ရန်ကျောက်ကဲက နဂါးတစ်ကောင်ကိုထိန်းချုပ်
Vol. 28 Ch. 398
အခန်း (၃၉၈) ရန်ကျောက်ကဲက နဂါးတစ်ကောင်ကိုထိန်းချုပ်
တောက်လောင်နေသောမီးတောက်များကြားတွင် ကြက်သွေးရောင်စေတီငယ်လေး တည်ရှိနေခြင်းက ငြိမ်သက်အေးချမ်းသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
တောက်လောင်နေသော မီးတောက်များသည်ပင် ကြောက်မက်ဖွယ်ရာ မကောင်းတော့သလို ထင်မှတ်ရ၏။
သို့သော် ထို စေတီငယ်လေး၏တည်ရှိမှုက အရှေ့ပင်လယ်တစ်ခုလုံး မီးလောင်ကျွမ်းနေရခြင်း အကြောင်းရင်း ဖြစ်သည်။ ရန်ကျောက်ကဲက ချောက်နက်အတွင်းသို့ အေးစိမ့်ချောက်နက်အရံအတားကို ပစ်ချလိုက်သောအခါ မီးတောက်များက ဟုန်းကနဲ အထက်သို့ လျှံတက်လာသည်။
ရေခဲတိုင်လုံးကြီးကိုးခုဖြင့် ထောက်ပံ့ထားသော ဝိညာဉ်အစီအရင်သည် မီးလျှံများအထက်တွင် ပျံသန်းနေပြီး အောက်သို့ ဆက်လက်ဆင်းသက်နိုင်ခြင်း မရှိတော့ပေ။
မီးတောက်မီးလျှံများ ပိတ်ဆို့ထားသဖြင့် ရန်ကျောက်ကဲက ထိုစေတီငယ်ကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိပေ။ သို့သော် ထိုစေတီငယ်အတွင်းထဲတွင် လေးနက်သည့်အဓိပ္ပါယ်တစ်ခုရှိနေကြောင်း ခံစားရသည်။
ထိုအနီရောင်စေတီငယ်လေးက ပကတိမီးသွေးကြောနှင့် တစ်သားတည်းပေါင်းစပ်နေပြီး လုံးဝ ကွဲကွာသွားခြင်း မရှိပေ။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှ မြေပြင်သွေးကြောများ၏စီးဆင်းမှုကို လွယ်ကူစွာ လှုပ်ခါနိုင်ရန်အတွက် မီးတောက်မိစ္ဆာများက ဤရတနာပစ္စည်းကို အရေးပါသောကဏ္ဍမှ သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း မေးခွန်းထုတ်နေစရာပင် မလိုပေ။
စေတီငယ်က ပကတိမီးသွေးကြောနှင့် တစ်သားတည်းပေါင်းစပ်နေလေရာ သိုင်းဆရာသခင်များ၏ တိုက်ခိုက်မှု မအောင်မြင်သည်မှာ အဆန်းမဟုတ်ပေ။
ရန်ကျောက်ကဲက အေးစိမ့်ချောက်နက်အရံအတားအသုံးပြုပြီး အနီရောင်စေတီငယ်ကို ပိတ်ဆို့ထားရန် ရည်ရွယ်ခဲ့သည်။
“သူတို့က သိုင်းဆရာသခင်တွေကို အရေးမစိုက်ဘဲ သိုင်းသူတော်စင်တွေကိုပဲ သတိထားစောင့်ကြည့်နေတာ မအံ့သြတော့ပါဘူး”
မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်ကာ တွေးလိုက်သည်။
ထိုအချိန်...
ပြင်းထန်လွန်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခု အပေါ်ဘက်မှ ကျဆင်းလာသည်ကို ရန်ကျောက်ကဲ ခံစားလိုက်ရသည်။
ယွမ်ကျန်းဖုန်းက မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သော်လည်း မီးတောက်မိစ္ဆာအများအပြားက ရန်ကျောက်ကဲ၏ အသွင်အပြင်နှင့် အငွေ့အသက်ကို သိရှိနေဆဲ ဖြစ်၏။
မီးတောက်မိစ္ဆာဘာသာစကားက လေးလံသော အာလုပ်သံကြီးများနှင့် ကြုံးဝါးသံများသာ ဖြစ်ပြီး အဓိပ္ပါယ် မရှင်းလင်းပေ။ များစွာသောမီးတောက်မိစ္ဆာများက အခြားသောလူသားသိုင်းသမားများကို ဆက်လက်မတိုက်ခိုက်တော့ဘဲ ရန်ကျောက်ကဲနောက်သို့ အလုံးအရင်းဖြင့် လိုက်ပါလာကြသည်။
ဖူအန်းစုက သူမ၏ဓားကို ရှင်ဘတ်ရှေ့တွင် ထိန်းထားရင်း အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသော မီးတောက်မိစ္ဆာများကို အကြောက်အလန့်မရှိ ထိပ်တိုက်ရင်ဆိုင်ရန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းဆရာသခင်များက ဖူအန်းစုကိုကူညီပြီး မဟာမီးတောက်မိစ္ဆာများကို တိုက်ခိုက်ပေးရန် ရေအောက်သို့ အလျှင်အမြန် ဆင်းသက်လာကြသည်။
အဆုံးမဲ့တောင်တန်းနှင့် လှိုင်းနက်ဂေဟာမှ သိုင်းဆရာသခင်များသည်လည်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရေအောက်သို့ ဆင်းသက်ကာ တိုက်ပွဲအတွင်း ပါဝင်ခဲ့ကြသည်။
သူတို့အားလုံး မီးလျှံချောက်နက်ကြီးကို ဖျက်ဆီးရန် ကြိုးစားခဲ့ကြဖူးသော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။ သို့သော် ရန်ကျောက်ကဲ ယခင်က ပြုလုပ်ခဲ့ဖူးသော အံ့သြဖွယ်ရာလုပ်ရပ်များကို ထောက်ထားပြီး ဒီလူငယ်လေးအား ယုံကြည်ပေးရန် သူတို့အားလုံး ရွေးချယ်ခဲ့ကြသည်။
နေသူတော်စင်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများကတော့ ဟွမ်ကွမ်လီနှင့် ချန်လီကို ဆက်လက်ကူညီနေကြသည်။ သူတို့၏ သိုင်းသူတော်စင်များက မီးတောက်မိစ္ဆာဘုရင်များ၏ ပိတ်ဆို့ထားမှုကို ဖြတ်ကျော်နိုင်မည်ဟု မျှော်လင့်နေကြဆဲပင်။
အရှေ့ပင်လယ်၏ အပြောင်းအလဲများကြားတွင် အပြောင်မြောက်ဆုံးလှုပ်ရှားတိုက်ခိုက်နိုင်သော သိုင်းသူတော်စင်မှာ အရှေ့အရပ်မှထွက်သောနေသူတော်စင်’ဟွမ်ကွမ်လီ’ ဖြစ်သည်။
မီးတောက်ပင်လယ်ကြားတွင် နေသူတော်စင်ဂိုဏ်းမှသိုင်းသမားများသည်လည်း မီးတောက်မိစ္ဆာများကဲ့သို့ ရဲရင့်စွာ တိုက်ပွဲဆင်နိုင်ကြသည်ပင်။
သိုင်းသူတော်စင် ဒုတိယအဆင့်ရှိသော ‘ဟွမ်ကွမ်လီ’ က လွှမ်းမိုးနိုင်စွမ်းများစွာဖြင့် ပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီး မီးတောက်မိစ္ဆာများထက်ပင် ပိုမိုကြောက်မက်ဖွယ်ရာ ဖြစ်ခဲ့သည်။
သို့သော် မီးတောက်မိစ္ဆာဘုရင်များက ဟွမ်ကွမ်လီကို ရှေ့တိုးမလာနိုင်စေရန် အနီးကပ်စောင့်ကြည့်နေခဲ့ကြ၏။
သိုင်းသူတော်စင်အဆင့်တိုက်ပွဲတွင် မီးတောက်မိစ္ဆာများသည် လူသားများကို အစွမ်းကုန်ပိတ်ဆို့ တိုက်ခိုက်လျှက် ရှိကြသည်။
သိုင်းဆရာသခင်အဆင့်တိုက်ပွဲကတော့ ပြောင်းပြန်ဖြစ်သည်။ သောသိုင်းဆရာသခင်များက မဟာမီးတောက်မိစ္ဆာများကို အစွမ်းကုန်ပိတ်ဆို့တိုက်ခိုက်လျှက်ရှိကြ၏။
သို့သော် မူလကပင် မြေပြင်အနေအထား အားနည်းချက်ရှိသော သိုင်းဆရာသခင်များမှာ မီးတောက်မိစ္ဆာများ၏ ဒီရေအလားတိုက်ခိုက်မှုကို မနည်း ရုန်းကန်နေကြရ၏။
မဟာမီးတောက်မိစ္ဆာအချို့က သိုင်းဆရာသခင်များ၏တိုက်ခိက်မှုကိုဖြတ်ကျော်ကာ ပင်လယ်ရေနက်ကျောက်တောင်ကြီးထက်မှ မီးလျှံချောက်နက်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြသည်။
ဖူအန်းစုလက်ထဲမှ ဓားရောင်တစ်ချက်လင်းလက်သွားပြီး သက်တံ့တစ်စင်းအလား ပင်လယ်ပြင်ကို ဖြတ်သန်းသွားသည်။ ဓားချက်ဆင်းသက်လာသည်နှင့် ဂဏန်းပုံစံရှိသောမဟာမီးတောက်မိစ္ဆာကြီး၏ ခြေထောက်ကို ဖြတ်တောက်ပစ်လိုက်သည်။
ထိုမဟာမီးတောက်မိစ္ဆာကြီးက ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ၏ရင်ဘတ်မှ အပေါက်တစ်ပေါက်ပွင့်သွားကာ မီလျှံချောင်းများ ပစ်လွှတ်လိုက်ပြီး ဖူအန်းစု၏ ဓားအလင်းတန်းကို ပြိုကျပျက်ဆီးသွာစေသည်။
တစ်ချိန်တည်းမှာပင် နောက်ထပ် မဟာမီးတောက်မိစ္ဆာတစ်ယောက်က ဖူအန်းစုကို အနောက်ဘက်မှ ဝင်ရောက်တိုက်ခိုက်သည်။
ဖူအန်းစု၏ ဓားအလင်းတန်းက စက်ဝိုင်းသဏ္ဌန်လှည့်ပတ်သွားပြီး စက်ဝိုင်းထဲတွင် ကမ္ဘာသစ်ကိုဖွင့်လှစ်မည့် တံခါးတစ်ချပ်ဖြစ်တည်လာသည်။
မိုးမြေတစ်ခုလုံးကို စုပ်ယူနိုင်သည့်ဆွဲအားများ တံခါးအတွင်းမှ ထွက်ပေါ်လာပြီး မဟာမီးတောက်မိစ္ဆာအား သေလမ်းသို့ ဖိတ်ခေါ်လိုက်သည့်အလားပင်။
ပြင်းထန်ခမ်းနားသောဓားဝိညာဉ်ကြောင့် မဟာမီးတောက်မိစ္ဆာကြီး တုံ့ဆိုင်းသွားသည်။ သူက ထောင်ချောက်အတွင်း မဝင်ရောက်မိစေရန် သူ့ကိုယ်သူ ထိန်းချုပ်လိုက်၏။
ထို့နောက် မဟာမီးတောက်မိစ္ဆာကြီးက ဖူအန်းစု၏ ဓားချက်ကိုရှောင်တိမ်းပြီး ရန်ကျောက်ကဲနောက်သို့ လိုက်ပါသွားသည်။
ဖူအန်းစုက ဓားကိုဝှေ့ယမ်းရင်း ထိုသတ္တဝါကို တားဆီးရန် ဟန်ပြင်လိုက်စဉ် အခြား မဟာမီးတောက်မိစ္ဆာကြီးတစ်ယောက်က ဖူအန်းစုထံ ဝင်ရောက်တိုက်ခိုက်လာသည်။
“ယား...”
ဖူအန်းစုက ထိုတိုက်ကွက်ကိုရှောင်တိမ်းခြင်းမရှိသလို ခုခံခြင်းလည်းမရှိဘဲ တိုက်စစ်ကို တိုက်စစ်ဖြင့် ရင်ဆိုင်ရင်း ဓားဖြင့် ထိုးစိုက်ချလိုက်သည်။
မဟာမီးတောက်မိစ္ဆာကြီး၏လက်သည်းချက်ကြောင့် သူမခါးတွင်ဒဏ်ရာရသွားသလို သူမ၏ဓားသည်လည်း ထိုမီးတောက်မိစ္ဆာကြီး၏ ခန္ဓာကိုယ်အား ထိုးဖောက်ဝင်ရောက်သွားသည်။
ထို့နောက် မီးတောက်မိစ္ဆာများပိုမိုများပြားစွာ ရောက်ရှိလာပြီး ဖူအန်းစုနှင့် အခြားသိုင်းဆရာသခင်များကို ဖြတ်ကျော်ကာ ရန်ကျောက်ကဲရှိရာ မီးလျှံချောက်နက်ကြီးဆီသို့ လိုက်ပါသွားကြသည်။
ချောက်နက်ကြီးအဝင်ဝတွင် ရန်ကျောက်ကဲ မတ်တတ်ရပ်နေသည်။ သူက အမြင့်ဆုံးအဆင့် အာရုံစူးစိုက်နေသဖြင့် ယခုအချိန် ဓားတစ်လက်က သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်လာလျှင်ပင် ခုခံနိုင်မည် မဟုတ်ပေ။
သူ့စိတ်အာရုံက မီးလျှံများကြားမှ အနီရောင်စေတီငယ်ဆီသို့ စူးစိုက်နစ်မြုပ်နေသည်။
“အရင်ကတော့ ဒီရေခဲနဂါးကြီးကို တောင်ပေါ်ပြန်ယူသွားမလို့ပဲ ၊ အခုတော့ ငါ့အတွက်ပဲ အသုံးပြုရတော့မယ်”
အတွေးနှင့်အတူ ရန်ကျောက်ကဲ အသက်တစ်ချက် ရှူထုတ်လိုက်သည်။
“ဒါက ဖြုန်းတီးတာတော့ မဟုတ်ပါဘူး ၊ လိုအပ်လို့ လုပ်လိုက်ရတဲ့သဘောပါပဲ”
အစီအစဉ်ဆွဲပြီးသည့်နောက် ရန်ကျောက်ကဲက နောက်ထပ်အရိပ်ကျုံ့အိတ်တစ်ခုကို ဖွင့်လိုက်သည်။
ထိုအရိပ်ကျုံ့အိတ်ထဲမှ နဂါးအစစ်ရုပ်အလောင်းကို ချိတ်ပိတ်ထားသောရေခဲတိုင်လုံးကြီးနှင့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးထွက်ပေါ်လာသည်။ အပြင်ရောက်သည်နှင့် တိုင်လုံးကြီးနှစ်ခု၏ အရွယ်အစားက ချက်ချင်းကြီးမားလာ၏။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးက ရေခဲတိုင်လုံးကြီးကို ဖိနှိပ်ထားသည့်စွမ်းအားကို ရန်ကျောက်ကဲက ပြန်လည်ရုတ်သိမ်းလိုက်သည်နှင့် ရေခဲတိုင်လုံးကြီးက စတင်လှုပ်ရှားလာသည်။
ရန်ကျောက်ကဲက သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများကို တဟုန်ထိုးမြှင့်တင်လုက်ပြီး ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ကို ထုတ်ယူကာ လေးကြိုးကိုဆွဲလိုက်သည်။
လေးညှို့က တုန်ခါနေပြီး ခရမ်းရောင်လျှပ်စီးကြောင်းများက ချောက်နက်ကြီးအတွင်းမှ သွေးနီရောင်မီးတောက်များနှင့် ပေါင်းစပ်သွားပြီး မီးလျှံမြားတစ်စင်း ထွက်ပေါ်လာသည်။ ထိုမီးလျှံမြားက ရေခဲနဂါးရုပ်အလောင်းကြီးကို ချိတ်ပိတ်ထားသည့် ရေခဲတိုင်လုံးကြီးထံသို့ အရှိန်ပြင်းစွာ ဝင်ရောက်သွားသည်။
ရေခဲတိုင်လုံးကြီးအက်ကွဲသွားပြီး အတွင်းထဲရှိနဂါးအစစ်ရုပ်ခန္ဓာမှ နဂါးဟိန်းသံသဲ့သဲ့ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
သေဆုံးပြီးသားဖြစ်သော နဂါးကြီးက ပြန်လည်အသက်ဝင်လာခြင်း မရှိပေ။
သို့သော် နဂါးရုပ်အလောင်းကြီးထဲတွင် ကျန်ရှိနေသည့် ဝိညာဉ်စွမ်းအားများကြောင့် သက်ရှိနဂါးတစ်ကောင် လူ့လောကသို့ ရောက်လာသည့်ပမာ ခံစားရစေသည်။
တန်ခိုးစွမ်းအားမြင့်မားပြီး သြဇာလွှမ်းမိုးမှုများဖြင့်ပြည့်နက်နေသည့် နဂါးကြီးတစ်ကောင်ကို လူသားဖြစ်စေ ၊ မီးတောက်မိစ္ဆာဖြစ်စေ မည်သူမဆို နှစ်ကြိမ် လည်ပြန်လှည့်ကြည့်မိကြမည်သာပင်။
ထိုအချိန် ဖူအန်းစုကို လှည့်စားကာ ရန်ကျောက်ကဲနောက်သို့ လိုက်လာသော မဟာမီးတောက်မိစ္ဆာကြီးက ကြောက်မက်ဖွယ်ရာ အော်ဟစ်လိုက်ပြီး ရန်ကျောက်ကဲထံ တဟုန်ထိုးဝင်ရောက်လာသည်။
ရန်ကျောက်ကဲက ထို မဟာမီးတောက်မိစ္ဆာကြီးကို အရေးမစိုက်ဘဲ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးထက်သို့တက်ကာ ခြေနှစ်ဖက်လုံးဖြင့် အောက်သို့ ဆောင့်နင်းချလိုက်သည်။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်မှ ရောင်စဉ် (၇)မျိုး လင်းလက်လာပြီး တိုင်လုံးကြီး တစ်ချက်တုန်ခါသွားကာ ရေခဲနဂါးရုပ်အလောင်းကြီးကို အောက်ဘက်ရှိ မီးလျှံချောက်နက်ကြီးအတွင်း ကျဆင်းသွားစေသည်။
ရန်ကျောက်ကဲ၏ အေးစိမ့်ချောက်နက်အရံအတားက အနီရောင်စေတီငယ် တည်ရှိရာနေရာသို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် မည်သည့်သက်ရောက်မှုမှ ဖြစ်ပေါ်လာခြင်း မရှိပေ။
ရန်ကျောက်ကဲက ကောင်းကင်ဘုံနန်းတော်တိုင်လုံးကြီးထက် မတ်တတ်ရပ်ရင်း အဖြူရောင်ရေခဲအလင်းတိုင်ကိုးခုဖြင့် တည်ဆောက်ထားသော အစီအရင်အတွင်းသို့ ရေခဲနဂါးရုပ်အလောင်းကြီး ကျဆင်းသွားစေရန် ဖိအားပေးလိုက်သည်။
အစီအရင်အတွင်းကျရောက်သွားသည်နှင့် ရေခဲနဂါးရုပ်အလောင်းကြီးထံမှ ပီပြင်သည့် နဂါးဟိန်းသံကြီး ထွက်ပေါ်လာသည်။
အလွန်အမင်းအေးစက်သည့်စွမ်းအားတစ်ခုက ချက်ချင်းဆိုသလို ပျံ့နှံ့လာပြီး မီးလျှံချောက်နက်ကြီးအတွင်း အပူချိန်ကျဆင်းသွားသည်။
ချောက်နက်ကြီးအတွင်းမှ အပူချိန်ကျဆင်းသွားသည်နှင့် ရန်ကျောက်ကဲက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို ထိန်းချုပ်ရင်း ချောက်နက်အတွင်းသို့ ဆင်းသက်သွားသည်။
သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ တစ်ဖက်က အေးစိမ့်သောချီစွမ်းအား ၊ ကျန်လက်တစ်ဖက်က ပူလောင်သော ချီစွမ်းအား ၊ ‘ယင်’ နှင့် ‘ယန်’ ပေါင်းစည်းသွားပြီး အောက်ဘက်သို့ အဆက်မပြတ် ရိုက်ချလိုက်သည်။
ထိုအခါ အေးစိမ့်ချောက်နက်အရံအတားက သွေးနီရောင်စေတီရှိရာသို့ ကျဆင်းသွားပြီး ရေခဲနဂါးကြီးက ပြန်လည်အသက်ဝင်လာသည့်အလား စေတီငယ်ကို ရစ်ပတ်ထားလိုက်သည်။
ထိုခဏမှာပင် ရေခဲနဂါးကြီး၏ခန္ဓာကိုယ်က အပြာရောင်အလင်းနဂါးကြီးအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။
မဟာမီးတောက်မိစ္ဆာကြီးက အလျှော့မပေးဘဲ ရန်ကျောက်ကဲနောက်သို့ ဆက်လိုက်လာပြီး ချောက်နက်ကြီးအတွင်းသို့ လိုက်ပါဝင်ရောက်လာကာ ရန်ကျောက်ကဲ၏ဦးခေါင်းကို လက်သည်းဖြင့် ထိုးစိုက်ချလိုက်သည်။
သို့သော် ရန်ကျောက်ကဲက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးနှင့်အတူ အေးစိမ့်ချောက်နက်အရံအတား ဗဟိုချက်သို့ ရောက်ရှိသွားပြီး သွေးနီရောင်စေတီငယ်ထက်သို့ ခြေချဆင်းသက်လိုက်ပြီ ဖြစ်သည်။
သူက စေတီထိပ်ပိုင်းကို လက်သီးဖြင့် ထိုးစိုက်ချလိုက်ရာ ကြီးမားပြင်းထန်သည့် စွမ်းအားတစ်ခုထွက်ပေါ်လာပြီး မဟာမီးတောက်မိစ္ဆာကြီး၏ လက်သည်းချက်ကို ပိတ်ဆို့ထားလိုက်သည်။
မဟာမီးတောက်မိစ္ဆာကြီးက မကျေမနပ်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရန်ကျောက်ကဲက နဂါးတစ်ကောင်ကြုံးဝါးသံအလား ရှည်လျားသော ကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်ပြီး ကြယ်တာရာချီစွမ်းအားများ ထုတ်လွှတ်လိုက်ရာ သွေးနီရောင်စေတီငယ်သည် ချက်ချင်းပင် စတင်လှုပ်ခါလာလေတော့၏။