စင်မြင့်ထက်သို့ တက်ရောက်ခြင်း
Vol. 34 Ch. 336
မြွေကြီးသည် ရုန်းရင်းဆန်ခတ် ဖြစ်နေ၏။ ယခင်ကတည်းက အနီရင့်ရင့်အရောင်ရှိသည့် သူ၏ ကြေးခွံများကြားမှ အနက်ရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေလေသည်။
ခရမ်းရွှေရောင်မီးတောက်များသည် ပိုမိုပြင်းထန်လာပေသည်။
သူ လူးလိမ့်နေသောကြောင့် သူ့အောက်ရှိ မြေပြင်တစ်ခုလုံး မီးလောင်ကျွမ်းသွား၏။
သူ၏ရှူးရှူးရှားရှား အသံများသည် အဆက်မပြတ် ပဲ့တင်ထပ်နေလေသည်။
နတ်ဆိုးတစ်ထောင်ဂူမှ နတ်ဆိုးဧကရာဇ်တစ်ပါးအနေဖြင့် ယိုဝေလှံ၏ စွမ်းအားကို သူ ကောင်းစွာ သတိပြုမိပေသည်။ ယခုအခါ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝါးမြိုနေသော အလင်းတန်းများကို ဖယ်ရှားရန်အတွက် သူ၏ သန်မာသော နတ်ဆိုးစွမ်းအားများ တရဟောစီးဆင်းနေ၏။
ကံကောင်းထောက်မစွာဖြင့် သူ၏နတ်ဆိုးခန္ဓာကိုယ်သည် လျိုကျင်းယွမ်၏ အားနည်းသော ခန္ဓာကိုယ်ထက် အဆများစွာပိုမို ကြံ့ခိုင်ပေသည်။
...
ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်တွင် အနီရင့်ရင့်ရောင် ကြေးခွံများ အနည်းငယ်ပွင့်ဟလာပြီး စိမ့်ထွက်နေသောအနက်ရောင်အလင်းတန်းများ လျော့ကျသွားမည့် အရိပ်အယောင်များ ပြသလာ၏။
"ရှူး"
ကြက်သွေးရောင််နှလုံးသားမြွေဧကရာဇ်သည် စူးရှသောအမျိုးသမီးအသံဖြင့် အော်ဟစ်လိုက်လေ၏။
"ဒီလှံကို ကိုင်ထားရုံနဲ့ နင်က သူ့ရဲ့စစ်မှန်တဲ့ သခင် ဖြစ်သွားပြီလို့ တကယ် ထင်နေတာလား။ ငါ ပြောလိုက်မယ်... နင့်တော့ သွားပြီ"
တစ်နည်းအားဖြင့် သူ ပြောတာ မှန်ပေသည်။
နတ်ဆိုးရတနာသန့်စင်ခြင်းနည်းစနစ် သည် အပေါ်ယံ လှည့်ကွက်တစ်ခုမျှသာ ဖြစ်လေ၏။
ရှန်းယီသည် နတ်ဆိုးသက်တမ်းများကို အသုံးပြု၍ နှစ်ပေါင်းများစွာကြာအောင် ပြုပြင်မွမ်းမံခဲ့သော်လည်း ယိုဝေနတ်ဆိုးဧကရာဇ်ကဲ့သို့ လှံနှင့် ခန္ဓာကိုယ်ကို အမှန်တကယ် ပေါင်းစပ်နိုင်ခြင်း မရှိသေးပေ။
ထို့ကြောင့် သူသည် အမြဲတမ်း အကြမ်းပတမ်းထိုးစိုက်ခြင်းကိုသာ အသုံးပြုလေ့ရှိ၏။
ချင်းလင်နတ်ဆိုးဧကရာဇ် နှင့် တိုက်ခိုက်ခဲ့စဉ်က ယိုဝေလှံသည် အန္တရာယ်ကို အာရုံခံမိပြီး ချင်းလင်၏စွမ်းအားကို တန်ပြန်ရန် အလိုအလျောက် တုံ့ပြန်ခဲ့သော်လည်း ရှန်းယီသည် ထိုဖြစ်စဉ်ကို ကိုယ်တိုင် ပြန်လည် ဖန်တီးနိုင်ခြင်း မရှိခဲ့ပေ။
"တကယ်ကို ယိုဝေလှံပဲ"
ထုံရှင်းချွမ်း သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ထိုလူငယ်၏ ရဲရင့်မှုကို အံ့သြသွားလေသည်။
သူသည် ရေနဂါးအိုကြီး၏ အမြီးရိုးကို ခိုးယူရဲရုံသာမက နတ်ဆိုးတစ်ထောင်ဂူအတွင်း၌ပင် အသုံးပြုရဲပေသည်။
သူ ရူးနေတာ ဖြစ်လောက်ပေ၏။
"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူ အကြီးအကျယ် ရှုံးနိမ့်ခဲ့တာဆိုတော့ ဒီတစ်ခါတော့ တခြားနတ်ဆိုးဧကရာဇ်တွေကို သေချာပေါက် ခေါ်လာတော့မှာ"
ယွီချောင်အန်း သည် အဝေးကို လှမ်းကြည့်လိုက်ပြီး သူ၏မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာ၏။
သူတို့၏လက်ရှိ မောက်မာမှုကို အထင်မကြီးပါနှင့်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးတစ်ထောင်ဂူသည် အတော်လေး ထူးခြားသော အင်အားစုတစ်ခု ဖြစ်သောကြောင့်ပင်။
သူတို့သည် စည်းလုံးပုံပေါက်သော်လည်း အချင်းချင်း ရင်းနှီးကြခြင်း မရှိဘဲ ပိုမို အစွမ်းထက်သော နတ်ဆိုးဧကရာဇ်များ ကျဆုံးပါက ပိုကောင်းသော ဂူများသို့ ပြောင်းရွှေ့နိုင်ရန်ပင် မျှော်လင့်နေကြလေသည်။
သို့သော် ဤအရာအားလုံး၏အခြေခံမှာ နတ်ဆိုးတစ်ထောင်ဂူ၏ ဝူထုံတောင် အပေါ် ထားရှိသော လွှမ်းမိုးမှုကို မထိခိုက်စေသော အချက်ပင်။
အကယ်၍ ကြီးမားသော ပြဿနာများ ရှိလာပါက အခြေအနေသည် လုံးဝ ကွဲပြားသွားပေလိမ့်မည်။
ထောင်ချီသော နတ်ဆိုးများအတူတကွ ထွက်ပေါ်လာပါက ဝူထုံတောင်သည်ပင် ကျောချမ်းသွားရပေမည်။
ယိုဝေ နတ်ဆိုးဧကရာဇ်ကိုပင် ကြည့်ပါ။
သူ၏ အမြီးရိုးကို ပြန်လည်ရယူရန်အတွက် သူသည် မည်သည့် အဖိုးအခကိုမဆို ပေးဆပ်ရန် ဝန်မလေးဘဲ ထိပ်တန်း ဂူဆယ်ဂူမှ နတ်ဆိုးဧကရာဇ်များကိုပင် အကူအညီ တောင်းခံခဲ့ပေသည်။
အကယ်၍ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက စီနီယာအစ်ကိုနီ လာလျှင်ပင် ခေတ္တ ဆုတ်ခွာရပေလိမ့်မည်။
"မိသားစုကြီးနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေပါပဲ"
ဤအချက်ကို တွေးမိသောအခါ ယွီချောင်အန်းသည် စိတ်ထဲမှကျိန်ဆဲလိုက်မိလေ၏။
နတ်ဆိုးတစ်သိုက်သည် ကိုယ်စီ အကြံအစည်များ ရှိကြပြီး အချင်းချင်းတိုက်ခိုက်နေကြသော်လည်း လူသားကျင့်ကြံသူများကို အနိုင်ကျင့်ရန်တော့ လက်မနှေးကြပေ။
သူတို့သည် အချမ်းသာဆုံးမြေကို သိမ်းပိုက်ထားပြီး မနာလိုစရာကောင်းသော်လည်း ဘာမှ မလုပ်နိုင်ကြပေ။
ဝူထုံတောင်သည် သူတို့၏ တစ်ခုတည်းသော ဆူးငြောင့်ခလုတ် ဖြစ်ပေ၏။
ထို့ကြောင့် သူနှင့်သူ၏ ညီအစ်ကိုများသည် ကျင့်ကြံခြင်း မြင့်မားသော်လည်း နတ်ဆိုးတစ်ထောင်ဂူကို အမှန်တကယ် ဒေါသထွက်စေပြီး လောကကြီးအပေါ် ဘေးဒုက္ခ ကျရောက်စေမည်ကို စိုးရိမ်သဖြင့် ထိန်းချုပ်နေကြရခြင်း ဖြစ်ပေသည်။
သူတို့ မဟာမိတ်နှစ်ခုကို ရှာဖွေခဲ့ကြလေ၏။
တစ်ဖက်မှာ သမားရိုးကျမဟုတ်သော နည်းလမ်းကို ကျင့်ကြံသူဖြစ်ပြီး ထိရောက်မှုသိပ်မရှိလှပေ။
အခြားတစ်ဖက်မှာမူ ဝူထုံတောင်ကို အစားထိုးပြီး နတ်ဆိုးတစ်ထောင်ဂူနှင့် ငြိမ်းချမ်းစွာ ဆက်လက် နေထိုင်ရန်သာ မျှော်လင့်နေခြင်းဖြစ်၏။
"သူ့ကို ကူညီလိုက်ကြမလား။ ဘာပဲဖြစ်ဖြစ် သူက မဟာမိတ်ပဲလေ"
ယွီချောင်အန်းက မြွေကြီးသည် သူ့အားဝါးမြိုနေသော အလင်းတန်းများကို ဖိနှိပ်တော့မည့်ဟန့်ကို မြင်လိုက်ရသဖြင့် ပြောလိုက်သည်။
ထိုလူငယ်၏ အထောက်အထားမှာ အလွန်လျှို့ဝှက်ခြင်း သိပ်မရှိလှပေ။
သုံးကျန်းခန့်မြင့်သော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကိုမြင်လိုက်ရစဉ်က မှန်းဆစရာ လိုကောင်းလိုနိုင်သော်လည်း ခြောက်ကျန်းကျော်မြင့်သော ရွှေရောင်ရင့်ရင့်ဓမ္မကိုယ်ထည်ကို မြင်လိုက်ရသောအခါ မဟာချန်မှလွဲ၍ အခြား မည်သည့်နေရာကမျှ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို မွေးထုတ်ပေးနိုင်မည် မဟုတ်ကြောင်း သိသာထင်ရှားပေသည်။
"သူ အခုလေးတင်သတ်လိုက်တဲ့ နှစ်ယောက်ကလည်း မင်းရဲ့မဟာမိတ်တွေပါပဲ"
ထုံရှင်းချွမ်းက ဘေးတိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သော်လည်း သူ၏ လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်လေ၏။
ယွီချောင်အန်းက မျက်ခုံးပင့်ကာ သက်ပြင်းချလိုက်၏။ "လူတိုင်းက နတ်ဆိုးတွေဟာ မိုက်မဲတယ်၊အချင်းချင်း တိုက်ခိုက်လေ့ရှိပြီး ကာမဂုဏ်မှာ ပျော်မွေ့တတ်တယ်လို့ ပြောကြပေမယ့် တကယ်တမ်းကျတော့ ငါတို့နဲ့ ဘာကွာလို့လဲ"
"အရူး"
ထုံရှင်းချွမ်းက အေးစက်စွာ ရယ်မောလိုက်၏။
ရွှမ်ကွမ်းဂူ သည် မဟာချန်ကို နှစ်ပေါင်းများစွာ အနိုင်ကျင့်ခဲ့ပြီး ထို ယင်ဝိညာဉ်ကျင့်ကြံသူများ အနေဖြင့် သူတော်စင်များကဲ့သို့ အပြုံးဖြင့် ခွင့်လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်နေသလော။
စာချုပ်ဆိုသည်မှာ ဟန်ပြသက်သက်သာ ဖြစ်ပေသည်။
ကံကောင်းထောက်မစွာပင် စီနီယာအစ်ကို၊ အစ်မအများအပြားသည် နဂါးများကဲ့သို့ စွမ်းအားကြီးကြပြီး ဟင်းလင်းပြင်ထိုးဖောက်ခြင်းအဆင့် သို့ ထိုးဖောက်ဝင်ရောက်နိုင်မည့် အလားအလာ ကိုယ်စီ ရှိကြပေသည်။ အထူးသဖြင့် ရွှမ်ဓား နှင့် ဝိညာဉ်ရှီတို့သည် ထိုအဆင့်နှင့် အနီးစပ်ဆုံး ဖြစ်ကြပေ၏။
အခြေအနေက သိပ်မဆိုးရွားသေးပေ။
"..."
ထုံရှင်းချွမ်းသည် ယွီချောင်အန်းက ယခုတစ်ကြိမ်တွင် ပြန်လည်ငြင်းခုံခြင်း မရှိဘဲ အောက်ဘက်သို့ ငေးကြည့်နေသည်ကို တွေ့ရသဖြင့် အံ့သြသွားလေသည်။
သူလည်း အောက်သို့ ငုံ့ကြည့်လိုက်လေ၏။
ထိုနေရာတွင် ကြက်သွေးရောင်နှလုံးသားမြွေကြီးသည် ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို စိုက်ကြည့်နေပေသည်။
ထိုသွေးရောင်မျက်လုံးများ၏ အကြည့်အောက်တွင်...
ကျန်းချိုလန်၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် တောင့်တင်းသွားပြီး သူမ၏စိတ်ဓာတ်ကြံ့ခိုင်မှု မည်မျှပင် အားကောင်းစေကာမူ မြင့်မားသော အဆင့်တစ်ခု၏ဖိအားကို မည်သည့်အခါမျှ ကျော်လွှားနိုင်မည် မဟုတ်ပေ။
၎င်းသည် သူမ၏အရိုးထဲအထိ စွဲမြဲနေသော ဗီဇစိတ် ဖြစ်လေ၏။
ထိုအချိန်တွင် ရွှေရောင်လက်ချောင်းငါးချောင်းသည် ဖြည်းညှင်းစွာပိတ်သွားပြီး မြွေဧကရာဇ်၏ အကြည့်မှ သူမကို ကာကွယ်ပေးလိုက်ပေသည်။
"..."
ကျန်းချိုလန်သည် သူမ၏မြန်ဆန်နေသော အသက်ရှုသံကို ထိန်းညှိပြီး ရှုပ်ထွေးသော အကြည့်ဖြင့် မော့ကြည့်လိုက်ပေသည်။
တစ်ဖက်လူသည် ရှန်းယီ၏သူငယ်ချင်း ဖြစ်လျှင်ပင် သူမကို မတော်တဆ ထိခိုက်မိမည် စိုးသောကြောင့် ဝင်မကူညီခြင်းလော။
"စီနီယာ..."
ချင်းဟွာသခင်မ သည် ခေါင်းမော့ကာ ရှေ့ကို အေးစက်စွာ ကြည့်လိုက်၏။
သူမ ဘာရှင်းပြချက်မှ မပေးခဲ့ပေ။
သူမ ပြန်လည်ဖွဲ့စည်းပြီးကတည်းက သူမ၏ သခင်သည် နတ်ဆိုးနှင့် လူသား ကျင့်ကြံသူ နှစ်ဦးလုံးနှင့် ရင်ဆိုင်ရချိန်တွင် နတ်ဆိုးကို မတိုက်ခိုက်ဘဲ လူသားကျင့်ကြံသူကို ဦးစွာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပေသည်။
အကြောင်းရင်းမှာ ဤမိန်းကလေး ဖမ်းဆီးခံထားရခြင်းကြောင့် ဖြစ်နိုင်ပေ၏။
အစောပိုင်းက မြွေနီကြီးအဖြစ်ပြောင်းလဲသွားသော လှပသည့်အမျိုးသမီးကို ပြန်တွေးမိသောအခါ ချင်းဟွာသည် ဖိအားများစွာ ခံစားလိုက်ရသည်။
သူမ ပို၍ ဆင်ခြင်တုံတရား ရှိရမည်ကို သိလိုက်လေ၏။
သူမ၏ သခင်က အရာရာတိုင်းကို လမ်းညွှန်ပေးလိမ့်မည်ဟု သူမ မျှော်လင့်၍ မရပေ။
"ဟွန်း"
သူ၏လက်မောင်းမှ အားဖြင့်တွန်းလိုက်ရင်း ရှန်းယီသည် နောက်ဆုံးတွင် လှံကိုမြွေကြီး၏ ခေါင်းထဲသို့ အဆုံးထိ ထိုးစိုက်လိုက်ပေသည်။
သူ တိတ်ဆိတ်စွာ ငုံ့ကြည့်လိုက်၏။
ထို့နောက် လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြီး ချက်ချင်းဆုပ်လိုက်လေသည်။
"ကျွီ"
ထိုခဏချင်းမှာပင် အနီရောင်ဝိညာဉ်ငှက် ပုံရိပ်ယောင်တစ်ခုသည် သူ့နောက်တွင် ပေါ်လာပြီး တောင်ပံများကို ဖြန့်ကာ ဒေါသတကြီး ဟိန်းလိုက်လေ၏။
ခမ်းနားထည်ဝါသော ငှက်မွှေးများသည် တောက်ပသောအစိမ်းရောင် အလင်းတန်းများဖြင့် လင်းလက်လျက် ရှိပေသည်။
ရှန်းယီသည် အားကုန်သုံး၍ လက်သီးဖြင့် ထိုးချလိုက်၏။
ဝုန်း
ထိုအချိန်တွင်ပင် ဧရာမ နတ်ဆိုးစပါးအုံးမြွေကြီးသည် လွတ်မြောက်ရန်အသင့်ပြင်ထားရင်း ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို စိုက်ကြည့်နေခဲ့သည်။
နောက်တစ်ခဏတွင် သူ၏ကြီးမားလှသော ခေါင်းသည် ရိုက်ချခြင်း ခံလိုက်ရပြီး တောင်တန်းများတစ်လျှောက်ကြီးမားသော ချိုင့်ခွက်ကြီး ဖြစ်ပေါ်သွားလေ၏။
ဝုန်း ဝုန်း ဝုန်း
အစိမ်းရောင်အလင်းတန်းများသည် ရှန်းယီ၏ လက်ချောင်းထိပ်များမှ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သောချွန်ထက်သည့် ဓားများကဲ့သို့ ကြေးခွံများထဲသို့ စနစ်တကျ ထိုးဖောက်ဝင်ရောက်ကာ မြွေကြီး၏ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားပေသည်။
ထိုအချိန်တွင်ပင် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ထားသော အနက်ရောင်စွမ်းအင် သည် မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲထွက်လာလေသည်။
ကြက်သွေးရောင်နှလုံးသား နတ်ဆိုးဧကရာဇ်သည် လက်သီးတစ်ချက် အထိုးခံလိုက်ရပြီး ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် သေခြင်းရှင်ခြင်းအန္တရာယ်ကို ချက်ချင်း အာရုံခံမိလိုက်၏။
သူသည် အစိမ်းရောင်အလင်းတန်းများကို နောက်တစ်ကြိမ် ဖိနှိပ်ရန် ကြိုးစားရင်း နတ်ဆိုးစွမ်းအားကိုအသည်းအသန် အသုံးပြုလိုက်ပေသည်။
သို့သော် ခန္ဓာကိုယ် စုတ်ပြဲသွားသော ပြင်းထန်သည့် နာကျင်မှုသည် ဒီရေအလား တရစပ် ဝင်ရောက်လာ၏။
မြွေကြီး၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် ဖြည်းညှင်းစွာလူးလိမ့်နေပြီး နောက်ဆုံးတွင် လုံးဝ ရပ်တန့်သွားကာ အရေပြားတစ်လျှောက် ကွဲထွက်သွားလေသည်။
[နတ်ဘုရားစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ်ကို သတ်ဖြတ်လိုက်သည်။ စုစုပေါင်း သက်တမ်း ၈၃၀၀၀ နှစ်၊ လက်ကျန် သက်တမ်း ၄၂၀၀၀ နှစ်၊ စုပ်ယူခြင်းပြီး]
"..."
ရှန်းယီသည် အသားပုံများကြားမှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်ကို ကြည့်ပြီး လက်ထဲသို့ ယူလိုက်၏။
နတ်ဘုရားစိတ်ဝိညာဉ် အလယ်အလတ်အဆင့် အနေဖြင့် ဤ ၂၃ ခုမြောက်ဂူမှ ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ်ကို သတ်ဖြတ်ရသည်မှာ ရွှမ်ကွမ်းဂူကျင့်ကြံသူ နှစ်ဦးထက် ပိုမို ခက်ခဲပေသည်။
သူသည် နတ်ဘုရားစိတ်ဝိညာဉ်နောက်ဆုံးအဆင့် နှင့် အလွန် နီးစပ်နေပြီ ဖြစ်လောက်ပေသည်။
ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် လက်ဝါးကို ဖွင့်လိုက်ပြီး ကျန်းချိုလန်ကို လွှဲပြောင်းပေးရန် ရည်ရွယ်လိုက်၏။
သို့သော် ရှန်းယီသည် သူ၏လှံကို ပြန်မရုတ်သိမ်းသေးပေ။ သူသည် မြွေခေါင်းပေါ်တွင် ရပ်နေဆဲဖြစ်ပြီး သူ၏နက်မှောင်သော မျက်လုံးများသည် မိုးကောင်းကင်ဆီသို့ ဖြည်းညှင်းစွာရွေ့လျားသွားလေသည်။