၏။

နင်ကျန်းက နန်းဆောင်သခင်ကျိုးရှီ၏ စာကို ပထမဦးဆုံး လက်ခံရရှိသူပင်။ ဖတ်ပြီးသည့်နောက်မှာတော့ သူက လုံးဝ ကြောင်အသွားခဲ့၏။ အရှင်ရှမ့်လန်က တကယ်ပင် လုပ်နိုင်ခဲ့၏။ ကောင်းကင်ပင်လယ် နန်းဆောင်ကို တကယ်ပင် အနိုင်ယူနိုင်ခဲ့၏။ ထို့အပြင် ဤမျှ သေသေချာချာ အနိုင်ယူနိုင်ခဲ့သည်လား။ ကောင်းကင်ပင်လယ်နန်းဆောင်က လုံးဝကို အရှုံးပေးလိုက်ပြီး ရွှဲ့ပြည်နယ်မှ လုံးဝ ဆုတ်ခွာသွား ခဲ့ကြောင်း ကျိုးရှီ ကိုယ်တိုင် လောကတစ်ခုလုံးကို ကြေညာလိုက်ချေလေပြီ။

“ကောင်းကင်ဘုံ... အရှင်ရှမ့်လန်က နောက်ထပ် အံ့ဖွယ်ရာ တစ်ခုကို ဖန်တီးလိုက်ပြန်ပြီ။” နင်ကျန်းက စိတ်လှုပ်ရှားလွန်းသဖြင့် ခန္ဓာကိုယ်ပင် တုန်ယင်နေမိ၏။ အသက်ရှူရ ခက်ခဲနေသည်ဟုလည်း ခံစားမိ၏။ နန်းဆောင်သခင် ကျိုးရှီ၏ စာကို ကိုင်ထားသော သူ၏လက်များက မရပ်မနားပင် တုန်ယင်နေ၏။ ပါကင်ဆန် ရောဂါ ရနေသကဲ့သို့ပင်။

ဤမြင်ကွင်းကို မြင်ချိန်မှာတော့ နန်းတွင်းရှိ မရေတွက်နိုင်သော အရာရှိများက အသက်ကို အောင့်ထားမိ၏။ သူတို့က မထိတ်လန့်ဘဲ မနေနိုင်ကြချေ။ သူတို့က ဘုရင်နင်ကျန်းကို စိုက်ကြည့်နေကြပြီး ရင်ထဲတွင်လည်း ထိတ်ခနဲ ဖြစ်၏။

ဘာဖြစ်သနည်း။ ဘုရင်မင်းမြတ်၏ မျက်နှာထားက ဘာကြောင့် ဤမျှ ထူးဆန်းနေရသနည်း။ ဘုရင်မင်းမြတ်က မြေပြိုလျှင်တောင် မတုန်လှုပ်သည့် လူတစ်ယောက်ပင်။ ယခု ဘုရင်မင်းမြတ်၏ မျက်နှာပေါ်က အမူအရာများက ဘာကိုတုံ့ပြန်နေရသနည်း။ ဝမ်းနည်းစရာ သတင်း တစ်ခုခုများ ရှိနေသည်လား။ အရှင်ရှမ့်လန်က ရှုံးနိမ့်သွားခဲ့သည်လား။ တော်ဝင်ချန်မင်းဆက်က ပြိုလဲသွားခဲ့ပြန်ပြီလား။ ‘မဖြစ်ပါစေနဲ့။ ကျေးဇူးပြုပြီး မဖြစ်ပါစေနဲ့။’

အရှင်ရှမ့်လန်သာ ရှုံးသွားသည် ဆိုပါက ရွှဲ့ပြည်နယ်ကတော့ လုံးဝ အဆုံးသတ်ပြီ ဖြစ်၏။ ဝူပြည်နယ်နှင့် ချောင်ပြည်နယ် တို့ကလည်း ပျက်စီးသွားပေလိမ့်မည်။

နင်ချီ၊ နင်ကန်၊ ကျန်းချုံးနှင့် တခြားသော သူများ အားလုံးက စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှူပင်မဝ ဖြစ်လာ၏။ သတင်းဆိုး မဖြစ်ပါစေရန် သူတို့က မျှော်လင့်နေမိသည်။

ဘုရင်နင်ကျန်းက အရှေ့ဘက်ဆီသို့ ဒူးထောက်ထိုင်ကာဖြင့် တုန်ယင်နေသည့် အသံဖြင့် ပြော၏။ “အရှင်ရှမ့်လန် နိုင်ခဲ့ပြီ။ ပြီးပြည့်စုံတဲ့ အောင်ပွဲပဲ။ နန်းဆောင်သခင် ကျိုးရှီက အရှုံးပေးလိုက်ပြီ။ ကောင်းကင်ပင်လယ်နန်းဆောင်က ရွှဲ့ပြည်နယ်ထဲကနေ လုံးဝ ဆုတ်ခွာသွားခဲ့ပြီ။ အရှင်ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ။ တော်ဝင်ချန်မင်းဆက် သက်တော်ရာကျော် ရှည်ပါစေ။”

ဤလောကကြီးထဲတွင် ရှမ့်လန်ကို အယုံကြည်ဆုံးသူ ရှိသည်ဆိုပါက ထိုသူက နင်ကျန်းပင် ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူက ရှမ့်လန်၏ အံ့ဖွယ်ရာများကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ရ သောကြောင့်ပင်။ ရှမ့်လန်ကို ယုံကြည်ရန် သူ့၏ အသက်ကိုပင် စွန့်လွှတ်ခဲ့ဖူး၏။ သို့ကြောင့် သူက ဖိအားအများဆုံးကို ခံခဲ့ရသူလည်း ဖြစ်သည်။

ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင်၏ ဘုရင်များအနက် ဝူဘုရင်နှင့်ချောင်ဘုရင်တို့က အရာအားလုံးကို လွှတ်ချခဲ့ပြီး သေသည်အထိထိ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြ၏။ ကြောက်စရာ ဘာရှိဦးမည်နည်း။ နင်ကျန်းတစ်ဦး တည်းကသာ မျှော်လင့်ချက် ပြည့်ဝနေသော်လည်း အဆိုးရွားဆုံးသော အခြေအနေတို့အတွက် ကြိုတင် ပြင်ဆင်ထားရသူပင်။

သူက ရွှဲ့ပြည်နယ်၏ တပ်ဖွဲ့အားလုံးကို ပြင်ဆင်ခဲ့ပြီး ထက်ဝက်နီးပါးကို ဝူနှင့် ချောင်ပြည်နယ်များသို့ စစ်ကူပေးပို့ခဲ့၏။ အကယ်၍ ရှမ့်လန်သာ ရှုံးနိမ့်ခဲ့သည် ဆိုပါက သုံးပြည်ထောင်လုံးက ပျက်စီးသွား ပေလိမ့်မည်။ ယခု နောက်ဆုံးမှာတော့ အောင်ပွဲရ သတင်းက ရောက်ရှိလာခဲ့၏။

..................

တကယ်တော့ ရှမ့်လန်က နဂါးနောင်တနှင့် နင်ဟန်၏ ရေတပ်ကို ဖျက်ဆီးပြီး သိပ်မကြာခင်မှာပဲ နင်ကျန်းဆီ သတင်းပေးပို့ ရောက်ရှိခဲ့ပြီးသားပင်။ သို့သော်ငြား နင်ကျန်းက ထိုသတင်းကို ထုတ်ပြန်ဖို့ မဝံ့ရဲခဲ့ချေ။ ထို့နောက် ရှမ့်လန်က ထျန်းနန်ပြည်နယ်တွင်ရှိနေသည့် ကောင်းကင်ပင်လယ်နန်းဆောင်၏ အဆောက်အအုံများ အားလုံးကို ဖျက်ဆီးပစ်ခဲ့၏။

နင်ကျန်းက မကြာခင် ထိုအကြောင်းအရာကို သိရှိလိုက်ရသည် ဆိုသော်လည်း ထုတ်ပြန်ဖို့ မဝံ့ရဲသေးချေ။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးက အတည်မဖြစ်သေးသောကြောင့်ပင်။

ကောင်းကင်ပင်လယ် နန်းဆောင်က ဤမျှ ကြီးမားသည့် ဆုံးရှုံးမှုကို ခံစားခဲ့ရပြီးနောက် လက်စားချေဖို့ သေချာပေါက် ကြိုးစားလိမ့်မည်ဟု မည်သူမဆို တွေးမိမှ သေချာသည်။

အောင်ပွဲသတင်းကို စောစီးစွာ ကြေညာလိုက်ပြီးမှ ကောင်းကင်ပင်လယ်နန်းဆောင်နှင့် တိုက်ပွဲအခြေအနေက ပြောင်းပြန်အဖြစ်သို့ ပြောင်းလဲသွားမည် ဆိုပါက မည်သို့လုပ်မည်နည်း။ ထို့ကြောင့် ရှမ့်လန် တိုက်ပွဲ နှစ်ပွဲကို ဆက်တိုက် အနိုင်ရခဲ့သည် ဆိုသော်လည်း နင်ကျန်းက ပို၍ စိတ်လှုပ်ရှားနေခဲ့၏။ ညဘက်တွင် အိပ်ပင် မပျော်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ပင်လယ်နန်းဆောင်က တကယ့်ကို အစွမ်းထက်လွန်း သောကြောင့်ပင်။

နင်ဟန် ရှုံးနိမ့်သွားသည် ဆိုပါက ကျိုးရှီ ကိုယ်တိုင် ထွက်လာရပေတော့မည်။ ဘုရင်တစ်ပါး အနေနှင့် နင်ကျန်းက ကျိုးရှီ ငြိမ်းချမ်းရေးသဘောတူညီမှုကို တောင်းဆိုလာနိုင်ကြောင်း တွေးမိသော်လည်း ထိုအရာက အကျိုးရှီးပွား ရှုထောင့်မှသာ ကြည့်ရှုခဲ့ခြင်း ဖြစ်၏။ ကျိုးရှီက လောက၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်၏။

ဤမျှ နာကျင်ဖွယ် ရှုံးနိမ့်မှုကို ကြုံတွေ့ရပြီးနောက် လက်စားချေလိုသည်က ယုတ္တိတန်၏။ နန်းဆောင်သခင် ကျိုးရှီ ကိုယ်တိုင် ထွက်လာပါက ရှမ့်လန် မည်သို့ ခုခံနိုင်မည်ဆိုသည်ကို နင်ကျန်းက စဉ်းစား၍ပင် မရချေ။

ယခု နောက်ဆုံးမှာတော့ အရာအားလုံးက ပြီးပြတ်သွားခဲ့ပြီ ဖြစ်၏။ သတင်းကောင်းကြီး တစ်ခုက ရောက်ရှိ လာခဲ့သည်။

ထိုအချိန်မှာပဲ မိန်းမစိုးကြီး လီအန်း၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာ၏။ “အရှင်မင်းကြီး... သတင်းကောင်းပါပဲ။ နုရှောင့်မြို့တော်က သတင်းရောက်လာပါပြီ။”

လီအန်းက ပြေးဝင်လာခဲ့ပြီးနောက် ဒူးထောက်ကာဖြင့် ဦးတိုက်သည်။ “လွန်ခဲ့တဲ့ လဝက်က ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ပင်မရေတပ် စစ်သင်္ဘောတစ်ထောင်နီးပါးတို့နဲ့ လျှို့ဝှက်တပ်ဖွဲ့ တစ်သိန်းနီးပါးက နုရှောင့်မြို့တော်ကို လာတိုက်ပါတယ်။ သူတို့အားလုံးက အရှင်ရှမ့်လန်ရဲ့ လက်ချက်နဲ့ အားလုံး ချေမှုန်းခံလိုက်ရပါပြီ။ လောကကြီးထဲက ပျောက်ကွယ်သွားခဲ့ပါပြီ။

လွန်ခဲ့တဲ့ ၇ ရက်က အရှင်ရှမ့်လန်က ကောင်းကင်ပင်လယ်နန်းဆောင်ကို မိုင်တစ်ရာအကွာဝေးကနေ မဟာဗျူဟာမြောက် လက်နက်ကြီးနဲ့ ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ အဆောက်အအုံတွေ အကုန်လုံးကို ကမ္ဘာလောကထဲကနေ သုတ်သင်ရှင်းလင်းပစ်လိုက်ပါပြီ။

လွန်ခဲ့တဲ့ ၄ ရက်က ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့သခင် ကျိုးရှီ ကိုယ်တိုင် နုရှောင့်မြို့တော်ကို သွားပြီး အရှင်ရှမ့်လန်နှင့် ငြိမ်းချမ်းရေး တောင်းဆိုခဲ့တယ်။ ရွှဲ့ပြည်နယ်ကနေ ခြွင်းချက်မရှိ ဆုတ်ခွာသွားခဲ့ပါပြီ။ အဲဒီအဆင့်ထိ အရှင်ရှမ့်လန်က ပြီးပြည့်စုံတဲ့ အောင်ပွဲကို ရရှိသွားခဲ့ပါပြီ။”

ထိုစကားကို ကြားချိန်မှာတော့ ရွှဲ့ပြည်နယ်၏ နန်းတွင်းတစ်ခုလုံးက ဆူညံသွား၏။ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ပင်။ သူတို့ မယုံကြည်နိုင်သလို ဖြစ်နေ၏။ အရှင်ရှမ့်လန်က စွမ်းဆောင်နိုင်မှန်း သူတို့ သိသည် ဆိုသော်လည်း ဤမျှထိ စွမ်းဆောင်နိုင်လိမ့်မည်ဟုတော့ မထင်မှတ်ခဲ့ချေ။ ထိုအရာက လုံးဝ စိတ်ကူးယဉ် တွေးကြည့်၍ ရသည့်အရာမျိုး မဟုတ်ချေ။

“ရှင်းရှင်းလင်းလင်း ကြားလိုက်ရဲ့လား။ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ စစ်သည်တစ်သိန်းပါသော ရေတပ်ဆိုတာကို”

နားထောင်လိုက်ရုံနှင့် ကြက်သီးထစေ၏။ ထိုအရာအားလုံးကို ချက်ချင်းပဲ ချေမှုန်းပစ်လိုက်သည်လား။ တကယ်တော့ ၈ သောင်းလောက်သာ ရှိ၏။ သို့သော်ငြား စစ်ပွဲအစီရင်ခံစာတိုင်းကတော့ ပုံကြီးချဲ့သည် ချည်းပင်။ အရှင်ရှမ့်လန်ကလည်း ခြွင်းချက် မဟုတ်ချေ။ အနီးစပ်ဆုံး ယူလျှင် တစ်သိန်းပြည့်သွားသည် မဟုတ်ပါလား။

ထို့အပြင် ကျိုးရှီက သူ၏ ဂုဏ်သိက္ခာကို ဂရုမစိုက်ဘူးဟု ပြောထားမှတော့ ရှမ့်လန် ကြွားလုံးထုတ်သည်ကို အပြစ်ယူမှာ မဟုတ်ချေ။

ကောင်းကင်ပင်လယ်နန်းဆောင်၏ သွေးဝိညာဉ်တပ်တော်က မည်မျှ သန်မာ သနည်း။ အားလုံးက ကောင်းကောင်း သိကြ၏။

အရင်တစ်ခေါက်က သွေးဝိညာဉ်တပ်သား နှစ်သောင်းဆိုသည်က အခြေခံအကျဆုံး အမျိုးအစားပင်။ ထိုလူများကပင်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် သန်မာခဲ့၏။ ဤတစ်ကြိမ် ကောင်းကင် ပင်လယ်နန်းဆောင်က ပင်မတပ်ဖွဲ့ တစ်သိန်းကို စေလွှတ်ခဲ့၏။ ထိုအရာက လူတွေကို မျှော်လင့်ချက် မဲ့စေသည့် အင်အားမျိုးပင်။

အရှင်ရှမ့်လန်က အနိုင်ရရုံတင်မက အားလုံးကို လက်စတုန်း သတ်ဖြတ်ခဲ့သည်။

ထိုတင်သာ မကသေးပြန်ချေ။ ကောင်းကင်ပင်လယ်နန်းဆောင်၏ အဆောက်အအုံများကိုပါ အမြစ်ဖြတ် သုတ်သင်ခဲ့၏။ တော်ဝင်ချန်အင်ပါယာ၏ အစွမ်းကို သူတို့က တကယ့်ကို အကန့်အသတ် မရှိသလို ခံစားမိ၏။

All Chapters