ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ တောင်းဆိုမှု...
Vol. 70 Ch. 983
အမြုတေတိုင်တစ်ခု၏ ရှေ့တွင် စုယင်၏ ပုံရိပ်က ပေါ်လာပြီး ထိုနေရာတွင် စောင့်ကြပ်နေသော တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များကို ပြောလိုက်သည်။ " ငါ ဖုရှုနဲ့ တွေ့ချင်တယ်။ "
" ဖုရှုနဲ့ တွေ့ချင်တာလား။ " ဖုယွီက စုယင်ကို စိုက်ကြည့်ပြီး ဖုရှုကို ဆက်သွယ်လိုက်သည်။
ခဏကြာသောအခါ စုရင်က ဖုရှုနှင့် တွေ့ဆုံလိုက်ရသည်။
" စုယင် " ဖုရှုက စုယင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ " ငါ့ကို ဘာကိစ္စနဲ့လာတွေ့တာလဲ။ "
" ငါတို့ရွှမ်ယင်ရှေးဟောင်းနိုင်ငံက သန့်စင်ထားတဲ့ အမြုတေတိုင် ၃၇တိုင်ကို ဖုရှုနဲ့ အရောင်းအဝယ်လုပ်ချင်ဆယ်။ " စုယင်က ပြုံး၍ ပြောလိုက်သည်။
" အရောင်းအဝယ်လား။ " ဖုရှုက စုယင်ကို ကြည့်လိုက်သည်။ " ဒီလောက်အစောကြီး လက်လျှော့လိုက်တာလား။ "
" ဖုရှု မင်းဒီမှာ ရှိနေမှတော့ ငါတို့ ရွှမ်ယင်ရှေးဟောင်းနိုင်ငံက ရတနာနယ်မြေကို သိမ်းပိုက်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးလေ။ " စုယင်က ပြောလိုက်သည်။
" မင်းဘာလိုချင်လဲ။ " ဖုရှုက တိုက်ရိုက်မေးလိုက်သည်။
တဖုဏှေးဟောင်းနိုင်ငံက အသာစီးရနေဆဲ ဖြစ်သော်လည်း ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ အမြုတေတိုင် ၃၈တိုင်ကို ရရှိလျှင် အောင်ပွဲအတွက် ပိုမိုသေချာသွားမည်ဖြစ်သည်။
" ငါးဆယ်ရာခိုင်နှုန်း " စုယင်က ဖုရှုကို ကြည့်လိုက်သည်။ " မင်းတို့ တဖုရှေးဟောင်းနိုင်ငံက ဒီရတနာနယ်မြေကို သိမ်းပိုက်နိုင်ခဲ့ရင် နောက်နှစ်ပေါင်း တစ်ထရီလီယံအတွင်း ဒီနေရာက ထွက်မယ့် ရတနာတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ငါတို့ ရွှမ်ယင်ရှေးဟောင်းနိုင်ငံက လိုချင်တယ်။ "
" နှစ်ပေါင်းတစ်ထရီလီယံအတွင်း ထွက်ရှိတဲ့ ရတနာတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းလား။ " ဖုရှုက လှောင်ပြုံးပြုံးလိုက်သည်။
" မင်းတို့ ရွှမ်ယင်ရှေးဟောင်းနိုင်ငံက အတော်လေး လောဘကြီးတာပဲ။ အမြုတေတိုင်လေး ၃၈တိုင်နဲ့ ငါးဆယ်ရာခိုင်နှုန်းကို လိုချင်တယ်ပေါ့။ "
" ဒါက နှစ်ပေါင်းတစ်ထရီလီယံအတွင်း ငါးဆယ်ရာခိုင်နှုန်းပဲလေ။ သိပ်မများပါဘူး။ " စုယင်က ပြောလိုက်သည်။
သူတို့၏ အဆင့်အရ သာမန်ရတနာများက သူတို့အတွက် အဓိပ္ပါယ်ရှိပေ။ ယခု အသစ်ထွက်ပေါ်လာသော ရတနာနယ်မြေမှ ရတနာများကသာ သူတို့၏ အာရုံကို ဆွဲဆောင်နိုင်သည်။ ရွှမ်ယင်ရှေးဟောင်းနိုင်ငံက ရတနာနယ်မြေကို သိမ်းပိုက်ရန် ယုံကြည်မှုမရှိသောကြောင့် ထိုသို့ ကမ်းလှမ်းခြင်းဖြစ်သည်။
" ငါးဆယ်ရာခိုင်နှုန်းက အရမ်းများတယ်။ ဆယ်ရာခိုင်နှုန်းပဲ ပေးနိုင်မယ်။ အဲ့ဒါကလည်း နှစ်ပေါင်းတစ်သန်းအတွင်းပဲ။ " ဖုရှုက ပြောလိုက်သည်။
" အဲ့ဒါက အရမ်းနည်းလွန်းတယ်။ " စုယင်က ချက်ချင်း ခေါင်းခါလိုက်သည်။
" ဒါမှမဟုတ် တခြားအရာတွေ တောင်းဆိုနိုင်တယ်။ " ဖုရှုက ပြောလိုက်သည်။ " ငါတို့ တဖုရှေးဟောင်းနိုင်ငံက ရတနာနယ်မြေတွေ အများကြီး သိမ်းပိုက်ထားတယ်။ တခြားရတနာနယ်မြေက ထွက်ရှိမှုရဲ့ ငယးဆယ်ရာခိုင်နှုန်းဆို ငါတို့ စဉ်းစားပေးနိုင်တယ်။ "
" ဒီရတနာနယ်မြေပဲ။ " စုယင်က မျက်မှာင်ကြုတ်ပြီး ပြောလိုက်သည်။ " နှစ်ပေါင်းတစ်ထရီလီယံကို ပြောင်းလို့မရဘူး။ ငါးဆယ်ရာခိုင်နှုန်းကို လျှော့ပေးလို့ရတယ်။ နှစ်ဆယ်ရာခိုင်းနှုန်း ဒါက ငါ့ရဲ့ အနိမ့်ဆုံး သတ်မှတ်ချက်ပဲ။ "
" နှစ်ဆယ်ရာခိုင်နှုန်းလား။ " ဖုရှုက စုယင်ကို ကြည့်ပြီး စဉ်းစားနေသည်။
တစ်ချိန်တည်းတွင် စုယင်၏ ကိုယ်ပွားတစ်ခုက လီယန်ရှေးဟောင်းနိုင်ငံ၏ အမြုတေတိုင်ကြီးရှိရာသို့ ရောက်လာသည်။
" နဂါးငွေ့တန်း " စုယင်က လင်းယွမ်ကို ပြုံး၍ နှုတ်ဆက်လိုက်သည်။
" စုယင် " လင်းယွမ်က စုယင်ကို ကြည့်လိုက်သည်။
" ငါလာတာ လီယန်ရှေးဟောင်းနိုင်ငံနဲ့ အရောင်းအဝယ် လုပ်ချင်လို့ပဲ။ " စုယင်က ပြောလိုက််သည်။ " ငါတို့ ရွှမ်ယင်ရှေးဟောင်းနိုင်ငံက အမြုတေတိုင် ၃၈တိုင်ကို သန့်စင်ထားတယ်။ အဲ့ဒီ၃၈တိုင်က လယ်လောက်တန်ဖိုးရှိလဲ ငါသိချင်တယ်။ "
သူ၏ အခြားကိုယ်ပွားတစ်ခုက ဖုရှုနှင့် ညှိနှိုင်းနေသော်လည်း ထိုကဲ့သို့သော အရောင်းအဝယ်မျိုးက အများဆုံးပေးနိုင်သူကသာ ရရှိမည်ဖြစ်သည်။
" ဘယ်လိုအရောင်းအဝယ်လဲ။ " လင်းယွမ်က မေးလိုက်သည်။
" ရှစ်ဆယ်ရာခိုင်နှုန်း " စုယင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " တကယ်လို့ လီယန်ရှေးဟောင်းနိုင်ငံက ဒီရတနာနယ်မြေကို သိမ်းပိုက်နိုင်ခဲ့ရင် နောက်နှစ်ပေါင်း တစ်ဆယ်ထရီလီယံအတွင်း ထွက်ရှိမယ့် ရတနာတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို ငါတို့ ရွှမ်ယင်ရှေးဟောင်းနိုင်ငံက ယူမယ်။ "
" ပြီးတော့ လီယန်ရှေးဟောင်းနိုင်ငံက ငါတို့ ရွှမ်ယင်ရှေးဟောင်းနိုင်ငံကို အဆင့်တစ် ရတနာနယ်မြေနှစ်ခု လက်ဆောင်ပေးရမယ်။ "
လီယန်ရှေးဟောင်းနိုင်ငံ သန့်စင်ထားသော အမြုတေတိုင်များက တဖုရှေးဟောင်းနိုင်ငံ၏ နောက်တွင် အပြတ်အသတ် ကျန်နေခဲ့သောကြောင့် စုယင်က စျေးနှုန်းကို မြှင့်ပြီး တောင်းဆိုခြင်းဖြစ်သည်။ တဖုရှေးဟောင်းနိုင်ငံနှင့်ယှဉ်လျှင် လီယန်ရှေးဟောင်းနိုင်ငံက အမြုတေတိုင်များကို ပိုမိုလိုအပ်နေသည်မှာ သေချာသည်။
" များလွန်းတယ်။ " လင်းယွမ်က စုယင်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
အဆင့်တစ် ရတနာနယ်မြေနှစ်ခုကို မပြောနှင့် နှစ်ပေါင်းတစ်ဆယ်ထရီလီယံအတွင်း ထွက်ရှိသော ရတနာများ၏ ရှစ်ဆယ်ရာခိုင်နှုန်းကပင် လွန်နေပြီဖြစ်သည်။ နှစ်ပေါင်းတစ်ဆယ်ထရီလီယံက လီယန်ရှေးဟောင်းနိုင်ငံအတွက် မများသောကြောင့် သူတို့က ထိုအခြေအနေကို လက်ခံကောင်းလက်ခံနိုင်ပေလိမ့်မယ်။
သို့သော် လင်းယွမ်အတွက်မူ ၎င်းက အဓိပ္ပါယ်မရှိပေ။ ထိုရှည်လျားသော အချိန်ကာလအတွင်း သူက အလွှာဆယ့်သုံးသို့ မရောက်လျှင်တောင် အချိန်စက်ဝန်းအတွင်း ပိတ်မိနေလောက်ပြီဖြစ်သည်။ ထိုအချိန်တွင် ရတနာများက သူ့အတွက် ဘာမှမဟုတ်ပေ။
" မများပါဘူး။ " စုယင်က လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။ " တဖုရှေးဟောင်းနိုင်ငံကတောင် ငါ့ရဲ့ အခြေအနေတွေကို သဘောတူပြီးသွားပြီ။ နဂါးငွေ့တန်း ငါတို့ ရွှမ်ယင်ရှေးဟောင်းနိုင်ငံရဲ့ အမြုတေတိုင် ၃၈တိုင်က တဖုရှေးဟောင်းနိုင်ငံလက်ထဲရောက်သွားရင် လီယန်ရှေးဟောင်းနိုင်ငံက ရတနာနယ်မြေကို သိမ်းပိုက်ဖို့ မျှော်လင့်ချက် အရမ်းနည်းသွားလိမ့်မယ်။ "
" ပြီးတော့ မန်ဟွမ်ရှေးဟောင်းနိုင်ငံရဲ့ အမြုတေတိုင်တွေကလည်း တဖုရှေးဟောင်းနိုင်ငံလက်ထဲကို ရောက်သွားမှာပဲ။ မင်းသေချာစဉ်းစားသင့်တယ်နော်။ " စုယင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား။ " လင်းယွမ်က စုယင်ကို ကြည့်လိုက်သည်။
" ခြိမ်းခြောက်တာမဟုတ်ပါဘူး။ အားလုံးက မင်းသဘောအတိုင်းပါပဲ။ " စုယင်က ပြုံးလိုက်သည်။
စွမ်းအားအရဆိုလျှင် သူက အသန်မာဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက်ကို မယှဉ်နိုင်ပေ။ သို့သော် သူက ကြောက်ရွံ့ခြင်းမရှိပေ။ ယခု အမြတ်ထုတ်ရမည့် အခွင့်အရေး ရလာပြီဖြစ်သောကြောင့် စုယင်က သဘာဝအတိုင်း လက်လွှတ်ခံမည်မဟုတ်ပေ။
သူ လင်းယွမ်ကို တောင်းဆိုလိုက်သည့် အခြေအနေများက တဖုရှေးဟောင်းနိုင်ငံကို ကမ်းလှမ်းထားသည်ထက် များစွာပိုမိုမြင့်မားလေသည်။ အကြောင်းမှာ တဖုရှေးဟောင်းနိုင်ငံက သန့်စင်ထားသော အမြုတေတိုင်များက အလွန်များပြီး ရတနာနယ်မြေကို သိမ်းပိုက်ရန် အခွင့်အရေး အလွန်များသောကြောင့်ဖြစ်သည်။
သို့သော် လီယန်ရှေးဟောင်းနိုင်ငံအတွက်မူ နဂါးငွေ့တန်းက ဖုရှုနှင့် ယှဉ်နိုင်လျှင်တောင် ၎င်းက အဓိပ္ပါယ်မရှိပေ။ အကြောင်းမှာ တဖု၊ မန်ဟွမ်နှင့် ရွှမ်ယင်ရှေးဟောင်းနိုင်ငံများ ပေါင်းစည်းထားသော အမြုတေတိုင်အရေအတွက်က စုစုပေါင်း၏ ထက်ဝက်ကျော်သွားပြီဖြစ်သောကြောင့် ဖြစ်သည်။
" များလွန်းတယ်။ " လင်းယွမ်က ပြောလိုက်သည်။
" မများပါဘူး။ " စုယင်က သေချာပြန်ပြောလိုက်သည်။
" အနည်းဆုံးအနေနဲ့ ထွက်လာမယ့် ရတနာတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းပဲ ငါလက်ခံနိုင်မယ်။ နဂါးငွေ့တန်း ဒါက ငါတို့ ရွှမ်ယင်ရှေးဟောင်းနိုင်ငံရဲ့ အနိမ့်ဆုံး သတ်မှတ်ချက်ပဲ။ " စုယင်က ပြုံး၍ ပြောလိုက်သည်။
" ငါစဉ်းစားကြည့်လိုက်မယ်။ " လင်းယွမ်က ငြင်းဆိုခြင်းမပြုဘဲ အခြေအနေအချို့ ချန်လှပ်ထားခဲ့သည်။
" ကောင်းပါပြီ။ " စုယင်က လင်းယွမ်ကို အလွန်အမင်း ဖိအားမပေးလိုပေ။ သူက လီယန်ရှေးဟောင်းနိုင်ငံနှင့် အရောင်းအဝယ်ဖြစ်လျှင် သူ့အတွက် ပို၍ အကျိုးရှိမည်ဖြစ်သည်။
" ဒါပေမယံ ရတနာနယ်မြေပြိုင်ပွဲအတွက် အချိန်ထက်ဝက်ကျော် ကုန်ဆုံးသွားပြီဖြစ်လို့ နဂါးငွေ့တန်းအနေနဲ့ အမြန့်ဆုံး ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်ပါတယ်။ တဖုရှေးဟောင်းနိုင်ငံက ကမ်းလှမ်းထားတဲ့ အခြေအနေတွေကလည်း မနည်းပါဘူး။ " စုယင်၏ ကိုယ်ပွားက တိုက်ရိုက်ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ချီယန်က ထွက်လာသည်။ " စုယင် ဒီကောင်က အခြေအနေကို ကြည့်ပြီး အမြတ်ထုတ်နေတာပဲ။ "
နှစ်ပေါင်းတစ်ဆယ်ထရီလီယံအတွင်း ထွက်ရှိမည့် ရတနာများ၏ ရှစ်ဆယ်ရာခိုင်နှုန်းအပြင် အဆင့်တစ် ရတနာနယ်မြေနှစ်ခုပါ တောင်းဆိုနေသည်။
" ရွေးချယ်စရာမရှိဘူး။ " လင်းယွမ်က စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း ထိုအခြေအနေတွင် ရွှမ်ယင်ရှေးဟောင်းနိုင်ငံကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်လိုက်လျှင် သူတို့ကို တဖုရှေးဟောင်းနိုင်ငံဘက်သို့ တွန်းပို့လိုက်သလို ဖြစ်သွားပေလိမ့်မည်။
လက်ရှိ လင်းယွမ်၏ စွမ်းအားက ဖုရှုကို ကျော်လွန်နိုင်လျှင်တောင် အောင်ပွဲရရန် မသေချာပေ။ အထူးသဖြင့် အခြားရှေးဟောင်းနိုင်ငံများကလည်း အနီးကပ် စောင့်ကြည့်နေကြသောကြောင့် ဖြစ်သည်။
ဥပမာ မန်ဟွမ်ရှေးဟောင်းနိုင်ငံနှင့် တလင်းရှေးဟောင်းနိုင်ငံတို့တွင် အသန်မာဆုံး နတ်ဘုရားအရှင်သခင်များ မရှိကြသော်လည်း အမွေအနှစ်လက်နက်များက အသန်မာဆုံးနတ်ဘုရားအရှင်သခင်များကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
" နဂါးငွေ့တန်း မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ။ " ချီယန်က လင်းယွမ်ကို ကြည့်လိုက်သည်။
စုယင်၏ အမြတ်ထုတ်မှုကို ဒေါသထွက်နေသော်လည်း လက်ရှိအခြေအနေများအရ သဘောတူရန်သာရှိသည်။ အနည်းဆုံးတော့ ထိုသို့လုပ်ခြင်းက တဖုရှေးဟောင်းနိုင်ငံနှင့် ရတနာနယ်မြေအတွက် ယှဉ်ပြိုင်နိုင်မည့်အခွင့်အရေးကို ရရှိစေမည်ဖြစ်သည်။
" အချိန်ဆွဲထားလိုက်မယ်။ " လင်းယွမ်က ပြောလိုက်သည်။
" အချိန်ဆွဲထားမှာလား။ " ချီယန်က လင်းယွမ်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။
နောက်ဆုံး ဆုံးဖြတ်ချက်မချမီ အခြေအနေများ မည်သို့ ပြောင်းလဲသွားမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ၎င်းက ရတနာနယ်မြေတစ်ခုတည်းမဟုတ်ဘဲ လီယန်ရှေးဟောင်းနိုင်ငံ၏ အဆင့်တစ် ရတနာနယ်မြေနှစ်ခုနှင့်ပါ သက်ဆိုင်နေသောကြောင့် ဖြစ်သည်။