နောက်တစ်ကြိမ် ငြင်းပယ်ခြင်း
Vol. 27 Ch. 298
ရှေ့ရှိ သေတ္တာငယ်လေးကို ကြည့်ကာ ထန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။
သူငယ်ချင်းလား
ထျန်းဖူနန်းတော်ထဲတွင် သူ၏ သူငယ်ချင်းဆိုသည်မှာ တကယ်ပင် လက်ချိုးရေ၍ ရသည်။
နတ်သမီးလင်းလျို့ ကဲ့သို့သော အဆင့်အတန်းမျိုးနှင့် ထိတွေ့နိုင်သူဆိုလျှင် ပို၍ပင် နည်းပါးလှ၏။
ပထမဆုံးအနေဖြင့် မိုရှောင်းရှောင်း မှာ မဖြစ်နိုင်ပေ။ သူမအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် သူမကို နတ်သမီးလင်းလျို့ဘက်သို့ ပါစေချင်လျှင်ပင် ဤကဲ့သို့ ထူးဆန်းသော နည်းလမ်းကို အသုံးပြုမည် မဟုတ်ပေ။
သို့ဆိုလျှင် အခြား မည်သူ ရှိနိုင်ဦးမည်နည်း။
လူရိပ်နှစ်ခုမှာ သူ၏ ဦးနှောက်ထဲတွင် ပေါ်လာသည်။
လုချန်းကျီ နှင့် ဝမ်ကျိယွီ တို့ပင် ဖြစ်၏။
တစ်ယောက်က လျှို့ဝှက်ချက် ထားရသည်ကို ဝါသနာပါပြီး နောက်တစ်ယောက်ကတော့ ဟန် များသူ ဖြစ်သည်။
ထိုနှစ်ယောက်မှာ နတ်သမီးလင်းလျို့နှင့် ထိတွေ့နိုင်သော အခွင့်အရေး ရှိသူများ ဖြစ်သလို သူမနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
သို့သော် အဘယ်ကြောင့် လူကိုယ်တိုင် ထွက်မလာကြသနည်း။
ထန်ထျန်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နတ်သမီးလင်းလျို့ကို ကြည့်ကာ စကားဆိုလိုက်သည်။ "တကယ်တော့... ကျွန်တော် တော်တော်လေး ဝေခွဲမရ ဖြစ်နေတာပါ။ "
"နဂါးတံခါး စမ်းသပ်မှု မတိုင်ခင်တုန်းက မင်းရဲ့ လက်အောက်ငယ်သား တစ်ယောက်ကိုပဲ ကျွန်တော့်ဆီ တစ်ခါ လွှတ်ခဲ့ဖူးတယ်။"
" အဲဒီနောက် ကျွန်တော် ကောင်းကင်အဆင့် (၂) ရောက်သွားတုန်းကလည်း မင်းဘက်က ဘာအစီအစဉ်မှ ရှိမနေခဲ့ဘူး"
"ဘာဖြစ်လို့ အခုမှ ရောက်လာရတာလဲ။ "
"ကျွန်တော် နဂါးတံခါးမှာ ဘယ်လောက်အထိ ပြဿနာအကြီးကြီး ရှာခဲ့လဲဆိုတာ မင်း မသိလို့လား"
ဤမေးခွန်းကို ထန်ထျန်း အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်နေရသည်။
အကယ်၍ နတ်သမီးလင်းလျို့က သူ့ကို တကယ်ပင် အဖွဲ့ထဲ ဝင်စေချင်ပါက အကောင်းဆုံးအချိန်မှာ သူ နာမည်ကျော်စပြုလာသည့် ကောင်းကင်အဆင့် (၂) ရောက်ရှိချိန် ဖြစ်သင့်သည်။
ယခုအခါတွင်မူ သူက နဂါးကျွန်းကို ဖျက်ဆီးခဲ့သူ ဖြစ်သလို နန်းတော်၏ စီရင်ချက်အရ အကြွေးအမြောက်အမြား တင်နေသူလည်း ဖြစ်ရာ ပြဿနာပေါင်းစုံနှင့် ပတ်သက်နေသူ ဖြစ်သည်။
သာမန် ကျိုးကြောင်းဆီလျော်စွာ စဉ်းစားတတ်သူတိုင်းမှာ ဤအချိန်မျိုးတွင် သူ့ကို ရှောင်ကြဉ်ကြမည် ဖြစ်သော်လည်း နတ်သမီးလင်းလျို့မှာမူ ချက်ချင်းပင် ကိုယ်တိုင် ရောက်ရှိလာခဲ့သည်။
ဤကိစ္စမှာ မည်သို့မျှ ကျိုးကြောင်းမဆီလျော်ပေ။
"ရှင် ဘာကို သံသယဖြစ်နေလဲဆိုတာ ကျွန်မ နားလည်ပါတယ်"
နတ်သမီးလင်းလျို့က ဖြည်းညှင်းစွာ ရှင်းပြသည်။ "ရှင်က လူတော်တစ်ယောက်ဆိုတော့ ကျွန်မဘက်က ဟန်ဆောင်စကားတွေ ပြောမနေတော့ပါဘူး။ "
"တကယ်တော့ ရှင် နာမည်ကြီးလာကတည်းက ကျွန်မ ရှင့်ကို ခေါ်ဖို့ အစီအစဉ် ရှိခဲ့တာပါ။ "
"ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အချိန်တွေ ကြာသွားခဲ့ရတယ်။ ကျွန်မ ပြန်လုပ်ဖို့ ကြည့်တဲ့အချိန်မှာ ရှင်က လူအများကြီးရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့ အဓိကပုဂ္ဂိုလ် ဖြစ်သွားပြီမို့ ကိစ္စတွေက ခက်ခဲသွားခဲ့ရတယ်"
"ဒါပေမဲ့ အခု နဂါးတံခါး ကိစ္စ ဖြစ်ပြီးတဲ့နောက်မှာတော့ ဘယ်သူမှ ရှင့်ကို အလွယ်တကူ ခေါ်ရဲကြတော့မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ်။ "
"ဒါကြောင့် ဒါက အကောင်းဆုံး အချိန်ပါပဲ"
ထန်ထျန်း မေးစေ့ကို ပွတ်လိုက်မိသည်။
ဤရှင်းပြချက်မှာ ကျိုးကြောင်းဆီလျော်သလို ရှိသော်လည်း ဟာကွက် များစွာ ရှိနေ၏။
ကိစ္စတွေ ခက်ခဲလို့ လက်လျှော့လိုက်တယ် ဟုတ်လား။
တခြားသူတွေ မခေါ်ရဲတော့မှ မင်းက ခေါ်ရဲတာလား။
ဤစကားများမှာ ထန်ထျန်းကို ဆွဲဆောင်နိုင်ခြင်း မရှိပေ။
"ကျွန်တော့်ဆီက ပြဿနာတွေကို မင်း မကြောက်ဘူးလား"
ထန်ထျန်းက တိုက်ရိုက် မေးလိုက်သည်။
နတ်သမီးလင်းလျို့က ပြုံးရင်း "အမှန်အတိုင်း ပြောရရင် စိုးရိမ်တာတော့ ရှိတာပေါ့။"
" နဂါးကျွန်းကိစ္စကို ထားလိုက်ဦး၊ ရှင်နဲ့ စစ်နတ်ဘုရား နန်းတော် တို့ရဲ့ ပဋိပက္ခက ကျွန်မကို တော်တော်လေး တုံ့ဆိုင်းစေတယ်။ "
"ထျန်းယွမ် အင်မော်တယ်အရှင် ဆိုတာက ကိုင်တွယ်ရလွယ်တဲ့ လူစားမျိုး မဟုတ်ဘူးလေ။ "
"၎င်းအပြင် ရှင် နန်းတော်ကို ရောက်ကတည်းက လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် အခု လူအတော်များများက ရှင့်အပေါ် ရန်လိုနေကြတယ်"
"ကျွန်မတို့ဘက်မှာလည်း အခြေအနေတွေက သိပ်မဟန်ဘူး။ ဒီပြဿနာတွေ အကုန်လုံးကိုသာ ဆွဲသွင်းလိုက်မယ်ဆိုရင် ကိုင်တွယ်ရ တော်တော် ခက်ခဲသွားလိမ့်မယ်။ "
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့က နေရာတစ်ခုတည်းက လာတဲ့သူတွေ ဖြစ်သလို၊ ရှင့်ရဲ့ အဲဒီသူငယ်ချင်းကလည်း ဒီကိစ္စအတွက် အာမခံထားပါတယ်။"
" ရှင် မသိသေးတာက ရှင့်ရဲ့ အဲဒီသူငယ်ချင်းက တကယ်ကို ဩဇာအာဏာ ကြီးမားတဲ့သူပါ"
နတ်သမီးလင်းလျို့၏ စကားကို နားထောင်ရင်း ထန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဟန်ဆောင်စကားတွေ မပြောပါဘူးလို့ ဆိုထားပေမဲ့ ပြောနေသည်မှာ ဟန်ဆောင်စကားများသာ ဖြစ်၏။
နေရာတစ်ခုတည်းက လာရုံနှင့် ဤကဲ့သို့ သူ့ကို အကျပ်ကိုင်ချင်နေသလား။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ထျန်းက ခေါင်းခါလိုက်သည်။
"စိတ်မရှိပါနဲ့၊ ကျွန်တော့်မှာ အဲဒီလို အစီအစဉ် မရှိသေးပါဘူး။ "
"အကယ်၍ အဲဒီသူငယ်ချင်းဆိုတဲ့သူက ကျွန်တော့်ကို ဒါမျိုး လုပ်စေချင်တယ်ဆိုရင် သူကိုယ်တိုင်ပဲ လာခဲ့ပါ"
သူ ပြတ်သားစွာ ငြင်းပယ်လိုက်သည်။
ထန်ထျန်း၏ သဘောထားမှာ တင်းမာလာသည်ကို ခံစားမိသဖြင့် နတ်သမီးလင်းလျို့က သက်ပြင်းချကာ "အဲဒီသူငယ်ချင်းရဲ့ အဆင့်အတန်းက နည်းနည်း ထူးခြားနေလို့ လူကိုယ်တိုင် လာဖို့ အဆင်မပြေတာပါ။"
" ဘာကြောင့်လဲဆိုတာကိုတော့ ကျွန်မလည်း မသိဘူး။"
" ဒါပေမဲ့ ရှင်သာ သဘောတူမယ်ဆိုရင်တော့ သူ ကိုယ်တိုင် ရှင့်ကို ရှင်းပြပါလိမ့်မယ်"
ထန်ထျန်း မျက်လုံးများကို မှေးလိုက်မိ၏။
"ဒါက မင်းတို့ရဲ့ စေတနာလား"
သူ၏ စကားလုံးများတွင် လှောင်ပြောင်သံများ ပါဝင်လာခဲ့သည်။
နတ်သမီးလင်းလျို့လည်း ထိုအသံကို သိသွားသဖြင့် အမြန်ပင် ပြုံးကာ လက်ခါပြလိုက်သည်။ "မဟုတ်တာ၊ အဲဒီလို မဟုတ်ပါဘူး။ "
"ရှင် ချင်းယွဲ့ဂိုဏ်းမှာ ရှိတုန်းက ကိုယ်ပိုင် စီးပွားရေးတွေ ရှိခဲ့တယ်လို့ ကျွန်မ ကြားဖူးပါတယ်။"
" အခု ရှင်က နန်းတော်ကို ရောက်နေပြီဆိုတော့ ချင်းယွဲ့ဂိုဏ်းက ကုန်သွယ်ရေးအသင်းကို ရှင် ကိုင်တွယ်ဖို့ ခက်ခဲနေမှာပဲ"
"ရှင်သာ ကျွန်မတို့နဲ့ ပူးပေါင်းမယ်ဆိုရင် အဲဒီကုန်သွယ်ရေးအသင်းကို နန်းတော်ဆီ ပြောင်းရွှေ့လာဖို့အတွက် ကျွန်မ အပြည့်အဝ ကူညီပေးပါမယ်။"
" ကြုံတွေ့ရမယ့် ပြဿနာမှန်သမျှကိုလည်း ကျွန်မ အတတ်နိုင်ဆုံး ဖြေရှင်းပေးမယ်။ "
"ဒါကို ကျွန်မတို့ရဲ့ စေတနာလို့ ရှင် သတ်မှတ်နိုင်ပါတယ်"
ထိုစကားကို ကြားသောအခါ ထန်ထျန်း တိတ်ဆိတ်သွား၏။
ထျန်းရှထုန် ကုန်သွယ်ရေးအသင်း အကြောင်းကိုပင် သူမ သိနေသလား။
စဉ်းစားကြည့်လျှင် ကုန်သွယ်ရေးအသင်းမှာ လျှို့ဝှက်ချက် မဟုတ်တော့သဖြင့် စုံစမ်းလျှင် သိနိုင်ပေသည်။
၎င်းအပြင် အဲဒီသူငယ်ချင်းဆိုသူသာ ထိုနှစ်ယောက်ထဲက တစ်ယောက်ဖြစ်ပါက ထျန်းရှထုန်ရဲ့ အရှင်သခင်က ဘယ်သူလဲဆိုတာ သူတို့ သိကြပေလိမ့်မည်။
နတ်သမီးလင်းလျို့ ကမ်းလှမ်းသော အခြေအနေမှာ ဆွဲဆောင်မှုရှိသော်လည်း မလုံလောက်သေးပေ။
"နတ်သမီးလင်းလျို့က သတင်းတော်တော် စုံတာပဲနော်"
ထန်ထျန်းက အေးဆေးစွာ ပြောလိုက်သည်။ "ဒါဆိုရင် ကျွန်တော်နဲ့ မိုမိသားစုကြားက ပတ်သက်မှုကိုလည်း မင်း သိမှာပေါ့"
နတ်သမီးလင်းလျို့ ခဏမျှ မှင်တက်သွားပြီးမှ ခေါင်းညိတ်ပြသည်။ "အနည်းငယ်တော့ သိပါတယ်။ "
"ရှင်နဲ့ မိုမိသားစုရဲ့ တတိယသခင်မလေး မိုရှောင်းရှောင်း တို့က တော်တော်လေး ရင်းနှီးကြတယ် မဟုတ်လား"
ထန်ထျန်းက ခေါင်းညိတ်ကာ "ရင်းနှီးတာထက် ပိုပါတယ်၊ အနည်းဆုံးတော့ ယုံကြည်ရတဲ့ သူငယ်ချင်း တစ်ယောက်ပါ။"
" ဒါကြောင့် ကျွန်တော်သာ ကုန်သွယ်ရေးအသင်းကို နန်းတော်ဆီ ခေါ်ချင်တယ်ဆိုရင် ဘယ်သူက ပိုကောင်းတဲ့ မိတ်ဖက် ဖြစ်မလဲဆိုတာ မင်း သိမှာပါ"
နတ်သမီးလင်းလျို့ တစ်ယောက် ထန်ထျန်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။
အင်အားနှင့် ဩဇာအာဏာကို ယှဉ်မည်ဆိုလျှင် သူမနှင့် မိုမိသားစုမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှ၏။
ကုန်သွယ်ရေးအသင်းကြီး တစ်ခုလုံးကို နန်းတော်သို့ ခေါ်ဆောင်ရန် သူမအတွက် အချိန်နှင့် စွမ်းအင်များစွာ အကုန်ခံရမည် ဖြစ်သော်လည်း မိုမိသားစုအတွက်မူ စကားတစ်ခွန်း ပြောရုံနှင့် ကိစ္စပြတ်ပေသည်။
၎င်းအပြင် သူမနှင့် ထန်ထျန်းကြားရှိ ပတ်သက်မှုမှာ ချင်းယွဲ့ဂိုဏ်းသားချင်း ဖြစ်ရုံမှလွဲ၍ ဘာမှမရှိပေ။ အဲဒီ "သူငယ်ချင်း" ဆိုသူကလည်း လျှို့ဝှက်ထားဆဲ ဖြစ်သည်။
မိုရှောင်းရှောင်းမှာမူ ထန်ထျန်း ပြောသကဲ့သို့ "ယုံကြည်ရသော" သူငယ်ချင်း ဖြစ်သည်။
ဦးနှောက် ပုံမှန်ရှိသူတိုင်းမှာ မိုရှောင်းရှောင်းကိုသာ ရွေးချယ်ကြမည် ဖြစ်သည်။
ထန်ထျန်း၏ အေးစက်သော အကြည့်ကို မြင်ရုံနှင့် ဤကိစ္စကို ဆက်ပြော၍ မရတော့မှန်း နတ်သမီးလင်းလျို့ သိသွားသည်။
နဂါးတံခါး ဘေးအန္တရာယ်ကြောင့် ထန်ထျန်း စိတ်ဓာတ်ကျနေမည်ဟု ထင်ကာ စည်းရုံးရန် လွယ်ကူလိမ့်မည်ဟု သူမ တွေးခဲ့မိခြင်း ဖြစ်၏။
သို့သော် ထန်ထျန်း၏ တည်ငြိမ်မှုမှာ သူမ ထင်ထားသည်ထက် ပိုနေခဲ့သည်။
တာအိုကျောက်စိမ်း ဘီလီယံ တစ်ရာ အကြွေးတင်နေတာတောင် ဤမျှ တည်ငြိမ်နိုင်သူ ရှိပါသလား။
ကိစ္စမပြေလည်တော့သဖြင့် နတ်သမီးလင်းလျို့ သက်ပြင်းချကာ မတ်တတ်ရပ်လိုက်သည်။
"ဒါဆိုလည်း ကျွန်မ မနှောင့်ယှက်တော့ပါဘူး။"
" ဒါပေမဲ့ နောင်တစ်ချိန်မှာ အကူအညီ လိုအပ်လာခဲ့ရင် ကျွန်မဆီကို အချိန်မရွေး လာနိုင်ပါတယ်။ "
"ချင်းယွဲ့နန်းတော် ရဲ့ တံခါးက ရှင့်အတွက် အမြဲတမ်း ဖွင့်ထားမှာပါ"
နတ်သမီးလင်းလျို့က ပြော ကာ ချက်ချင်းပင် ထွက်သွားတော့သည်။
"ဒီလက်ဆောင်ကိုလည်း ပြန်ယူသွားပေးပါ"
ထန်ထျန်းက ပြော လိုက်သည်။
ထိုသူငယ်ချင်းဆိုသူက လူကိုယ်တိုင် မလာချင်မှတော့ ကိစ္စမပြေလည်သရွေ့ သူ၏ အဆင့်အတန်းကိုလည်း ထန်ထျန်း မသိချင်ပေ။
လူကြီးလူကောင်းချင်း ပေါင်းသင်းမှုက ရေလို အေးမြနေဖို့ပဲ လိုသည် မဟုတ်လား။
ခဏအကြာတွင် ထန်ထျန်းက နတ်သမီးလင်းလျို့ကို လိုက် ပို့ပေးပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ ငွေရောင် ဝိုင်တစ်ခွက်ကို ဖြည်းဖြည်းချင်း သောက်လိုက်လေသည်။