← Chapters

အခန်း (၁၀၂၁-၁၀၂၂)

Vol. 60 Ch. 1021-1022

အခန်း (၁၀၂၁-၁၀၂၂)

Vol. 60 Ch. 1021-1022

အပိုင်း (၁၀၂၁)

ချောင်ဘုရင်မှနေ၍ အောက်ခြေစစ်သည်အားလုံးတို့သည်လည်း နောက်မဆုတ်ဘဲ သေသည်အထိ တိုက်ခိုက် ကြ၏။ မဟာပညာရှင် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့က ချောင်ဘုရင်ထံ အလိုအလျောက် ရောက်ရှိပြီး အသက်ပေး ကာကွယ်နေကြ၏။

တင်းယွမ်မြို့၏ ကာကွယ်ရေးစည်းကို ဖောက်ဖျက်၍ မရနိုင်ချေ။ ချောင်ပြည်နယ် စစ်တပ်က သန်မာ၏၊ ချောင်ဘုရင်ကလည်း သန်မာသည်။

ထို့ကြောင့် ကျင်းနိုင်ငံ၏ စစ်တပ်က ရက်အနည်းငယ်ကြာ တိုက်ခိုက်မှုကို ရပ်တန့်ရ၏။ ပြီးနောက် မြောက်ပိုင်းပြည်နယ်များထဲမှ စစ်တပ်က တောင်ဘက်သို့ ဆက်လက်ချီတက်လာပြီး အနောက်ဘက် လမ်းကြောင်း စစ်တပ်နှင့် ပူးပေါင်း၏။

ကောင်းကင်ပြစ်ဒဏ်နန်းဆောင်နှင့် တုံ့ကျန်းဘုရားကျောင်းတို့မှ လျှို့ဝှက်စစ်သည် သောင်းနှင့်ချီကာ စစ်မြေပြင်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသား၏ အနောက်ဘက် စစ်သည်များက အင်အားကြီးမားသည့် စစ်ကူများကို ရရှိခဲ့သောကြောင့် သူတို့၏ စိတ်ဓာတ်များက ပြန်လည် တက်ကြွလာခဲ့၏။ ချောင်ပြည်နယ်၏ တင်းယွမ်မြို့ကို ရူးသွပ်မတတ် တိုက်ခိုက်သည်။

ချက်ချင်းပဲ ချောင်ပြည်နယ်က အန္တရာယ်ရှိသော အခြေအနေဆီသို့ ရောက်ရှိသွား၏။ တင်းယွမ်မြို့ ကျဆုံးသွားသည်နှင့် ချောင်ပြည်နယ်က အတားအဆီး သို့မဟုတ် စစ်တပ်ဟူ၍ ရှိတော့မည် မဟုတ်ချေ။

ကျင်းနိုင်ငံ၏ အနောက်ဘက်လမ်းကြောင်း စစ်တပ်က ချောင်ပြည်နယ်နယ်စပ်သို့ ဒီရေလွှမ်းမိုးသကဲ့သို့ ဝင်ရောက်လာခဲ့ပြီး တစ်လ၊ နှစ်လအတွင်း ချောင်ပြည်နယ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မည်။ သို့မဟုတ် တင်းယွမ်မြို့ ကျဆုံးသွားသည်နှင့် ချောင်ဘုရင် သေချာပေါက် သေဆုံးမည်ဟု ဆိုနိုင်၏။ ရှမ့်လန်အတွက် မဟာဗျူဟာမြောက် ရှုံးနိမ့်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက အရှေ့ဘက်သို့ လှမ်းကြည့်ရင်း အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏၊ “ရှမ့်လန်... တင်းယွမ်မြို့က မကြာခင် ပျက်စီးတော့မယ်။ မင်းရဲ့ အံ့ဩဖွယ်ရာ ကိစ္စရပ်က ဘယ်မှာလဲ။ တော်ဝင်ချန်မင်းဆက်ရဲ့နယ်မြေကို ကျူးကျော်တာနဲ့ ငါတို့ကို အမြစ်ပြတ်သုတ်သင်မယ်လို့ ပြောခဲ့တယ်။ အခု မင်း ဘယ်မှာလဲ။ ချောင်ဘုရင် စစ်ပွဲမှာ သေဆုံးပြီး ချောင်ပြည်နယ် ကျဆုံးမယ့်အချိန်ကို စောင့်နေလိုက်။ ကျင်းနိုင်ငံက မင်းရဲ့ မျက်နှာကို ဖြတ်ရိုက်ပြမယ်။”

ပြီးနောက် ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက အော်ဟစ်လိုက်သည်၊ “စစ်တပ်တွေ စုစည်းကြ... ဒီနေ့ ချောင်ပြည်နယ်ရဲ့ စစ်တပ်ကို အမြစ်ပြတ်သုတ်သင်ပြီး တင်းယွမ်မြို့ကို မြေလှန်ပစ်မယ်။”

နောက်ဆုံးတိုက်ပွဲကြီးက ပေါက်ကွဲထွက်လာခဲ့ပြီဖြစ်၏။ ဤအချိန်မှာတော့ ရှမ့်လန်က လူရာဂဏန်းကို ဦးဆောင်ပြီး တင်းယွမ်မြို့ဆီသို့ မိုးကြိုးလျှပ်စီးကဲ့သို့ပင် လျင်မြန်စွာ ချီတက်လာနေ၏။

ချောင်ဘုရင်က တကယ်ကို ရဲရင့်ပြီး ချောင်ပြည်နယ်၏ စစ်တပ်ကလည်း ထိုနည်းလည်းကောင်းပင်။ ချောင်ပြည်နယ်မှ ဓားသမားများနှင့် ဓားပြများကပင်လျှင် သွေးများဆူကြွကာ တက်ကြွလျက် ရှိနေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က တိုက်ပွဲတွင် ချောင်ပြည်နယ်၏ စစ်သည်များက ကြီးမားသည့် ဆုံးရှုံးမှုများကို ခံစားခဲ့ရ၏။ ပုံမှန်အခြေအနေဆိုလျှင် စစ်တပ်က ပြိုကွဲသွားလောက်ပြီ ဖြစ်၏။ သို့သော်ငြား သူတို့က ဆုတ်ခွာစရာ မရှိတော့ကြောင်း ချောင်ပြည်နယ်၏ စစ်တပ်က ကောင်းကောင်းသိ၏။

သူတို့၏ နောက်ကျောတွင် သူတို့၏အိမ်၊ မိဘ၊ ဇနီးနှင့် ကလေးများ ရှိနေ၏။ ထို့အပြင် ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသား ဦးဆောင်သော အနောက်ဘက်စစ်တပ်ထဲတွင် အနောက်မြောက်ဘက်မှ လူရိုင်း အများအပြား ပါဝင်၏။ ထိုလူများက ခြေသလုံးအိမ်တိုင် နေထိုင်ရာမှ စိုက်ပျိုးရေး လုပ်ကိုင်သူများအဖြစ် ပြောင်းလဲခဲ့ကြသူများဖြစ်ပြီး ယခုမှ ပြောင်းလဲကာစသာ ရှိသေးသည်။

သူတို့၏ ခန္ဓာကိုယ်များက ရိုင်းစိုင်းကြမ်းတမ်းလွန်းလှချေ၏။ အကယ်၍ သူတို့ကိုသာ ချောင်ပြည်နယ်ထဲသို့ ဝင်ရောက်ခွင့်ပြုလိုက်လျှင် ဘာဖြစ်လာမည်နည်း။ သူတို့က မီးရှို့သတ်ဖြတ် လုယက်ကြပေလိမ့်မည်။ အပြစ်ကင်းစင်သည့် မိန်းမပျို ဘယ်နှစ်ယောက်က အညစ်နွမ်းခံရမည်နည်း။ သူတို့၏ ဇနီးသည်များက ရန်သူ စစ်သည်ဘယ်နှစ်ယောက်လောက်၏ အဓမ္မပြုကျင့်ခြင်းကို ခံရမည်နည်း။

ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင်စစ်ပွဲသာဆိုလျှင် ပြည်သူများ ဒုက္ခရောက်မည်ကို စိုးရိမ်စရာမလိုအပ်ချေ။ နှစ်ပေါင်းရာနှင့်ချီ တိုက်ခိုက်ခဲ့ပြီးနောက် ဝူပြည်နယ်၏ နယ်မြေက မနက်ဖြန်တွင် ရွှဲ့ပြည်နယ်၏ နယ်မြေ ဖြစ်လာနိုင်၏။ ဤနယ်မြေပေါ်ရှိ လူများကလည်း ရွှဲ့ပြည်နယ်သားများ ဖြစ်လာနိုင်၏။

သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ကျင်းမင်းဆက်က အင်ပါယာ၏အမိန့်ဖြင့် ချောင်ပြည်နယ်ကို တိုက်ခိုက်ခြင်းပင်။ အကယ်၍ သူတို့က နယ်မြေတစ်လက်မမျှ ရရှိမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် မည်သို့အကျိုးအမြတ် ရရှိမည်နည်း။ သေချာပေါက် လုယက်ကြပေလိမ့်မည်။

တိတိလင်းလင်း မပြောသော်လည်း တော်ဝင်ရန်မြို့တော်၏ ရည်ရွယ်ချက်က ရှင်လင်း၏။ ချောင်ပြည်နယ်ကို သိမ်းပိုက်ပြီးနောက် နယ်မြေကို တော်ဝင်ရန်အင်ပါယာ ပိုင်ဆိုင်သွားမည်။ သို့သော်လည်း သူတို့က ကြိုက်သလောက် လုယက်နိုင်၏၊ ကြိုက်သလောက် ဖမ်းဆီးနိုင်၏။ ကြိုက်သလောက် သတ်ဖြတ်နိုင်၏။ ထိုအရာအားလုံးက ဝင်ရောက်တိုက်ခိုက်သူများ၏ စွမ်းရည်ပေါ်တွင်သာ မူတည်သည်။

ထို့ကြောင့် တင်းယွမ်မြို့ ကျဆုံးသွားသည်ဆိုပါက ချောင်ပြည်နယ်၏ သန်းပေါင်းများစွာသော ပြည်သူများက ကပ်ဘေးနှင့် ကြုံတွေ့ရပေလိမ့်မည်။ ထို့ကြောင့် ချောင်ပြည်နယ်စစ်တပ်က ဆုတ်ခွာရန် ငြင်းဆန်ခဲ့ခြင်းပင်။ ထို့အပြင် ချောင်ပြည်နယ်အတွင်းရှိ ဓားသမားများ၊ သိုင်းပညာရှင်များနှင့် ဓားပြများကပင်လျှင် ချောင်ဘုရင်ကို ကူညီရန် တင်းယွမ်မြို့ဆီသို့ အပြေးအလွှား ရောက်ရှိလာ၏။

ထိုစဉ်က ရှမ့်လန်က ချောင်ပြည်နယ်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့၏။ သို့သော်ငြား ချောင်ပြည်နယ်ကို အနိုင်ရရန် မဖြစ်နိုင်ချေ။ ကပ်ရောဂါကို ကုသပေးခဲ့ပြီး ချောင်ဘုရင်ကို ကယ်တင်ခဲ့သောကြောင့်သာ နှစ်ဖက်ကြား ရန်ငြိုးပြေပျောက်သွားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ချောင်ပြည်နယ်၏စစ်တပ် မည်မျှ ရဲရင့်စေကာမူ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်နှင့် တုံ့ကျန်းဘုရားကျောင်း၏ လျှို့ဝှက်စစ်သည်များကို ခုခံ ကာကွယ်နိုင်ခြင်းတော့ မရှိပေ။

ပြီးခဲ့သည့် ထျန်းရွှဲ့မြို့၏ တိုက်ပွဲတွင် တုံ့ကျန်းဘုရားကျောင်းက ရွှဲ့ပြည်နယ်ထဲသို့ ဘုန်းကြီးစစ်သည် တစ်သောင်း ဝင်ရောက်ခွင့်ရရန် ကောင်းကင်ပင်လယ်နန်းဆောင်ကို စည်းရုံး၏။ ကြီးမားသည့် ပေးဆပ်မှုမျိုး ကိုပင် ပြုလုပ်ခဲ့၏။

ယခုတစ်ကြိမ်တွင်တော့ သူတို့က စေလွှတ်နိုင်သည့် တပ်ဖွဲ့အရေအတွက်က အကန့်အသတ် မရှိချေ။ တုံ့ကျန်းဘုရားကျောင်းက တပ်ဖွဲ့ပိုမိုစေလွှတ်လေ အင်ပါယာ၏ ချီးကျူးစကားကို ပိုမိုကာ ရရှိလေပင်။

ရှမ့်လန်က ဆရာတော်ခွန်းကျန့်ကို သတ်ဖြတ်ခဲ့ပြီး တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်တစ်သောင်း ကိုလည်း ချေမှုန်းပစ်ခဲ့၏။ နှစ်ဖက်ကြား ရန်ငြိုးက ပြေလည်အောင် ဖြေရှင်း၍ မရနိုင်တော့ပေ။

ထို့အပြင် သဘာဝလွန်အင်အားစုများ၏ ညီလာခံက ကျင်းပတော့မည်။ ကောင်းကင်ပင်လယ်နန်းဆောင်က အနောက်ဘက်ဒေသရှိ မိုင်တစ်သောင်း သဲကန္တာရဆီသို့ ဆုတ်ခွာသွားခဲ့၏။ စေတီတောင်ကလည်း ပြီးပြည့်စုံလုနီးပါးဖြစ်သောကြောင့် တောင်သခင်ကိုယ်တိုင်ပင် လာတော့မည် မဟုတ်ပေ။

ကျောက်စိမ်းဖြူမြို့တော်က မယုံကြည်နိုင်လောက်အောင် မာနကြီးမားသောကြောင့် ယခုတစ်ကြိမ် သဘာဝလွန် အင်အားစုများ၏ ညီလာခံတွင် တုံ့ကျန်းဘုရားကျောင်း၊ ရှန့်ကုန်းဘုရားကျောင်းနှင့် ကောင်းကင်ပြစ်ဒဏ် နန်းဆောင်တို့ကသာ အဓိကလူများ ဖြစ်လာပေလိမ့်မည်။

ကျောက်စိမ်းဖြူမြို့တော်က သဘာဝလွန် အဖွဲ့အစည်းညီလာခံမှ ခွဲထွက်ပြီးပြီမို့ အရင်းအမြစ်များကို ဂရုမစိုက်ချေ။ စေတီတောင်ကိုပင် ဂရုမစိုက်ချေ။ သို့သော်လည်း တုံ့ကျန်းဘုရားကျောင်းကတော့ တကယ်ကို လိုချင်၏။ တော်ဝင်ရန်နိုင်ငံ၏ မီးတောက်မြို့တော်ကို မျက်နှာလိုမျက်နှာရ လုပ်မှသာလျှင် သူတို့က ဝေစုအများဆုံးကို ရရှိနိုင်မည်။

ကောင်းကင်ပြစ်ဒဏ်နန်းဆောင်က တော်ဝင်နန်းတွင်းမိသားစုနှင့် အရင်းနှီးဆုံးသော ဆက်ဆံရေးမျိုးကို ပိုင်ဆိုင်၏။ သူတို့က ချောင်ပြည်နယ်နှင့် ဝူပြည်နယ်ကို တိုက်ခိုက်ရန် တပ်ဖွဲ့များကို စေလွှတ်ပေလိမ့်မည်။ ယခု ကောင်းကင်ပင်လယ်နန်းဆောင်က စစ်ပွဲမှ လုံးဝဆုတ်ခွာသွားခဲ့ပြီဖြစ်၏။ သူတို့က ရွှဲ့ပြည်နယ်ကို တိုက်ခိုက်ရန်လည်း တပ်ဖွဲ့များကို စေလွှတ်ရပေလိမ့်မည်။

ထို့ကြောင့် ယခုတစ်ကြိမ် အနောက်ပိုင်းစစ်တပ်က ချောင်ပြည်နယ်ကို တိုက်ခိုက်သည့်အချိန်၌ တုံ့ကျန်း ဘုရားကျောင်းက ဘုန်းကြီးစစ်သည်သုံးသောင်းနှင့် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်က နှစ်သောင်း စေလွှတ်ခဲ့ခြင်းပင်။ ဤလျှို့ဝှက်စစ်သည် ငါးသောင်းနှင့်အတူ စစ်ပွဲအခြေအနေကို ပြောင်းလဲသွား ပေလိမ့်မည်။ ၁၅ မီတာမြင့်သော တင်းယွမ်မြို့၏ မြေသားနံရံက သူတို့ကို လုံးဝတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

“ချောင်ဘုရင်ကို သတ်စမ်း။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက အမိန့်ပေးလိုက်သည်နှင့် လျှို့ဝှက်စစ်သည် ငါးသောင်းက ချောင်ဘုရင်ဆီသို့ ဝင်ရောက်သွားခဲ့ကြ၏။

“ဘုန်း... ဘုန်း.. ဘိုင်း...” ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာ၏။ တင်းယွမ်မြို့၏ အပြင်ဘက်ရှိ ကာကွယ်ရေးစည်းများ၊ ခံတပ်များနှင့် ပျက်စီးနေသည့် တံတိုင်းကြီးများက တစ်ခုပြီးတစ်ခု ကျဆုံးကုန်သည်။

တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များ၏ တိုက်ခိုက်နိုင်စွမ်းက အမေဇုန်စစ်သည်များကို ကျော်လွန်၏။ ယင်ယွမ်အဖွဲ့အစည်း၏ သံချပ်ကာနှင့် ပေါင်းစပ်လိုက်ချိန်မှာတော့ ဘုန်းကြီးစစ်သည်များ၏ လက်ထဲတွင် ရှိနေသည့် ဓားရှည်များက နိဗ္ဗာနတပ်တော်ကြီး၏ ဓားများထက်ပင် ပိုမို၍ လေးလံ၏။ သူတို့က လျှပ်စစ်ပန်ကာကဲ့သို့ ချာလပတ်ယမ်းအောင် ဝှေ့ယမ်းပြီး ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်နေ၏။

ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ လျှို့ဝှက်စစ်သည်များက သွေးဝိညာဉ်တပ်တော်နှင့် ဆင်တူ၏။ သို့သော်ငြား သူတို့က ထိုမျှခိုင်မာလှသော သံချပ်ကာမျိုး မရှိသလို ရှေးဟောင်းကိရိယာ လက်နက် အများအပြားလည်း ဝတ်မထားချေ။ မရှိ၍မဟုတ်ဘဲ ချောင်ပြည်နယ်ကို တိုက်ခိုက်ရန် မလိုဟု ယူဆသောကြောင့်လည်း ဖြစ်နိုင်သည်။

ဟုတ်ပေ၏၊ တခြားစိုးရိမ်စရာတစ်ခုလည်း ရှိသေး၏။ အကယ်၍ ရှေးဟောင်းလက်နက်များကို သယ်ဆောင် လာပါက ရှေးဟောင်းစွမ်းရည် ဗဟိုချက်များ သေချာပေါက် ပါရှိပေလိမ့်မည်။ ရှမ့်လန်က လှည့်ကွက်သုံးပြီး ထိုအရာများကို တားဆီးမည် သို့မဟုတ် ဖောက်ခွဲပစ်လိုက်မည်ကို သူတို့ ကြောက်၏။

သို့တိုင်အောင် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ စစ်သည်များက တုံ့ကျန်းဘုရားကျောင်း၏ စစ်သည်များထက် ပိုမိုကာ သန်မာ၏။ လျှို့ဝှက်စစ်တပ် ငါးသောင်း၏ ဝင်ရောက်တိုက်ခိုက်မှုအောက်မှာတော့ ၁၅ မီတာမြင့်သည့် မြေသားနံရံကြီးက အသုံးမဝင်တော့ချေ။ သူတို့က တက်ရန်ပင် မလိုအပ်ချေ။ အကြမ်းနည်းလမ်းကို အသုံးပြုကာဖြင့် ထိုနံရံများကို ဖြိုချ၏၊ တံတိုင်းများဖြင့် ခုတ်ပိုင်းသည်။

ကောင်းကင်မှ ငုံ့ကြည့်မည်ဆိုလျှင် လျှို့ဝှက်စစ်သည် ငါးသောင်းက ခြောက်သွေ့နေသည့် ပန်းပင်များကို နင်းချေပြီး အရာအားလုံးကို ဖြိုခွင်း ဝင်ရောက်လာသကဲ့သို့ပင်။

သူတို့၏ရှေ့ရှိ ချောင်ပြည်နယ်စစ်တပ်က တစ်ယောက်ပြီးတစ်ယောက် ကျဆုံးကုန်၏။ ရှေ့မှ မြေသားနံရံများက တစ်ခုပြီးတစ်ခု ပြိုကျကုန်၏။ ချောင်ဘုရင်ရှေ့မှ ကာကွယ်ရေးစည်းက ပို၍ပို၍ ပါးလွှာလာ၏။ သူက လျှို့ဝှက်တပ် ငါးသောင်းနှင့် ပို၍ နီးကပ်လာ၏။

“အရှင်မင်းကြီးကို ကာကွယ်ပေးကြ၊ အရှင်မင်းကြီးကို ကာကွယ်ပေးကြ။” မရေတွက်နိုင်သည့် ချောင်ပြည်နယ်၏ စစ်သည်များက ဒီရေလှိုင်းများကဲ့သို့ပင် ပြေးဝင်ပြီး ချောင်ဘုရင်ကို ကာကွယ်ပေးကြသည်။

မရေတွက်နိုင်သည့် ချောင်ပြည်နယ်ဆီမှ သိုင်းပညာရှင်အားလုံးတို့ကလည်း ချောင်ဘုရင်ရှိရာသို့ ပြေးဝင်လာခဲ့ပြီး တုံ့ကျန်းဘုရားကျောင်းနှင့် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ လျှို့ဝှက်စစ်တပ်ကို သူတို့၏ အသွေးအသားဖြင့် တားဆီးပေးရန် ပြင်ဆင်၏။

“အရှင်မင်းကြီး... မြန်မြန်ထွက်သွားပါတော့။ မြန်မြန်ထွက်သွားလိုက်ပါ။”

ချောင်ပြည်နယ်၏ စစ်သေနာပတိ တစ်ယောက်က လှမ်းကာ အော်ဟစ်သည်။ “အရှင်မင်းကြီး ဆုတ်ခွာဖို့အတွက် ကျုပ် ကာကွယ်ပေးပါ့မယ်။ အမြန်ထွက်သွားပြီးတော့ မိဖုရားကြီးကို နုရှောင့်မြို့တော်ဆီ ခေါ်သွားပါ။”

ချောင်ဘုရင်က ကျဆုံးသွားခဲ့သည့် စစ်သည်များနှင့် သူရဲကောင်းများကို ကြည့်ရင်း ဖြည်းညင်းစွာ ပြော၏။ “ဒီလူတွေက ဘာလို့ ငါ့အတွက် အသက်ပေးကြတာလဲ။ ငါ ဒီမှာ ရပ်နေလို့ပဲ။ ငါသာ ဆုတ်ခွာသွားမယ်ဆိုရင် သူတို့ကို သစ္စာဖောက်ရာ ရောက်လိမ့်မယ်။ လောကကြီးကို သစ္စာဖောက်ရာ ရောက်လိမ့်မယ်။ ငါက မူလကတည်းက ဒီမှာ သေဖို့အထိ တိုက်ခိုက်ချင်တာ။ အရှင်ရှမ့်လန် ကောင်းကင်ပင်လယ်နန်းဆောင်ကို အနိုင်ယူလိုက်ရတာက ငါ့ကို ကံကောင်းစေတယ်လို့ ခံစားရစေပြီး ဒီကိစ္စကြောင့် သရဲဘောကြောင်သွားစေလို့ မဖြစ်ဘူး။”

ပြီးနောက် ချောင်ဘုရင်က သက်ပြင်းရှည်ကြီးကို ချလိုက်၏။ သူ နင်ချီနှင့် တိုက်ခိုက်ခဲ့သည်ကို ပြန်စဉ်းစားမိ၏။ တကယ်ကို စိတ်ကျေနပ်စရာ ကောင်းခဲ့၏။ ထိုအချိန်တုန်းက သူ၏ သိုင်းပညာက နင်ချီလောက် မကောင်းခဲ့ချေ။ ယခုလည်း မကောင်းသေးတာ ဖြစ်နိုင်သော်လည်း အနည်းငယ်တော့ မှီနိုင်လောက်ပြီ ထင်၏။

အဘယ်ကြောင့် ဆိုသော် နင်ချီက သုံးနှစ်လုံးလုံး လမ်းပျောက်ပြီး စိတ်ဓာတ်ကျခဲ့၏။ သို့သော်လည်း သူ ချောင်ဘုရင်ကတော့ သုံးနှစ်လုံးလုံး ကြီးမားသည့် အမုန်းတရားကို ကျောပိုးထား၏။ ကိုယ်တိုင် မလေ့ကျင့်ဘဲ နေခဲ့သည့် ရက်ဟူ၍ မရှိခဲ့ပေ။

“အားလုံးပဲ။ ကျုပ်နဲ့အတူ တိုက်ခိုက်ပါ။ သေသည်အထိ တိုက်ခိုက်ကြရအောင်။” ချောင်ဘုရင်က စစ်ခမောက်ကို ဆောင်း၏။ သူ ဝတ်ဆင်ထားခဲ့သည့် သံချပ်ကာက အဆင့်မြင့်တင်ထားသည့် သွေးဝိညာဉ်တပ်တော်၏ သံချပ်ကာမျိုးပင်။

ရှမ့်လန်က လူလွှတ်၍ ပေးပို့ထားခြင်းဖြစ်ပြီး ရာဂဏန်းခန့် ရှိ၏။ သူက သူ၏ အတော်ဆုံး ကိုယ်ရံတော်များနှင့် မဟာပညာရှင်အဆင့် ကျွမ်းကျင်သူ ၁၀ ယောက်တို့ကို ထိုအရာများ တပ်ဆင်ပေးထား၏။ ဤလောကကြီးထဲတွင် မဟာပညာရှင်အဆင့်သို့ ရောက်ရှိနေသူ အများအပြား ရှိ၏။ သို့သော်လည်း သဘာဝလွန်အင်အားစုများ၏ ဘွဲ့ထူးအပ်နှင်းခြင်းကို မခံရသောကြောင့် သူတို့တွင် အင်အားရှိသော်လည်း အဆင့်အတန်းမျိုး မရှိကြချေ။

ရွှဲ့ပြည်နယ်တွင် ထိုကဲ့သို့သောလူ အများအပြားရှိပြီး ချောင်ပြည်နယ်တွင်လည်း ပို၍ များပြား၏။ ချောင်ပြည်နယ်က ရွှဲ့ပြည်နယ်ထက် သိုင်းပညာ ပိုမိုထွန်းကား၏။ ချောင်ဘုရင်၏ သူရဲကောင်းဆန်သည့် လုပ်ရပ်များကို လေးစားသောကြောင့် ဤမဟာပညာရှင်များက အားလုံးက သစ္စာခံရန် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။

ချောင်ဘုရင်၏ အမိန့်အတိုင်းပင်။ တန်စတင် သံချပ်ကာ ဝတ်ဆင်ထားသည့် စစ်သည်ရာဂဏန်းတို့က တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြ၏။ “အရှင်မင်းကြီးအတွက် အသက်ပေးဖို့ အဆင်သင့်ပါပဲ။”

ချောင်ဘုရင်က အော်ဟစ်လိုက်သည်၊ “သတ်ကြ။” ပြီးနောက် သူက ဤထိပ်တန်းစစ်သည် ရာဂဏန်းကို ဦးဆောင်ပြီး တင်းယွမ်မြို့၏ အဝင်ဝကို ပိတ်ဆို့ရန် ရှေ့သို့ တိုးဝင်၏။

“ချောင်ဘုရင်ကို သတ်၊ ချောင်ဘုရင်ကို သတ်ကြတော့။” တုံ့ကျန်းဘုရားကျောင်းနှင့် ကောင်းကင်ပြစ်ဒဏ် နန်းဆောင်၏ လျှို့ဝှက်စစ်သည်များက ဝမ်းသာအားရ ဖြစ်သွားကြ၏။ ချောင်ဘုရင်က သူတို့ တံခါးဝအထိသို့ ကိုယ်တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“ဟား ဟား ဟား…” ချက်ချင်းပဲ သောင်းနှင့်ချီသော လျှို့ဝှက်စစ်သည်များက ချောင်ဘုရင်ထံသို့ ရူးသွပ်မတတ်ပင် ရောက်လာခဲ့ကြ၏။

“ဘုန်း... ဘုန်း...”

မဟာပညာရှင်အဆင့် ကျွမ်းကျင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ချောင်ဘုရင်က ဦးဆောင်ပြီး တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်များဆီသို့ ဝိုင်းဝန်းတိုက်ခိုက်သည်။ “သတ်ကြ။ သတ်ကြ။ နိုင်ငံတော်နဲ့ မိသားစုရဲ့ အမုန်းတရားအတွက် သတ်ကြ။”

“ငါ့အဖေ၊ ဘုရင်အတွက်၊ ငါ့ရဲ့မယ်တော်အတွက် သတ်ကြ။ ချောင်ပြည်နယ်ရဲ့ ဂုဏ်သိက္ခာအတွက်၊ ချောင်ပြည်နယ် ပြည်သူတွေအတွက် သတ်ကြ။ အရှင်ရှမ့်လန်အတွက်၊ တော်ဝင်ချန်မင်းဆက်အတွက် သတ်ကြ။”

ချောင်ဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးများက ဆူပွက်နေသကဲ့သို့ပင် သူက လက်ထဲရှိ တန်စတင် သံမဏိ ဓားရှည်ကို ဝှေ့ယမ်းပြီး ရူးသွပ်မတတ် တိုက်ခိုက်နေ၏။

“ဘုန်း... ဘုန်း...”

ဤအခိုက်အတန့်မှာတော့ သူ၏ခန္ဓာကိုယ်ထဲရှိ သွေးများက အားကောင်းလွန်းသည့် တိုက်ခိုက်လိုစိတ်များကို အာရုံခံမိပုံရ၏။ စွမ်းအားကြီးမားလှသည့် အားအင်များကို ထုတ်လွှတ်လိုက်ပုံပင်။ ဤခံစားမှုက လွန်စွာ ဆန်းကြယ်လွန်းလှချေ၏။ စကြာဝဠာငယ်လေးတစ်ခု ပေါက်ကွဲသွားသကဲ့သို့ပင် ချောင်ဘုရင်က သူ၏ ခန္ဓာကိုယ်ထဲတွင် ပူလောင်သည့် ခံစားမှုတစ်ခုကို ရရှိပြီး သူ၏ သိုင်းပညာ အဆင့်တက်သွားကြောင်း နားလည်လိုက်မိသည်။

သူက မဟာပညာရှင်တစ်ယောက် ဖြစ်လာခဲ့၏။ သူ့အတွက် မလွယ်ကူခဲ့ချေ။ ယခုနှစ်တွင် အသက် ၄၀ ကျော်ပြီဖြစ်ပြီး သူ၏သိုင်းပညာက ချောင်ပြည်နယ်၏ နန်းတွင်းမိသားစုတွင် ထိပ်တန်းအဆင့်ပင်။ သို့သော်လည်း မဟာပညာရှင်အဆင့်သို့ မရောက်ရှိနိုင်သေးချေ။

လွန်ခဲ့သည့် သုံးနှစ်ခန့်က နင်ချီကိုပင် ရှုံးနိမ့်ခဲ့၏။ ယခု ဤမျှ မျှော်လင့်ချက်မဲ့သော အခြေအနေမျိုးတွင် သူက အဆင့်တက်ခဲ့၏။ ရုတ်တရက် ချောင်ဘုရင်က ပို၍ တားဆီး၍ မရနိုင်လောက်အောင် ဖြစ်လာခဲ့သည်။ သူ၏လက်ထဲရှိ တန်စတင် သံမဏိဓားက လုံးဝကို ပြိုင်ဘက်ကင်းပင်။

တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များက တကယ်ကို သန်မာလှချေပြီး ဓားများကို လျှပ်စစ်ပန်ကာများကဲ့သို့ အလွန်ပြင်းထန်စွာ လည်ပတ်နေ၏။ သို့သော်လည်း ချောင်ဘုရင်၏ ဓားချက်အောက်တွင် ဘုန်းကြီးစစ်သည်များ၏ ဓားရှည်များက တိုက်ရိုက်ကျိုးပဲ့ကုန်၏။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် သံမဏိ သံချပ်ကာများကလည်း အားလုံးစုတ်ပြတ်သတ်လျက် ရှိနေပြီး အထဲမှ အသားအရေများပင် ကွဲအက်ကုန်၏။

“သတ်… သတ်.”

ချောင်ဘုရင်၏ ကိုယ်ရံတော် ရာဂဏန်းခန့်က အံ့မခန်း တိုက်ခိုက်နိုင်စွမ်းများကို ထုတ်လွှတ်၏။ မြို့ရိုးအပေါက်ဝတွင် သောင်းနှင့်ချီသော လျှို့ဝှက်စစ်တပ်ကို တကယ်ပင် ပိတ်ဆို့ထားခဲ့၏။ ဟုတ်ပေ၏၊ ထိုအရာက သူတို့၏ ခိုင်မာသည့် စိတ်ဓာတ်နှင့် အစွမ်းထက်သည့် တိုက်ခိုက်နိုင်စွမ်း ရှိသောကြောင့်ပင်။ သို့သော်လည်း ပို၍ အရေးကြီးသည်မှာ ရှမ့်လန် တပ်ဆင်ပေးလိုက်သည့် လုံးဝထိုးဖောက်၍မရနိုင်ခဲ့သော သံချပ်ကာအသစ်ကြောင့်ပင်။

မီတာထောင်ချီ ဝေးကွာသည့် စင်မြင့်ထက်တွင် ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက သွေးများရွှဲနစ်ကာဖြင့် တိုက်ခိုက်နေသော ချောင်ဘုရင်ကို မြင်ရချိန်မှာတော့ အံ့အားသင့် မင်တက်သွားမိ၏။ သူက မပြောဘဲ မနေနိုင်တော့ချေ။ “ဒီချောင်ဘုရင်က တကယ်ကို ကြမ်းတာပဲ။ အရင်ကနဲ့ မတူတော့ဘူး။”

...

အပိုင်း (၁၀၂၂)

တုံ့ကျန်းဘုရားကျောင်း၏ အကြီးအကဲနှင့် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ အကြီးအကဲတို့ကလည်း မျက်နှာအမူအရာများ ပြောင်းလဲကုန်၏။ သူတို့က စကားတစ်ခွန်းမှ မဆိုကြချေ။ ချောင်ဘုရင် မည်မျှကြီးမားနေပါစေ၊ မည်မျှ ကြမ်းတမ်းနေပါစေ၊ ထိုသူက ရဲရင့်ရုံသက်သက်ပင် ရှိ၏။ လူမည်မျှကို သတ်နိုင်မည်နည်း။ ဂုဏ်သိက္ခာကို မည်မျှကြာကြာ ထိန်းထားနိုင်မည်နည်း။ သေဖို့က သေချာနေသည် မဟုတ်ပါလား။

“ဒီလူကို နောက်ကျရင် ကြမ်းတမ်းလွန်းတဲ့ ချောင်ဘုရင်ဆိုပြီး ဘွဲ့ထူးပေးရမယ်။ အနည်းဆုံးတော့ သူ့ရဲ့အဖေ အရင်ချောင်ဘုရင်ထက် ပိုပြီးတော့ သာတယ်။” ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြုံးကာ ပြော၏။

ကွယ်လွန်ပြီးမှ ပေးသည့်ဘွဲ့ထူးအကြောင်းကို ပြောရမည်ဆိုလျှင် ချောင်ဘုရင်၏ ရင်ထဲတွင် နာကျင်စရာ တစ်ခုရှိခဲ့၏။ မူလ သူက ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူ၏ဖခင်အား ထူးခြားသည့်ဘွဲ့ထူးပေးအပ်ရန် ရည်ရွယ်ထား၏။ ချောင်ဘုရင်က အလွန်ကောင်းမွန်သည့် ဘွဲ့ထူးကို ရွေးချယ်ထားပြီးဖြစ်၏။ ရှေးဟောင်း သမိုင်းဝင် လေးစားဖွယ်ရာ ဘုရင်နှင့် ဘွဲ့ထူးတူ၏။

နောက်ဆုံး တော်ဝင်ရန်အင်ပါယာက သူ့အား ဝမ်းနည်းဖွယ်ရာ ချောင်ဘုရင် ဆိုသည့် ဘွဲ့ထူးအမည်ကို တိုက်ရိုက်ပေးအပ်ခဲ့၏။ ထိုအရာက ကြီးမားလွန်းသည့် အရှက်ရမှုပင်။

………………

ချောင်ဘုရင်က ရူးသွပ်မတတ်ပင် သတ်ဖြတ်နေ၏။ သူ၏ဘဝတွင် လူဤမျှများများကို တစ်ခါမှ မသတ်ခဲ့ဖူးချေ။ ယခု သူက ဆက်တိုက် သတ်ဖြတ်နေ၏။ အလောင်းများက သူ၏ခြေရင်းတွင် ၊ ဘေးပတ်လည်တွင် ပုံထပ်လို့ ရှိနေ၏။

နာရီဝက်၊ တစ်နာရီ၊ နှစ်နာရီ၊ သူက ဆက်တိုက် သတ်ဖြတ်နေသော်လည်း ရန်သူများက ကုန်ဆုံးသွားသည့်ပုံ မပေါ်ချေ။

သူ၏သံချပ်ကာ ဖျက်ဆီး၍မရ၊ ထိုးဖောက်၍မရသော်လည်း နေရာအနှံ့မှာ ချိုင့်ဝင်နေပြီး ဒဏ်ရာ ရာပေါင်း များစွာ တည်ရှိ၏။ တန်စတင် သံမဏိဓား ရှိနေသည့်သူက တစ်ယောက်တည်း မဟုတ်ချေ။ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ စစ်သည်များ၌လည်း တန်စတင် သံမဏိဓားများ ရှိသည်။

သူ၏လက်ထဲတွင် ရှိနေသည့် တန်စတင် သံမဏိဓားတွင် အက်ရာ ဒါဇင်နှင့်ချီ ရှိလာခဲ့ပြီး တစ်ဒါဇင်ကျော်ကို လဲလှယ်အသုံးပြုခဲ့ပြီး ဖြစ်၏။ သူတစ်ယောက်တည်း လူတစ်ရာကျော်ကို သတ်ဖြတ်ခဲ့၏။ သာမန်လူများ မဟုတ်ဘဲ သဘာဝလွန် အင်အားစုများမှ လျှို့ဝှက်စစ်သည်များပင်။ သူ၏ ထိပ်တန်းစစ်သည် ရာဂဏန်းက တုံ့ကျန်းဘုရားကျောင်းနှင့် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ လူနှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့၏။

ချောင်ဘုရင်၏ ရဲရင့်မှုက တုံ့ကျန်းဘုရားကျောင်းနှင့် စေတီတော်မှ လျှို့ဝှက်စစ်သည်များ၏ အာရုံစိုက်မှုကို ရရှိစေခဲ့၏။ ထို့အပြင် ချောင်ပြည်နယ်၏ စစ်သည်များက သူတို့၏ဘုရင် ဦးဆောင်တိုက်ခိုက်နေသည်ကို မြင်ချိန်မှာတော့ ပို၍မကြောက်မရွံ့ ဖြစ်လာ၏။ သူတို့က ရှုံးနိမ့်မည့် အရှိန်အဟုန်ကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။

သို့သော်လည်း ချောင်ဘုရင် မည်မျှရဲရင့်စေကာမူ အသုံးမဝင်ချေ။ သူ၏ဘေးနားတွင် ထိပ်တန်းစစ်သည် နည်းပါးလွန်းလှ၏။ သူက မဟာပညာရှင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး သူ၏ဘေးတစ်ဖက်တွင် မဟာပညာရှင် တစ်ဒါဇင်ကျော်တို့ ရှိ၏။ သို့သော်လည်း သူတို့က အတွင်းအားနှင့် စစ်မှန်သည့် ချီစွမ်းအင်ကိုသာ အားကိုးရသောကြောင့် နောက်ဆုံးတွင် ထိုအတွင်းအားများက ကုန်ခမ်းသွားရမည်သာ ဖြစ်၏။

ယခု ချောင်ဘုရင်နှင့် သူ၏ဘေးတစ်ဖက်ရှိ မဟာပညာရှင် တစ်ဒါဇင်ကျော်တို့၏ အတွင်းအားနှင့် စစ်မှန်သည့် ချီစွမ်းအင်များကလည်း လုံးဝကုန်ခမ်းသွားခဲ့ပြီ။ ဘေးတစ်ဖက်ရှိ ထိပ်တန်းစစ်သည် ရာဂဏန်းတို့လည်း များများစားစား မကျန်တော့ချေ။

သူတို့၏ရှေ့တွင် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၊ တုံ့ကျန်းဘုရားကျောင်း၏ လျှို့ဝှက်စစ်သည်များက ကုန်ခမ်းမသွားမည့်ပုံပေါ်သည်။ ကုန်ဆုံးသွားမည့် အဆုံးအစကိုလည်း မမြင်ရပေ။

ချောင်ဘုရင်၏ ခန္ဓာကိုယ်က ဟာလာဟင်းလင်း ဖြစ်နေပြီး မည်သည့် အင်အားမှ မရှိတော့ပေ။ တင်းယွမ်မြို့ကို ကြည့်ရှုလိုက်လျှင် ချောင်ပြည်နယ်စစ်တပ်၏ ထက်ဝက်ကျော်က သေဆုံးသွားခဲ့၏။ နေရာတိုင်းတွင် အလောင်းများ ရှိနေပြီး နေရာတိုင်းတွင် သွေးများစွာ ရှိနေ၏။ ကျန်ရှိနေသေးသည့် ချောင်ပြည်နယ်၏ စစ်သည်များကလည်း ဒဏ်ရာဗရပွနှင့် သွေးများ ဖုံးလွှမ်းနေ၏။ တင်းယွမ်မြို့က ကျဆုံးပေတော့မည်။

ချောင်ဘုရင်က ပြည့်ကျပ်ညှပ်လျက်ရှိနေသည့် အလောင်းပုံပေါ်တွင် ရပ်ပြီး ဓားကို ထောက်ကန်ကာ မတ်တပ် ရပ်နေ၏။ သူက လဲကျလုနီးပါး ဖြစ်နေ၏။ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ ရာနှင့်ချီ ရှိနေပြီး အဝတ်အစားများက သွေးများဖြင့် စိုရွှဲနေ၏။

သူ မခံနိုင်တော့ကြောင်း သိကြရသောကြောင့် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်နှင့် တုံ့ကျန်းဘုရားကျောင်း၏ လျှို့ဝှက်စစ်သည်များက ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီး ပုံစံကို ဖြန့်ကာဖြင့် သူ့အား ဝိုင်းပိတ်လျက် ရှိနေသည်။

အသက်ရှင်ကျန်ရှိခဲ့သည့် ကိုယ်ရံတော် ရာနှင့်ချီ အနည်းငယ်တို့ကလည်း ချောင်ဘုရင်ကို ဝိုင်းပတ်ထားလိုက် ၏။ ချောင်ဘုရင်က အသက်ရှူရ အနည်းငယ် ခက်ခဲလာ၏။ သူက သံခမောက်ကို ချွတ်ပြီး နောက်ဆုံး လက်ကျန်လေကို ရှူထုတ်လိုက်သကဲ့သို့ အသက်ကို ပြင်းပြင်းရှူ၏။ မော့ပြီး ကောင်းကင်ကို ကြည့်၏။

ပူပြင်းလှသည့် နေမင်းကြီးက ကောင်းကင်အမြင့်တွင် ရှိနေပြီး အချိန်ကလည်း မွန်းတည့်ချိန်ပင်။ သူ၏ မျက်လုံးထဲတွင် သွေးများဖြင့် ပြည့်နှက်နေသောကြောင့် သူမြင်ရသည့် နေလုံးကြီးကပင် သွေးရောင်လွှမ်း နေ၏။

“ဖူး.. ဖူး..” သွေးများ အလွန်အကျွံထွက်သောကြောင့် ဦးနှောက်သို့ အောက်ဆီဂျင် ရောက်ရှိမှု မလုံလောက်တော့ပေ။ သူ၏ခန္ဓာကိုယ်က အေးစက်ပြီး တုန်ယင်နေ၏။ မတ်တပ်ရပ်ရန်ပင် လုံးဝ ခက်ခဲနေလေသည်။

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြော၏။ “သူ နှစ်နာရီလောက် ခံမယ်တောင် မထင်ထားခဲ့ဘူး။ တကယ်ကို နှိုင်းယှဉ်လို့ မရအောင် ရဲရင့်တဲ့ လူတစ်ယောက်ပဲ။ အရင်တုန်းက ယဉ်ကျေးသိမ်မွေ့တဲ့ ပညာရှိတစ်ယောက်လို့ ထင်ခဲ့တာ။ အကြီးအကဲတို့... ခင်ဗျားတို့ထဲက ဘယ်သူက သူ့ခေါင်းကို သွားဖြတ်မလဲ။”

ခမ်းနားထည်ဝါပြီး အစွမ်းထက်သည့် စစ်သည်တစ်ဦး ထွက်လာ၏။ ထိုသူက ယုလန်နိုင်ငံ၏ မင်းသား အက်စလန် ပင် ဖြစ်၏။ သူက နိုင်ငံခြားသားတစ်ဦးပင်။ အရှေ့တိုင်းအင်ပါယာ အစွမ်းထက်သောကြောင့် ဤနိုင်ငံကလည်း တော်ဝင်ရန်မင်းဆက်အပေါ် သစ္စာရှိပြီး ကျင်းနိုင်ငံ၏ လက်အောက်ခံဟု သတ်မှတ်နိုင်၏။ တောင်ပိုင်းနိုင်ငံများနှင့် ရွှဲ့ပြည်နယ်တို့၏ ဆက်ဆံရေးနှင့် တူညီလှသည်။

ဤစစ်ပွဲအတွက် ယုလန်နိုင်ငံသည် စစ်သည်ပေါင်း ငါးသောင်းကို စေလွှတ်ခဲ့ပြီး ချောင်ပြည်နယ်၏ နယ်မြေကို လုယက်ကာဖြင့် စီးပွားရှာရန် အထူးသဖြင့် အမျိုးသမီးများကို ဖမ်းဆီးရန် ကြိုးစား၏။

အက်စလန်ကို ယုလန်နိုင်ငံ၏ အနာဂတ်ဟု သတ်မှတ်နိုင်၏။ သူက ခြောက်နှစ်သားအရွယ်တွင် ဒဏ္ဍာရီလာ ဘဝကို စတင်ခဲ့၏။ ရှစ်နှစ်သားတွင် ဝံပုလွေများကို သတ်ခဲ့၏။ ကိုးနှစ်သားတွင် ခြင်္သေ့များကို သတ်ခဲ့၏။ ၁၈ နှစ်သားအရွယ်တွင် နှိုင်းယှဉ်၍ မရနိုင်အောင် ရဲရင့်နေပြီဖြစ်သည်။

၂၂ နှစ်သားတွင် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်သို့ ဝင်ရောက်ခဲ့ပြီး သိုင်းပညာကို သင်ယူ၍ ၃၂ နှစ်သားတွင် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ ဆရာအဆင့်ဘွဲ့ကို ရရှိခဲ့၏။ ယခု အသက် ၃၅ နှစ်ရှိပြီ ဖြစ်သောကြောင့် အရှေ့တိုင်းစစ်သည်များကို အထင်သေးသည့် ခံစားချက်များပင် ရှိ၏။ အရှေ့တိုင်းနိုင်ငံတွင် လူအနည်းငယ်မှ လွဲ၍ မည်သူမှ သူ၏ပြိုင်ဘက် မဟုတ်ဟု ခံစားရ၏။

နင်ချီ၊ လီချင်းချိုး၊ ကျုံးချူးကဲ့ ..... မည်သူကမှ သူ၏ပြိုင်ဘက် မဟုတ်ချေ။ သို့သော်လည်း အရှေ့တိုင်းနိုင်ငံတွင် သူ၏နာမည်ကို သိသည့်လူဟူ၍ သိပ်မများလှချေ။ သူက တကယ်ကို မကျေမနပ် ဖြစ်နေသောကြောင့် နာမည်ကျော်ကြားလာရန် ကြိုးစား၏။ ချောင်ဘုရင်ကို သတ်ဖြတ်ခြင်းက လောကကြီးကို လုံးဝအံ့အားသင့် သွားစေရန် လုံလောက်သည်။

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက တုံ့ကျန်းဘုရားကျောင်းနှင့် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ အကြီးအကဲ နှစ်ဦးကို ကြည့်ကာမေး၏။ “ကန့်ကွက်စရာ ရှိလား။”

အကြီးအကဲနှစ်ဦးက ခေါင်းကို ခါယမ်းလိုက်သည်။

ယုလန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား အက်စလန်က ရုတ်တရက် သူ၏ဓားကြီးကို ဆွဲထုတ်ပြီး ချောင်ဘုရင်ဆီသို့ လျှောက်သွား၏။ လမ်းကြောင်းက တကယ်ကို ရှည်လျားပြီး မီတာနှစ်ထောင်ကျော် ကျန်ရှိနေသေး၏။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မြေကြီးများက တစ်လက်မစီလောက် ကွဲအက်ကုန်၏။ မာကျောသည့် မြေကြီးပေါ်တွင် နှစ်လက်မ၊ သုံးလက်မ နက်သည့် ခြေရာများပင် ထင်ကျန်ခဲ့၏။

သူ၏ခန္ဓာကိုယ်က ခြင်္သေ့ထီးတစ်ကောင်ကဲ့သို့ပင် အချိန်မရွေး ခုန်ထွက်တော့မည့် အနေအထားမျိုး ရှိနေသည်။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လူတိုင်းက လမ်းဖယ်ပေးကြ၏။ ချောင်ဘုရင်ကို မူလက ကောင်းကင်ပြစ်ဒဏ်နန်းဆောင်နှင့် တုံ့ကျန်းဘုရားကျောင်း၏ လျှို့ဝှက်စစ်သည်များက ဝိုင်းရံထား ခဲ့သော်လည်း ယခုအချိန်မျိုးတွင်တော့ ထိုသူအားလုံးတို့က လမ်းဖယ်ပေးလိုက်ကြသည်။

ယုလန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား အက်စလန်က ချောင်ဘုရင်နှင့် ၁၀ မီတာအကွာအဝေးသို့ လျှောက်လာ၏။ သူ၏ခန္ဓာကိုယ်ဆီမှ အတွင်းအားများက မီးရှူးမီးပန်းများကဲ့သို့ပင် ပေါက်ကွဲထွက်လာပြီး လှိုင်းလုံးများပမာပင် ဘေးတစ်ဖက်တွင် ရှိနေသည့် ပတ်ဝန်းကျင်လေထုကြီးကိုပါ ပူနွေးလာစေသည်။ ကျန်ရှိလူအားလုံးတို့၏ အမြင်အာရုံများ မှုန်ဝါးစေ၏။

ပြီးနောက် သူက ဓားကြီးကို ဖြည်းညင်းစွာ ဆွဲထုတ်ကာ ပြောသည်။ “ချောင်ဘုရင်.. ခင်ဗျားကို သတ်တဲ့လူက တော်ဝင်ရန်မင်းဆက်ရဲ့ ယုလန်နိုင်ငံ အိမ်ရှေ့စံမင်းသား အက်စလန်ပဲ။ စိတ်မပူနဲ့။ ကျုပ်က အရမ်းကို မြန်တယ်။ ခင်ဗျားခေါင်းကို တိုက်ရိုက် ဖြတ်လိုက်မယ်။ နာမှာ မဟုတ်ပါဘူး။”

ပြီးနောက် သူက ဓားကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အစွမ်းထက်သည့် အတွင်းအားများကို စုစည်း၏။

“ဝီ... ဝီ... ဝီ...” ဓားကြီးက တုန်ခါသံများ ဆက်တိုက် ထွက်ပေါ်သည်။

ဤအချိန်မှာတော့ ချောင်ဘုရင်၏ အတွင်းအားက လုံးဝကုန်ခမ်းသွားပြီ ဖြစ်သောကြောင့် စစ်ဓားကို မြှောက်ရန်ပင် ခက်ခဲနေ၏။ အသက်ပြင်းပြင်းရှူပြီးနောက် ဓားကို လက်နှစ်ဖက်ဖြင့် မြှောက်၏။ ဓားမှ သွေးတစ်စက်စက် ကျဆင်းလျက် ရှိနေသည်။ သူ၏မျက်လုံးထောင့်မှ သွေးများ ဆက်တိုက် စီးကျနေသောကြောင့် အက်စလန်၏ ပုံရိပ်ကိုပင် ကောင်းစွာ မမြင်ရချေ။

“ငါ ထိုက်တန်စွာ သေဆုံးရတော့မယ်။ အရှင်ရှမ့်လန်... နှုတ်ဆက်သွားပါတယ်။” ချောင်ဘုရင်က ဖြည်းညင်းစွာ ရေရွတ်၏။

“ယုလန်နိုင်ငံက အက်စလန်... လာခဲ့စမ်း။” ချောင်ဘုရင်က ဖြည်းညင်းစွာ ပြောသည်။

“သေစမ်း။”

ယုလန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားက မိုးကြိုးပစ်ချသကဲ့သို့ပင် ဟိန်းဟောက်၏။ ပြီးနောက် သူက ဓားကြီးကို ဝှေ့ယမ်းပြီး ချောင်ဘုရင်ဆီသို့ ပြေးဝင်သွား၏။ အမြောက်ကျည်ဆန်တစ်ခုကဲ့သို့ပင် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို အထင်အမြင်သေးစွာဖြင့် ကျော်ဖြတ်လာခဲ့၏။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မြေကြီးပေါ်တွင် နက်ရှိုင်းသည့် မြောင်းတစ်ခု ဖြစ်ကျန်ရစ်ခဲ့၏။

“သေစမ်း။” အက်စလန်က ချောင်ဘုရင်ကို ခုတ်ချ၏။ သူ၏ဓားကြီးက အံ့မခန်း အရှိန်အဝါမျိုးကို သယ်ဆောင်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ချောင်ဘုရင်ကို နှစ်ပိုင်းပိုင်း၏။ အားလုံး၏ မျက်လုံးများက ပြူးထွက်လာ၏။ သူတို့က လုံးဝ မျှော်လင့်ချက် မဲ့နေ၏။ သူတို့ တကယ် သေဆုံးရတော့မည်လား။

“ဒေါင်..” ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာ၏။ အက်စလန်က သူ၏ဓားကြီးကို တစ်စုံတစ်ယောက်က ပိတ်ဆို့လိုက်ကြောင်း သိရှိလိုက်ရ၏။ သူ၏ရှေ့တွင်ရှိနေသည့် ချောင်ဘုရင်က ပျောက်ကွယ်သွားခဲ့၏။ သူ၏ရှေ့တွင် အရပ်အလွန်ရှည်သည့် အမျိုးသမီးတစ်ဦး၊ လှပသည့် အမျိုးသမီးတစ်ဦး၊ ထူးခြားသည့် ဆွဲဆောင်မှုများ ပြည့်နှက်နေသည့် အမျိုးသမီးတစ်ဦး အစားထိုး ဝင်ရောက်လာ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ရဲရင့်လွန်းသည့် အရှိန်အဝါများ ပြည့်နှက်နေပြီး ကြည့်ရှုလိုက်ရုံနှင့် အသက်ရှူမွန်းကျပ်အောင် ဖြစ်စေလောက်သည်အထိ လှပ၏။

ယုလန်နိုင်ငံသား အက်စလန်၏ နှလုံးသားများ တုန်ခါသွား၏။ သူ၏ရှေ့တွင် ပေါ်ပေါက်လာခဲ့သည့် အမျိုးသမီး၊ ဤလောကကြီးတွင် သူနှင့်ထိုက်တန်သည့် အမျိုးသမီးတစ်ဦးက ဤလောကကြီးထဲမှာ နောက်ဆုံးတော့ ပေါ်ပေါက်လာခဲ့လေပြီ။

“မိန်းမ... ဂုဏ်ယူပါတယ်။ မင်းက ယုလန်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသမီး ဖြစ်လာရတဲ့ ဂုဏ်ကျက်သရေကို ရရှိတော့မယ်။”

အက်စလန်က ဖြည်းညင်းစွာ ပြော၏။ “မင်းက ဘယ်သူ့မိန်းမပဲဖြစ်ဖြစ်၊ ကလေးရှိရှိ၊ မရှိရှိ၊ မင်း အက်စလန်ရဲ့ မိန်းမ ဖြစ်လာရလိမ့်မယ်။”

သူ၏စကားမဆုံးခင်မှာပင် သူ၏တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားပြီး အရိုးများ အပိုင်းပိုင်းကြေမွ၏။ အဘယ်ကြောင့်ဆိုသော် ချောင်ယောင်းအာ၏ လက်ဝါးချက်က နှစ်မီတာကျော် မြင့်မားသည့် ယုလန်နိုင်ငံ အိမ်ရှေ့စံမင်းသားကို အပိုင်းပိုင်း ရိုက်ခွဲလိုက်သောကြောင့်ပင်။ ခန္ဓာကိုယ်တွင်းရှိ အရိုးများအားလုံး၊ ကလီစာများ အပါအဝင် ကြေမွသွားသည်။

ဤလောကကြီးထဲတွင် သူမကို သိမ်းပိုက်ချင်သည့် အမျိုးသားတွေ အားလုံး သေကုန်၏၊ ရှမ့်လန်မှလွဲလျှင်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးက အကြိမ်ရာပေါင်းများစွာ အတူတူ အိပ်စက်ခဲ့ကြပြီး အကြိမ်တိုင်း ချောင်ယောင်းအာက သတိထားခဲ့ရ၏၊ ဤနူးညံ့သည့် သူမ၏ယောင်္ကျားကို မတော်တဆ ဖျက်ဆီးမိမှာ စိုးသောကြောင့်ပင်။

ယုလန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား အက်စလန်က အပိုင်းပိုင်း ကြေမွသွားခဲ့ပြီးနောက် ...

“ရွှမ်း... ရွှမ်း...”

သူတို့၏အနောက်ဘက် မီတာထောင်ချီအကွာဝေးမှ ဧရာမ မြားကြီးများက တရှူးရှူး မြည်ကာဖြင့် မိုင် ဒါဇင်ပေါင်းများစွာကို ဖြတ်သန်းလာ၏။ လေထဲတွင် အပြာရောင် မီးတောက်အရှိန်ကြီးများကို ဆွဲယူပြီး ကျင်းနိုင်ငံ၏ အနောက်ပိုင်း စစ်တပ်ထဲသို့ ဝင်ရောက်ပေါက်ကွဲ၏။

“ဘုန်း... ဘုန်း...”

ပြင်းထန်လှသည့် ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး မရေတွက်နိုင်သည့် မီးတောက်များက အပိုင်းပိုင်း ပေါက်ကွဲ၏။ ကျင်းနိုင်ငံ၏ အနောက်ပိုင်းစစ်တပ်က အပိုင်းပိုင်း ပျက်စီးကုန်၏။ အလောင်းများက နေရာအနှံ့သို့ လွင့်စင်သည်။

ပေါက်ကွဲမှု ပြီးဆုံးသည်နှင့် သူတို့၏အနောက်ဘက် လေထုထဲတွင် တရွှီးရွှီး မြည်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။

“ရွှမ်း... ရွှမ်း...”

ဧရာမမြားကြီးများက ဒါဇင်ပေါင်းများစွာ တရွှီးရွှီး မြည်ကာဖြင့် ဖြတ်သန်းသွား၏။ အနောက်တိုင်း စစ်တပ်၏ ပုံစံအခင်းအကျင်းထဲသို့ ဝင်ရောက်ကာ ပြင်းထန်သည့် ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည်။

“ရွှမ်း... ရွှမ်း..” ဤဧရာမ မြားကြီးများက မောပန်းခြင်း မရှိသကဲ့သို့ ရူးသွပ်မတတ် ဆက်တိုက်ပေါက်ကွဲ၏။

ပြီးနောက် သွေးဝိညာဉ်သံချပ်ကာ ဝတ်ဆင်ထားခဲ့သည့် လူပေါင်းများစွာတို့က မိုးကြိုးလျှပ်စီးများကဲ့သို့ပင် ပြေးထွက်လာ၏။ ရှေးဟောင်းသံချပ်ကာများ ဝတ်ဆင်ထားသည့် ထိပ်တန်းကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာတို့က မီတာဒါဇင်နှင့်ချီ လေပေါ်သို့ ခုန်တက်ပြီး ချောင်ဘုရင်၏ ရှေ့တည့်တည့်သို့ ဆင်းသက်ကာဖြင့် သူတို့၏ ခန္ဓာကိုယ်များဖြင့် သံမဏိ တံတိုင်းကြီးတစ်ခုကို တည်ဆောက်သည်။

“ရွှမ်း... ရွှမ်း...”

အထူးစစ်သည် ဒါဇင်ပေါင်းများစွာတို့က ဓားများကို ဆွဲထုတ်၏။ အားလုံးက အိမ်မက်ဆိုး ကျောက်တုံး ရှေးဟောင်းဓားများပင် ဖြစ်၏။

ရှမ့်လန် ရောက်ရှိလာ၏။ သူက လူရာဂဏန်းခန့် ခေါ်လာပြီး တစ်ယောက်ချင်းစီတိုင်းက လက်နက်အပြည့်အစုံ တပ်ဆင်ထား၏။ ဧရာမဒူးလေးကြီး ဒါဇင်အနည်းငယ်တောင် ယူလာသေးသည်။

ထိုတင်မကသေးချေ၊ ဧရာမဒူးလေးကြီး အားလုံးကို ပြုပြင်မွမ်းမံထား၏။ ဧရာမမြားကြီး တစ်စင်းချင်းစီတိုင်းက ပြင်းထန်သည့် ပေါက်ကွဲစေတတ်သော ပစ္စည်း ၁၀ ကီလိုဂရမ်ကျော် ထည့်သွင်းထား၏။ အခက်ခဲဆုံးက စွမ်းအင်ဗဟိုချက်ကို သယ်ဆောင်လ,ရခြင်းပင်။ အပေါ့ဆုံး စွမ်းအင်ဗဟိုချက်က ကီလိုဂရမ် သောင်းချီ၏။

ထိုသို့ဆိုလျှင်တောင်မှ သူ၏လူဦးရေ ရာဂဏန်းက တစ်နေ့ကို ကီလိုမီတာ ရာချီ ချီတက်နိုင်ခဲ့၏။ ထို့ကြောင့် သူက စွမ်းအင်ဗဟိုချက်ကို တစ်ချိန်လုံး ဖွင့်ထားခဲ့ရသည်။

နုရှောင့်မြို့တော်နှင့် တင်းယွမ်မြို့၏ အကွာအဝေးက တကယ်ကို ဝေးကွာ၏။ ရက် ၂၀ ကျော် ပြေးပြီးမှ နောက်ဆုံး သူတို့ ရောက်ရှိလာခဲ့ခြင်းပင်။ သို့သော်လည်း ရှမ့်လန် မပေါ်လာသေးသလို ရှေးဟောင်းဒူးလေး ဒါဇင်ပေါင်း များစွာလည်း မပေါ်လာသေးချေ။ သူတို့က မီတာ ၃၀၀ အကွာအဝေးမှ ဆက်တိုက် ပစ်ခတ်နေ၏။

လျှို့ဝှက် ဆန်းကြယ်သည့် ခံစားချက်များကို ဖန်တီးနိုင်ရန်၊ ရှမ့်လန်ဆီ၌ အနည်းဆုံး စစ်သည်သောင်းချီ ရှိသည်ဟု ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသား ခံစားရရန် ပြုမူဆောင်ရွက်နေခြင်းပင်။

“ရှမ့်လန် ရောက်လာပြီ။ ရှမ့်လန် ရောက်လာပြီ။”

ကျင်းနိုင်ငံ၏ အနောက်ပိုင်းစစ်တပ်မှ တပ်မှူးဒါဇင်ပေါင်း များစွာတို့က အော်ဟစ်လိုက်ကြ၏။

ရှမ့်လန်၏နာမည်ကို ကြားလိုက်ရသည်နှင့် အားလုံးက အလိုအလျောက် ကျောချမ်း၏။ အဘယ်ကြောင့်ဆိုသော် ဤလူက လောကကို တုန်လှုပ်စေသည့် ကိစ္စရပ်တစ်ခုကို ယခုလေးတင် ပြုလုပ်ခဲ့သောကြောင့်ပင်။

သူက ကောင်းကင်ပင်လယ်နန်းဆောင်၏ ပင်မတပ်ဖွဲ့ကို ဖျက်ဆီးခဲ့ပြီး နန်းဆောင်သခင် ကျိုးရှီကို ရွှဲ့ပြည်နယ်မှ ဆုတ်ခွာသွားအောင် ဖိအားပေးခဲ့သူဖြစ်သည်။

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသား၊ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ အကြီးအကဲများနှင့် တုံ့ကျန်းဘုရားကျောင်း မှ အကြီးအကဲ အားလုံးတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု လိုက်ကြ၏။ သူတို့ကလည်း ထိတ်လန့်နေ၏။ ရှမ့်လန်က တကယ်ပင် ရောက်ရှိလာခဲ့၏။ ရှမ့်လန်ဆိုသည့်နာမည်က သေမင်းတမန်လိုပင် ဖြစ်နေခဲ့သည် မဟုတ်ပါလား။

All Chapters