← Chapters

ပါရမီရှင်

Vol. 11 Ch. 119

ပါရမီရှင်

Vol. 11 Ch. 119

ညဉ့်နက်နေပြီ ဖြစ်သော်လည်း လမ်းကြားနှင့် ခြံဝန်းအမှတ်၉၉၏ ဧည့်ခန်းမဆောင်တို့သည် လင်းထိန်နေဆဲပင်။

ယဲ့ပိုင်သည် လက်တစ်ဖက်တွင် ထွင်းထုဓားတစ်ချောင်းနှင့် တခြားလက်တစ်ဖက်တွင် သစ်တုံးတစ်တုံးကို ကိုင်ဆောင်ထားသည်။ သူ၏ လှုပ်ရှားမှုများသည် ကြီးမားခြင်းမရှိသော်လည်း အလွန်ကျက်သရေရှိလှ၏။

ခရက်... ခရက်...

ပြင်းထန်သော အားစိုက်ထုတ်မှုမရှိဘဲ သူ၏လက်ထဲမှ ထွင်းထုဓား ရွေ့လျားသွားသည်နှင့်အမျှ လူတစ်ယောက်၏ပုံသဏ္ဌာန် တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ထိုရုပ်ထု၏မျက်လုံးများသည် မီးတုတ်များကဲ့သို့ အလွန်ကြည်လင်တောက်ပနေသည်။ အထူးသဖြင့် ယဲ့ပိုင်၏ထွင်းထုဓားအောက်တွင် ရုပ်ထု၏အသေးစိတ် အချက်အလက်များနှင့် အသွင်အပြင်တိုင်းသည် အလွန်သိမ်မွေ့ပေ၏။

ယဲ့ပိုင်က အလွန်အလေးအနက်ထားပြီး ထွင်းထုနေသည်။

နာရီဝက်ကြာပြီးနောက် ပုံဖော်ခြင်း ပြီးဆုံးသွားလေပြီ။

ယဲ့ပိုင်သည် ထိုအရာကို သူ၏လက်ထဲတွင် ကိုင်ကြည့်လိုက်သော်လည်း သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။ သူ၏လက်ချောင်းများကို ညင်သာစွာ လှုပ်ရှားလိုက်ခြင်းနှင့်အတူ သစ်သားရုပ်ထုသည် ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အပြစ်အနာအဆာကင်းမဲ့သော သစ်တုံးတစ်တုံးက သူ၏လက်ထဲတွင် ထွက်ပေါ်လာပြီး ဤလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ ပြုလုပ်နေသည်။

ဧည့်ခန်းမဆောင်၏ကြမ်းပြင်ပေါ်တွင် လွှစာမှုန့်များ ဖုံးလွှမ်းနေသည်။

သို့သော် သစ်သားစင်သည် ဗလာဖြစ်နေပြီး ပြီးစီးသောပစ္စည်းဟူ၍ တစ်ခုတစ်လေမျှ မရှိပေ။

"ပျက်စီးသွားတဲ့ သစ်သားရုပ်တုတွေက ဘယ်တော့မှ ပြန်ပြီးပေါင်းစည်းနိုင်တော့မှာ မဟုတ်ဘူး... သံသရာစက်ဝန်းကြီး ပြတ်တောက်သွားပြီ... ဒီအချိန်မှာ အရာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားမယ့်ပုံပဲ..."

ယဲ့ပိုင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

နောက်တစ်နေ့ မနက်မိုးလင်းချိန်၌ ယဲ့ပိုင်သည် သူ၏လက်ထဲမှ ထွင်းထုဓားကို ချလိုက်ပြီး တံခါးမကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။

သူ တံခါးကို ထိတွေ့လိုက်သည်နှင့် ထိုအရာပေါ်ရှိ ကြေးဝါသော့ခလောက်ကြီး ပျောက်ကွယ်သွားပေ၏။

ထိုအချိန်မှာပင် မျက်နှာချင်းဆိုင်တံခါးမှနေ၍ အဘွားအို ထွက်လာသည်။

ယဲ့ပိုင်သည် ခြံဝန်းရှေ့တွင် မတ်တတ်ရပ်နေသည်ကို မြင်တွေ့ချိန်၌ သူမသည် အချိန်တခဏကြာမျှ ရပ်တန့်သွားပြီး ဘာပြောရမှန်းမသိဖြစ်နေသည်။

"ရေခပ်မလို့လား..."

ယဲ့ပိုင်က စတင်၍ မေးမြန်းသည်။

အဘွားအိုသည် ခေါင်းခါယမ်းလိုက်၏။

"မနေ့က အဘွား အကုန်မြင်လိုက်တယ်..."

"အင်း..."

ယဲ့ပိုင်က ခေါင်းညိတ်လိုက်သည်။

အဘွားအိုက အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ထပ်မံ၍ ပြောဆိုသည်။

"ဒီလမ်းကြားထဲက လူတွေအကုန်လုံး ပြောင်းသွားကြတာ မဟုတ်ဘူး... ဒါပေမဲ့ အချိန်အများစုမှာ သူတို့က အပြင်မထွက်ကြဘူး..."

"ကျွန်တော် သိပါတယ်..."

ယဲ့ပိုင်က သက်ပြင်းချလိုက်သည်။

ဤလမ်းကြားထဲတွင် ခြံဝန်းများကို နှစ်တန်း နေရာချထားပြီး အရေအတွက်အတိအကျမှာ တစ်ရာတိတိရှိသည်။

ခြံဝန်းအားလုံး နေရာလွတ်ဖြစ်နေပြီဆိုလျှင် ထူးဆန်းနေပေလိမ့်မည်။ မည်သည့်ခေတ်ကာလကိုရောက်သည်ဖြစ်စေ လူများအားလုံး ကိုယ့်အိမ်ရှေ့သာ ကိုယ်လှည်းကျင်းပြီး တခြားလူများကို ဂရုမစိုက်ကြခြင်းပင်။ သူတို့၏စိတ်နှလုံးသားထဲတွင် ဤကိစ္စက တိတ်တဆိတ်နှင့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလေပြီ။ လူအများစုသည် ထုံထိုင်းနေကြပြီး တခြားအရေးကိစ္စများကို အာရုံမစိုက်ချင်ကြတော့ချေ။

"အဘွားက အဲ့ဒီလူတွေထဲက အများကြီးကို သိတယ်..."

အမျိုးသမီးက လေသံနှိမ့်ပြီး ပြောဆိုသည်။

ယဲ့ပိုင်က ခေါင်းညိတ်လိုက်သည်။

"ပြောရရင် လူတစ်ယောက်နဲ့ ပိုပြီးရင်းနှီးလေလေ... သူက ပိုပြီးစိမ်းသက်လေလေပါပဲ..."

"ရေသွားခပ်ရအောင်..."

အမျိုးသမီး၏အသံမှာ အလွန်တိုးညှင်းနေသည်။ ထိုသို့ပြောဆိုပြီးနောက် သူမသည် နောက်လှည့်ကာ ရှေးဟောင်းရေတွင်း ရှိရာဘက်သို့ ယိမ်းယိုင်သောခြေလှမ်းများဖြင့် လျှောက်လှမ်းသွားသည်။

ယဲ့ပိုင်သည်လည်း သူမ၏နောက်မှ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်။

လမ်းကြားထဲတွင် ဖြတ်သန်းသွားလာသူ သိပ်မရှိသေးချေ။ ဤမနက်ခင်း အစောပိုင်းတွင် အရာအားလုံး တိတ်ဆိတ်ပြီး အေးချမ်းနေသည်။ သူ၏ရှေ့မှ ဒယိမ်းဒယိုင်ဖြစ်နေသော ကျောပြင်ကို ကြည့်ရင်း ယဲ့ပိုင်၏ခြေလှမ်းများ အလွန်ပေါ့ပါးနေသည်။ သူသည် ငြိမ်းချမ်းမှုကို မဖျက်ဆီးလိုသော်လည်း ဘဝ၏အလှတရားကို မည်သို့ ခံစားရမည်အား မသိသော လူတချို့ကမူ အမြဲတစေ ရှိနေတတ်သည်။

...

လမ်းကြား၏ ဝင်ပေါက်တွင် အနက်ရောင် Land Rover ကား ၁၁ စီးသည် လမ်းဘေးတစ်နေရာတွင် သပ်ရပ်စွာစီတန်း၍ ရပ်နားထားသည်။

Land Roverကားတစ်စီး၏နောက်ခန်းတွင် လူနှစ်ဦး ရှိနေသည်။

လူတစ်ဦး၏လက်မောင်းတွင် တက်တူးများဖြင့် ပြည့်နှက်နေပြီး ကောက်ကျစ်စဉ်းလဲကာ ရက်စက်ကြမ်းကြုတ်ပုံ ပေါက်နေသည်။ ဤလူသည် ဟန်ကျစ်ပင်။

တခြားလူတစ်ဦးမှာ ဝတ်စုံပြည့်နှင့် သားရေဖိနပ်ကို ဝတ်ဆင်ထားပြီး စူးရှသော မျက်နှာသွင်ပြင်နှင့် မာန်မာနထောင်လွှားသော မျက်လုံးများ ရှိသည်။ သူ့ကိုကြည့်ရသည်မှာ ဓားအိမ်မှ ဆွဲထုတ်လိုက်သော ဓားတစ်လက်အလားပင်။ သူသည် အလွန်ငယ်ရွယ်ပုံရပြီး အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိပုံရသည်။ သို့သော် သူသည် ထိုင်နေရုံဖြင့် အေးစက်ပြီး မောက်မာသော ခံစားမှုကို ပေးစွမ်းနိုင်ပေ၏။ သူသည် ချောင်မိသားစု၏မျိုးဆက်တွင် အတောက်ပဆုံးနှင့် အဆိုးရွားဆုံး ဖြစ်သော ချောင်ကူယွင်ပင်။

"သခင်လေးချောင်... အဲ့ဒီလူက တကယ်ကြီး ထူးဆန်းတယ်... ခင်ဗျား မသွားဖို့ ကျွန်တော် အကြံပေးချင်တယ်... သူ တစ်ချက် ကြည့်လိုက်ရုံနဲ့ ကျွန်တော်တို့ကို မလှုပ်ရှားနိုင်အောင် လုပ်လိုက်တာ... ပြီးတော့ သူ ခြံဝန်းအမှတ် ၉၉ ထဲ ဝင်သွားတာကို ကျွန်တော် သေချာမြင်လိုက်ရတယ်... ဒါပေမဲ့ ကျွန်တော် ပြန်ကြည့်လိုက်တော့ ခြံဝင်းတံခါးမှာ သော့ခတ်ထားတာကို တွေ့ရတယ်... ဒီကမ္ဘာလောကမှာ ထူးဆန်းတဲ့ ပညာရှင်တွေ ရှိတယ်ဆိုရင် သူက သေချာပေါက် အဲ့ဒီလူတွေထဲက တစ်ယောက်ပဲ..."

ဟန်ကျစ်က ထိတ်လန့်ကြောက်ရွံ့စွာ ပြောဆိုသည်။ အဖြူရောင်ဝတ်စုံဝတ်လူငယ်လေးကို တွေးတောမိတိုင်း သူသည် အားအင်ကုန်ခမ်းသွားသကဲ့သို့ ခံစားမိပေ၏။

"ဟန်ကျစ်..."

ချောင်ကူယွင်က ခပ်ဖျော့ဖျော့ အသံဖြင့် ကြားဖြတ်ပြောဆိုလိုက်သည်။

"သူ ကြောက်စရာကောင်းလား မကောင်းလား ဆိုတာထက် မင်း စိုးရိမ်သင့်တာက တခြားကိစ္စတစ်ခုလို့ ငါ ထင်တယ်..."

သူ ထိုသို့ ပြောဆိုလိုက်ချိန်၌ ကားထဲရှိ အခြေအနေ အေးစက်တင်းမာလုနီးပါး ဖြစ်သွားသည်။

"ဘာပြဿနာလဲ..."

ဟန်ကျစ် တွေဝေသွားသည်။

ချောင်ကူယွင်က သူ၏မျက်ခုံးများကို အနည်းငယ် ပင့်လိုက်၏။

"မင်း စိုးရိမ်သင့်တာက နောက်ကျရင် သူ့ကို တွေ့ရမှာလား မတွေ့ရဘူးလား ဆိုတာပဲ... ခဏနေလို့ မတွေ့ရဘူးဆိုရင် မင်းရဲ့ နိဂုံးကို သိရလိမ့်မယ်... ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် သိပ်တော့ မဆိုးပါဘူး... အများဆုံးတော့ မင်းရဲ့ မိသားစုက ပန်းခွေချလိမ့်မယ်... တီးဝိုင်း ငှားမယ်... ပြီးတော့ မီးရှူးမီးပန်းတွေ ဖောက်ကြမယ်လေ..."

"တောင်းပန်ပါတယ် သခင်လေးချောင်... ကျွန်တော်က အဓိပ္ပာယ်မရှိတာတွေ ပြောမိသွားတယ်..."

ဟန်ကျစ်၏နဖူးပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာသည်။

"ကားပေါ်က ဆင်းရအောင်...မင်း ပြောသလိုမျိုး အဲ့ဒီလူက အရမ်း ထူးဆန်းနေပါစေလို့ ငါ မျှော်လင့်မိတယ်..."

ချောင်ကူယွင်၏ စူးရှသော မျက်လုံးများထဲတွင် မျှော်လင့်ချက်တချို့ ထင်ဟပ်လာပြီး ပြောဆိုသည်။

"သခင်လေးချောင်... ကျွန်တော် ဘယ်တော့မှ အဓိပ္ပာယ်မရှိတာတွေ မပြောပါဘူး... ကျွန်တော် တံခါးဖွင့်ပေးပါမယ်..."

ဟန်ကျစ်က လျှင်မြန်စွာ တုံ့ပြန်လိုက်သည်။ ထို့နောက် သူသည် ကားပေါ်မှ ဆင်းပြီး တခြားတစ်ဖက်သို့ ပတ်သွားကာ ချောင်ကူယွင် အတွက် ကားတံခါးကို ဂရုတစိုက် ဖွင့်ပေးပြီး ရိုသေသောအသံဖြင့် ပြောဆိုလိုက်သည်။

"သခင်လေးချောင်... ကြွပါ..."

"အင်း..."

ချောင်ကူယွင်က ခေါင်းညိတ်လိုက်ပြီး ကားပေါ်မှ ကျက်သရေရှိစွာ ဆင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် တခြား Land Rover ကားများပေါ်မှလည်း လူအမြောက်အများ ဆင်းလာကြကာ အတိအကျရေတွက်ကြည့်လျှင် လူအယောက်၃၀ပင်။

သူတို့အားလုံးသည် ဝတ်စုံပြည့်နှင့် သားရေဖိနပ်များကို ဝတ်ဆင်ထားကြသည်။ ကားပေါ်မှ ဆင်းပြီးနောက် သူတို့သည် လျှင်မြန်စွာ လှုပ်ရှားကြပြီး လမ်းကြား၏တစ်ဖက်တစ်ချက်စီတွင် စီတန်း၍ မတ်တတ်ရပ်လိုက်ကြ၏။ သူတို့၏လက်ဝါးများကို ဗိုက်ပေါ်တွင် တင်ထားကြသည်။ လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များသည် အခြေအနေကို မြင်ပြီးနောက် အရှိန်လျှော့လိုက်ကြသော်လည်း ချောင်မိသားစု၏လိုင်စင်နံပါတ်ပြားပါသော ကားများဖြစ်ကြောင်း တွေ့ရှိသွားချိန်၌ လီဗာကို ပြန်နင်းပြီး မောင်းနှင်သွားကြသည်။

...

ရှေးဟောင်းရေတွင်း၏နံဘေးတွင် အဘွားအိုသည် သစ်သားပုံးငယ်လေးကို ကြိုးဖြင့် ကျွမ်းကျင်စွာ ချည်နှောင်ပြီး ရေတွင်းထဲသို့ ပစ်ချလိုက်သည်။

မနက်ခင်းတွင် အလွန်အေးမြနေပေ၏။

သို့သော် အဘွားအိုသည် ထူထဲသော အနွေးထည်အင်္ကျီကို ဝတ်ဆင်ထားသည်။ ရေဆွဲတင်နေစဉ် သူမ၏နဖူးပေါ်မှ ချွေးသီးချွေးပေါက်များ အဆက်မပြတ် ကျဆင်းလာပြီး သူမ၏ခန္ဓာကိုယ်သည် အလွန်တုန်ခါနေသဖြင့် အချိန်မရွေး လဲကျသွားတော့မည့်ပုံ ပေါက်နေသည်။

ယဲ့ပိုင်သည် နံဘေးတွင် မတ်တတ်ရပ်ကာ တိတ်တဆိတ် ကြည့်ရှုနေပြီး ကူညီရန် ရည်ရွယ်ချက် လုံးဝမရှိချေ။

ရှပ်... ရှပ်... ရှပ်...

မကြာမီမှာပင် လမ်းကြားထဲတွင် အလျင်စလိုပြေးလာသော ခြေသံများ ထွက်ပေါ်လာသည်။

"တစ်ယောက်ယောက် လာနေတယ်..."

အဘွားအိုသည် ရေတစ်ဝက် ပြည့်နေသော သစ်သားပုံးကို ရေတွင်းထဲမှ ဆွဲတင်လိုက်သည်။ ထိုခြေသံများကို ကြားပြီးနောက် သစ်သားပုံးငယ်လေးကို ရေတွင်းဘေးတွင် ချထားလိုက်ပြီး သူမ၏နဖူးပေါ်မှ ချွေးများကို ညင်သာစွာ သုတ်လိုက်၏။

"ကျွန်တော့်ကို လာရှာတဲ့လူတွေပါ..."

ယဲ့ပိုင်က သက်ပြင်းချလိုက်သည်။

အမျိုးသမီးသည် နားမလည်နိုင်သဖြင့် သံသယ မျက်လုံးများဖြင့် ယဲ့ပိုင်ကို ကြည့်လေသည်။

မကြာမီ လမ်းကြားထဲတွင် တခြားအသံတစ်သံ ထွက်ပေါ်လာသည်။

"သခင်လေးချောင်... သူ... သူ... အဲဒီလူပဲ..."

ဟန်ကျစ်၏ အထစ်ထစ်အငေါ့ငေါ့ ပြောဆိုလိုက်သောအသံ ထွက်ပေါ်လာသည်။

ချောင်ကူယွင်သည် များစွာယဉ်ကျေးနေခြင်း မရှိချေ။ သူသည် အဝေးတွင် မတ်တတ်ရပ်နေပြီး သူ၏လက်များကို အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ထားကာ မောက်မာသောလေသံဖြင့် ပြောဆိုလိုက်သည်။

"ဟေး... အဖြူရောင်ဝတ်ရုံနဲ့ လူ... မင်းက အရမ်းအစွမ်းထက်တယ်လို့ ငါ ကြားထားတယ်... ငါ အခုလေးတင် ဗေဒင်ဆရာ တစ်ယောက်နဲ့ တွေ့ခဲ့တယ်... ဒီနေ့ အပြင်ထွက်ရင် ပါရမီရှင်တစ်ယောက်နဲ့ တွေ့မယ်တဲ့... မင်းက အဲ့ဒီပါရမီရှင် ဖြစ်လောက်တယ်... ဘယ်လိုလဲ... ငါနဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားလား..."

ထိုအသံသည် အလွန် ကျယ်လောင်ပြီး လမ်းကြားထဲတွင် ပဲ့တင်ထပ်သွားသော်လည်း လေသံမှာမူ အလွန်ပေါ့ပျက်ပျက် နိုင်လှသည်။

ယဲ့ပိုင်သည် ပုံမှန်အတိုင်း သူ၏လက်များကို နောက်ပစ်ပြီး မတ်တတ်ရပ်နေသည်။

ထိုအသံကို ကြားလိုက်ရသည့်တိုင် သူ၏မျက်လုံးများသည် ရေကဲ့သို့ တည်ငြိမ်နေပေ၏။

သို့သော် ဤလမ်းကြားထဲရှိ လေထုအခြေအနေသည် ရုတ်တရက် အလွန်အေးစက်သွားတော့သည်။

ချောင်ကူယွင်၏နံဘေးတွင် မတ်တတ်ရပ်နေသော ဟန်ကျစ်၏ခြေထောက်များ ကူကယ်ရာမဲ့စွာဖြင့် တုန်ရီနေသည်။ မနေ့ကအတိုင်း သူ၏နဖူးပေါ်မှ ချွေးစေးများ အဆက်မပြတ် စီးကျလာသည်။ မနေ့က သူသည် ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့သော်လည်း သူ၏ရှေ့မှ လူငယ်လေး၏ ကြောက်မက်ဖွယ်ကောင်းပုံကို တခြားလူများထက် သူ ပိုသိနေသည်။

All Chapters