← Chapters

သူက ပြင်ပလူ မဟုတ်ဘူး

Vol. 34 Ch. 334

သူက ပြင်ပလူ မဟုတ်ဘူး

Vol. 34 Ch. 334

အေးစက်သောအဖြူရောင် အလင်းတန်းသည် နတ်ဆိုးတစ်ထောင်ဂူ၏ ကောင်းကင်ယံတွင် လျင်မြန်စွာ ပျံသန်းနေသည်။

၎င်း၏ နောက်တွင် ဖုန်းဟွာရှန်း သည် အသက်ကို ပဓာနမထားဘဲ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့၏။

သေရမည်ဆိုလျှင်ပင် သူသည် ထိုသစ္စာဖောက် မိန်းကလေးကို ဘယ်တော့မှအလွတ်မပေးနိုင်ပေ။

သို့သော် ဖုန်းဟွာရှန်း၏ ခန္ဓာကိုယ်ပေါ်တွင် စွဲကပ်နေသောဥအရည်အနံ့သည် သိုလှောင်ရတနာထဲတွင်သိမ်းဆည်းထားသော မြွေဥထက် နတ်ဆိုးဧကရာဇ်၏ အာရုံကို ပိုမို ဆွဲဆောင်နေကြောင်း ထင်ရှားလှသည်။

ကြက်သွေးရောင်နှလုံးသား နတ်ဆိုးဧကရာဇ် သာ သူ့ကို ဖမ်းမိသွားလျှင် ထိုမိန်းမ အမှန်တကယ် လွတ်မြောက်သွားပေလိမ့်မည်။

"သေစမ်း... သေလိုက်ပါတော့"

...

ဖုန်းဟွာရှန်း၏ အသက်ရှူသံများ မြန်ဆန်လာပြီး အတွေးများ ကစဉ့်ကလျားဖြစ်နေ၏။ ထိုစဉ် နောက်ထပ်အေးစက်သော ဓားအလင်းတန်းတစ်ခု သူ့ထံသို့ ရောက်ရှိလာသည်။

မထင်မှတ်ထားသော တိုက်ခိုက်မှုကြောင့် သူသည် ဓားအလင်းတန်း၏ ရိုက်ခတ်မှုကို အပြည့်အဝ ခံလိုက်ရသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး အရှိန်အဟုန်ဖြင့် အောက်သို့ ထိုးကျသွားသည်။

"အရှက်မရှိတဲ့ ကောင်မ"

ဖုန်းဟွာရှန်းသည် အက်ကွဲသော အသံဖြင့် အော်ဟစ်လိုက်ပေ၏။

ကျယ်လောင်သော အသံသည် နားကွဲမတတ်ဖြစ်ပြီး ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

သူ မျှော်လင့်ချက်ကုန်ဆုံးလုနီးပါး ဖြစ်နေချိန်တွင်...

အနည်းငယ် လှောင်ပြောင်သလို အသံတစ်ခု ထွက်ပေါ်လာသည်။

"ဂျူနီယာညီလေးဖုန်း... ဘယ်လိုလုပ် ဒီလို အဖြစ်ဆိုးမျိုးနဲ့ ကြုံနေရတာလဲ"

ထိုစကားကို ကြားသော် ဖုန်းဟွာရှန်း ခဏတာ ကြောင်အသွားပြီးနောက် သူ့မျက်နှာပေါ်တွင် အတိုင်းမသိဝမ်းသာသော အရိပ်အယောင်များ ထွက်ပေါ်လာ၏။

သူ့ရှေ့ရှိ အေးစက်သောအဖြူရောင် အလင်းတန်းသည် တဖြည်းဖြည်းရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။

သူမ၏ရှေ့တွင် လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ဓားပျံများပေါ်တွင် ရပ်နေသည့် ပုံရိပ်နှစ်ခုပေါ်လာပေ၏။

သူတို့နှစ်ဦးသည် ကြည်စယ်သည့်ဟန်ဖြင့်ကြည့်နေပြီး သူတို့၏အကြည့်များသည် ကျန်းချိုလန်၏ တည်ငြိမ်သော မျက်နှာပေါ်သို့ ကျရောက်သွားသည်။

"စီနီယာကျန်း ... စီနီယာလျို "

ဖုန်းဟွာရှန်းသည် သူ့အဖေအရင်းကို တွေ့လိုက်ရသကဲ့သို့တုံ့ပြန်လိုက်ပြီး ကောင်းကင်ပေါ်မှာပင် ဒူးထောက်ဦးချလုနီးပါး ဖြစ်သွား၏။

"ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးပါဗျာ... ဒီမိန်းမက နတ်ဆိုးဧကရာဇ်ရဲ့ဂူထဲကို ကျွန်တော်တို့နဲ့အတူဝင်ပြီးတော့ အကျိုးအမြတ်တွေကို တစ်ယောက်တည်း သိမ်းပိုက်ရုံမကဘဲ ကျွန်တော့်ရဲ့လက်တွဲဖော်ကိုပါ သတ်လိုက်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ကယ်ပေးပါ... နောင်တစ်ချိန် ကျွန်တော့်အသက်နဲ့ ပြန်ပေးဆပ်ပါ့မယ်"

"ကျွတ်"

ထိုစကားကို ကြားသော် ကျန်းမင်ရွှမ်သည် ခေါင်းကို ဖြည်းညှင်းစွာခါလိုက်၏။

"ဒီလောက် ယုတ်မာတဲ့လူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

လျိုကျင်းယွမ် သည် ဂရုမစိုက်သလိုလက်ဝှေ့ယမ်းလိုက်ရာ အနက်ရောင်ဝတ်ရုံနှင့် မိန်းကလေးသည် အလင်းအကာအကွယ်တစ်ခုဖြင့် ဖုံးလွှမ်းခြင်း ခံလိုက်ရ၏။

သူတို့နှစ်ဦးသည် အကျိုးအမြတ်များစွာ ရရှိထားပုံရပြီး စိတ်အခြေအနေကောင်းမွန်နေကြသည်။

"..."

ကျန်းချိုလန်သည် တိတ်ဆိတ်စွာကြည့်နေပြီး သူမဘေးရှိအလင်းရောင်သည် သူမ၏မျက်လုံးထဲတွင် ပိုမို မှုန်ဝါးလာ၏။

သေချာနေသည်မှာ ဤလူနှစ်ဦး၏ကျင့်ကြံခြင်းအဆင့်သည် သူမနားလည်နိုင်သော အတိုင်းအတာထက်များစွာ ကျော်လွန်နေသည်။

မဟာချန်မှ ထွက်ခွာလာစဉ်က လွတ်လပ်ကျင့်ကြံသူတစ်ဦး၏ လမ်းခရီးသည် မည်မျှခက်ခဲကြမ်းတမ်းမည်ကို သူမတွေးခဲ့ဖူးပြီး ကိုယ်တိုင် သေဆုံးနိုင်ခြေအတွက် အမြဲပြင်ဆင်ထားခဲ့သည်။

ထို့ကြောင့် သူမသည် အချိန်တိုင်းသတိထားပြီး ဂရုတစိုက် နေထိုင်ခဲ့ကာ အနည်းငယ်မျှ ပေါ့ဆခြင်း မရှိခဲ့ပေ။

သို့သော် တကယ်တမ်း ယခုလိုနေ့မျိုး ရောက်လာပြန်တော့လည်း အနည်းငယ်တော့ဝမ်းနည်းမိသေး၏။

သူမသည် စောဒကတက်ငြင်းခုံရန်အတွက် ခွန်အားများကို ဖြုန်းတီးမနေတော့ပေ။

ဖုန်းဟွာရှန်းနှင့် ကျိုးယာတို့ ယုတ်မာသော ရည်ရွယ်ချက်များရှိနေသည်ကို ဦးစွာသတိထားမိခဲ့ပြီး ယခင်အဖြစ်အပျက်များကို ဖြစ်ပေါ်စေခဲ့သည် ဆိုလျှင်ပင်။

ပထမဆုံး စတင်တိုက်ခိုက်ခဲ့သူမှာ သူမသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏အင်အားနှင့် နောက်ခံအရ တခြားသူကို အရင် လှုပ်ရှားခွင့် ပေးလိုက်လျှင် ပြန်လည်ခုခံရန် အခွင့်အရေး လုံးဝ မရှိနိုင်တော့သောကြောင့် ဖြစ်သည်။ ဤသည်မှာ လွတ်လပ်ကျင့်ကြံသူတစ်ဦး၏ အကျပ်အတည်းပင်။

ထို့အပြင် ရွှမ်ကွမ်းဂူမှ ဤကျင့်ကြံသူနှစ်ဦးသည် ဖုန်းဟွာရှန်းကို သိနေကြသည်မှာ ထင်ရှား၏။

ထိုအချိန်တွင် တိမ်တိုက်များကြားရှိ ကောင်းကင်ယံ၌...

ယွီချောင်အန်း သည် အစောပိုင်းက သူပြောခဲ့သော စကားများကို ပြန်လည်အမှတ်ရပြီး စိတ်ခံစားမှု အနည်းငယ်ဖြစ်ပေါ်လာသည်။

"ဒါက ကံတရားနဲ့ အဆက်အသွယ်ပဲ"

ဖုန်းဟွာရှန်းသည် သေဆုံးခြင်းထောင်ချောက်ထဲသို့ ကျရောက်ခဲ့သော်လည်း...ယခုလို ရယ်စရာကောင်းသောနည်းလမ်းဖြင့် အရှုံးမှအနိုင်ဘက်သို့ ပြောင်းလဲနိုင်ခဲ့လေ၏။

စကားစပ်မိသောကြောင့် သူသည် သူ့စီနီယာအစ်ကိုဘက်သို့ လှည့်ကြည့်လိုက်သည်။

"အစ်ကိုကြီး ဘယ်လိုထင်လဲ... သူက ဒီလိုမျိုး ခံစားထိုက်သလား"

"ငါက အရူးတွေနဲ့ စကားမများချင်ဘူး"

ထုံရှင်းချွမ်း သည် အပေါ်မှနေ၍ ဂရုမစိုက်သလို ကြည့်နေ၏။

ယွီမျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရပြီး စစ်မှန်သော မြင့်မြတ်မျိုးနွယ်တစ်ဦးဖြစ်ကာ ထူးချွန်သော ဉာဏ်ရည်နှင့် အရည်အချင်းတို့ဖြင့် ဝူထုံတောင် သို့ အတားအဆီးမရှိ ဝင်ရောက်နိုင်ခဲ့သူ ဖြစ်သည်။

သူ့မျက်လုံးထဲတွင် အမှန်နှင့် အမှား၊ ကောင်းမှုနှင့် မကောင်းမှုသာ ရှိလေ၏။

"ပျင်းစရာ ကောင်းလိုက်တာ"

ထုံရှင်းချွမ်း အကြည့်ကို ရုပ်သိမ်းလိုက်သည်။

"ငါ ပြန်တော့မယ်"

"လူယုတ်မာတစ်ယောက် သူ့လုပ်ရပ်နဲ့ထိုက်တန်တဲ့ အကျိုးအမြတ်ရသွားတာကို အစ်ကိုကြီးက ကြည့်မနေနိုင်ဘူး မဟုတ်လား" ယွီချောင်အန်း မျက်လုံးလှန်ကြည့်လိုက်၏။

"ငါက မင်းလိုပဲ ရွှမ်ကွမ်းဂူက အရူးတွေကို မကြိုက်တာပါ" ထုံရှင်းချွမ်း သူ့ကို တစ်ချက်ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်၏။

စီနီယာအစ်မ ချမှတ်ထားသောစည်းကမ်းသာ မရှိလျှင် ယနေ့ ထိုအမျိုးသမီးကို သူ တကယ် ကယ်တင်လိုက်မိမည်။

"..."

ယွီချောင်အန်း နှုတ်ခမ်းသပ်လိုက်ပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။

ပွင့်လင်းစွာ ပြောရလျှင် ထိုစုံတွဲ၏ ယုတ်မာသော ရည်ရွယ်ချက်များက အတော်လေးသိသာထင်ရှားပေ၏။

သူ့အတွက်တော့ သူတို့သုံးဦးစလုံးမှာ တစ်အုပ်စုတည်းဖြစ်ပြီး မည်သူနိုင်နိုင် သူကျေနပ်မည် မဟုတ်ပေ။

ထိုသို့ တွေးနေရင်း သူပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာပေ။

ထိုအချိန်မှာပင်

ကျန်းချိုလန်၏ နားထဲတွင် ဂရုမစိုက်သလို အသံတစ်သံ ကြားလိုက်ရပေ၏။

"မင်းသာ ကိုယ့်အမှားကိုယ်ဝန်ခံမယ်ဆိုရင် စီနီယာနီရဲ့ မျက်နှာကို ထောက်ပြီး ငါ မင်းအသက်ကို ချမ်းသာပေးမယ်... အလဲအလှယ်အနေနဲ့ မင်းမြွေဥကို ပေးရမယ်၊ ပြီးတော့ စိတ်ဝိညာဉ်ရှီအစစ်အမှန်ပုဂ္ဂိုလ်ရဲ့ တပည့်အဖြစ်ခံယူမယ့် အကြံအစည်ကို စွန့်လွှတ်ရမယ်"

အမှားဝန်ခံရမယ်တဲ့လား။

ကျန်းချိုလန် ကောင်းကင်ကို မော့မကြည့်သလို အံ့သြဟန်လည်း မပြပေ။

ဤနေရာတွင် ဝူထုံတောင်၏လူများရှိနေကြောင်းအား စဉ်းစားစရာမလိုဘဲ သိနိုင်တဲ့အဖြေတစ်ခုဖြစ်လေ၏။

သူမ မည်သည့်အမှားမှ လုပ်ခဲ့သည်ဟုမထင်ပေ။

"..."

ကျန်းချိုလန် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ရာ သူမ၏ခန္ဓာကိုယ်ပေါ်တွင် အေးစက်သောအလင်းရောင်များ ပိုမို ပြင်းထန်လာသည်။

သူမ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်၏။

"ဟူး..."

စီးဆင်းနေသော အလင်းလှောင်အိမ်အတွင်းတွင် သူမသည် စာကလေးတစ်ကောင်ကဲ့သို့ အားနည်းနေပုံရသည်။

သို့သော် ဤအခိုက်အတန့်တွင် ထိုငှက်ကလေးသည်ခေါင်းငုံ့မသွားဘဲ အမွေးများကိုထောင်ကာ ခုခံရန် ရွေးချယ်လိုက်သည်။

"ငါ မမှားဘူးဆိုရင် ဟွမ်ယွမ်အဆင့်က ဒီကောင်မလေးက သူ့အသက်နဲ့ရင်းပြီး ငါတို့ကို ပြန်တိုက်ခိုက်ချင်နေတာလား"

ကျန်းမင်ရွှမ်သည် အံ့သြစွာဖြင့် မျက်ခုံးပင့်လိုက်ပြီးမကြာမီ ပြောင်ချော်ချော်အပြုံးတစ်ခု ပေါ်လာ၏။

"စီနီယာကျန်း... ကြက်သွေးရောင်နှလုံးသား နတ်ဆိုးဧကရာဇ် ရောက်လာတော့မယ်... ကျေးဇူးပြုပြီး ဒီမိန်းမကို အမြန်ရှင်းပစ်လိုက်ပါ... ကျွန်တော် ဖုန်းဟွာရှန်း အထူးကျေးဇူးတင်ရှိပါ့မယ်"

ဖုန်းဟွာရှန်းသည် စိုးရိမ်တကြီးဖြင့် နောက်ကျောဘက်သို့ လှည့်ကြည့်လိုက်၏။

ထိုစကားကို ကြားသော် ရွှမ်ကွမ်းဂူမှ ကျင့်ကြံသူနှစ်ဦး၏မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသော်လည်း သိပ်ကြောက်လန့်ခြင်း မရှိပေ။

သူတို့နှစ်ဦးစလုံးသည် နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့်တွင် ရှိနေကြပြီး နှစ်ယောက်ပေါင်းလျှင် မြွေဧကရာဇ်ကို ကိုင်တွယ်နိုင်စွမ်းရှိသည်။

အနိုင်မတိုက်နိုင်လျှင်ပင် များစွာနစ်နာဆုံးရှုံးစရာ မရှိပေ။

သို့သော် ဤကိစ္စကိုအချိန်ဆွဲနေဖို့ မလိုဘူးဆိုသည်မှာတော့ အမှန်ပင်။

"ဘာလဲ... သူက မင်းကိုဂရုမစိုက်ဘူးလား"

ထုံရှင်းချွမ်း ရုတ်တရက် ခြေလှမ်းရပ်တန့်လိုက်ပြီး ယွီချောင်အန်းကို လှောင်ပြောင်သလိုကြည့်လိုက်၏။

"..."

ယွီချောင်အန်း လက်သီးဆုပ်လိုက်သည်။

ဤအမျိုးသမီးက ခေါင်းမာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ကျန်းချိုလန် အရှိန်ယူပြီးအလင်းလှောင်အိမ်ကို ဝင်တိုက်ရန် ပြင်ဆင်နေသည်ကို ကြည့်ရင်း...

ယွီချောင်အန်း အကြည့်လွှဲရန် ရွေးချယ်လိုက်၏။

မိမိကိုယ်ကိုမပြုပြင်နိုင်သူများကို ကယ်တင်ရန် မထိုက်တန်ပေ။

"အားကိုးစရာနောက်ခံကောင်း မရှိရုံနဲ့ သေသင့်တာပဲလား"

ထုံရှင်းချွမ်းသည် နောက်ဆုံးတွင် သူ၏သွယ်လျသောလက်ချောင်းများကို ဆန့်ထုတ်လိုက်သော်လည်း ထိုအချိန်တွင် မျက်ခုံးများကို ဖြည်းညှင်းစွာကြုတ်လိုက်၏။

ကျန်းချိုလန်သည် အလင်းလှောင်အိမ်ကို အသက်နှင့်ရင်းကာ ဝင်တိုက်လိုက်သည်ကို သူ မျက်လုံးပြူးကာ ကြည့်နေမိသည်။

နောက်တစ်ခိုက်တွင် ကွဲအက်သံတစ်ခု တိတ်ဆိတ်စွာ ထွက်ပေါ်လာပေ၏။

လှောင်အိမ်သည် ချက်ချင်းကြေမွသွားသည်။

အေးစက်သောနှင်းခဲများနှင့် စီးဆင်းနေသော အလင်းများသည် ကြီးမားသောရွှေရောင်လက်ဝါးကြီးတစ်ခုထဲသို့ဝင်ရောက်သွားပြီး အနည်းငယ် ကြောင်အစွာမော့ကြည့်နေသော အနက်ရောင်ဝတ်ရုံနှင့် မိန်းကလေး၏ပုံရိပ်ကို ပေါ်လွင်နေစေ၏။

ခြောက်ကျန်းနှင့် ခုနစ်ပေခန့် မြင့်မားသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် မိုးမျှော်တိုက်ကြီးတစ်ခုသဖွယ် မားမားမတ်မတ် ရပ်တည်နေသည်။

၎င်း၏ရွှေရောင်ရင့်ရင့် ဝတ်ရုံများသည် အနည်းငယ် လှုပ်ခတ်နေပေ၏။

၎င်းသည် လက်ထဲမှမိန်းကလေးကို တိတ်ဆိတ်စွာ ငုံ့ကြည့်နေသည်။

ကျန်းချိုလန်သည် ခေတ္တမျှ ၎င်းနှင့် အကြည့်ချင်း ဆုံသွားပြီး သူမ၏ကြည်လင်သော မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်လာသည်။

ဤမျှထိ အင်အားကြီးမားသော ယင်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို သိကြောင်းသူမ မမှတ်မိပေ။

ဝူထုံတောင်တွင် မည်သူမှရွှေရောင်ခန္ဓာကိုယ် နည်းစနစ်အား မကျင့်ကြံကြမဟုတ်လော။

ရုတ်တရက် သူမတစ်ခုခုကို သတိရသွားပုံရပေ၏။

ကျန်းချိုလန် ရုတ်တရက် အဝေးသို့ လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင် ရွှမ်ကွမ်းဂူမှ စွမ်းအားကြီး ကျင့်ကြံသူနှစ်ဦး၏ရှေ့၌ ရပ်နေသော၊ အရပ်ရှည်ပြီး ရင်းနှီးနေသော အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

အနည်းငယ်လှုပ်ခတ်နေသော ဆံနွယ်များအောက်တွင် သူ၏မျက်လုံးများသည် နက်မှောင်ပြီး လေးနက်နေ၏။

ပုံမှန်မြင်တွေ့နေကျ အနီရောင်နှင့် သတ်ဖြတ်လိုသောအရှိန်အဝါများ ပျောက်ကွယ်နေသည်။

သို့သော် သူ့ထံမှနှလုံးသားကို တုန်လှုပ်စေနိုင်သော အားကောင်းသည့် အရှိန်အဟုန်တစ်ခု ထွက်ပေါ်နေလေ၏။

သူ့အရှိန်အဝါ၏လှိုင်းဂယက်များ လွှမ်းခြုံခံလိုက်ရရုံဖြင့် ဖုန်းဟွာရှန်း တစ်ဖန် ပြန်လည် အသက်ရှူကျပ်သွားသည်။

"..."

"ကြည့်ရတာ... သူ့တစ်ယောက်တည်းထဲနောက်ခံရှိတာ မဟုတ်ဘူးထင်တယ်"

ထုံရှင်းချွမ်း၏ လက်ချောင်းထိပ်များတွင် ရွှေရောင်ကြိုးမျှင်များ ပေါ်လာသော်လည်း သူ၏ မျက်နှာထားသည် ပို၍ ထူးဆန်းသွား၏။

ယခုလို နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် သူတို့ဘေးတွင်ရှိနေသော်လည်း ထိုအတူ ရွှေရောင်ခန္ဓာဓမ္မပုံကိုယ်ထည်ရှိနေသည်ကိုပင် ထိုနှစ်ယောက်မလှုပ်ရှားခင်အထိ ၎င်း၏ တည်ရှိမှုကို သူ လုံးဝသတိမထားမိခဲ့ပေ။

"သူ မင်းကိုဂရုမစိုက်တာ အံ့သြစရာမရှိတော့ပါဘူး"

"ငါ..." ယွီချောင်အန်း၏ မျက်နှာ ရှုံ့မဲ့သွား၏။

"သေစမ်း... ငါသူ့ကိုမြင်ဖူးတယ်... ပြီးတော့ အဲဒီ ရွှေရောင်ခန္ဓာကိုယ်... ပြီးခဲ့တဲ့ အခေါက်တုန်းက ဒီလောက် မမြင့်ပါဘူး"

ဒါ ယိုဝေလှံကို ယူပြီးထွက်ပြေးသွားတဲ့ ကောင်လေး မဟုတ်ဘူးလား။

All Chapters