← Chapters

ဟွားရှန်ဆေးလုံး၏ ဆေးညွှန်း

Vol. 34 Ch. 339

ဟွားရှန်ဆေးလုံး၏ ဆေးညွှန်း

Vol. 34 Ch. 339

"နန်ယန်ဂိုဏ်းရဲ့အမိန့်တော်အရ ဒီနတ်ဆိုးကို ကွပ်မျက်ခွင့်ပြုဖို့ တပည့်တော်ယန်ယွင် တောင်းဆိုပါတယ်"

အစိမ်းရောင်ဝတ်စုံနှင့် လူငယ်သည် သူ၏အင်္ကျီလက်တွင်းမှ ရွှေရောင်စာမျက်နှာများပါသော စာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး ပြစ်မှုများကို ဖတ်ကြားရန် ဂရုတစိုက်ဖြန့်လိုက်လေသည်။

သူသည် လက်ကိုဝှေ့ယမ်းလိုက်ရာ ရွှေရောင်စာမျက်နှာများသည် ချောက်နက်ကြီး၏အစွန်းသို့ ပျံသန်းသွား၏။

အရွယ်အစားအတိအကျ မသိနိုင်သော နတ်ဆိုးကြီးသည် ရွှေရောင်စာမျက်နှာများကို စိုက်ကြည့်နေပြီး ၎င်း၏သေးငယ်လှသော သူငယ်အိမ်များသည် ပိုမိုကျဉ်းမြောင်းသွားသည်။

ရုတ်တရက်ချောက်နက်ကြီးအတွင်းမှ အော်ဟစ်ငိုကြွေးသံတစ်သံ ပဲ့တင်ထပ်လာလေ၏။

...

အစစ်အမှန်ပုဂ္ဂိုလ် ယန်ယွင်သည် ပုံမှန်တာဝန်တစ်ခုကို ထမ်းဆောင်နေခြင်းသာ ဖြစ်ပုံရ၏။

သူသည် စိတ်ထဲမှ ဆယ်အထိ တိတ်တဆိတ် ရေတွက်ပြီးနောက် -

"နတ်ဆိုးက သူ့အပြစ်ကို ဝန်ခံလိုက်ပါပြီ"

သူသည် လက်ဖဝါးကို ဖြန့်ကာ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။ "ခရမ်းရောင်အလင်းမူလမိုးကြိုးရဲ့ အမိန့်တော်အတိုင်း ဒီသားရဲကို ကွပ်မျက်စေ"

ခဏချင်းတွင်ပင် ကောင်းကင်ယံ၌မရေမတွက်နိုင်သော ဓားအရိပ်များ ပေါ်ထွက်လာ၏။ ဓားတစ်လက်စီသည် မြင့်မားသော တောင်ထိပ်များကဲ့သို့ ရှိနေပြီး ဓားသွားများကို သံကြိုးများဖြင့် ချိတ်ဆက်ထားလေသည်။

၎င်းတို့၏ အလယ်ဗဟိုတွင် ကြယ်တာရာများ ဝန်းရံထားသော လမင်းကဲ့သို့ပလ္လင်တစ်ခု ရှိနေပြီး ထိုပလ္လင်တွင် အထက်ရှဆုံးခရမ်းရောင်ဓားတစ်လက်ကို စိုက်ထူထား၏။

၎င်းသည် ဧရာမ ဓားနန်းတော်ကြီးတစ်ခုနှင့် တူလှပေသည်။

လူငယ်သည် လက်ချောင်းများကို ဓားပုံစံပြုလုပ်ကာပေါ့ပေါ့ပါးပါး ဖိချလိုက်သည်။

"သတ်စေ။"

သူ၏ စကားအဆုံးတွင် သူသည် လှည့်ထွက်သွားလေ၏။

မရေမတွက်နိုင်သော ဓားအရိပ်များသည် ချောက်နက်ကြီးထဲသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားကြသည်။

လမင်းနှစ်စင်းသည် ခဏချင်း မှေးမှိန်သွားပြီး ချောက်နက်ကြီး၏အောက်ခြေသို့ ထိုးဆင်းသွားလေသည်။

အမြုတေသွေးအစက်အပြောက်အချို့သည် လွင့်ပျံလာပြီးရွှေရောင်စာမျက်နှာများပေါ်သို့ တံဆိပ်တုံးခတ်လိုက်သကဲ့သို့ ကျရောက်သွားသည်။

အစစ်အမှန်ပုဂ္ဂိုလ် ယန်ယွင်က လက်ကို မြှောက်လိုက်ရာ ရွှေရောင်စာမျက်နှာများသည် အလိုအလျောက် လိပ်သွားပြီး သူ၏လက်အင်္ကျီအတွင်းသို့ ဝင်သွား၏။

နောက်တစ်ခဏတွင် တိမ်တိုက်ကြီးများသည် တစ်ဖန်ပြန်လည် စုစည်းသွားကာ ရှန်းယီ၏ မြင်ကွင်းကို ပိတ်ဆို့လျက် ငြိမ်သက်ခြင်းသို့ ပြန်လည် ရောက်ရှိသွားလေသည်။

"..."

ရှန်းယီ မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါ တုန်တုန်ယင်ယင်ဖြစ်နေသော မာကွမ်းရှန်ကို တွေ့လိုက်ရ၏။

သူသည် မိမိလက်ထဲရှိ စာလိပ်ကို ငုံ့ကြည့်လိုက်သည်။

တဖြည်းဖြည်းနှင့် သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာလေ၏။

အကယ်၍ စာလိပ်ထဲမှ လူသည် အစစ်အမှန်ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါက သူသတ်ခဲ့သော သူများသည် မည်သည့်အရာများ ဖြစ်ကြသနည်း။

မာကွမ်းရှန်က ၎င်းကို ဒဏ္ဍာရီပုံပြင်တစ်ခုဟု ခေါ်ဆိုခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

အကယ်၍ ထိုသို့သော ဖြစ်ရပ်မျိုး အမှန်တကယ် ဖြစ်ပွားခဲ့ပါက သူကဲ့သို့သော ကျင့်ကြံသူတစ်ဦးအတွက် ပြောမပြနိုင်လောက်အောင် စိတ်ဓာတ်ကျစရာ ဖြစ်ပေလိမ့်မည်။

"မင်း နန်ယန်ဂိုဏ်းအကြောင်း ကြားဖူးလား" ရှန်းယီသည် မှည့်နက်နှင့် လူကို ကြည့်ကာ မေးလိုက်၏။

"စီနီယာရှန်း... ဒါကို တကယ်ကြီး ယုံနေတာတော့ မဟုတ်ပါဘူးနော်"

မာကွမ်းရှန်က အားနာစွာ ရယ်မောလိုက်၏။

"ဒီလို ပြောပြပါရစေ၊ ဒါက တကယ်တော့ လျှို့ဝှက်ချက်ကြီးမဟုတ်ပါဘူး။ အဲဒီတုန်းက နန်ယန်ဂိုဏ်းဆိုတာ တကယ်ရှိခဲ့တာပါ။ ဒါပေမဲ့ အမည်မှည့်ပြီး သုံးလအကြာမှာတင် နတ်ဆိုးတစ်ထောင်ဂူရဲ့ ဝိုင်းရံတိုက်ခိုက်မှုကိုခံလိုက်ရလို့ လူနည်းစုပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ နောက်ပိုင်းကျမှ သူတို့ကိုယ်သူတို့ ဝူထုံတောင်လို့ အမည်ပြောင်းလိုက်တာ၊ အဲဒီလိုနဲ့ပဲ အသက်ဆက်နိုင်ခဲ့တာပါ"

"အဲဒီအချိန်ကစပြီး ဝူထုံတောင်ဟာ တပည့်တွေကို အများအပြားလက်မခံတော့ဘဲ ထူးချွန်တဲ့ ပါရမီရှင်တွေကိုပဲ ရွေးချယ်တယ်လို့ ကောလာဟလတွေ ရှိတယ်။ တပည့်အရေအတွက်ကိုလည်း ၁၂ ယောက်ဝန်းကျင်မှာပဲ ထိန်းထားတယ်လို့ သိရတယ်"

"ဒီဖြစ်ရပ်က အရမ်းကိုကြီးကျယ်လွန်းခဲ့တာပါ။ ဝူထုံတောင်ဟာ အခုအခါမှာအင်အားကြီးတဲ့ အဖွဲ့အစည်းဖြစ်နေပေမဲ့ ဒီဇာတ်လမ်းကတော့ ဒီနေ့အထိ လက်ဆင့်ကမ်း ပြောဆိုနေကြဆဲပါပဲ"

ထိုစကားကို ကြားသောအခါ ရှန်းယီသည် ခေါင်းငုံ့ကာ သိုလှောင်ရတနာအတွင်း ဆက်လက် ရှာဖွေလေ၏။

စာလိပ်ပုံကြီးအပြင် အမှတ်မထင်ပစ်ထားသော စုတ်ပြဲနေသည့် စာရွက်အပိုင်းအစ နှစ်ခုကိုသာ သူ တွေ့ရှိရ၏။

"ဟွားရှန်ဆေးလုံး "

"အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို ပြီးမြောက်ထားသော်လည်း အသက်တစ်ရာကျော်သည်အထိ ဝိညာဉ်အမြစ် မဖွဲ့စည်းနိုင်သော တပည့်များအတွက် ဤဆေးလုံးကို သုံးစွဲခြင်းဖြင့် ဝိညာဉ်အမြစ်ဖွဲ့စည်းမှုကို အထောက်အကူဖြစ်စေနိုင်သည်။ အသက်ငါးရာကျော်သူများအတွက် ဤဆေးလုံးမှာအကျိုးမရှိတော့သဖြင့် ဝိညာဉ်အမြစ် အစားထိုးရန်အတွက် ပြင်ပပစ္စည်းများကို ရှာဖွေသင့်သည်"

"အသက်တစ်ရာ မပြည့်သေးသူများအနေဖြင့် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရန်နှင့် ဤဆေးလုံးကိုမသုံးစွဲရန် တင်းကျပ်စွာ အမိန့်ထုတ်ပြန်သည်။ အတင်းအကျပ်အသုံးပြုခြင်းသည် မဟာတာအို အတွက် အကျိုးမရှိပေ"

ဆေးညွှန်းကိုဖတ်ပြီးနောက် ရှန်းယီသည် ၎င်းကို ဂရုတစိုက် ခေါက်သိမ်းလိုက်လေ၏။

သူ၏ စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွား၏။

သူ၏ကျင့်ကြံခြင်း လမ်းစဉ်သည် ကနဦးအဆင့်မှ ဟွမ်ယွမ်အဆင့်အထိ ရှိခဲ့သော်လည်း ဤစုတ်ပြဲနေသော စာရွက်ပေါ်တွင်မူ ၎င်းကို အခြေခံအုတ်မြစ် တည်ဆောက်ခြင်းဟုသာ ရိုးရိုးရှင်းရှင်းခေါ်ဆိုထားသည် မဟုတ်ပါလား။

"သခင်ကြီး၊ချင်းဟွာလည်း ဒီလိုစာလိပ်မျိုးကို ပထမဆုံး မြင်ဖူးတာပါ၊ ဒါဟာ တခြားအင်အားစုတစ်ခုကလုပ်ထားတဲ့ အတုတော့ မဖြစ်နိုင်ပါဘူး"

ချင်းဟွာသခင်မ၏ အသံသည် ရှန်းယီ၏ စိတ်ထဲ၌ ပဲ့တင်ထပ်လာလေသည်။

တစ်ချိန်က နတ်ဆိုးတစ်ထောင်ဂူ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် အကယ်၍ ဤသို့သော အရာများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့ပါက သူမ သေချာပေါက် ကြားဖူးပေလိမ့်မည်။

"ငါ နားလည်ပြီ"

ရှန်းယီ အကြည့်လွှဲလိုက်ပြီး ဒုတိယမြောက် စာရွက်အပိုင်းအစကို ကြည့်လိုက်၏။

ဤအကြိမ်တွင်မူ ဘောင်ကွက်မှ တုံ့ပြန်လာလေသည်။

[နန်ယန် ရုပ်ဖျက်နည်းစနစ် - မစတင်ရသေးပါ]

၎င်းသည် သာမန်မှော်နည်းစနစ်တစ်ခုသာ ဖြစ်ပုံရသဖြင့် ဟွားရှန်ဆေးညွှန်းနှင့်အတူ စာလိပ်ပုံထဲသို့ ပစ်ထည့်လိုက်၏။

"ကဲ... မင်း သွားလို့ရပြီ" ရှန်းယီသည် မာကွမ်းရှန်ကို ကြည့်ကာ ပြောလိုက်သည်။

"စီနီယာရှန်း... တခြား လိုအပ်တာရှိရင် ကျွန်တော့်ကို အချိန်မရွေးခေါ်လိုက်ပါဗျာ"

မှည့်နက်နှင့် လူသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ နတ်ဆိုးတစ်ထောင်ဂူသို့ လာရသော ခရီးသည် သူ့ကို သေမတတ် ကြောက်လန့်စေခဲ့သည် မဟုတ်ပါလား။

အထူးသဖြင့် ရွှမ်ကွမ်းဂူ၏ လက်ချက်ဖြင့် သူ သေလုနီးပါးဖြစ်ခဲ့ရသည်ကို သိလိုက်ရသောအခါ ပို၍ပင် ကြောက်ရွံ့သွား၏။

သူသည် ပြန်ရောက်လျှင် ရက်အနည်းငယ်ခန့် အစာရှောင်ရန် ဆုံးဖြတ်လိုက်လေသည်။

ရှန်းယီကို နှုတ်ဆက်ပြီးနောက် သူသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး အနောက်သို့ပင် လှည့်မကြည့်တော့ဘဲ ဝေးဝေးသို့ ပြေးထွက်သွားတော့၏။

"ထွက်လာခဲ့"

ရှန်းယီသည် လက်ဝှေ့ယမ်းကာ ငေးငိုင်နေဆဲဖြစ်သော ချင်းချိုဘိုးဘေးကို ဆင့်ခေါ်လိုက်ပြီး ဟွားရှန်ဆေးညွှန်းကို ကမ်းပေးလိုက်လေသည်။

လူတိုင်းတွင် ကိုယ်စီ ကျွမ်းကျင်မှုများ ရှိကြပေသည်။

အကယ်၍ ဟွားရှန်ဆေးလုံးကို အမှန်တကယ် ဖော်စပ်နိုင်ပါက နတ်ဆိုးသက်တမ်းတစ်သောင်းကို သုံးစွဲလိုက်ရခြင်းမှာ ဆုံးရှုံးမှု မဟုတ်တော့ပေ။

ဆေးညွှန်းတွင် အသက်ကန့်သတ်ချက်များ ပါဝင်သော်လည်း ရှန်းယီ သိထားသည်မှာ ဤပစ္စည်းသည် ဝိညာဉ်အမြစ်နှင့် ဆက်စပ်နေခြင်းသာ ဖြစ်၏။

သူ၏ ခန္ဓာကိုယ်အတွင်း၌ စစ်မှန်သောသူရိယချီလင်ကျောက်တုံးနှင့် စွေ့သစ်သားတို့ ရှိနေဆဲ ဖြစ်သဖြင့် ဤဆေးလုံးကို အသုံးပြု၍ မိမိကိုယ်ကိုယ် ပိုမို တိုးတက်အောင် လုပ်ဆောင်နိုင်ရန် သူ မျှော်လင့်ထားလေသည်။

"ဆေးလုံးက အကျိုးမရှိတော့ဘူး" ဆိုသည်မှာ ပမာဏမလုံလောက်သောကြောင့်သာ ဖြစ်ရမည်ဟု သူ တွေးလိုက်၏။

အကယ်၍ အမှန်တကယ် အကျိုးမရှိခဲ့ပါကလည်း မဟာချန်၏ကျင့်ကြံသူများကို အင်အားတိုးမြှင့်ပေးရန်အတွက် အသုံးပြုခြင်းက အလွန် ကောင်းမွန်သော ရွေးချယ်မှုပင် ဖြစ်ပေလိမ့်မည်။

ချင်းချိုဘိုးဘေး၏ မျက်လုံးများ တဖြည်းဖြည်း ကြည်လင်လာပြီး လက်ထဲမှ ဆေးညွှန်းကို စတင် လေ့လာနေသည်ကို ကြည့်ရင်း ရှန်းယီ သက်ပြင်းသာသာ တစ်ချက်ချလိုက်မိ၏။

မဟာချန်သည် အဘယ်ကြောင့် တဖြည်းဖြည်း ဆုတ်ယုတ်လာရသည်ကို အံ့သြစရာ မရှိတော့ပေ။ ရွှမ်ကွမ်းဂူမှ သူတို့ကိုအနိုင်မကျင့်ခဲ့လျှင်ပင် ယင်ဝိညာဉ်ကိုသာ အဓိကကျင့်ကြံသောအဖွဲ့အစည်းဖြစ်သဖြင့် နတ်ဆိုးတစ်ထောင်ဂူ စူးစမ်းရှာဖွေမှုများပိုမိုတိုးတက်လာသည်နှင့်အမျှ သူတို့သည် မသေမျိုးဂိုဏ်းကြီး နှစ်ခု၏အနောက်တွင် ကျန်ရစ်ခဲ့ကြမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

ဂူအတွင်းသို့ အနည်းငယ်မျှစပ်စုကြည့်ရုံနှင့်ပင် ထိုမျှအစွမ်းထက်သော အရာများကို တွေ့ရသည်မှာ အံ့အားသင့်စရာပင်။

ရွှမ်ကွမ်းဂူနှင့် ဝူထုံတောင်တို့သည် နှစ်ပေါင်းများစွာအတွင်း မည်မျှလောက်သော ရတနာများကို သိမ်းကျုံးယူငင်ထားကြမည်ကို သူ စဉ်းစားကြည့်ရုံပင် မတတ်နိုင်တော့ပေ။

"ဒီနတ်ဆိုးတွေက ဒီနေရာကို ဘာလို့တစ်ချိန်လုံး စောင့်ကြပ်နေကြသလဲ ဆိုတာ အံ့သြစရာ မရှိတော့ပါဘူး"

အကယ်၍ ကျင့်ကြံသူများကိုသာ စူးစမ်းရှာဖွေခွင့် လွတ်လပ်စွာ ပေးလိုက်ပါက နှစ်အနည်းငယ်အတွင်း နတ်ဆိုးအားလုံး သေကျေပျက်စီးသွားကြပေလိမ့်မည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိနိုင်ပေ။

နောက်ဆုံးတွင် ချင်းချိုဘိုးဘေးသည် ဇဝေဇဝါ ဖြစ်နေဆဲပုံစံဖြင့် ခေါင်းမော့လာ၏။

"သခင်ကြီး၊ ဒီဆေးညွှန်းထဲမှာပါတဲ့ ဆေးပင်တချို့ကိုရှေးဟောင်းစာအုပ်တွေထဲမှာ တွေ့ဖူးပါတယ်၊ ဒါပေမဲ့ ဝိညာဉ်စွမ်းအင်နည်းပါးတဲ့ ဒီလိုမြေမျိုးမှာ ပေါက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ"

"ဒါဆို နတ်ဆိုးတစ်ထောင်ဂူကို နောက်တစ်ခေါက် သွားဖို့ လိုအပ်နေပြီပေါ့"

"ဒါပေမဲ့ ဝိညာဉ်စွမ်းအင်ကြွယ်ဝတဲ့ နေရာတွေကို နတ်ဆိုးတွေကလည်း သဘောကျကြတယ်၊ အဲဒီနေရာတွေကို သူတို့ရဲ့အသိုက်အဖြစ် ရွေးချယ်တတ်ကြတယ်၊ ပေါ့ပေါ့ပါးပါး ဝင်သွားပြီး ဆေးပင်ရှာဖို့ဆိုတာက..."

ထိုစကားကို ကြားသောအခါ ရှန်းယီ ခေတ္တ စဉ်းစားလိုက်လေသည်။

သူ၏အကြည့်သည် လက်ထဲမှ ရုပ်ဖျက်နည်းစနစ်ဆီသို့ ကျရောက်သွား၏။

သူ၏ ခန့်မှန်းချက် မှန်ကန်ပါက အစ်ကိုကြီးကျူးကျွယ် ပြောခဲ့သလိုပင် ဤလောကကြီးသည် ကြီးမားသော မသေမျိုးဂိုဏ်းတစ်ခု ဖြစ်ပေလိမ့်မည်။

ထိုအခါသတင်းအချက်အလက် အများဆုံး ရရှိထားသူများမှာ မဟာချန်မှအပ အမြင့်ဆုံးသော အင်အားစုများသာ ဖြစ်ရမည်။

သူသည် ရွှမ်ကွမ်းဂူ သို့မဟုတ် ဝူထုံတောင်သို့ ဝင်ရောက်ရန် မဖြစ်နိုင်ခြင်းကြောင့် အမြဲတမ်းစိတ်အနှောင့်အယှက် ဖြစ်ခဲ့ရ၏။

သို့သော် သူသည် အခြားသော အင်အားစုတစ်ခုကို မေ့လျော့နေခဲ့ခြင်းပင်...

မသေမျိုးဂိုဏ်းများက သူ့ကိုလက်မခံလျှင်ပင် ရှန်းယီ အနေဖြင့် နတ်ဆိုးတစ်ထောင်ဂူ၏ နတ်ဆိုးဧကရာဇ်တစ်ပါး အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း။

နောက်တစ်ခဏတွင် သူသည် နတ်ဆိုးသက်တမ်း တစ်သောင်းကိုသုံးစွဲ၍ နတ်ဆိုးမူလတစ်ခုကို ဖွဲ့စည်းလိုက်လေသည်။

[လက်ကျန် နတ်ဆိုးသက်တမ်း - ၃၂၀၀၀ နှစ်]

ထို့နောက် သူသည် ထိုအမြုတေကို သေဆုံးသွားသောနတ်ဆိုးနှစ်ကောင်၏ ဝိညာဉ်များပေါ်တွင် အသုံးချလိုက်၏။

သူ သတ်ခဲ့သော နတ်ဆိုးတစ်ထောင်ဂူမှ နတ်ဆိုးများထဲတွင် ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်၊ ချင်းလင်နတ်ဆိုးဧကရာဇ်နှင့် ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ်တို့ ပါဝင်လေသည်။

အမှန်တကယ်တော့ သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ ဒုတိယအချက်သာ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်း မြင့်မားသောနတ်ဆိုး ဖြစ်လေလေ၊ ၎င်းကို ထိန်းသိမ်းရန် နတ်ဆိုးမူလပိုမို လိုအပ်လေလေ ဖြစ်သောကြောင့်ပင်။

ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ်နှင့် ချင်းလင်နတ်ဆိုးဧကရာဇ်တို့မှာ နတ်ဘုရားစိတ်ဝိညာဉ် အလယ်အလတ်အဆင့် နတ်ဆိုးကြီးများ ဖြစ်ကြပြီး၊ သူတို့ သေဆုံးချိန်တွင် မြင်တွေ့သူ များပြားခဲ့သဖြင့် သူတို့၏သတင်းမှာ အလွန်လူသိများလှပေသည်။

နံပါတ် ၄၀ မြောက်ဂူမှ ရွှေမျက်လုံးခြင်္သေ့ဧကရာဇ် တစ်ဦးသာ ရှိလေတော့သည်။

သူသည် တိတ်တဆိတ်သေဆုံးခဲ့ခြင်း ဖြစ်ပြီး သူ၏ကျင့်ကြံခြင်းမှာလည်း ထိုမျှ မမြင့်မားလှသဖြင့်သူ့ကို တုပခြင်းက ပိုမိုရိုးရှင်းပြီး ဖော်ထုတ်ခံရရန် အခွင့်အလမ်း နည်းပါးပေလိမ့်မည်။

All Chapters