← Chapters

စိုက်ပျိုးခြင်း

Vol. 11 Ch. 117

စိုက်ပျိုးခြင်း

Vol. 11 Ch. 117

အီဂျစ်နိုင်ငံရှိ....လျှို့ဝှက်ဆန်းကြယ်သော အိမ်ကြီးတစ်လုံးတွင်...

အဖြူရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသော ဆံဖြူအဘိုးအိုတစ်ဦးသည် ရှေးဟောင်းရာဇပလ္လင်ပေါ်တွင် ထိုင်နေပြီး ငွေဖြူရောင်တောင်ဝှေးတစ်ချောင်းကို သူ၏လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားသည်။

နာရီပေါင်း ဆယ်နှင့်ချီ၍ ကြာမြင့်ပြီးနောက် ထိုတောင်ဝှေးပေါ်တွင် ဖျော့တော့တော့ အလင်းရောင်တစ်ခုသည် ထူးခြားသော စည်းချက်ဖြင့် တောက်ပသွားသည်။

ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ အဘိုးအို၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာသည်။

သူ၏ရှေ့တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဒူးတစ်ဖက်ထောက်ထားပြီး ရိုသေလေးစားသော အမူအယာဖြင့် ရှိနေသည်။

တုန်ခါနေသော အလင်းရောင် ပျောက်ကွယ်သွားပြီးနောက် အဖြူရောင်ဝတ်ရုံဝတ် အဘိုးအိုက ဖြည်းညှင်းစွာ စကားပြောဆိုလိုက်သည်။ သူ၏နက်ရှိုင်းသော အသံဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

"ဘိုးဘေးက သတင်းပြန်ပို့လိုက်ပြီ... အတည်ပြုချက် ပြီးသွားပြီ... ဒီတစ်ခါတော့ ငါတို့ရဲ့အစီအစဉ်တွေ အားလုံးကို စတင်လို့ရပြီ..."

ဒူးတစ်ဖက်ထောက်နေသော အမျိုးသားသည် နားထောင်ပြီးနောက် သူ၏မျက်လုံးများထဲတွင် ရူးသွပ်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသော်လည်း သူက အနည်းငယ် ဇဝေဇဝါ ဖြစ်နေသောအသံဖြင့် တိုးညှင်းစွာ ပြောဆိုသည်။

"တကယ်တော့ သူ ရှေးဟောင်းမြို့တော်မှာ ရှိနေတုန်းက ကျွန်တော်တို့ လှုပ်ရှားလို့ ရသားပဲ... ပြီးတော့ ခွန်းလွန်တောင် နဲ့ ကျောက်မိသားစု ကိစ္စတွေလည်း အတည်ပြုပြီးသားပဲလေ... ဒီလောက်ထိ အချိန်ဖြုန်းနေစရာ မလိုပါဘူး..."

"ဘိုးဘေးရဲ့ အစီအစဉ်နဲ့ စိတ်ကို မင်း ဘယ်လိုလုပ် နားလည်နိုင်မှာလဲ... ပြီးတော့ ငါတို့ ဒီတစ်ကြိမ် ရင်ဆိုင်ရမယ့်လူက သေချာပေါက် ရိုးရှင်းတဲ့လူ မဟုတ်ဘူး ဆိုတာ မင်း မှတ်ထားပါ..."

အဘိုးအို၏မျက်လုံးများ စူးရှတောက်ပနေပြီး သူ၏အသံမှာ အေးစက်တင်းမာနေသည်။

လူလတ်ပိုင်းအရွယ်အမျိုးသားက ခေါင်းညိတ်လိုက်သည်။ တရုတ်နိုင်ငံတွင် ဖြစ်ပျက်ခဲ့သော ကိစ္စတချို့ကို တွေးတောမိပြီးနောက် သူ၏ ခန္ဓာကိုယ် အနည်းငယ် အေးစက်သွားပေ၏။ အပြင်ပန်းတွင်မူ သူသည် သက်သောင့်သက်သာ ရှိနေဆဲပုံပေါက်ပြီး တုံ့ပြန်ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ..."

"ကောင်းပြီလေ...မင်း ပြန်တော့..."

အဖြူရောင်ဝတ်ရုံဝတ် အဘိုးအိုသည် သူ တင်းကြပ်စွာ ဆုပ်ကိုင်ထားသော ငွေဖြူရောင် တောင်ဝှေးကို ခါယမ်းလိုက်သည်။

"ငါ့ရဲ့စကားကို မှတ်ထား... ဘာအမှားအယွင်းမှ မရှိစေရဘူး..."

လူလတ်ပိုင်းအရွယ် အမျိုးသား၏ စိတ်ခံစားမှုများ အနည်းငယ် ပွင့်အံ့ထွက်လာသည်။

"ဟုတ်ကဲ့... အရှင်.. ကျေးဇူးပြုပြီး စိတ်မပူပါနဲ့... ကျွန်တော်တို့ မျိုးနွယ်စုက ဒီနေ့ကို စောင့်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... ဒီကမ္ဘာလောကထဲမှာ အင်အားစုတွေ အများကြီးကို ပျိုးထောင်ထားခဲ့တာ ကြာပါပြီ... ဒီနေ့ကို စောင့်ဆိုင်းဖို့အတွက် မျိုးနွယ်စုဝင်တွေ အများကြီးက အရိုးစုတွေအဖြစ် ပြောင်းလဲသွားခဲ့ကြရတယ်... ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ သေချာပေါက် အောင်မြင်ရမယ်..."

"ဟုတ်တယ်... ငါတို့ မျိုးဆက်မှာ နောက်ဆုံးတော့ အံ့အားသင့်ဖွယ်ကိစ္စတွေကို မျက်မြင်တွေ့ရတော့မယ်... ရာ့ဖ်နဲ့ရှေးဟောင်းသုတေသနအဖွဲ့က စစ်တုရင်နယ်ရုပ်လေးတွေပဲ... ဝူမိသားစု တစ်စုလုံးတောင် အတူတူပဲ... ဒီတစ်ကြိမ်မှာ ငါတို့ လှုပ်ရှားလိုက်တာနဲ့ နောက်ပြန်ဆုတ်ဖို့ လမ်းမရှိတော့ဘူး... ဒါကြောင့် ဘယ်လောက်ကြီးမားတဲ့တန်ဖိုးကို ပေးဆပ်ရပါစေ... ငါတို့ အောင်မြင်ပြီးမြောက်အောင် လုပ်ရမယ်... ချောင်မိသားစုက ငါတို့အတွက် အချိန်ဆွဲပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်မိတယ်..."

အဖြူရောင်ဝတ်ရုံဝတ် အဘိုးအို၏အသံသည် အနည်းငယ် အေးစက်နေပေ၏။

"အရှင်... ကျေးဇူးပြုပြီး စိတ်ချပါ..."

ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားသည် တွန့်ဆုတ်မနေတော့ဘဲ နောက်ဆုံးအကြိမ် ဦးညွှတ်အရိုအသေပြုပြီး အိမ်ကြီးထဲမှ ထွက်ခွာသွားတော့သည်။

ညအချိန်ဖြစ်သော်လည်း နှောင်းပိုင်းအချိန်များတွင် အီဂျစ်နိုင်ငံတစ်နိုင်ငံလုံး မတည်မငြိမ် ဖြစ်လာသည်။ ဤညတွင် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်စုသည် တိတ်တဆိတ် စုဝေးနေပြီး အီဂျစ်နိုင်ငံကို ဗဟိုပြု၍ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားသည်။

...

ရှေးဟောင်းခြံဝန်းထဲတွင် ယဲ့ပိုင်က တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။

ဆယ်မိနစ်မပြည့်မီမှာပင် ခူးဖူသည် မီးဖိုချောင်ထဲမှ ဖြည်းညှင်းစွာ ပြန်ရောက်လာပေ၏။ သူ၏နက်ရှိုင်းသော မျက်လုံးများထဲတွင် နောင်တရမှု အနည်းငယ် ရှိနေသည်။

"သခင်ကြီး... ဒီတစ်ခေါက် ကျွန်တော် အလောတကြီး လာခဲ့ရတော့ မီးဖိုချောင်ထဲမှာ ကုန်ကြမ်းပစ္စည်း ဘာမှမရှိတာ တွေ့လိုက်ရတယ်... ဒီနေ့တော့ ခင်ဗျားအတွက် ဘာမှ ချက်ပြုတ်ပေးနိုင်တော့မယ် မထင်ဘူး..."

ယဲ့ပိုင်၏ မျက်နှာထားမှာ ပေါ့ပါးနေသည်။

"ကိစ္စမရှိပါဘူး... ငါ အရသာ ခံဖူးပါတယ်... ပြီးတော့ တကယ်တမ်းကျရင် ငါ့ရဲ့ အရသာခံစားမှုက နှစ်တွေတလျှောက်လုံးမှာ တိတ်တဆိတ် ပြောင်းလဲလာခဲ့တာပါ..."

"ဟုတ်ပါတယ်လေ..."

ခူးဖူက တိုးညှင်းစွာ ပြောဆိုသည်။

"ဒါဆိုရင် ကျွန်တော် စိတ်အေးရပါပြီ..."

ယဲ့ပိုင်က မည်သည့်စကားမျှ မပြောချေ။

ခူးဖူသည် စက္ကန့်အနည်းငယ် စဉ်းစားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားပေ၏။

"သခင်ကြီး... ကျွန်တော် မှတ်မိသလောက်ဆိုရင် ဒီဧည့်ခန်းမဆောင်ထဲမှာ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ ဝိုင်အရက်အိုးတစ်လုံးကို ဝှက်ထားတာ ရှိတယ်... ကျွန်တော် သွားယူလိုက်ရမလား.."

"ကောင်းပြီလေ..."

ယဲ့ပိုင်က ပေါ့ပေါ့ပါးပါး တုံ့ပြန်အဖြေပေးလိုက်သည်။

ခူးဖူသည် ဧည့်ခန်းမဆောင်ဘက်သို့ လှည့်ထွက်သွားပေ၏။

သူ ဤနေရာသို့ ရောက်နေသည်မှာ ခုနစ်ရက်သာ ရှိသေးသော်လည်း ဤနေရာရှိ ပုံစံများကို အလွန် ရင်းနှီးကျွမ်းဝင်နေလေပြီ။

သူ ဧည့်ခန်းမဆောင်ထဲသို့ ဝင်သွားချိန်၌...

မိုးကောင်းကင်ယံမှ နူးညံ့နွေးထွေးသော နေရောင်ခြည်သည် ဧည့်ခန်းမဆောင်ထဲသို့ ကျရောက်နေပြီး အတွင်းပိုင်းကို အလွန်လင်းထိန်နေစေသည်။

ယဲ့ပိုင်သည်လည်း တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်၏။

ဧည့်ခန်းမဆောင်၏ အတွင်းပိုင်းအပြင်အဆင်သည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက သူ ထွက်ခွာသွားစဉ်ကနှင့် သိပ်မကွာခြားချေ။

သစ်သားတံခါးမကြီးကို မျက်နှာမူထားသော နံရံပေါ်တွင် "မြစ်စောင့်နတ်သမီးကဗျာ ပန်းချီကား" ၏ မူရင်းပုံတစ်ပုံ ချိတ်ဆွဲထားသည်။ ထိုအရာပေါ်ရှိ ရုပ်ပုံများကို မတူညီသော အချိန်နှင့် နေရာများတွင် သဘာဝကျကျ ပြောင်းလဲခြင်း ထပ်တူကျခြင်းနှင့် ဖလှယ်ခြင်းများ ပြုလုပ်နေသည့်အလား ကောင်းမွန်စွာ စီစဉ်ထားသည်။ ပန်းချီကားပေါ်ရှိ တောင်များနှင့် မြစ်များကို ပုံဖော်ရာတွင် နေရာဒေသဆိုင်ရာ အလှတရားအမျိုးမျိုး ပါဝင်နေပေ၏။

ဤဧည့်ခန်းမဆောင်၏ တစ်ဖက်တစ်ချက်စီတွင် သစ်သားစင်နှစ်တန်းကို စိုက်ထူထားသည်။

သစ်သားစင်ကို ဂရုတစိုက် ဖန်တီးထားပြီး အလွန်လှပသော အရည်အသွေး အမြင့်ဆုံး ပရုတ်သားဖြင့် ပြုလုပ်ထားသည်။ သစ်သားအနုပညာကို ချစ်မြတ်နိုးသူများသာ ဤသစ်သားစင်ကို မြင်လျှင် သေချာပေါက် နှလုံးကွဲကြေပြီး နှမြောတသ ဖြစ်ကြပေလိမ့်မည်။

မြေအိုးများကို နံဘေးတစ်ဖက်တစ်ချက်စီရှိ သစ်သားစင်များပေါ်တွင် တင်ထားသည်။

ထိုအရာတစ်ခုချင်းစီသည် ရှေးဟောင်းလမ်းမကြီးရှိ ရှေးဟောင်းပစ္စည်းဆိုင်တွင် ယဲ့ပိုင် ခွဲလိုက်သောအိုးနှင့် တစ်ပုံစံတည်း တူညီသည်။

အနည်းငယ် ကိုက်ညီမှုမရှိသည့် တစ်ခုတည်းသောအရာမှာ တစ်ဖက်တွင် မြေအိုး ၁၈ လုံး ရှိသော်လည်း တခြားတစ်ဖက်တွင် ၁၅ လုံးသာ ရှိနေခြင်းပင်။

ခူးဖူသည် ဧည့်ခန်းမဆောင်ထဲသို့ ဝင်သွားပြီးနောက် "မြစ်စောင့်နတ်သမီးကဗျာ ပန်းချီကား" ၏အနောက်ဘက်သို့ လျှောက်လှမ်းသွားပြီး ဖွင့်လိုက်ရာ လျှို့ဝှက်အကန့်တစ်ခု ပေါ်လာသည်။ သူသည် လျှို့ဝှက်အကန့်ကို ချောမွေ့စွာ ဖွင့်လိုက်ရာ အောက်ခြေတွင် အဝိုင်းပုံရှိကာ ဗိုက် ဖောင်းဖောင်းနှင့် လည်ပင်းရှည်ရှည်ရှိပြီး အရည်များ ပါဝင်သည့် ရှေးဟောင်းခေတ်မှ ချိတ်စည်းတံဆိပ်ခတ်ထားသည့် မြေအိုးတစ်လုံး ထွက်ပေါ်လာသည်။

ထို့နောက် ခူးဖူသည် ရွှေတောင်ဝှေးကို နံဘေးတွင် ချထားလိုက်ပြီး မြေအိုးကို သူ၏လက်နှစ်ဖက်ဖြင့် မလိုက်၏။

မြေအိုးသည် သိပ်မကြီးပေ။ သို့သော် သူသည် ထိုအရာကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည့်တိုင် လေးလံနေဆဲဟု ခံစားရသည်။

အကယ်၍ အဖြူရောင်ဝတ်ရုံဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်မထားပါက ဤအချိန်တွင် သူ၏ချွေးပြန်နေသော မျက်နှာကို မြင်တွေ့ရပေလိမ့်မည်။

"သခင်ကြီး... ဝိုင်အရက် ရပါပြီ..."

မြေအိုးကို နွယ်ပင်များဖြင့် ပြုလုပ်ထားသော စားပွဲပေါ်သို့ ရွှေ့ပြောင်းပြီးနောက် ခူးဖူက ရိုသေလေးစားစွာ ပြောဆိုသည်။ ထို့နောက် သူသည် နောက်ပြန်လှည့်ပြီး ဧည့်ခန်းမဆောင်ထဲသို့ တောင်ဝှေးသွားပြန်ယူလိုက်သည်။ ဤမြေအိုးကို ချိတ်ပိတ်ထားသော်လည်း လန်းဆန်းသော ရနံ့တစ်ခုသည် ခြံဝင်းတစ်ခုလုံးကို လျှင်မြန်စွာ လွှမ်းမိုးသွားသည်။

"ဝိုင်ကတော့ အကောင်းစား ဝိုင်ပါပဲ... ဒါပေမဲ့ နှမြောစရာ ကောင်းလိုက်တာ..."

ယဲ့ပိုင်သည် ခူးဖူ နောက်ပြန်လှည့်သွားသည်ကို ကြည့်ပြီး ထိုင်ခုံမှထကာ တိုးညှင်းစွာ ပြောဆိုလိုက်၏။

သူ ထိုသို့ ပြောဆိုပြီးနောက် သူ၏လက်ထဲတွင် ရှေးဟောင်းလမ်းမကြီးမှ ပြန်သယ်လာသော သစ်သားပန်းပုရုပ်တစ်စုံ ထွက်ပေါ်လာသည်။

"သခင်ကြီး... ဘာလုပ်မလို့လဲ..."

ခူးဖူ ပြန်ရောက်လာချိန်၌ ယဲ့ပိုင်သည် မတ်တတ်ထရပ်ပြီး သစ်သားပန်းပုရုပ်များကို ကိုင်ဆောင်ကာ ခြံဝင်းထဲရှိ ခြောက်သွေ့နေသော မက်မွန်ပင်ဆီသို့ လျှောက်လှမ်းသွားနေသည်ကို မြင်လိုက်ရသဖြင့် သူ၏အသံ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ယဲ့ပိုင်သည် ပြန်မဖြေချေ။

ထို့နောက် သူ၏လက်ကို အနည်းငယ် မြှောက်လိုက်ရာ...

ခြောက်သွေ့နေသော မက်မွန်ပင်သည် ချက်ချင်းဆိုသလိုပင် ပြာအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ထိုအစား တစ်မီတာကျော် နက်သော တွင်းငယ်လေးတစ်ခုက မြေကြီးပေါ်တွင် ကျန်ရစ်ခဲ့သည်။ နောက်ထပ်အချိန်တခဏတွင် ယဲ့ပိုင်သည် သစ်သားပန်းပုရုပ်တစ်ခုကို တိုက်ရိုက်ထုတ်ယူပြီး အတွင်းသို့ပစ်ထည့်လိုက်၏။ တွင်းငယ်လေးသည် ချက်ချင်းပြန်ပြည့်သွားတော့သည်။

ထိုသို့ ပြုလုပ်ပြီးနောက် ယဲ့ပိုင်သည် မရပ်တန့်ဘဲ နောက်သို့ပြန်လှည့်ကာ ခြံဝန်း၏တခြားတစ်ဖက်သို့ လျှောက်လှမ်းသွားသည်။

ယခင်နေရာနှင့် အတိအကျ အချိုးညီသော နေရာသို့ ရောက်ချိန်၌ တခြားတွင်းငယ်လေး တစ်ခု ထွက်ပေါ်လာပြီး သူသည် နောက်ထပ် သစ်သားပန်းပုရုပ်တစ်ခုကို မြှုပ်နှံလိုက်၏။

ခူးဖူ စိတ်ရှုပ်ထွေးနေသည်။

ယဲ့ပိုင်က သစ်သားပန်းပုရုပ်နှစ်ခုကို မြှုပ်နှံ့ပြီးနောက် ပြောဆိုလိုက်သည်။

"ခူးဖူ... ခုဏက သစ်သားပန်းပုရုပ်တွေ မြှုပ်ထားတဲ့နေရာမှာ ဒီဝိုင်ကို လောင်းထည့်လိုက်ပါ..."

"ဟုတ်ကဲ့... သခင်ကြီး..."

ခူးဖူက ခေါင်းညိတ်လိုက်သည်။ ယဲ့ပိုင် မည်သည့်အရာကို ကြံစည်နေသည်အား သူ သိချင်သော်လည်း စေခိုင်းသည့်အတိုင်းသာ လုပ်ဆောင်လိုက်သည်။

သူသည် မြေအိုးကို မလိုက်ပြီး အတွင်းမှ မွှေးပျံ့သော ဝိုင်အရက်များကို ယဲ့ပိုင် သတ်မှတ်ပေးထားသော နေရာများသို့ ဂရုတစိုက် လောင်းထည့်လိုက်၏။

ဝိုင်အရက်များကို အကုန်အစင် လောင်းထည့်ပြီးချိန်၌ ခူးဖူက မြေအိုးလွတ်ကို နံဘေးတွင် ချထားလိုက်သည်။

ခူးဖူ ထပ်မံ၍မေးမြန်းရန် ဟန်ပြင်လိုက်စဉ်...

ဝှစ်...

ဝှစ်...

ခြံဝန်းထဲတွင် ရှင်းလင်းပြတ်သားသော အသံနှစ်သံ ထွက်ပေါ်လာသည်။

အမ်...

ခူးဖူ အချိန်တခဏကြာမျှ ရပ်တန့်သွားပြီး အသံလာရာလမ်းကြောင်းသို့ ကြည့်လိုက်သည်။ ထို့နောက် သူ၏အိုမင်းသော မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများနှင့်တုန်လှုပ်မှုများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

All Chapters