နန်ယန်တွင် နတ်ဆိုးများအား နှိမ်နင်းခဲ့သည့် မှတ်တမ်း
Vol. 34 Ch. 338
"ဒါက..."
ကျန်းချိုလန်သည် ရွှမ်ဓား နှင့် သိုလှောင်ရတနာ ကို ကြည့်ရင်းတစ်စုံတစ်ခုကို မရေမရာ ခန့်မှန်းမိကာ ရှန်းယီကို မော့ကြည့်လိုက်ရင်း သူမ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။
ရှန်းယီ ခေါင်းအနည်းငယ်ငြိမ့်ပြလိုက်သည်။
ထို့နောက် ရွှမ်ကွမ်းဂူမှ ကျင့်ကြံသူ ကျန်းဇီရှန့် အကြောင်းနှင့် ကျန်းမိသားစု စိုက်ပျိုးထားသော စွေ့သစ်ပင်က သူတို့ကိုပြန်လည် တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်အကြောင်းကို သူမအား အကျဉ်းချုံး ရှင်းပြလိုက်၏။
အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ဓား၏ ထိုဂုဏ်သရေရှိ တပည့်သည် ကျန်းမိသားစု၏လျှို့ဝှက်ချက်ကို မတော်တဆသိရှိသွားခဲ့ပြီး နောက်ဆုံးတွင် အသက်ရှင်လျက် ပြန်မထွက်နိုင်ခဲ့ခြင်းမှာ ရှင်းလင်းလှသည်။
သို့သော် ကျန်းမိသားစု တစ်ခုတည်းကတော့ ဤကိစ္စကို အမှတ် ၁၉ မြောက်ဂူမှ နတ်ဆိုးဧကရာဇ် တစ်ပါးအပေါ် အပြစ်ပုံချနိုင်မည် မဟုတ်ပေ။
...
၎င်းသည် ရွှမ်ကွမ်းဂူမှ နတ်ဘုရားစိတ်ဝိညာဉ်အစစ်အမှန်ပုဂ္ဂိုလ်တစ်ဦး၏ လက်ချက် ပါဝင်နေမည်မှာ သေချာ၏။
"ကျွန်မ နားလည်ပါပြီ"
ကျန်းချိုလန်သည် ရှန်းယီ ပြောလိုသည့် အဓိပ္ပာယ်ကို လျင်မြန်စွာ သဘောပေါက်သွားသည်။
ရှန်ရှောင်မူလမိုးကြိုးဓားသိုင်း သည် ဝူထုံတောင်၏ တင်းကျပ်စွာ ထိန်းသိမ်းထားသော လျှို့ဝှက်ချက်တစ်ခု ဖြစ်ပြီး၊ ယခု ၎င်းသည် ပြင်ပလောကသို့ ရောက်ရှိနေပြီဖြစ်ရာ သူမအနေဖြင့် ၎င်းကို ပြန်လည် ရယူပေးနိုင်ခဲ့လျှင် ဝူထုံတောင်အတွက် ကြီးမားသော ကုသိုလ်ကောင်းမှုတစ်ခု ပြုလုပ်ခဲ့သလို ဖြစ်ပေလိမ့်မည်။
ဖြစ်နိုင်သည်မှာ သူမသည် နီကျွင်းထံမှ ကျေးဇူးတစ်ခုပင် ရရှိနိုင်ပေသည်။
ယင်းအတွက် ကြိုတင်လိုအပ်ချက်မှာ ထိုတပည့် သေဆုံးမှုတွင် သူမ၌ အပြစ်မရှိကြောင်း သက်သေပြရန်ပင်။
၎င်းအပြင်နောက်ထပ် အသုံးဝင်ပုံတစ်ခုမှာ သူမ၏ အထောက်အထားကို ဖုံးကွယ်ထားပြီး ရွှမ်ကွမ်းဂူကို ခြိမ်းခြောက်နိုင်မည့် နည်းလမ်းတစ်ခု ရှာဖွေရန် ဖြစ်သည်။
အကယ်၍ကောင်းမွန်စွာ ကိုင်တွယ်နိုင်လျှင် သူတို့ဆီက မည်မျှသောအကျိုးအမြတ်များ ညှစ်ထုတ်နိုင်မလဲ ဆိုတာ သူမ မခန့်မှန်းနိုင်ပေ။
သို့သော် မည်သည့်ရွေးချယ်မှုမျိုးတွင်မဆို ပါဝင်နေသည့် စွန့်စားရမှုမှာ အလွန်ကြီးမားလှ၏။
အနည်းငယ်မျှအမှားအယွင်း ရှိခဲ့လျှင် ဝူထုံတောင် သို့မဟုတ် ရွှမ်ကွမ်းဂူ နှစ်ခုစလုံးက သူမကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
ခေတ္တမျှစဉ်းစားပြီးနောက် ကျန်းချိုလန်သည် ထိုပစ္စည်းများအားလုံးကို သိုလှောင်ရတနာအတွင်းသို့ ဖြည်းညှင်းစွာ သိမ်းဆည်းလိုက်၏။
မိဘများအမဲလိုက်ရာမှပြန်လာပြီး ကျွေးမွေးခြင်းကိုစောင့်နေသော သားရဲလေးကဲ့သို့ မဖြစ်ချင်ဘူးဟု သူမ ခုနကတင် ပြောခဲ့ဖူးသည်။ ငါးစိမ်းတစ်ကောင်ကိုတည်ခင်းပေးလိုက်သည့်အခါ အရိုးများ အကုန်နုတ်ပြီးအသားနုလေးများသာ ချန်ပေးခိုင်းမည့်ကိစ္စမျိုး သူမ မမျှော်လင့်တော့ပေ။
ထို့ကြောင့် ရှန်းယီက ငါးအရှင်တစ်ကောင်ကို ချပေးလိုက်ခြင်းပင်။
သူမရှေ့သို့ ရောက်လာသော အစာကိုပင် မစားနိုင်လျှင်တော့ ကြွားလုံးထုတ်မနေသင့်တော့ပေ။
"ကျွန်မ ဒါတွေကို အလဟသ အဖြစ်မခံပါဘူး"
ကျန်းချိုလန်က ပိုမိုလေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။ ရှန်းယီက ဤကိစ္စကို ဂရုစိုက်မည်မဟုတ်မှန်း သူမ သိသော်လည်း သူမကိုယ်တိုင်က အလွန်ဂရုစိုက်ပြီး သူ့ကိုလည်း သိစေချင်သည်။
ထိုလူငယ်လေး ယခင်ကပြသခဲ့သော အစွမ်းဖြင့်ဆိုလျှင် ဤလောကတွင် သူ့အသက်ကို ခြိမ်းခြောက်နိုင်သည့် တည်ရှိမှုများများစားစား မရှိပေ။ ဝူထုံတောင်သည် ထိုအထဲမှ တစ်ခု ဖြစ်သည်။
သူမအနေဖြင့် အလွန် မြင့်မားသော အဆင့်အတန်းမျိုး မလိုအပ်ပေ။
လူကြီးသူမတွေ ကိစ္စရပ်များကို ဆွေးနွေးနေစဉ် ဘေးကနေ လက်ဖက်ရည်ကပ်ပေးနိုင်ရုံမျှ အဆင့်မျိုးရှိလျှင်ပင် ရှန်းယီအတွက် များစွာ အထောက်အကူ ဖြစ်ပေလိမ့်မည်။
"အရာရာထက် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့က အရေးကြီးဆုံးပဲ"
ရှန်းယီသည် အလွန်အမင်းစိုးရိမ်ပူပန်မှု သို့မဟုတ် ကရုဏာသက်မှုမျိုး မပြသခဲ့ပေ။
ဤအမျိုးသမီး ခံစားနေရသော ဖိအားမှာ လုံလောက်နေပြီ ဖြစ်သည်။
သူသည် စမ်းချောင်းဘက်သို့ လှည့်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"မင်း မလုပ်နိုင်တော့ဘူး ဆိုရင် မဟာချန်ကို ပြန်လာခဲ့ပါ"
ထိုစကားကိုကြားတော့ ကျန်းချိုလန်သည် သူ့ခါးဆီသို့ လှမ်းကြည့်လိုက်၏။ သူမ၏ လက်ချောင်းလေးများမသိမသာ တုန်ခါသွားသော်လည်း နောက်ဆုံးတွင် သူမလက်ကို မမြှောက်ခဲ့ပေ။
ထက်ရှသော ဓားတစ်လက်အတွက် ဓားအိမ်၏အလှအပမှ ဓားသွား၏ထက်ရှမှုကို လွှမ်းမိုးသွားသည့်အခါ ၎င်းသည် တန်ဖိုးကုန်ဆုံးသွားပြီဖြစ်သလို ဝမ်းနည်းစရာလည်း ကောင်းလှသည်။
ယခု သူမလုပ်ရမည့်အရာမှာ မိမိကိုယ်ကိုယ် ထက်ရှပြီး မာကျောလာအောင် ပြန်လည် ပြုလုပ်ရန် ဖြစ်သည်။
အနည်းဆုံးတော့ ဓားအိမ်ထဲမှဆွဲထုတ်လိုက်သည့်အချိန်တွင် ဓားအိမ်ထဲမှာတင် ကြေမွသွားမည်ကို စိုးရိမ်နေစရာမလိုတော့တဲ့ အထိပင်။
"ကောင်းပါပြီ" ကျန်းချိုလန် တိုးညှင်းစွာ ပြောလိုက်၏။
သူသည် ကျိုကျိုးဒေသကိုပင် စောင့်ကြပ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
ယင်းက သူမကို ထိုသက်သောင့်သက်သာရှိမှုထဲတွင် နစ်မွန်းသွားစေချင်သလို ဖြစ်စေခဲ့၏။
သို့သော် တစ်ခါက ဘိုင်ယွမ်ခရိုင် နှင့် ချင်ကျိုးကို ဖြတ်သွားခဲ့ဖူးသော ရှန်းယီကဲ့သို့ပင်၊ အကယ်၍ သူမသည် ထိုသက်သောင့်သက်သာရှိမှုထဲတွင် ကျေနပ်နေခဲ့လျှင် သူမသည်လည်း သူ့ခရီးစဉ်တစ်လျှောက်ကဖြတ်သန်းသွားသူ တစ်ယောက်သာ ဖြစ်သွားပေလိမ့်မည်။
"သွားလို့ရပြီ" ရှန်းယီ ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်၏။
သူ့အနောက်တွင် အေးစက်သောလေပြေတစ်ချက် ထလာပြီးနောက် ထိုနေရာမှာတင်ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
သူ လက်လှမ်းပြီးရေကြာပန်း တစ်ပွင့်ကို ခူးယူကာ တစ်ချက် ကြည့်လိုက်၏။
နတ်ဘုရားစိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းပြီးနောက် ၎င်းသည် သူ့အတွက် မည်သည့် တန်ဖိုးမျှ မရှိသလောက် ဖြစ်သွားပြီ။
သို့သော်၎င်းပေါ်တွင် ကျန်ရစ်ခဲ့သော သွေးစွန်းကွက်များက သံယောဇဉ်အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုနေသည်။
သူသည် ၎င်းကို ငွေရောင်ခေါင်းလောင်းလေး ထဲသို့ ထည့်လိုက်၏။
ထို့နောက်မှ ရှန်းယီသည် ရွှမ်ကွမ်းဂူ ကျင့်ကြံသူ၏ ပိုင်ဆိုင်မှုများထဲမှ သိုလှောင်ရတနာ နှစ်ခုကို ထုတ်ယူလိုက်သည်။
သူသည် စိတ်ထဲမှနေ၍ ချင်းဟွာကို လှမ်းခေါ်လိုက်၏။
ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဖြင့် ပြန်ရောက်လာသည်။ ၎င်းသည် အမွှေးဖြုနတ်ဆိုးဧကရာဇ်ကို နတ်ဆိုးအကျဥ်းထောင်ထဲတွင် ပိတ်လှောင်ထားကတည်းက၊ထိုရွှေရောင်ရင့်ရင့်ဝတ်ရုံအနည်းငယ်ကြောင့် ၎င်း၏အရှိန်မှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်မြင့်မားသွားခြင်း ဖြစ်သည်။
အကျိုးသက်ရောက်မှုက တကယ်ကို ကောင်းမွန်လှသည်။
အကယ်၍ မဟာချန်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိခဲ့လျှင် ၎င်းသည် အမြန်ဆုံး ရောက်ရှိသွားနိုင်မည်။
ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် လူသားပုံရိပ်တစ်ခုကို ပေါ့ပေါ့ပါးပါးချပေးလိုက်၏။
မာကွမ်းရှန်း သည် ကြောက်လန့်တကြား တုန်ရီလျက်မြေပြင်ပေါ်တွင် ဝပ်စမ်းနေပြီး ဘာဖြစ်လို့ ဘာဖြစ်နေမှန်း လုံးဝ မသိတော့ပေ။
ကျင့်ကြံသူရဲ့ဂူဗိမာန်ကို စူးစမ်းရှာဖွေနေတာဖြစ်သင့်တာကို ဘာလို့ အခုလိုတွေ ဖြစ်သွားရတာလဲ။
သူသည် ထိုဂူဗိမာန်ရှိသည့် နေရာကိုပင် မရောက်သေးပေ။
ထိုအစား ရွှမ်ကွမ်းဂူမှ ကျင့်ကြံသူများနှင့် အရင် ဆုံတွေ့ခဲ့ရသည်။
ပြီးခဲ့သည့်အကြိမ် ရှစ်မျက်နှာ စားသောက်ခန်းမ က ဖြစ်ရပ်ပြီးနောက်၊ စီနီယာရှန်းက ထိုအရှက်မရှိသောကျင့်ကြံသူများကို ရှောင်ရှားရန် သူ့ကို ခေါ်သွားမည်ဟု သူ ထင်ခဲ့သည်။
သူ့ကို အံ့သြသွားစေသည်မှာ လူငယ်လေးသည် ထိုသူများရှိရာသို့ တန်းတန်းမတ်မတ်သွားခဲ့ခြင်းပင်။
ထို့နောက် နတ်ဘုရားစိတ်ဝိညာဉ်အဆင့် သုံးဦးကိုပင် သတ်ဖြတ်ခဲ့သေး၏။
ဒါက ပြီးခဲ့တဲ့အကြိမ် စားသောက်ခန်းမ ထောင့်မှာ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေတဲ့ စီနီယာရှန်းနဲ့ တကယ်ပဲ အတူတူပဲလား။
အကယ်၍ သူ့တွင်သာထိုသို့အစွမ်းမျိုး ရှိခဲ့လျှင်၊
နီကျွင်းရှိရာ ကိုးထပ်မြောက်သို့ တက်သွားမည်ဖြစ်ပြီး သို့မဟုတ် အနည်းဆုံးရှစ်ထပ်မြောက်မှာ စားသောက်နေမှာ ဖြစ်သည်။
"မင်းကို နောက်ထပ်ကိစ္စတစ်ခု ခိုင်းရဦးမယ်"
ရှန်းယီက တစ်ဖက်လူကိုသေချာ ထိုင်ခိုင်းလိုက်ပြီး သိုလှောင်ရတနာ နှစ်ခုကို ဖွင့်လိုက်၏။
အသေးစိတ် ရှာဖွေဖို့ လိုလိမ့်မည်ဟု သူ ထင်ခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ သူ၏နတ်ဝိညာဉ် နှင့် အရင်ဆုံးထိတွေ့မိသည်မှာ ရှေးဟောင်း စာလိပ်ပုံကြီး ဖြစ်နေသည်။
ရှန်းယီ အချို့ကို ပေါ့ပေါ့ပါးပါး လှန်ကြည့်လိုက်ရာ အားလုံးမှာရှုခင်းပုံများ ဖြစ်နေသဖြင့် မာကွမ်းရှန်ကို လှမ်းကြည့်လိုက်၏။
"ဒါတွေက ဘာတွေလဲ"
မှည့်နက်နှင့် လူသည် အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် သူ့မျက်လုံးထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုများ လျင်မြန်စွာပေါ်လာသည်။
"ဒါ... ဒါတွေက... ကျွန်တော်နဲ့ ကျွန်တော့် တာအိုမိတ်ဆွေတွေ ဂူဗိမာန်ကို စူးစမ်းဖို့သက်သေအဖြစ် အသုံးပြုဖို့ သဘောတူထားတဲ့ အရာတွေပါ"
ပြီးခဲ့သည့်ဖြစ်ရပ်ကို သတိရမိသဖြင့် သူ အနည်းငယ် ပိုအတွေးနက်သွားမိ၏။
သူ့ရဲ့တာအိုမိတ်ဆွေတွေလည်း ရွှမ်ကွမ်းဂူရဲ့ လက်ချက်နဲ့ ကျဆုံးကုန်ပြီလား။
ဒီတိရစ္ဆာန်တွေ။ ဒါတောင် သူတို့ကိုယ်သူတို့ မသေမျိုးဂိုဏ်းလို့ ခေါ်ရဲသေးတယ်။
စီနီယာရှန်းက သူ့ကို ကြည့်နေဆဲ ဖြစ်သည်ကို မြင်သောအခါ သူ အမြန် ရှင်းပြလိုက်ဟ။
"ဒီပစ္စည်းက တကယ်တော့တန်ဖိုးမကြီးပါဘူး၊ ဆက်သွယ်ရေးကျောက်စိမ်းပြား နဲ့ ဆင်တူပါတယ်။ အထဲမှာ ဒဏ္ဍာရီပုံပြင်တွေရှိပေမဲ့ တကယ်အစစ်အမှန်ပါ၊ကိုယ့်ရဲ့ နတ်ဝိညာဉ်ကို အဲဒီထဲမှာ နှစ်မြှုပ်လိုက်ရုံပါပဲ"
ထိုအရာကိုကြားတော့ ရှန်းယီ ခေတ္တ စဉ်းစားလိုက်၏။
သူသည် စာလိပ်တစ်ခုကို ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ထံ ကမ်းပေးလိုက်သည်။
ချင်းဟွာသခင်မသည်လည်း တွန့်ဆုတ်မနေဘဲ သူမ၏ နတ်ဝိညာဉ်ကို ထိုထဲသို့ နှစ်မြှုပ်လိုက်သည်။
အသက်ရှူကြိမ် အနည်းငယ်ကြာပြီးနောက် မည်သည့် ပုံမှန်မဟုတ်မှုမျိုးမျှ မတွေ့ရဘဲ သူမထံမှ ခေါင်းငြိမ့်ပြမှုကို ရရှိလိုက်မှသာ၊ရှန်းယီသည် နောက်ထပ် စာလိပ်တစ်ခုကို ကောက်ယူလိုက်၏။
သူလည်း ထိုနည်းအတိုင်းပင် သူ၏ နတ်ဝိညာဉ်ကို နှစ်မြှုပ်လိုက်သည်။
ဝုန်း
ချက်ချင်းပင် သူ့စိတ်ထဲ၌ ဟိန်းသံတစ်ခု မြည်ဟည်းသွား၏ ။
ရှန်းယီ မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် သူသည် သူ့ရှေ့ရှိတိမ်ပင်လယ်ကို ကြည့်လိုက်ရာ ခေါင်းလောင်းကြီးတစ်လုံး မြည်ဟည်းလိုက်သကဲ့သို့ အသံတစ်ခု သူ့နားထဲတွင် ပဲ့တင်ထပ်သွားသည်။
"ငါ... နတ်ဘုရားစိတ်ဝိညာဉ်ယန်ယွင်က နန်ယန် မှာ နတ်ဆိုးတွေကို နှိမ်နင်းခဲ့တဲ့ ငါ့ရဲ့ဇာတ်လမ်းကို ပြန်ပြောပြပါ့မယ်"
နက်ရှိုင်းသောအသံ ကွယ်ပျောက်သွားသည်နှင့် တိမ်ပင်လယ်သည် ရုတ်တရက် ပွင့်ထွက်သွား၏။
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် မိုးကုတ်စက်ဝိုင်းဆီသို့ အနည်းငယ် ဦးညွှတ် နှုတ်ဆက်လိုက်သည်။
ထို့နောက် သူ အကြည့်ကို ပြန်လည် ပို့လိုက်၏။
နောက်တစ်ခဏတွင် ရှန်းယီ၏မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာကျဉ်းမြောင်းသွားပြီး သူ၏ အသက်ရှူသံပင် တစ်ချက်ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
ထိုလူငယ်၏ရှေ့တွင် အဆုံးမရှိသော ချောက်နက်ကမ္ဘာကြီးရှိနေပြီး အောက်ခြေမမြင်ရသည့် အသူတစ်ရာနက်သောချောက်ကြီး နှင့် တူလှသည်။
ချောက်နက်ကမ္ဘာ၏ မတ်စောက်သော ကမ်းပါးယံပေါ်တွင်ကြီးမားပြီး ဖြူဖျော့ဖျော့လမင်းကြီး နှစ်စင်း တဖျပ်ဖျပ်လင်းလက်နေ၏။
ရှန်းယီ ခေတ္တမျှတုံ့ဆိုင်းသွားပြီးမှ၊
၎င်းတို့မှာမျက်လုံးတစ်စုံ ဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူသည် ထိုဧရာမ သတ္တဝါကြီးကို တိုက်ရိုက် စိုက်ကြည့်လိုက်မိသောအခါ သူ့လည်ပင်းဆီသို့ စိမ့်တက်လာသော အအေးဓာတ်ကို ခံစားလိုက်ရ၏။
စစ်မှန်လုနီးပါးထူထဲလှသော ထိုပြင်းထန်သည့် ဖိအားမှာ စာလိပ်တစ်ခုက ခြားနားထားသော်လည်း သူကိုယ်တိုင် ထိုနေရာတွင် ရှိနေသကဲ့သို့ ခံစားရပြီး အသက်ရှူရ ခက်ခဲစေလောက်အောင် စစ်မှန်လွန်းလှသည်။
"ဒါက တကယ်တော့ ဘာကြီးလဲ"
ရှန်းယီ သူ့စိတ်ကိုတည်ငြိမ်အောင် ထိန်းလိုက်ပြီး သူ့ရှေ့က လူငယ်စတင်လှုပ်ရှားလာသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။