← Chapters

ဟင်းလင်းပြင် ခေါင်းလောင်းကြီး ရူးသွားပြီ

Vol. 27 Ch. 289

ဟင်းလင်းပြင် ခေါင်းလောင်းကြီး ရူးသွားပြီ

Vol. 27 Ch. 289

နဂါးတံခါးမှ ကိုးကြိမ်မြောက် ခေါင်းလောင်းသံကို ကိုယ်တိုင်ကြားလိုက်ရသည့်အခါ ထန်ထျန်းက ထိုလျှို့ဝှက်ဆန်းပြားပြီး ကြီးကျယ်ခမ်းနားသော အသိစိတ်ကြီးကို အနီးကပ် မြင်တွေ့လိုက်ရသည်။

၎င်းမှာ ဝေဝါးသော ပုံရိပ်တစ်ခုဖြစ်ပြီး ထူးဆန်းသော ကမ္ဘာတစ်ခုအတွင်း ရပ်တည်နေခြင်း ဖြစ်သည်။

၎င်းက ထန်ထျန်းကို ဖြည်းညှင်းစွာ လက်ယမ်းပြနေပုံရ၏။

ထိုကမ္ဘာက ထန်ထျန်းကို အလွန်ရင်းနှီးသော ခံစားချက်မျိုး ပေးစွမ်းနေသည်။

"နိယာမကမ္ဘာ လား"

ထန်ထျန်း မှင်တက်သွားမိသည်။

အရင်က သူသည် "တာအိုသားတော်" နှင့် "ဟင်းလင်းပြင်သားတော်" ပါရမီများကို လဲလှယ်စဉ်က အလွန်ထူးခြားသော ကမ္ဘာတစ်ခုသို့ ရောက်ဖူးသည်။

ထိုကမ္ဘာတွင် နိယာမများမှလွဲ၍ အခြားဘာမျှ မရှိပေ။

ယခု လျှို့ဝှက်ဆန်းပြားသော အသိစိတ်ကြီး ရှိနေသည့်နေရာမှာလည်း ထိုနိယာမကမ္ဘာအတွင်း၌ ဖြစ်သည်။

ယခင်က မြင်ခဲ့ရသော မြင်ကွင်းများနှင့် ဆက်စပ်တွေးတောကြည့်ရင်း ထန်ထျန်းက ဤဖြစ်စဉ်ကို အကြမ်းဖျင်း သဘောပေါက်သွားသည်။

ကြယ်အလင်းတန်းများမှာ "မွေးရာပါသားတော်" နှင့် သက်ဆိုင်သည်။

ကြယ်စင်မြစ်မှာ "ကံကြမ္မာသားတော်" နှင့် သက်ဆိုင်သည်။

ကျယ်ပြောသော ကြယ်တာရာကောင်းကင်မှာ "ကံကြမ္မာကမ္ဘာဦးသားတော်" နှင့် သက်ဆိုင်သည်။

ဟင်းလင်းပြင် စကြာဝဠာမှာ "ကံကြမ္မာနတ်ဘုရားသားတော်" နှင့် သက်ဆိုင်သည်။

ယခု မြင်တွေ့နေရသော တာအိုကို ကိုယ်စားပြုသည့် နိယာမကမ္ဘာအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ပါက ၎င်းမှာ "တာအိုသားတော်" အဖြစ် ခေါင်းလောင်းသံ အစဉ်ထာဝရ မြည်ဟည်းခြင်းနှင့် သက်ဆိုင်ပေလိမ့်မည်။

ဒါဆိုလျှင် "ဟင်းလင်းပြင်သားတော်" ကရော မည်သည့်အရာနှင့် သက်ဆိုင်မည်နည်း။

စပ်စုလိုသော စိတ်ဖြင့် ထန်ထျန်းက နိယာမကမ္ဘာအတွင်းရှိ ထိုပုံရိပ်ဆီသို့ လျှောက်သွားလိုက်သည်။

မမြင်ရသော အတားအဆီးတစ်ခုကို ဖြတ်ကျော်ပြီးနောက် ထန်ထျန်းက ထိုထူးဆန်းသော ကမ္ဘာအတွင်းသို့ တတိယအကြိမ်မြောက် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင် ခေါင်းလောင်းကြီးမှာ ထပ်မံ မြည်ဟည်းလာတော့သည်။

"ခေါင်းလောင်းသံ အစဉ်ထာဝရ မြည်ဟည်းခြင်း"

ဆယ်ကြိမ်မြောက် ခေါင်းလောင်းသံ ထွက်ပေါ်လာသည့်အခါ လူတိုင်းမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

"ဘုရားရေ... ဒီနေ့က ဘယ်လိုနေ့မျိုးလဲ။ အရင်က လော့ရှီးက အဆုံးစွန်ထိ ရောက်သွားတယ်၊ အခု ထန်ထျန်းကလည်း ထပ်ရောက်ပြန်ပြီ"

"ငါ့မိသားစုထဲက လူကြီးတွေ ပြောတာ ကြားဖူးတယ်၊ ခေါင်းလောင်းသံ အစဉ်ထာဝရ မြည်ဟည်းနိုင်တဲ့သူ ပေါ်ခဲ့တာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတဲ့။ ဒါပေမဲ့ ဒီနေ့မှာတင် နှစ်ယောက်တောင် ပေါ်လာတယ်"

"ဒီတစ်ခေါက် လာရတာ တကယ်တန်တယ်။ သမိုင်းဝင် အခိုက်အတန့်ကို မျက်မြင်တွေ့လိုက်ရတာပဲ"

"နောင်တစ်ချိန် အိုမင်းလာရင်တောင် မြေးတွေကို ဒီနေ့အကြောင်း ပြန်ပြောပြလို့ ရပြီ"

တပည့်များမှာ အော် ပြော နေကြတော့သည်။

ထန်ထျန်းအပေါ် သံသယရှိခဲ့သော အသံများမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နဂါးတံခါး၏ အခြားတစ်ဖက်ရှိ စမ်းသပ်မှု ပြီးဆုံးသွားသော တပည့်များအားလုံးလည်း မတ်တပ်ရပ်လိုက်ကြသည်။

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က စူးစိုက်ကြည့်နေပြီး သူ၏ မာန်ပါသော မျက်လုံးများထဲတွင် အဆုံးမရှိသော တိုက်ခိုက်လိုစိတ်များ ယိုဖိတ်နေ၏။

မိန်းကလေး လော့ရှီးကမူ တိုးတိုးလေး ရယ်မောလိုက်သည်။ "ရှင်က ဒီလောက်နဲ့ မပြီးဘူးဆိုတာ ကျွန်မ သိနေသားပဲ"

"ဟမ်... နောက်ဆိုရင် ရှင် သေချာပေါက် ရှန်းယွမ် စင်မြင့် ကို ရောက်လာမှာပဲ။ အဲဒီကျရင် ကျွန်မ တို့ အနက်ရှိုင်းဆုံးအထိ ဖလှယ်ဖို့ အချိန်တွေ အများကြီး ရှိတာပေါ့"

သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ သိသိသာသာ ပေါ်လွင်နေသည်။

နောက်ဆုံးတော့ ပြိုင်ဘက်ကောင်းတစ်ယောက် တွေ့ပြီ မဟုတ်လား။

ကောင်းကင်ယံရှိ အကြီးအကဲများမှာလည်း အဆက်မပြတ် ချီးကျူးနေကြသည်။

"မယုံနိုင်စရာပဲ၊ တစ်ရက်တည်းမှာတင် အစဉ်ထာဝရ မြည်ဟည်းနိုင်တဲ့ ပါရမီရှင် နှစ်ယောက်တောင် ပေါ်လာတာပဲ။ ထျန်းဖူနန်းတော်ရဲ့ သမိုင်းတစ်လျှောက်မှာတောင် ဒီလို ခမ်းနားတဲ့ အခြေအနေမျိုး ရှိခဲ့ဖူးမှာ မဟုတ်ဘူး"

"ဟုတ်ပါ့၊ အရင်က လန်တင်း အင်မော်တယ်အရှင်ရဲ့ ဆုံးဖြတ်ချက်ကို သံသယဝင်နေတဲ့သူတွေလည်း အခုဆိုရင် ဘာမှ မပြောရဲတော့ဘူး ထင်တယ်"

"ရှန်းယွမ် စင်မြင့်၊ နောက်ပြီးတော့ အနာဂတ်ရဲ့ မြင့်မြတ် သားတော် ရာထူးမှာ သူ သေချာပေါက် တစ်နေရာ ရဦးမှာပဲ"

လူများက အသီးသီး ပြောနေကြသည်။

ထို့နောက် အင်မော်တယ်အရှင် တစ်ဦးက လန်တင်း အင်မော်တယ်အရှင်ကို ပြုံးကာ မေးလိုက်သည်။ "အရှင်ချီ က ထန်ထျန်းရဲ့ ထူးခြားမှုကို ကြိုမြင်လို့ ဒီလို ဆုံးဖြတ်ခဲ့တာလား"

လန်တင်း အင်မော်တယ်အရှင်က ပြုံး၍ "တောင်ကိုးလုံး စမ်းသပ်ပွဲမှာတုန်းကတော့ အချို့ကို မြင်ခဲ့ရတယ်။"

" အဲဒီတုန်းက သူက အစစ်အမှန် အင်မော်တယ် အဆင့်ပဲ ရှိသေးပေမဲ့ သူ သုံးတဲ့ နည်းလမ်းတွေက နိယာမအောက်မှာ အစွမ်းကုန် ရောက်နေပြီ။"

" ဒါကြောင့် သူက ရှန်းယွမ် စင်မြင့်ကို တက်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ငါ ယူဆခဲ့တာ။ "

"ဒါပေမဲ့ သူက ဒီလောက်အထိ ထူးထူးခြားခြား ထုတ် ပြနိုင်လိမ့်မယ်လို့တော့ ငါလည်း မထင်ထားခဲ့ဘူး"

လူတိုင်းမှာ သက်ပြင်းချမိကြသည်။

အမှန်ပင်၊ ယနေ့မတိုင်မီအထိ ထန်ထျန်းကို အမြင့်ဆုံး ခန့်မှန်းထားသူပင်လျှင် သူက ဤကဲ့သို့ အဆုံးစွန်သော အောင်မြင်မှုကို ရရှိလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

လူအုပ်ထဲရှိ မိုရှောင်းရှောင်းက အသာအယာ သက်ပြင်းချလိုက်ပြီးနောက် ပြုံးလိုက်သည်။ "သူ့အတွက် ကျွန်မ အလကား စိုးရိမ်နေခဲ့တာပဲ။"

" ကျွန်မ တို့ မိုမိသားစုထဲ ဝင်လာအောင်လည်း နည်းမျိုးစုံနဲ့ ဆွဲဆောင်ခဲ့သေးတယ်။ "

"တကယ်တော့ သူက အကုန်လုံး ပြင်ဆင်ပြီးသားပဲ။"

" ခေါင်းလောင်းသံ အစဉ်ထာဝရ မြည်ဟည်းဖို့ဆိုတာ သူ့အတွက် မခက်ခဲဘူးပဲ။ "

"အခုတော့ ကျွန်မ စိတ်အေးသွားပါပြီ"

သူမ၏ စကားများထဲတွင် စိတ်ပေါ့ပါးသွားသည့် အမူအရာများ ပြည့်နှက်နေ၏။

သူမ၏ စကားကို ကြားသောအခါ ဘေးရှိ ပဉ္စမမြောက် အင်မော်တယ်အရှင်က ပြောလိုက်သည်။ "မင်းက နှမြောစရာကောင်းတယ်လို့ မထင်ဘူးလား။ "

"ဒီလို ထူးခြားတဲ့ ပါရမီရှင်ကို အဲဒီအချိန်မှာ ဆွဲဆောင်မထားနိုင်ခဲ့တာ၊ နောက်ဆိုရင် ပိုခက်သွားလိမ့်မယ်။ "

"ဟို အဘိုးကြီးတွေက သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး"

မိုရှောင်းရှောင်းက ပုခုံးတွန့်ပြကာ "ကျွန်မ သူ့ကို စည်းရုံးတာက သူ့ကို ကာကွယ်ပေးချင်လို့ပါ။"

" အခု သူက ဘေးကင်းသွားပြီဆိုတော့ သူ ဘယ်သွားသွား ပေါ့ ။ "

"ဘာပဲဖြစ်ဖြစ် ကျွန်မက သူနဲ့ အစောဆုံး ခင်မင်ခဲ့တယ့်သူပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် မရှုံးပါဘူး"

ပဉ္စမမြောက် အင်မော်တယ်အရှင်က ရယ်မောရင်း "မင်းကတော့ တကယ်ကို စိတ်သဘောထား ကြီးတာပဲ။"

" ဒါပေမဲ့ အချို့လူတွေကတော့ အိပ်ပျော်နိုင်တော့မှာ မဟုတ်ဘူး"

သူ၏ အကြည့်မှာ အခြားတစ်ဖက်မှ အင်မော်တယ်အရှင် ထျန်းယွမ်ထံသို့ ရောက်သွားသည်။

လက်ရှိတွင် ထျန်းယွမ်၏ မျက်နှာမှာ အရမ်း မည်းမှောင်နေ၏။

ဆက်တိုက် ထွက်ပေါ်နေသော ခေါင်းလောင်းသံများမှာ လက်ဝါးနှင့် ရိုက်နေသကဲ့သို့ သူ၏ မျက်နှာကို အချက်ပေါင်းများစွာ ဖြတ်ရိုက်နေသကဲ့သို့ပင်။

ဘာကြောင့်လဲဆိုတော့ ယခုအခါတွင် သူက ထန်ထျန်းကို သူ့စိတ်ကြိုက် နှိပ်ကွပ်ရန် မည်သို့မျှ မဖြစ်နိုင်တော့သောကြောင့် ဖြစ်သည်။

ခေါင်းလောင်းသံများမှာ ဆက်လက် မြည်ဟည်းနေဆဲ ဖြစ်သည်။

လန်တင်း အင်မော်တယ်အရှင်ကတော့ လောလောဆယ် ဘာမှ မလုပ်သေးပေ။ ဤအချိန်မှာ ထိပ်တန်းပါရမီရှင်အတွက် ဂုဏ်ပြုသော အချိန်ဖြစ်သောကြောင့်ပင်။

သို့သော် ခဏအကြာတွင် သူက မျက်မှောင်ကြုတ်လိုက်မိသည်။

ဘာကြောင့်လဲဆိုတော့ နဂါးတံခါးထိပ်ရှိ ဟင်းလင်းပြင် ခေါင်းလောင်းကြီးမှာ တစ်ခုခု... မူမမှန် ဖြစ်လာနေသောကြောင့်ပင်။

နိယာမကမ္ဘာအတွင်း၌

ထန်ထျန်းက အတွင်းသို့ ဝင်လာပြီးနောက် ထိုလျှို့ဝှက်ဆန်းကြယ် သော ပုံရိပ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် သူ မထင်ထားသည်မှာ ထိုပုံရိပ်က သူနှင့် အလွန်ဝေးကွာသော နေရာတွင် ရှိနေသေးပြီး အရင်အတိုင်းပင် ဝေဝါးနေဆဲ ဖြစ်သည်။

ထို့ပြင် ၎င်း၏ အသိစိတ်မှာ သူ့ကို ရှေ့သို့ ဆက်လက် လာရန် လမ်းပြနေသကဲ့သို့ပင်။

ထန်ထျန်းက အသာအယာ ခေါင်းညိမ့်လိုက်မိသည်။

အမှန်ပင်၊ စမ်းသပ်မှုက မပြီးဆုံးသေးပေ။

"တာအိုသားတော်" မှာ နိယာမကမ္ဘာအတွင်း ခဏတာ နေထိုင်နိုင်ရုံသာ ရှိသည်။

"ဟင်းလင်းပြင်သားတော်" သာလျှင် ဤနိယာမကမ္ဘာအတွင်း လွတ်လပ်စွာ လျှောက်လှမ်းနိုင်သည့် စွမ်းရည်ရှိသည်။

"ကောင်းပြီလေ၊ ဒါဆို မင်းက ဘယ်လိုအရာလဲဆိုတာ ငါ ကြည့်လိုက်ရအောင်"

ထန်ထျန်းက အဆုံးမရှိသော နိယာမများကို ဖြတ်ကျော်ကာ ထိုပုံရိပ်ဆီသို့ အရှိန်အဟုန်ဖြင့် သွားလိုက်သည်။

အပြင်ဘက်၌

"အရှင်ချီ ၊ အဆုံးသတ်သင့်ပြီ မဟုတ်လား"

တစ်စုံတစ်ဦးက ပြောလိုက်သည်။

ခေါင်းလောင်းသံ အစဉ်ထာဝရ မြည်ဟည်းခြင်းက တော်တော်လေး ကြာနေပြီဖြစ်သဖြင့် ဆက်လက် မြည်နေပါက နောက်ထပ် အစီအစဉ်များကို ထိခိုက်နိုင်သောကြောင့် ဖြစ်သည်။

သို့သော် လန်တင်း အင်မော်တယ်အရှင်က ဘာမှ ပြန်မပြောပေ။

သူ၏ လက်ထဲတွင် အသေးစား ဟင်းလင်းပြင် ခေါင်းလောင်းတစ်ခုကို ကိုင်ထားသည်။

အရင်က လော့ရှီး၏ စမ်းသပ်မှုကို အဆုံးသတ်စဉ်ကလည်း သူက ဤခေါင်းလောင်းငယ်လေးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ပြဿနာ အချို့ ပေါ်လာခဲ့သည်။

လက်ထဲရှိ ခေါင်းလောင်းငယ်လေးမှာ အကြောင်းရင်းမရှိဘဲ အလွန်အမင်း ပူလာခြင်း ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးမှာ တစ်ခါမျှ မဖြစ်ဖူးခဲ့ပေ။

နဂါးတံခါးအတွင်းမှာ ဘာတွေ ဖြစ်နေသနည်း။

လန်တင်း အင်မော်တယ်အရှင်က မျက်မှောင်ကြုတ်ရင်း ခဏ ထပ်စောင့်ရန် ပြင်လိုက်သည်။

နိယာမကမ္ဘာအတွင်း၌

ထန်ထျန်းက ဤကမ္ဘာအတွင်း၌ မည်သည့် ကန့်သတ်ချက်မျှ မရှိသဖြင့် သူ၏ အမြန်နှုန်း မှာ အလွန်မြန်ဆန်လှသည်။

လက်ဖက်ရည်တစ်ခွက် သောက်စာလောက် အချိန်အတွင်းမှာပင် သူက ရှေ့မှ လျှို့ဝှက်ဆန်းကြယ် သော ပုံရိပ်ကို လိုက်မှီသွားခဲ့သည်။

နောက်ဆုံးတွင် အလင်းတန်းများ စုစည်းရာ နေရာ၌ ထိုပုံရိပ်၏ စစ်မှန်သော မျက်နှာစာကို မြင်လိုက်ရသည်။

"ခေါင်းလောင်းကြီး တစ်လုံးလား"

ထန်ထျန်းက အံ့သြသော အမူအရာကို မဖုံးကွယ်နိုင်တော့ပေ။

သူက တစ်ဖက်လူမှာ လူပုံစံ တစ်ခုခု ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းတွင် ခေါင်းလောင်းကြီး တစ်လုံးသာ ဖြစ်နေခဲ့သည်။

ထို့ပြင် ၎င်းမှာ နဂါးတံခါးပေါ်ရှိ ဟင်းလင်းပြင် ခေါင်းလောင်းကြီးနှင့် တစ်ပုံစံတည်း ဖြစ်နေ၏။

သို့သော် ကွာခြားချက်မှာ ဤခေါင်းလောင်းကြီးမှာ ပို၍ သက်ဝင်လှုပ်ရှားနေခြင်း ဖြစ်သည်။

ထိုကြီးကျယ်သော အသိစိတ်ကြီးမှာ ၎င်း၏အတွင်း၌ ရှိနေပုံရသည်။

"လာပါ..."

ရုတ်တရက်ဆိုသလို လျှို့ဝှက်ဆန်းကြယ် သော အသံတစ်ခု ထန်ထျန်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ထို့နောက် ဟင်းလင်းပြင် ခေါင်းလောင်း၏ မျက်နှာပြင်မှ နူးညံ့သော အလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုအငွေ့အသက်မှာ အလွန်ရင်းနှီးလှပြီး ထန်ထျန်းကို အနီးသို့ လာရန် လမ်းပြနေ၏။

မည်သည့် အန္တရာယ်မျှ မရှိကြောင်း သိလိုက်ရသည့်အခါ ထန်ထျန်းက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ဟင်းလင်းပြင် ခေါင်းလောင်းရှေ့သို့ ရောက်သွားသည်။

ကြေးနီရောင် မျက်နှာပြင်မှာ ရှေးကျသော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။

ထိုအလင်းဖျော့ဖျော့များအတွင်း၌ အဆုံးမရှိသော ဖန်တီးမှု စွမ်းအားများ ကိန်းအောင်းနေပုံရသည်။

ထန်ထျန်းက ဖြည်းညှင်းစွာ လက်ကို ဆန့်ထုတ်လိုက်ပြီး ၎င်း၏ မျက်နှာပြင်ကို ထိတွေ့လိုက်သည်။

တစ်ချိန်တည်းမှာပင် အပြင်ဘက်၌

လန်တင်း အင်မော်တယ်အရှင်၏ လက်ထဲရှိ ခေါင်းလောင်းငယ်လေးမှာ ပို၍ ပို၍ ပူလာသည်။

သူကဲ့သို့သော အင်မော်တယ်အရှင် တစ်ဦးပင်လျှင် ဆက်လက် ကိုင်ထားရန် ခက်ခဲလာတော့သည်။

"ဒါက..."

သူက ရှေးကျသော ဒဏ္ဍာရီတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။

ထို့နောက် သူ၏ အံ့သြနေသော အကြည့်အောက်တွင် ခေါင်းလောင်းငယ်ပေါ်၌ တာအိုစာသား နှစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။

အကယ်၍ လက်ရှိ စာသားများဖြင့် ပြန်ဆိုမည်ဆိုလျှင် ထိုစာသားနှစ်ခုမှာ အမည်တစ်ခုကို ကိုယ်စားပြုနေသည်။

"ထန်ထျန်း"

လန်တင်း အင်မော်တယ်အရှင်မှာ အံ့သြမှုကို မထိန်းနိုင်ဘဲ လက်များပင် တုန်ရင်လာတော့သည်။

ဘာကြောင့်လဲဆိုတော့ ထိုစာသားနှစ်ခုက ဘာကို ဆိုလိုသလဲဆိုသည်ကို သူ ကောင်းကောင်း သိထားသောကြောင့် ဖြစ်သည်။

သို့သော် သူ အလွန်အမင်း စိတ်လှုပ်ရှားနေစဉ်မှာပင် ခေါင်းလောင်းသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။

နောက်တစ်ခဏတွင် အလွန်တရာ မြန်ဆန်လှသော ခေါင်းလောင်းသံများမှာ လောကအနှံ့ ဟိန်းထွက်လာတော့သည်။

"ဒေါင်ဒေါင်ဒေါင်........."

ဟင်းလင်းပြင် ခေါင်းလောင်းကြီးမှာ တကယ်ပင် ရူးသွားသကဲ့သို့ မရပ်မနား ဆက်တိုက် မြည်ဟည်းနေတော့သည်။

တစ်ချိန်တည်းမှာပင် နိယာမကမ္ဘာအတွင်း၌

ကြီးမားသော ဟင်းလင်းပြင် အာကာသတွင်းနက် ကြီးတစ်ခုမှာ ထန်ထျန်းနှင့် ဟင်းလင်းပြင် ခေါင်းလောင်းကြီး၏ ဘေး၌ အလိုအလျောက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

All Chapters