ဆုံးဖြတ်ချက်ချ ခြင်း
Vol. 27 Ch. 295
မှောင်မည်းနေသော အခန်းငယ်တစ်ခုအတွင်း၌
လန်တင်း အင်မော်တယ်အရှင်၏ စွမ်းအားဖြင့် ထန်ထျန်းက နန်းတော် ကြီးအတွင်းမှ ဤနေရာသို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
အခန်းထဲတွင် ထန်ထျန်းနှင့် လန်တင်း အင်မော်တယ်အရှင် နှစ်ဦးတည်းသာ မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
"မင်း ဟင်းလင်းပြင် ခေါင်းလောင်းကို ထိမိခဲ့တာ သေချာလား"
ရှေ့မှ ထန်ထျန်းကို ကြည့်ကာ လန်တင်း အင်မော်တယ်အရှင်က တိုက်ရိုက် မေးလိုက်သည်။
ထန်ထျန်းက သူ့ကို ဘာကြောင့် ဤနေရာသို့ ခေါ်လာမှန်း မသိသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော် ထိမိခဲ့ပါတယ်။ "
"အဲဒီက ထွက်ပေါ်လာတဲ့ အလင်းတန်းတွေက အံ့သြဖို့ကောင်းတဲ့ ဖန်တီးမှာ စွမ်းအားတွေနဲ့ ပြည့်နှက်နေတာ။"
" အဲဒီနေရာအထိ ရောက်အောင် လာနိုင်ခဲ့တဲ့အတွက် ကျွန်တော့်ကို ပေးတဲ့ ဆုလာဘ်လို့ပဲ ထင်ပါတယ်"
သူက အမှန်အတိုင်း ပြောလိုက်သည်။
ထန်ထျန်း၏ စကားကို ကြားသောအခါ လန်တင်း အင်မော်တယ်အရှင်သည် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်၏။
"ဒါဆိုရင်တော့ ဟုတ်နေပြီပဲ"
၎င်းနောက် သူ ခဏမျှ တိတ်ဆိတ်သွားပြီးမှ ထန်ထျန်းကို ကြည့်ကာ မေးလိုက်သည်။
"ဟင်းလင်းပြင် ခေါင်းလောင်းကို ထိတွေ့မိတယ်ဆိုတာ ဘာကို ဆိုလိုတယ်ဆိုတာ မင်း သိသလား"
ထန်ထျန်းက ခေါင်းခါပြလိုက်သည်။
ဤကိစ္စက ဘာကို ဆိုလိုမှန်း သူ တကယ်ပင် မသိပေ။
လန်တင်း အင်မော်တယ်အရှင်က ပြုံးရင်း ခေါင်းခါလိုက်ပြီး "မသိတာလည်း မဆန်းပါဘူး။ "
"တကယ်တော့ ထျန်းဖူနန်းတော် တစ်ခုလုံးမှာ ဒီအကြောင်းကို သိတဲ့သူက လက်ချိုးရေလို့ ရတယ်။ "
"ဘာလို့လဲဆိုတော့ ထျန်းဖူနန်းတော် စတင် တည်ထောင်ကတည်းက ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးလို့ပဲ"
လန်တင်း အင်မော်တယ်အရှင်၏ ရှင်းပြချက်အရ ထန်ထျန်းက အခြေအနေအချို့ကို နားလည်သွားခဲ့သည်။
နဂါးတံခါး စမ်းသပ်မှုတွင် ခေါင်းလောင်းသံ အဆက်မပြတ် မြည်ခြင်းအပြင် ၎င်းထက် ပိုမိုမြင့်မားသော အောင်မြင်မှုတစ်ခု ရှိသေး၏။
၎င်းမှာ နဂါးတံခါး၏ အမြင့်ဆုံး အောင်မြင်မှု ဖြစ်သည့် "ဟင်းလင်းပြင် ထင်ရှားခြင်း" ပင် ဖြစ်သည်။
အကယ်၍ ခေါင်းလောင်းသံ အဆက်မပြတ် မြည်ခြင်းက ထိုကျင့်ကြံသူက အင်မော်တယ်ဧကရာဇ်အဆင့်ထက် ကျော်လွန်မည်ဟု အာမခံနိုင်ပါက "ဟင်းလင်းပြင် ထင်ရှားခြင်း" ကမူ ထိုကျင့်ကြံသူက နောင်တစ်ချိန်တွင် ဘေးအန္တရာယ် မကြုံခဲ့လျှင် သက်ရှိအားလုံး၏ ထိပ်ဆုံးသို့ ရောက်ရှိကာ သတ္တဝါအားလုံးကို ငုံ့ကြည့်နိုင်သည့် တကယ့် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီး ဖြစ်လာမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
၎င်းမှာ မည်ကဲ့သို့သော အဆင့်မျိုးလဲဆိုသည်ကို လန်တင်း အင်မော်တယ်အရှင်ပင် ရှင်းပြနိုင်စွမ်း မရှိပေ။
သူ၏ အဆိုအရ "ငါကိုယ်တိုင်လည်း အဲဒီလို အဆင့်မျိုးကို ထိတွေ့ဖို့ အရည်အချင်း မပြည့်သေးဘူး"
သို့သော် ထန်ထျန်းမှာမူ ထိုအမြင့်ဆုံး အောင်မြင်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
အနည်းဆုံးတော့ ထန်ထျန်း ပြောပြသော အခြေအနေများအရ ဤဖြစ်စဉ်အတွင်း မည်သည့် ပြဿနာမျှ မရှိခဲ့ပေ။
သို့ဆိုလျှင် ပြဿနာက ဘယ်နေရာက စခဲ့သနည်း။
"ခေါင်းလောင်းကြီးကို ထိတွေ့ပြီးနောက်မှာ တခြား ဘာဖြစ်သေးလဲ"
လန်တင်း အင်မော်တယ်အရှင်က မေးသည်။
ထန်ထျန်းက မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားပြီးမှ "ကျွန်တော် မသိဘူး။"
" ခေါင်းလောင်းကြီးကို ထိပြီးတာနဲ့ အဲဒီ ဖန်တီးမှု စွမ်းအားတွေက ကျွန်တော့်ကို လွှမ်းခြုံသွားခဲ့တယ်။ "
"အဲဒီစွမ်းအားတွေရဲ့ စိမ့်ဝင်မှုကြောင့် ကျွန်တော့်ရဲ့ ဝိညာဉ်နဲ့ ခန္ဓာကိုယ်တွေက ကောင်းကောင်း တိုးတက်လာ ခဲ့ပါတယ်။ "
"ဒါပေမဲ့ အဲဒီစွမ်းအားတွေကို အကုန် မစုပ်ယူရသေးခင်မှာပဲ ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားတာ"
" ကျွန်တော် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတစ်ခုနဲ့ အပစ်ခံလိုက်ရသလို ဖြစ်ပြီး အဲဒီ ထူးဆန်းတဲ့ ကမ္ဘာထဲကနေ လွင့်ထွက်လာခဲ့တယ်။ အဲဒီနောက်မှာ နဂါးတံခါးအတွင်းက အာကာသတွေ ပြိုကွဲနေတာကို မြင်လိုက်ရတာပဲ။"
" ပြီးတော့ ကျွန်တော်လည်း အမြန် ထွက်လာခဲ့တော့တယ်"
အမှန်နှင့် အမှား ကို ရောကာ ပြောလိုက်သည်။
ထိုစဉ်က သူသည် ဖန်တီးမှုစွမ်းအားများကို ခံစားခဲ့ရသည်မှာ အမှန်ပင် ဖြစ်သလို ထိုစွမ်းအားများက သူ့ကို လွှမ်းခြုံထားစဉ် အပြင်နှင့် အဆက်အသွယ် ပြတ်နေခဲ့ခြင်းလည်း မှန်ကန်သည်။
အကယ်၍ တွင်းနက်ကြီးသာ ရုတ်တရက် ပေါ်မလာပါက သူသည်လည်း ဤဖြစ်စဉ်ကို ရပ်တန့်ရမည် မဟုတ်ပေ။
တွင်းနက်ကြီးကို မြင်ခဲ့သည့် အပိုင်းကို ချန်လှပ်ထားမည်ဆိုလျှင် သူ ပြောပြချက်များမှာ ပုံမှန်အတိုင်း ဖြစ်ပျက်သင့်သည့် အရာများပင် ဖြစ်သည်။
ထန်ထျန်း ပြောပြီးနောက် လန်တင်း အင်မော်တယ်အရှင်မှာ ထပ်မံ တိတ်ဆိတ်သွားပြန်သည်။
ထန်ထျန်း တစ်ခုခု ဖုံးကွယ်ထားသလားဟု စဉ်းစားနေသည်လား သို့မဟုတ် အခြားကိစ္စတစ်ခုခုကြောင့်လား မသိနိုင်ပေ။
ခဏအကြာတွင် သူက "ထန်ထျန်း၊ ဒီကိစ္စက ဘယ်လောက်အထိ သက်ရောက်မှု ကြီးမားလဲဆိုတာ မင်း သိသင့်ပါတယ်။"
" နှစ်ပေါင်း ထောင်ချီ တည်ရှိခဲ့တဲ့ နဂါးတံခါးနဲ့ နဂါးကျွန်းက လုံးဝ ပျက်စီးသွားပြီ။ "
"တပည့်ပေါင်း တစ်သိန်းကျော်က မင်းကြောင့် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်။ "
"နောက်ဆုံးမှာ အကုန် ကယ်နိုင်ခဲ့ပေမဲ့ တပည့် အများအပြား အပြင်းအထန် ဒဏ်ရာရခဲ့သလို နဂါးတံခါး စမ်းသပ်မှုကိုလည်း ဆက်ပြီး မလုပ်နိုင်တော့ဘူး"
ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။
သူသည်လည်း ထိုစဉ်က အခြေအနေကို သိရှိထားပြီးသား ဖြစ်သည်။
ကုရှောင်းရွှယ်တို့မှာလည်း ထိုအချိန်က စင်မြင့် ထဲတွင် ရှိနေခဲ့သဖြင့် အမှန်တကယ် အန္တရာယ်ကြီးမားခဲ့သည်။
"ဒါကြောင့် စစ်ဆေးမှု ရလဒ်က ဘယ်လိုပဲ ထွက်ထွက်၊ မင်းကို အပြစ်ပေးတာမျိုးကတော့ ရှောင်လွှဲလို့ မရဘူး။ "
"ဒါကို မင်း နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ "
"ဒါပေမဲ့ ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သေချာသွားရင်တော့ မင်းအတွက် ပြစ်ဒဏ် လျော့ပေါ့ပေးဖို့ ငါ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်"
လန်တင်း အင်မော်တယ်အရှင်က ဆက်ပြောသည်။
ထန်ထျန်းက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ဤမျှ ကြီးမားသော ကိစ္စတွင် သူနှင့် မဆိုင်လျှင်ပင် တာဝန်အချို့ကို ယူရမည်မှာ သေချာသည်။
သို့မှသာ လူအများ၏ ပါးစပ်ကို ပိတ်နိုင်မည် ဖြစ်သည်။
သို့သော် အပြစ်ပေးမှုမှာ သူ လက်ခံနိုင်သော အတိုင်းအတာအတွင်း ရှိနေလျှင်တော့ ကိစ္စမရှိပေ။
အကယ်၍ လွန်လွန်ကျူးကျူး ဖြစ်လာပါက...
သူက အခြားသော ကျင့်ကြံရာ နေရာကိုသာ ရှာရပေလိမ့်မည်။
"ကောင်းပြီလေ၊ မင်း အရင် ပြန်လိုက်တော့။"
" သိပ်ပြီး စိတ်မပူပါနဲ့၊ ထျန်းဖူနန်းတော်က လူတစ်ယောက်ရဲ့ အသက်လမ်းကြောင်း ကို အဆုံးထိ ဖြတ်တောက်မှာ မဟုတ်ပါဘူး"
လန်တင်း အင်မော်တယ်အရှင်က ပြော သည်။
၎င်းနောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် စွမ်းအားများ လှုပ်ခတ်သွားပြီး ထန်ထျန်းမှာ အခန်းထဲမှ ပျောက်ကွယ်သွားတော့သည်။
ထန်ထျန်း ထွက်သွားပြီးနောက် အခန်းထဲတွင် အခြား လူရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာ၏။
"ရှင်းဟယ် နန်းတော် သခင်"
လန်တင်း အင်မော်တယ်အရှင်က မတ်တတ်ရပ်ကာ ရိုသေစွာ ပြောလိုက်သည်။
ရောက်ရှိလာသူမှာ ထျန်းဖူနန်းတော်၏ နန်းတော်သခင် သုံးဦးထဲမှ တစ်ဦးဖြစ်သော ရှင်းဟယ် အင်မော်တယ်ဧကရာဇ် ပင် ဖြစ်သည်။
ရှင်းဟယ် အင်မော်တယ်ဧကရာဇ်က "အရှင်ချီ၊ ထန်ထျန်းရဲ့ နာမည်က ဟင်းလင်းပြင် ခေါင်းလောင်းငယ်ပေါ်မှာ ပေါ်လာတာ သေချာရဲ့လား"
လန်တင်း အင်မော်တယ်အရှင်က ခေါင်းညိတ်ကာ "ဟုတ်ပါတယ်"
"အရှင် ပြောခဲ့တဲ့ အခြေအနေအတိုင်း တစ်ထေရာတည်းပါပဲ။ "
"ခေါင်းလောင်းငယ်က တဖြည်းဖြည်း ပူလာပြီး ထန်ထျန်းဆိုတဲ့ နာမည်က နတ်ဘုရားစာလုံးတွေနဲ့ ပေါ်လာခဲ့တာပါ။"
" ဒါပေမဲ့ အဲဒီနောက်မှာ ပြဿနာ တက်သွားတာပဲ။ "
"နဂါးတံခါးပေါ်က ခေါင်းလောင်းကြီးကနေ ရုတ်တရက် အသံတွေ အဆက်မပြတ် ထွက်လာပြီး ပြင်းထန်တဲ့ လှိုင်းတွေ ရိုက်ခတ်ကုန်တာပါ။ တပည့်တွေ ဒဏ်ရာရကုန်တာကလည်း အဲဒီကြောင့်ပဲ။"
" အဲဒီနောက်မှာတော့ ခေါင်းလောင်းငယ်က ပိုပြီး ပူလာပြီး နဂါးတံခါး ပေါက်ကွဲခါနီးမှာ လုံးဝ အရည်ပျော်သွားခဲ့ပါတယ်"
ရှင်းဟယ် အင်မော်တယ်ဧကရာဇ် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ဒါဆိုလည်း ဒီအတိုင်းပဲ ထားလိုက်တော့။"
" ဟင်းလင်းပြင် ခေါင်းလောင်းရဲ့ နောက်ခံကို ငါတို့အားလုံး သိကြတာပဲ၊ ဒါက သာမန် ရွှေအင်မော်တယ်တစ်ယောက် လှုပ်ခါနိုင်တဲ့ အရာ မဟုတ်ဘူး။ "
"သူ ဘယ်လောက်ပဲ ထူးခြားတဲ့ စွမ်းအားတွေ ရှိပါစေ၊ ဒါကို မလုပ်နိုင်ပါဘူး။ "
"ဒီကိစ္စက အရမ်းကို ထူးဆန်းလွန်းတယ်၊ ဒါကြောင့် တစ်စုံတစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေနိုင်တယ်။"
" လောလောဆယ် ဒီကိစ္စကို ဖုံးထားလိုက်ဦး၊ နောက်ပိုင်း ကိစ္စတွေကိုတော့ တခြား နန်းတော်သခင် နှစ်ယောက်နဲ့ ငါ တိုင်ပင်ပြီး ဆုံးဖြတ်ပါ့မယ်"
လန်တင်း အင်မော်တယ်အရှင်က ခေါင်းညိတ် လက်ခံလိုက်ပြီးနောက် "ဒါဆို ထန်ထျန်းကို ဘယ်လို လုပ်ရမလဲ။"
" အခုကြည့်ရသလောက်တော့ သူနဲ့ တကယ်ပဲ ဘာမှ မဆိုင်ပုံရတယ်"
ရှင်းဟယ် အင်မော်တယ်ဧကရာဇ်က လက်ကို ခါယမ်းကာ "မင်းတို့ဘာသာ တိုင်ပင်ပြီး ဆုံးဖြတ်ကြ။"
" အဓိကကတော့ ဒီကိစ္စရဲ့ သက်ရောက်မှုကို ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ထားဖို့ပဲ။"
" နဂါးတံခါးက ကိစ္စက အရမ်းကြီးမားသလို အပြင်လောကကလည်း မငြိမ်မသက် ဖြစ်နေတယ်။ "
"ဒီသတင်းတွေ အပြင်ကို အမြန် မပျံ့သွားအောင် တတ်နိုင်သမျှ ကြိုးစားပါ"
လန်တင်း အင်မော်တယ်အရှင်ကလည်း လက်ခံကြောင်း ပြော လိုက်၏။
အတန်ကြာပြီးနောက် လန်တင်း အင်မော်တယ်အရှင်က နန်းတော် ကြီးအတွင်းသို့ ပြန်လည် ရောက်ရှိလာသည်။
အခြေအနေက သူတို့ ထင်ထားသည်ထက် ပိုမို ပြင်းထန်နိုင်ကြောင်း အားလုံးက ခံစားမိသဖြင့် လူတိုင်း၏ အကြည့်များမှာ သူ့ထံသို့ စုပြုံရောက်ရှိလာကြသည်။
ထန်ထျန်းသည်လည်း နန်းဆောင်၏ အလယ်ဗဟိုတွင် ရပ်ကာ နောက်ဆုံး ရလဒ်ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေ၏။
ထိုင်ခုံတွင် ပြန်ထိုင်ပြီးနောက် လန်တင်း အင်မော်တယ်အရှင်က အောက်ရှိ ထန်ထျန်းကို ကြည့်ကာ ဖြည်းညှင်းစွာ စကားစလိုက်သည်။
"ငါနဲ့ နန်းတော်သခင် ရှင်းဟယ် အသေအချာ မေးမြန်း၊ လေ့လာပြီး ဆုံးဖြတ်ချက် တစ်ခုကို ယာယီ ချမှတ်လိုက်ပြီ။"
" ဒီဖြစ်ရပ်မှာ ထန်ထျန်းက... အဓိက တရားခံ မဟုတ်ဘူး"
ထိုစကားအဆုံးတွင် နန်းတော် အတွင်းရှိ လူတိုင်းမှာ ဆူညံသွားကြတော့သည်။